𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
10.9K subscribers
8.9K photos
146 videos
417 files
1.65K links
မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕

Channel Owner ~ @Akayar_2007
Download Telegram
ကျန်းမာရွှင်လန်းဖို့ ညတိုင်း အိပ်ရေးဝ၀အိပ်ကိုအိပ်ပေးသင့်တဲ့ အကြောင်းအရင်းများ

ကောင်းမွန်တဲ့ တစ်ညတာအိပ်စက်မှုဟာ ကျန်းမာရေးအတွက် သော့ချက်လို့တောင် ဆရာဝန်တွေက ထောက်ခံထားကြပါတယ်။

အခုခေတ်မှာ 💢

လူတော်တော်များများဟာ အိပ်ချိန်မပြည့်ဝမှု ၊ အိပ်ရေးပျက်မှုတွေ ပိုများလာပါတယ်။ ကျန်းမာရွှင်လန်းဖို့ တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိ အိပ်စက်ဖို့ ပြောကြတာတွေ ရှိပါတယ်။

ဘာလို့လဲဆိုတော့

See next Post

#Daily_Life
#Health
#Forward_only
#Haruki
❤17👍1
ကျန်းမာရွှင်လန်းဖို့ ညတိုင်း အိပ်ရေးဝ၀အိပ်ကိုအိပ်ပေးသင့်တဲ့ အကြောင်းအရင်းများ

💪 - ကိုယ်ခံအားစနစ် ပိုကောင်းစေတယ်


ကိုယ်ခံအားစနစ်ပိုကောင်းဖို့ များများအိပ်ပေးဖို့လိုပါတယ်။ အိပ်နေချိန်မှာ လူ့ကိုယ်က Cytokines လို့ခေါ်တဲ့ ပရိုတိန်းတွေထုတ်ပေးပါတယ်။

ဒီပရိုတိန်းတွေက ကူးစက်မှုနဲ့ ရောင်ရမ်းခြင်းတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

🧠 - မှတ်ဉာဏ်လုပ်ဆောင်ချက်အတွက် အရေးပါတယ်


အိပ်စက်ခြင်းဟာ မှတ်ဉာဏ်တွေကိုစီစဉ်တာ၊ ရှင်းထုတ်တာလုပ်ဖို့ ဦးနှောက်ကို အချိန်ပေးတာပါပဲ။

အိပ်စက်ခြင်းဟာ ဦးနှောက်ထဲက အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို ရှင်းထုတ်ရာမှာလည်း အရေးပါတဲ့ဖြစ်စဉ်ပါ။

အိပ်နေချိန်မှာ ဦးနှောက်ထဲကဆဲလ်တွေ ကျုံ့သွားရာက Cerebrospinal အရည်တွေကနေ မလိုအပ်တဲ့ အညစ်အကြေးတွေကို ပြန်စွန်ပစ်ပါတယ်။

မှတ်ဉာဏ်တွေကို ထိန်းသိမ်းနိုင်စွမ်းကိုလည်း အိပ်စက်မှုကအကျိုးပြုပါသေးတယ်။

😋🍴 - စားချင်စိတ်ပေါ် သက်ရောက်မှုရှိတယ်


အိပ်ရေးပျက်ခြင်းဟာ ဆာလောင်မွတ်သိပ်မှုကို ပိုဖြစ်စေတယ်လို့ ဆရာဝန်တွေက တွေ့ရှိထားပါတယ်။

အိပ်ရေးပျက်တာများလေလေ ခန္ဓာကိုယ်က Ghrelin လို့ ခေါ်တဲ့ အစာစားချင်စိတ်ကိုလှုံ့ဆော်တဲ့ ဟော်မုန်းကိုထုတ်ပေးပါတယ်။

သူထုတ်ပေးတဲ့ အစာစားချင်စိတ်ကလည်း ကာဗွန်ဟိုက်ဒရိတ်ဓါတ် ၊ သကြားဓါတ်နဲ့ အဆီဓါတ်တွေက အဓိကပါပဲ။

တစ်ဆက်တည်းမှာပဲ ခန္ဓာကိုယ်ဟာ အစာစားချင်စိတ်ကို မျှခြေထိန်းပေးမယ့် Leptin ဟော်မုန်းထုတ်မှုနည်းသွားပါတယ်။ အကျိုးဆက်က ဝိတ်တက်တာတွေ ဖြစ်လာတတ်ပါတယ်။

👨‍⚕ - ကင်ဆာဖြစ်နှုန်းကို ပိုနည်းစေတယ်


ခန္ဓာကိုယ်ကဆဲလ်တွေလည်း အိပ်စက်ဖို့လိုပါတယ်။

အိပ်ရေးပျက်တဲ့အလုပ်တွေ လုပ်ရတဲ့အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာပိုဖြစ်နှုန်းများတာ တွေ့ရပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ဆဲလ်တွေဖြစ်အောင် အခုလက်ရှိထက် ပိုအိပ်ပေးဖို့လိုပါတယ်ခင်ဗျာ။

🔆 - @Life_Explored_Channel

#Daily_Life
#Health
#Forward_only
#Haruki
❤30🍓4👍1
Good Morning 🌻 ပါ

ကျွန်တော့်ရဲ့ စာဖတ်သူလေးတို့ရေ

အေးချမ်းသာယာစွာ နေ့သစ်လေးကို အကောင်းမွန်ဆုံး ဖြတ်သန်းနိုင်ပါစေခင်ဗျာ။

အိပ်ယာကနိုးရင်  Morning ပြန်ပို့ခဲ့ပါဦးနော်။🤍

ချမ်းတယ်" နွေနွေးထွေးထွေးလေးနေပါ။💭

#Haruki
❤23💘5
ပျော်ရွှင်ချင်ရင် ဒီလူတွေကိုဘဝထဲကထုတ်ပစ်ပါ ‼️👆

------------------
Hein Ko Ko

💠 - @Life_Explored_Channel

#Moti
#Life_Success
#Forward_only
#Haruki
❤26👍3
It's a art✨

#Drawings
#Haruki
🤩40🍓7🔥5⚡4👍3💘2❤1
ဖောက်ပြန်သွားတဲ့ ရည်းစားနဲ့ပက်သက်ပြီး မပြုလုပ်သင့်တဲ့အရာများ

ကိုယ်နဲ့လက်ရှိတွဲနေတဲ့ရည်းစားက ဖောက်ပြန်သွားတဲ့အခါ တချို့ကတော့ စိတ်နာပြီးချက်ချင်းပြတ်နိုင်ပေမယ့် တချို့ကျတော့ အရမ်းချစ်ပြီး လက်မလွှတ်နိုင်ဘဲ ခံစားနေရတာမျိုးလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် 💢

ဖောက်ပြန်ပြီဆိုထဲက ဒီလူနဲ့ဆက်တွဲဖို့ မစဉ်းစားသင့်တော့ပါဘူး။ ဒါကြောင့် ဖောက်ပြန်သွားတဲ့ ရည်းစားနဲ့ပက်သက်ပြီး မပြုလုပ်သင့်တဲ့အရာတွေကို ပြောပြပေးချင်ပါတယ်။

❤️‍🩹 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Solve_Problems
#Moti
#Relationship_Knowledge
#Haruki
❤11🔥3
ဘယ်လိုအခက်အခဲ အကြပ်အတည်းတွေကြုံလာကြုံလာ တကျော့ပြန်ထနိုင်သူတွေရဲ့ ထူးခြားမှုများ

ဘဝဆိုတာ အရှုံးတလှည့် အနိုင်တလှည့်ကြုံစမြဲ ကစားဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ အရှုံးတွေနဲ့ကြုံလာပါစေ လဲတာကနေ ပြန်ရုန်းထနိုင်ဖို့ အားလိုပါတယ်။

အရှုံးတွေ၊ အခက်အခဲအကြပ်အတည်းတွေနဲ့ မွန်းကြပ်မှုတွေကြုံလာချိန်မှာ တကျော့ပြန်ထနိုင်သူတွေက ချီးကျူးစရာကောင်းတဲ့လူတွေပါပဲ။

ဒီလိုလူတွေကို လေ့လာကြည့်ရင် အခုကျွန်တော်ပြောပြမယ့် ထူးခြားမှုလေး တွေ တွေ့ရတတ်ပါတယ်ခင်ဗျာ။

See next Post

#Life_Success
#Forward_only
#Haruki
❤11🍓2💘1
မင်''ဒီနေ့တင်မယ့်ဗဟုသုတလေးတွေကတော့



၁။လူသူဝေးတဲ့ပင်လယ်အလယ်မှာလက်ဝါးကပ်တိုင်ကြီးဘာလို့တည်ဆောက်ထားသလဲ?


၂။အစာစားပြီးနောက်မှာ၁၀မိနစ်ခန့်လမ်းလျှောက်ပေးခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး၇ခု


၃။ဗြိတိန်နိုင်ငံဧရာမသစ်သီးဝလံပြပွဲမှသစ်သီးဝလံများ


၄။Live Foodကျွေးတယ်ဆိုတာဘာလဲ?


၅။စာဂျပိုးတွေအတွက်မရှိမဖြစ်webeite၅ခု


၆။မြန်မာ့သမိုင်းမှာယခင်ကရှေးအကျဆုံးဖြစ်တဲ့သရေခေတ္တရာ


၇။Emojiတွေကိုဘယ်သူဖန်တီးခဲ့တာလဲ


၈။သင်မသိသေးတဲ့အဲကွန်းရဲ့ထူးခြားတဲ့အချက်အလက်တွေ


၉။သဘာဝတရားရဲ့ရန်သူတော်ပလတ်စတစ်


၁၀။မန္တာလေးတောင်ကမြွေကြီးနှစ်ကောင်တကယ်ရှိခဲ့တာလား?


၁၁။စာအုပ်တွေဘယ်လိုဖြစ်ပေါ်လာခဲ့ကြသလဲ?


၁၂။စာမေးပွဲကိုဘယ်သူဖန်တီးခဲ့တာလဲ?


၁၃။Basketball ကစားနည်းကိုဘယ်သူတီထွင့်ခဲ့သလဲ?




စတာတွေပဲ ဖြစ်ပါတယ်။
ဘာရယ်မဟုတ်ပါဘူးအုံနာအရင်တင်မှာစိုးလို့ကြိုတားတာ😁




#DOYAR
🍓17💘3👍2❤1
ဘယ်လိုအခက်အခဲ အကြပ်အတည်းတွေကြုံလာကြုံလာ တကျော့ပြန်ထနိုင်သူတွေရဲ့ ထူးခြားမှုများ

🔆 - အကောင်းမြင်တတ်ခြင်း


ဘဝမှာဆက်ပြီးရှင်သန်နိုင်ဖို့ အကောင်းမြင်တတ်မှဖြစ်ပါမယ်။ အကောင်းမြင်တတ်ခြင်းဆိုတာ ဘယ်လိုအခြေအနေရောက်ရောက် မျှော်လင့်ချက်တွေရှိနေတာမျိုးပါပဲ။

လောကဓံအနိမ့်အမြင့် အတက်အကျတွေအကြားမှာ ထက်သန်တဲ့စိတ်နဲ့ဆက်ပြီးရပ်တည်နိုင်ဖို့အတွက် အကောင်ူမြင်စိတ်ရှိဖို့ လိုပါတယ်။ အကြပ်အတည်းတွေကနေ ရုန်းထွက်နိုင်သူတွေဟာ အခုပြောတဲ့အကောင်းမြင်စိတ်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

💠 - အမှားကနေ အဖြေရှာတတ်ခြင်း


ရှုံးနိမ့်တယ်ဆိုတာ ဖြစ်မြဲဓမ္မတာပါ။ ဒါပေမယ့် အမှားတစ်ခုတည်းကိုပဲ ထပ်တလဲလဲကျူးလွန်နေရင်တော့ လူညံ့စာရင်းဝင် သွားပါလိမ့်မယ်။

အရှုံးတစ်ခုကြုံတိုင်း သင်ခန်းစာတစ်ခုအဖြစ် ပြောင်းနိုင်မှ အခက်အခဲတွေနဲ့ အရှုံးတွေကနေ ရုန်းထွက်နိုင်သူ ဖြစ်မှာပါ။

ဘယ်တော့မှ မမှားဖူးသူဆိုတာ မရှိပါဘူး။ အမှားကနေ သင်ခန်းစာထုတ်ပြီး ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်သူပဲ အထက်ရောက်ပါတယ်။

💪 - စိတ်ဓါတ်ခိုင်မာပြတ်သားခြင်း


စွဲမြဲခိုင်မာတဲ့စိတ်ကို အရင်းခံပြီး အရှုံးကိုအနိုင်ပြောင်းနိုင်ပါတယ်။ အောင်မြင်မှုပန်းတိုင်ရရှိသူတွေနဲ့ ရှုံးနိမ့်သူတွေအကြားမှာ အဓိက ပိုင်းခြားပေးလိုက်တာဟာ ပြင်းပြထက်သန်တဲ့စိတ်အဓိဌာန်ပါပဲ။

ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့လူတစ်ယောက်ကို အနိုင်ရဖို့ခက်ပါတယ်။ လောကဓံလက်သီးတွေဟာ စိတ် ဓါတ်ပြတ်သားခိုင်မာသူကို လက်မြှောက်ပေးတတ်ပါတယ်။

❣️ - စည်းကမ်းကောင်းခြင်း


စည်းကမ်းကောင်းတယ်ဆိုတာ အစီအစဉ်ကောင်းတာပါပဲ။ ဒီတစ်ခေါက်အရှုံးကို နောက်တစ်ခေါက်မှာ အရင်းအနှီးအဖြစ် ပြောင်းနိုင်သူဟာ အရှုံးကို အနိုင်ပြောင်းဖို့ အစီအစဉ်ကောင်းရှိသူလို့ ဆိုရမှာ ဖြစ်ပါတယ်။

စည်းကမ်းကောင်းသူဟာ ကိုယ်လုပ်မယ့်အလုပ်အပေါ် အာရုံထားတာ ၊ စနစ်နဲ့ လုပ်တာ ၊ ပြည့်ပြည့်စုံစုံလေ့လာပြင်ဆင်ထားတာကို ခေါ်တာပါ။

အရှုံးကနေ အောင်မြင်မှုထုတ်ယူနိုင်သူတွေမှာ Self-Discipline လို့ခေါ်တဲ့ ပင်ကိုယ်စည်းကမ်းကောင်းတဲ့စရိုက်တွေ့ရတတ်ပါတယ်ခင်ဗျာ။

💖 - @Life_Explored_Channel

#Life_Success
#Forward_only
#Haruki
❤19🍓2
လူသူဝေးတဲ့ပင်လယ်အလယ်မှာလက်ဝါးကပ်တိုင်ကြီးဘာလို့တည်ဆောက်ထားလဲ?




ကမ္ဘာ့နေရာအများအပြားမှာအထင်ကရနေရာတွေများစွာရှိပါတယ်။ထိုအထဲမှာဖိလစ်ပိုင်နိုင်ငံရှိ Sunken Cemetery အမည်ရပင်လယ်ရေခေါင်လူသူဝေးတဲ့နေရာမှာတည်ဆောက်ထားတဲ့လက်ဝါးကပ်တိုင်ကြီးဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ထိုကဲ့သို့လူသူဝေးနေရာမှာဘာလို့တည်ဆောက်ထားတယ်ဆိုတဲ့အကြောင်းအရင်းဟာတော့လူတွေအတွက်စဥ်းစားစရာပဲ ဖြစ်ပါတယ်။


ဒေသကန္တာရအချက်အလက်များအရ၁၈၇၀ခု နှစ်မှာပြင်းထန်သောမီးတောင်ပေါက်ကွဲမှုကြီးနှင့်အတူကြီးမားသောမြေငလျှင်တစ်ခုမှယခု Sunken Cemetery အမည်ရထိုဒေသရှိမြို့ကြီးတစ်မြိုးလုံးနှင့်အတူ သခ်ျိုင်းတစ်ခုကိုလည်းပင်လယ်ရေအောက်မြှုပ်စေခဲ့ကြောင်းသိရပါတယ်။ထိုသို့ပျောက်ဆုံးသွားသောမြို့တော်ကြီးအားသတိတရရှိစေရန်လက်ဝါးကပ်တိုင်အမှတ်အသားကိုထိုနေရာမှာတည်ဆောက်ခဲ့ကြောင်းသိရပါတယ်။ထိုလက်ဝါးကပ်တိုင်အမှတ်အသားကြီးဟာ၁၉ရာစုအတွင်းလူလူပ်ထားသောအံ့သြဖွယ်အမှတ်အသားဖြစ်သော်လည်းထိုနေရာရဲ့ စိတ်မကောင်းဖွယ်ဒဏ္ဍာရီကြောင့်ဖိလစ်ပိုင်နိုင်ငံသားများနှင့်ကမ္ဘာ့လှည့်ခရီးသည်များအတွက်အထင်ကရနေရာလည်းဖြစ်နေပါတယ်။


ထိုမျှမကနိုဝင်ဘာ၁ရက်နေ့မှာသေဆုံးခဲ့သူတို့အတွက်အမှတ်တရနေ့အဖြစ်သတ်မှတ်ကာထိုနေ့ရောက်ပါကကမ်းရိုးတန်းတစ်လျှောက်မှာလွမ်းသူ့ပန်းခွေချခြင်းများပြုလုပ်ပေးကြကြောင်းသိရပါတယ်။ယခုအခါမှာတော့ဒီရေကျချိန်မှာရေပေါ်မှနေပြီး သခ်ျိုင်းကြီးကိုမြင်နိုင်ကြောင်းခရီးသွားတို့ရဲ့ပြောကြားချက်အရသိရပါတယ်။ခရီးသွားပြည်သူနေအနေဖြင့်အထိမ်းအမှတ် မှတ်တိုင်များ၊သခ်ျိုင်းအပျက်အစီးများနှင့်သန္တာကျောက်များကိုကြည့်ရှုလိုပါကရေငုပ်နိုင်ကြောင်းလည်းသိရပါတယ်။




#Life_Knowledge
#wanderland
#Do_Not_copy📌
#forward_only
#DOYAR 🖇
❤13🥰3👍1🍓1
အစာစားပြီးနောက်၁၀မိနစ်လောက်လမ်းလျှောက်ပေးခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး၇ခု




အစာစားပြီးရင်တော်တော်များများကလှဲနေကြတာ၊ငြိမ်ပြီးထိုင်နေကြတာများပါတယ်။ဒီလိုနေရင်တော့အဆီတက်ပြီးဗိုက်ခေါက်ထွက်တာ၊အစာမကြေတာ၊ရင်ပြည့်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အစာစားပြီးလောက်မှာ၁၀မိနစ်လောက်ပဲဖြစ်ဖြစ်လမ်းလျှောက်ပေးသင့်ပါတယ်။အစာစားပြီးနောက်မှာ၁၀မိနစ်ခန့်လမ်းလျှောက်ပေးမယ်ဆိုရင်ဒီလိုကောင်းကျိုး၇ခုရရှိလာမှာပါ။





၁။အစာခြေစနစ်တိုးတက်လာခြင်း



အစာစားပြီး၁၀မိနစ်လောက်လမ်းလျှောက်ပေးခြင်းကဗိုက်တင်းပြီးရင်ပြည့်သလိုဖြစ်နေတာတွေအားလုံးသက်သာစေပြီးအစာခြေစနစ်တိုးတက်လာစေပါတယ်။ဒါ​ကြောင့်စားပြီးအစာမကြေဖြစ်မှာကိုစိုးရိမ်စရာမလိုတော့ပါဘူး။




၂။သေွးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း




အစာစားပြီးနောက်၁၀မိနစ်ခန့်လမ်းလျှောက်ပေးခြင်းဟာသွေးတွင်းသကြားဓာတ်တွေကိုထိန်းညှိပေးနိုင်တယ်လို့သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။



၃။ကိုယ်အလေးချိန်ထိန်းရာတွင်အထောက်အကူဖြစ်ခြင်း



အစာစားပြီးနောက်ထိုင်နေတာ၊လှဲနေတာကအဆီတက်စေတဲ့အတွက်လမ်းလျှောက်ပေးမယ်ဆိုရင်အဆီတက်တာမျိုးမဖြစ်တော့ပါဘူး။International Journal of Generanl Medicineမှာထုတ်ဝေခဲ့တဲ့လေ့လာမှုတစ်ခုအရဆိုရင်အစာစားပြီးရင်လမ်းလျှောက်တာကအစာစားပြီးတစ်နာရီကြာအောင်စောင့်ပြီးမှလမ်းလျှောက်တာထက်ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက်ပိုအကျိုးရှိစေတယ်လို့ဆိုပါတယ်။



၄။နှလုံးကျန်းမာရေးကိုမြှင့်တင်ပေးခြင်း



လမ်းလျှောက်ခြင်းကနှလုံးသွေးကြောဆိုင်ရာကျန်းမာရေးဖြစ်ပြီးသွေးလည်ပတ်မှုကိုအားကောင်းစေတယ်။နှလုံးကျန်းမာရေးကိုလည်းမြှင့်တင်ပေးပါတယ်။အစာစားပြီး၁၀မိနစ်ခန့်လမ်းလျှောက်ပေးတာကသွေးပေါင်ချိန်ကိုထိန်းညှိပေးပြီးနှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။



၅။အမျိုးအစား၂ဆီးချိုရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း



အစာစားပြီးနောက်လမ်းလျှောက်ပေးခြင်းကInsulinအာရုံခံနိုင်စွမ်းကိုတိုးတက်စေပြီးအမျိုးအစား၂ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။



၆။Moodပိုကောင်းစေခြင်း



စားပြီးသောက်ပြီးငြိမ်နေတာကအဆီရစ်ပြီးအိပ်ချင်တာလေးလံထိုင်းမှိုင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုမဖြစ်အောင်အစာစားပြီး၁၀မိနစ်လောက်လမ်းလျှောက်ပေးမယ်ဆိုရင်တော့Moodပိုကောင်းလာစေပြီးစိတ်ပိုင်းဆိုင်ရာပိုမိုကောင်းမွန်လာစေပါတယ်။



၇။ပိုမိုကောင်းမွန်စွာအိပ်ပျော်စေခြင်း




အစာစားပြီးနောက်ခဏလောက်လမ်းလျှောက်ပေးခြင်းအပါအဝင်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုအားလုံးကပိုမိုကောင်းမွန်စွာအိပ်ပျော်စေဖို့ကိုအထောက်အကူဖြစ်စေပါတယ်။





#Health
#Life_Knowledge
#Do_Not_copy
#forward_only
#DOYAR
❤36🍓4❤‍🔥2👍2
မုန်းလို့ရတယ်
မရွေးချယ်လည်းရတယ်
အထူးသဖြင့် မချစ်နိုင်လည်း ရပါတယ်
ငါက ဘယ်သူ့ဆီကမှ မေတ္တာတွေကို
အထူးမတောင်းဆိုပါဘူး

ငါ့မေတ္တာတရားကြောင့်
အေးချမ်းတဲ့ဘဝလေးတွေ
အများကြီးရှိတာမို့
ပူလောင်စေတဲ့လူတွေကိုတော့
ငါတွယ်ကပ်နေမှာ မဟုတ်ဘူး

ငါကလေ
အေးချမ်းခြင်းနဲ့ လွတ်လပ်ခြင်းကို
သိပ်သဘောကျတဲ့လူတစ်ယောက်မို့
မည်သူတစ်ဦးတစ်ယောက်ကိုမှ
လိုအပ်တာထက်
သံယောဇဥ်တွေ မထားတတ်ဘူး

သိပ်အသည်းမာတယ်လို့ ပြောရင်လည်း
ဒီလူက မငြင်းဆိုပါဘူး

ချစ်ရဲတဲ့သတ္တိရှိသလို
စွန့်လွှတ်ရဲတဲ့သတ္တိပါ ရှိပါတယ်

-ဖားစည်ရည်ကျော်


(つ﹏< ♡𝆬 React Need 🍓🎸


❁❁❁ @PTN_World Ꮺ࣭۪


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #feel_letter
୨୧ #Crd_to_original_writer
❤26🍓2