𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
10.9K subscribers
8.9K photos
146 videos
417 files
1.65K links
မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕

Channel Owner ~ @Akayar_2007
Download Telegram
စုံတွဲတွေအနေနဲ့ ရန်ဖြစ်ပြီးခဏတာပြတ်စဲနေချိန်မှာ မလုပ်သင့်တဲ့အရာများ

စုံတွဲတွေအနေနဲ့ အပြီးပြတ်တာမျိုးမဟုတ်ပဲ ခဏတာပြတ်တဲ့အချိန်မှာ မဆင်မခြင် စိတ်လက်မာန်ပါလုပ်တာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။ ပြီးရင် ကိုယ်ပဲနောင်တရနေရမှာပါ။

ဒါကြောင့် စုံတွဲတွေအနေနဲ့ ရန်ဖြစ်ပြီး ခဏတာပြတ်စဲနေချိန်မှာ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

💕 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Relationship_Knowledge
#Advice
#Haruki
❤22❤‍🔥5👍2🔥1🍓1
သို့ @MAG6007

happy birthdayပါသူငယ်ချင်းရေမွေးနေ့မှာပျော်ရွင်ပါစေနော်ဒီနေ့မှစ၍​ေနှာင်နှစ်ပေါင်းများစွာလဲပျော်ရွင်စရာတွေနဲ့ပြည့်နေပါစေနော် ကျန်မာရေးလဲဂရုစိုက်ပါ စာလဲကြိုးစားနော်

အမြဲကျန်းမာပျော်ရွင်ပါစေနော် မိဘပေါ်သိတက်လိမ္မာတဲ့သမီးကောင်းလေးဖြစ်ပါစေ မိဘပေါ်ထာဝရပြုစုလုပ်ကျွေးနိုင်တဲ့သမီးကောင်းလေးလဲဖြစ်ပါစေနော် မိဘဆိုတာဘုရားသခင်လိုပါပဲမိဘကိုမပျစ်မှားမိပါစေနဲ့နော် ငါသူငယ်ချင်းလေးလိမ္မာတာသိပေမဲ့သေချာလေးမှာပေးတာပါနော် ဘဝရည်မှန်းချက်တွေလဲပြည့်ပါစေဘယ်အတန်းရောက်ရောက်အမြဲအဆင့်1ရပါစေနော်

ငါသူငယ်ချင်းလေးအမြဲပထမရအောင်ကြိုးစားပါ မွေးနေ့မှစပြီးဒီထက်မကလဲငါတို့ကိုပိုချစ်နိုင်ပါစေနော်😜ငါဆိုးသမျှသိခံပေးငါရစ်သမျှအလိုလိုက်ငါစိတ်ကောက်ရင်လဲအမြဲချော့ပေးလို့ကျေးဇူးပါနော်🥹ငါတို့ဘဝတွေကခနတာတွေ့ရတယ်ဆိုပေမဲ့ငါနင်တို့ကိုအရမ်းချစ်တယ်😔ခွဲရမှာသိနေပေမဲ့လဲငါအမြဲသတိရနေမှာပါနော် လိမ္မာအောင်နေစာကြိုးစား ဝမ်းနဲစရာရှိရင်လဲမျက်ရေမကျအောင်အားတင်းထားပါ

အရာ"မှာငါသူငယ်ချင်းကအတော်ဆုံးဖြစ်ရမယ်ဘယ်သူနဲ့ရှင်ရှင်ငါသူငယ်ချင်းကအမြဲနံပတ်1ပဲဘယ်လိုရှင်ရှင်ဘယ်သူမှမရှင်နိုင်စေရဘူး ဖိုက်တင်း ကံမကုန်ရင်အပြင်မှာပြန်ဆုံကြတာပေါ့🥰အရမ်းချစ်တယ်နော်မှာစရာအရမ်းများနေပေမဲ့ငါအရူးမလေးစာဖတ်ရင်းပိုရူးသွားမှာဆိုးလို့ဒီလောက်နဲ့ပဲတော်လိုက်ပါမယ်လေ😝ချစ်တယ်နော်မသာမလေး😝


နင်ဘာပန်းကြိုက်မှန်းမသိလို့ရှိတဲ့ပန်းလေးထဲ့ပေးလိုက်တယ်နော်😅မသိတာထက်မေ့နေတာပါနင့်သူငယ်ချင်းအကြောင်းလဲနင်သိပါတယ်😅အရမ်းမေ့တက်ရတဲ့ကြားထဲအလုပ်တွေကရှုပ်ဆော့အဲ့ဒါလေးမေ့တာစိတ်မဆိုးပါနဲ့နော်🥺👉👈

#Letters
❤64🍓6❤‍🔥2👍2🫡1
ဆံကောက်ဝက်

အမွေးမျှင်တို့ဟာ ကောက်ကွေးနေတာကြောင့် ဆံကောက်ဝက်လို့လည်းခေါ်ပြီး ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်တွေကြွယ်ဝစွာပါဝင်ကြပါတယ်။

ဒါအပြင် Mangalitsa ဝက်ဟာ အဆီပိုသိပ်မရှိဘဲ ကျစ်လစ်တဲ့အသားတွေကိုပိုင်ဆိုင်ထားပြီး ဟန်ဂေရီအပြင် ဩစတေးလျ၊ အမေရိကန် စတဲ့နိုင်ငံတွေမှာပါတွေ့ရပါတယ်။

🐖 - ဆက်ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Pig
#Knowledge
#Haruki
❤28❤‍🔥5👍2
𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
ဆံကောက်ဝက် အမွေးမျှင်တို့ဟာ ကောက်ကွေးနေတာကြောင့် ဆံကောက်ဝက်လို့လည်းခေါ်ပြီး ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်တွေကြွယ်ဝစွာပါဝင်ကြပါတယ်။ ဒါအပြင် Mangalitsa ဝက်ဟာ အဆီပိုသိပ်မရှိဘဲ ကျစ်လစ်တဲ့အသားတွေကိုပိုင်ဆိုင်ထားပြီး ဟန်ဂေရီအပြင် ဩစတေးလျ၊ အမေရိကန် စတဲ့နိုင်ငံ…
စစချင်းဆို သိုးနဲ့တောင်မှားတယ်😆

အဲ့တာနဲ့ စိတ်ဝင်စားလို့

လေ့လာပြီး မျှဝေပေးလိုက်တာပါ။

ကျွန်တော်တို့သိခဲ့တဲ့ဝက်ဆိုတာ

အမွှေးသေးသေးလေးတွေနဲ့

မသိရင် အရေခွံကပြောင်နေသလိုပဲမဟုတ်လား။

🐖🐖🐖

#Haruki
❤34💘12❤‍🔥5😁4👍1
ဒီစာအုပ်လေး ဖတ်လို့ရပါပြီ✨

Book Link 👇

https://t.me/black_white_Library/7127/10361

#Books
#Haruki
❤29❤‍🔥7💘2🥰1
Relationship တွေ ပိုခိုင်မြဲအောင်

သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူ နဲ့ပဲဖြစ်ဖြစ် ဘယ် relationship မှာမဆို မထင်မှတ်ဘဲ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ ဘာကြောင့်မှန်းမသိ ရပ်စဲသွားတဲ့ ဆက်ဆံရေးတွေ၊ ဘယ် သူက မှားမှန်းမသိဖြစ်သွားတဲ့ ဆက်ဆံရေးတွေ၊ မခေါ်မပြောဖြစ်သွားကြတဲ့ ဆက်ဆံရေးတွေ ရှိဖူးကြလား။

ဒီနေ့မှာတော့ relationship တွေ ခိုင်မာနေအောင် လုပ်တဲ့နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အခုကျွန်တော်မျှဝေပေးမယ့် နည်းလမ်းတွေက * အသက် ၂၀မတိုင်ခင်မှာ ပြောင်းလဲရမယ့်အချက် ၂၀ * ဆိုတဲ့စာအုပ်လေးကို ကိုးကားထားတာဖြစ်ပါတယ်။

💕 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Relationship_Knowledge
#Advice
#Haruki
❤‍🔥23❤10👍3
ကိုယ်တွေလည်း ပရီမီယမ်သုံးနိုင်ပါတယ်

Save Message ထဲမှာ😅

#Haruki
😁46🤣32😭5❤‍🔥3👍3🍓3🍾2🥰1
မှတ်ဉာဏ်စွမ်းအားကိုတိုးမြှင့်ပေးနိုင်မယ့်အထူးအစားအစာများ🍊🎖🥇⁉️




ဦးနှောက်ဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်အင်္ဂါအစိတ်အပိုင်းတစ်ခုဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူး။ဘဝမှအရေးကြီးတဲ့ဆုံးဖြတ်ချက်‌တွေချတာ၊အသစ်အသစ်သောလေ့လာမှုတွေပြုလုပ်တာ၊စိတ်ခံစားချက်တွေကိုထိန်းချုပ်တာစတဲ့အရေးကြီးတဲ့တာဝန်တွေကိုလုပ်ဆောင်ပါတယ်။ဦးနှောက်ကနေဆုံးဖြတ်ချက်တွေမှန်ကန်စွာချနိုင်ဖို့အတွက်နှလုံးခုန်စည်းချက်မှန်နှုန်းနဲ့အသက်ရှူနှုန်းမှန်ဖို့လိုအပ်ပါတယ်။ခန္ဓာကိုယ်ရဲ့ကျန်းမာရေးချို့ယွင်းချက်တွေလိုမျိုးဦးနှောက်မှာဘယ်လိုချို့ယွင်းချက်တွေဖြစ်နေတယ်ဆိုတာကိုမျက်စိနဲ့မမြင်နိုင်ပါဘူး။ကျန်းမာရေးကောင်းမွန်ခြင်းရဲ့အစကမီးဖိုချောင်ကဆိုသလိုပဲချက်ပြုတ်စားသောက်တဲ့အစားအစာတွေထဲမှာဦးနှောက်ကိုဖွံ့ဖြိုးစေတဲ့အစားအစာအမျိုးအစားတွေပါဝင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဘယ်လိုအစားအစာတွေကဦးနှောက်ကျန်းမာရေးကိုအထောက်အကူပြုစေသလဲဆိုတာကို ဒီဆောင်းပါးလေး ကနေဖော်ပြပေးလိုက်ပါတယ်ရှင့်။



၁။သလဲသီးဖျော်ရည်



သလဲသီးဖျော်ရည်ထဲမှာအင်တီအောက်ဆီးဒင့်တွေကြွယ်ဝစွာပါဝင်တာကြောင့်Free redicalsကြောင့်ဖြစ်တဲ့ဦးနှောက်ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။Free Redicalsကအရေပြားကိုပျက်စီးစေတယ်လို့ပြောကြပေမယ့်အမှန်တော့Free Redicals နဲ့ထိတွေ့တဲ့နေရာတိုင်းကပျက်စီးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေမွေးဖွားချိန်မှာအောက်ဆီဂျင်ဓာတ်မလုံလောက်မှုကြောင့်ကလေးငယ်ရဲ့ဦးနှောက်ထိခိုက်မှုဖြစ်စေတာကိုသလဲသီးဖျော်ရည်နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းနဲ့ကာကွယ်နိုင်ပါတယ်။သလဲသီးကသဘာဝအတိုင်းအချဉ်ဓာတ်လွန်ကဲတာကြောင့်သကြားထည့်သောက်တာ၊ရေရောသောက်တာ ပူဒီနာ(သို့မဟုတ်)ပင်စိမ်းရွက်တစ်မျိုးမျိုးကိုထည့်သောက်တာမျိုးပြုလုပ်သင့်ပါတယ်။


၂။နနွင်းမှုန့်



ဟင်းလျာတွေထဲမှာအမြဲလိုလိုသုံးတဲ့နနွင်းမှုန့်ကလည်းဦးနှောက်ကိုအကျိုးပြုနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။နနွင်းမှာပါဝင်တဲ့ကူကာမင်(Curcumin)ကဦးနှောက်မှာရှိတဲ့အကာအကွယ်တွေကိုဖြတ်ပြီးဦးနှောက်ဆဲလ်တွေကိုတိုက်ရိုက်အကျိူးပြုပေးပါတယ်။ကူကာမင်မှာအင်တီအောက်ဆင်းဒင့်နဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ anti_inflammatoryပစ္စည်းတွေပါဝင်ပါတယ်။

ဒါ့အပြင်စိတ်ခံစားမှုကိုကောင်းစေတဲ့ serotoninနဲ့ဦးနှောက်ရဲ့အာရုံခံစားမှုနဲ့စဉ်းစားတွေးခေါ်မှုတွေကိုဖြစ်ပေါ်လာအောင်လုပ်ပေးတဲ့ Dopamineတို့ပါဝင်တာကြောင့်စိတ်ဓာတ်ကျတဲ့လက္ခဏာတွေကိုလျှော့ချပေးပါတယ်။နနွင်းကဦးနှောက်ဆဲလ်ဖြစ်ပေါ်မှုကိုအားပေးပြီးအသက်အရွယ်ကြောင့်သတိမေ့လျော့တတ်တာတွေကိုလျှော့ကျစေပါတယ်။


၃။ဖရုံစေ့



အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါတဲ့ဖရုံစေ့ကလည်းFree Redicalsကြောင့်ဖြစ်တဲ့ဦးနှောက်ပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။သူ့အထဲမှာသံဓာတ်၊မက်ဂနီဆီယမ်၊ကော့ပါးနဲ့ဇင့်စတဲ့ဓာတ်တွေပါဝင်ပါတယ်။ဒီဓာတ်တွေကဦးနှောက်ကျန်းမာရးအတွက်တစ်နေ့တာလိုအပ်တဲ့ဓာတ်တွေပါ၊သံဓာတ်ချို့တဲ့ရင်ဦးနှောက်ကကျုံ့သွားပြီးစွမ်းဆောင်ရည်တွေလျှော့ကျသွားပါတယ်။မက်ဂနီဆီယမ်ကသင်ယူနိုင်မှုစွမ်းရည်ကိုမြင့်တက်ပေးပြီးမက်ဂနီဆီယမ်ဓာတ်နည်းပါးတာကြောင့်အတက်ရောဂါနဲ့စိတ်ဓာတ်ကျတဲ့ဝေဒနာခံစားရနိုင်ပါတယ်။ဇင့်နဲ့မက်ဂနီဆီယမ်ဓာတ်‌ေလျှာ့နည်းလာရင်အယ်လ်ဇိုင်းမားလိုသတိမေ့တတ်တဲ့ဝေတနာမျိုးဦးနှောက်နဲ့အာရုံကြောဆိုင်ရာဝေဒနာတွေဖြစ်နိုင်ပါတယ်။


၄။လိမ္မော်သီး



ဗီတာမင်စီလိုမျိုးအင်တီအောက်ဆီးဒင့်များစွာပါဝင်တဲ့လိမ္မော်သီးဟာအသက်အရွယ်ကြောင့်ဖြစ်တဲ့အယ်လ်ဇိုင်းမားကြောင့်စိတ်ပိုင်းဆိုင်ရာဝမ်းနည်းမှုတွေမဖြစ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ဒါကြောင့်အာရုံကြောစနစ်တွေထဲမှာရှိတဲ့ Dopamineဟော်မုန်းအတွက်မရှိမဖြစ်လိုအပ်ပြီးfree Radicalsကြောင့်ဦးနှောက်ဆဲလ်တွေပျက်စီးတာကိုလဲကာကွယ်ပေးနိုင်ပါတယ်။လိမ္မော်သီးတစ်နေ့တစ်လုံးစားတာကဦးနှောက်ရဲ့စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက်လုံလောက်ပါတယ်။ဗီတာမင်စီချို့တဲ့ရင်စကဗီရောဂါကိုဖြစ်စေနိုင်ပါတယ်။စကာဗီရောဂါဖြစ်တဲ့အခါ ကိုယ်လက်မအီမသာဖြစ်တာ၊မောပန်းတာ၊မလုပ်ချင်မကိုင်ချင်ဖြစ်တာနဲ့ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာတွေဖြစ်စေပါတယ်။

လိမ္မော်သီးလိုပဲဗီတာမင်စီကြွယ်ဝတဲ့အခြားအစားအစာတွေကတော့ကီဝီသီး၊ငရုတ်ပွသီး၊စတော်ဘယ်ရီသီး၊ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။

မှတ်ဉာဏ်စွမ်းအားကိုတိုးမြှင့်ပေးနိုင့်မယ့်စူပါအစားအစာတွေထဲမျှာရးသားဖော်ပြထားတဲ့အသီးအနှံတွေအပြင်ကြည်ဥ၊ပဲအမျိုးမျိုး၊ကောက်နှံနှင့်အမည်းရောင်ချောကလက်တို့လည်းပါဝင်ပါတယ်။

ဦးနှောက်စွမ်းရည်တိုးမြှင့့်စေတဲ့အစားအစာတွေကိုစားသုံးပေးရင်မှတ်ဉာဏ်စွမ်းအားပိုမိုကောင်းမွန်စေပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်။




#crd
#𝙇𝙞𝙛𝙚_𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚
#𝙁𝙤𝙧𝙬𝙖𝙧𝙙_𝙤𝙣𝙡𝙮
#𝘿𝙊𝙍𝘼
❤50❤‍🔥9🍓3👍2💘2
ပညာအလင်းရောင်😄😆



#𝘿𝙊𝙍𝘼
🤣100😁9❤4👍3❤‍🔥1🍓1
ဒန် ဒန် ဒန် 👀💕

Book Link 👇🏻

https://t.me/black_white_Library/7127/10689

#Books
#Haruki
❤33❤‍🔥9💘1
တတ်နိုင်သမျှအမြန်ဆုံးဖျောက်ပစ်ရမယ့် အကျင့်ဆိုး ( ၆ ) ခု

အလေ့အကျင့်ကောင်းတွေက လုပ်ရခက်သလို အကျင့်ဆိုးတွေကလည်း ဖျက်ရခက်ပါတယ်။ ဒါပေမယ့် အကျင့်ဆိုးတွေကို မြန်မြန်သိ ပြီး ဝေးဝေးရှောင်နိုင်လေ အလုပ်မှာ၊ ဘဝနဲ့ ပေါင်းသင်းဆက်ဆံရေးက ပိုကောင်းလေပါပဲ။

ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားပစ်သင့်တဲ့ အကျင့်ဆိုးတွေကို ပြောပြပေးပါမယ်ခင်ဗျာ။။

See next Post

#Moti
#Life_Success
#Daily_Life
#Haruki
❤‍🔥19❤4👏2
တတ်နိုင်သမျှအမြန်ဆုံးဖျောက်ပစ်ရမယ့် အကျင့်ဆိုး ( ၆ ) ခု

🧭 - အချိန်စောင့်တာ


စာဖတ်သူလေး ဘာကိုစောင့်နေတာလဲ? အချိန်မှန်လို့ခေါ်တာ ဘာမှမရှိပါဘူး။ ဒါကြောင့် ကိုယ်လုပ်ဖို့ဆုံးဖြတ်တဲ့အချိန်က စဖို့အကောင်းဆုံးအချိန် အသင့်တော်ဆုံးအချိန်ပါ။

📱 - မအိပ်ခင်ဖုန်းသုံးတာ


ညဘက်မအိပ်ခင် ဖုန်း၊ ကွန်ပျူတာသုံးတာက အိပ်ချိန်ကို တကယ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တာမလို့ မအိပ်ခင် အနည်းဆုံးတစ်နာရီအလိုမှာ ဖုန်းကိုပိတ်လိုက်ပါ။

☑️ - Yes လို့အမြဲပြောတာ


အချိန်တိုင်း Yes လို့ပြောပြီး မကြိုက်တဲ့သူတွေနဲ့ ဘယ်လောက်ကြာကြာထိုင်ပြီး ပျော်နိုင်မလဲ ? အရာရာတိုင်းကို Yes လို့ပြောပြီး စိတ်ဆင်းရဲရမယ့်အစား “NO” လို့ပြောပြီး ပျော်ရွှင်လိုက်ပါ။

👥 - တခြားလူနဲ့နှိုင်းယှဉ်တာ


ကိုယ်ရဲ့ အသက်မွေးဝမ်းကျောင်း၊ ရုပ်ရည်၊ အိမ်ထောင်ဖက်၊ လစာ၊ ချမ်းသာမှုကို တခြားသူတွေနဲ့ နှိုင်းယှဉ်ဖူးလား ? ဒီလိုနှိုင်းယှဉ်တာကနေပြန်ရမှာက ပျော်ရဖို့ထက် စိတ်ဆင်းရဲဖို့ကပိုများပါတယ်။ ကိုယ့်အလုပ်ကနေ ပျော်ရွှင်ကျေနပ်မှုရနေရင်ဘဲ လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ။

🏃🏻‍♀️ - နောက်ကျတာ


အိပ်ယာထနောက်ကျတာ၊ မနက်စာစားဖို့နောက်ကျတာ၊ အလုပ်ချိန်နောက်ကျတာတွေအတွက်က တစ်နေ့တာလုံးအတွက် ရလဒ်မကောင်းဖြစ်ပြီး စည်းမဲ့ကမ်းမဲ့ဖြစ်နေတော့မှာအသေချာမလို့ ဒီအကျင့်က သေချာပေါက်ပြင်ဖို့လိုပါတယ်။

❤️‍🩹 - Toxic relationships


ကိုယ့်စိတ်ကိုအဆိပ်သင့်စေတဲ့လူတွေက ဘယ်လိုမှရှောင်လွှဲလို့မရဘူး။ နေရာတိုင်းမှာ သူတိုအမြဲရှိနေပါတယ်။ ဒီလိုလူတွေအတွက် ကိုယ့်ရဲ့စွမ်းအင်တွေကို ဖြုန်းတီးနေမယ့်အစား ကိုယ့်ဘဝရဲ့ အပြုသဘောဆောင်တဲ့ လူတွေကို အာရုံစိုက်ပါ။

🎁 - https://t.me/Life_Explored_Channel

#Moti
#Life_Success
#Daily_Life
#Haruki
❤37❤‍🔥7👍6
သိန်း ၂၀ ကျော်လိမ်သွားတဲ့လူလိမ်

------

Just kidding ပါ Self Exploder လေးတို့ရေ ဒါကလည်း attention ယူနည်းတစ်မျိုးပဲလေနော့်။

Self exploded က exploder လေးတို့ရေ

- Atom data (1GB - 1024ks)
- Canva
- Chat GPT4.0
- Duolingo
- Google
- Microsoft
- Netflix
- Spotify
- VPN
- YouTube
- Zoom pro


Exploder တို့အတွက် အသုံးဝင်တဲ့ premium products တွေကို ဒီချယ်နယ်မှာရနိုင်တယ်နော်။

https://t.me/rferecipesforeveryone

ချာနယ်အက်မင်မှ Netflix or Spotify Giveaway လေးလည်းပေးထားပါသေးတယ်။

(Giveaway link - https://t.me/rferecipesforeveryone/14?single)

ချာနယ် admin မှ Exploder များသို့ပေးစာ


- ကျွန်တော်နာမည်က ကိုကိုသားထက်ပါ။ ကျွန်တော်က Teacher, Environmentalists, Community leader တစ်ဦးပါ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ လူငယ်တိုးတက်ရေး၊ ပညာရေးမြှင့်တင်ရေးတွေကို ကြိုးစားနေသောလူငယ်တစ်ဦးပါ။ ကျွန်တော်၏ အလုပ်ဟာ စာပြရတာမလို့ ကျွန်တော်လုပ်သော Non-profit လုပ်ငန်းစဉ်များကို ရသောလစာအနည်းငယ်ဖြင့် အိတ်စိုက်မနိုင်ပါ။ ယခုလိုရောင်းချရာမှ ရရှိသော အမြတ်ငွေများကို မိမိကိုယ်ကျိုးအတွက် အနည်းငယ်သာအသုံးပြုပြီး ကျွန်တော်ရဲ့ Non-profit လုပ်ငန်းစဉ်များတွင်အသုံးပြုခြင်းဖြစ်ပါသည်။

- နောက်ပိုင်းတွင် ကျွန်တော်လုပ်သောလုပ်ငန်းစဉ်များကို public ချပြနိုင်မှာမလို့အများကြီးကြိုးစားသွားပါမယ်ခင်ဗျ။


- @touzainanboku051226

#Copy_Message
#Haruki
❤44👍11❤‍🔥6💘2
"သိပ်ခက်တဲ့ လူတွေပဲ"

ညစ်ပတ်မှာကိုတော့ ကြောက်ပြီး
သန့်ရှင်းအောင်လုပ်ဖို့ကျ မေ့နေကြတယ်
သိပ်ခက်တဲ့ လူတွေပဲ...

လူတိုင်း အမှားနဲ့မကင်းတာကို သိလည်း
လက်ခံပေးဖို့ကျ တွန့်ဆုတ်နေကြတယ်
သိပ်ခက်တဲ့ လူတွေပဲ...

ပျော်ရွှင်မှုကိုတော့ လိုချင်တယ်
ပျော်ရွှင်အောင်ကျ မကြိုးစားကြဘူး
သိပ်ခက်တဲ့ လူတွေပဲ...

အကောင်းနဲ့အဆိုးဒွန်တွဲနေတာသိရက်နဲ့
အကောင်းတွေကိုပဲ လိုချင်နေကြတယ်
သိပ်ခက်တဲ့ လူတွေပဲ...

စည်းကမ်းတွေကျ ထုတ်ပြန်ပြီး
သူတို့ကိုယ်တိုင် လိုက်နာဖို့ မေ့နေကြတယ်
သိပ်ခက်တဲ့ လူတွေပဲ...

ပညာတွေတော့ တတ်ပါရဲ့...
စဥ်းစားဆင်ခြင်တုံတရားနဲ့
ကိုယ်ချင်းစာတရားကျ ပါမလာဘူး
သိပ်ခက်တဲ့ လူတွေပဲ

-ဖူးသစ္စာညို
(25.5.2024 Saturday 9:55 a.m)


https://sarphat.com/posts?id=4954


༺ React Need 🍓🎸 ༻


꒰ › @Stay_with_me_22_Bot ‹ ꒱


୨୧ #Nyo
୨୧ #PhooThitsarNyo
୨୧ #Life_knowledge
୨୧ #Forward_only
❤47🍓8❤‍🔥7👍4🤣1
မင်းအသက်ကြီးလာရင် ဘာလုပ်မလဲ? 🤔

ဒီဆောင်းပါးမှာ အတွေးတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ရေးသားထားပါတယ်။
ကျွန်မ ဒီနေ့ FB သုံးရင်း post လေးတစ်ခုသွားတွေ့မိတယ်။ စာလေးကတိုတိုလေးပါ၊ ကျွန်မဖတ်ကြည့်လိုက်တော့ အသက်ရှစ်နှစ် အရွယ် နိုင်ငံခြားရောက် တရုတ်မလေးတစ်ယောက် စာအုပ်ထုတ်တာကို သတင်းထောက်ကမေးတာပါ။
မေးခွန်းကမထူးဆန်းပါဘူး၊ ‌ကောင်မလေးပြန်ဖြေတဲ့အဖြေက ထူးဆန်းတာပါ။
မေးခွန်းက "သမီးကြီးလာရင် ဘာလုပ်မလဲ" တဲ့
ကောင်မလေး ပြန်ဖြေတယ်၊ ဘယ်လိုပြန်ဖြေလဲဆိုတော့ "ကျွန်မက ဘာဖြစ်လို့ ကြီးတဲ့အထိစောင့်ရမှာလဲ" တဲ့၊ ဒါဟာ တကယ်ထူးဆန်းတဲ့အတွေးအခေါ်ပါ၊ ကောင်မလေးကဆက်ပြောသေးတယ် "ဦးတို့လူကြီးတွေက ကလေးတွေ မကြီးပြင်းသေးရင် ဘာမှမဟုတ်ဘူးလို့ ထင်ကြတယ်။ ကျွန်မအခု စာရေးဆရာမ ဖြစ်နေပြီလေ" တဲ့။

ဒီလိုအဖြေမျိုး ကျွန်မတို့ နိုင်ငံမှာ လာဖြေရင် သူ့ကို ဒီကလေးက လက်တောက်လောက်နဲ့ စာအုပ်လေးထုတ်နိုင်တယ်ဆိုပြီး ဝိုင်းမျက်မုန်းကျိုးကြမှာ များပါတယ်၊ ဒါကို အားပေးတဲ့လူက လူနည်းစုပဲဖြစ်မှာပါ။

ကျွန်မကို ငယ်ငယ်တုန်းကလဲ လူကြီးတွေရော၊ ဆရာမတွေရော သမီး ကြီးလာရင် ဘာလုပ်မှာလဲလို့ မေးဖူးပါတယ်၊ ကျွန်မပြန်ဖြေတဲ့အဖြေက တစ်ခါနဲ့တစ်ခါတူလေ့တော့မရှိပါဘူး၊ ကိုယ်တိုင်သဘောကျတဲ့အဖြေလဲမဟုတ်ပါဘူး၊ သူများသဘောကျလို့လိုက်ဖြေတဲ့အဖြေမျိုးပါ၊ ကျွန်မဖြေဖူးတာထဲဆို ဆရာဝန်ဖြစ်ချင်တာ၊ အင်ဂျင်နီယာဖြစ်ချင်တာတို့ ပါပါတယ်၊ အဲ့တာတွေ လုပ်ဖို့ အခြေအနေအကြောင်းဖန်လာရင်လည်း ကျွန်မလုပ်မိမှာပါ၊ ကျွန်မအခုတော့ အဲ့တာတွေကို တကယ်ဝါသနာမပါမှန်းသိခဲ့ပြီ။ ကျွန်မတကယ် ဝါသနာမပါဘဲ လုပ်ဖူးတဲ့အရာတွေလည်း ရှိပါတယ်၊ အဲ့တာတွေကို ကျွန်မလုပ်ခဲ့ပေမဲ့ အကောင်းဆုံးလုပ်ခဲ့တယ်၊ ဒါပေမဲ့ဆက်လုပ်ဖို့တော့ ကျွန်မမရွေးချယ်ခဲ့ဘူး။ ဘာလို့ဆို ကျွန်မ‌ မပျော်လို့ပါ။

ကျွန်မတို့ လေ့လာတဲ့အရာတွေပေါ်မူတည်ပြီး ကျွန်မတို့ရဲ့ ကိုယ်အမူအရာ၊နှုတ်အမူအရာတွေ အားလုံးက ပြောင်းလဲသွားတာပါ၊ စာဖတ်တဲ့နေရာမှာလည်း ရသစာပေဖတ်တဲ့လူတွေက နှလုံးသားနူးညံသူတွေများပြီး၊စကားအပြောအဆိုတွေ အပြုအမူတွေက သိမ်မွေ့တတ်ကြပါတယ်။ ဒါက တမင်လုပ်ယူလို့ရတာမဟုတ်ပါ၊ သင်ယူလေ့လာမှုတွေက ဉာဏ်ပညာဖြစ်သွားတာပါ။ လူတစ်‌ယောက်ပြောတဲ့စကား၊ အမူအရာဟန်ပန်ကိုကြည့်ပြီး သူ့ရဲ့ စိတ်အခြေအနေနဲ့ သူရဲ့လေ့လာနေတဲ့အရာတွေကိုပါ သိနိုင်ပါတယ်။

🕸 အသက်အရွယ်က အရေးမကြီးပါဘူး၊ ကိန်းဂဏန်းတစ်ခုသက်သက်သာ။ ကိုယ့်ကိုယ်ကိုယ် အသက်ငယ်နေသေးလို့လဲ မသတ်မှတ်ထားပါနဲ့၊ အသက်ကြီးနေပြီလို့လဲ မသတ်မှတ်ထားပါနဲ့၊ အရေးမကြီးဘူးလို့ ပြောပေမဲ့ သတိတော့အမြဲထားပါ။

🎗 ဒါကြောင့် ကျွန်မတို့ ကိုယ်တိုင်ကြီးလာရင် ဘာလုပ်မလဲဆိုတာထက် ကျွန်မတို့ ကိုယ်တိုင်ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သေချာပြန်‌စစ်ဆေးမေးဖို့လိုပါတယ်။

🏷 ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် အသက်အရွယ်ငယ်သေးရင် ကြီးတဲ့အထိ မစောင့်နေကြပါနဲ့၊ လုပ်နိုင်တာတွေကို အစပျိုးလုပ်ထားလိုက်တော့ပါ။ အသက်အရွယ်ကြီးနေရင်လည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။
🗝 အဓိက ကိုယ်ဖြစ်တာ ကိုယ်လုပ်ချင်တာ မှန်သမျှကို ဆက်လုပ်နေဖို့ပါ။ မရပ်လိုက်ပါနဲ့၊ အနားတော့ပေးပါ။

ဒီစာကို ဖတ်ပြီး အတွေးတွေကို ပြောင်းလဲနိုင်မယ်လို့ ထင်ပါတယ်။

စာဖတ်သူများအား ထာဝစဉ်လေးစားလျှက်....

If you tell me anything in My own bot: @Ag_HOPE_Bot
May 14 Tuesday
23:30 PM (@Ag)

SarPhat - https://sarphat.com/posts?id=4384

#Life_Success
#Haruki
❤61❤‍🔥10👏6👍5🍓2🥰1
စာအုပ်မှာချင်သူလေးတွေအတွက်

ဒီ apk ရှိတယ်နော်။

မြန်မာနိုင်ငံအနှံကိုမှ ပို့ခ ၂၀၀၀ တဲ့။ တန်လိုက်တာ....။

ဒီမှာ အသေးစိတ်ကြည့်လိုက်နော်။ ကျွန်တော်တော့ မှာပြီပဲ 😜✨။

https://www.facebook.com/share/v/GLA6dRQNQLUJYDZd/?mibextid=WC7FNe
❤23❤‍🔥6🔥2👍1
အမှားလုပ်မိရင် မကောင်းတာ မဟုတ်ဘူး၊
အမှားရှိမှ အမှန်သိတာတဲ့ဟေ့။

အမှတ်တမဲ့ တစ်ခါမှားရာကနေ
သင်ယူပြီး ပိုကြိုးစားလို့ဆိုလိုတာပါ။

မှားမှန်းသိရက်တော့
အမှားတွေ မလုပ်လေနဲ့ဦးပေါ့ကွယ်😊။

If milk gets bad, it becomes yoghurt. Yoghurt is more valuable than milk. If it gets even worse, it turns to cheese. Cheese is more valuable than both yoghurt and milk.

And if grape juice turns sour, it transforms into wine, which is even more expensive than grape juice. You are not bad because you made mistakes. Mistakes are the experiences that make you more valuable as a person.

Christopher Columbus made a navigational error that made him discover America. Alexander Fleming’s mistake led him to invent Penicillin. Don’t let your mistakes get you down.

It is not practice that makes perfect. It is mistakes we learn from that makes perfect !

-




#𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
#𝙇𝙞𝙛𝙚_𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚
#𝙁𝙤𝙧𝙬𝙖𝙧𝙙_𝙤𝙣𝙡𝙮
#𝕾𝖆𝖗𝖙𝖔
#𝘿𝙊𝙍𝘼
❤58❤‍🔥7💯4🍓4👍1
မွန်ဟော်စီစာအုပ်ရပါပြီနော်။

Book Link 👇🏻

https://t.me/black_white_Library/7127/10850

#Books
#Haruki
❤30❤‍🔥7🥰3👍2🍓1
အရင်ကဆွဲထားတာလေးတွေလာပြတာ🫠





#𝘿𝙊𝙍𝘼
❤75🍓13🥰11👏9🔥4❤‍🔥2🏆2💘2👍1🎉1