𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
10.9K subscribers
8.9K photos
146 videos
417 files
1.65K links
မိတ်ဆွေဘ၀တိုးတက်ချင်ရင်

ဗဟုသုတကြွယ်၀ချင်ရင်

ဘက်ပေါင်းစုံက ထူးချွန်ချင်ရင်

ဒီ Channel လေးကို Join လိုက်ပါခင်ဗျာ။

Since_date 31.5.2023

အားလုံးအတွက် ကျွန်တော်အမြဲရှိပါသည်။ 💕

Channel Owner ~ @Akayar_2007
Download Telegram
ရပ်ရွာအကြောင်းလေးတွေရေးထားတာ တကယ်ဖတ်ကောင်းပါတယ်နော်။

Book Link 👇

https://t.me/black_white_Library/7127/9816

#Books
#Haruki
❤37❤‍🔥4👍3
၁ အုပ်ထဲမှာ ၂ အုပ်ပေါင်းစာ ဖတ်ရမယ့်စာအုပ်လေးပါ

Book Link 👇

https://t.me/black_white_Library/7127/9885

#Books
#Haruki
❤33❤‍🔥5🤩2
တခါတလေလေး နောက်လိုက်ရမှ 😆

#Funny
#Haruki
🤣83❤6❤‍🔥2👍2😁1
အရမ်းရှက်တတ်သူတစ်ယောက်အတွက် အသုံးဝင်စေမယ့် အကြံပြုချက် (၆) ချက်

အလွန်အမင်းရှက်တတ်တဲ့ သူတစ်ယောက်အနေနဲ့ သူစိမ်းတစ်ယောက်နဲ့စကားစပြောဖို့တောင် မတွန့်မရဲဖြစ်နေချိန်မှာ လူအများကြီးနဲ့ ဒါမှမဟုတ် တဖက်သား (အမျိုးသား/အမျိုးသမီး) ဆိုရင်တော့ သူ့အတွက်အခက်အခဲ တစ်ခုပါဖြစ်သွားပါပြီ။

စကားပြောဖို့တောင် ခက်နေတယ်ဆိုရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါဆို ကိုယ့်ရဲ့ရှက်ကြောက်မှုက လူတွေနဲ့ပြောဆိုဆက်ဆံဖို့ အတားအဆီးလိုဖြစ်နေတယ်ဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်လိုက်ပါခင်ဗျာ။

See next Post

#Moti
#Daily_Life
#Haruki
❤21❤‍🔥6🔥2⚡1👍1👏1
အရမ်းရှက်တတ်သူတစ်ယောက်အတွက် အသုံးဝင်စေမယ့် အကြံပြုချက် (၆) ချက်

(၁) အလွယ်ဆုံးက စပါ


နေ့ချင်းညချင်းကြီးပြောင်းလဲစရာမလိုပါဘူး။ ကိုယ်အပြင်သွားတဲ့အခါ လူစိမ်း ၂ယောက် ၃ယောက်နဲ့ စကားပြောဖြစ်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးကြည့်ပါ။

အပြန်အလှန်ပြောဆိုရင်း တစိမ်းတွေနဲ့စကားပြောရတာ သက်တောင့်သက်သာရှိလာပါလိမ့်မယ်။ ကိုယ့်ရဲ့စကားလုံးတွေက လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝနေစရာမလိုပါဘူး။ အပြန်အလှန်ပြောလို့ကောင်းရုံဆို ရပါပြီ။

(၂) သတ္တိရှိပါ


ရှက်ကြောက်ခြင်းကို မောင်းထုတ်ဖို့ဆိုတာ အချိန်ယူရတယ်ဆိုပေမယ့် စာဖတ်သူလေးဒါကိုလုပ်နိုင်ပါတယ်။ ဒါကြောင့် တခါတရံ မသက် မသာဖြစ်နိုင်တယ်ဆိုပေမယ့် လက်ခံရပါမယ်။ ကြောက်စိတ်ကို လက်ခံပါ ပြီးရင်ဆက်လုပ်ပါ။ ဒါကသာ စာဖတ်သူလေးကိုပြောင်းလဲဖို့ တခုတည်းသော နည်လမ်းဖြစ်ပါတယ်။

(၃) ကိုယ့်ရဲ့ကိုယ်ဟန်အပြုအမူကို တိုးတက်ပါစေ


စာဖတ်သူလေးလမ်းလျှောက်တဲ့အခါ ပျင်းရိပျင်းတွဲလျှောက်လား။ မြေကြီးကိုပဲကြည့်နေလား။ ဒါမှမဟုတ် လက်နှစ်ဖက်ကို အိတ်ထဲမှာပဲထည့်ထားတာလား။ တကယ်တော့ အင်အားပြည့်ဝပြီး ယုံကြည်မှုရှိတဲ့ ကိုယ်ဟန်အပြုအမူကိုသာ အာရုံစိုက်သင့်တာဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတယ်လို့ ခံစားရလာပါလိမ့်မယ်။ ပြုံးဖို့လည်းမမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို အသေးစိတ်ပြုမူဖို့ခိုင်းတဲ့အခါ ဦးနှောက်ကသင့်လျော်တဲ့ ဓာတုပစ္စည်းတွေထုတ်လွှတ်ပေးပြီး ခံစားချက်တွေကတကယ်လိုဖြစ်လာလို့ပါ။

(၄) ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူငယ်ချင်းတွေကို ရှာပါ


ရိုးရိုးလေးပါပဲ။ ယုံကြည်ရတဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဖော်ရွေမှုရှိတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အပြင်သွားပေးတာက စာဖတ်သူလေးရဲ့ရှက်ကြောက်တတ်တဲ့ ဘောင်ထဲကနေရုန်းထွက်ဖို့ ပိုလွယ်လာပါလိမ့်မယ်။

အဲ့လိုမကြာခဏလုပ်ပေးခြင်းက ကိုယ့်ရဲ့အပေါင်းအသင်းတွေနဲ့ ကိုယ့်ကို သဘာဝကျကျတူလာစေပြီး စကားအပြောအဆို လှုပ်ရှားမှု ဟန်ပန်တွေတိုးတက်လာစေမှာပါ။

(၅) ကတိကိုထိန်းပါ


စိတ်မသက်မသာဖြစ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတဲ့အတိုင်းဆက်ထိန်းထားပါ ဘယ်တော့မှစကားစမဖြတ်လိုက်နဲ့။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အတင်းဖိအားမပေးမိအောင်တော့ လေ့ကျင့်ပါ။ စကားသွားပြောတိုင်း အဆင်ပြေချင်မှပြေပါလိမ့်မယ်။

ဒါပေမယ့် လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် တဝက်တပျက်နဲ့တော့ မရပ်လိုက်ပါနဲ့။ ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး သူ့ဘက်က ဘယ်လိုပဲ တုံ့ပြန်တုံ့ပြန် အကောင်းမြင်စိတ်ကိုသာထိန်းထားပါ။

(၆) ကိုယ်နှစ်သက်တဲ့အရာကိုလုပ်ပါ


စာဖတ်သူလေးက ရော့ခ်ဖျော်ဖြေပွဲတွေကို နှစ်သက်တာလား။ တောင်တက်ရတာကြိုက်တာလား။ အားကစားလုပ်ရတာကြိုက်တာလား။ ဒါဆို ဒီအရာတွေကို မျှဝေလုပ်ဆောင်မယ့်သူတွေကိုရှာပြီး သူတို့နဲ့ပူးပေါင်းပါ။

ကိုယ်တကယ်ပျော်ရွှင်နှစ်သက်တဲ့ အရာကိုလုပ်ဆောင်နေတဲ့အခါ ရှက်တဲ့စိတ်တွေမေ့နေပါလိမ့်မယ်။ စာဖတ်သူလေးအကောင်းဆုံးလုပ်ဆောင်နေရင် သူများတွေက သတိထားမိလာမှာ သေချာပါတယ်ခင်ဗျာ။

🌻 - https://t.me/Life_Explored_Channel

#Moti
#Daily_Life
#Haruki
❤54❤‍🔥9👍4🔥4⚡1
ဒီဆောင်းပါးလေးကိုဖတ်ပြီး

Reaction ပေးပေးပါဦး

ချစ်ရပါသော... 💕

အားကိုးရပါသော စာဖတ်သူလေးတို့ရေ...💗

ဆောင်းပါးလင့်👇

https://sarphat.com/posts?id=4187

ဒီလဆုထပ်ရရင်

Give away ပေးရင်ပေးမှာပေါ့🤪❣️

#Haruki
❤53😁4👍3🤡3👀2❤‍🔥1
သက်သက်လွတ်စားခြင်းဖြင့် ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့်အရာများ

သက်သက်လွတ်စားခြင်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုအများကြီး ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာ သင်သိပါသလား။ မသိသေးရင် ခုသိလိုက်ပါခင်ဗျာ။ 😅

အသားငါးစားသုံးပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်တယ်ဆိုပေမယ့် သားငါးမပါတဲ့ သက်သက်လွတ်စားသုံးခြင်းကလည်း ကိုယ့်ရဲ့လူနေမှုဘဝကို အများကြီး ပြောင်းလဲသွားစေမှာဖြစ်ပါတယ်။

ဆေးပညာရှင်တွေအဆိုအရ သက်သက်လွတ်စားခြင်းဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ အရိုးပွရောဂါနှင့်ဆီးချိုရောဂါ တွေကိုပါ ကြိုတင်ကာကွယ်နိုင်တယ်လို့ဆိုပါတယ်။ ဒီနေ့မှာတော့ သက်သက်လွတ်စားခြင်းဖြင့် အံ့ဩစရာကောင်းလောက်အောင် ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့်အရာတွေကို မျှဝေပေးချင်ပါတယ်ခင်ဗျာ။

See next Post

#Knowledge
#Health
#Haruki
👍20❤13❤‍🔥5
သက်သက်လွတ်စားခြင်းဖြင့် ခန္ဓာကိုယ်မှာ ပြောင်းလဲလာမယ့်အရာများ

🧪 - အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်


သက်သက်လွတ်စားခြင်းက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေဖယ်ရှားသန့်စင်ပေးတာကြောင့် ကျန်းမာခြင်းတွေကို ပိုမိုရရှိ ပိုင်ဆိုင်စေပါတယ်။

လက်ဆက်တဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အူနဲ့ အစာအိမ်လမ်းကြောင်းမှာကပ်ညှိတွယ်နေတဲ့ အညစ်အကြေးနဲ့ ဓာတုအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အစာချေစနစ်ကိုလည်း တိုးတက်ကောင်းမွန် စေပါတယ်။

🎈- အဝလွန်ခြင်းကို ကာကွယ်ပေးတယ်


အဝလွန်ခြင်းဟာ လူတစ်ယောက်နဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ အများကြီးဆက်စပ်မှုရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သက်သက်လွတ်စားသုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ အဆီနဲ့ ကိုလက်စထရောပမာဏဟာ သာမာန်လူတွေထက်လျော့နည်းတယ်လို့ သိရ ပါတယ်။

ဟင်းသီးဟင်းရွှက်နဲ့ သစ်သီးဝလံတွေက ခန္ဓာကိုယ်မှာ အဆီမတက်ဖို့ အထောက်ကူဖြစ်စေတာကြောင့် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးတာကြောင့် သက်သက်လွတ်စားသုံးခြင်းဖြင့် အဝလွန်ခြင်း လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါတို့ကို ကာကွယ်ပေးနိုင် မှာဖြစ်ပါတယ်။

🤽🏻‍♂ - အသားအရေကြည်လင်လာစေတယ်


အသားအရေကြည်လင်လှပပြီး နုပျိုမှုတွေရရှိစေဖို့ အဓိကအားဖြင့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants များလုံလောက်စွာစားသုံး ဖို့ လိုအပ်ပါတယ်။

ဟင်းသီးဟင်းရွှက်တွေမှာ ပေါများလှသော ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidants ဓာတ်များပါဝင်တာကြောင့် အသားအရေကို ကြည်လင်လှပစေပြီး နုပျိုမှုတွေ ပေးစွမ်းမှာဖြစ်ပါတယ်။

🧠 - စိတ်ဖိစီးမှုလျော့ကျစေတယ်


သက်သက်လွတ်စားသူအများစုဟာ စိတ်ခံစားချက်ပိုမိုကောင်းမွန်တာတွေ့ရပြီး သက်သက်လွတ်မစားသူတွေနဲ့ ယှဉ်လိုက်ရင် ပျော် ရွှင်မှုကို ပိုခံစားကြရတာဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစာအဟာရဓာတ်တွေထဲမှာ အသီးအရွက်ထက် အသားဓာတ်အလွန်အကျွံ စားသုံးမိသူတွေဟာ စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကို ခံစားဖို့အခွင့်အလမ်းပိုများကြပါတယ်။

လက်ဆက်တဲ့ သဘာဝဟင်းသီးဟင်းရွက်တွေက ရုပ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေတာကြောင့် သက်သက်လွတ်စားခြင်းဖြင့် ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

🦠 - ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတယ်


ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ဗီတာမင်ဓာတ်များနှင့် antioxidants များကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြင့် တင်ပေးပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုအထောက်အပံ့ဖြစ်စေပါတယ်။

ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဟင်းသီးဟင်းရွှက်တွေမှတဆင့်ရရှိနိုင်ပါတယ်။ ဒါကြောင့် သက်သက်လွတ် စားသုံးခြင်းက သဘာဝအတိုင်း ခန္ဓာကိုယ်အားအင်ပြည့်ဝစေပြီး ကျန်းမာတဲ့လူနေမှုဘဝကို ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်ခင်ဗျာ။

👨‍⚕ - https://t.me/Life_Explored_Channel

#Knowledge
#Health
#Haruki
❤25👍7❤‍🔥5⚡1🔥1
စုံတွဲတွေအနေနဲ့ ရန်ဖြစ်ပြီးခဏတာပြတ်စဲနေချိန်မှာ မလုပ်သင့်တဲ့အရာများ

စုံတွဲတွေအနေနဲ့ အပြီးပြတ်တာမျိုးမဟုတ်ပဲ ခဏတာပြတ်တဲ့အချိန်မှာ မဆင်မခြင် စိတ်လက်မာန်ပါလုပ်တာမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။ ပြီးရင် ကိုယ်ပဲနောင်တရနေရမှာပါ။

ဒါကြောင့် စုံတွဲတွေအနေနဲ့ ရန်ဖြစ်ပြီး ခဏတာပြတ်စဲနေချိန်မှာ မလုပ်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။

💕 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Relationship_Knowledge
#Advice
#Haruki
❤22❤‍🔥5👍2🔥1🍓1
သို့ @MAG6007

happy birthdayပါသူငယ်ချင်းရေမွေးနေ့မှာပျော်ရွင်ပါစေနော်ဒီနေ့မှစ၍​ေနှာင်နှစ်ပေါင်းများစွာလဲပျော်ရွင်စရာတွေနဲ့ပြည့်နေပါစေနော် ကျန်မာရေးလဲဂရုစိုက်ပါ စာလဲကြိုးစားနော်

အမြဲကျန်းမာပျော်ရွင်ပါစေနော် မိဘပေါ်သိတက်လိမ္မာတဲ့သမီးကောင်းလေးဖြစ်ပါစေ မိဘပေါ်ထာဝရပြုစုလုပ်ကျွေးနိုင်တဲ့သမီးကောင်းလေးလဲဖြစ်ပါစေနော် မိဘဆိုတာဘုရားသခင်လိုပါပဲမိဘကိုမပျစ်မှားမိပါစေနဲ့နော် ငါသူငယ်ချင်းလေးလိမ္မာတာသိပေမဲ့သေချာလေးမှာပေးတာပါနော် ဘဝရည်မှန်းချက်တွေလဲပြည့်ပါစေဘယ်အတန်းရောက်ရောက်အမြဲအဆင့်1ရပါစေနော်

ငါသူငယ်ချင်းလေးအမြဲပထမရအောင်ကြိုးစားပါ မွေးနေ့မှစပြီးဒီထက်မကလဲငါတို့ကိုပိုချစ်နိုင်ပါစေနော်😜ငါဆိုးသမျှသိခံပေးငါရစ်သမျှအလိုလိုက်ငါစိတ်ကောက်ရင်လဲအမြဲချော့ပေးလို့ကျေးဇူးပါနော်🥹ငါတို့ဘဝတွေကခနတာတွေ့ရတယ်ဆိုပေမဲ့ငါနင်တို့ကိုအရမ်းချစ်တယ်😔ခွဲရမှာသိနေပေမဲ့လဲငါအမြဲသတိရနေမှာပါနော် လိမ္မာအောင်နေစာကြိုးစား ဝမ်းနဲစရာရှိရင်လဲမျက်ရေမကျအောင်အားတင်းထားပါ

အရာ"မှာငါသူငယ်ချင်းကအတော်ဆုံးဖြစ်ရမယ်ဘယ်သူနဲ့ရှင်ရှင်ငါသူငယ်ချင်းကအမြဲနံပတ်1ပဲဘယ်လိုရှင်ရှင်ဘယ်သူမှမရှင်နိုင်စေရဘူး ဖိုက်တင်း ကံမကုန်ရင်အပြင်မှာပြန်ဆုံကြတာပေါ့🥰အရမ်းချစ်တယ်နော်မှာစရာအရမ်းများနေပေမဲ့ငါအရူးမလေးစာဖတ်ရင်းပိုရူးသွားမှာဆိုးလို့ဒီလောက်နဲ့ပဲတော်လိုက်ပါမယ်လေ😝ချစ်တယ်နော်မသာမလေး😝


နင်ဘာပန်းကြိုက်မှန်းမသိလို့ရှိတဲ့ပန်းလေးထဲ့ပေးလိုက်တယ်နော်😅မသိတာထက်မေ့နေတာပါနင့်သူငယ်ချင်းအကြောင်းလဲနင်သိပါတယ်😅အရမ်းမေ့တက်ရတဲ့ကြားထဲအလုပ်တွေကရှုပ်ဆော့အဲ့ဒါလေးမေ့တာစိတ်မဆိုးပါနဲ့နော်🥺👉👈

#Letters
❤64🍓6❤‍🔥2👍2🫡1
ဆံကောက်ဝက်

အမွေးမျှင်တို့ဟာ ကောက်ကွေးနေတာကြောင့် ဆံကောက်ဝက်လို့လည်းခေါ်ပြီး ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်တွေကြွယ်ဝစွာပါဝင်ကြပါတယ်။

ဒါအပြင် Mangalitsa ဝက်ဟာ အဆီပိုသိပ်မရှိဘဲ ကျစ်လစ်တဲ့အသားတွေကိုပိုင်ဆိုင်ထားပြီး ဟန်ဂေရီအပြင် ဩစတေးလျ၊ အမေရိကန် စတဲ့နိုင်ငံတွေမှာပါတွေ့ရပါတယ်။

🐖 - ဆက်ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Pig
#Knowledge
#Haruki
❤28❤‍🔥5👍2
𝐿𝒾𝒻𝑒 𝐸𝓍𝓅𝓁𝑜𝓇𝑒𝒹
ဆံကောက်ဝက် အမွေးမျှင်တို့ဟာ ကောက်ကွေးနေတာကြောင့် ဆံကောက်ဝက်လို့လည်းခေါ်ပြီး ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်တွေကြွယ်ဝစွာပါဝင်ကြပါတယ်။ ဒါအပြင် Mangalitsa ဝက်ဟာ အဆီပိုသိပ်မရှိဘဲ ကျစ်လစ်တဲ့အသားတွေကိုပိုင်ဆိုင်ထားပြီး ဟန်ဂေရီအပြင် ဩစတေးလျ၊ အမေရိကန် စတဲ့နိုင်ငံ…
စစချင်းဆို သိုးနဲ့တောင်မှားတယ်😆

အဲ့တာနဲ့ စိတ်ဝင်စားလို့

လေ့လာပြီး မျှဝေပေးလိုက်တာပါ။

ကျွန်တော်တို့သိခဲ့တဲ့ဝက်ဆိုတာ

အမွှေးသေးသေးလေးတွေနဲ့

မသိရင် အရေခွံကပြောင်နေသလိုပဲမဟုတ်လား။

🐖🐖🐖

#Haruki
❤34💘12❤‍🔥5😁4👍1
ဒီစာအုပ်လေး ဖတ်လို့ရပါပြီ✨

Book Link 👇

https://t.me/black_white_Library/7127/10361

#Books
#Haruki
❤29❤‍🔥7💘2🥰1
Relationship တွေ ပိုခိုင်မြဲအောင်

သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေတွေပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူ နဲ့ပဲဖြစ်ဖြစ် ဘယ် relationship မှာမဆို မထင်မှတ်ဘဲ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ ဘာကြောင့်မှန်းမသိ ရပ်စဲသွားတဲ့ ဆက်ဆံရေးတွေ၊ ဘယ် သူက မှားမှန်းမသိဖြစ်သွားတဲ့ ဆက်ဆံရေးတွေ၊ မခေါ်မပြောဖြစ်သွားကြတဲ့ ဆက်ဆံရေးတွေ ရှိဖူးကြလား။

ဒီနေ့မှာတော့ relationship တွေ ခိုင်မာနေအောင် လုပ်တဲ့နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

အခုကျွန်တော်မျှဝေပေးမယ့် နည်းလမ်းတွေက * အသက် ၂၀မတိုင်ခင်မှာ ပြောင်းလဲရမယ့်အချက် ၂၀ * ဆိုတဲ့စာအုပ်လေးကို ကိုးကားထားတာဖြစ်ပါတယ်။

💕 - ဖတ်ရန်နှိပ်ပါခင်ဗျာ။

#Relationship_Knowledge
#Advice
#Haruki
❤‍🔥23❤10👍3
ကိုယ်တွေလည်း ပရီမီယမ်သုံးနိုင်ပါတယ်

Save Message ထဲမှာ😅

#Haruki
😁46🤣32😭5❤‍🔥3👍3🍓3🍾2🥰1
မှတ်ဉာဏ်စွမ်းအားကိုတိုးမြှင့်ပေးနိုင်မယ့်အထူးအစားအစာများ🍊🎖🥇⁉️




ဦးနှောက်ဟာခန္ဓာကိုယ်အတွက်မရှိမဖြစ်အင်္ဂါအစိတ်အပိုင်းတစ်ခုဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူး။ဘဝမှအရေးကြီးတဲ့ဆုံးဖြတ်ချက်‌တွေချတာ၊အသစ်အသစ်သောလေ့လာမှုတွေပြုလုပ်တာ၊စိတ်ခံစားချက်တွေကိုထိန်းချုပ်တာစတဲ့အရေးကြီးတဲ့တာဝန်တွေကိုလုပ်ဆောင်ပါတယ်။ဦးနှောက်ကနေဆုံးဖြတ်ချက်တွေမှန်ကန်စွာချနိုင်ဖို့အတွက်နှလုံးခုန်စည်းချက်မှန်နှုန်းနဲ့အသက်ရှူနှုန်းမှန်ဖို့လိုအပ်ပါတယ်။ခန္ဓာကိုယ်ရဲ့ကျန်းမာရေးချို့ယွင်းချက်တွေလိုမျိုးဦးနှောက်မှာဘယ်လိုချို့ယွင်းချက်တွေဖြစ်နေတယ်ဆိုတာကိုမျက်စိနဲ့မမြင်နိုင်ပါဘူး။ကျန်းမာရေးကောင်းမွန်ခြင်းရဲ့အစကမီးဖိုချောင်ကဆိုသလိုပဲချက်ပြုတ်စားသောက်တဲ့အစားအစာတွေထဲမှာဦးနှောက်ကိုဖွံ့ဖြိုးစေတဲ့အစားအစာအမျိုးအစားတွေပါဝင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဘယ်လိုအစားအစာတွေကဦးနှောက်ကျန်းမာရေးကိုအထောက်အကူပြုစေသလဲဆိုတာကို ဒီဆောင်းပါးလေး ကနေဖော်ပြပေးလိုက်ပါတယ်ရှင့်။



၁။သလဲသီးဖျော်ရည်



သလဲသီးဖျော်ရည်ထဲမှာအင်တီအောက်ဆီးဒင့်တွေကြွယ်ဝစွာပါဝင်တာကြောင့်Free redicalsကြောင့်ဖြစ်တဲ့ဦးနှောက်ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။Free Redicalsကအရေပြားကိုပျက်စီးစေတယ်လို့ပြောကြပေမယ့်အမှန်တော့Free Redicals နဲ့ထိတွေ့တဲ့နေရာတိုင်းကပျက်စီးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေမွေးဖွားချိန်မှာအောက်ဆီဂျင်ဓာတ်မလုံလောက်မှုကြောင့်ကလေးငယ်ရဲ့ဦးနှောက်ထိခိုက်မှုဖြစ်စေတာကိုသလဲသီးဖျော်ရည်နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းနဲ့ကာကွယ်နိုင်ပါတယ်။သလဲသီးကသဘာဝအတိုင်းအချဉ်ဓာတ်လွန်ကဲတာကြောင့်သကြားထည့်သောက်တာ၊ရေရောသောက်တာ ပူဒီနာ(သို့မဟုတ်)ပင်စိမ်းရွက်တစ်မျိုးမျိုးကိုထည့်သောက်တာမျိုးပြုလုပ်သင့်ပါတယ်။


၂။နနွင်းမှုန့်



ဟင်းလျာတွေထဲမှာအမြဲလိုလိုသုံးတဲ့နနွင်းမှုန့်ကလည်းဦးနှောက်ကိုအကျိုးပြုနိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။နနွင်းမှာပါဝင်တဲ့ကူကာမင်(Curcumin)ကဦးနှောက်မှာရှိတဲ့အကာအကွယ်တွေကိုဖြတ်ပြီးဦးနှောက်ဆဲလ်တွေကိုတိုက်ရိုက်အကျိူးပြုပေးပါတယ်။ကူကာမင်မှာအင်တီအောက်ဆင်းဒင့်နဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ anti_inflammatoryပစ္စည်းတွေပါဝင်ပါတယ်။

ဒါ့အပြင်စိတ်ခံစားမှုကိုကောင်းစေတဲ့ serotoninနဲ့ဦးနှောက်ရဲ့အာရုံခံစားမှုနဲ့စဉ်းစားတွေးခေါ်မှုတွေကိုဖြစ်ပေါ်လာအောင်လုပ်ပေးတဲ့ Dopamineတို့ပါဝင်တာကြောင့်စိတ်ဓာတ်ကျတဲ့လက္ခဏာတွေကိုလျှော့ချပေးပါတယ်။နနွင်းကဦးနှောက်ဆဲလ်ဖြစ်ပေါ်မှုကိုအားပေးပြီးအသက်အရွယ်ကြောင့်သတိမေ့လျော့တတ်တာတွေကိုလျှော့ကျစေပါတယ်။


၃။ဖရုံစေ့



အင်တီအောက်ဆီးဒင့်ကြွယ်ဝစွာပါတဲ့ဖရုံစေ့ကလည်းFree Redicalsကြောင့်ဖြစ်တဲ့ဦးနှောက်ပျက်စီးမှုကိုကာကွယ်ပေးနိုင်ပါတယ်။သူ့အထဲမှာသံဓာတ်၊မက်ဂနီဆီယမ်၊ကော့ပါးနဲ့ဇင့်စတဲ့ဓာတ်တွေပါဝင်ပါတယ်။ဒီဓာတ်တွေကဦးနှောက်ကျန်းမာရးအတွက်တစ်နေ့တာလိုအပ်တဲ့ဓာတ်တွေပါ၊သံဓာတ်ချို့တဲ့ရင်ဦးနှောက်ကကျုံ့သွားပြီးစွမ်းဆောင်ရည်တွေလျှော့ကျသွားပါတယ်။မက်ဂနီဆီယမ်ကသင်ယူနိုင်မှုစွမ်းရည်ကိုမြင့်တက်ပေးပြီးမက်ဂနီဆီယမ်ဓာတ်နည်းပါးတာကြောင့်အတက်ရောဂါနဲ့စိတ်ဓာတ်ကျတဲ့ဝေဒနာခံစားရနိုင်ပါတယ်။ဇင့်နဲ့မက်ဂနီဆီယမ်ဓာတ်‌ေလျှာ့နည်းလာရင်အယ်လ်ဇိုင်းမားလိုသတိမေ့တတ်တဲ့ဝေတနာမျိုးဦးနှောက်နဲ့အာရုံကြောဆိုင်ရာဝေဒနာတွေဖြစ်နိုင်ပါတယ်။


၄။လိမ္မော်သီး



ဗီတာမင်စီလိုမျိုးအင်တီအောက်ဆီးဒင့်များစွာပါဝင်တဲ့လိမ္မော်သီးဟာအသက်အရွယ်ကြောင့်ဖြစ်တဲ့အယ်လ်ဇိုင်းမားကြောင့်စိတ်ပိုင်းဆိုင်ရာဝမ်းနည်းမှုတွေမဖြစ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ဒါကြောင့်အာရုံကြောစနစ်တွေထဲမှာရှိတဲ့ Dopamineဟော်မုန်းအတွက်မရှိမဖြစ်လိုအပ်ပြီးfree Radicalsကြောင့်ဦးနှောက်ဆဲလ်တွေပျက်စီးတာကိုလဲကာကွယ်ပေးနိုင်ပါတယ်။လိမ္မော်သီးတစ်နေ့တစ်လုံးစားတာကဦးနှောက်ရဲ့စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက်လုံလောက်ပါတယ်။ဗီတာမင်စီချို့တဲ့ရင်စကဗီရောဂါကိုဖြစ်စေနိုင်ပါတယ်။စကာဗီရောဂါဖြစ်တဲ့အခါ ကိုယ်လက်မအီမသာဖြစ်တာ၊မောပန်းတာ၊မလုပ်ချင်မကိုင်ချင်ဖြစ်တာနဲ့ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာတွေဖြစ်စေပါတယ်။

လိမ္မော်သီးလိုပဲဗီတာမင်စီကြွယ်ဝတဲ့အခြားအစားအစာတွေကတော့ကီဝီသီး၊ငရုတ်ပွသီး၊စတော်ဘယ်ရီသီး၊ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။

မှတ်ဉာဏ်စွမ်းအားကိုတိုးမြှင့်ပေးနိုင့်မယ့်စူပါအစားအစာတွေထဲမျှာရးသားဖော်ပြထားတဲ့အသီးအနှံတွေအပြင်ကြည်ဥ၊ပဲအမျိုးမျိုး၊ကောက်နှံနှင့်အမည်းရောင်ချောကလက်တို့လည်းပါဝင်ပါတယ်။

ဦးနှောက်စွမ်းရည်တိုးမြှင့့်စေတဲ့အစားအစာတွေကိုစားသုံးပေးရင်မှတ်ဉာဏ်စွမ်းအားပိုမိုကောင်းမွန်စေပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါလိမ့်မယ်။




#crd
#𝙇𝙞𝙛𝙚_𝙆𝙣𝙤𝙬𝙡𝙚𝙙𝙜𝙚
#𝙁𝙤𝙧𝙬𝙖𝙧𝙙_𝙤𝙣𝙡𝙮
#𝘿𝙊𝙍𝘼
❤50❤‍🔥9🍓3👍2💘2
ပညာအလင်းရောင်😄😆



#𝘿𝙊𝙍𝘼
🤣100😁9❤4👍3❤‍🔥1🍓1
ဒန် ဒန် ဒန် 👀💕

Book Link 👇🏻

https://t.me/black_white_Library/7127/10689

#Books
#Haruki
❤33❤‍🔥9💘1