EETS - Essential English for Teachers and Students
30.5K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Relative Clauses 2

Relative Clause တွေနဲ့ ပတ်သက်လို့ အစပျိုးပြောခဲ့ပြီးပါပြီ။ ဟောဒီအချက်တွေကို ပြောပြခဲ့ပါတယ်။ မှတ်မိသေးတယ် ထင်တယ်နော်။ ပြန်ကြည့်လိုက်ပါ။

• clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ခေါ်တယ်။
• relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
• လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
• အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
• What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။
• relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။

အဲဒီပြီးခဲ့တဲ့ သင်ခန်းစာမှာပါတဲ့ နမူနာဝါကျတွေကိုပဲ ပြန်ကြည့်ပါဦး။

The woman who lives next door is a doctor. (or The woman that lives …)
ဘေးအိမ်မှာ နေတဲ့ အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။ (The woman that lives … ဆိုပြီး who အစား that သုံးလည်း ရတယ်နော်)
ဒီဝါကျအရ The woman lives next door. လို့ နားလည်ရမယ်။ ဒါဆို (who = the woman) က subject ပေါ့။

နောက်တစ်ကြောင်း ထပ်ကြည့်မယ်။

Where is the cheese that was in the fridge? (or the cheese which was …)
ရေခဲသေတ္တာထဲက ဒိန်ခဲတွေ ဘယ်မှာလဲ။ (the cheese which was … ဆိုပြီး that အစား which သုံးလည်း တူတူပါပဲ)
ဒီဝါကျမှာ The cheese was in the fridge. လို့ နားလည်ပါလိမ့်မယ်။ ဒါကြောင့် (that = the cheese) က subject ပါပဲ။

ဒီဥပမာတွေကို ကြည့်ပြီး ဟောဒီအချက်လေးကို နားလည်နိုင်တာပေါ့။

You must use who/that/which when it is the subject of the relative clause.
who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါ သုံးရမယ်။

ဒါဆို ဒီဝါကျလေး မှန်မမှန် ဆုံးဖြတ်ပေးပါဦး။

• The woman lives next door is a doctor.
• Where is the cheese was in the fridge?

ကြည့်ရုံနဲ့ လွဲနေတယ်ဆိုတာ သိသာတာပေါ့နော်။ who/that/which တို့ကို relative clause တစ်ခုရဲ့ subject နေရာမှာ သုံးရမယ်လို့ ဆိုတဲ့အတွက် ဒီဝါကျတွေမှာ who/that/which စတာလေးတွေ ကျန်နေလို့ အဆင်မပြေဘူး။

Who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါမှာ သုံးရမယ်လို့ ပြောခဲ့ပြီ။ ဒါဆိုရင် မေးစရာတစ်ခုရှိတယ်။ object နေရာမှာ ရှိရင်ကော ဘယ်လိုသုံးမလဲ။

ဒီအချက်လေး မှတ်သားပါ။

Sometimes who/that/which is the object of the verb.
တစ်ခါတစ်လေမှာ who/that/which တို့က အဲဒီ verb ရဲ့ object လည်း ဖြစ်နိုင်ပါသတဲ့။

ရှင်းလင်းချက်ဆိုတာတွေက ရှင်းရုံနဲ့ မရဘူး။ နမူနာလေးတွေလည်း ကြည့်ပါမှ ကွက်ကွက်ကွင်းကွင်း သဘောပေါက်တတ်တာ။ ဒီတော့ ဥပမာဝါကျတွေ ကြည့်ရဦးမှာပေါ့။ ကဲ ကြည့်ပါ။

 The woman who I wanted to see was away on holiday.
ငါတွေ့ချင်တဲ့ အမျိုးသမီးက အားလပ်ရက်ခရီးထွက်နေတယ်။
 Have you found the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။

ပထမဝါကျမှာပါတဲ့ who I wanted to see ဆိုတဲ့ relative clause ကိုကြည့်။ ဒီ clause မှာ who ဆိုတာက the woman ကို ရည်ညွှန်းမှန်း သိတယ်နော်။ ငါတွေ့ချင်တဲ့ အမျိုးသမီးဆိုတော့ I wanted to see the woman. လို့ နားလည်ရမယ်။ ဒါဆိုရင် (who = the woman) က object ပါ။ subject က I ပေါ့။

ဒုတိယဝါကျမှာ ပါတဲ့ that you lost ဆိုတဲ့ relative clause ကို ထပ်ကြည့်ရအောင်။ ဒီ that က the keys ကို ရည်ညွှန်းပါတယ်။ You lost the keys. ဆိုတဲ့ သဘောမို့ (that = the keys) က object ပါ။ subject ကတော့ you ပေါ့။

ကဲ who/that/which တို့ကို subject နေရာမှာဆို ဘယ်လို၊ object နေရာမှာဆို ဘယ်လိုဆိုတာ ပြောပြီးပြီ။ နားလည်မယ်လို့လည်း ထင်ပါတယ်။ ဒီတော့ နောက်တစ်ချက် တိုးပြီး ကြည့်ရအောင်။

When who/that/which is the object, you can leave it out.
who/that/which က object ဖြစ်နေရင် အဲဒါကို ချန်ထားခဲ့လို့ ရပါတယ်။
ဒီလိုတွေ ပြောလို့ ရတယ်။

 The woman I wanted to see was away. (or) The woman who I wanted to see …
ငါတွေ့ချင်တဲ့ အမျိုးသမီးက တခြားမှာ။
 Have you found the keys you lost? (or) … the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။
 The dress Liz bought doesn’t fit her very well. (or) The dress that Liz bought …
လစ်ဇ်ဝယ်ခဲ့တဲ့ ဝတ်စုံက သူနဲ့ သိပ်မတော်ဘူး။
 Is there anything I can do? (or) … anything that I can do?
ငါလုပ်နိုင်တာ တစ်ခုခုများရှိသလား။

Relative clauses တွေမှာ preposition တွေရဲ့ နေရာကိုတော့ ဂရုပြုပါ။
👍36👏2❤1
 Tom is talking to a woman – do you know her?
တွမ်က အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတယ်။ မင်းသူ့ကို သိလား။
Do you know the woman (who/that) Tome is talking to? (to ထည့်ပုံလေးကို ဂရုစိုက်ပါ)
တွမ်နဲ့စကားပြောနေတဲ့ အမျိုးသမီးကို မင်းသိလား။
 I slept in a bed last night – it wasn’t very comfortable.
မနေ့ညတုန်းက အိပ်ရာတစ်ခုမှာ အိပ်ခဲ့တယ်။ အဲဒါက သိပ်ပြီး သက်သောင့်သက်သာ မရှိဘူး။
The bed (that/which) I slept in last night wasn’t very comfortable. (in ထည့်ပုံလေး ဂရုစိုက်)
မနေ့ညက ငါအိပ်ခဲ့တဲ့ အိပ်ရာက သိပ်ပြီး သက်သောင့်သက်သာ မရှိဘူး။

တခြားဥပမာတွေ ထပ်ကြည့်ပါဦး။

 Are these the books you were looking for? (or) … the books that/which you were …
မင်းရှာနေတာ ဒီစာအုပ်တွေလား။
 The woman he fell in love with left him after a month. (or) The woman who/that he …
သူချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီးက တစ်လအကြာမှာ သူ့ကို ထားပစ်ခဲ့တယ်။
 The man I was sitting next to on a plane talked all the time. (or) The man who/which I was sitting next to …
လေယာဉ်ပေါ်မှာ ငါနဲ့ကပ်လျက်ထိုင်နေတဲ့ လူက တစ်ချိန်လုံး စကားပြောလာခဲ့တယ်။

What ကို ဘယ်လိုနေရာမှာ သုံးရမလဲ ပြောခဲ့ပြီးပြီနော်။ ဒီလိုဝါကျတွေမှာတော့ what ကို မသုံးနိုင်ပါဘူး။

 Everything (that) they said was true. (not Everything what they said)
သူတို့ပြောခဲ့သမျှ အရာတိုင်းက မှန်ပါတယ်။
 I gave her all the money (that) I had. (not all the money what I had)
ငါ့မှာရှိတဲ့ ပိုက်ဆံတွေအားလုံး သူ့ကိုပေးခဲ့တယ်။

What = the thing that

What က the thing that လို့ အဓိပ္ပာယ်ရကြောင်း ပြောပြီးပါပြီ။ ဥပမာလေး ထပ်ကြည့်ပါ။
 Did you hear what they said? (= the thing that they said)
သူတို့ပြောတာ မင်းကြားခဲ့လား။

Sithu Htet
Ref: English Grammar in Use (Raymond Murphy)
❤31👍11
Relative Clauses 3

ရှေ့အပိုင်းတွေက Relative Clause အကြောင်း သင်ခန်းစာတွေမှာ relative clause ဆိုတာ ဘာလဲ၊ relative clause ဖြစ်အောင် ဘယ်လိုလုပ်ရသလဲ၊ ဘယ်စကားလုံးလေးတွေ သုံးပြီး ဆက်ရသလဲဆိုတာ ပြောလာခဲ့ပြီနော်။ ဒီတစ်ခါ ဘယ်လို relative pronoun တွေ သုံးပြီး ဆက်လို့ရသလဲဆိုတာ ဆက်ပြောပါ့မယ်။

ပထမဆုံးတစ်ခုအနေနဲ့ whose ကို ကြည့်ရအောင်။

Whose
whose ဆိုကတည်းက ပိုင်ဆိုင်မှု ကို ပြတဲ့ စကားလုံးဆိုတာ သိပြီးရောပေါ့။ ဟုတ်ပြီ။ relative clauses တွေမှာလည်း whose ကို his/her/their စတဲ့ စကားလုံးတွေအစား သုံးရတယ်။

ဒီဥပမာလေးကို ကြည့်ရအောင်။

 We saw some people – their car had broken down.
တို့က လူတချို့ကို တွေ့ခဲ့တယ်။ သူတို့ရဲ့ကားက ပျက်နေတယ်။

ဒီဝါကျကို relative clause ပါတဲ့ဝါကျဖြစ်အောင် ပြန်ပြောင်းတဲ့အခါ their အစား whose သုံးပေးရမယ်ဆိုတာ သတိထားပါ။ who တို့ that တို့ သုံးလို့ မရဘူး။

ဒီလို ပြန်ရေးကြည့်မယ်။

 We saw some people whose car had broken down.
Whose ကို လူတွေအတွက် အများအားဖြင့် သုံးပေးရတယ်နော်။

နမူနာဝါကျတွေကြည့်ပါ။

 A widow is a woman whose husband is dead. (her husband is dead)
မုဆိုးမဆိုတာ ခင်ပွန်းဆုံးပါးသွားတဲ့ အမျိုးသမီးဖြစ်ပါတယ်။

 What is the name of the man whose car you borrowed? (You borrowed his car)
မင်းကားငှားခဲ့တဲ့လူရဲ့ နာမည်က ဘာလဲ။

 I met someone whose brother I went to school with. (I went to school with his/her brother)
တစ်စုံတစ်ယောက်နဲ့ ငါ တွေ့ခဲ့တယ်။ သူ့အစ်ကိုနဲ့ ငါနဲ့ ကျောင်းအတူတက်ခဲ့တာ။

ခုက whose အကြောင်းတွေ ပြောနေတာနော်။ ဒါဆိုမေးစရာရှိတယ်။ ရှေ့သင်ခန်းစာတွေမှာ ပြောခဲ့တဲ့ who နဲ့ ခု whose ဘာကွာသလဲ။
ဝါကျတွေနှိုင်းယှဉ်ကြည့်ရင် မြင်သာပါလိမ့်မယ်။

• I met a man who knows you. (he knows you)
မင်းကိုသိတဲ့လူနဲ့ ငါတွေ့ခဲ့တယ်။ (သူက မင်းကိုသိတာ)

• I met a man whose sister knows you. (his sister knows you)
သူ့ရဲ့အစ်မက မင်းကိုသိတဲ့သူနဲ့ ငါတွေ့ခဲ့တယ်။
(ဒီလိုတိုက်ရိုက် ဘာသာပြန်တော့ ဝါကျက တမျိုးကြီးပဲ။ ငါလူတစ်ယောက်ကိုတွေ့ခဲ့တယ်။ သူ့ရဲ့အစ်မက မင်းကို သိတယ်။ ဒီလို ဆိုလိုတာပါ။ သိတာက သူမဟုတ်ဘူး။ သူ့ရဲ့အစ်မ)

Who/whose ကို နားလည်လောက်ပြီ။ whom ကို တစ်ချက်ကြည့်ရအောင်။

Whom
whom is possible instead of who when it is the object of the verb in the relative clause.
Relative clause မှာ verb ရဲ့ object ဖြစ်နေမယ်ဆိုရင် who အစား whom သုံးနိုင်တယ်။

 The woman whom I wanted to see was away.
ငါတွေ့ချင်တဲ့အမျိုးသမီးက တခြားရောက်နေတယ်။

ဒီဝါကျက I wanted to see her (the woman). လို့ ဆိုလိုချင်ပါတယ်။ ဒါဆို her (the woman) က object နေရာမှာ ရှိတယ်မဟုတ်လား။ ဒီလိုမျိုး object နေရာရှိတာကို relative clause မှာ ပြောချင်ရင် whom သုံးရတာပါပဲ။ တခြား ဝါကျတွေကိုလည်း အဲဒီလိုမျိုးပဲ နားလည်ယူပါ။

You can also use whom with a preposition (to whom/ from whom/ with whom etc.)
to whom/ from whom/ with whom စသည်ဖြင့် whom ကို preposition နဲ့ သုံးနိုင်တယ်။

 The people with whom I work are very nice.
ငါနဲ့ အလုပ်လုပ်တဲ့ လူတွေက သိပ်ကောင်းတယ်။

Whom သုံးပုံအကြောင်းတွေကို ပြောနေပေမဲ့ သတိပြုသင့်တာလေးတစ်ချက်ကို ပြောပါဦးမယ်။ အင်္ဂလိပ်လို အရင်မှတ်လိုက်ပါ။

But we do not often use whom in spoken English. We usually prefer who or that, or nothing.
whom ကို အပြောအင်္ဂလိပ်စကားမှာ သိပ်သုံးလေ့မရှိပါဘူး။ who/that ဒါမှမဟုတ် ဘာမှမသုံးဘဲ ထားတာကို ပိုနှစ်သက်ပါတယ်တဲ့။

ဒါကြောင့် ဒီလိုပဲ ပြောလေ့ရှိပါတယ်။

 The woman I wanted to see … or The woman who/that I wanted to see …
ငါတွေ့ချင်တဲ့ အမျိုးသမီး …
 The people I work with … or The people who/that I work with …
ငါနဲ့အလုပ်လုပ်တဲ့လူတွေ …

Where
You can use where in a relative clause to talk about a place.
နေရာတစ်ခုအကြောင်းကိုပြောဖို့ relative clause မှာ where ကို သုံးနိုင်ပါတယ်။

 The restaurant where we had dinner was near the airport.
ငါတို့ ညစာစားခဲ့တဲ့ စားသောက်ဆိုင်က လေဆိပ်နားမှာ။

 I recently went back to the town where I grew up.
ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ မြို့ကို မကြာသေးမီက ပြန်သွားခဲ့တယ်။

 I would like to live in a place where there is plenty of sunshine.
နေရောင်ခြည်များများရတဲ့ နေရာမျိုးမှာ ကျွန်တော်နေချင်တယ်။

နောက်ထပ်မှတ်သားစရာအနေနဲ့ ပုံသေပြောပုံလေးတွေ ကြည့်ပါ။
ဒီလိုပြောပါသတဲ့။

The day / the year / the time etc. ---- something happens or that something happens

 Do you remember the day (that) we went to the zoo?
တို့ တိရစ္ဆာန်ရုံသွားခဲ့တဲ့ နေ့ကို မှတ်မိသေးလား။

 The last time (that) I saw her, she looked fine.
သူ့ကို နောက်ဆုံးအကြိမ်တွေ့တုန်းက သူနေကောင်းပုံပါပဲ။
👍20❤10
 I haven’t seen them since the year (that) they got married.
သူတို့လက်ထပ်ပြီးတဲ့ နှစ်ကတည်းက ငါသူတို့ကို မတွေ့ဖြစ်တော့ဘူး။

ထပ်ပြီး မှတ်သားပါဦး။ ဒီပုံစံလေးပါ။

The reason something happens or that/why something happens

 The reason I’m phoning you is to ask your advice.
 (or The reason that I’m phoning / The reason why I’m phoning)
ခင်ဗျားဆီကို ကျွန်တော်ဖုန်းဆက်ရတဲ့အကြောင်းကတော့ ခင်ဗျားရဲ့ အကြံဉာဏ်တောင်းဖို့ပါ။

အကျဉ်းချုပ်ပြီး ပြန်ကြည့်ရအောင်။

(1) relative clauses တွေမှာ whose ကို his/her/their စတဲ့ စကားလုံးတွေအစား သုံးရတယ်။ Whose ကို လူတွေအတွက် အများအားဖြင့် သုံးတယ်။

(2) Relative clause မှာ verb ရဲ့ object ဖြစ်နေမယ်ဆိုရင် who အစား whom သုံးနိုင်တယ်။ to whom/ from whom/ with whom စသည်ဖြင့်လည်း whom ကို preposition နဲ့ သုံးနိုင်တယ်။ whom ကို အပြောအင်္ဂလိပ်စကားမှာ သိပ်သုံးလေ့တော့ မရှိဘူး။ who/that ဒါမှမဟုတ် ဘာမှမသုံးဘဲ ထားတာကို ပိုနှစ်သက်ကြတယ်။

(3) နေရာတစ်ခုအကြောင်းကိုပြောဖို့ relative clause မှာ where ကို သုံးနိုင်တယ်။

(4) The day / the year / the time etc. ---- something happens or that something happens ပုံစံသုံးနိုင်တယ်။

(5) The reason something happens or that/why something happens ပုံစံ သုံးနိုင်တယ်။

Ref: English Grammar in Use (Raymond Murphy)
👍12❤11👎1
Relative Clauses 4

Relative clause က နှစ်မျိုးရှိတယ်။ ဒီအတိုင်း စည်းမျည်းတွေကို အရင်ပြောသွားတာထက်စာရင် နမူနာဝါကျလေးတွေကြည့်၊ နားလည်အောင် လုပ်ပြီးမှ သြော် ဒါကြောင့် ဒီလိုမှတ်ရတာပါလားလို့ သဘောပေါက်ရင် ပိုကောင်းမယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် နမူနာဝါကျတွေ နှိုင်းယှဉ် ဖတ်ကြည့်ရအောင်။

Type 1
 The woman who lives next door is a doctor.
ဘေးအိမ်မှာနေတဲ့အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။

ဒီဝါကျကို ဟောဒီ ဝါကျနဲ့ နှိုင်းယှဉ်ဖတ်ပါဦး။

Type 2
 My brother Rob, who lives in Australia, is a doctor.
သြစတေးလျမှာနေတဲ့ ငါ့ရဲ့အစ်ကို ရော့ဘ်က ဆရာဝန်တစ်ယောက်ဖြစ်တယ်။

ဒီဝါကျနှစ်ကြောင်း ဘာကွာလဲ သတိထားမိလား။ သတိမထားမိသေးဘူးဆိုလည်း ရတယ်။ ဥပမာတွေ ထပ်ကြည့်မယ်။

Type 1
 Barbara works for a company that makes furniture.
ဘာဘရာက ပရိဘောဂတွေလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။

Type 2
 Colin told me about his new job, which he’s enjoying very much.
ကောလင်းက သူအခုသိပ်သဘောကျနေတဲ့ သူ့ရဲ့အလုပ်အသစ်အကြောင်းကို ငါ့ကိုပြောပြတယ်။

Type 1
 We stayed at the hotel (that) you recommended.
မင်းထောက်ခံခဲ့တဲ့ ဟိုတယ်မှာ တို့တည်းခဲ့တယ်။

Type 2
 We stayed at the Park Hotel, which a friend of ours recommended.
တို့သူငယ်ချင်းတစ်ယောက် ထောက်ခံခဲ့တဲ့ ပါ့ခ်ဟိုတယ်မှာ ငါတို့ တည်းခဲ့တယ်။

Type 1 မှာပြောထားတဲ့ ဥပမာဝါကျတွေမှာ relative clause က ဘယ်သူ / ဘယ်အရာ (ဒါမှမဟုတ် ဘယ်လိုလူမျိုး၊ ဘယ်အရာမျိုး) ကို ပြောတဲ့သူက ရည်ညွှန်းနေလဲဆိုတာ ပြောပြပါသတဲ့။

ဝါကျတွေကို ပြန်ကြည့်ကြမယ်။

The woman who lives next door …ဆိုတဲ့ ဝါကျမှာ who lives next door ဆိုတဲ့ relative clause သာ မပါရင် ဘယ်အမျိုးသမီးကို ပြောနေတယ်ဆိုတာ နားလည်နိုင်လား။ ဘယ်နားလည်ပါ့မလဲ။ ဒါကြောင့် who lives next door ဆိုတဲ့ relative clause က ဘယ်အမျိုးသမီးဆိုတာကို ပြောပြပေးမယ်။

A company that makes furniture … ဆိုတဲ့ ဝါကျရော။ သူလည်း ဒီလိုပဲ။ that makes furniture ဆိုတဲ့ relative clause က ဘယ်ကုမ္ပဏီလည်း ဆိုတာ ပြောပြပေးတယ်။

The hotel (that) you recommended … ဆိုတဲ့ ဝါကျမှာတော့ (that) you recommended က ဘယ်ဟိုတယ်လဲ ဆိုတာ ပြောပြပေးတယ်။

ဒီဝါကျတွေကို သေသေချာချာလေ့လာကြည့်မယ်ဆိုရင် အရေးကြီးတဲ့ အချက်တစ်ချက်ကို မြင်နိုင်လိမ့်မယ်။ အင်္ဂလိပ်လိုလေး အရင် မှတ်သားပါ။

We do not use commas (,) with these clauses.
ဒီ clauses တွေနဲ့ ကော်မာ (,) မသုံးပါဘူး။

 We know a lot of people who live in London.
လန်ဒန်မှာနေတဲ့ လူတွေအများကြီးကို တို့သိတယ်။

ဒီဝါကျကို ကြည့်ပါ။ who live in London က ဘယ်လူတွေလဲဆိုတာ ပြောပြပေးတဲ့ relative clause ပေါ့။ comma မထည့်ရတာ မြင်တယ်နော်။

Type 2 မှာ ပါတဲ့ ဥပမာတွေမှာတော့ relative clauses က ဘယ်သူ၊ ဘယ်အရာကို ပြောသူက ဆိုလိုတယ်ဆိုတာ မပြောပြတော့ဘူး။ ဘယ်သူ၊ ဘယ်အရာကို ဆိုလိုတယ်ဆိုတာ သိပြီးပြီ။

Type 2 က နမူနာဝါကျတွေမှာပါတဲ့ My brother Rob, who … ဆိုရင် အစကတည်းက ငါ့အစ်ကို ရော့ဘ်လို့ ပြောပါတယ်ဆိုမှ ဘယ်သူဘယ်ဝါဆိုတာ ထပ်ပြောပြဖို့ လိုပါ့မလား။ နောက်ပြီး Colin told me about his new job, which … လို့ ပြောနေမှတော့ ကောလင်းရဲ့အလုပ်မှန်းသိနေပြီးသားပဲ။ ဘာလို့ ထပ်ပြောနေစရာ လိုမလဲ။ We stayed at the Park Hotel, which … ဆိုတဲ့ ဝါကျမှာလည်း ပါ့ခ်ဟိုတယ် ဆိုတာ သိနေပြီလေ။ relative clause က ထပ်ပြောစရာမလိုဘူး။

ဒါဆိုရင် ဒီဝါကျတွေထဲမှာပါတဲ့ relative clause တွေက ဘာလုပ်နေတာလဲ။ သူတို့က အပိုအချက်အလက်တွေကို ပေးနေတာပါ။ အဲဒီလူ၊ အရာဝတ္ထုနဲ့ ပတ်သက်တဲ့ အပိုအချက်အလက်တွေ ပေးနေတာပေါ့။

အင်္ဂလိပ်လို မှတ်သားကြမယ်။

The relative clauses in these sentences give us extra information about the person or thing.
ဒီဝါကျတွေမှာပါတဲ့ relative clauses တွေက အဲဒီလူ၊ အရာဝတ္ထုတွေနဲ့ ပတ်သက်တဲ့ အပိုအချက်အလက်တွေကို ပေးပါတယ်။

နောက်ထပ်သတိထားသင့်တဲ့ အချက်ကလေးကိုလည်း မှတ်သားရအောင်။

We use commas (,) with these clauses.
အဲဒီ clauses တွေနဲ့ ကော်မာ သုံးရပါတယ်။

ဒီဝါကျမှာ ကော်မာတွေ သုံးထားပုံကို သတိထားကြည့်ပါ။

 My brother Rob, who lives in London, is a doctor.
လန်ဒန်မှာနေတဲ့ ငါ့ရဲ့အစ်ကို ရော့ဘ်က ဆရာဝန်တစ်ယောက်ဖြစ်တယ်။

တဆင့်တက်ပြီး မှတ်သားကြမယ်။ အသစ်မမှတ်ခင် သိထားတာတွေ အရင်ပြန်နွှေးရအောင်။

 လူကို ရည်ညွှန်းဖို့ ဆိုရင် who နဲ့ that ကိုသုံးနိုင်တယ်
 အရာဝတ္ထုတွေကို ရည်ညွှန်းဖို့ which နဲ့ that ကိုသုံးနိုင်တယ်။

ဒါတွေ သိပြီးသားနော်။ ဟုတ်ပြီး ခု အသစ်ထပ်မှတ်ကြမယ်။

♥ Type 1 မှာ that သုံးနိုင်တယ်။
 Do you know anyone who/that speaks French and Italian?
ပြင်သစ်စကားရော အီတလီစကားပါပြောနိုင်တဲ့လူတစ်ယောက်ယောက်ကို ခင်ဗျားသိသလား။ (who အပြင် that လည်း သုံးလို့ ရတယ်နော်)

 Barbara works for a company which/that makes furniture.
ဘာဘရာက ပရိဘောဂတွေလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။
❤16👍13👏1
♥ Type 2 မှာ that မသုံးနိုင်ဘူး။
 John, who (not that) speaks French and Italian, works as a tourist guide.
ပြင်သစ်စကားရော အီတလီစကားပါပြောတတ်တဲ့ ဂျွန်က ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်တယ်။

 Colin told me about his new job, which (not that) he’s enjoying very much.
ကောလင်းက သူသိပ်သဘောကျနေတဲ့ အလုပ်သစ်အကြောင်း ပြောပြတယ်။

♥ Type 1 မှာ who/which/that တို့က object ဖြစ်နေတဲ့အခါမှာ ချန်ထားခဲ့လို့ရတယ်။
 We stayed at the hotel (that/which) you recommended.
မင်းထောက်ခံခဲ့တဲ့ ဟိုတယ်မှာ တို့တည်းခဲ့တယ်။

 This morning I met somebody (who/that) I hadn’t seen for ages.
ဒီမနက် ငါမတွေ့ရတာကြာတဲ့ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့တယ်။

♥ ဒီလို clause မျိုးမှာ whom ကို သုံးလေ့မရှိပါဘူး။
Type 1 အကြောင်း သိပြီးပြီဆိုရင် Type 2 နဲ့ နှိုင်းယှဉ်ကြည့်ရအောင်။

♥ Type 2 မှာ who တို့ which တို့ ချန်ထားခဲ့လို့ မရပါဘူး။
 We stayed at the Park Hotel, which a friend of ours recommended.
တို့ရဲ့ သူငယ်ချင်းတစ်ယောက် ထောက်ခံခဲ့တဲ့ ပါ့ခ်ဟိုတယ်မှာ တို့တည်းခဲ့တယ်။

 This morning I met Chris, who I hadn’t seen for ages.
ကျွန်တော်နဲ့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ခရစ္စနဲ့ ဒီမနက်တွေ့ခဲ့တယ်။

♥ လူတွေအတွက် whom ကို (object ဖြစ်နေရင်) သုံးနိုင်တယ်။
 This morning I met Chris, whom I hadn’t seen for ages.
ကျွန်တော်နဲ့ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ခရစ္စနဲ့ ဒီမနက်တွေ့ခဲ့တယ်။

♥ ဒီ relative clause နှစ်ခုစလုံးမှာ whose နဲ့ where ကို သုံးနိုင်ပါတယ်။

Type 1
 We met some people whose car had broken.
ကားပျက်သွားတဲ့ လူတွေကို တို့တွေ့ခဲ့တယ်။

 What’s the name of the place where you went on holiday?
 အားလပ်ရက်က မင်းသွားခဲ့တဲ့ နေရာရဲ့ နာမည်က ဘာလဲ။

Type 2
 Liz, whose car had broken down, was in a very bad mood.
ကားပျက်သွားတဲ့ လစ်ဇ်က စိတ်မချမ်းမသာဖြစ်နေတယ်။

 Jill has been to Sweden, where her daughter lives.
ဂျေလ်က သူ့ရဲ့သမီးနေတဲ့ ဆွီဒင်ကို ရောက်ဖူးပြီ။

ဒီမှာတော့ type 1 / type 2 စသည်ဖြင့် အလွယ်မှတ်နိုင်အောင် ပြောတာပေါ့လေ။ type 1 ကို defining clause / restricted clause စသည်ဖြင့် ခေါ်နိုင်သလို type 2 ကို non-defining clause / unrestricted clause စသည်ဖြင့်လည်း ခေါ်နိုင်တယ်။

ဒါပြီးရင်တော့ relative clause နဲ့ ပတ်သက်ပြီး နောက်ဆုံး သင်ခန်းစာ တစ်ခုပဲ ကျန်ပါတော့တယ်။ Relative Clause (5) မှာ တခြားသုံးစွဲပုံလေးတွေ ပြောပြီး လတ်စသတ်ပါမယ်။ Relative clause (5) ပြီးတဲ့အခါ ရေးပြီးခဲ့တဲ့ (1) ကနေ (5) အားလုံးကို စုပြီး ပြန်တင်ပေးပါမယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဆရာစည်သူထက်

Ref: English Grammar in Use (Raymond Murphy)
❤39👍6