EETS - Essential English for Teachers and Students
30.6K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Media is too big
VIEW IN TELEGRAM
IPA (Part 3)

International Phonetic Alphabet (IPA) ကို အသုံးပြုပြီး အင်္ဂလိပ်စကားလုံးတွေ အသံထွက်ပုံလေးတွေကို အပိုင်းလိုက် သင်ပြပေးသွားပါမယ်။

ဒီတစ်ခါ Dipthongs တွေကို ကြည့်ရအောင်။
79👍25🥰2
Media is too big
VIEW IN TELEGRAM
IPA (Part 4)

International Phonetic Alphabet (IPA) ကို အသုံးပြုပြီး အင်္ဂလိပ်စကားလုံးတွေ အသံထွက်ပုံလေးတွေကို အပိုင်းလိုက် သင်ပြပေးသွားပါမယ်။

ဒီတစ်ခါကတော့ သင်္ကေတတွေပေါင်းစပ်ပြီး အသံထွက်ပုံ၊ အသံထွက်အတွက် အသုံးဝင်တဲ့ APKs နဲ့ Website တွေအကြောင်း ရှင်းပြထားပါတယ်။

Youtube တွင် ကြည့်ရှုရန်
https://youtu.be/8k7JwwYARz8?si=IL2q7t2du8ldpIWz
61👍13🥰3
သင်ရိုးသစ် (အင်္ဂလိပ်စာ) သင်ခန်းစာတွေကို သင်ပြရတဲ့ ဆရာ/မတွေ၊ လေ့လာရမယ့် ကျောင်းသား/သူတွေ၊ ကိုယ့်ရဲ့ ရင်သွေးတွေကို အတော်ဆုံးဖြစ်စေချင်တဲ့မိဘတွေက ထိထိရောက်ရောက် ရှိတာ လိုလားကြတယ်။ အကြောင်းအရာအသစ်တွေကို လေ့လာတဲ့အခါ ဟိုစာအုပ်နဲ့ နားလည်နိုး၊ ဒီသင်ခန်းစာ အဆင်ပြေနိုးနဲ့ တကယ်နားမလည်ဘဲ ယောင်လည်လည်နဲ့ အချိန်ကုန်တာမျိုး မဖြစ်ချင်ကြဘူး။

အင်္ဂလိပ်စာကလည်း အဘိဓာန်လေး ကြည့်တတ်ရုံ၊ မှန်းဆကြည့်ရုံနဲ့ အဆင်မပြေတော့လည်း အခက်သား။ အနီးကပ် ရှင်းပြလိုက်မှ ရှင်းခနဲ လင်းခနဲ ဖြစ်သွားပြီး အချိန်ကုန်၊ လူပန်းသက်သာပြီး အကောင်းဆုံး ရလာဒ်တွေ ရသွားတာမျိုး ရှိပါတယ်။

ဒီအတွက် စိတ်ပူစရာတော့ မရှိပါဘူး။ သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို အဆင်အပြေဆုံး နှုန်းထားနဲ့ Telegram group ထဲမှာ လေ့လာနိုင်တဲ့ သင်တန်းတွေ ရှိပါတယ်။ ဆရာတစ်ယောက် အနားမှာထိုင်ပြီး ရှင်းပြနေသလို သင်ကြားထားတာပါ။

သင်တန်းကြေး ပေးသွင်းပြီး တက်ရောက်နိုင်တဲ့ Group ငါးခု ရှိပါတယ်။
🔸Grade 8 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 9 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 10 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸Grade 11 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 12 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group

Group တစ်ခုအတွက် သင်တန်းကြေးက (20,000) နှစ်သောင်းကျပ် သာ ဖြစ်ပါတယ်။

Group member ဝင်ချင်တယ်ဆိုရင် ဒီ Link ကို နှိပ်ပြီး EETS channel ရဲ့ chat box မှာ တက်ချင်တဲ့ အတန်းကို ပြောပေးပါ။
https://t.me/EssentialEnglishService

ဒီ Link ကို နှိပ်ပြီး messenger မှာ ပြောလို့လည်း ရပါတယ်။
m.me/EssentialEnglishForTeachersAndStudents

💟 သင်ခန်းစာတွေကို Telegram Group ထဲမှာ Video တွေနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Video တွေနဲ့ လေ့လာရတာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်၊ ကိုယ်လေ့လာချင်တဲ့ အချိန်မှာ လေ့လာနိုင်ပါတယ်။
💟 Unit အားလုံးရဲ့ သင်ခန်းစာတွေကို ပြည့်ပြည့်စုံစုံ သင်ပြထားပါတယ်။ အစဉ်လိုက် ကြည့်ရှုသွားလို့ ရပါတယ်။
💟 Grade 8, Grade 9, Grade 10, Grade 12 ရဲ့ Listening အတွက် Audio files တွေကိုလည်း ရယူနိုင်ပါတယ်။
💟 အချိန်အကန့်အသတ်မရှိဘဲ Telegram account ရှိနေသရွေ့ ရာသက်ပန် လေ့လာနိုင်ပါတယ်။

ဒီလိုမျိုး ကိုယ့်အတွက် တစ်နှစ်ပတ်လုံး၊ တစ်သက်တာလုံး အကျိုးရှိပြီး အသုံးချလို့ရတဲ့ သင်ခန်းစာတွေအတွက် သင်တန်းကြေးက အတန်းတစ်ခုအတွက်  (20,000) နှစ်သောင်းကျပ် သာ ဖြစ်ပါတယ်။

♦️ Grade 8 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaxiBmmts4EPIwUJHRn8QDl

♦️ Grade 9 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzYxWp9gKl1_y7h9mSkpoGMJ

♦️ Grade 10 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaG6uBGwblT2CpwqDdZVgnM

♦️ Grade 11 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZA1CHjhkwytrGgFtSOfCKb

♦️ Grade 12 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzbmDIlGtpCE-AH_n5JiXbf3

❣️ Grade 5 သင်ခန်းစာတွေက သင်ပြလက်စဖြစ်ပါတယ်။ ဒီ Link ကို နှိပ်ပြီး အခမဲ့ ကြည့်ရှုနိုင်ပါတယ်။
https://youtube.com/playlist?list=PLLutYsv1-Kzbgeeg9STUXVHGGgDfyIhEo

❣️ Grade 6 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZ3FqXCZ5T6t8vd50RzeGYR

❣️ Grade 7 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZJdfe09r0dDMh1TKgfzP1M

Video သင်ခန်းစာတွေကို Channel ထဲ ဝင်ရောက်ပြီးလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။
👍9081👏9🥰4
"Speaking ကို ဘယ်လို သင်ပေးနိုင်မလဲ"

ကျောင်းသင်ခန်းစာတွေမှာ အတန်းတိုင်းအတွက် Speaking ကိုလည်း အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။ တချို့ ဆရာ/မတွေက Listening and speaking ကို ကျောင်းသားတွေရဲ့ အကျိုးရှိအောင် သင်ပေးချင်ကြတယ်။ ဘယ်လိုသင်ပေးရင် ကောင်းမလဲလို့ အကြံဉာဏ် တောင်းကြတယ်။

Listening အတွက်ကတော့ အကြံပြုပေးထားပြီးသား ရှိပါတယ်။

Speaking အတွက်ကတော့ အမှန်ပြောရရင် အလယ်တန်းအတွက် သင်ခန်းစာတွေက Textbook ထဲကအတိုင်း သင်ပြပေးလို့ အဆင်ပြေပါတယ်။ လိုက်လျောညီထွေရှိတယ်။ အထက်တန်းမှာကျတော့ Reading passage တွေ၊ Vocabulary, Grammar တွေ အလေးပေးလို့လား မသိ၊ Listening and speaking က တသီးတသန့်ကြီး ပါသလို ဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် သင်ပေးချင်ရင်တော့ နည်းလမ်းရှာဖွေကြည့်ရတာပေါ့။

Grade 12, Unit 7 က Speaking သင်ခန်းစာတစ်ခုကိုပဲ နမူနာအနေနဲ့ ဆွေးနွေးပြပါမယ်။ e-waste အကြောင်း ပြောတဲ့ conversation တစ်ခုပေါ့။

ဒါသင်ပြဖို့အတွက် materials တွေ အရင် စုထားလိုက်မယ်။ စာသင်ခန်းမှာ ဘာတွေ သုံးလို့ ရနိုင်မလဲ။

(1) Whiteboard or projector
projector ရှိရင်တော့ အကောင်းဆုံးပေါ့။ ပြင်ဆင်စရာ ရှိတာတွေ ဆွဲဆောင်မှုရှိရှိနဲ့ ပြင်ပေးနိုင်တယ်။ ပုံတွေ ပြလို့ရတယ်။ Power Point နဲ့ လုပ်ပေးလို့ရတယ်။ ဒီမှာကတော့ projector မရှိတဲ့အနေအထားကို ဦးစားပေးစဉ်းစားပြမှာမို့ Whiteboard ပဲ သုံးလိုက်ပါမယ်။

(2) ရောင်စုံ marker pens တွေ
အနီ၊ အပြာ၊ အစိမ်း စသည်ဖြင့် အရောင်ရှိရင် ကောင်းတာပေါ့။ မရှိရင်လည်း သုံးနေကျ အပြာရောင်။

(3) စာရွက်တွေ၊ ကတ်ပြားတွေ။
ဒါတွေလည်း အကုန်အကျများတတ်လို့ မသုံးဘဲ ထားလိုက်ပါဦး။ သုံးနိုင်ရင်တော့ ကောင်းတာပေါ့။

ကုန်ကျစရိတ် မရှိသလောက်ဖြစ်အောင် စဉ်းစားလိုက်တာဆိုတော့ Whiteboard နဲ့ Marker pen လောက်ပဲ လိုတော့မယ်။

ပထမဆုံးက Warm-up အတွက် မေးခွန်း လွယ်လွယ်တွေကို အတန်းလိုက် မေးကြည့်ပါ။

ဥပမာ -
💟 What is e-waste?
💟 Can you give me some examples of e-waste?
💟 Why is e-waste bad for the environment?

Unit 7 က Pollution အကြောင်းမို့ သူတို့သိပြီးသားတွေပါ။ ဖြေနိုင်ပါလိမ့်မယ်။ မဖြေနိုင်ရင်လည်း ကူဖြေပေးပါ။ ဖြေထားတာတွေကို board ပေါ် ချရေးပေးပါ။

သူတို့ပြောတာအပြင် ကိုယ်ဖြည့်စွက်ပြောပြတာနဲ့ဆို အသုံးဝင်တဲ့ စကားလုံးတွေ၊ နာမည်တွေ ရပါလိမ့်မယ်။ ဒီလို warm-up လုပ်ဖို့ အချိန် ငါးမိနစ်ကနေ ဆယ်မိနစ်ယူလို့ ရပါတယ်။

Introduction အနေနဲ့ လေ့ကျင့်ခန်းမှာပါတဲ့ စာလုံးတွေကို နားထောင်ပြီးပဲဖြစ်ဖြစ် မှန်းဆပြီးပဲ ဖြစ်ဖြစ် နမူနာ conversation မှာ ဖြည့်ခိုင်းပါ။ အချိန်အကြာကြီးမယူခိုင်းဘဲ လိုအပ်ရင် ကူဖြေပေးလိုက်ပါ။ ဒါမှ စကားပြောလေ့ကျင့်ဖို့ အချိန်ရပါမယ်။ ဒီ conversation က Kaung Htet နဲ့ Khant Hpone ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် e-waste အကြောင်း၊ e-waste က ပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း၊ e-waste ကို ဘယ်လို စီမံရမယ်ဆိုတာ ပြောနေတာ ဖြစ်ကြောင်း အင်္ဂလိပ်စကားလွယ်လွယ်နဲ့ အတိုချုပ်ပြောပြပါ။

ကျောင်းသားတွေကို နှစ်ယောက်တွဲခိုင်းပါ။ နှစ်ယောက်တွဲခိုင်းတာကို ပျော်စရာဖြစ်အောင် စနေ နာမည်ရှိတဲ့ တင်ထွန်းနဲ့ ထူးထူး နှစ်ယောက်တွဲ၊ တနင်္ဂနွေ နာမည်ရှိတဲ့ အိအိနဲ့ အေးအေး နှစ်ယောက်တွဲ စသည်ဖြင့် ခိုင်းလို့ရပါတယ်။ ရုတ်ရုတ်ဖြစ်မှာစိုးရင် ဘေးချင်းကပ်လျက် နှစ်ယောက် တွဲခိုင်းလည်း ရပါတယ်။

အဲဒီကျောင်းသားတွေထဲက ရဲရဲဝံ့ဝံ့ရှိတဲ့ နှစ်ယောက်ကို အတန်းရှေ့ခေါ်ပြီး နမူနာ ပြောခိုင်းပါ။ အသံထွက်လိုအပ်တာရှိရင် ပြင်ပေးပါ။

တွဲပေးထားတဲ့ ကျောင်းသားတွေကို Textbook ထဲမှာပါတဲ့ Conversation ပြောခိုင်းပါ။ အလွတ်တော့ ပြောနိုင်မှာ မဟုတ်သေးဘူး။ ကြည့်ပြောခိုင်းပါ။

ပြောပြီးတဲ့အခါ အဲဒီ conversation ထဲက အသုံးတည့်မယ့် ဝါကျတွေကို နမူနာထုတ်နှုတ်ပြီး မှတ်ခိုင်းပါ။ အချက်အလက်တွေကို board မှာ ရေးပြပါ။

plastic bags နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေ၊ plastic bags တွေကို ဘယ်လို လုပ်နိုင်မလဲဆိုတာ အတူတူ ဝိုင်းစဉ်းစားပေးပါ။ အင်္ဂလိပ်လို စာလုံးတွေ၊ ဝါကျတွေကို board မှာ ရေးပြပေးပါ။ ဥပမာ plastic bags တွေကို reduce (လျှော့သုံး)၊ reuse (ပြန်သုံး)၊ recycle (ပြန်ထွင်သုံးနိုင်ကြောင်း စာလုံးလေးတွေ ရေးချပြီး စဉ်းစားပြပါ။

အရင်လေ့ကျင့်ခဲ့တဲ့ conversation အရှည်ကြီးကို ချုံ့ပေးပြီး plastic bags နဲ့ ပတ်သက်တာတွေ အစားထိုးပြီး conversation ခပ်တိုတို အပြောလေ့ကျင့်ခိုင်းပါ။ တတ်နိုင်သမျှ စာမကြည့်ဘဲ ပြောပါစေ။

အတန်းကို လှည့်လည်ကြည့်ပြီး အားနည်းသူတွေကို ကူပေးပါ။ မသိတာရှိရင် ဖြေပေးပါ။

ဒါဆိုရင် Conversation တစ်ခုကို ဘယ်လို သင်နိုင်သလဲဆိုတာ စိတ်ကူးရလောက်ပါပြီ။ တစ်ခုရှိတာက စာသင်တယ်ဆိုတာ အနုပညာပါ။ ပုံသေနည်းမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်စိတ်ကူးရှိရင် ရှိသလို ချဲ့ထွင်၊ ပြောင်းလဲပြီး သုံးလို့ ရပါတယ်။
👍63🥰1811😁1
ဒီမှာ ပြောပြထားတာတွေက စာသင်ခန်းထဲ လူများပြီး material ကောင်းကောင်းမသုံးနိုင်တဲ့ စာသင်ခန်းကို စဉ်းစားပြပေးထားတာပါ။ projector, Handouts စတာတွေ ပြည့်ပြည့်စုံစုံ သုံးနိုင်ရင် ပိုကောင်းအောင် စီစဉ်လို့ ရပါသေးတယ်။

အမြဲတမ်းမသင်ပေးနိုင်ရင်တောင် အချိန်တစ်ခုပေးပြီး speaking သင်ပေးကြည့်ပါဦး။
49👍10
"အထက်တန်းအဆင့် Essay တစ်ပုဒ် ဘယ်လို လေ့ကျင့်ရေးရမလဲ"

အထက်တန်းအဆင့်မှာ Essay ရေးသား ဖြေဆိုရတဲ့ မေးခွန်းတစ်ခု ပါပါတယ်။ ပြဋ္ဌာန်းစာအုပ်မှာတော့ Summary writing, Blog post, Argumentative Writing စသည်ဖြင့် အရေးအသားမျိုးစုံ ထည့်သွင်းထားပေမဲ့ မေးတဲ့အခါမှာတော့ ခေါင်းစဉ်ပေးပြီး ရေးပေးရတဲ့ အရေးအသားကိုပဲ မေးလေ့ရှိပါတယ်။

ခေါင်းစဉ်တွေ့တာနဲ့ လက်တန်းချောချောမွေ့မွေ့ ရေးနိုင်ဖို့ဆိုတာ အလေ့အကျင့်အများကြီး လိုပါတယ်။ အင်္ဂလိပ်စာအခြေခံရှိပြီး မှန်မှန်ကန်ကန် လေ့ကျင့်ထားမယ်ဆိုရင် တော့ ဒီလောက်ခက်ခဲလှတယ် မဟုတ်ပါဘူး။

လေ့ကျင့်တယ်ဆိုတာ Essay တွေကို အလွတ်ကျက်တာကို ပြောတာ မဟုတ်ပါဘူး။ Essay တွေ ဖတ်မှတ်ဖို့ လိုအပ်တာတော့ အသေအချာပေါ့။ ဒါပေမဲ့ idea တွေ ဘယ်လိုစုစည်းရမယ်၊ အချိတ်အဆက်မိအောင် ဘယ်လိုရေးရမယ်၊ စ,လယ်,ဆုံး ညီညွတ်အောင် ဘယ်လိုစီစဉ်ရမယ်ဆိုတာ မသိဘဲ ဇွတ်ကျက်ထားတာ တစ်ခုက တကယ့်တကယ်မှာ အသုံးမတည့်ပါဘူး။ ဘာလို့လဲဆိုတော့ စာရေးသားတယ်ဆိုတာ ခေါင်းစဉ်ပေါ်မူတည်ပြီး ​ကြောင်းကျိုးဆီလျော်အောင်ရေးတာဆိုတော့ ထပ်တူမကျတဲ့ အကြောင်းအရာတွေကို အတုံးလိုက် အတစ်လိုက် ကူးချလို့ မရဘူးလေ။

Essay ရေးသားတဲ့အခါ စာလုံးတွေ သိတယ်၊ ဝါကျတွေ တစ်ကြောင်းချင်းရေးတတ်တယ်။ ဒါပေမဲ့ တစ်ပုဒ်လုံး ရေးတတ်ဖို့ကျတော့ idea မရှိတာ ဖြစ်တတ်တယ်။

idea ရဖို့ကတော့ အမှန်အတိုင်းပြောရရင် စာဖတ်ထားဖို့၊ အကြောင်းအရာတွေ ကြားဖူးနားဝ ရှိဖို့ လိုပါတယ်။ ဥပမာ ... Famous Festivals in Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးရမယ်ဆိုပါစို့။ ထင်ရှားတဲ့ပွဲတော်တွေက ဘာတွေလဲ၊ ဘယ်လမှာ ကျင်းပသလဲ၊ ဘယ်လို ကျင်းပသလဲဆိုတာ မသိရင် အင်္ဂလိပ်လို ဘယ်လောက် ရေးတတ်ပါစေ ဒီခေါင်းစဉ်နဲ့ Essay မရေးတတ်ဘူးလေ။ ဒီတော့ အကြောင်းအရာစုံကို သိထားဖို့၊ လိုအပ်ရင် မှတ်စုလေးတွေ ထုတ်ထားဖို့ လိုပါတယ်။ ဒါမှမဟုတ် ဆရာ/မတွေက အသုံးဝင်တဲ့ မှတ်စုလေးတွေ အဆင်သင့် ပြင်ပေးထားရင်လည်း အကျိုးရှိပါတယ်။ ဒီတော့ အသုံးတည့်မယ့် အကြောင်းအရာတွေကို မြန်မာလို/ အင်္ဂလိပ်လို ဖတ်ထားတာလေး မှတ်စုဆောင်ထားပါ။

Essay ရေးသားတဲ့အခါ အကြောင်းအရာ အချက်အလက်တစ်ခုပြီးရင် စာပိုဒ်တစ်ခု ခွဲရပါတယ်။ ဒါပေမဲ့ ကျောင်းသင်ခန်းစာ Essay တွေမှာ Introduction, Body, Conclusion ဆိုပြီး သုံးပိုဒ်ပဲ ရေးကြတော့ အဲဒီထုံးစံ မဖောက်ဘဲ ရေးလို့ရပါတယ်။

Introduction ဆိုတာ နာမည်နဲ့အညီ မိတ်ဆက်တာပဲ လုပ်ရမှာနော်။ Introduction မှာတင် အချက်အလက် အပြည့်အစုံရေးတာ မလုပ်ဘဲ ခြုံငုံတင်ပြပြီး လိုအပ်တာလေးတွေ ပါးပါးနပ်နပ် မိတ်ဆက်ပေးရပါတယ်။

Body (စာကိုယ်) မှာတော့ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ရေးရမယ်။ များသောအားဖြင့် ဘာရေးရမှန်းမသိတာက အချက်အလက်တွေ မစဉ်းစားနိုင်လို့ ဖြစ်ရတာပါ။ ဒီတော့ ...

အရေးအကြီးဆုံး အချက်အလက်တွေကို စဉ်းစားပါ။ သုံးချက်၊ သို့မဟုတ် လေးချက်လောက်တော့ အနည်းဆုံး ရနိုင်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး ဆင့်ပွား ဝါကျတွေ ရေးရပါတယ်။ ရေးတဲ့အခါ ဆင်တူတဲ့ စိတ်ကူးတွေ တွဲပြပါ။ ဥပမာတွေ ပေးပါ။ မတူတဲ့ ရှုထောင့်ကို နှိုင်းယှဉ်ပြပါ။ ဒီလိုရေးတဲ့အခါမှာ Idea အကူးအပြောင်းတွေကို ချောချောမွေ့မွေ့ရှိအောင်လို့ သုံးနှုန်းရတဲ့ စကားလုံးတွေ ဥပမာ Moreover, Therefore, On the other hand စတာတွေ သုံးပါ။

Conclusion (နိဂုံး) ကတော့ ပြောခဲ့တဲ့ အချက်အလက်တွေကို ပြန်ချုပ်ပြီး ပြောနိုင်တယ်။ ဒီမှာ အချက်အလက်အသစ်တွေ ထပ်မထည့်ရတော့ဘူး။ ကိုယ့်ရဲ့ ထင်မြင်ချက်ကို ပြောပြီး အဆုံးသတ်ပါ။ ဒါမှမဟုတ် တစ်ခုခု လုပ်ဆောင်ဖို့ တိုက်တွန်းစကားနဲ့ အဆုံးသတ်ပါ။

ခုပြောခဲ့တဲ့ နမူနာအတိုင်း Essay လေးတွေ လေ့ကျင့်ရေးထားတာ အပုဒ်ရေများရင် အကျင့်ရလာပြီး တကယ်ရေးသားဖြေဆိုဖို့ ကြုံလာတဲ့အခါမှာ အဆင့်မြင့်မြင့် ရေးနိုင်ပြီပေါ့။ ခုပြောခဲ့တဲ့ ပုံစံထက် နမူနာ Essay တွေများများနဲ့ ရေးနည်းပြောပြရင်တော့ နားလည်ရပိုလွယ်တယ်။ ဒါပေမဲ့ စာရှည်လွန်းသွားမှာစိုးလို့ လိုရင်းလေးပဲ ပြောခဲ့တာပါ။ အသေးစိတ် ထပ်တင်ပြပေးမှာမို့ စောင့်မျှော်ပေးပါဦး။

Saya Sithu Htet
114👍36
"အထက်တန်းအဆင့် Essay တစ်ပုဒ် ဘယ်လိုရေးရမလဲ" ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အသံနဲ့လည်း တင်ပြထားပါတယ်။ ဒီ Link ကို နှိပ်ပြီး ကြည့်လို့ ရပါတယ်။

https://youtu.be/TFBHCPpLJHk
121👍20😁1
ကျောင်းသင်ခန်းစာမှာပါတဲ့ Speaking ကို ဘယ်လို သင်ပေးနိုင်မလဲဆိုတဲ့ ပတ်သက်ပြီး အသံနဲ့လည်း တင်ပြထားပါတယ်။ ဒီ Link ကို နှိပ်ပြီး ကြည့်လို့ ရပါတယ်။ https://youtu.be/Xdh2Wy2cOTA
80👍22🔥1
ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ ခုနောက်ပိုင်းမှာ STEM Education ဆိုတာကို နိုင်ငံတကာမှာ အာရုံစိုက်လာပါတယ်။

STEM ဆိုတာက
S - Science (သိပ်ပံပညာ)
T - Technology (နည်းပညာ)
E - Engineering (အင်ဂျင်နီယာပညာ)
M - Mathematics (သင်္ချာ) ဖြစ်ပါတယ်။

ဒါတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ ဖွံ့ဖြိုးမှု အရှိန်ကောင်းကောင်းရဖို့ စီမံကိန်းချကြိုးစားနေတဲ့ နိုင်ငံတွေမှာ အာရုံစိုက်နေတဲ့ ပညာရပ်တွေ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံက ဘယ်လိုအခြေအနေမှာရှိပါစေ ကမ္ဘာကတော့ သူ့အရှိန်နဲ့သူ ဆက်သွားနေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ပြောင်းလဲမှုအရှိန်ကို နိုင်ငံတိုင်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကို မိဘ၊ ဆရာသမားတွေက ဂရုစိုက်မိရင် ကလေးတွေရဲ့ အနာဂတ်လမ်းခရီး ဖြောင့်ဖြူးအောင် ကြိုပြီး လမ်းကြောင်းချပေးနိုင်မှာပါ။

မိဘတွေအနေနဲ့ ကမ္ဘာမှာ ဘာတွေလုပ်နေလဲသိရင် ကိုယ့်ရဲ့သားသမီးတွေကို သိပ်အလှမ်းမကွာအောင် ပြင်ဆင်ပေးလို့ ရပါတယ်။ အခုလို အခြေအနေမှာ မိဘတွေရဲ့ အမြော်အမြင်ဟာ သားသမီးတွေအတွက် အင်မတန် အရေးကြီးပါတယ်။ နိုင်ငံတစ်ဝန်းလုံးက ကလေးတွေရဲ့ ပညာရေးအဆင့်အတန်းက မူဝါဒချမှတ် အကောင်အထည်ဖော်နိုင်သူတွေနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးရဲ့ ပညာရေးကိုတော့ ကိုယ်လည်း အတိုင်းအတာ တစ်ခုအထိ လုပ်ပေးလို့ ရပါတယ်။

သားသမီးတွေအတွက် ဘာလုပ်ပေးရမယ်ဆိုတာ သိရင် ဘယ်သူတွေက လုပ်ပေးနိုင်တယ်ဆိုတာကို ရှာရပါမယ်။ ခေတ်အလျောက် ကောင်းကွက်တစ်ခုက အင်တာနက် နေရာအတော်များများမှာ ရနေတာပါပဲ။ အင်တာနက်ကို ကောင်းကောင်း အသုံးချနိုင်ရင် Khan Academy တို့လို Website တွေကနေ လိုအပ်တဲ့ ပညာတွေ ထိုင်ရာ မထ ဖြည့်ဆည်းထားလို့ ရပါတယ်။ Covid 19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ ကျောင်းတွေ အပြည့်အဝ မဖွင့်နိုင်သေးတဲ့အချိန်တုန်းက သူတို့လည်း Online Learning နဲ့ သွားနေရတာဖြစ်တဲ့အတွက် အားလုံးအခွင့်အရေး သိပ်မကွာဘဲ ရတဲ့သဘောပါပဲ။ အသုံးချဖို့တော့ လိုပါတယ်။ အင်တာနက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ မိဘတွေဘက်က စီစဉ်ပေးရပါမယ်။ ကလေးစိတ်ပျော်အောင် ဇာတ်ကားတွေ၊ ကာတွန်းတွေ ပြနေတာရပေမဲ့ ဒီလိုလုပ်နေစဉ်မှာ နည်းပညာ၊ သိပ္ပံပညာအခြေခံတွေ ရစေနိုင်မယ့် သင်ခန်းစာတွေလည်း လေ့လာစေမယ်ဆိုရင် အကျိုးရှိမှာပါ။ တစ်ခုတော့ ရှိပါတယ်။ ဒါတွေကို လေ့လာနိုင်ဖို့ဆို အင်္ဂလိပ်စာ စွမ်းရည်လည်း အတိုင်းအတာတစ်ခုအထိ ရှိရမှာပေါ့။ ဒါကိုဖြည့်ဆည်းပေးဖို့ကလည်း မိဘဝတ္တရားထဲ ရှိတယ်ပဲ ပြောရမယ့်သဘောပါ။

ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ပညာရေးကို မျက်ခြေမပြတ်သင့်ပါဘူး။ ကျောင်းအခြေပြုပဲဖြစ်ဖြစ်၊ နေအိမ်အခြေပြုပဲဖြစ်ဖြစ် ပညာရှာတာကတော့ ရှိနေရပါမယ်။ ဘယ်မှာ ဘယ်လိုရှာမယ်ဆိုတာကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။

အင်တာနက်မရ၊ လုံခြုံမှုမရှိတဲ့ နေရာက ကလေးတွေအတွက်ကတော့ ဒီလောက်အထိ လုပ်ပေးလို့ မရတာ စိတ်မကောင်းစရာပါ။ သူတို့အတွက်ကတော့ တစ်မျိုးတစ်ဖုံ စဉ်းစားစီစဉ်ပေးရမယ့် အနေအထားပါပဲ။ ရတဲ့အခြေအနေမှာ ကြိုးစားလုပ်ကိုင်ပေးနေတာလေးတွေ တချို့ကို တွေ့မိတော့ စိတ်မကောင်းရင်းက ပညာရေးအတွက် ကြိုးစားပေးကြတယ်ဆိုပြီး အားတက်စရာ ရပါတယ်။

တစ်နိုင်ငံလုံးမှာ တိုးတက်ဖို့ အခြေအနေကောင်းတွေရှိရင် တော့ မိဘတွေလည်း သိပ်အများကြီး စဉ်းစားစရာ မလိုတော့ဘူးပေါ့လေ။ သူ့ဘာသာ အလိုက်သင့် အဆင်ပြေသွားပါလိမ့်မယ်။
70👍38😁1
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို့ လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးသွားဖို့ စီစဉ်ထားပါတယ်။

ပထမဆုံး လေ့ကျင့်ခန်းအနေနဲ့ အစအက္ခရာတွေပေးထားပြီး ကွက်လပ်ဖြည့်ပေးရတဲ့ မေးခွန်းအတွက် Unit 1 က Good Manners နဲ့ ဆိုင်တာလေး စီစဉ်ပေးထားပါတယ်။

ဖြေကြည့်ပါ။ အဖြေတိုက်ကြည့်ပါ။

နောက် video နဲ့ ရှင်းလင်းချက်တွေလည်း တင်ပေးပါမယ်။ ကိုယ့်ဘာသာ အရင်ဖြေကြည့်ပါ။

နောက်ထပ် သင်ခန်းစာတွေ ပုံမှန်ဆက်တင်မှာမို့ လက်မလွတ်ဘဲ စောင့်မျှော်ပေးပါဦး။
198👍43❤‍🔥17
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးသွားဖို စီစဉ်ထားပါတယ်။

ဒီတစ်ခါ Unit 2 Key to Happiness က အစစာလုံးပေးထားပြီး ကွက်လပ်ဖြည့်ပေးရတဲ့ မေးခွန်းတွေ ဖန်တီးပေးထားပါတယ်။

ဖြေကြည့်ပါ။ အဖြေတိုက်ကြည့်ပါ။

နောက် video နဲ့ ရှင်းလင်းချက်တွေလည်း တင်ပေးပါမယ်။ ကိုယ့်ဘာသာ အရင်ဖြေကြည့်ပါ။

နောက်ထပ် သင်ခန်းစာတွေ ပုံမှန်ဆက်တင်မှာမို လက်မလွတ်ဘဲ စောင့်မျှော်ပေးပါဦး။
162👍331
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးသွားဖို စီစဉ်ထားပါတယ်။

ဒီတစ်ခါ Unit 3 Diet and Nutrition က အစစာလုံးပေးထားပြီး ကွက်လပ်ဖြည့်ပေးရတဲ့ မေးခွန်းတွေ ဖန်တီးပေးထားပါတယ်။

ဖြေကြည့်ပါ။ အဖြေတိုက်ကြည့်ပါ။

နောက် video နဲ့ ရှင်းလင်းချက်တွေလည်း တင်ပေးပါမယ်။ ကိုယ့်ဘာသာ အရင်ဖြေကြည့်ပါ။

နောက်ထပ် သင်ခန်းစာတွေ ပုံမှန်ဆက်တင်မှာမို လက်မလွတ်ဘဲ စောင့်မျှော်ပေးပါဦး။
130👍20🥰4
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးနေပါတယ်။

ဒီတစ်ခါ Unit 4 Emotional Well-being နဲ့ ပတ်သက်တာတွေ ပေးထားပါတယ်။
120👍12
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးနေပါတယ်။

ဒီတစ်ခါ Unit 5 Colours နဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ လေ့လာပါဦး။
109👍12