EETS - Essential English for Teachers and Students
30.6K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Grade 9 English (သင်ရိုးသစ်) ရဲ့ Unit 11 က မင်းတုန်းမင်းအကြောင်းမှာ မင်းတုန်းမင်းက သဿမေဓ အခွန်ကောက်ခံတဲ့အကြောင်း ပါပါတယ်။

သဿမေဓအခွန်တော်ဆိုတာ ဘာလဲ၊ ဘယ်လို ကောက်ခံတာလဲဆိုတာ ကျောင်းသား/သူတွေ ဗဟုသုတရဖို့၊ သင်ပြပေးသူတွေအဖို့ ဖြည့်စွက်ပြောပြစရာရှိဖို့ မြန်မာဝီကီကနေ တဆင့်ဖော်ပြပေးလိုက်ပါတယ်။
👍6741
Media is too big
VIEW IN TELEGRAM
Grade 9 English (သင်ရိုးသစ်)
Unit 3, Lesson 3
What have you done this week?

ဒီသင်ခန်းစာမှာ
💟 present perfect ရဲ့ ပုံစံ
💟 present perfect ကို သုံးစွဲပုံ
💟 present perfect သုံးပြီး ဝါကျတွေရေးပုံအပြင်
💟 လေ့ကျင့်ခန်းတွေ စဉ်းစားပုံ၊ ဖြေဆိုပုံတွေ အသေးစိတ် သင်ပြထားပါတယ်။ လေ့လာကြည့်ပါဦး။

Youtube တွင် ကြည့်ရန်
https://youtu.be/Kt2bz38JqeI
47👍23🤔2🥰1
Media is too big
VIEW IN TELEGRAM
Grade 9 English (သင်ရိုးသစ်)
Unit 3, Lesson 4
Have you booked a holiday this year?

ဒီသင်ခန်းစာမှာ
💟 formal letter တစ်စောင်ရဲ့ အင်္ဂါရပ်တွေက ဘာတွေလဲ
💟 ဘာတွေသိဖို့လိုမလဲ
💟 ဘယ်လိုရေးသားမလဲ
စတာတွေ အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။
54👍22🥰4
Northern Lights (aurora borealis) ကို မြန်မာလို ဥတ္တရအလင်းလို့ သုံးနှုန်းကြပါတယ်။ ပါဠိစကားလုံးနဲ့ ရောစပ်သုံးတာပေါ့။ ဒီအလင်းတန်းတွေ ကိုယ်တိုင်ကိုယ်ကျတွေ့ရဖို့ကတော့ ကျွန်တော်တို့အဖို့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ ပုံတွေ၊ video တွေကနေ ကြည့်လို့တော့ ရပါတယ်။

Northern Lights နာမည်ကြီးလို့ မြောက်ဘက်မှာချည်းပဲ ရှိတာတော့ မဟုတ်ဘူးတဲ့။ Southern Lights ဆိုတာလည်း ရှိသေးသတဲ့။ ဒါကိုတော့ မြန်မာလို ဒက္ခိဏအလင်း လို့ ခေါ်တယ်။

ဆရာကြီးဦးဝင်းတင် (ဝင်းတင်) ဘာသာပြန်တဲ့ "ဥတ္တရအလင်း" ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အင်္ဂလိပ်လိုနာမည်က Northern Lights ပါပဲ။

Northern Lights တွေကို ၂၄ နာရီပတ်လုံး မြင်နေရတာတော့ မဟုတ်ဘူးတဲ့။ solar wind activity ပေါ် မူတည်သေးတယ်လို့ ဆိုတယ်။ ဒီနေရာမှာ wind ဆိုတာ လေမဟုတ်ပြန်ဘူး။ အင်္ဂလိပ်စကားက တော်တော်တော့ စိတ်ညစ်စရာ ကောင်းတယ်။ solar wind ဆိုတာ နေရောင်ခြည်ဝန်း (corona) လို့ ခေါ်တဲ့ နေရာက ထုတ်လွှတ်လိုက်တဲ့ အိုင်းယွန်းဓာတ်ဆောင်တဲ့ အမှုန်တွေ ထုတ်လွှတ်မှုကို ပြောတာ။ ကဲ .. မရှုပ်ဘူးလား။ လေမဟုတ်ရင် ဘာလို့ wind လို့ သုံးနေသေးလဲ။

Grade 9 သင်ခန်းစာရဲ့ Unit 10, Lesson 2 ရဲ့ Enjoying Nature ဆိုတဲ့ အကြောင်းအရာမှာ Northern Lights ကို ကြည့်တာအကြောင်း ပါပါတယ်။ ဆက်စပ်ပြီး သိရအောင်လို့ပါ။
41👍22
Grade 12 English သင်ရိုးသစ်မှာ ဟဲမင်းဝေးရဲ့ A Day's Wait ဆိုတဲ့ ဝတ္ထုတိုလေး ပါတယ်။

ဒီဝတ္ထုလေး ဖတ်ရင် အရေးအသားအပိုအလိုမရှိ ကျစ်လျစ်တာ တွေ့လိမ့်မယ်။ စကားလုံးတွေ၊ သရုပ်ဖော်ချက်တွေ မဖောင်းပွပဲ ပြောချင်တာတွေ ထိမိအောင် ရေးနိုင်တယ်။

ကျွန်တော်တို့ အင်္ဂလိပ်စာအဓိကနဲ့ တက္ကသိုလ်တက်တုန်းက ဒီ ဝတ္ထုလေးပါတော့ ဖတ်တဲ့အခါ အဖေလုပ်သူက သားကို သိပ်ဂရုမစိုက်ဘူး။ ဖျားနေတာတောင် ငှက်ပစ်ထွက်နေတယ် ထင်တာ။ တကယ်တော့ မဟုတ်ဘူး။ ဘယ်လောက်ချစ်၊ ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို အပိုစကားလုံးတွေမပါဘဲ ပေါ်လွင်အောင် ပြနိုင်တာကို မမြင်မိတာပေါ့။ တချို့သရုပ်ဖော်ချက်တွေကို အပြန်အလှန်ပြောစကားတွေနဲ့ပဲ ထိထိမိမိပြောသွားတာ၊ ဇာတ်လမ်းသယ်သွားပုံတွေက နှစ်သက်စရာ။ ဒါကြောင့်ပဲ သင်ရိုး ပြဋ္ဌာန်းတဲ့အခါ A Day's Wait ကို ရွေးတာဖြစ်လိမ့်မယ်။

ဟဲမင်းဝေးအကြောင်း ပိုသိရအောင် ဆရာဖေမြင့် (ဖေမြင့်) ရေးသားတဲ့ "နာမည်တစ်လုံး ရမလာခင်တုန်းက" ဆိုတဲ့ စာအုပ်ထဲက ဟဲမင်းဝေးအကြောင်းကို မျှဝေပေးလိုက်ပါတယ်။
28👍21🥰2
သင်ရိုးသစ် (အင်္ဂလိပ်စာ) သင်ခန်းစာတွေကို သင်ပြရတဲ့ ဆရာ/မတွေ၊ လေ့လာရမယ့် ကျောင်းသား/သူတွေ၊ ကိုယ့်ရဲ့ ရင်သွေးတွေကို အတော်ဆုံးဖြစ်စေချင်တဲ့မိဘတွေက ထိထိရောက်ရောက် ရှိတာ လိုလားကြတယ်။ အကြောင်းအရာအသစ်တွေကို လေ့လာတဲ့အခါ ဟိုစာအုပ်နဲ့ နားလည်နိုး၊ ဒီသင်ခန်းစာ အဆင်ပြေနိုးနဲ့ တကယ်နားမလည်ဘဲ ယောင်လည်လည်နဲ့ အချိန်ကုန်တာမျိုး မဖြစ်ချင်ကြဘူး။

အင်္ဂလိပ်စာကလည်း အဘိဓာန်လေး ကြည့်တတ်ရုံ၊ မှန်းဆကြည့်ရုံနဲ့ အဆင်မပြေတော့လည်း အခက်သား။ အနီးကပ် ရှင်းပြလိုက်မှ ရှင်းခနဲ လင်းခနဲ ဖြစ်သွားပြီး အချိန်ကုန်၊ လူပန်းသက်သာပြီး အကောင်းဆုံး ရလာဒ်တွေ ရသွားတာမျိုး ရှိပါတယ်။

ဒီအတွက် စိတ်ပူစရာတော့ မရှိပါဘူး။ သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို အဆင်အပြေဆုံး နှုန်းထားနဲ့ Telegram group ထဲမှာ လေ့လာနိုင်တဲ့ သင်တန်းတွေ ရှိပါတယ်။ ဆရာတစ်ယောက် အနားမှာထိုင်ပြီး ရှင်းပြနေသလို သင်ကြားထားတာပါ။

သင်တန်းကြေး ပေးသွင်းပြီး တက်ရောက်နိုင်တဲ့ Group ငါးခု ရှိပါတယ်။
🔸Grade 8 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 9 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 10 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸Grade 11 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 12 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group

Group တစ်ခုအတွက် သင်တန်းကြေးက (20,000) နှစ်သောင်းကျပ် သာ ဖြစ်ပါတယ်။

Group member ဝင်ချင်တယ်ဆိုရင် ဒီ Link ကို နှိပ်ပြီး EETS channel ရဲ့ chat box မှာ တက်ချင်တဲ့ အတန်းကို ပြောပေးပါ။
https://t.me/EssentialEnglishService

ဒီ Link ကို နှိပ်ပြီး messenger မှာ ပြောလို့လည်း ရပါတယ်။
m.me/EssentialEnglishForTeachersAndStudents

💟 သင်ခန်းစာတွေကို Telegram Group ထဲမှာ Video တွေနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Video တွေနဲ့ လေ့လာရတာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်၊ ကိုယ်လေ့လာချင်တဲ့ အချိန်မှာ လေ့လာနိုင်ပါတယ်။
💟 Unit အားလုံးရဲ့ သင်ခန်းစာတွေကို ပြည့်ပြည့်စုံစုံ သင်ပြထားပါတယ်။ အစဉ်လိုက် ကြည့်ရှုသွားလို့ ရပါတယ်။
💟 Grade 8, Grade 9, Grade 10, Grade 12 ရဲ့ Listening အတွက် Audio files တွေကိုလည်း ရယူနိုင်ပါတယ်။
💟 အချိန်အကန့်အသတ်မရှိဘဲ Telegram account ရှိနေသရွေ့ ရာသက်ပန် လေ့လာနိုင်ပါတယ်။

ဒီလိုမျိုး ကိုယ့်အတွက် တစ်နှစ်ပတ်လုံး၊ တစ်သက်တာလုံး အကျိုးရှိပြီး အသုံးချလို့ရတဲ့ သင်ခန်းစာတွေအတွက် သင်တန်းကြေးက အတန်းတစ်ခုအတွက် (20,000) နှစ်သောင်းကျပ် သာ ဖြစ်ပါတယ်။

♦️ Grade 8 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaxiBmmts4EPIwUJHRn8QDl

♦️ Grade 9 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzYxWp9gKl1_y7h9mSkpoGMJ

♦️ Grade 10 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaG6uBGwblT2CpwqDdZVgnM

♦️ Grade 11 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZA1CHjhkwytrGgFtSOfCKb

♦️ Grade 12 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzbmDIlGtpCE-AH_n5JiXbf3

❣️ Grade 5 သင်ခန်းစာတွေက သင်ပြလက်စဖြစ်ပါတယ်။ ဒီ Link ကို နှိပ်ပြီး အခမဲ့ ကြည့်ရှုနိုင်ပါတယ်။
https://youtube.com/playlist?list=PLLutYsv1-Kzbgeeg9STUXVHGGgDfyIhEo

❣️ Grade 6 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZ3FqXCZ5T6t8vd50RzeGYR

❣️ Grade 7 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZJdfe09r0dDMh1TKgfzP1M

Video သင်ခန်းစာတွေကို Channel ထဲ ဝင်ရောက်ပြီးလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။
👍10477🥰5👏4🔥3😁3