EETS - Essential English for Teachers and Students
30.6K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Grade 9 English (သင်ရိုးသစ်)

Credit: EGS Education Guide Services

ကျွန်တော့်မှာ စာအုပ်မရှိသေးပါ။ စာအုပ်ရှိချိန် သင်ခန်းစာတွေ တင်ပေးပါမယ်။
138👍29🥰1
ဆရာစည်သူထက်ရဲ့ "ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ" စာအုပ်ကို မှာယူနိုင်ပါပြီ။

အင်္ဂလိပ်စာ ဘာသာစကားစွမ်းရည် လေးမျိုးဖြစ်တဲ့ Listening, Speaking, Reading နဲ့ Writing မှာ Reading က တခြားစွမ်းရည် လေးမျိုးကိုလည်း အထောက်အပံ့ပေးပါတယ်။ စာဖတ်ရင် Reading skill သာမက ဝေါဟာရ၊ အသုံးအနှုန်းတွေ တိုးတက်သိရှိလာပြီး သဒ္ဒါစည်းမျဉ်းတွေလည်း အလိုအလျောက် နားလည်သွားနိုင်တဲ့အတွက် Listening, Speaking နဲ့ Writing အတွက်ပါ အကျိုးရှိတာ အသေအချာပေါ့။

ဒီ "ဖတ်မှတ်လေ့လာ အင်္ဂလိပ်စာ" စာအုပ်မှာ လေ့လာသူတွေကို စိတ်နှလုံးရွှင်ပြုံးစေတဲ့ L.A. Hill ရဲ့ ဟာသလေးတွေကို အခြေခံပြီး Vocabulary, Grammar, Usage တွေကိုပါ ရှင်းလင်း သင်ပြထားပါတယ်။ သင်ခန်းစာတိုင်းမှာ ဆက်စပ်အကြောင်းအရာတွေအားလုံးကို ပြည့်ပြည့်စုံစုံ ရှင်းပြထားတော့ Reading Skill တိုးတက်ရုံတင်မက တခြားအကျိုးကျေးဇူးတွေ အားလုံးကိုလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ရရှိသွားမှာ ဖြစ်ပါတယ်။ 

ဒါတင်မက သင်ခန်းစာအားလုံးအတွက် Video သင်ခန်းစာတွေကိုလည်း လေ့လာနိုင်ဖို့ စီစဉ်ထားပါတယ်။ စာအုပ်မှာပါတဲ့ QR code ကို Scan ဖတ်လိုက်ရင် သင်ခန်းစာတွေဆီ ရောက်သွားပါမယ်။ စာလည်းဖတ်၊ မှတ်၊ video သင်ခန်းစာနဲ့လည်း တွဲဖက်ကြည့်လိုက်ရင် အင်္ဂလိပ်စာ သင်တန်းတစ်ခုတက်ရောက်ရသလိုမျိုး နှစ်ဆအကျိုးရှိပါလိမ့်မယ်။

စာအုပ်နဲ့ တွဲဖက်လေ့လာရန် Video သင်ခန်းစာများ နမူနာ
💟 https://youtu.be/hS8RA1veH9g

💟 https://youtu.be/IH31W6ziFgY

ဒီလို ဘက်စုံထောင့်စုံက အကျိုးရှိစေမယ့် စာအုပ်လေးအတွက် တန်ဖိုးက #၆၅၀၀ (ခြောက်ထောင့်ငါးရာကျပ်) သာ ဖြစ်ပါတယ်။ 

ဒီစာအုပ်ကို မှာယူချင်တယ်ဆိုရင် m.me/EssentialEnglishBook ကို နှိပ်ပြီး Essential English Books Page ရဲ့ messenger မှာ
🔸အမည်
🔸ဖုန်းနံပါတ်
🔸လိပ်စာအပြည့်အစုံ (အိမ်အမှတ်၊ လမ်း၊ ရပ်ကွက်၊ မြို့နယ်)
🔸မှာယူလိုသည့် စာအုပ်အမည်နဲ့ အရေအတွက် ပြောပြပြီး မှာယူနိုင်ပါတယ်။

❗️စာအုပ်ပို့ဆောင်တဲ့အခါ Royal Express Delivery, စာတိုက် စတာတို့နဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။❗️

မြို့ပေါ်လိပ်စာတိကျရင် စာအုပ်ရောက် ငွေချေ ရပါတယ်။ လိပ်စာမတိကျရင်၊ ရွာဘက်က ဖြစ်ရင်တော့ ငွေကြိုလွှဲပေးရပါတယ်။

💕 Essential English ကနေ စာအုပ်မှာယူသူတွေအားလုံးကို Video file, Audio file နဲ့ လေ့ကျင့်ခန်းတွေ ရယူနိုင်မယ့် Telegram VIP group ကိုလည်း join ခွင့်ပြုမှာ ဖြစ်ပါတယ်။ Essential English Books က စာအုပ်မှာထားတာလေး ပြပြီး ဒီ Link https://t.me/SayaSithuHtetEssentialEnglish ကို စာပို့ပြီး VIP group link တောင်းနိုင်ပါတယ်။ 💕
👍4531👏2
Media is too big
VIEW IN TELEGRAM
A Day's Wait

Grade 12 English (သင်ရိုးသစ်) မှာပါတဲ့ ဟဲမင်းဝေးရဲ့ A Day's Wait ကို ရှင်းပြထားပါတယ်။

လေ့လာကြည့်ပါဦး။
109👍56👏2😁2
သင်ရိုးသစ် Grade 9 နဲ့ Grade 12 English အတွက် သင်ခန်းစာအသစ်တွေကို ခက်ခက်ခဲခဲ ပြန်လေ့လာရမှာ စိုးရိမ်နေလား??

သင်ရိုးသစ် စာအုပ်လေးဖတ်လိုက်၊ စဉ်းစားလိုက်၊ မရတဲ့အခါ စိတ်ညစ်လိုက်နဲ့ ပျာယာခတ်နေရမှာ ဘယ်သူမှ မလိုချင်ဘူးလေ။ အချိန်မီ သင်ပြရဖို့လည်း ရှိသေးတာကိုး။

ဒါကြောင့် ဆရာ/မများအတွက် Grade 9 English (သင်ရိုးသစ်) နဲ့ Grade 12 English (သင်ရိုးသစ်) အတန်းနှစ်တန်း စပါတော့မယ်။

ဆရာက သေသေချာချာ ရှင်းပြထားတဲ့ သင်ခန်းစာတွေ လေ့လာပြီး ကိုယ်ရဲ့အတွေ့အကြုံတွေနဲ့ ပေါင်းစပ်သင်လိုက်ရင် ရလာဒ်ကောင်းတွေ ရမှာ အသေအချာပဲပေါ့။ သင်ခန်းစာတွေကို ပိုင်နိုင်တတ်မြောက်ထားတယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်စိတ်ချမှု၊ ကျောင်းသား/သူတွေရဲ့ ယုံကြည်မှု အရေးကြီးပါတယ်။ စာသင်တဲ့သူတိုင်း တန်ဖိုးထားကြတဲ့ အရာတွေပဲ မဟုတ်လား။

အသေးစိတ်သင်ပြထားတဲ့ video သင်ခန်းစာတွေနဲ့ Facebook group ထဲမှာ ကိုယ်အားတဲ့ ဘယ်အချိန်မဆို လေ့လာနိုင်မှာဆိုတော့ အဆင်ပြေတယ်လေ။ ကိုယ်အားချိန် စာလေးလေ့လာပြီး ပြန်သင်ပြနိုင်မှာဆိုတော့ ဘာမှ ပူပန်စရာ မရှိတော့ဘူး။

Video သင်ခန်းစာနဲ့ချည်း တစ်ဖက်သတ် လေ့လာနေရမှာတော့ မဟုတ်ဘူး။ Listening and speaking အတွက် သင်ပြပုံတွေ ကိုယ်တိုင် အတွေ့အကြုံယူပြီး လေ့လာနိုင်အောင်၊ စာတွေကိုမရှင်းတာရှိရင် တိုက်ရိုက် မေးမြန်းနိုင်အောင် Zoom Meeting နဲ့လည်း အချိန်ညှိနှိုင်းပြီး သင်ပေးပါဦးမယ်။ အခက်အခဲရှိလို့ Zoom Meeting မတက်နိုင်ရင်လည်း Recording ပြန်ကြည့်နိုင်မယ်လေ။

ဒီသင်တန်းက သင်ပြနည်း သင်တန်းတော့ မဟုတ်ပါဘူး။ သင်ပြနည်းဆိုတာ ဆရာ/မတွေ သိပြီးတဲ့အပြင် လက်တွေ့သင်ပြနေကျ ဖြစ်တဲ့အတွက် ဒါတွေကို ပြောပြီး အချိန်မဖြုန်းပါဘူး။ သင်ရိုးသစ် သင်ခန်းစာအကြောင်းအရာတွေကို အသေးစိတ် လုံးစေ့ပတ်စေ့ နားလည်အောင် ရှင်းလင်းသင်ပြမှာပါ။ လိုချင်တာနဲ့ လိုအပ်တာ ကွက်တိဖြစ်စေမယ့် သင်တန်းမျိုးပေါ့။

ဒါကြောင့် ဒီသင်တန်းဟာ ဆရာ၊ ဆရာမတွေ၊ Study guide တွေ၊ တဆင့်ပြန်လည်သင်ပြချင်တဲ့ လူကြီးတွေ မဖြစ်မနေ တက်သင့်တာပဲဖြစ်ပါတယ်။ ကျောင်းသား/သူတွေနဲ့တော့ မကိုက်ညီပါဘူး။

သင်တန်းမှာ သင်ပြမယ့် ဆရာကတော့ ဆရာစည်သူထက် ဖြစ်ပါတယ်။ ဆရာစည်သူထက်က အင်္ဂလိပ်စာ မဟာဝိဇ္ဇာဘွဲ့ ရရှိထားပြီး သင်ကြားမှု အတွေ့အကြုံများစွာရှိတဲ့အပြင် အောင်မြင်တဲ့ အင်္ဂလိပ်စာလေ့လာရေး စာအုပ်များစွာကို ပြုစုထုတ်ဝေထားသူလည်း ဖြစ်ပါတယ်။ ဆရာသင်ပြပုံတွေကို page ထဲ ဝင်ပြီးလည်း လေ့လာနိုင်ပါတယ်။ သင်ရိုးဟောင်း၊ သင်ရိုးသစ် သင်ခန်းစာပေါင်းများစွာ သင်ကြားပြီး ဆရာ/မတွေ၊ ကျောင်းသား/သူတွေကို အကူအညီပေးနေသူ ဖြစ်ပါတယ်။

သင်တန်းကြေးက Grade 9 အတွက် ရှစ်သောင်းကျပ်နဲ့ Grade 12 အတွက် ရှစ်သောင်းကျပ် ဖြစ်ပါတယ်။ သင်ရိုးကုန် တစ်ခုလုံးစာအတွက် ဖြစ်ပါတယ်။ တစ်လစာအတွက်ပဲ မဟုတ်ပါဘူး။

ဒါ့အပြင် သင်တန်းပြီးတဲ့အခါ သင်တန်းတက်ရောက်ခဲ့သူအားလုံးကို သင်ရိုးကုန်စာအုပ်နဲ့ အခွေတွေ လက်ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

အချိန်နဲ့ စွမ်းအင်ဆိုတာ တန်ဖိုး မဖြတ်နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုထဲမှာ ကိုယ့်ကိုယ့်ကိုယ် ရင်းနှီးမြှုပ်နှံမှုက အကျိုးအဖြစ်ထွန်းဆုံး ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က သင်ခန်းစာတွေကို ဦးဦးဖျားဖျား ကျွမ်းကျင်နေမယ်ဆိုရင်၊ တစ်နှစ်ပတ်လုံး၊ တစ်သက်လုံး အသုံးချနိုင်မယ့် သင်ခန်းစာတွေကို အချိန်ကုန်သက်သာ၊ လူမပင်ပန်းဘဲ သက်သက်သာသာလေ့လာ သင်ကြားနိုင်မယ့် အကျိုးကျေးဇူးနဲ့ ယှဉ်မယ်ဆိုရင် သင်တန်းကြေးဟာ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ သိပါလိမ့်မယ်။

Grade 9 သင်တန်းရော Grade 12 သင်တန်းပါ 7.4.2023 ရက်နေ့ စပါမယ်။ လူပြည့်သွားလို့ သင်တန်းအပ်မရတာမျိုး မဖြစ်ချင်ရင် အခုပဲ m.me/EssentialEnglishForTeachersAndStudents ကို နှိပ်ပြီး page ရဲ့ Chat Box မှာ သင်တန်းအပ်လိုက်ပါတော့။
👍6339😁1
Grade 9 English (New Course).pdf
14.8 MB
Grade 9 English (New Course) စာအုပ်ကို Download ယူနိုင်ဖို့ e-book (pdf format) ဖန်တီးပေးထားပါတယ်။
221👍81🕊15
Grade 9 English (သင်ရိုးသစ်) သင်ခန်းစာရဲ့ Unit 1, Lesson 3 မှာပါတဲ့ သင်ခန်းစာတွေကို ရှင်းလင်းသင်ပြတဲ့အခါ စာအုပ်ထဲမှာ ပါရုံသက်သက်က နားလည်ဖို့ ခက်နေနိုင်တယ်။ ဒါနဲ့ ဖြည့်စွက်ရှင်းလင်းချက်ဆိုပြီး ထပ်ပြီး သင်ပြပေးတယ်။
သင်တန်းမှာတော့ video သင်ခန်းစာနဲ့ သင်ပေးတာပေါ့လေ။ လိုချင်သူတွေအဖို့ ဒီမှာတော့ ပုံလေးတွေနဲ့ ပေးထားပါတယ်။
လေ့လာကြည့်ပါဦး။
အသေးစိတ် သင်ပေးတာ လိုချင်သူတွေကလည်း ဒီ Link ကို နှိပ်ပြီး သင်တန်းအကြောင်း ကြည့်ရှုနိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=591183393048912&id=100064717691325&mibextid=Nif5oz
59👍31
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 2 မှာ Relative clauses တွေ အကြောင်း ပါပါတယ်။

စာထဲမှာ ရှင်းပြထားတာ တိုတိုကျဉ်းကျဉ်း ဖြစ်လို့ နားလည်ဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် အပိုင်းငါးပိုင်းခွဲပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပါမယ်။ အပိုင်း ၁ က စကြည့်ပါဦး။

Relative Clauses (အပိုင်း ၁)

သင်ရိုးသစ် အင်္ဂလိပ်စာ လေ့လာသင်ကြားသူတွေ၊ နေ့စဉ်ဘဝမှာအသုံးချဖို့ အင်္ဂလိပ်စာ လေ့လာသူတွေအနေနဲ့ စာမေးပွဲမေးခွန်းတွေမှာရော၊ လက်တွေ့အသုံးချတဲ့နေရာမှာ အသုံးဝင်တဲ့ relative clauses တွေအကြောင်း လေ့လာတတ်ကျွမ်းထားသင့်တယ်။ ဒီလိုပြောတော့ မေးစရာရှိတယ်။ တတ်ထားသင့်တာက ဟုတ်ပြီ။ relative clause ဆိုတာ ဘာလဲ။

ဒီဝါကျကို အရင်ကြည့်ပါ။

The woman who lives next door is a doctor.
ဒီဝါကျမှာ relative clause က ဘာလဲ။ who lives next door ဆိုတာ relative clause လို့ ဆွဲထုတ်ပြနိုင်ရင် မဆိုးဘူးပြောရမယ်။

ကဲ relative clause အကြောင်း အပြည့်အစုံမပြောခင် clause ဆိုတာ ဘာလဲက စရှင်းရမှာပေါ့။

A clause is part of a sentence.
clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ ထွင်ခေါ်ကြတယ်။ ဆိုလိုရင်း အတူတူပဲနော်။ မျက်စိရှုပ်မသွားနဲ့။

clause ဆိုတာ ဘာလဲသိရင် relative clause ဘာလုပ်ပေးနိုင်သလဲ သိဖို့ အတော်လွယ်သွားပြီ။

A relative clause tells us which person or thing (or what kind of person or thing) the speaker means.
relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။

ဥပမာတွေနဲ့ တွဲကြည့်ရအောင်။

The woman who lives next door ……..
ဒီစာကြောင်းက အမျိုးသမီးတစ်ဦးအကြောင်း ပြောပြတယ်။ ဘယ်အမျိုးသမီးလဲ။ ရှိရှိသမျှ အမျိုးသမီးတွေအကြောင်း ပြောတာမဟုတ်ဘူး။ ဘေးအိမ်/ဘေးအခန်းမှာနေတဲ့ အမျိုးသမီး။ ဒါကြောင့် who lives next door ဆိုတဲ့ relative clause က ဘယ်အမျိုးသမီးဆိုတာ ပြောပြတယ်။

နောက်ဥပမာ တစ်ခု ကြည့်ပါဦး။

The people who live in the country ………….
ဒီစာကြောင်းမှာတော့ လူတွေအကြောင်း ပြောပြတယ်။ ဘယ်လိုလူတွေလဲ။ ကျေးလက်တောရွာမှာ နေတဲ့သူတွေ။ ဒါကြောင့် who live in the country ဆိုတဲ့ relative clause က ဘယ်လိုလူမျိုးဆိုတာ ပြောပြတယ်။
နောက်ထပ် တစ်ဆင့်တက်ပြီး ကြည့်ရအောင်။

relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာကို ဆိုလိုသလဲဆိုတာ ပြောပြတယ်လို့ ပြောခဲ့တယ်နော်။ ဟုတ်ပြီ။ ဒီအချက်ကို မှတ်သားပါ။

We use who in a relative clause when we are talking about people (not things).
လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။

 The woman is a doctor. She lives next door.
The woman who lives next door is a doctor.
ဘေးအိမ်က အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။

 We know a lot of people. They live in the country.
We know a lot of people who live in the country.
ကျေးလက်တောရွာတွေမှာ နေတဲ့ လူတွေအများကြီးကို ငါတုိ့သိကြတယ်။

 An architect is someone who designs buildings.
ဗိသုကာ ပညာရှင်ဆိုတာ အဆောက်အဦးတွေကို ပုံစံထုတ်သူဖြစ်တယ်။

 What is the name of the person who phoned you?
ခင်ဗျားကို ဖုန်းဆက်တဲ့ လူရဲ့နာမည်က ဘာလဲ။

 Anyone who wants to apply for the job must do so by Friday.
ဒီအလုပ်ကို လျှောက်ချင်သူ ဘယ်သူမဆို သောကြာနေ့ထက် နောက်မကျစေဘဲ လျှောက်ရမယ်။

တစ်ခု မှတ်ထားသင့်တာက လူတွေအကြောင်းပြောဖို့ who အစား that သုံးနိုင်တယ်။ ဒါပေမဲ့ which တော့ သုံးလို့ မရဘူး။
The woman that lives next door is a doctor. (The woman which lives .. မရ)

လူတွေအကြောင်း ပြောတဲ့အခါ who သုံးတယ်။ that ကိုလည်း သုံးနိုင်တယ်ဆိုတာ မှတ်မိပြီနော်။ ဒါဆို အရာဝတ္ထုတွေအတွက်ကျတော့ရော။

When we are talking about things, we use that or which (not who) in a relative clause.
အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)

 Where is the cheese? It was in the fridge?
Where is the cheese that/which was in the fridge?
ရေခဲသေတ္တာထဲမှာရှိတဲ့ ဒိန်ခဲတွေ ဘယ်ရောက်သွားလဲ။

 I don’t like stories that/which have unhappy endings.
စိတ်မချမ်းမြေ့စရာ အဆုံးသတ်တွေရှိတဲ့ ဇာတ်လမ်းတွေကို ငါမကြိုက်ဘူး။

 Barbara works for a company that/which makes furniture.
ဘာဘရာက ပရိဘောဂတွေလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။

 The machine that/which broke down is working now again.
ပျက်သွားတဲ့စက်က အခုပြန်ပြီး အလုပ်လုပ်နေပြီ။

ထူးထူးခြားခြားမှတ်သားစရာတစ်ခုလည်း သိထားသင့်ပါတယ်။ what အကြောင်းပါ။ တချို့က what ဆိုတာနဲ့ မေးခွန်းထင်ပြီးတော့ ဘာလဲ ဆိုပြီး ဘာသာပြန်မိတတ်ပါတယ်။

What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။ what နဲ့ that ကို နှိုင်းယှဉ်ကြည့်ပါ။
39👍28🤷‍♂1
 What happened was my fault. ( = the thing that happened)
ဖြစ်ခဲ့တဲ့အရာက ငါ့အမှားပါ။

 Everything that happened was my fault. (not Everything what happened)
ဖြစ်ခဲ့တဲ့အရာတိုင်းက ငါ့အမှားပါ။ (Everything what happened လို့ ပြောလို့မရဘူး)

 The machine that broke down is now working again. (not The machine what broke down)
ပျက်သွားတဲ့စက်က အခုပြန်ပြီး အလုပ်လုပ်နေပြီ။ (The machine what broke down လို့ ပြောလို့ မရဘူး)

နောက်တစ်ချက်ကို မှတ်သားပါဦး။ relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။

 I’ve never spoken to the woman who lives next door. (not the woman she lives)
ဘေးအိမ်မှာနေတဲ့ အမျိုးသမီးကို တစ်ခါမှ ကျွန်တော် စကားမပြောဖူးဘူး။ (the woman she lives လို့ မသုံးရဘူး)

အကုန်လုံးကို အနှစ်ချုပ်ပြီး ပြန်ကြည့်ရအောင်။

clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ခေါ်တယ်။
relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။
relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။

Saya Sithu Htet
58👍21
Media is too big
VIEW IN TELEGRAM
Unit 1
Good Manners
Grade 12 English သင်ရိုးသစ်ရဲ့ ပထမဆုံး သင်ခန်းစာဖြစ်တဲ့ Good manners အကြောင်းကို သင်ပြထားပါတယ်။

💟 သင်ခန်းစာတွေကို တစ်လုံးချင်း၊ တစ်ကြောင်းချင်း လုံးစေ့ပတ်စေ့ ရှင်းပြထားတယ်။
💟 လိုအပ်တဲ့နေရာတွေမှာ English-English ရှင်းလင်းချက်ပေးထားတယ်။
💟 ဝေါဟာရတွေ စုစည်းထားပြီး phonetic script တွေနဲ့ အသံထွက်ပုံတွေ ပြထားတယ်။
💟 အင်္ဂလိပ်စာတင်မက good manners တွေရဖို့ပါ အထောက်အကူ ဖြစ်ပါလိမ့်ယ်။

သင်တန်းမှာ အသေးစိတ် လေ့လာမယ်ဆိုရင် Link ကိုနှိပ်ပါ
https://m.facebook.com/story.php?story_fbid=591183393048912&id=100064717691325&mibextid=Nif5oz
87👍24🥰2👎1
Relative Clauses 2

Relative Clause တွေနဲ့ ပတ်သက်လို့ အစပျိုးပြောခဲ့ပြီးပါပြီ။ ဟောဒီအချက်တွေကို ပြောပြခဲ့ပါတယ်။ မှတ်မိသေးတယ် ထင်တယ်နော်။ ပြန်ကြည့်လိုက်ပါ။

• clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ခေါ်တယ်။
• relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
• လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
• အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
• What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။
• relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။

အဲဒီပြီးခဲ့တဲ့ သင်ခန်းစာမှာပါတဲ့ နမူနာဝါကျတွေကိုပဲ ပြန်ကြည့်ပါဦး။

The woman who lives next door is a doctor. (or The woman that lives …)
ဘေးအိမ်မှာ နေတဲ့ အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။ (The woman that lives … ဆိုပြီး who အစား that သုံးလည်း ရတယ်နော်)
ဒီဝါကျအရ The woman lives next door. လို့ နားလည်ရမယ်။ ဒါဆို (who = the woman) က subject ပေါ့။

နောက်တစ်ကြောင်း ထပ်ကြည့်မယ်။

Where is the cheese that was in the fridge? (or the cheese which was …)
ရေခဲသေတ္တာထဲက ဒိန်ခဲတွေ ဘယ်မှာလဲ။ (the cheese which was … ဆိုပြီး that အစား which သုံးလည်း တူတူပါပဲ)
ဒီဝါကျမှာ The cheese was in the fridge. လို့ နားလည်ပါလိမ့်မယ်။ ဒါကြောင့် (that = the cheese) က subject ပါပဲ။

ဒီဥပမာတွေကို ကြည့်ပြီး ဟောဒီအချက်လေးကို နားလည်နိုင်တာပေါ့။

You must use who/that/which when it is the subject of the relative clause.
who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါ သုံးရမယ်။

ဒါဆို ဒီဝါကျလေး မှန်မမှန် ဆုံးဖြတ်ပေးပါဦး။

• The woman lives next door is a doctor.
• Where is the cheese was in the fridge?

ကြည့်ရုံနဲ့ လွဲနေတယ်ဆိုတာ သိသာတာပေါ့နော်။ who/that/which တို့ကို relative clause တစ်ခုရဲ့ subject နေရာမှာ သုံးရမယ်လို့ ဆိုတဲ့အတွက် ဒီဝါကျတွေမှာ who/that/which စတာလေးတွေ ကျန်နေလို့ အဆင်မပြေဘူး။

Who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါမှာ သုံးရမယ်လို့ ပြောခဲ့ပြီ။ ဒါဆိုရင် မေးစရာတစ်ခုရှိတယ်။ object နေရာမှာ ရှိရင်ကော ဘယ်လိုသုံးမလဲ။

ဒီအချက်လေး မှတ်သားပါ။

Sometimes who/that/which is the object of the verb.
တစ်ခါတစ်လေမှာ who/that/which တို့က အဲဒီ verb ရဲ့ object လည်း ဖြစ်နိုင်ပါသတဲ့။

ရှင်းလင်းချက်ဆိုတာတွေက ရှင်းရုံနဲ့ မရဘူး။ နမူနာလေးတွေလည်း ကြည့်ပါမှ ကွက်ကွက်ကွင်းကွင်း သဘောပေါက်တတ်တာ။ ဒီတော့ ဥပမာဝါကျတွေ ကြည့်ရဦးမှာပေါ့။ ကဲ ကြည့်ပါ။

 The woman who I wanted to see was away on holiday.
ငါတွေ့ချင်တဲ့ အမျိုးသမီးက အားလပ်ရက်ခရီးထွက်နေတယ်။
 Have you found the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။

ပထမဝါကျမှာပါတဲ့ who I wanted to see ဆိုတဲ့ relative clause ကိုကြည့်။ ဒီ clause မှာ who ဆိုတာက the woman ကို ရည်ညွှန်းမှန်း သိတယ်နော်။ ငါတွေ့ချင်တဲ့ အမျိုးသမီးဆိုတော့ I wanted to see the woman. လို့ နားလည်ရမယ်။ ဒါဆိုရင် (who = the woman) က object ပါ။ subject က I ပေါ့။

ဒုတိယဝါကျမှာ ပါတဲ့ that you lost ဆိုတဲ့ relative clause ကို ထပ်ကြည့်ရအောင်။ ဒီ that က the keys ကို ရည်ညွှန်းပါတယ်။ You lost the keys. ဆိုတဲ့ သဘောမို့ (that = the keys) က object ပါ။ subject ကတော့ you ပေါ့။

ကဲ who/that/which တို့ကို subject နေရာမှာဆို ဘယ်လို၊ object နေရာမှာဆို ဘယ်လိုဆိုတာ ပြောပြီးပြီ။ နားလည်မယ်လို့လည်း ထင်ပါတယ်။ ဒီတော့ နောက်တစ်ချက် တိုးပြီး ကြည့်ရအောင်။

When who/that/which is the object, you can leave it out.
who/that/which က object ဖြစ်နေရင် အဲဒါကို ချန်ထားခဲ့လို့ ရပါတယ်။
ဒီလိုတွေ ပြောလို့ ရတယ်။

 The woman I wanted to see was away. (or) The woman who I wanted to see …
ငါတွေ့ချင်တဲ့ အမျိုးသမီးက တခြားမှာ။
 Have you found the keys you lost? (or) … the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။
 The dress Liz bought doesn’t fit her very well. (or) The dress that Liz bought …
လစ်ဇ်ဝယ်ခဲ့တဲ့ ဝတ်စုံက သူနဲ့ သိပ်မတော်ဘူး။
 Is there anything I can do? (or) … anything that I can do?
ငါလုပ်နိုင်တာ တစ်ခုခုများရှိသလား။

Relative clauses တွေမှာ preposition တွေရဲ့ နေရာကိုတော့ ဂရုပြုပါ။
👍4117