EETS - Essential English for Teachers and Students
30.6K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
စနစ်သစ် Grade 10 အင်္ဂလိပ်စာရဲ့ Unit 6 မှာ The Prodigal Son ဆိုတဲ့ ဇာတ်လမ်းလေး ပါပါတယ်။ ဒါက ပုံဆောင် ဇာတ်လမ်းတစ်ခုပါ။ parable လို့ ခေါ်ပါတယ်။ ဒီ ဇာတ်လမ်းကို The Lost Son ဆိုပြီးလည်း သိကြတယ်။ နာမည်အပြည့်အစုံ ပြောရရင် The parable of the Prodigal Son, or Lost Son ပေါ့။ ဒီဇာတ်လမ်းကို ဓမ္မသစ်ကျမ်း (New Testament) ရဲ့ Luke 15:11-32 မှာ တွေ့နိုင်ပါတယ်။

ဒါက ယေရှုခရစ်ပြောခဲ့တဲ့ parable သုံးခုဖြစ်တဲ့ a lost sheep, a lost coin နဲ့ a lost son သုံးပုဒ်ထဲက တစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းသုံးခုကို ပြောတဲ့အခါမှာ ယေရှုခရစ်ရဲ့ ပရိသတ်ထဲမှာ "အပြစ်သား" တွေရော ဖြောင့်မှန်သူတွေရော ပါနေသတဲ့။ ဇာတ်လမ်းတွေ ပြောပြရခြင်းအကြောင်းကတော့ Pharisee (ရှေးကျတဲ့ ဂျူးဘာသာရေးဝင်) တွေနဲ့ ဥပဒေသင်ကြားသူတွေက ယေရှုခရစ်ကို "အပြစ်သား" တွေကို ကြိုဆိုနေတယ်၊ သူတို့နဲ့ အစားအသောက်အတူစားတယ်ဆိုပြီး စွပ်စွဲလို့ ​ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းက အဖေမှာ သားနှစ်ယောက်ရှိတယ်။ သားကြီးက ကြိုးစားတယ်၊ အဖေ့ကိုကူညီတယ်။ သားငယ်က ပေါ့ပေါ့နေပေါ့ပေါ့စား။ တစ်နေ့တော့ သူက အဖေ့ဆီက အမွေတောင်းပြီး ဝေးဝေးလံလံနိုင်ငံသွား ပိုက်ဆံသုံးဖြုန်းပြီး ကုန်တော့ အိမ်မပြန်ရဲဘဲ ဝက်ကျောင်းသမားဝင်လုပ်ရတယ်။ ဆင်းရဲငတ်ပြတ်လွန်းတော့ ဝက်စာကိုတောင် စားရတယ်။ နေမကောင်းဖြစ်လာတော့ အိမ်ကို ပြန်တယ်။ အဖေက သူ့ကို နောင်တရတဲ့သားမို့ နွေးနွေးထွေးထွေးကြိုပြီး အောင်ပွဲခံတယ်။ သားအကြီးက သိလို့ မကျေနပ်ကြောင်းပြောတဲ့အခါ မိုက်မဲမှုကို သိနားလည်လို့ ပြန်လာသူကို ကြိုဆိုရမှာ ဖြစ်ကြောင်း ပြောတယ်။

ဒီဇာတ်လမ်းက the prodigal son အကြောင်း ပြောချင်တာထက် သားအကြီးအကြောင်း ပြောချင်တာလို့ ဆိုကြပါတယ်။ ယေရှုခရစ်က ဒီဇာတ်လမ်းကို ပြောတဲ့အခါ လူတွေရဲ့ နှလုံးသားအမှောင်ကို ရည်ရွယ်ပြီး ဆုံးမဖို့ ပြောခဲ့တာပါ။

ဒီလောက်ဆိုရင် The Prodigal Son ဆိုတဲ့ဇာတ်လမ်းက ဘာသာရေးရှုထောင့်ကနေ အဓိပ္ပာယ်ဖွင့်လို့ရတာလည်း တွေ့ပါလိမ့်မယ်။ မြန်မာစာပေလေ့လာရင် ဗုဒ္ဓဘာသာနဲ့ ပါဠိစာပေကင်းကွာလို့ မရသလိုပဲ အင်္ဂလိပ်စာလေ့လာရင် ခရစ်ယန်ဘာသာနဲ့ သမ္မာကျမ်းစာက ကင်းကွာလို့ မရပါဘူး။ နောက်ခံအကြောင်းလေးသိထားရင် လေ့လာရတာ ပိုစိတ်ဝင်စားစရာ ကောင်းတာပေါ့နော်။

(ပုံတွေကတော့ The Prodigal Son ကို ဆွဲထားတဲ့ နာမည်​ကျော် ပန်းချီတွေပါ)
👍3326👏1👌1
Media is too big
VIEW IN TELEGRAM
Grade 11 English (သင်ရိုးသစ်)
3C Grammar

ဒီသင်ခန်းစာမှာ
Gerund ဆိုတာ ဘာလဲ
Gerund ကို ဘယ်လို သုံးစွဲလဲ
infinitive ဆိုတာရော ဘာလဲ
infinitive ကို ဘယ်လို သုံးစွဲရလဲ
ဒါတွေအားလုံးကို အသေးစိတ် သင်ပြထားပြီး လေ့ကျင့်ခန်းမှာ အဖြေတွေစဉ်းစားပုံတွေကိုပါ ပြောပြထားပါတယ်။

လေ့လာကြည့်ပါဦး။
32👍25
Media is too big
VIEW IN TELEGRAM
Grade 8 English (သင်ရိုးသစ်)
Unit 4, Lesson 1
What kind of person are you

ဒီသင်ခန်းစာမှာ
ကယ်ရေးကိုယ်သွေးကို ဖော်ပြတဲ့ နာမဝိသေသနတွေအကြောင်း
ကယ့်အကြောင်း၊ ကိုယ့်မိသားစုဝင်တွေအကြောင်း စတာကို ကိုယ်ရေးကိုယ်သွေးဖော်ပြတဲ့ နာမဝိသေသနတွေ သုံးပြီး သရုပ်ဖော်ပြပုံ
native speaker အသံထွက်နဲ့ Listening လေ့ကျင့်ခန်းတွေ လုပ်ပုံ
စကားပြော နမူနာတွေနဲ့
အသေးစိတ် ရှင်းပြထားပါတယ်။

လေ့လာကြည့်ပါဦး။ (NB
Review 1, Project 1, Poem 1 ကျန်သွားတဲ့အတွက် မနက်ဖြန် မှာ Unit 4, Lesson 2 မသင်သေးဘဲ Review 1 တင်ပါမယ်။)
👍415
ယခင် ကိုးတန်း၊ ခု Grade 11 သင်ရိုးသစ်မှာပါတဲ့ O Henry ရဲ့ The Last Leaf ဝတ္ထုမူရင်းပါ။

ကျောင်းသုံးသင်ခန်းစာမှာပါတာကတော့ လွယ်အောင် ပြန်ရေးထားတဲ့ simplified version ပါ။ ဒါ့အပြင် မူရင်း အမေရိကန် အသုံးအနှုန်းတွေ၊ စာလုံးပေါင်းတွေကို British English ပြန်ပြင်ထားတာတွေ ရှိပါတယ်။

အို ဟင်နရီရဲ့ အကြောင်းကို နောက်မှ စာသပ်သပ် ရေးပေးပါဦးမယ်။ ခုကတော့ The Last Leaf မူရင်းကို ဖတ်ကြည့်ပါဦး။
👍3124
Media is too big
VIEW IN TELEGRAM
Grade 11 English (သင်ရိုးသစ်)
3E Writing

Unit 3 က 3E Writing ကို ရှင်းပြထားပါတယ်။
ဒစာမှာ Past event အကြောင်း ဘယ်လိုရေးရမယ်ဆိုတဲ့ ရှင်းပြချက်
Text ထဲပါတဲ့ နမူနာအရေးအသား
ကယ်တိုင်စဉ်းစားပုံတွေ
အသေးစိတ် ပြောပြထားပါတယ်။
လေ့လာပါဦး။
👍27
Media is too big
VIEW IN TELEGRAM
Grade 8 English (သင်ရိုးသစ်)
Review 1

Review 1 က ပြီးခဲ့တဲ့ Unit 1, Unit 2, Unit 3 တိုကို ဘယ်လောက် တတ်မြောက်သလဲဆိုတာ ပြန်လည် စစ်ဆေးတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

ဒီသင်ခန်းစာ video မှာ ဝေါဟာရတွေ၊ ဝါကျတည်ဆောက်ပုံတွေ၊ အမှားပြင်ဆင်ချက်တွေ၊ သဒ္ဒါဆိုင်ရာ လေ့ကျင့်ခန်းတွေကို ရှင်းလင်းပြထားပါတယ်။

လေ့လာကြည့်ပါဦး။
👍334
Media is too big
VIEW IN TELEGRAM
Grade 11 English (သင်ရိုးသစ်)
Unit 4
Globalization of Food

ဒီသင်ခန်းစာမှာ
လတွေ စားနေကျအစားအစာပုံစံတွေ ပြောင်းလဲလာတဲ့အကြောင်း
အမြန်စာတွေ လူကြိုက်များလာတဲ့အကြောင်း
အစားအစာ ဘေးကင်းလုံခြုံမှုက အရေးကြီးတဲ့အကြောင်း
နားလည်မှု စစ်ဆေးတဲ့လေ့ကျင့်ခန်းအစုံနဲ့
ဗဟုသုတဖြစ်ဖွယ်၊ အင်္ဂလိပ်စာတိုးတက်ဖို ရှင်းလင်းပြထားပါတယ်။

လေ့လာကြည့်ပါဦး။
👍3912🔥1🥰1
Media is too big
VIEW IN TELEGRAM
Grade 8 English (သင်ရိုးသစ်)

Project 1
Project က ကျောင်သားတွေ စုလုပ်ရတာ ဖြစ်ပါတယ်။ ကိုယ့်ဘာသာ ကြိုးစားရတာမျိုးပေါ့။
ဒီမှာကတော့ စဉ်းစားပုံတွေ၊ လမ်းညွှန်ပုံတွေ ပြပေးထားပါတယ်။
လေ့လာကြည့်ပါဦး။
👍324
Media is too big
VIEW IN TELEGRAM
Grade 11 English (သင်ရိုးသစ်)
4B Vocabulary

ဒီသင်ခန်းစာမှာ
အစားအစာ အမျိုးမျိုးတွေရဲ့ နာမည်တွေလေ့လာနိုင်ဖို
နားလည်တတ်မြောက်မှု စစ်ဆေးတဲ့ လေ့ကျင့်ခန်းတွေလုပ်နိုင်ဖို
ချိတ်ဆက်စကားလုံးတွေဖြစ်တဲ့ additionally, and, also, furthermore နဲ့ too တိုအကြောင်း နားလည်ဖို
အသေးစိတ် ရှင်းပြထားပါတယ်။

လေ့လာကြည့်ပါဦး။
👍303🥰1
Media is too big
VIEW IN TELEGRAM
Grade 8 English (သင်ရိုးသစ်)
Poem 1

Grade 8 English သင်ရိုးသစ်က On the vowels ကဗျာအကြောင်း သင်ပြထားပါတယ်။

ဒီကဗျာလေးက သရလေးတွေအကြောင်း ဝှက်ထားတဲ့ စကားလုံးလေးတွေနဲ့ ပြောပြထားတာ နှစ်သက်စရာ ကောင်းပါတယ်။ မြန်မာပြန်ရင် ကဗျာရဲ့ လိုရင်း သိပ်မရောက်ပါဘူး။

ဒါ့အပြင် စကားလုံး သုံးနှုန်းပုံ၊ နားလည်မှု စစ်ဆေးပုံတွေကိုလည်း လေ့လာရပါမယ်။

လေ့လာကြည့်ပါဦး။
👍394
Grade 8 English (သင်ရိုးသစ်)
Unit 2 အတွက် Video သင်ခန်းစာတွေ တင်ပေးထားတာကို ပြန်စုစည်းပေးထားပါတယ်။ Unit 3 အတွက်လည်း စုထားပြီးရင် တင်ပေးထားပါမယ်။

Unit 2
Lesson 1: At a new school
Facebook တွင် ကြည့်ရန် Link
https://fb.watch/frBTSN4YqC/
💟 Telegram တွင် ကြည့်ရန် Link
https://t.me/LessonsEETS/464
🔰 Youtube တွင် ကြည့်ရန်
https://youtu.be/cDFRsXHsl94

Lesson 2: School
Facebook တွင် ကြည့်ရန် Link
https://fb.watch/frC0QEwEz8/
💟 Telegram တွင် ကြည့်ရန် Link
https://t.me/LessonsEETS/465
🔰 Youtube တွင် ကြည့်ရန်
https://youtu.be/jCBlujDtRoc

Lesson 3: Who teaches you English?
Facebook တွင်ကြည့်ရန် Link
https://fb.watch/frC6J70WM3/
💟 Telegram တွင်ကြည့်ရန် Link
https://t.me/LessonsEETS/466
🔰 Youtube တွင် ကြည့်ရန်
https://youtu.be/hWW-vZyoY0w

Lesson 4: The Best School in town
Facebook တွင်ကြည့်ရန် Link
https://fb.watch/frCcHtWuoE/
💟 Telegram တွင် ကြည့်ရန် Link
https://t.me/LessonsEETS/467
🔰 Youtube တွင် ကြည့်ရန်
https://youtu.be/4Gxet8ZKp-s
👍39🥰11
Media is too big
VIEW IN TELEGRAM
Grade 11 English (သင်ရိုးသစ်)
4C Grammar

ဒီသင်ခန်းစာမှာ
too ရဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲပုံ
enough ရဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲပုံ
too ... to တို enough to တိုနဲ့ ဝါကျတွေ ရေးပုံ
too ... to ကနေ not ... enough to နဲ့ အပြန်အလှန်ပြောင်းပုံတွေ

အားလုံးကို အသေးစိတ် သင်ပေးထားပါတယ်။
လေ့လာပါဦး။
👍243🔥1
Grade 8 English (သင်ရိုးသစ်) စာအုပ်ကို pre-order မှာထားသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ပုံနှိပ်တိုက်က စာအုပ်တွေ ရလာပါပြီ။ ဒါပေမဲ့ သင်ခန်းစာ အခွေရဖို့ ကျန်နေတဲ့အပြင် မှာယူထားသူတွေကို ပါကင်ထုပ်ပိုး၊ စာရင်းသွင်း၊ ပို့ဆောင်လုပ်ပေးရမှာ ဖြစ်တဲ့အတွက် ​အရင်ကြေငြာထားတဲ့အတိုင်း ၁၅ ရက်နေ့ နောက်ပိုင်းမှ စတင်ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဆိုင်တွေမှာတော့ ရနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုင်တွေကို ဖြန့်ချိရေးက ပို့ပေးတာမို့ ရနိုင်တဲ့ ဆိုင်နာမည်တွေ မသိပါဘူး။ ဆိုင်တွေမှာ ဝယ်ချင်သူတွေက နီးစပ်ရာဆိုင်တွေမှာ မေးမြန်းဝယ်ယူပေးဖို့ တိုက်တွန်းချင်ပါတယ်။

Essential English Books ကနေ စာအုပ် မှာယူသူတွေအတွက်ကတော့ သီးသန့် အစီအစဉ်လေး တစ်ခု လုပ်ထားတာ ရှိပါတယ်။ အဲဒါကတော့ သင်ရိုးသစ်အတန်းတွေနဲ့ ကိုက်ညီတဲ့ Stylistic Transformation သင်ခန်းစာတွေကို Telegram group မှာ အခမဲ့ join ခွင့်ပေးမှာ ဖြစ်ပါတယ်။

pre-order မှာယူထားသူတွေကို စာအုပ်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အကြောင်းကြားပေးတဲ့အခါ Teldgram link ပါ ထည့်သွင်းပြောပေးသွားပါမယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်စားပေးပါဦး။

❗️❗️ဒီ အခွင့်အရေးကို Essential English Books မှာ Grade 8 စာအုပ် pre-order မှာယူထားသူတွေသာ ရနိုင်မှာဖြစ်ပြီး တခြားသူတွေ မရပါဘူး။ စာအုပ်ဆိုင်တွေကနေ ဝယ်ယူသူတွေ ဒီအခွင့်အရေး မရပါဘူး။ ❗️❗️

စာအုပ်မှာယူချင်ရင်
m.me/EssentialEnglishBook ကို နှိပ်ပြီး အမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံပေးပြီး မှာယူနိုင်ပါတယ်။
👍54
Media is too big
VIEW IN TELEGRAM
Grade 11 English (သင်ရိုးသစ်)
4E Writing

ဒီသင်ခန်းစာမှာ
ကြောင်းကျိုးပြအရေးအသားဆိုတာ ဘာလဲ
ဒလို စာစီစာကုံးတစ်ပုဒ်ကို ဘယ်လို ရေးသားရသလဲ
စဉ်းစားပုံ၊ ရေးသားပုံ
နမူနာအရေးအသား
အားလုံးကို အသေးစိတ် ရှင်းပြထားပါတယ်။

လေ့လာကြည့်ပါဦး။
30👍26👏1
Media is too big
VIEW IN TELEGRAM
Grade 8 English (သင်ရိုးသစ်)
Unit 4
Lesson 2
A Global Citizen

ဒီသင်ခန်းစာမှာ
ကမ္ဘာ့နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေ
လငယ်တွေ တာဝန်ကျေဖို ဘာလုပ်နေတယ်ဆိုတာ
စာဖတ်စွမ်းရည် တက်ဖို
လေ့ကျင့်ခန်းတွေ ဖြေနိုင်ဖို
အသေးစိတ် သင်ပြထားပါတယ်။
လေ့လာကြည့်ပါဦး။
46👍32