EETS - Essential English for Teachers and Students
30.6K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Grade 11 English (သင်ရိုးသစ်) ရဲ့ Unit 2: Online Shopping: Pros and Cons ရဲ့ Grammar သင်ခန်းစာမှာ must နဲ့ have to အကြောင်း အကျဉ်းရှင်းပြထားပြီး လေ့ကျင့်ခန်းတွေ ပေးထားတာ ရှိပါတယ်။

Grade 8 English (သင်ရိုးသစ်) ရဲ့ Unit 6, Lesson 3 မှာတော့ must, mustn't, have/ has to, don't/ doesn't have to အကြောင်းကို လေ့လာရပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

ဒါတွေက ပြဋ္ဌာန်းစာအုပ်ထဲမှာ အကျဉ်းသဘောပဲ ဖြစ်ပြီး နားလည်ဖို့ခက်နေရင် ခု အသေးစိတ် ဥပမာတွေ စုံစုံလင်လင်နဲ့ ရှင်းပြထားတာ လေ့လာနိုင်ပါတယ်။ ခု have to ကို သုံးစွဲပုံရှင်းပြထားပါတယ်။

video နဲ့ ရှင်းပြထားတာ ဒီမှာကြည့်ပါ။
https://fb.watch/eG1zfhBWIx/

နောက်ထပ်သင်ခန်းစာတွေ တင်ထားပေးပါမယ်။
စာအုပ်လိုချင်ရင်တော့ ဒီ link ကို နှိပ်ပြီး page မှာ မှာယူနိုင်ပါတယ်။
m.me/EssentialEnglishBook
👍171
သင်ရိုးသစ် အင်္ဂလိပ်စာ အတွက် အကျိုးရှိမယ့် ဆွေးနွေးပွဲလေး လုပ်ပေးမယ်လို့ ပြောခဲ့တာ မှတ်မိလား မသိဘူး။

ပညာတော်၊ အတွေ့အကြုံများတဲ့ နာမည်ကြီး ဆရာကြီးတစ်ဦးကို ဖိတ်ခေါ်ပြီး ဆွေးနွေးပေးမှာပါ။

ဆရာကြီးက အချိန်ဖဲ့ပြီး ပေးရတာမို့ တစ်ရက်သာ စီစဉ်နိုင်ပါမယ်။ 9 လပိုင်းမှာ စီစဉ်ပါမယ်။ နှစ်ရက် အချိန်ပေးနိုင်အောင် ကျွန်တော်လည်း တစ်ရက် ယူပေးပြီး နှစ်ယောက် တစ်ရက်စီပြောရင် ကောင်းမလား စဉ်းစားနေပါတယ်။

ဆရာကြီးက သင်ရိုးသစ် အတန်းစုံအတွက် အကျိုးရှိမယ့် Reading အကြောင်း ပြောချင်တယ်။ ကျွန်တော်ကတော့ ဆရာကြီးပိုင်နိုင်တဲ့ Writing အကြောင်းကို ဆွေးနွေးစေချင်တယ်။ နောက်တော့ ဆရာကြီးက တက်ချင်သူတွေ မေးကြည့်ပါဦး။ သူတို့လိုအပ်တာ ပြောပေးပါမယ်လို့ သဘောတူတယ်။

Zoom Meeting နဲ့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ အချိန်က အများစုအားမယ့် Sat/Sun ညပိုင်း ဖြစ်ပါတယ်။ အသေးစိတ် စီစဉ်ရ အဆင်ပြေအောင် ဒီအချက်လေးတွေ အကြံပြုပေးပါဦး။

(1) တစ်ရက်ပဲ တက်ချင်တာလား၊ နှစ်ရက် တက်ချင်တာလား
(2) Reading and Writing ဘာလိုချင်လဲ
(3) တခြားလိုအပ်တာ ဘာရှိသေးလဲ

ဆွေးနွေးပွဲက အခမဲ့ ဖြစ်ပါမယ်။

အသေးစိတ် စီစဉ်ပြီးရင် EETS page မှာ ကြေညာပေးပါမယ်။
https://www.facebook.com/EssentialEnglishForTeachersAndStudents/
👍217
သင်ရိုးသစ် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးဖို့ ဆရာကြီးတစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။ ဆွေးနွေးပွဲလို့ပဲ ပြောပြော၊ သင်တန်းလို့ပဲဆိုဆို အတူတူပါပဲ။

ဆရာကြီးက 9 လပိုင်း 25 ရက်နေ့ဟာ သူ့ရဲ့မွေးနေ့ဖြစ်လို့ မွေးနွေးအမှတ်တရအနေနဲ့ ပညာဒါန ပြုချင်တယ်။ တကယ်တော့ သင်တန်းတွေနဲ့ မအားလပ်တဲ့သူအနေနဲ့ ခုလိုမျိုး ပညာဒါန အချိန်ပေးတာ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ဆွေးနွေးပေးခ မယူပါဘူး။

တနင်္ဂနွေ နှစ်ပတ် အချိန်ပေးပါမယ်။ Reading တစ်ရက်၊ Writing တစ်ရက် အချိန်ယူပြီး ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ဟိုတစ်နေ့က သဘောထား ကောက်ယူတော့ comment ပေးထားတာတွေ အားလုံးကို ဆရာကြီးကို ပြောပြလိုက်တော့ Reading ရော Writing ပါ တက်ချင်သူတွေများတဲ့အတွက် ကြိုးစားပြီး နှစ်ရက် အချိန်ပေးပါမယ်တဲ့။ အခွင့်သာတုန်း အမိအရ ပညာယူစေချင်ပါတယ်။

ဆွေးနွေးပွဲကို Zoom Meeting နဲ့ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကျွန်တော့်ဘက်က လူငါးရာဝင်ရောက်လို့ရတဲ့ Zoom acc ဝယ်ယူပြီး စီစဉ်ပေးပါမယ်။ ခုလို ငွေလည်း စိုက်၊ ပညာလည်းစိုက်ပြီး မျှဝေမယ့်အစီအစဉ်မှာ ကိုယ့်ဘက်က ဝီရိယလေး စိုက်ရုံပါပဲ။ (နီးတဲ့အခါ ဆွေးနွေးပွဲအကြောင်း အချက်အလက် အသေးစိတ် ထပ်ပြောပါမယ်)

ဒီ Telegram Channel မှာ video recording ပေးထားပါမယ်။ ခုကတည်းက join ထားလိုက်ပါ။
https://t.me/LessonsEETS

ဆရာကြီးနာမည်က ဘယ်သူဖြစ်မလဲ ပဟေဠိ ဖြေကြည့်ပါဦး။ ကျောင်းသင်ရိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်တယ်။ စာအုပ်တွေ ထုတ်တယ်။ လက်ရှိမှာလည်း သင်တန်းတွေ ပေးနေတယ်။ ကျွန်တော်နဲ့လည်း ရင်းနှီးမှုရှိတယ်။ ဒီအချက်တွေနဲ့ တိုက်ဆိုင်ပြီး စဉ်းစားကြည့်ပါဦး။
👍89🥰1513
Grade 10 English (New Course) Audio files

Grade 10 အတွက် Audio file တွေ တင်ပေးပြီးတာ ကြာပါပြီ။ ခု ထပ်တောင်းနေကြလို့ Telegram မှာ ပြန်တင်ပေးလိုက်ပါတယ်။
👍3119
Media is too big
VIEW IN TELEGRAM
Grade 11 English

Unit 1
1B Vocabulary
Adverb Adjective Collocation အကြောင်းကို သင်ပြရှင်းပြထားပါတယ်။
တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်
ဘာကြောင့် ဒီလိုတွဲရတယ်
ဘယ်လိုစဉ်းစားရတယ်ဆိုတာတွေ
အသေးစိတ် ပြောပြထားပါတယ်။ လေ့လာကြည့်ပါဦး။
64👍41😁1
Media is too big
VIEW IN TELEGRAM
Grade 11 English (သင်ရိုးသစ်)

Unit 1
1C Grammar ကို သင်ပြထားပါတယ်။

ဒီသင်ခန်းစာမှာ
Both ... and နဲ့ ဝါကျတည်ဆောက်ပုံအကြောင်း
before and after သုံးစွဲပုံ
After + Ving, Before + Ving ရေးသားပုံတွေ
အားလုံးကို အသေးစိတ် သင်ပြထားပါတယ်။

လေ့လာကြည့်ပါဦး။
👍6540🥰1😁1