EETS - Essential English for Teachers and Students
30.6K subscribers
1.05K photos
213 videos
50 files
202 links
Download Telegram
ဆရာစည်သူထက်ရဲ့ Grade 6 English (သင်ရိုးသစ်)၊ သင်ရိုးကုန် အဖြေစုံ စာအုပ်ကို ကြိုတင်ပြီး Pre-order မှာယူထားနိုင်ပါပြီ။ July လ ပထမပတ်မှာ စာအုပ်ထွက်ရှိလာမှာဖြစ်ပြီး စာအုပ်ထွက်ရှိလာတာနဲ့ Pre-order မှာယူထားသူများကို ဦးစားပေး စတင်ပို့ဆောင်ပေးပါမယ်။

သင်ရိုးသစ် သင်ခန်းစာဖြစ်တာနဲ့ အညီ ကျောင်းသား/သူတွေရော၊ ဆရာ/မတွေပါ အထောက်အကူပြုစာအုပ် လိုအပ်ပါတယ်။ ခု စာအုပ်ကတော့ အားလုံးအတွက် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

စာအုပ်ထဲမှာ -

✅ သင်ခန်းစာအားလုံးရဲ့ ဝါကျတစ်ကြောင်းချင်းစီအတွက် အပိုအလိုမရှိ တိကျချောမွေ့တဲ့ မြန်မာပြန်ရှင်းလင်းချက်တွေ ပေးထားပါတယ်။ အင်္ဂလိပ်စာကြောင်းဖတ်ပြီး မရှင်းလင်းတာ၊ သေချာနားမလည်တာတွေကို မြန်မာပြန်ဝါကျဖတ်ပြီး ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

✅ သင်ခန်းစာတစ်ခုပြီးတိုင်းမှာ စကားလုံးတွေ၊ အဓိပ္ပာယ်တွေကို သီးသန့် စုစည်းပေးထားပါတယ်။ ဝေါဟာရ ကြွယ်ဝဖို့ အင်မတန် အထောက်အကူ ဖြစ်ပါတယ်။

✅ လေ့ကျင့်ခန်း အားလုံးအတွက် မှန်ကန် ပြည့်စုံတဲ့ အဖြေတွေ ဖြေပြထားပါတယ်။

✅ ဒါ့ထက် ပိုပြီးအကျိုးရှိမှာက Writing လေ့ကျင့်ခန်းနဲ့ Project လေ့ကျင့်ခန်းအားလုံးအတွက် စံပြအဖြေတွေ၊ အရေးအသားတွေ ပေးထားတာပါပဲ။ ကိုယ်တိုင်မရေးတတ်၊ မလုပ်တတ်ခင်မှာ နမူနာတွေကြည့်၊ အရေးအသားတွေဖတ်ပြီး စံနမူနာယူပြီး လေ့ကျင့်သင်ကြားနိုင်မှာပါ။

ဒီလောက်နဲ့တင် လုံလောက်ပြီလို့ ဆိုနိုင်ပေမဲ့ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ မကုန်သေးပါဘူး။ ဒီစာအုပ်မှာ Laptop, Computer, ဖုန်းတို့နဲ့ ဖွင့်လို့ရတဲ့ Video သင်ခန်းစာ အခွေပါပါတယ်။

Video အခွေထဲမှာ -
🔰 Listening အတွက် native speaker အသံနဲ့ လေ့ကျင့်စရာတွေ၊ listening လေ့ကျင့်ရမယ့်ပုံတွေ အသေးစိတ်ရှင်းပြထားတယ်။
🔰 Speaking သင်ခန်းစာအတွက် နမူနာစကားပြောတွေ၊ လက်တွေ့လေ့ကျင့်ပုံတွေ သင်ပြထားတယ်။
🔰 Vocabulary, Grammar, Reading, Writing သင်ခန်းစာအားလုံးအတွက် ဆရာတစ်ဦးအနားမှာ ရှင်းပြနေသလို တစ်လုံးချင်း၊ တစ်ကြောင်းချင်း၊ တစ်ချက်ချင်း သေချာရှင်းပြထားတယ်။

ပြန်လည်သင်ပြပေးမယ့် ဆရာ/မတွေ၊ Study Guide တွေအတွက် ဒီစာအုပ်က မဖြစ်မနေ ရွေးချယ်စရာ ဖြစ်သလို လေ့လာရမယ့် ကျောင်းသားတွေအတွက်လည်း လိုလေသေးမရှိ ပြည့်စုံအောင် စီစဉ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီလို အဘက်ဘက်ကနေ နှစ်ဆအဆင်ပြေအောင် စီစဉ်ထားပေမဲ့ စာအုပ်တန်ဖိုးကို #ရှစ်ထောင့်ငါးရာကျပ် သာ သတ်မှတ်ထားပါတယ်။ ပြန်ရမယ့် အကျိုးကျေးဇူးနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းရာချီပြီး တန်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

စာအုပ်တွေက အသစ်ထွက်ရှိပြီဆိုတာနဲ့ ကျောင်းသား/သူတွေ၊ လေ့လာသူတွေအားလုံးအတွက် အဆင်ပြေလွန်းလို့ စာအုပ်ထွက်ပြီဆိုတာနဲ့ စုပြုံမှာကြလို့ Pre-order မှာတင် ကုန်တာများပါတယ်။ ဒါကြောင့် ကြိုတင်မှာထားတာမရှိဘဲ နောက်မှ ဝယ်ပါမယ်ဆိုတဲ့သူတွေက မရလိုက်ဘဲ နောက်တစ်ကြိမ်ပုံနှိပ်တာကို အချိန်အကြာကြီး ပြန်စောင့်ရတဲ့ သင်ခန်းစာတွေ ရှိပါတယ်။ ဒါကြောင့် လိုအပ်တယ်၊ လိုချင်ဆို ခုပဲ အမှာတင်ထားလိုက်ပါ။

Pre-order မှာယူမယ်ဆို
🔸အမည်
🔸ဖုန်းနံပါတ်
🔸လိပ်စာအပြည့်အစုံ (အိမ်အမှတ်၊ လမ်း၊ ရပ်ကွက်၊ မြို့နယ်)
🔸မှာယူလိုတဲ့ စာအုပ်အမည် ကို m.me/EssentialEnglishBook ကို နှိပ်ပြီး Page ရဲ့ messenger ကနေ ပို့ထားပေးပါ။ စာအုပ်တန်ဖိုး ၈၅၀၀ + ပို့ခ ၁၅၀၀ ဖြစ်ပါတယ်။

ပန်းပို့ Delivery နဲ့ ပို့ဆောင်ပေးမှာဖြစ်ပြီး အိမ်ရောက် ငွေချေစနစ်ဖြစ်ပါတယ်။ ငွေကြိုလွှဲစရာ မလိုပါ။ ရွာဘက်တွေ၊ ပန်းပို့မရောက်တဲ့ မြို့တွေကို စာတိုက်နဲ့ ပို့ပေးပါမယ်။

စာအုပ်ထွက်တဲ့အခါ ပို့ဆောင်ချိန်မကြာဘဲ မြန်မြန်လိုချင်သူတွေကို Royal Express, Bee Express, ကားတို့နဲ့ ပို့ပေးပါမယ်။ စာအုပ်ဖိုး ကြိုလွှဲပေးရပါမယ်။ လူအများကို မစောင့်ရလို့ ပိုမြန်မြန် ရပါတယ်။

စာအုပ်ထွက်ရှိတဲ့အခါ ပြန်လည်အကြောင်းကြားပြီး ပို့ဆောင်ပေးသွားပါမယ်။

စာအုပ်မှာယူရန် link
www.facebook.com/EssentialEnglishBook
👍11❤1🥰1