၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်သော Grade 12 စာမေးပွဲ ဖြေဆိုကြရမည့် မေးခွန်းပြောင်းလဲမှုများ အကြမ်းဖျင်းထွက်ရှိမှု
ဒီခေါင်းစဉ်နဲ့ ဘာသာရပ်အလိုက် ပြဋ္ဌာန်းစာအုပ်ထဲက ဘယ်နှစ်မှတ်၊ မေးခွန်းဟောင်းထဲက ဘယ်နှစ်မှတ်ဆိုပြီး ခွဲထားတာကို share ကြ၊ copy ကူးကြတာကို မြင်နေရပါတယ်။
ဒါမျိုးရော အလားတူအကြောင်းအရာတွေရော စာသင်နှစ်ဝက်ရောက်တဲ့အခါ၊ စာသင်နှစ်ဆုံးခါနီးမှာ သိပ်ပြီး လူပြောများပါတယ်။ ဒါမျိုးကို အတွေ့အကြုံရင့်ကျက်တဲ့ ဆရာ/မတွေက ဂရုမစိုက်ဘဲ ရယ်စရာလို့ပဲ သဘောထားကြပေမဲ့ မိဘတွေ၊ ကျောင်းသား/သူတွေက တကယ်အမှန်လို့ ထင်မှတ်မိတတ်ပါတယ်။ စာသင်နှစ် နည်းသေးတဲ့ ဆရာ/မတွေလည်း ဟုတ်လေမလားလို့ တွေးမိတတ်ပါတယ်။
“၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန” စတဲ့ စကားလုံးကြီးကြီးတွေ သုံးထားတာနဲ့ ယုံရမှာ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့မှာ တရားဝင် website ရယ်၊ Facebook page ရယ် ရှိပါတယ်။ အဲဒီမှာ တင်ထားတာလား။
သတင်းစာ၊ တီဗီမှာ တရားဝင် ကြေညာသလား။
သင်တန်းတွေ ခေါ်ယူပြီး မေးခွန်းပုံစံအကြောင်း ဆွေးနွေးတဲ့အထဲ ပါလား။ သို့မဟုတ် ကျောင်းတွေကို ရုံးစာနဲ့ ညွှန်ကြားချက် ပို့ထားတာလား။
အဲဒါတွေ တစ်ခုခုအတိုင်းလုပ်ထားတာဆို ယုံပါ။ မဟုတ်ရင် မယုံပါနဲ့။
မဟုတ်လည်း ဘာမှမဖြစ်ဘူး။ ဒီအတိုင်းပဲ သိစေချင်လို့ မျှဝေလိုက်တာပါဆိုတာက မသင့်တော်ပါဘူး။ ဘာလို့လဲဆိုတော့ Grade 12 က ကလေးတွေရဲ့ အရေးကြီးတဲ့ ဘဝတစ်ဆစ်ချိုးပါ။ ဒီမှာ အချက်အလက် အမှားအယွင်းတွေကို တကယ်ထင်ပြီး လုပ်သင့်လုပ်ထိုက်တာ မလုပ်မိရင်၊ ကြိုးစားထားသင့်တာ မကြိုးစားရင် သူတို့တွေ နစ်နာသွားရတာဟာ ကိုယ့်ရဲ့ ပယောဂလည်း မကင်းပါဘူး။
ခု မျက်စိရှေ့မှာ ရေးနေကြ၊ share နေကြတာကိုပဲ ပြန်ပြောရရင် ဒါက တကယ်မဟုတ်ကြောင်း ဒီအချက်တွေကို ကြည့်ပြီး တွက်ဆနိုင်ပါတယ်။
(၁) အကြမ်းဖျင်း ထွက်ရှိမှုဆိုတဲ့ စကား
အကြမ်းဖျင်းထွက်လို့ မရပါဘူး။ တကယ်ဒီလို သတ်မှတ်ရင် တရားဝင် ထွက်မှာပါ။
(၂) ပြဋ္ဌာန်းစာအုပ် ဘယ်နှစ်မှတ် မေးခွန်းဟောင်း ဘယ်နှစ်မှတ်ဆိုတာ
မေးခွန်းအားလုံးက ပြဋ္ဌာန်းစာအုပ် အခြေခံမေးတာ ဖြစ်ပါတယ်။ မေးထားပြီးသားက မေးခွန်းဟောင်း ဖြစ်ပါတယ်။ မေးခွန်းဟောင်းဆိုတာ သီးသန့်အကြောင်းအရာ မဟုတ်ပါ။ ဒါကြောင့် အဲဒီအထဲက ဘယ်နှစ်မှတ်ဆိုပြီး ခွဲတာ ယုတ္တိမရှိပါ။
(၃) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်သော ဆိုတဲ့ စကား
တကယ်ထုတ်ပြန်ခဲ့တာ ဆိုရင် ဘယ်မှာ ထုတ်ပြန်တာလဲ။ တရားဝင် website, Facebook လား။ သတင်းစာလား၊ တီဗီလား။ ရုံးစာနဲ့လား။ တစ်ခုမှ မရှိပါဘူး။
ကျောင်းသား/သူတွေအနေနဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို အပြည့်အဝသာ ကြိုးစားပါ။ ဆရာ/မတွေအနေနဲ့ လုပ်ပေးသင့်တာအတိုင်းသာ အပြည့်အဝ လုပ်ပေးပါ။ ဒါဆို အဆင်ပြေပါတယ်။ မဟုတ်တာတွေကို ဟုတ်နိုးနိုး စိတ်ညစ်ပြီး အာရုံပျံ့လွင့်မခံပါနဲ့လို့ အားပေးတိုက်တွန်းပါရစေ။

❤52👍3🥰2
ထက်မြက်ရတနာကိုယ်ပိုင်အထက်တန်းကျောင်း၊ မအူပင်မြို့က အဆောင်နေ သားချော၊ သမီးချောလေးများရဲ့ အမှတ်တရ ပုံလေးတွေပါ။
နှစ်ဝက်စာမေးပွဲအတွက် ကျွန်တော့်ရဲ့ English Workbook စာအုပ်လေးရယ်၊ မေးခွန်းဟောင်း စာအုပ်ရယ် ပေါင်းစပ်လေ့ကျင့်နေကြသူတွေပါ။
နှစ်ဝက်စာမေးပွဲတင်မက တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးမှာပါ အောင်မြင်မှုပန်းတွေ ကြွားကြွားဝင့်ဝင့် ဆင်မြန်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

❤31🥰3👍1
Grade 11 English သင်ခန်းစာတွေကိုလည်း Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို တင်ပေးပါမယ်။ ဒါက Unit 6 Travel in Southeast Asia II ပါ။ ရှေ့မှာ Unit 5 အထိ တင်ပေးပြီးပါပြီ။
Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ လေ့လာကြည့်ပါဦး။
တခြားသင်ခန်းစာတွေကိုလည်း ပုံမှန်သင်ကြားပေးသွားပါမယ်။

❤44👍2
Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို မေးခွန်းတွေ Unit 3 အထိ တင်ပြီးပါပြီ။ အခု Unit 4 ကို လေ့ကျင့်ကြရအောင်နော်။
❤22👍1
Unit 4.pdf
1.1 MB
Unit 4 အတွက် လေ့ကျင့်စရာတွေကို ကြည်ကြည်လင်လင် ဖတ်ရှုနိုင်ဖို၊ print ထုတ်နိုင်ဖို ဒီ Link ကို နှိပ်ပေးပါ။
❤28👍1
ကျွန်တော့်ရဲ့ Grade 12 English မေးခွန်းဟောင်း စာအုပ်လေးနဲ့ သင်ကြား၊ လေ့ကျင့်နေကြတဲ့ ပုဂံညောင်ဦးက သားငယ်၊ သမီးငယ်တွေရဲ့ အမှတ်တရ ပုံရိပ်တွေ။
ခုလို အမှတ်တရ ပို့ပေးတဲ့ ဆရာမကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ကလေးတွေလည်း စာမေးပွဲတွေကို အလွယ်တကူဖြေဆိုနိုင်ပြီး အကောင်းဆုံး ရလဒ်တွေ ရပါစေ။ ဆရာမလည်း ကလေးတွေကြောင့် ဂုဏ်တင့်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် 😍

❤20👍1🥰1
နှစ်ဝက်စာမေးပွဲအတွက် အင်္ဂလိပ် သင်ခန်းစာတွေ သင်ကြားပြီး၊ ပြန်လှန်လေ့ကျင့်ပြီးပြီဆိုရင် ကိုယ် စာဘယ်လောက်ရသလဲဆိုတာ သိရအောင် စစ်ဆေးနိုင်ဖို့ Units 1 to 6 အတွက် မေးခွန်းလေးတွေ စီစဉ်ပေးလိုက်ပါတယ်။
ကိုယ်စာရမရ ဒီမေးခွန်းတွေနဲ့ ဖြေဆိုစစ်ဆေးကြည့်ပါဦး။
မေးခွန်းကောင်း စံ အတိုင်း လွယ်၊ သင့်၊ ခက် မျှပြီး ထုတ်ထားပါတယ်။ အဖြေတွေလည်း ပေးထားပါတယ်။

❤38