EETS - Essential English for Teachers and Students
30.3K subscribers
1.15K photos
213 videos
56 files
224 links
Download Telegram
Grade 10 အတွက် initial letter မေးခွန်းတွေ၊ Multiple-choice မေးခွန်းတွေ Unit အကုန်လုံးအတွက် တင်ထားပေးပြီးပါပြီ။ အခု Reading comprehension (Seen passage) အတွက် မေးခွန်းတွေ တင်ပေးသွားပါမယ်။ Unit 1 က စကြရအောင်နော်။
❤47🥰1
Unit 1.pdf
803.3 KB
Grade 10 အတွက် initial letter မေးခွန်းတွေ၊ Multiple-choice မေးခွန်းတွေ Unit အကုန်လုံးအတွက် တင်ထားပေးပြီးပါပြီ။ အခု Reading comprehension (Seen passage) အတွက် မေးခွန်းတွေ တင်ပေးသွားပါမယ်။ Unit 1 က စကြရအောင်နော်။ (ကြည်ကြည်လင်လင် ဖတ်ရှှုလို့ရအောင်၊ print ထုတ်လို့ရအောင် ဒီ Telegram link ကို နှိပ်ပြီး download ယူလို့ ရပါတယ်။)
❤69🐳6❤‍🔥1🥰1
ဆရာတစ်ဦး အမှတ်တရ ပို့ပေးတဲ့ ပုဂံနောက်ခံနဲ့ Grade 12 မေးခွန်းဟောင်း စာအုပ်လေး အမှတ်တရ။

ကြည်နူးစရာ ပုံလေး ပို့ပေးလို့ ကျေးဇူးပါခင်ဗျာ။ သွားချင်ပေမဲ့ မရောက်သေးတဲ့နေရာကို စာအုပ်လေး အရင်ပို့ထားပေးလို့ပါ 😍
❤30🥰3🦄3
Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို့ မေးခွန်းတွေ Unit 1 အတွက် တင်ပြီးသွားပါပြီ။ ခု Unit 2 ကို လေ့ကျင့်ကြရအောင်နော်။
❤42👍1
Unit 2.pdf
921 KB
Unit 2 အတွက် လေ့ကျင့်စရာတွေကို ကြည်ကြည်လင်လင် ဖတ်ရှုနိုင်ဖို့၊ print ထုတ်နိုင်ဖို့ ဒီ Link ကို နှိပ်ပေးပါ။
❤29
အလယ်တန်းကစလို့ အထက်တန်းအထိ အတန်းစုံ အင်္ဂလိပ်စာ သင်ခန်းစာတွေကို အလွယ်တကူ လေ့လာနိုင်အောင်လို့ ကျွန်တော်က စာနဲ့တမျိုး၊ ဗီဒီယိုတွေနဲ့ တသွယ် မျှဝေပေးနေပါတယ်။

Facebook, Telegram, Youtube နဲ့ ခုနောက်ပြီး Tiktok မှာပါ မျှဝေပေးနေပါတယ်။

Paid group နဲ့ လေ့လာချင်သူတွေအတွက်လည်း ဈေးနှုန်း သက်သက်သာသာနဲ့ ရာသက်ပန်လေ့လာလို့ ရအောင် Telegram group တွေ လုပ်ထားပေးပါသေးတယ်။ အဲဒီမှာ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို တချို့ရဲ့ တောင်းဆိုချက်တွေက ဖြည့်ဆည်းပေးနိုင်တာထက် ကျော်လွန်နေတာရှိတော့ စည်းကမ်းသတ်မှတ်ချက်လေးတွေ ထားရပါတော့တယ်။ လူအများနဲ့ဆိုတော့ အဲဒီ စည်းကမ်းချက်တွေကို ဟိုလူတစ်မျိုး ဒီလိုတစ်မျိုးမဖြစ်ရအောင် ခိုင်ခိုင်မာမာ စွဲကိုင်ရပါတယ်။
ဥပမာ ပြောရရင် -
Telegram member ဝင်တဲ့အခါ Download ယူလို့ရတယ်။ Account မပျက်မချင်း ရာသက်ပန်လေ့လာလို့ ရပါတယ်။ ဒါပေမဲ့ Account ပျက်တာ၊ ထွက်မိတာ၊ Account ချိန်းချင်တာအားလုံး member ကြေး ထပ်သွင်းရမယ်လို့ စည်းကမ်းချက်ထားပါတယ်။ ဘယ်သူ့ကိုမဆို အဲဒီအတိုင်းပါပဲ။ ဟိုလူ့ကို လျှော့ပေးလိုက်မယ်၊ ဒီလူ့ကို တင်းလိုက်မယ် မလုပ်ပါဘူး။

တချို့လူတွေက ဟိုလိုဒီလို ဖြစ်ချင်တာများပြီး တဂျီဂျီ လာပြောတာ ရှိတော့ စိတ်ပျက်ပြီး group ကို အကန့်အသတ်တွေ လုပ်မယ်လို့ စဉ်းစားခဲ့တယ်။ member ကြေး တိုးမယ်။ Group သက်တမ်းကို ရာသက်ပန်အစား တစ်နှစ်ပဲ ထားမယ်။ Download ယူခွင့်ပိတ်မယ်ဆိုပြီး။

ပြန်စဉ်းစားကြည့်တော့ သင်ခန်းစာတွေ သင်ပေးခဲ့တာက လေ့လာသူတွေကို အဆင်ပြေအောင်လို့ပဲ။ နောက်ပြီး member ဝင်သူတွေမှာ သုံးလေးယောက်က လွဲရင် ကျန်သူတွေက အဆင်ပြေနေတော့ အကန့်အသတ်တွေ မလုပ်တော့ဘူး။ ပုံမှန်အတိုင်း အဆင်ပြေအောင် လေ့လာခွင့်ပြုလိုက်မယ်ဆိုပြီး member ကြေး မတိုးတော့ဘဲ ရာသက်ပန် လေ့လာခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အကောင့် ပျက်၊ ထွက်မိတာ၊ ချိန်းချင်တာအားလုံးအတွက် စည်းကမ်းကတော့ အရင်အတိုင်း မပြောင်းလဲဘဲ ထားတုန်းပါ။

Group အကြောင်း အသေးစိတ် သိရှိရန် ဒီ Link လေး နှိပ်ပေးပါခင်ဗျာ။
https://t.me/LessonsEETS/1018
❤41👍2
Grade 10 အတွက် Reading comprehension (Seen passage) အတွက် လေ့ကျင့်ဖို မေးခွန်းတွေ Unit 1 နဲ့ 2 အတွက် တင်ပြီးသွားပါပြီ။ ခု Unit 3 ကို လေ့ကျင့်ကြရအောင်နော်။
❤23👍1
Unit 3.pdf
154.5 KB
Unit 3 အတွက် လေ့ကျင့်စရာတွေကို ကြည်ကြည်လင်လင် ဖတ်ရှုနိုင်ဖို၊ print ထုတ်နိုင်ဖို ဒီ Link ကို နှိပ်ပေးပါ။
❤24👍2
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်သော Grade 12 စာမေးပွဲ ဖြေဆိုကြရမည့် မေးခွန်းပြောင်းလဲမှုများ အကြမ်းဖျင်းထွက်ရှိမှု

ဒီခေါင်းစဉ်နဲ့ ဘာသာရပ်အလိုက် ပြဋ္ဌာန်းစာအုပ်ထဲက ဘယ်နှစ်မှတ်၊ မေးခွန်းဟောင်းထဲက ဘယ်နှစ်မှတ်ဆိုပြီး ခွဲထားတာကို share ကြ၊ copy ကူးကြတာကို မြင်နေရပါတယ်။

ဒါမျိုးရော အလားတူအကြောင်းအရာတွေရော စာသင်နှစ်ဝက်ရောက်တဲ့အခါ၊ စာသင်နှစ်ဆုံးခါနီးမှာ သိပ်ပြီး လူပြောများပါတယ်။ ဒါမျိုးကို အတွေ့အကြုံရင့်ကျက်တဲ့ ဆရာ/မတွေက ဂရုမစိုက်ဘဲ ရယ်စရာလို့ပဲ သဘောထားကြပေမဲ့ မိဘတွေ၊ ကျောင်းသား/သူတွေက တကယ်အမှန်လို့ ထင်မှတ်မိတတ်ပါတယ်။ စာသင်နှစ် နည်းသေးတဲ့ ဆရာ/မတွေလည်း ဟုတ်လေမလားလို့ တွေးမိတတ်ပါတယ်။

“၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန” စတဲ့ စကားလုံးကြီးကြီးတွေ သုံးထားတာနဲ့ ယုံရမှာ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့မှာ တရားဝင် website ရယ်၊ Facebook page ရယ် ရှိပါတယ်။ အဲဒီမှာ တင်ထားတာလား။

သတင်းစာ၊ တီဗီမှာ တရားဝင် ကြေညာသလား။

သင်တန်းတွေ ခေါ်ယူပြီး မေးခွန်းပုံစံအကြောင်း ဆွေးနွေးတဲ့အထဲ ပါလား။ သို့မဟုတ် ကျောင်းတွေကို ရုံးစာနဲ့ ညွှန်ကြားချက် ပို့ထားတာလား။

အဲဒါတွေ တစ်ခုခုအတိုင်းလုပ်ထားတာဆို ယုံပါ။ မဟုတ်ရင် မယုံပါနဲ့။

မဟုတ်လည်း ဘာမှမဖြစ်ဘူး။ ဒီအတိုင်းပဲ သိစေချင်လို့ မျှဝေလိုက်တာပါဆိုတာက မသင့်တော်ပါဘူး။ ဘာလို့လဲဆိုတော့ Grade 12 က ကလေးတွေရဲ့ အရေးကြီးတဲ့ ဘဝတစ်ဆစ်ချိုးပါ။ ဒီမှာ အချက်အလက် အမှားအယွင်းတွေကို တကယ်ထင်ပြီး လုပ်သင့်လုပ်ထိုက်တာ မလုပ်မိရင်၊ ကြိုးစားထားသင့်တာ မကြိုးစားရင် သူတို့တွေ နစ်နာသွားရတာဟာ ကိုယ့်ရဲ့ ပယောဂလည်း မကင်းပါဘူး။

ခု မျက်စိရှေ့မှာ ရေးနေကြ၊ share နေကြတာကိုပဲ ပြန်ပြောရရင် ဒါက တကယ်မဟုတ်ကြောင်း ဒီအချက်တွေကို ကြည့်ပြီး တွက်ဆနိုင်ပါတယ်။

(၁) အကြမ်းဖျင်း ထွက်ရှိမှုဆိုတဲ့ စကား
အကြမ်းဖျင်းထွက်လို့ မရပါဘူး။ တကယ်ဒီလို သတ်မှတ်ရင် တရားဝင် ထွက်မှာပါ။
(၂) ပြဋ္ဌာန်းစာအုပ် ဘယ်နှစ်မှတ် မေးခွန်းဟောင်း ဘယ်နှစ်မှတ်ဆိုတာ
မေးခွန်းအားလုံးက ပြဋ္ဌာန်းစာအုပ် အခြေခံမေးတာ ဖြစ်ပါတယ်။ မေးထားပြီးသားက မေးခွန်းဟောင်း ဖြစ်ပါတယ်။ မေးခွန်းဟောင်းဆိုတာ သီးသန့်အကြောင်းအရာ မဟုတ်ပါ။ ဒါကြောင့် အဲဒီအထဲက ဘယ်နှစ်မှတ်ဆိုပြီး ခွဲတာ ယုတ္တိမရှိပါ။
(၃) ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်သော ဆိုတဲ့ စကား
တကယ်ထုတ်ပြန်ခဲ့တာ ဆိုရင် ဘယ်မှာ ထုတ်ပြန်တာလဲ။ တရားဝင် website, Facebook လား။ သတင်းစာလား၊ တီဗီလား။ ရုံးစာနဲ့လား။ တစ်ခုမှ မရှိပါဘူး။

ကျောင်းသား/သူတွေအနေနဲ့ ကိုယ်လုပ်သင့်လုပ်ထိုက်တာကို အပြည့်အဝသာ ကြိုးစားပါ။ ဆရာ/မတွေအနေနဲ့ လုပ်ပေးသင့်တာအတိုင်းသာ အပြည့်အဝ လုပ်ပေးပါ။ ဒါဆို အဆင်ပြေပါတယ်။ မဟုတ်တာတွေကို ဟုတ်နိုးနိုး စိတ်ညစ်ပြီး အာရုံပျံ့လွင့်မခံပါနဲ့လို့ အားပေးတိုက်တွန်းပါရစေ။
❤52👍3🥰2