မေးခွန်းဟောင်းစာအုပ်ရဲ့စာမျက်နှာ 64 မှာ Question No. V နဲ့ VI အတွက် Reading Comprehension ဖြေဆိုနည်းတွေကို အသေးစိတ် သင်ပြထားပါတယ်။
ခု video နဲ့လည်း လေ့လာကြည့်ပါဦး။
https://youtu.be/GswnHIqBdAA
ခု video နဲ့လည်း လေ့လာကြည့်ပါဦး။
https://youtu.be/GswnHIqBdAA
YouTube
Grade 12 english စာမေးပွဲ အောင်ပွဲအတွက် Reading Comprehension ဖြေဆိုနည်း လမ်းညွှန်
Grade 12 Comprehension Exercises တွေ ဖြေဆိုဖို့ အရေးကြီးတဲ့ အချက်အလက်တွေကို ရှင်းပြထားပါတယ်။
❤35🥰1
Grade 12 စာမေးပွဲမှာ မေးခဲ့တဲ့ အင်္ဂလိပ်စာ မေးခွန်းတွေကို မေးခွန်းဟောင်းစာအုပ်အဖြစ် ပြန်စီစဉ်တဲ့အခါ ကျွန်တော်က အမေး၊ အဖြေ ဒီအတိုင်းထည့်ထားတဲ့ စာအုပ်မဖြစ်ချင်ဘူး။
မေးခွန်းဟောင်းဆိုတာ နောင်လာမယ့် စာမေးပွဲမှာ မေးမယ့်မေးခွန်းနဲ့လည်း level အတူတူပဲဆိုတော့ ဒါကိုအခြေခံပြီး မှတ်သားသင့်တာတွေ လေ့လာ၊ မှတ်သား၊ ကျက်မှတ်ထားမယ်ဆိုရင် နောင်လာမယ့် စာမေးပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ပြီးသား ဖြစ်မှာလေ။
မေးခွန်းရဲ့ သဘောက မေးလို့ အကောင်းဆုံး စကားလုံးကို ရွေးချယ်မေးတတ်တယ်။ ဒီလို မေးလို့ကောင်းတဲ့ စကားလုံးတွေ မေးခွန်းဟောင်းထဲမှာ ထပ်ခါထပ်ခါ ပါတတ်တယ်။ ဒါတွေကို အရင်စုစည်းပြီး လေ့ကျင့်ထားရင် နောက်တစ်ခါ ထပ်မေးတဲ့အခါ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေပြီပေါ့။ ဒီလိုမျိုး အကျိုးရှိအောင်လို့ ကျွန်တော်က initial letters တွေအတွက်ကို အရေးအကြီးဆုံး၊ အမေးနိုင်ဆုံးစကားလုံးတွေကို စုစည်းထားလိုက်တယ်။ ဒါတွေ အရင်မှတ်၊ လိုအပ်ရင် ဝါကျတွေနဲ့ တွဲပြီး လေ့ကျင့်ထားရင် မေးလာသမျှ initial မေးခွန်းတွေအတွက် အဖြေရပြီး ဖြစ်နေရောပေါ့။ အခန်းလိုက်စုစည်းထားတဲ့ မေးခွန်းတွေနဲ့ တွဲလေ့ကျင့်လိုက်ရင် ကွက်တိ။ initial အတွက် ကြောက်စရာ လျော့သွားမယ်။
Multiple-choice ဆိုရင်လည်း အတူတူပဲ။ အပေါ်က ဝါကျသာ ပြောင်းရင်ပြောင်းမယ် အောက်က ရွေးချယ်စရာ သုံးခုက ဒါတွေချည်းမေးတတ်တယ်။ ဒီတော့ ပေးထားလေ့ရှိတဲ့ ရွေးချယ်စရာတွေကို တူရာတူရာ စုထားမယ်၊ ဘာကြောင့် ဘယ်စကားလုံး ရွေးချယ်သုံးရတယ်ဆိုတာ ရှင်းပြပေးမယ်ဆိုရင် ဆရာ/မတွေရော၊ ကျောင်းသား/သူတွေအတွက်ရော အများကြီး အဆင်မပြေသွားဘူးလား။ ဒါကြောင့် စာအုပ်ထဲမှာ မေးလေ့ရှိတဲ့ စကားလုံးတွေကို တူရာတူရာ စုထားပြီး မြန်မာ၊ အင်္ဂလိပ် အဓိပ္ပာယ်တွေနဲ့ပါ ကျစ်ကျစ်လျစ်လျစ် ရှင်းပြထားပါတယ်။ ဒါတွေ သေချာလေ့လာပြီးပြီဆို အခန်းအလိုက် မေးခွန်းဟောင်းတွေ လေ့ကျင့်လိုက်ပေါ့။ Multiple-choice က လွယ်လိုက်တာဆိုပြီး ဖြစ်သွားမယ်။
Grammar အတွက်လည်း တူရာတူရာ အုပ်စုလေးတွေခွဲပြီး မေးခွန်းဟောင်းအားလုံးကို စုစည်းလိုက်တယ်။ နှစ်အလိုက်၊အစုံအလိုက်အတိအကျစီတာထက် လေ့ကျင့်တဲ့အခါ မေးခွန်းပုံစံတူညီတာတွေ စုထားတာမို့ Grammar ကျွမ်းကျင်ချင်တဲ့သူတွေအဖို့ ခူးခပ်ပြီးသား စားရသလိုပါ။
ကဗျာကိုတော့ မေးခွန်းဟောင်း အားလုံးကို ကဗျာတစ်ပိုဒ်ချင်းအလိုက် စုလိုက်တယ်။ ကွက်လပ်တွေရော၊ paraphrases တွေရော။ ကျက်မှတ်ရမယ့် Recall Questions တွေကိုကျတော့ Unit အလိုက် စီထားလိုက်တယ်။
Reading Comprehension အတွက်က Seen ရော Unseen အတွက်ပါ ဒါကျက်၊ ဒါဖြေ မရတော့ဘူး။ နားလည်ဖို့၊ ဖြေတတ်ဖို့ပဲ လိုတာ။ စာပိုဒ်တစ်ခုလုံး ပေးထားတာမို့ သဘောတရားနားလည်တာနဲ့ အဖြေအားလုံး ရှိပြီးသားလေ။ ဒါကြောင့် ဖြေတတ်အောင် ကွက်လပ်ဖြေနည်း၊ မေးခွန်းဖြေနည်းတွေ၊ မသိတဲ့ စကားလုံးတွေကို အဓိပ္ပာယ်ခန့်မှန်းနည်းတွေ အရင်သင်ပြထားတယ်။ နမူနာမေးခွန်းတွေ ထုတ်နှုတ်ရှင်းပြထားတယ်။ ပြီးမှ မေးခွန်းတွေ စုစည်းထားပြီး အဖြေတွေပါ ရှင်းရှင်းလင်းလင်း ပေးထားတာ မဖြေတတ်စရာ ဘာရှိမလဲ။ လေ့ကျင့်လိုက်ရုံပါပဲ။
Dialogues and Exchanges တွေမှာ Dialogues တွေကတော့ Grade 10, Grade 11, Grade 12 က Dialogues တွေကို ပြန်မေးတာ အများစုမို့ အထူးတလည်ပြောစရာတော့ မရှိဘူး။ ဒါပေမဲ့ Exchanges တွေအတွက်က နေ့စဉ်သုံးနေကျ Functional Language တွေကို အဓိကထားမေးတာလေ။ ဒီလိုအမေးများတဲ့ အသုံးအနှုန်းတွေကို မြန်မာလိုနဲ့ပါ ကြိုပြီး ဖတ်ထား၊ နားလည်ထားမယ်ဆိုရင် မေးခွန်းကြိုရနေသလိုတောင် ဖြစ်နေပြီပဲ။ အကုန်လုံး လွယ်ပြီပဲ။
Letters & Essays တွေအတွက်က အမှတ်ပေးစည်းမျဉ်းတွေကို ရှင်းပြထားတယ်။ ရေးရမယ့်ပုံစံတွေ အကြံပြုထားတယ်။ ဂုဏ်ထူးသမားတွေအတွက်လည်း သတိပြုစရာရသလို အောင်မှတ်သမားအတွက်လည်း ဘာတွေဖြည့်ဆည်းရမလဲ သိနိုင်ပြီပေါ့။ ဆရာ/မတွေကလည်း ဘယ်လိုသင်ရမလဲ တိတိကျကျ သိနိုင်ပြီလေ။
ဒီလိုရည်ရွယ်ချက်တွေနဲ့ သေချာလေး ကြိုးစား စီစဉ်ထားပါတယ်။ မေးခွန်းတွေကိုလည်း အခန်းအလိုက် တတ်နိုင်သမျှ တိတိကျကျ ဖြစ်အောင် စုထားပါတယ်။ ဒီစာအုပ်ကို လက်စွဲထားပြီး ကျောင်းသား/သူတွေကို သင်ပြမယ့် ဆရာ/မတွေအတွက် အဓိကပါ။
ဆရာ/မတွေ အဆင်ပြေအောင် video နဲ့လည်း သင်ခန်းစာတွေ ဆက်ပြီး ရှင်းပြပေးသွားပါမယ်။
စာအုပ်ကို ဝယ်ယူပြီး တပည့်တွေကို လေ့ကျင့်ပေးနေကြတဲ့ ဆရာ/မတွေကို ကျေးဇူးတင်ပါတယ်။ တစ်ဦးချင်းဝယ်ယူအားပေးသူတွေရော၊ ကျောင်းသား/ကျောင်းသူတွေလက်ထဲ အဆင်ပြေပြေရောက်အောင် ရောင်းချပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
နမူနာစာမျက်နှာတွေ တင်ပေးထားပါတယ်။

❤33👍3
အသိပေးစရာလေး တစ်ခုရှိလို့ပါ။ ဒီ Telegram group က NYI NYI ဆိုတဲ့ တစ်ယောက်က ကျွန်တော်သင်ပြထားတဲ့ member ကြေးနဲ့ ရတဲ့ သင်ခန်းစာတွေကို သူကိုယ်တိုင်ဖန်တီးထားသလိုနဲ့ အလွဲသုံးစားလုပ်နေပါတယ်။
Group တွေ member ဝင်ကတည်းက ဒီ video တွေမှာ မူပိုင်ခွင့်ရှိလို့ ကိုယ်တိုင်အသုံးပြုဖို့ကလွဲရင် ဘယ်နည်းနဲ့မှ ဖြန့်ဝေခွင့်မပြုဘူးလို့ ကြေညာပြီးသားပါ။ Video တွေကိုတော့ လေ့လာရလွယ်ကူအောင် Download ယူခွင့်ပြုထားပါတယ်။
ဒီတစ်ယောက်က တားမြစ်ထားတဲ့ video တွေကို ဖြန့်ဝေတာလည်း လုပ်တယ်။ ကိုယ်မဖန်တီးထားတာကို ကိုယ်ဖန်တီးထားသလို လုပ်တာက အင်မတန်ဆိုးပါတယ်။
ကျွန်တော်က ကိုယ့်ရဲ့ကွယ်ရာမှာ လုပ်နေတာကို မသိနိုင်ပါဘူး။ Private group တွေ ဖြစ်လို့ သွားကြည့်လို့လည်း မရပါဘူး။ ခုလည်း စေတနာရှင်တစ်ဦးက ပြလို့ သိတာပါ။ ဒါကြောင့် အလွဲသုံးစားလုပ်တာတွေ့တိုင်း သိတဲ့သူတွေပါရင် ကူညီပြီး တားပေးပါခင်ဗျာ။
ကျွန်တော့်ဘက်ကဆို အဲဒီလို အလွဲသုံးစားလုပ်တာတွေကို တားဖို့ဆိုရင် Download လုပ်ခွင့်အားလုံးကို ပိတ်မှ ရပါမယ်။ ရာသက်ပန် Group မဟုတ်ဘဲ အချိန်ကန့်သတ်ပြီး Group ဖျက်တာတွေ လုပ်ရပါမယ်။ ဒါဆိုရင် ခိုးသူတစ်ဦးကြောင့် အားလုံးအခက်တွေ့ရပါလိမ့်မယ်။ အဲဒီလို မလုပ်ချင်ပါဘူးခင်ဗျာ။

❤94😢31👍14😭5🤬3🔥2🥰2
Grade 11 English သင်ခန်းစာတွေကိုလည်း Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို တင်ပေးပါမယ်။ ဒါက Unit 4 Globalization of Food ပါ။
Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ လေ့လာကြည့်ပါဦး။
တခြားသင်ခန်းစာတွေကိုလည်း ပုံမှန်သင်ကြားပေးသွားပါမယ်။

❤63👍4🥰3🍓2
"ဆရာရဲ့ workbook က
တပည့်တွေအတွက် အရမ်းကိုအဆင်ပြေပါတယ်ဆရာ။
ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ ဒီထက်မကအောင်မြင်ပါစေ။"
***
ပန်းတောင်းမြို့က ဆရာမ ဒေါ်အေးမာဝင်းရဲ့ အမှတ်တရစကားလေးနဲ့ ပို့ပေးလာတဲ့ ပုံလေးတွေပါ။
အဆင်ပြေတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်။ ချစ်ခင်စွာ အမှတ်တရပုံလေးတွေ ပို့ပေးလို့ ကျေးဇူးလည်းတင်ပါတယ်။
ဆရာမရော တပည့်လေးတွေပါ ကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ့ အမြင့်ဆုံးအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

❤21👍2🥰2