EETS - Essential English for Teachers and Students
30.8K subscribers
1.09K photos
213 videos
50 files
206 links
Download Telegram
Grade 12 English မေးခွန်းဟောင်းအတွက် စာအုပ်လေး ထွက်ပါပြီ။

2024, 2025, 2026 ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ မေးခဲ့တဲ့ မေးခွန်းဟောင်းတွေ အားလုံးကို Unit အလိုက်၊ မေးခွန်းပုံစံအလိုက် စနစ်တကျ စုစည်းထားပြီး စံပြအဖြေတွေပါ ဖြေဆို ပေးထားပါတယ်။

မေးခွန်းဟောင်း စုစည်းထားတာကတော့ ဘာမှ ထူးခြားတဲ့ အချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစာအုပ်မှာ တကယ်ထူးခြားတဲ့ အချက်တွေ ပါရှိနေပါတယ်။

🔶 Question No. I (Initial Letter) အတွက် အမေးအများဆုံး စကားလုံးတွေကို အက္ခရာစဉ်အလိုက် စုစည်းထားပြီး အဓိပ္ပာယ်ကို ကြည့်၊ စာလုံးကို ဖြေဆိုရတဲ့ လေ့ကျင့်ခန်း ထည့်ပေးထားပါတယ်။
❇️ဒီလေ့ကျင့်ခန်း အရင်လုပ်ထားတာနဲ့ အမေးအများဆုံး စကားလုံးတွေကို သိရှိပြီး initial letter မေးခွန်းတွေ ဖြေဆိုတဲ့အခါ အလွယ်တကူဖြေဆိုနိုင်ပါလိမ့်မယ်။❇️

ရှင်းလင်းချက်တွေ ပြီးတဲ့အခါ Unit တစ်ခုချင်းစီအလိုက် စီထားတဲ့ မေးခွန်းဟောင်းတွေ ထည့်ထားပါတယ်။ အဖြေတွေ တိုက်ဆိုင်စစ်ဆေးလို့ ရပါတယ်။

🔶 Question No. II (Multiple-choice Questions) အတွက် အဓိပ္ပာယ်ဆင်တူပြီး မှားတတ်တဲ့ စကားလုံးတွေကို မြန်မာ၊ အင်္ဂလိပ် အဓိပ္ပာယ်တွေနဲ့ နှိုင်းယှဉ်ပြီး အရင် ရှင်းပြထားပါတယ်။
❇️အမေးအများဆုံး စကားလုံးတွေကိုပဲ စုစည်းထားတာ ဖြစ်လို့ ဒီရှင်းလင်းချက်တွေ လေ့လာပြီးတဲ့အခါ Multiple-Choice အတွက်လည်း မခက်ခဲတော့ပါဘူး။❇️

စကားလုံးတွေ နားလည်ပြီးတဲ့အခါ Unit တစ်ခုချင်းစီအလိုက် စုစည်းထားတဲ့ လေ့ကျင့်ခန်းတွေ ဖြေဆိုလိုက်မယ်ဆို တစ်ခါတည်း နားလည်ပိုင်နိုင်သွားပါမယ်။ အဖြေတွေနဲ့ တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။

🔶 Question No. III အတွက် Grammar ခေါင်းစဉ်တစ်ခုချင်းစီအလိုက် အသေးစိတ် စီစဉ်ပေးထားပါတယ်။ အဖြေတွေလည်း Answer Key Section မှာ သီးသန့် ပေးထားပါတယ်။

🔶 Question No. IV Recall Questions အတွက် Unit တစ်ခုချင်းစီမှာပါတဲ့ မေးခွန်းတွေကို စီစဉ်ပေးထားပြီး တိကျပြည့်စုံတဲ့ အဖြေတွေနဲ့ အလွယ်တကူ ကျက်မှတ်လို့ရအောင် လုပ်ပေးထားပါတယ်။ Poem တွေအတွက်လည်း ကဗျာတစ်ပုဒ်ချင်းစီအလိုက် မေးခွန်းတွေ ပေးထားပါတယ်။

🔶 Question No. V အတွက် ကွက်လပ်ဖြည့်နည်း၊ မေးခွန်းဖြေဆိုနည်းတွေကို အသေးစိတ် ရှင်းပြထားပါတယ်။ ဒါတွေ ပြီးတဲ့အခါ Seen passages တွေကို Unit အလိုက်၊ နှစ်အလိုက် စီထားပြီး ပြည့်စုံရှင်းလင်းတဲ့ အဖြေတွေနဲ့ လွယ်လွယ်ကူကူ နားလည်ဖြေဆိုနိုင်အောင် စီစဉ်ပေးထားပါတယ်။
❇️ဖြေဆိုနည်း သဘောတရားလည်းနားလည်၊ မေးခွန်းတွေနဲ့လည်း တွဲလေ့ကျင့်လိုက်ရင် ဘယ်မေးခွန်းလာလာ ဖြေနိုင်ပြီပေါ့။❇️

🔶 Question No. VI အတွက် Unseen Passages တွေမှာပါတဲ့ Bold-faced words တွေအတွက် မသိတဲ့ စကားလုံးတွေကို မှန်းဆနည်းတွေ သင်ပြထားပါတယ်။ passages တွေကိုလည်း နှစ်အလိုက် စီစဉ်ထားပြီး မှန်ကန်ပြည့်စုံတဲ့ အဖြေတွေ ဖြေပြပေးထားပါတယ်။
❇️မေးခွန်း Unseen ဆို အဖြေလည်း Unseen ဖြစ်စရာ မလိုတော့ပါဘူး။ လွယ်သွားမှာပါ။❇️

🔶 Question No. VII မှာကတော့ အမေးများတဲ့ Functional Language တွေကို မြန်မာလို အဓိပ္ပာယ်တွေနဲ့ အရင် ရှင်းပြထားပါတယ်။ ပြီးမှ မေးခွန်းဟောင်းတွေကို နှစ်အလိုက် စီစဉ်ပေးထားပါတယ်။ ❇️မေးတတ်တဲ့ Expression တွေကို ကြိုလေ့လာထားတော့ ဘယ်မေးခွန်းလာလာ သိပ်မခက်ခဲတော့ပါဘူး။❇️

🔶 Question No. VIII အတွက် Letters တွေကို ရေးသားပုံတွေ၊ အမှတ်ပေးစည်းမျဉ်းတွေနဲ့ပါ ရှင်းပြထားပါတယ်။
❇️အမှတ်ပေးစည်းမျဉ်းနားလည်ရင် အမှတ်အများဆုံး ရနိုင်အောင် ကြိုးစားဖို့ အဆင်ပြေပါပြီ။❇️
Letters တွေ ရေးပြထားတာတော့ မထည့်ပေးထားပါဘူး။

🔶 Question No. IX အတွက် Essays တွေကို ရေးသားပုံတွေ၊ အမှတ်ပေးစည်းမျဉ်းတွေနဲ့ပါ ရှင်းပြထားပါတယ်။
❇️အမှတ်ပေးစည်းမျဉ်းနဲ့အညီရေးသားရင် Essay ကို အမှတ်ကောင်းကောင်း ရနိုင်ဖို့ ဖြစ်နိုင်ပါပြီ။❇️
Essays တွေ ရေးပြထားတာတော့ မထည့်ပေးထားပါဘူး။

ဒီလိုမျိုး အသေးစိတ် စီစဉ်ထားတဲ့ ရှင်းလင်းသင်ပြချက်​တွေနဲ့ အမှန်တကယ်မေးခဲ့တဲ့ မေးခွန်းဟောင်းတွေပေါင်းစပ်ထားတဲ့ စာအုပ်ကို လက်စွဲထားလေ့ကျင့်လိုက်ရင် ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲကို အခက်အခဲမရှိ ဖြေဆို အောင်မြင်မှာ အသေအချာပါပဲ။

ဆရာ/မတွေအနေနဲ့လည်း သင်ကြားနည်းလမ်းတွေ၊ မှတ်စုတွေကို စာအုပ်တစ်အုပ်တည်းမှာပဲ ​ကျောင်းသားတွေကို အလွယ်တကူ ပေးလိုက်လို့ရလို့ သင်ပြရတာ လွယ်ကူထိရောက်မှာ သေချာပါတယ်။

ပြည့်ပြည့်စုံစုံ အဆင်သင့်ဖြစ်အောင် စီစဉ်ပေးထားတဲ့ စာအုပ်ရဲ့ ဈေးနှုန်းက ၁၃,၀၀၀ (တစ်သောင်းသုံးထောင်ကျပ်) သာ ဖြစ်ပါတယ်။

စာအုပ်မှာယူချင်ရင် ဒီ Link https://t.me/EssentialEnglishService ကို နှိပ်ပြီး Chat box ကနေ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံ ပေးပြီး မှာယူလို့ ရပါတယ်။

အုပ်ရေအများမှာယူသူတွေအတွက်လည်း အထူး % လျှော့ပေးတာရှိပါတယ်။
57👍5
ဒီလိုမျိုး feedback လေးတွေ ပြန်ကြားရတာ တကယ်ကို ဝမ်းသာပီတိလည်း ဖြစ်ရသလို အားလည်းတက်မိပါတယ်။

ဆရာမလည်း ပိုမိုအဆင်ပြေပြီး အောင်မြင်ပါစေ 😊
44👍3🥰2
ပဲခူးတိုင်း အနောက်၊ နတ်တလင်းမြို့၊ အထက မြို့မ ဆရာမ ဒေါ်နန့်မေမွန်ဦးရဲ့ တပည့်လေးတွေနဲ့အမှတ်တရ ပုံလေးတွေပါ။

ခုလို ချစ်ခင်စွာ ပုံလေးတွေ ပို့ပေးတာ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ ဆရာမရော ကလေးတွေရော စိတ်ရောက်ကိုယ်ပါ ကျန်းမာချမ်းသာပြီး အမြင့်ဆုံး အောင်မြင်မှု​တွေ ရပါစေ 😊
41
ဆရာမရဲ့ စာလေးကိုလည်း မုဒိတာပွားပြီး အမှတ်တရ ပြန်တင်လိုက်ပါတယ်။

ဒီလိုမျိုးတွေ ကြားရတာ ပီတိလည်းဖြစ်၊ အားလည်းရှိရပါတယ်။ ကျေးဇူးပါ ဆရာမရေ 😊
65👍3💘2💊1
လှိုင်းဘွဲမြို့နယ်၊ အထက (ခွဲ) ဝင်းစိန်က ဆရာမ ဒေါ်သူဇာနွဲ့ အမှတ်တရ ပို့ပေးထားတဲ့ တပည့်လေးများနဲ့ Grade 12 Workbook ပုံလေးပါ။

အမှတ်တရ ပို့ပေးတာ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ ဆရာမလည်း ပျော်ရွှင်ကျန်းမာပြီး တပည့်​တွေကို ပိုထူးချွန်အောင် သင်ကြားပြနိုင်ပါစေ။ ဆရာရော တပည့်ပါ အမြင့်ဆုံး အောင်မြင်မှုတွေ ရပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
35👍6
မေးခွန်းဟောင်းစာအုပ်ရဲ့စာမျက်နှာ 64 မှာ Question No. V နဲ့ VI အတွက် Reading Comprehension ဖြေဆိုနည်းတွေကို အသေးစိတ် သင်ပြထားပါတယ်။

ခု video နဲ့လည်း လေ့လာကြည့်ပါဦး။

https://youtu.be/GswnHIqBdAA
35🥰1
Grade 12 စာမေးပွဲမှာ မေးခဲ့တဲ့ အင်္ဂလိပ်စာ မေးခွန်းတွေကို မေးခွန်းဟောင်းစာအုပ်အဖြစ် ပြန်စီစဉ်တဲ့အခါ ကျွန်တော်က အမေး၊ အဖြေ ဒီအတိုင်းထည့်ထားတဲ့ စာအုပ်မဖြစ်ချင်ဘူး။

မေးခွန်းဟောင်းဆိုတာ နောင်လာမယ့် စာမေးပွဲမှာ မေးမယ့်မေးခွန်းနဲ့လည်း level အတူတူပဲဆိုတော့ ဒါကိုအခြေခံပြီး မှတ်သားသင့်တာတွေ လေ့လာ၊ မှတ်သား၊ ကျက်မှတ်ထားမယ်ဆိုရင် နောင်လာမယ့် စာမေးပွဲအတွက်လည်း အကောင်းဆုံး ပြင်ဆင်ပြီးသား ဖြစ်မှာလေ။

မေးခွန်းရဲ့ သဘောက မေးလို့ အကောင်းဆုံး စကားလုံးကို ရွေးချယ်မေးတတ်တယ်။ ဒီလို မေးလို့ကောင်းတဲ့ စကားလုံးတွေ မေးခွန်းဟောင်းထဲမှာ ထပ်ခါထပ်ခါ ပါတတ်တယ်။ ဒါတွေကို အရင်စုစည်းပြီး လေ့ကျင့်ထားရင် နောက်တစ်ခါ ထပ်မေးတဲ့အခါ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေပြီပေါ့။ ဒီလိုမျိုး အကျိုးရှိအောင်လို့ ကျွန်တော်က initial letters တွေအတွက်ကို အရေးအကြီးဆုံး၊ ​အမေးနိုင်ဆုံးစကားလုံးတွေကို စုစည်းထားလိုက်တယ်။ ဒါတွေ အရင်မှတ်၊ လိုအပ်ရင် ဝါကျတွေနဲ့ တွဲပြီး လေ့ကျင့်ထားရင် မေးလာသမျှ initial မေးခွန်းတွေအတွက် အဖြေရပြီး ဖြစ်နေရောပေါ့။ အခန်းလိုက်စုစည်းထားတဲ့ မေးခွန်းတွေနဲ့ တွဲလေ့ကျင့်လိုက်ရင် ကွက်တိ။ initial အတွက် ကြောက်စရာ လျော့သွားမယ်။

Multiple-choice ဆိုရင်လည်း အတူတူပဲ။ အပေါ်က ဝါကျသာ ပြောင်းရင်ပြောင်းမယ် အောက်က ရွေးချယ်စရာ သုံးခုက ဒါတွေချည်းမေးတတ်တယ်။ ဒီတော့ ပေးထားလေ့ရှိတဲ့ ရွေးချယ်စရာတွေကို တူရာတူရာ စုထားမယ်၊ ဘာကြောင့် ဘယ်စကားလုံး ရွေးချယ်သုံးရတယ်ဆိုတာ ရှင်းပြပေးမယ်ဆိုရင် ဆရာ/မတွေရော၊ ကျောင်းသား/သူတွေအတွက်ရော အများကြီး အဆင်မပြေသွားဘူးလား။ ဒါကြောင့် စာအုပ်ထဲမှာ မေးလေ့ရှိတဲ့ စကားလုံးတွေကို တူရာတူရာ စုထားပြီး မြန်မာ၊ အင်္ဂလိပ် အဓိပ္ပာယ်​တွေနဲ့ပါ ကျစ်ကျစ်လျစ်လျစ် ရှင်းပြထားပါတယ်။ ဒါတွေ သေချာလေ့လာပြီးပြီဆို အခန်းအလိုက် မေးခွန်းဟောင်းတွေ လေ့ကျင့်လိုက်ပေါ့။ Multiple-choice က လွယ်လိုက်တာဆိုပြီး ဖြစ်သွားမယ်။

Grammar အတွက်လည်း တူရာတူရာ အုပ်စုလေးတွေခွဲပြီး မေးခွန်းဟောင်းအားလုံးကို စုစည်းလိုက်တယ်။ နှစ်အလိုက်၊အစုံအလိုက်အတိအကျစီတာထက် လေ့ကျင့်တဲ့အခါ မေးခွန်းပုံစံတူညီတာတွေ စုထားတာမို့ Grammar ကျွမ်းကျင်ချင်တဲ့သူတွေအဖို့ ခူးခပ်ပြီးသား စားရသလိုပါ။

ကဗျာကိုတော့ မေးခွန်းဟောင်း အားလုံးကို ကဗျာတစ်ပိုဒ်ချင်းအလိုက် စုလိုက်တယ်။ ကွက်လပ်တွေရော၊ paraphrases တွေရော။ ကျက်မှတ်ရမယ့် Recall Questions တွေကိုကျတော့ Unit အလိုက် စီထားလိုက်တယ်။

Reading Comprehension အတွက်က Seen ရော Unseen အတွက်ပါ ဒါကျက်၊ ဒါဖြေ မရတော့ဘူး။ နားလည်ဖို့၊ ဖြေတတ်ဖို့ပဲ လိုတာ။ စာပိုဒ်တစ်ခုလုံး ပေးထားတာမို့ သဘောတရားနားလည်တာနဲ့ အဖြေအားလုံး ရှိပြီးသားလေ။ ဒါကြောင့် ဖြေတတ်အောင် ကွက်လပ်ဖြေနည်း၊ မေးခွန်းဖြေနည်းတွေ၊ မသိတဲ့ စကားလုံးတွေကို အဓိပ္ပာယ်ခန့်မှန်းနည်းတွေ အရင်သင်ပြထားတယ်။ နမူနာမေးခွန်းတွေ ထုတ်နှုတ်ရှင်းပြထားတယ်။ ပြီးမှ မေးခွန်းတွေ စုစည်းထားပြီး အဖြေတွေပါ ရှင်းရှင်းလင်းလင်း ပေးထားတာ မဖြေတတ်စရာ ဘာရှိမလဲ။ လေ့ကျင့်လိုက်ရုံပါပဲ။

Dialogues and Exchanges တွေမှာ Dialogues တွေကတော့ Grade 10, Grade 11, Grade 12 က Dialogues တွေကို ပြန်မေးတာ အများစုမို့ အထူးတလည်ပြောစရာတော့ မရှိဘူး။ ဒါပေမဲ့ Exchanges တွေအတွက်က နေ့စဉ်သုံးနေကျ Functional Language တွေကို အဓိကထားမေးတာလေ။ ဒီလိုအမေးများတဲ့ အသုံးအနှုန်းတွေကို မြန်မာလိုနဲ့ပါ ကြိုပြီး ဖတ်ထား၊ နားလည်ထားမယ်ဆိုရင် မေးခွန်းကြိုရနေသလိုတောင် ဖြစ်နေပြီပဲ။ အကုန်လုံး လွယ်ပြီပဲ။

Letters & Essays တွေအတွက်က အမှတ်ပေးစည်းမျဉ်းတွေကို ရှင်းပြထားတယ်။ ရေးရမယ့်ပုံစံတွေ အကြံပြုထားတယ်။ ဂုဏ်ထူးသမားတွေအတွက်လည်း သတိပြုစရာရသလို အောင်မှတ်သမားအတွက်လည်း ဘာတွေဖြည့်ဆည်းရမလဲ သိနိုင်ပြီပေါ့။ ဆရာ/မတွေကလည်း ဘယ်လိုသင်ရမလဲ တိတိကျကျ သိနိုင်ပြီလေ။

ဒီလို​ရည်ရွယ်ချက်တွေနဲ့ သေချာလေး ကြိုးစား စီစဉ်ထားပါတယ်။ မေးခွန်းတွေကိုလည်း အခန်းအလိုက် တတ်နိုင်သမျှ တိတိကျကျ ဖြစ်အောင် စုထားပါတယ်။ ဒီစာအုပ်ကို လက်စွဲထားပြီး ကျောင်းသား/သူတွေကို သင်ပြမယ့် ဆရာ/မတွေအတွက် အဓိကပါ။

ဆရာ/မတွေ အဆင်ပြေအောင် video နဲ့လည်း သင်ခန်းစာတွေ ဆက်ပြီး ရှင်းပြပေးသွားပါမယ်။

စာအုပ်ကို ဝယ်ယူပြီး တပည့်တွေကို လေ့ကျင့်ပေးနေကြတဲ့ ဆရာ/မတွေကို ကျေးဇူးတင်ပါတယ်။ တစ်ဦးချင်းဝယ်ယူအားပေးသူတွေရော၊ ကျောင်းသား/ကျောင်းသူတွေလက်ထဲ အဆင်ပြေပြေရောက်အောင် ရောင်းချပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

နမူနာစာမျက်နှာတွေ တင်ပေးထားပါတယ်။
33👍3