EETS - Essential English for Teachers and Students
30.7K subscribers
1.05K photos
213 videos
50 files
202 links
Download Telegram
Grade 10 English သင်ခန်းစာတွေကို Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို့ တင်ပေးနေပါတယ်။ ဒါက Unit 9 ပါ။ 

Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ လေ့လာကြည့်ပါဦး။

တခြားသင်ခန်းစာတွေကိုလည်း ပုံမှန်သင်ကြားပေးသွားပါမယ်။
64
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade 12 အင်္ဂလိပ်စာ Textbook ကို ပြင်ဆင်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။

အရေးကြီးတာတွေ​ကို ပြင်ထားတာ မရှိပါဘူး။ ပုံမှန် သင်ကြားလို့ရပါတယ်။
88
မြိတ်မြို့က ဆရာဦးနန္ဒကိုကို အမှတ်တရ ပို့ပေးထားတဲ့ တပည့်ကျော်လေးများနဲ့ Grade 12 English Workbook (Second Edition) ပုံလေးတွေပါ။

ဒီ Workbook လေးဟာ ကလေးတွေရဲ့ ဘဝအောင်မြင်ရေးမှာ အထောက်အကူပြုပြီး ဆရာရော၊ တပည့်တွေပါ အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေလို့ စေတနာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
46
တပ်ကုန်းမြို့က ဆရာမ ဒေါ်အိမ့်ချယ်ရီ အမှတ်တရ ပေးပို့လာတဲ့ တပည့်လေးများနဲ့ Grade 12 English Workbook ပုံလေးပါ။

ကျေးဇူးအထူးပါ ဆရာမရေ။ ကလေးတွေလည်း ဂုဏ်ထူးတွေနဲ့ ထူးချွန်အောင်မြင်ပြီး ဆရာမလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အောင်မြင်မှုတွေရပါစေ။
44🥰12
"ဆရာ စာအုပ်ကို ရတာနဲ့ ကလေးတွေ့ ပျော်နေတယ်ဆရာ ၊🙏🏻ကျေးဇူးတင်ပါတယ်ဆရာ"

မုဒုံမြို့နယ်က ဆရာမ Pearl Phyu အမှတ်တရ ပို့ပေးထားတဲ့ ပုံလေးတွေပါ။ ခုလိုလေး ပြုံးပျော်နေတာ တွေ့ရတာ ဝမ်းသာပါတယ်။ ကျောင်းသား/သူလေးတွေ စာအုပ်လေးနဲ့ လေ့ကျင့်ပြီး ဂုဏ်ထူးတွေနဲ့ အောင်မြင်တဲ့အခါ ပြုံးပျော်နေကြမှာကိုလည်း မြင်ရမယ်လို့ ယုံကြည်ပါတယ်။

တပည့်လေးတွေ လေ့ကျင့်ပေးနိုင်ဖို့ စာအုပ်တွေ မှာယူပေးတဲ့ ဆရာမကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တပည့်တွေ ထူးချွန်အောင်မြင်ပြီး ဆရာမလည်း မျက်နှာပွင့်၊ ဂုဏ်တင့်ကာ အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
32🌭2👍1
Grade 12 English မှာ မေးတဲ့ Letters တွေအတွက် အမှတ်ပေးစည်းမျည်းနဲ့ မေးခွန်းဟောင်း စုစည်းထားမှုပါ၊ (video နဲ့လည်း ရှင်းပြပါဦးမယ်။)
42❤‍🔥3🍓2🥰1