EETS - Essential English for Teachers and Students
30.6K subscribers
1.05K photos
213 videos
50 files
202 links
Download Telegram
စာမေးပွဲ မဖြေခင်ကြည့်စရာ

💟 Initial Letters တွေအတွက် အရေးကြီးတဲ့ စာလုံးတွေကို စုစည်းပေးထားပါတယ်။ ဒီ Link ကို နှိပ်ပါ။
https://www.facebook.com/share/p/15bHFSXooyE/

Video တွေ
https://www.facebook.com/share/v/1EMFJRZPLP/

💟 Multiple-choice questions တွေအတွက် မှတ်သားစရာတွေ ဒီ Link မှာ စုစည်းပေးထားပါတယ်။
https://www.facebook.com/share/p/1MEsZ6iD1F/

💟 Grammar သင်ခန်းစာ video တွေ
2024 👉 https://www.facebook.com/share/v/18KfHmCLCb/

2025 👉 https://www.facebook.com/share/v/1As9ik7R84/

💟 Question No. VII (B) အတွက် အရေးပါတဲ့ Functional Language တွေ
https://www.facebook.com/share/p/1C3SxWg77V/

💟 စာစစ်မှူးချုပ် သုံးသပ်ချက်
https://www.facebook.com/share/p/1B3ekqZQk7/

လိုအပ်သူများအတွက် အကူအညီဖြစ်အောင် Share ပေးပါဦး။
127🥰4
မနှစ်က Grade 12 English အတွက် ကျွန်တော့် Workbook စာအုပ်လေး ထွက်ပါတယ်။

ကျွန်တော်က စာသင်ရတာကို ပိုအားသန်သူဖြစ်ပေမဲ့ စာသင်ရင်း "သင်ခန်းစာတွေကို ဒီလိုမျိုးလေး စီစဉ်ထားရင် လေ့လာရတာ၊ သင်ကြားရတာ ပိုလွယ်မှာပဲ။ ဒီအချက်လေးတွေအရေးကြီးတော့ ထည့်သင့်တယ်။ စာသင်ချိန်နဲ့ လေ့ကျင့်တာ မျှတအောင် ဘယ်လို လုပ်သင့်တယ်" ဆိုတဲ့စိတ်ကူးတွေပေါ်နေတော့ ကိုယ်သင်ချင်တဲ့အတိုင်း စာအုပ်လေး စီစဉ်ဖြစ်သွားတယ်။

စာအုပ်ရဲ့ အဓိက အားသာချက်က စာသင်ခန်းမှာ လေ့ကျင့်ပေးဖို့ အဆင်ပြေတာ ဖြစ်မယ်ထင်တယ်။ လက်တွေ့ သင်ကြားနေတဲ့ အတွေ့အကြုံနဲ့အညီ အပိုအလို ညှိစရာ မလိုဘဲ ကွက်တိ ပြည့်ပြည့်စုံစုံ၊ ထိထိမိမိ သင်ကြားပေးနိုင်အောင် စီစဉ်ထားတော့ သုံးရတာ အဆင်ပြေတယ်။

ဒီလို ဆရာ/ဆရာမတွေရဲ့ လိုအင်၊ ကျောင်းသား/ကျောင်းသူတွေရဲ့ လိုအပ်ချက်ကို ကွက်တိဖြည့်ဆည်းပေးနိုင်တော့ ကိုယ်ပိုင်ကျောင်း​တွေ၊ အစိုးရကျောင်း​တွေ၊ ကျူရှင်တွေ တစ်ဦးချင်းမှာယူသူတွေ အထိုက်အလျောက်များခဲ့တဲ့အပြင် ကျောင်းသား/သူ​တွေနဲ့ ရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံတွေလည်း ပို့ကြတယ်။ ကျွန်​တော်လည်း ဝမ်းမြောက်စွာနဲ့ ပုံအားလုံး အမှတ်တရ ပြန်တင်ခဲ့ပါတယ်။

ဒီစာအုပ်လေးကို ကိုယ်တိုင်လည်း သုံးရင်း တစ်နှစ်ပတ်လုံး ပိုကောင်းအောင် မွမ်းမံနေခဲ့ပါတယ်။ အရေးကြီးတဲ့ ဝေါဟာရတွေ အားလုံး ပြည့်ပြည့်စုံစုံပါအောင်၊ ထပ်မနေအောင် ပြန်စိစစ်တယ်။ နည်းနည်းလွယ်နေတဲ့ ဝါကျတွေကို စာမေးပွဲ မေးခွန်း level နဲ့ ညီအောင် ပြန်ညှိတယ်။ စာစီအကျအပေါက်တွေ ပြင်တယ်။ အမေးနဲ့ အဖြေ ပြန်စစ်တယ်။

စာသင်ရင်းနဲ့ သတိထားမိတာက ကျောင်းသား/သူတွေက ဝေါဟာရတွေကို ပိုင်ပိုင်နိုင်နိုင် လေ့လာထား၊ လေ့ကျင့်ထားတာ မရှိဘဲ သာမန်စာကြည့်ရုံနဲ့ စာမေးပွဲမှာ အမှတ်ပြည့်မရနိုင်ဘူး။ ဒါကြောင့် Vocabulary တွေ လေ့လာကျက်မှတ်နိုင်ဖို့ အရေးကြီးတာတွေ အသစ်ဖြည့်စွက်တယ်။ မြန်မာလို သိရုံနဲ့ ခက်ခဲတဲ့၊ ​စဉ်းစားရမယ့် မေးခွန်းတွေ ဖြေနိုင်မှာမဟုတ်လို့ တွဲဖက်လေ့လာနိုင်အောင်၊ သင်ပေးနိုင်အောင် အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်း ထည့်ပေးတယ်။ မေးလို့ကောင်းမယ့် အရေးကြီး စကားလုံးတွေရဲ့ Word Forms တွေလည်း ထည့်ထားတယ်။ ဒါတွေ ထပ်တလဲလဲ လေ့လာရင် ​ဂုဏ်ထူးရည်ရွယ်သူတွေလည်း သေချာ၊ သာမန်ရလဒ်ကောင်းကိုမျှော်လင့် သူတွေလည်း စိတ်ချနိုင်အောင် အပင်ပန်းခံထားတာပါ။

နောက်ထပ် ဖြည့်စွက်ထားတာ တစ်ခု ရှိပါသေးတယ်။ Multiple-choice မေးခွန်းတွေမှာ အမေးများတဲ့ Phrasal Verbs ​တွေကိုလည်း Grade 10, Grade 11, Grade 12 သုံးခုစလုံးက ရွေးချယ်ပြီး အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မြန်မာလို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ အက္ခရာစဉ်အလိုက် ပေးထားတယ်။ နားလည်အောင် ဖတ်မှတ်ပြီးတာနဲ့ အဆင်သင့် ကျက်မှတ်ရုံပါပဲ။

ဒါတင်မက Grammar ဖြေတဲ့အခါ၊ ကွက်လပ်တွေဖြည့်တဲ့အခါ Verb forms တွေ မပိုင်နိုင်လို့ ရသင့်ရထိုက်တဲ့ အမှတ်တွေ ဆုံးရှုံးတတ်ကြတာရှိလို့ Grade 12 အဆင့်အတွက် မဖြစ်မနေ ကျက်မှတ်ထားရမယ့် Irregular Verbs တွေကိုလည်း ဖြည့်စွက်ပေးထားတယ်။

Poems & Paraphrases တွေကိုလည်း အဆင်သင့် လေ့လာမှတ်သားနိုင်အောင်၊ ကိုယ်ပိုင်ရေးနိုင်အောင် ထိထိမိမိ ကျစ်ကျစ်လျစ်လျစ် ပြန်မွမ်းမံထားပါတယ်။

အချိန်ယူပြီး ပိုကောင်း၊ ပိုထိရောက်အောင် ပြင်ဆင်မွမ်းမံထားပါတယ်။ စာမျက်နှာလည်း မနှစ်ကစာအုပ်ထက် အများကြီး ပိုတိုးသွားပါတယ်။ စာမျက်နှာတွေများ၊ စာရွက်သား​က အဖြူ အချော ရှယ်သုံးထားပေမဲ့ လေ့လာသူတွေ ဝန်မပိရအောင် ဈေးကို အတတ်နိုင်ဆုံး နည်းအောင် ကြိုးစားထားပါတယ်။

အစစအရာရာ သုံးလေးဆ ဈေးတက်နေတဲ့ ခေတ်မှာ ဒီ Workbook ရဲ့ အမေး၊ အဖြေ နှစ်အုပ်တွဲမှ တန်ဖိုး တစ်သောင်းရှစ်ထောင်သာ သတ်မှတ်ထားလိုက်ပါတယ်။

ခုတော့ စပြီး ပုံနှိပ်နေပါပြီ။ သင်္ကြန်မတိုင်ခင် ပြီးအောင် ကြိုးစားနေပါတယ်။ စိတ်စေတနာရော၊ ပညာပါ အပြည့်အဝ စိုက်ထုတ်ထားတဲ့အတွက် ဒီစာအုပ်က ဆရာ/ မတွေအတွက်ရော ကျောင်းသား/ သူတွေအတွက်ပါ အကျိုးရှိမယ်လို့ ယုံကြည်နေပါတယ်။

ခုက ကြော်ငြာမဟုတ်ဘဲ စာအုပ်အတွက် အားစိုက်ထားတာတွေ ပြောပြတာပါ။ စာအုပ်ထွက်မယ့် ရက်သိရရင် အသေးစိတ် ကြော်ငြာလေး တင်ပေးပါမယ်။

ပုံတွေက မနှစ်က စာအုပ်လေးနဲ့ အမှတ်တရ ပို့လာတာ အားလုံး စုပြီး ပြန်တင်ပေးတာပါ။
56👍6👏4😐1