EETS - Essential English for Teachers and Students
30.6K subscribers
1.05K photos
213 videos
50 files
202 links
Download Telegram
2025-2026 ပညာသင်နှစ်အတွက် Grade 12 အင်္ဂလိပ်စာ သင်ခန်းစာတွေ သင်အပြီး မေးခွန်းဟောင်းနဲ့ လေ့ကျင့်ချင်တဲ့ ကျောင်းသား/သူများ၊ လေ့ကျင့်ပေးချင်တဲ့ ဆရာ/မများအတွက် မေးခွန်း​ဟောင်းတွေကို Video တွေနဲ့ နေ့စဉ် ပုံမှန်သင်ပြ၊ ရှင်းပြပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ တင်ပေးခဲ့တာလည်း Set 1 နဲ့ Set 2 နှစ်ခု ရှိခဲ့ပါတယ်။

ဒါပေမဲ့ တစ်နေ့တစ်ခုနဲ့ စောင့်ပြီး လေ့လာရတာထက် တပြိုင်နက်တည်း သိမ်းထား၊ လိုချင်တာကြည့်ထားလို့ရရင် ပိုအဆင်ပြေမယ်လို့ ထင်လို့ အားလုံးပေါင်းပြီး တင်ပေးလိုက်ပါတယ်။

အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
276❤‍🔥5🥰32
Functional Language.pdf
553.5 KB
Question No. VII (B) မှာမေးတဲ့ Exchanges မေးခွန်းတွေအတွက် 2024-2025 ခုနှစ်မှာ မေးခဲ့တဲ့ မေးခွန်းဟောင်းတွေထဲက Functional Language: Key Expressions တွေကို အမျိုးအစား တူရာအလိုက် ပြန်စုစည်းပေးထားပါတယ်။ စာမေးပွဲနီးလာလို့ ပြန်ကြည့်တဲ့အခါ တစ်စုတစ်စည်းတည်း ကြည့်နိုင်လို့ ပိုအဆင်ပြေမှာပါ။ လွယ်လွယ်ကူကူ ဖတ်ရှုပြီး print ထုတ်လို့ရအောင် pdf file တင်ပေးလိုက်ပါတယ်။
49❤‍🔥2🥰1
Question No. VII (B) မှာမေးတဲ့ Exchanges မေးခွန်းတွေအတွက် 2024-2025 ခုနှစ်မှာ မေးခဲ့တဲ့ မေးခွန်းဟောင်းတွေထဲက Functional Language: Key Expressions တွေကို အမျိုးအစား တူရာအလိုက် ပြန်စုစည်းပေးထားပါတယ်။ စာမေးပွဲနီးလာလို့ ပြန်ကြည့်တဲ့အခါ တစ်စုတစ်စည်းတည်း ကြည့်နိုင်လို့ ပိုအဆင်ပြေမှာပါ။ လွယ်လွယ်ကူကူ ဖတ်ရှုပြီး print ထုတ်လို့ရအောင် pdf file ကို ဒီ Link နှိပ်ပြီး Download ရယူပါ။

https://t.me/LessonsEETS/1526
64👍10🥰4
Question No I, Initial Letters အတွက် မေးခွန်းဟောင်းတွေကို ပြန်ကြည့်ဖို့လည်း အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲတွေမှာ ညွှန်ကြားကြတဲ့အတွက် ၂၀၂၄-၂၀၂၅ နှစ်နှစ်မှာမေးခဲ့တဲ့ မေးခွန်းအစုံ ၂၀ ထဲက စာလုံးရေ (ထပ်တာတွေ၊ ဖြစ်နိုင်တဲ့အဖြေတွေ အားလုံးပေါင်းကို စဉ်လိုက်ရင်) ၁၇၄ လုံးအတွက် လေ့ကျင့်ဖို့ ပေးထားပါတယ်။ အဓိပ္ပာယ်ကို အင်္ဂလိပ်လို ကြည့်ပြီး စာလုံးတွေ ဖြေဆိုရင် အကျိုးရှိမှာပါ။ (ဆရာ/ မတွေအတွက်တော့ အဖြေပါ ပေးထားပါတယ်။) လေ့ကျင့်ဖို့အတွက် ကြည်ကြည်လင်လင် print ထုတ်ယူချင်ရင် ဒီ Link ကို နှိပ်ပြီး Download ယူပါ။ https://t.me/LessonsEETS/1537
84👍2
initial letters .pdf
215.5 KB
Question No I, Initial Letters အတွက် မေးခွန်းဟောင်းတွေကို ပြန်ကြည့်ဖိုလည်း အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲတွေမှာ ညွှန်ကြားကြတဲ့အတွက် ၂၀၂၄-၂၀၂၅ နှစ်နှစ်မှာမေးခဲ့တဲ့ မေးခွန်းအစုံ ၂၀ ထဲက စာလုံးရေ (ထပ်တာတွေ၊ ဖြစ်နိုင်တဲ့အဖြေတွေ အားလုံးပေါင်းကို စဉ်လိုက်ရင်) ၁၇၄ လုံးအတွက် လေ့ကျင့်ဖို ပေးထားပါတယ်။ အဓိပ္ပာယ်ကို အင်္ဂလိပ်လို ကြည့်ပြီး စာလုံးတွေ ဖြေဆိုရင် အကျိုးရှိမှာပါ။ (လေ့ကျင့်ဖို့အတွက် ကြည်ကြည်လင်လင် print ထုတ်ယူချင်ရင် ဒီ Link ကို နှိပ်ပြီး Download ယူပါ။)
130🥰9😁2❤‍🔥1🔥1
"ဆရာ့ စာအုပ်နဲ့ ကလေးတွေ လေ့ကျင့်ရတာ အရမ်းအဆင်ပြေပါတယ်။

အောက်တိုဘာလ ကတည်းက စာအုပ်မှာပြီး လေ့ကျင့်ဖြစ်ပါတယ်။

အထက ကော့လာ၊ လှိုင်းဘွဲမြို့နယ် ကရင်ပြည်နယ် ကပါရှင့်။"

ခုလို အမှတ်တရ စကားနဲ့ ဓာတ်ပုံလေးတွေ ပို့ပေးလာတဲ့ ဆရာမကို အထူးကျေးဇူးတင်ပါတယ်။ Grade 12 English Workbook စာအုပ်နဲ့ အဆင်ပြေတယ်လို့ ကြားရလို့ ကြားရလို့လည်း ဝမ်းသာပါတယ်။

Workbook ထဲမှာ နံပါတ်တစ်ခုစီအလိုက် မေးလို့ကောင်းမယ့် ပုံစံတွေ၊ Grade 10, 11, 12 ရဲ့ Grammar အမျိုးအစားစုံ၊ မေးခွန်းအစုံတွေ၊ Audio Scripts တွေ၊ Essay တွေကအစ စာသင်ခန်းထဲမှာ သုံးဖို့ အဆင်အပြေဆုံး ဖြစ်အောင် စီစဉ်ပေးခဲ့တာပါ။ စကားစပ်လို့ ပြောရရင် Question No. VII (B) Exchanges တွေအတွက် Grade 6 ကနေ Grade 12 အထိ ပြန်ကြည့်ရမယ်လို့ စာစစ်မှုးချုပ် လမ်းညွှန်ချက်တွေ၊ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲတွေမှာ ဒီနှစ်မှ ပြောပေမဲ့ ကျွန်တော့်ရဲ့ Workbook မှာ Grade 5 ကနေ Grade 12 အထိ English Textbook ထဲက ကောင်းနိုးရာရာ Functional Language တွေ ကောက်နုတ်စီစဉ်ထားတာဆိုတော့ ဒီ Workbook နဲ့ လေ့ကျင့်ခဲ့တဲ့သူတွေက အောင်ချက်မြင့်မားရေး လမ်းညွှန်ချက်နဲ့ ကိုက်ညီပြီးသား ဖြစ်ပြီး အပိုစိတ်ပူစရာ မလိုတော့တဲ့ သဘောပါ။ Essay တွေလည်း ဒီသဘောပါပဲ။

ဒီ ပညာသင်နှစ်အတွက်တော့ Workbook စာအုပ် ထပ်မရနိုင်တော့ပါဘူး။ 2026-2027 ပညာသင်နှစ်မှ ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ Edition အသစ် ထပ်ထွက်ပါမယ် ခင်ဗျာ။

အားလုံးကို ကျေးဇူးတင်ပါတယ် 😍
110👍7
သင်ရိုးသစ် (အင်္ဂလိပ်စာ) သင်ခန်းစာတွေကို သင်ပြရတဲ့ ဆရာ/မတွေ၊ လေ့လာရမယ့် ကျောင်းသား/သူတွေ၊ ကိုယ့်ရဲ့ ရင်သွေးတွေကို အတော်ဆုံးဖြစ်စေချင်တဲ့မိဘတွေက ထိထိရောက်ရောက် ရှိတာ လိုလားကြတယ်။ အကြောင်းအရာအသစ်တွေကို လေ့လာတဲ့အခါ ဟိုစာအုပ်နဲ့ နားလည်နိုး၊ ဒီသင်ခန်းစာ အဆင်ပြေနိုးနဲ့ တကယ်နားမလည်ဘဲ ယောင်လည်လည်နဲ့ အချိန်ကုန်တာမျိုး မဖြစ်ချင်ကြဘူး။

အင်္ဂလိပ်စာကလည်း အဘိဓာန်လေး ကြည့်တတ်ရုံ၊ မှန်းဆကြည့်ရုံနဲ့ အဆင်မပြေတော့လည်း အခက်သား။ အနီးကပ် ရှင်းပြလိုက်မှ ရှင်းခနဲ လင်းခနဲ ဖြစ်သွားပြီး အချိန်ကုန်၊ လူပန်းသက်သာပြီး အကောင်းဆုံး ရလာဒ်တွေ ရသွားတာမျိုး ရှိပါတယ်။

ဒီအတွက် စိတ်ပူစရာတော့ မရှိပါဘူး။ သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို အဆင်အပြေဆုံး နှုန်းထားနဲ့ Telegram group ထဲမှာ လေ့လာနိုင်တဲ့ သင်တန်းတွေ ရှိပါတယ်။ ဆရာတစ်ယောက် အနားမှာထိုင်ပြီး ရှင်းပြနေသလို သင်ကြားထားတာပါ။

သင်တန်းကြေး ပေးသွင်းပြီး တက်ရောက်နိုင်တဲ့ Group ငါးခု ရှိပါတယ်။
🔸Grade 8 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 9 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 10 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸Grade 11 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 12 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group

Group တစ်ခုအတွက် သင်တန်းကြေးက (35,000) သုံးသောင်းခွဲကျပ် သာ ဖြစ်ပါတယ်။

Group member ဝင်ချင်တယ်ဆိုရင် ဒီ Link ကို နှိပ်ပြီး EETS channel ရဲ့ chat box မှာ တက်ချင်တဲ့ အတန်းကို ပြောပေးပါ။
https://t.me/EssentialEnglishService

ဒီ Link ကို နှိပ်ပြီး messenger မှာ ပြောလို့လည်း ရပါတယ်။
m.me/EssentialEnglishForTeachersAndStudents

💟 သင်ခန်းစာတွေကို Telegram Group ထဲမှာ Video တွေနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Video တွေနဲ့ လေ့လာရတာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်၊ ကိုယ်လေ့လာချင်တဲ့ အချိန်မှာ လေ့လာနိုင်ပါတယ်။
💟 Unit အားလုံးရဲ့ သင်ခန်းစာတွေကို ပြည့်ပြည့်စုံစုံ သင်ပြထားပါတယ်။ အစဉ်လိုက် ကြည့်ရှုသွားလို့ ရပါတယ်။
💟 Grade 8, Grade 9, Grade 10, Grade 12 ရဲ့ Listening အတွက် Audio files တွေကိုလည်း ရယူနိုင်ပါတယ်။
💟 အချိန်အကန့်အသတ်မရှိဘဲ Telegram account ရှိနေသရွေ့ ရာသက်ပန် လေ့လာနိုင်ပါတယ်။

ဒီလိုမျိုး ကိုယ့်အတွက် တစ်နှစ်ပတ်လုံး၊ တစ်သက်တာလုံး အကျိုးရှိပြီး အသုံးချလို့ရတဲ့ သင်ခန်းစာတွေအတွက် သင်တန်းကြေးက အတန်းတစ်ခုအတွက်  (35,000) သုံးသောင်းခွဲကျပ် သာ ဖြစ်ပါတယ်။

♦️ Grade 8 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaxiBmmts4EPIwUJHRn8QDl

♦️ Grade 9 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzYxWp9gKl1_y7h9mSkpoGMJ

♦️ Grade 10 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaG6uBGwblT2CpwqDdZVgnM

♦️ Grade 11 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZA1CHjhkwytrGgFtSOfCKb

♦️ Grade 12 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzbmDIlGtpCE-AH_n5JiXbf3

❣️ Grade 5 သင်ခန်းစာတွေက သင်ပြလက်စဖြစ်ပါတယ်။ ဒီ Link ကို နှိပ်ပြီး အခမဲ့ ကြည့်ရှုနိုင်ပါတယ်။
https://youtube.com/playlist?list=PLLutYsv1-Kzbgeeg9STUXVHGGgDfyIhEo

❣️ Grade 6 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZ3FqXCZ5T6t8vd50RzeGYR

❣️ Grade 7 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZJdfe09r0dDMh1TKgfzP1M

Video သင်ခန်းစာတွေကို Channel ထဲ ဝင်ရောက်ပြီးလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။
137👍9🍓5🥰2
ကျေးဇူးပါ ဆရာ။ ခုလို သိရ၊ ကြားရတာ တကယ်ဝမ်းသာပါတယ် 😍
111👍7🥰5
စာစစ်မှူးချုပ်များ၏ သုံးသပ်အကြံပြုချက် (အင်္ဂလိပ်စာ)

Picture credit: Department of Myanmar Examinations
120😱1
Grade 12 က ဘဝအပြောင်းအလဲ ဖြစ်နိုင်အောင် အရေးကြီးတဲ့အတန်းဆိုတော့ Grade 12 စာမေးပွဲကို ကောင်းကောင်းမွန်မွန် ဖြေဆိုအောင်မြင်ပြီး ဂုဏ်ထူးတွေ ထွက်ချင်ကြတာ အမှန်ပဲပေါ့။

Grade 12 မှာ သင်ရတဲ့ ဘာသာရပ်တွေထဲမှာ တချို့ဘာသာရပ်တွေက အမှတ်ခွဲဝေမှု တိတိကျကျ ရှိတယ်။  ဘယ်အခန်းထိသင်ရင် အောင်မှတ်၊ ဘယ်အခန်းထိဆိုရင် ဂုဏ်ထူးမှတ်ဆိုပြီး ရှိတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်စာကတော့ ပုံသေမရှိတဲ့ ဘာသာရပ်ပဲ။ ပြဋ္ဌာန်းစာအုပ်သင်ရမယ်၊ ဒါပေမဲ့ အဲဒါနဲ့ မလုံလောက်ဘဲ ထပ်မံလေ့ကျင့်စရာ အပိုလေ့ကျင့်ခန်းအစုံအလင်နဲ့ အချိန်ပေး၊ သေချာရှင်းပြ၊ အထပ်ထပ်လေ့ကျင့်ပေးမှသာ အောင်မှတ်၊ ဂုဏ်ထူးမှတ်တွေ ရနိုင်တာပါ။

အဲဒီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ မေးခွန်းပုံစံနဲ့အညီ လေ့ကျင့်ခန်းအစုံအလင်ကို အသေးစိတ် သင်ပြ၊ ရှင်းပြတဲ့ သင်တန်းလေး ဖွင့်လှစ်လိုက်ပါတယ်။

ဒီသင်တန်းမှာ
💟 Question No. I Initial Letters
💟 Question No. II Multiple-choice
💟 Question No. III Grammar
💟 Question No. IV Poems + Questions and Answers
💟 Question No. V Reading Comprehension (Seen passage)
💟 Question No. VI Reading Comprehension (Unseen passage)
💟 Question No. VII Dialogues + Exchanges
💟 Question No. VIII Letters
💟 Question No. IX Essays
အားလုံးအတွက် လေ့ကျင့်ခန်းများများ၊ ရှင်းလင်းချက် ပြည့်ပြည့်စုံစုံနဲ့ သင်ပြသွားမှာပါ။

သင်ကြားပြသမယ့် ပုံစံက Telegram private group ထဲမှာ Video သင်ခန်းစာတွေနဲ့ အပတ်စဉ် သင်ကြားမှာ ဖြစ်ပါတယ်။ စာလေ့လာဖို့ အဆင်ပြေချိန်၊ အင်တာနက် အဆင်ပြေချိန် အခက်အခဲမရှိ ဝင်ရောက်လေ့လာပြီး Video သင်ခန်းစာတွေ Download ရယူလို့လည်း ရပါတယ်။ ဒါ့အပြင် အထောက်အကူပြု သင်ခန်းစာ file တွေလည်း Download ရယူနိုင်မှာ ဖြစ်ပါတယ်။

💵 သင်တန်းကြေးက ပညာသင်နှစ် တစ်နှစ်လုံးစာအတွက် 80,000 (ရှစ်သောင်း) ကျပ် သာ ဖြစ်ပါတယ်။

video သင်ခန်းစာတွေမို့ ပညာသင်နှစ် တစ်နှစ်အတွင်း အချိန်မရွေး လေ့လာနိုင်ပါတယ်။

🎁 ဒီလိုမျိုး အသေးစိတ် အဆင်ပြေအောင် စီစဉ်ပေးထားပြီး သင်တန်းကြေး သက်သာတဲ့ သင်တန်းကို ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ Study Guide တွေ ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။ ပေးရတဲ့ သင်တန်းကြေးထက် အဆပေါင်းများစွာ အကျိုးရှိတာမို့ လက်လွတ်မခံဘဲ အခုပဲ သင်တန်းအပ်လိုက်ပါ။

📥 သင်တန်းအပ်မယ်ဆိုရင် www.facebook.com/EssentialEnglishForTeachersAndStudents page ရဲ့ Chat Box မှာ အပ်လို့ရသလို ဒီ Link ကိုနှိပ်ပြီး Telegram မှာ အပ်လို့လည်း ရပါတယ်။
https://t.me/EssentialEnglishService

အသေးစိတ် သိချင်တာရှိတာကို မေးမြန်းလို့ရပါတယ်။
51👍3🙏3❤‍🔥2🔥2