EETS - Essential English for Teachers and Students
30.6K subscribers
1.05K photos
213 videos
50 files
202 links
Download Telegram
"အထက (မိုင်းယု)၊ မိုင်း‌ယောင်းမြို့နယ်၊ ရှမ်းအရှေ့ကပါ။ဆရာရဲ့ Eng workbook (G12) စာအုပ်လေးနဲ့ သင်ကြားပေးနေတာ အရမ်းအဆင်ပြေပါတယ်ဆရာ။ ကျေးဇူးလည်းတင်ပါတယ်နော်" ဆိုပြီး အမှတ်တရ ပို့ပေးလာတဲ့ ဆရာမကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

မိုင်းယုတို့ မိုင်းယောင်းတို့ဆိုတာ ကြားပဲကြားဖူးပြီး မရောက်ဖူးဘူး။ ကိုယ်မရောက်ဖူးပေမဲ့ စာအုပ်လေးတွေ ရောက်ဖူးတယ်လို့ပဲ ပြောရမယ်။

အမှတ်တရ ပုံပို့ပေးတဲ့ ဆရာမရော၊ ကျောင်းသား/သူတွေပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အောင်မြင်မှုအပေါင်း ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
48👍2🍓2
Grade 12 English Workbook စာအုပ်ကို ဝယ်ယူထားတဲ့သူတိုင်းကို Grammar သင်ခန်းစာတွေ သင်ပေးတဲ့ Telegram group ထဲမှာ Join ခွင့်ပေးတဲ့ အစီအစဉ်လေး ပြန်လုပ်ပေးပါမယ်။

အရင်က July လကုန်အထိပဲ ခွင့်ပြုမယ်လို့ ပြောထားပြီး အဲဒီနောက်ပိုင်း လူတွေကို ခွင့်မပြုခဲ့ပါဘူး။

ခုက 31.10.2025 (အောက်တိုဘာလကုန်အထိ) ပြန်လက်ခံပေးပါမယ်။

ဝယ်ယူထားတဲ့ စာအုပ်ပုံကို ဓာတ်ပုံရိုက်ပြီး ဒီ Telegram link ကို နှိပ်ပြီး ပို့ပေးပါ။
https://t.me/EssentialEnglishService
Link နှိပ်မရင် Telegram ဖုန်းနံပါတ် +959677285820 ကို ပို့ပေးပါ။

Group link ပြန်ပေးထားပါမယ်။

***

စာအုပ်တွေကို ဆိုင်တော်တော်များများမှာ ရပါတယ်။ အတိအကျတော့ ကျွန်တော်လည်း မသိပါ။ ဘယ်ဆိုင်မှာ ရခဲ့တယ်ဆိုပြီး လာပြောမှ သိတာပါ။

သိသလောက်ဆိုရင်
ရန်ကုန်မှာ ဗိုလ်ချုပ်ဈေးရှေ့က အရုဏ်သစ်စာပေ ဖြန့်ချိရေး၊ ဗိုလ်ချုပ်ဈေးသစ်ထဲက ဘုန်းမြင့်မိုရ်စာပေ၊ ၃၆ လမ်း ကိုထွန်းစာပေ၊ ၃၂ လမ်း ကျော်သိန်းစာပေ၊ KMK ရွှေပညာစာပေ (တခြားသိတာရှိရင် ဖြည့်စွက်ပေးပါ)

တောင်ကြီးမှာ မီလျံနာ စာပေ

မကွေး မျိုးဆက်သစ်စာပေ

ပုသိမ် ပြုံးချိုစာပေ

ဘားအံ ရောင်းရင်းစာပေ

ရေး မြတ်ဆုမွန်စာပေ

လားရှိုး စစ်ငြိမ်းပန်းစာပေ

မိတ္ထီလာ သမ္မတစာပေ

ဒီ page မှာလည်း ဝယ်လို့ ရပါတယ်။
https://www.facebook.com/share/p/1BQFqnXS4w/

(တခြားမြို့တွေ ဆိုင်တွေမှာလည်း ရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ စာအုပ်တွေကို အရုဏ်သစ်စာပေက ဖြန့်ချိပေးတာ ဖြစ်လို့ ဘယ်မြို့ ဘယ်ဆိုင်မှာရသလဲဆိုတာ ကျွန်တော်ကိုယ်တိုင် အတိအကျမသိလို့ပါ။ ခုပြောတဲ့ စာရင်းက ကျွန်တော့်ကို ဘယ်ဆိုင်တွေမှာ ရခဲ့တယ်လို့ ပြောတာ မှတ်ထားပြီး ပြန်ပြောပေးတာ ဖြစ်ပါတယ်။ ဆိုင်နာမည်တွေ သိရင်လည်း ဖြည့်စွက်ပေးပါခင်ဗျာ။)
54👍8❤‍🔥1
💟 Grade 6, Grade 7 English သင်ခန်းစာများကို Textbook တစ်အုပ်လုံးအပြည့်အစုံ Youtube မှာ ပညာဒါန လေ့လာနိုင်ပါတယ်။

သင်ခန်းစာ Link တွေကို Link နှိပ်ပြီး ဒီ post မှာ ဖတ်ကြည့်ပေးပါ။
https://t.me/LessonsEETS/1018

Grade 8, Grade 9, Grade 10, Grade 11, Grade 12 သင်ရိုးကုန် Textbook တစ်အုပ်လုံးစာ Telegram မှာ member ဝင်ပြီး လေ့လာနိုင်ပါတယ်။ နမူနာ video တွေ Youtube မှာ ကြည့်ရှုနိုင်ပါတယ်။

အသေးစိတ်ကို ဒီ Link ကိုနှိပ်ပြီး post မှာ ဖတ်ကြည့်ပေးပါ။
https://t.me/LessonsEETS/1018

🔰 Grade 12 အတွက် အပိုလေ့ကျင့်စရာ Workbook သင်ခန်းစာတွေကိုလည်း Telegram မှာ သင်ယူနိုင်ပါတယ်။

အသေးစိတ်ကို ဒီ link နှိပ်ပြီး ဖတ်ကြည့်ပေးပါ။
https://t.me/LessonsEETS/1363
79🥰3👎1
Grade 12 English Workbook Page 159 က The Importance of having a good relationship with friends ခေါင်းစဉ်နဲ့ Essay ရေးနည်း

https://youtu.be/7CXI1DHuDG4
64
2024, 2025 မေးခွန်းဟောင်းတွေကို video နဲ့ ရှင်းပြဖို့ ကြိုးစားနေပါတယ်။

ခု 2024 ခုနှစ်၊ English မေးခွန်းဟောင်းတွေထဲက Initial Letters စပေးထားပြီး ကွက်လပ်ဖြည့် ဖြေဆိုရတဲ့ လေ့ကျင့်ခန်းတွေ ရှင်းပြထားပါတယ်။ ညစဉ် တင်ပေးနိုင်အောင် ကြိုးစားပါမယ်။ လိုချင်တာ၊ လိုအပ်တာရှိရင်လည်း အကြံပြုပေးပါဦး။

ဒီ Link ကို နှိပ်ပြီး Channel ကို join ထားလိုက်ပါ။
https://youtube.com/@sayasithuhtetessentialenglish?si=YWBKSP8FFVCMtJ5w

Video တစ်ခုချင်းစီအလိုက် Link များ

💟 Initial Letters (Set 1)
https://youtu.be/UaPIdM7lMQw?si=YFC0UdFZg9W8MkW_

💟 Initial Letters (Set 2)
https://youtu.be/GzvatqF1Mo0?si=hjMUZ_g3_b5MmE2D

💟 Initial Letters (Set 3)
https://youtu.be/VacnwrEkokQ?si=87e6q4IaBjjW3LHp

💟 Initial Letters (Set 4)
https://youtu.be/OSLiBzqC4nk?si=ITqnsurNDLqoIkF1
104👍11💯3👏2
2025 ခုနှစ်၊ English မေးခွန်းဟောင်းတွေထဲက Grammar သင်ခန်းစာတွေကို ရှင်းပြထားပါတယ်။

ခု ပထမဆုံးအနေနဲ့ ငလျင်ကြောင့် ပြန်ဖြေရတဲ့ မေးခွန်းအစုံတွေကို ဦးစားပေး ဖြေဆိုပြထားပါတယ်။

နောက် အသစ်တင်တာတွေ လေ့လာနိုင်ဖို့ ဒီ Link ကို နှိပ်ပြီး Channel ကို Subscribe လုပ်ထားပါ။ Youtube မှာ Saya Sithu Htet လို့ ရိုက်ပြီး ရှာလို့လည်း ရပါတယ်။
https://youtube.com/@sayasithuhtetessentialenglish?si=WqLxw3eMRprKnk7V

💟 Grammar (Set 1)
https://youtu.be/DiEX-pvg-1k?si=pcjtc_STxIxqsZ-F

💟 Grammar (Set 2)
https://youtu.be/46YnbYIU3qQ?si=LKbOM2CDULCT8VG1

💟 Grammar (Set 3)
https://youtu.be/9o9n9LzeICU?si=OmfeniB_4smxOTGP
111🥰11👏4❤‍🔥3
"ကလေးတွေအတွက် အရမ်းကို အကျိုးရှိတဲ့စာအုပ်လေးပါ သူတို့တွေကို လေ့ကျင့်ပေးဖြစ်ပါတယ်"

"ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် အထက ခွဲ ပါတ်ကျောကျောင်း ကပါရှင့်"

***

ခုလို အမှတ်တရ ပို့ပေးတာ ကျေးဇူးအထူး တင်ပါတယ် ဆရာမရေ။ ကလေးတွေလည်း ဂုဏ်ထူးတွေနဲ့ အောင်မြင်၊ ဆရာမလည်း ဂုဏ်ယူရပြီး အောင်မြင်ပျော်ရွှင်ကြပါစေ 😊
595
Grade 12 English က Unit 11 မှာပါတဲ့ စာကြောင်း တစ်ကြောင်းက -
Coming out while you were poised unsteadily ... ဆိုတာပါ။
Textbook ရဲ့ စာမျက်နှာ 125 မှာပါပါတယ်။ A Day's Wait ဆိုတဲ့ ဇာတ်လမ်းလေးကပါ။

ဒါကို ကျွန်တော် သင်ပြပေးထားတဲ့ video သင်ခန်းစာအောက်မှာ တစ်ဦးက "you" က ဘာကို ရည်ညွှန်းတာလဲ ရှင်းပြပေးပါတဲ့။ ဇာတ်လမ်းထဲမှာ you က ပြန်ရည်ညွှန်းပေးရမယ့်လူ မပါတော့ ရှင်းပြစေချင်တာပါ။

အဖြေသိရုံတင်မက ​ပြည့်ပြည့်စုံစုံ ​နားလည်စေဖို့ Practical English Usage ကို ကိုးကားပြီး ရှင်းပြပါမယ်။

💟 လူတွေအကြောင်း ယေဘုယျပြောဖို့ one ဒါမှမဟုတ် you ကို သုံးနိုင်ပါတယ်။ ဒီလိုသုံးတဲ့အခါ ပြောတဲ့သူရော၊ နားထောင်တဲ့သူပါ အကျုံးဝင်တယ်။ 💟

ဥပမာ
One/You can learn a learn a language in six weeks.
ဘာသာစကားတစ်ခုကို ခြောက်ပတ်နဲ့ သင်ယူတတ်မြောက်နိုင်တယ်။

ဒီလို ပြောလိုက်တဲ့အခါ လူတွေ ဘာသာစကားတစ်ခုကို တတ်မြောက်နိုင်ပုံကို ယေဘုယျပြောတာပါ။ ဘယ်သူရယ်လို့တော့ တိတိကျကျ မဟုတ်ဘူး။ ယေဘုယျပြောတာပဲ။ ဒီလိုမျိုးဆို one သို့မဟုတ် you သုံးလို့ ရပါတယ်။

သတိထားရမှာက ခုလိုသုံးစွဲပုံက ယေဘုယျသဘောမျိုးအတွက်ပဲ သုံးရပါတယ်။

ဒီစာကြောင်း နှစ်ကြောင်းကို နှိုင်းယှဉ်ကြည့်ပါ။

One/You can usually find people who speak English in Sweden.
ဆွီဒင်နိုင်ငံမှာ အင်္ဂလိပ်စကားပြောတတ်တဲ့သူတွေကို တွေ့နိုင်တယ်။
They speak English in this shop.
ဒီဆိုင်မှာ သူတို့က အင်္ဂလိပ်လို ပြောကြတယ်။

ပထမဝါကျမှာ တော်တော့်ကို ယေဘုယျဆန်ဆန် ပြောထားတယ်။ ဆွီဒင်မှာ အင်္ဂလိပ်စကားပြောသူတွေကို တွေ့နိုင်တယ်တဲ့။ ဘယ်သူတွေ့မလဲ။ လူပေါ့။ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါကြောင့် One/You ဆိုပြီး လူတွေကို ရည်ညွှန်းဖို့ သုံးလို့ရတယ်။ လူဆိုတဲ့နေရာမှာ ဒီစာဖတ်နေတဲ့သူလည်း ပါတယ်နော်။

ဒုတိယဝါကျမှာတော့ ဒီဆိုင်မှာ အင်္ဂလိပ်စကားပြောသူတွေအကြောင်း။ ဒါကျတော့ အရမ်းယေဘုယျဆန်ဆန်ပြောလို့ မရတော့ဘူး။ One/You speak English in this shop. ဆို ဒီဆိုင်မှာ ဘယ်သူမဆို အင်္ဂလိပ်စကားပြောကြတဲ့ ပုံစံသဘောဖြစ်မှာမို့ အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် one/you မသုံးရဘူး။

ဒါကြောင့် လိုရင်းကို ပြန်ပြောရရင် A Day's Wait မှာပါတဲ့ you ဆိုတာ လူကို ယေဘုယျပြောတာပါပဲ။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင် (အဖေ) တင်မက ဘယ်သူမဆို ဖြစ်နိုင်တယ်။ စာဖတ်သူလည်းပါတယ်။

ဒီလိုမျိုး you သုံးပြီး စာဖတ်သူကိုပါ ဆွဲထည့်လိုက်တော့ ပြောချင်တဲ့ အချက် ပိုပေါ်လွင်သွားတယ်။ စာဖတ်သူကိုယ်တိုင် ဒီအတွေ့အကြုံမှာ ပါဝင်ခံစားရသလို ဖြစ်သွားတယ်။ ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းသွားတယ်။

ဒီလိုမျိုး ရေးနိုင်တာကလည်း စာရေးဆရာရဲ့ အရည်အချင်းပါပဲ။
125👍8
Grade 10 English သင်ခန်းစာတွေကို Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို ပုံမှန်လေး တင်ပေးသွားပါမယ်။

ဒီတစ်ခါမှာတော့ Unit 8 Food Chain နဲ့ပတ်သက်တဲ့ Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ တင်ပေးထားပါတယ်။
144👍23🥰9😭32