EETS - Essential English for Teachers and Students
30.6K subscribers
1.05K photos
213 videos
50 files
202 links
Download Telegram
ကျွန်တော် Grade 12 English Workbook စာအုပ်ရေးတုန်းက ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် ပုံစံကို စဉ်းစားပြီး ရေးသားပြုစုခဲ့ပါတယ်။

Workbook ဖြစ်တာနဲ့အညီ သင်ခန်းစာတွေကို လေ့ကျင့်ခန်းလုပ်ရင်း ကျွမ်းကျင်​တတ်မြောက်စေတဲ့ ပုံစံနဲ့ စီစဉ်တာပါ။ လေ့ကျင့်ခန်းအားလုံးလုပ်ပြီးသွားရင် တစ်ခန်းချင်းစီကို ကြေညက်သွားမယ့် ပုံစံမျိုးပေါ့။

ကိုယ်တိုင်လည်း စာသင်တဲ့ ဆရာဆိုတော့ ကျောင်းသားတွေ ဘာလိုတယ်ဆိုတာ သိတယ်။ လိုတာ ပြင်၊ မှတ်မိနိုင်မယ့်ပုံစံ စီစဉ်၊ ထပ်ခါထပ်ခါ လေ့ကျင့်နိုင်မယ့်ပုံစံ လုပ်ပေးထားတာ။

ဒီ Workbook ကို ဆရာတစ်ယောက်ရဲ့ ရှုထောင့်က ရေးထားတာ ဖြစ်လို့ ဆရာ/မတွေရဲ့ အကြိုက်နဲ့ ကိုက်ညီပြီး တပည့်​တွေကို လေ့ကျင့်ဖို့ ဝယ်ကြပါတယ်။ ကျောင်း​တွေ၊ ကျူရှင်တွေ၊ ဘော်ဒါတွေကို အုပ်ရေအများ မှာယူကြပါတယ်။ စာအုပ်ကို ဝယ်ယူအားပေးပြီး လက်တွေ့အသုံးချကြတာ တကယ်ဝမ်းသာရပါတယ်။ ဝယ်ပြီးသုံးရုံတင်မက တပည့်တွေနဲ့ အမှတ်တရပုံလေးတွေရိုက်ပြီး ပို့ပေးကြတာက ပီတိဖြစ်စရာပါ။

စာကျန်တာတွေ၊ စာလုံးပေါင်းအမှားတွေ ပါတာတော့ ရှိနိုင်ပါတယ်။ မြင်သမျှတော့ ပြင်ပြင်ထားပါတယ်။ တကယ်လို့ အကြံပြုချင်တာရှိလည်း ပြောလို့ ရပါတယ်။

စာအုပ်အသစ်ပုံနှိပ်လိုက်တိုင်း အားပေးကြတဲ့ ဆရာ/မတွေ၊ ကျောင်းသား/သူတွေ၊ မိဘအုပ်ထိန်းသူတွေ ကျေးဇူးကြောင့် ပြန်ကုန်သွားတာ မြန်ပါတယ်။ နောက်တစ်ကြိမ်ပုံနှိပ်ဖို့ အချိန်အကြာကြီး စောင့်ရတာလည်း အားနာပါတယ်။

အခု တစ်ကြိမ်ပုံနှိပ်တာက စနေ/တနင်္ဂနွေ ဝန်းကျင်ဆို ပုံနှိပ်တိုက်က ပြန်ရပါပြီ။ မှာယူထားတဲ့ ဆရာ/မတွေ၊ ကျောင်းသား/သူတွေအားလုံးကို စာအုပ်ပြန်ရတာနဲ့ အချိန်မဆိုင်းဘဲ ပို့ပေးပါမယ်။ လိုအပ်လို့ မှာယူချင်သူတွေတွေကလည်း နောက်မှ ကုန်သွားလို့ အချိန်အကြာကြီးထပ်စောင့်ရတာမဖြစ်ချင်ရင် အခု အချိန်မီမှာယူထားလို့ ရပါတယ်ခင်ဗျာ။

@EssentialEnglishService
51👍2
Grade 10 English သင်ခန်းစာတွေကို Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို ပုံမှန်လေး တင်ပေးသွားပါမယ်။

ဒီတစ်ခါမှာတော့ Unit 4 Painting နဲ့ပတ်သက်တဲ့ Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ တင်ပေးထားပါတယ်။
159
ထိုင်းနိုင်ငံ မြန်မာကျောင်းက ကလေးတွေနဲ့ G12 English Workbook စာအုပ်လေးအမှတ်တရ 😍

ဆရာက ထိုင်းနိုင်ငံကနေ စာအုပ်မှာယူပြီး သင်တယ်ဆိုတော့ အံ့ဩပြီး ထိုင်းမှာ Grade 12 သင်ဖို့လိုလို့လားဆိုတော့ မြန်မာကျောင်း၊ မြန်မာစာစစ်ဌာနမှာပဲ ဖြေတယ်လို့ ရှင်းပြတယ်။

ဝမ်းလည်းဝမ်းသာ၊ ကျေးဇူးလည်းတင်ပါတယ်။ စာအုပ်က နိုင်ငံခြားရောက်နေပေမဲ့ ရေးတဲ့ဆရာကတော့ ဘယ်မှ မရောက် အမှတ်တရပေါ့ 😁

ဆရာရော ကျောင်းသား၊ သူတွေပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အောင်မြင်မှုသရဖူ ဆောင်းနိုင်ပါစေ 😊
136❤‍🔥3🥰2
ကျောက်ပန်းတောင်းက ဆရာမတစ်ဦး အမှတ်တရ ပေးပို့ထားတဲ့ ကျွန်တော့်ရဲ့ Grade 12 English Workbook စာအုပ်နဲ့ ကလေးတွေရဲ့ အမှတ်တရ ပုံလေးပါ။

အမှတ်တရ ပုံလေးတွေပို့ပေးတဲ့ တီချယ်ပုံ့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တီချယ်ရော ကျောင်းသား/သူကလေးတွေပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး ဂုဏ်ထူးဝေဝေဆာဆာနဲ့ ပျော်စရာ ဂုဏ်ယူစရာ အောင်မြင်ပါစေ 😍
82
Grade 10 English သင်ခန်းစာတွေကို Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို ပုံမှန်လေး တင်ပေးသွားပါမယ်။

ဒီတစ်ခါမှာတော့ Unit 5 Trains နဲ့ပတ်သက်တဲ့ Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ တင်ပေးထားပါတယ်။
115🕊3🐳1
မင်းဘူးက ဆရာမတစ်ဦး အမှတ်တရ ပို့ပေးထားတဲ့ ကျွန်တော့်ရဲ့ Grade 12 English Workbook စာ​အုပ်လေးနဲ့ ကလေးတွေရဲ့ အမှတ်တရ ပုံလေးပါ။

ကျေးဇူးအထူးပါ ဆရာမရေ။ ဆရာမရော ကလေးတွေပါ ပျော်ရွှင်ချမ်း​မြေ့ပြီး အောင်မြင်မှုတွေ ဆင်မြန်းနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။
97
Grade 10 English သင်ခန်းစာတွေကို Grade 12 မေးခွန်းပုံစံအတိုင်း စီစဉ်ပြီး ကျောင်းသား/သူတွေ လေ့ကျင့်နိုင်ဖို ပုံမှန်လေး တင်ပေးသွားပါမယ်။

ဒီတစ်ခါမှာတော့ Unit 6 The Prodigal Son နဲ့ပတ်သက်တဲ့ Initial Letters ပေးပြီး ကွက်လပ် ဖြည့်ခိုင်းတဲ့ မေးခွန်းနဲ့ ရွေးချယ်ရတဲ့ Multiple-choice မေးခွန်းတွေ တင်ပေးထားပါတယ်။
146👍8👎1