EETS - Essential English for Teachers and Students
30.5K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Relative Clauses.pdf
347.4 KB
Relative Clauses တွေက သေချာနားမလည်ထားဘူးဆိုရင် ရှုပ်တတ်၊ ဖြေရခက်တတ်ပါတယ်။ ဒါကြောင့် ဒီသင်ခန်းစာမှာ Relative Clause ဆိုတာ ဘာလဲ၊ Relative Clause ဘယ်နှစ်မျိုးရှိလဲ၊ ဖြေတဲ့အခါ ဘယ်လို စဉ်းစားသင့်သလဲဆိုတာတွေ အသေးစိတ် ရှင်းပြထားပါတယ်။ သင်ခန်းစာကို pdf file အနေနဲ့ တင်ပေးထားပါတယ်။

သင်ခန်းစာ video ကိုတော့ ဒီ link မှာ ကြည့်နိုင်ပါတယ်။
https://youtu.be/XuvR3_K801I
81👍33
Not only … but also

Not only … but also ကို correlative conjunction လို့ ခေါ်ပါတယ်။

correlative conjunction ဆိုတာက both … and, not only … but also, either … or, neither … nor တို့လို အတွဲလိုက်စကားစပ်တွေကို ဆိုလိုပါတယ်။ အတွဲလိုက်၊ အစုံလိုက်ရှိလို့ သူတို့ကို paired conjunction လို့လည်း ခေါ်ပါသေးတယ်။ ဒီစကားစပ်တွေက ဟန်ချက်ညီတဲ့ clauses, phrases ဒါမှမဟုတ် words တွေကို ချိတ်ဆက်ပေးပါတယ်။

Not only … but also က မြန်မာလိုဆိုရင် “သာမက … လည်းပဲ” လို့ အဓိပ္ပာယ်ရပါတယ်။ အခန့်သုံး အင်္ဂလိပ်စာ (formal English) မှာသုံးကြပါတယ်။

ဥပမာလေးတွေကို ကြည့်ရအောင်။
🔹 The war caused not only destruction and death but also generations of hatred between the two communities.
စစ်ပွဲက လူ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ပျက်စီးမှုနဲ့သေကြေမှုကိုသာမက မျိုးဆက်နဲ့ချီတဲ့ အမုန်းတွေကို လည်း ဖြစ်စေတယ်။
🔹 The car not only is economical but also feels good to drive.
ဒီကားက အကုန်အကျသက်သာရုံသာမက မောင်းလို့ကောင်းတယ်လို့လည်း ခံစားရတယ်။

တစ်ခါတစ်လေမှာ also ကို ချန်ထားနိုင်ပါတယ်။

အလေးအနက်ထားချင်တဲ့အခါ not only ကို clause ရဲ့ ရှေ့မှာ သုံးနိုင်တယ်။ အဲဒီလိုမျိုး သုံးတဲ့အခါ subject နဲ့ verb ကို ပြောင်းပြန်ထားပေးရတယ်။ ပုံမှန်ဝါကျဆိုရင် Subject + Verb ပုံစံမဟုတ်လား။ ဒီတော့ ပြောင်းပြန်ထားပေးရတယ်ဆိုတာ Verb + Subject ပုံစံ ရေးရတာကို ပြောတာပါ။

Verb + Subject ရေးတဲ့အခါ အကူကြိယာ (auxiliary verb) သို့မဟုတ် Verb to be ရှိရင်လွယ်တယ်။ အဲဒီ auxiliary verb သို့မဟုတ် Verb to be ကို Subject ရဲ့ ရှေ့မှာ ရေးရုံပဲ။

ဥပမာ -
🔹 Not only was it raining all day at the wedding but also the band was late.
မင်္ဂလာပွဲမှာ တစ်နေ့လုံး မိုးရွာရုံသာမက တီးဝိုင်းကလည်းပဲ နောက်ကျတယ်။
🔹 Not only will they paint the outside of the house but also the inside.
သူတို့က အိမ်အပြင်ကိုသာမက အတွင်းဘက်ကိုလည်းပဲ ဆေးသုတ်လိမ့်မယ်။

auxiliary verb သို့မဟုတ် verb to be မရှိရင် do, does, did ကို သုံးရတယ်။ ဒီတော့ do/does/did + Subject + Verb (infinitive) ပုံစံပေါ့။ infinitive ဆိုတာ verb တစ်ခုရဲ့ အခြေခံပုံစံနော်။ Verb မှာ s, es, ed, ing စတာတွေ ဘာမှ မထည့်ရတဲ့ ပုံစံကို ပြောတာ။

ဒါဆို အလေးအနက်ထားချင်တဲ့အတွက် not only + verb + subject နဲ့ ရေးမယ်ဆိုပါစို့။ ခုလို ရေးနိုင်ပါတယ်။

🔹 Not only did she forget my birthday, but she also didn’t even apologise for forgetting it.
သူက ငါ့ရဲ့မွေးနေ့ကို မေ့ခဲ့ရုံသာမကဘူး မေ့သွားတဲ့အတွက် တောင်းပန်တာတောင် မလုပ်ဘူး။
170👍61👏3🍾3
Grade 12 English သင်ရိုးသစ် အင်္ဂလိပ်စာအတွက် လေ့ကျင့်ရအဆင်ပြေအောင် မေးခွန်းနဲ့ အဖြေလေးတွေ စီစဉ်ပေးထားပါတယ်။ အခု ပထမဆုံးအနေနဲ့ Unit 1 Good Manners အတွက် Comprehension exercises တွေကို လေ့လာဖြေဆိုကြည့်ပါဦး။
174👍30🥰4
Grade 11 English (သင်ရိုးသစ်) ရဲ့ Unit 2: Online Shopping: Pros and Cons ရဲ့ Grammar သင်ခန်းစာမှာ must နဲ့ have to အကြောင်း အကျဉ်းရှင်းပြထားပြီး လေ့ကျင့်ခန်းတွေ ပေးထားတာ ရှိပါတယ်။

Grade 8 English (သင်ရိုးသစ်) ရဲ့ Unit 6, Lesson 3 မှာတော့ must, mustn't, have/ has to, don't/ doesn't have to အကြောင်းကို လေ့လာရပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။

ဒါတွေက ပြဋ္ဌာန်းစာအုပ်ထဲမှာ အကျဉ်းသဘောပဲ ဖြစ်ပြီး နားလည်ဖို့ခက်နေရင် ခု အသေးစိတ် ဥပမာတွေ စုံစုံလင်လင်နဲ့ ရှင်းပြထားတာ လေ့လာနိုင်ပါတယ်။ ခု have to ကို သုံးစွဲပုံရှင်းပြထားပါတယ်။

video နဲ့ ရှင်းပြထားတာ ဒီမှာကြည့်ပါ။
https://youtu.be/Xu7ql9RzG7o?si=bkJHaaeOmsXwQDVY
101👍36
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 2 Key to Happiness အတွက် Question No. 5 လေ့ကျင့်စရာ Comprehension Exercises တွေ စီစဉ်ပေးထားပါတယ်။ လေ့လာဖြေဆိုကြည့်ပါဦး။
137👍33🍾3
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 3 Diet and Nutrition အတွက် Question No. 5 လေ့ကျင့်စရာ Comprehension Exercises တွေ စီစဉ်ပေးထားပါတယ်။ လေ့လာဖြေဆိုကြည့်ပါဦး။
114👍35