EETS - Essential English for Teachers and Students
30.5K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
GRADE 9 TEACHER'S GUIDE.pdf
3.4 MB
Grade 9 (Teacher's Book)
❤144👍48🥰1
GRADE 10 TEACHER'S GUIDE.pdf
8.2 MB
Grade 10 (Teacher's Book)
❤140👍43🥰3
"အင်္ဂလိပ်စာ သင်စရာမလိုတော့ဘူး၊ အင်္ဂလိပ်စာ သင်ပေးသူတွေ မလိုတော့ဘူး။"

လွန်ခဲ့တဲ့ လေးရက်လောက်က (13.5.2024) တုန်းက Open AI ကုမ္ပဏီက Chat GPT 4o (o က omni ကို ပြောတာ) ကို ထုတ်ခဲ့ပါတယ်။ အရင်တုန်းက Chat GPT 3.0 ကိုပဲ အခမဲ့ သုံးလို့ရပြီး Chat GPT 4.0 ကို ဝယ်သုံးမှ ရခဲ့တာပါ။ ခုနောက်ဆုံး version Chat GPT 4o ကိုတော့ လူတိုင်းအခမဲ့ သုံးလို့ရပါတယ်။
(Android သုံးသူတွေက Playstore မှာ Chat GPT 4o လို့ ရိုက်ရှာပါ။ IOS သုံးသူတွေက App Store မှာ ရှာပါ။)

Chat GPT စထွက်လာကတည်းက တစ်ကမ္ဘာလုံး လှုပ်ခတ်သွားခဲ့ပါတယ်။ ခု Chat GPT 4o မှာတော့ မြန်မာနိုင်ငံအတွက်ပါ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Chat GPT 4o က မြန်မာစကားကို နားလည်၊ မြန်မာလို ဖြေနိုင်၊ ဆီလျော်မှုလည်း ရှိနေလို့ ဖြစ်ပါတယ်။

နည်းပညာနားလည်ပြီး အင်္ဂလိပ်ဘာသာစကားသုံးနိုင်သူတွေက AI ကို နယ်ပယ်ပေါင်းစုံမှာ ကျကျနန ခိုင်းလို့ရတာ သိပြီးသားပါ။ ခုက မြန်မာလိုလည်း ရတော့ လူတိုင်း အဆင်ပြေသွားတယ်။

အင်္ဂလိပ်စာ လေ့လာတဲ့သူတွေအတွက်ပဲ ဆိုပါစို့။ မသိတာတစ်ခုခု ရှိရင် ဆရာ/မဆီမှာ မေးစရာ မလိုတော့ဘူး။ လူကိုမေးရင် အဆင်ပြေမပြေ အားနာနေရမယ်။ ခုကျတော့ AI ကို အားနာစရာ မလိုဘူး။ စိတ်ကြိုက်သာမေး၊ စိတ်ရှည်လက်ရှည် ဖြေပေးပါလိမ့်မယ်။ မြန်မာလိုပဲ သိတာကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ။ စာခက်ခက်တွေကို ပိုလွယ်အောင် ရေးပြပါ။ အချက်အလက်တွေ စဉ်းစားပြပါ စသည်ဖြင့် စိတ်ကြိုက်ခိုင်းလို့ ရနေတော့ အခြေအနေအများစုမှာ ဆရာတောင် လိုမှာ မဟုတ်တော့ဘူး။

ခုက အစအခြေအနေဖြစ်ပါတယ်။ AI က မြန်မာဘာသာစကားကို ခုမှ သင်ခါစဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုပေါ့။ အရမ်းရှုပ်ထွေးတဲ့ စကားတွေ၊ အလှည့်အပြောင်းတွေကို ခုတော့ နားမလည်သေးပေမဲ့ အချိန်နဲ့အမျှ သင်ယူပြီး တတ်သွားမှာပါ။ အစတောင် ဒီလောက် တတ်နေရင် နောင်ဆယ်နှစ်ကြာရင် ဘယ်လောက် သိနေမယ်ဆိုတာ မေးစရာ မလိုပါဘူး။

နောင်ကျရင် ဘယ်ဘာသာနဲ့ ရေးထားရေးထား မြန်မာစကားနဲ့ ပြောင်းလဲနိုင်တာတို့၊ မြန်မာဘာသာနဲ့ ရေးထားတာတွေကို ဘယ်ဘာသာစကားမဆိုပြောင်းလဲနိုင်တာတို့ ဖြစ်လာတော့မယ်။ (တကယ်တော့ AI က အရေးတင်မက အပြောလည်းရတယ်။ video တွေ၊ အသံဖိုင်တွေကိုလည်း နားလည်တယ်။)

အင်္ဂလိပ်စာ စိတ်ဝင်စားလို့ လေ့လာချင်ရင်လည်း AI ကို မေးခိုင်း၊ သင်ခိုင်းလို့ ရနေပြီ။ စိတ်ရှည်ရှည်နဲ့ ကိုယ့်လိုအပ်ချက်နဲ့ အညီ သင်ပေးပါလိမ့်မယ်။

ကျွန်တော်တို့ အင်္ဂလိပ်စာ ဆရာ/မတွေ ဘယ်အလုပ်ပြောင်းလုပ်ရင် ကောင်းမလဲ ကြိုစဉ်းစားကြတာပေါ့။

အောက်က ပုံတွေမှာ Chat GPT ကို မြန်မာစကားနဲ့ စမ်းပြထားပါတယ်။
👍95❤51🥰4🫡3
❤95👍35🎉6🫡5🥰4
Grade 6 English Recording.zip
7.5 MB
Grade 6 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤109👍38🍓7
Grade 7 English Recording.zip
46.2 MB
Grade 7 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤108👍50🍓6👏3
Grade 8 English Recording.zip
42.5 MB
Grade 8 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤106👍39
Grade 9 English Recording.zip
34.5 MB
Grade 9 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤113👍49🥰1😁1
Grade 10 English Recording.zip
45.4 MB
Grade 10 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤104👍33
Grade 11 English Recording.zip
39.9 MB
Grade 11 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤101👍16
Grade 12 English Recording.zip
34.5 MB
Grade 12 English audio files (Zip file ဖြစ်ပါတယ်။ Download ယူပြီးရင် Zip ဖြည်ရပါမယ်။ ကိုယ်တိုင် မလုပ်တတ်ပါက တတ်ကျွမ်းသူတစ်ဦးဦးကို ပြခိုင်းပေးပါ)
❤97👍26
Grade 6 ကနေ Grade 12 အထိ audio files တွေကို စုစည်းပေးထားပါတယ်။ Download ယူလို့ လွယ်အောင် zip file နဲ့ တင်ထားပေးပါတယ်။ (ကိုယ့်ဘာသာ download ယူပုံတွေ၊ zip ဖြည်ပုံတွေကို မသိရင် အနီးအနားမှာရှိတဲ့ နားလည်သူကို ပြခိုင်းပေးပါ)

ဒီဖိုင်တွေကို SK Education Channel က ခွင့်ပြုချက်တောင်းပြီး ခွင့်ပြုချက်နဲ့ မျှဝေပါတယ်။ SK Education Channel ရဲ့ Link က ဒီ Link ပါ။
https://t.me/skeducaregrade6to12

👉 Grade 6 audio files
https://t.me/LessonsEETS/1120

👉 Grade 7 audio files
https://t.me/LessonsEETS/1121

👉 Grade 8 audio files
https://t.me/LessonsEETS/1122

👉 Grade 9 audio files
https://t.me/LessonsEETS/1123

👉 Grade 10 audio files
https://t.me/LessonsEETS/1124

👉 Grade 11 audio files
https://t.me/LessonsEETS/1125

👉 Grade 12 audio files
https://t.me/LessonsEETS/1126
❤129👍51💯5😁2🎃2
Grade 9 English (သင်ရိုးသစ်) မှာ မြန်မာ့တူရိယာတွေဖြစ်တဲ့ စောင်းကောက်နဲ့ ဆိုင်းဝိုင်းအကြောင်း ပါပါတယ်။ အခု စောင်းကောက်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ဖတ်ရှုဖို့ မျှဝေပေးလိုက်ပါတယ်။

🔸🔸🔸🔸🔸🔸🔸

ယနေ့ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့ အသုံးပြုနေကြတဲ့စောင်းများမှာ လေးကိုင်းပုံသဏ္ဌာန်စောင်းနဲ့ တြိဂံပုံသဏ္ဌာန်စောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ လေးကိုင်းပုံသဏ္ဌာန်စောင်းဟာ တြိဂံပုံသဏ္ဌာန်စောင်းထက် ပိုမိုရှေးကျကြောင်း လေ့လာတွေ့ရှိရပါတယ်။

သမိုင်းအထောက်အထားများအရ မြန်မာ့စောင်းဟာ ခရစ် ၈၀၂ခုနှစ် ပျူခေတ်ကတည်းက ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ရှေးဦးတူရိယာများဖြစ်ကြတဲ့ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးမှာ စောင်းဟာ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာ့စောင်းကို ကြိုးတပ်တူရိယာများအနက် တူရိယာဘုရင်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ထီးနန်းအဆက်ဆက်သုံးစွဲခဲ့တဲ့ စောင်းကို ဂန္ဓဗ္ဗစောင်း သို့မဟုတ် ဇာတိစောင်းလို့ ခေါ်ပါတယ်။ ဒီစောင်းမှာ ကြိုးခုနှစ်ချောင်းပါဝင်ပါတယ်။

ဆိုင်းဝိုင်းမှာ ဗုံများကို ပတ်စာထည့်တဲ့အခါ ကြေးနောင်ကို စံထားရပါတယ်။ ကြေးနောင်ကို အသံညှိတဲ့အခါ နှဲသံကို စံထားရပါတယ်။ နှဲသံအတွက် လက်ပေါက်ဖောက်တဲ့အခါ စောင်းသံကိုနာခံပြီးဖောက်ကြရတဲ့အတွက် စောင်းဟာ ဂီတအားလုံးရဲ့အဓိကအသံလို့ဆိုကြပါတယ်။ မြန်မာတို့မှာ စောင်းကောက်နဲ့ဗျပ်စောင်းဟာ ထင်ရှားပါတယ်။ ဗျပ်စောင်းဟာ ဗျပ်လို အဝိုင်းပြား၊ အိုးမှာ လက်ရုံးတပ်ထားတဲ့ ကြိုးတပ်တူရိယာဖြစ်ပြီး ရှေးခေတ်ရှမ်းလူမျိုးတွေတီးတဲ့ ဗျပ်စောင်း သို့မဟုတ် ပျူခေတ် ဗူးဗျပ်စောင်းပုံစံမျိုးဖြစ်မယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ခရစ်နှစ် ၈၀၂ခုနှစ်မှာ ပျူမင်းသားသုနန္ဒ၊ အမတ်ကြီး နာကျကုဥ္စနဲ့ မဟာသေနတို့ဦးဆောင်တဲ့ တရုတ်နိုင်ငံရောက် ပျူသံအဖွဲ့မှာ ပျူဂီတအကအဖွဲ့ပါပါတယ်။ တန်မင်းဆက်သမိုင်းမှာဖော်ပြထားတာက သူတို့မှာ တူရိယာ ၂၂မျိုးပါလာပြိး အဲ့ဒီအထဲမှာ စောင်းအမျိုးအစားအမျိုးမျိုးပါ ပါဝင်ကြောင်းဖော်ပြထားပါတယ်။ စောင်းကို ရှေးဘုရင်များလက်ထက် အတော်နှစ်ခြိုက်ခဲ့ကြပြီး ထီးသုံးနန်းသုံးအဖြစ် အသုံးပြုခဲ့ကြရုံသာမက တောင်သူလယ်သမား ဆင်းရဲသားများကလည်း နှစ်သက်စွာ တီးခတ်ကြပါတယ်။

မြန်မာ့စောင်းကောက်ဟာ လှေပုံသဏ္ဌာန်ရှိပြီး ရွက်တိုင်ကွေးမှာ လေးအားဖြစ်ဖို့ လေးကြိုးကိုဆွဲတဲ့ အခါမှာ လေးကိုင်းဟာ ကွေးညွတ်သွားတဲ့ လေးကိုင်းသဏ္ဌာန်ရှိပါတယ်။ မြန်မာ့စောင်းဟာ တစ်ခြားနိုင်ငံများမှ စောင်းတွေနဲ့မတူပဲ တစ်မူအသွင်ထူးခြားတဲ့ ပုံစံရှိပါတယ်။ မြန်မာ့စောင်းမှာ အပိုင်းနှစ်ပိုင်းရှိပြီး လက်ရုံးပိုင်းနဲ့ ကိုယ်ထည်ပိုင်းဖြစ်ပါတယ်။ လက်ရုံးပိုင်းမှာ ကွေးကောက်ပုံသဏ္ဌာန်သုံးမျိုးရှိပါတယ်။ သဇင်ခွေလက်ရုံး (သဇင်ပန်းရဲ့နွဲ့နှောင်းကွေးညွှတ်နေဟန်ကို အတုယူထား)၊ မျောက်ထိုင်လက်ရုံး(မျောက်တစ်ကောင်ထိုင်နေစဉ် ဘေးတိုက်မြင်ရပုံကို ပုံစံတူပြုထား) နဲ့ ငါးမျှားချိန်လက်ရုံး(ငါးမျှားချတ်၏ကွေးကောက်ပုံကို အတုယူထား) တို့ပဲဖြစ်ပါတယ်။ မျောက်ထိုင်လက်ရုံးနဲ့စောင်းဟာ အသုံးအများဆုံးဖြစ်ပြီး လက်ရုံးမှာချည်တဲ့ ဘွဲ့ကြိုးမြဲခြင်းကြောင့် စောင်းကြိုးအလျှော့အတင်း နည်းတဲ့အတွက်ဖြစ်ပါတယ်။

စောင်းကိုယ်ထည်ပိုင်းဟာ လောင်းလှေသဏ္ဌာန်ရှိပြီး စောင်းအိုးကို ရှေးအဆိုအရ တောင်ကုန်းမြေမြင့်ဒေသမှာပေါက်တဲ့ ပိတောက်သားနဲ့ပြုလုပ်တာပိုကောင်းတယ်လို့ဆိုပြီး ပိတောက်သားနဲ့ပြုလုပ်ကြပါတယ်။ ဒီနောက်ပိုင်းတော့ ပိတောက်သားအပြင် ယမနေသား၊ ကျွန်းသားအဖြူ၊ ယင်းမာသားတို့နဲ့လည်း ပြုလုပ်လာကြပါတယ်။ စောင်းအိုးထွင်းရာမှာ “ရှေ့စကားနောက်ဖလား”ဆိုပြီး ဆိုရိုးရှိတဲ့အတိုင်း စောင်းအိုးရဲ့ဦးပိုင်းကို စကားရွက်ပုံသဏ္ဌာန်နဲ့ ပဲ့ပိုင်းကို ဖလား၏အောက်ဝန်းသဏ္ဌာန်ရှိစေပါတယ်။ မြန်မာစောင်းကောက်အပြင် ၁၉၂၂မှာ မြန်မာ့စောင်းပြားလည်း ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာ့စောင်းကောက်ဟာ လှပနုနယ်ပြီး တန်ဖိုးကြီးခြင်းကြောင့် စောင်းပညာသင်လိုသော်လည်း ငွေကြေးမတတ်နိုင်တာကတစ်ကြောင်း၊ ခရီးသွားရင်သယ်ယူရလွယ်တာကြောင့်တစ်ကြောင်း၊ ကြိုးညှိရလွယ်တာကတစ်ကြောင်း၊ ယနေ့စောင်းပညာလိုက်စားသူများနဲ့ အချို့စောင်းပညာရှင်များဟာ စောင်းပြားကိုပိုမိုသုံးစွဲလာကြပါတယ်။

အစက စောင်းကြိုး ခုနှစ်ကြိုးရှိပြီး နောက်ပိုင်း ဆယ့်သုံးကြိုးမှသည် ဆယ့်ခြောက်ကြိုးအထိ တီထွင်လာကြပါတယ်။ စောင်းကြိုးလေးတွေကို ပိုးကောင်ဥမှရရှိတဲ့ ပိုးချည်မျှင်အစိမ်းများမှ ကြိုးအဖြစ်ပြုပြင်ယူရပါတယ်။ ဒီပိုးကြိုးဟာ အဝါရောင်ရှိတဲ့အတွက် ခင်ဝါကြိုးလို့ စာဖွဲ့ခဲ့ကြပါတယ်။ စောင်းသံဖျားခေါ် အောက်ဆုံးကြိုးမှ အထက်ဆုံးဒုံးကြိုးအထိ ကြီးစဉ်ငယ်လိုက် အလိုရှိသောအသံပေါ်မူတည်ပြီး ပိုးကြိုးကို အပင်လိမ်အဖြစ် သေးအကြီးကျစ်ကြရပါတယ်။ စောင်းကြိုးချည်ရာတွင် ချည်သောဘွဲ့ (ပန်ပွား)ကြိုးနဲ့ ယင်းစောင်းကြိုးကို ဆက်သွယ်ပြီး လက်ရုံးဘွဲ့ (ပန်းဖွား)ကြိုးလျော့မကျစေရန် အထစ်များပြုလုပ်ပြီး နှောင်ကြိုးတည်းရကြောင်း မှတ်သားရပါတယ်။

ကိုးကား။ မြန်မာ့စောင်းသိကောင်းစရာနှင့်တတ်ကောင်းစရာ(သုတေသီရာမညကိုကိုနိုင်)
❤47👍34🫡2👏1