EETS - Essential English for Teachers and Students
30.5K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
နေရာကိုပြတဲ့ preposition တွေအကြောင်း တစ်ခုပါ။ တကယ်တော့ preposition တွေက များလည်းများ၊ သုံးစွဲပုံလည်း စုံပါတယ်။ ဒါကြောင့် မသိမဖြစ်သိသင့်တာတွေကို ဦးစားပေး ဆက်ရေးသွားပါမယ်နော်။ အစစအရာရာ အဆင်ပြေပါစေ :)
❤57👍4👏1🍓1
In/at/on (position) 2
================

ဒီတစ်ခါမှာ in , at, on ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သုံးပုံကို ကြည့်ကြရအောင်။

ဒီလို အသုံးအနှုန်းတွေမှာ in သုံးပါတယ်။ သေချာမှတ်ထားရမှာပေါ့။

o in a line/in a row/in a queue - အတန်း/လူတန်းထဲမှာ
o in the sky/in the world - ကောင်းကင်မှာ/ ကမ္ဘာမှာ
o in an office/in a department - ရုံးမှာ/ ဌာနမှာ
o in a book/in a paper (= newspaper)/in a magazine/in a letter - စာအုပ်ထဲမှာ/ သတင်းစာထဲမှာ/ မဂ္ဂဇင်းထဲမှာ/ စာထဲမှာ
o in bed - အိပ်ရာထဲမှာ
o in the country/in the countryside - ကျေးလက်တောရွာမှာ
o in a picture/in a photo/in a photograph - ပုံထဲမှာ/ ဓာတ်ပုံထဲမှာ

ဥပမာလေးတွေနဲ့ တွဲမှတ်ရင် ပိုမှတ်မိပါတယ်။ ကြည့်ပါဦး။

 When I go to the cinema, I like to sit in the front row.
ကျွန်တော် ရုပ်ရှင်ရုံကို သွားရင် ရှေ့တန်းမှာထိုင်ရတာကို ကြိုက်တယ်။
 James isn’t up yet. He’s still in bed.
ဂျိမ်းစ်က အိပ်ရာမထသေးဘူး။ သူက အိပ်ရာထဲမှာပဲ ရှိသေးတယ်။
 It was a lovely day. There wasn’t a cloud in the sky.
သာယာတဲ့နေ့လေးပဲ။ ကောင်းကင်မှာ တိမ်တစ်စမှ မရှိဘူး။
 I’ve just started working in the sales department.
ကျွန်မက အရောင်းဌာမှာ စပြီး အလုပ်လုပ်ခဲ့တာ။
 Who is the woman in that photo?
အဲဒီပုံထဲက အမျိုးသမီးက ဘယ်သူလဲ။
 Have you seen this picture in today’s paper?
ဒီပုံကို ဒီနေ့ထုတ်သတင်းစာထဲမှာ မင်းမြင်ပြီးပြီလား။

ဒီတစ်ခါ on နဲ့ သုံးတဲ့ အသုံးအနှုန်းတွေ မှတ်သားကြပါမယ်။
o on the left/ on the right - ဘယ်ဘက်မှာ/ ညာဘက်မှာ
o on the left-hand side/ on the right-hand side - ဘယ်ဘက်မှာ/ ညာဘက်မှာ
o on the ground floor/ on the first floor/ on the second floor etc. - မြေညီထပ်မှာ/ ပထမထပ်မှာ/ ဒုတိယထပ်မှာ စသည်ဖြင့်
o on a map/ a menu/ on a list - မြေပုံပေါ်မှာ/ စားသောက်ဖွယ်စာရင်းမှာ/ စာရင်းမှာ
o on a farm - စိုက်ပျိုးမွေးမြူရေးခြံမှာ

ဒီအသုံးအနှုန်းလေးတွေကို သေချာကျက်မှတ်ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ စာလုံးတွေက မြန်မာလို ကိုယ်ထင်ထားတာနဲ့ အင်္ဂလိပ်လို သုံးနှုန်းပုံကွာနေတတ်ပါတယ်။ ဥပမာ စာရင်းထဲမှာလို့ မြန်မာလိုပြောပေမဲ့ အင်္ဂလိပ်လိုမှာတော့ in မထည့်ရဘဲ on a list လို့ သုံးတာဆိုတော့ ဂရုပြုမှတ်သင့်တာပေါ့။ ထိထိရောက်ရောက်မှတ်သားတဲ့နည်းကတော့ ဝါကျနဲ့ မှတ်တာပါပဲ။ ကြည့်ကြရအောင်။

 In Britain we drive on the left. (or) …on the left-hand side.
ဗြိတိန်နိုင်ငံမှာ ကျွန်တော်တို့ လက်ဝဲဘက်က ကားမောင်းရတယ်။
 Our apartment is on the second floor of the building.
ကျွန်တော်တို့ရဲ့ တိုက်ခန်းက အဆောက်အဦးရဲ့ ဒုတိယထပ်မှာ ရှိပါတယ်။
 Here’s a shopping list. Don’t buy anything that’s not on the list.
ဒီမှာ စျေးဝယ်ရမယ့်စာရင်း။ စာရင်းထဲမပါတာ ဘာမှ မဝယ်ခဲ့နဲ့။
 Have you ever worked on a farm?
ခင်ဗျားစိုက်ပျိုးမွေးမြူရေးခြံမှာ အလုပ်လုပ်ဖူးသလား။

နေရာတစ်ခုကို ပြောတဲ့အခါ on a river/ on a road/ on the coast ဆိုပြီး ပြောလို့ရပါတယ်။

 Budapest is on the (river) Danube.
ဘူဒါပတ်စ်မြို့က ဒန်နယူး(ဘ်) မြစ်ပေါ်မှာ ရှိတယ်။
 The town where you live – is it on the coast or inland?
မင်းနေတဲ့မြို့က ကမ်းရိုးတန်းပေါ်မှာလား ကုန်းတွင်းပိုင်းမှာလား။

on the way လို့လည်း သုံးတယ်။

 We stopped to buy some things in a shop on the way home.
အိမ်အပြန်လမ်းက ဆိုင်တစ်ဆိုင်မှာ ပစ္စည်းတချို့ဝယ်ဖို့ တို့ရပ်ခဲ့တယ်။

at နဲ့ သုံးရတဲ့ အသုံးအနှုန်းတွေလည်း မှတ်ထားပါဦး။

at the top (of) / at the bottom (of) / at the end (of) - ထိပ်မှာ/အောက်ခြေမှာ/အဆုံးမှာ
 Write your name at the top of the page.
မင်းရဲ့နာမည်ကို စာရွက်ထိပ်မှာ ရေးပါ။
 Jane’s house is at the other end of the street.
ဂျိမ်းစ်ရဲ့အိမ်က လမ်းရဲ့တစ်ဖက်အဆုံးမှာ ရှိတယ်။

နောက်ထပ် အသုံးအနှုန်းတွေ ထပ်မှတ်ပါဦး။

in the front/ in the back of a car - ကားရှေ့/ နောက်မှာ
 I was sitting in the back (of the car) when we crashed.
တို့ယာဉ်တိုက်မိတော့ ငါက (ကားရဲ့) နောက်ဘက်မှာ ထိုင်နေတာ။

at the front/ at the back of a building/ theatre/ group of people etc. - အဆောက်အဦး/ ပြဇာတ်ရုံ/ လူအုပ် စတာတွေရဲ့ ရှေ့မှာ/ နောက်မှာ
 The garden is at the back of the house.
ဥယျာဉ်က အိမ်ရဲ့နောက်ဘက်မှာ။
 Let’s sit at the front (of the cinema).
(ရုပ်ရှင်ရုံရဲ့) ရှေ့မှာ ထိုင်ကြစို့။
 We were at the back, so we couldn’t see very well.
တို့က နောက်ဘက်မှာ။ ဒါကြောင့် သိပ်ကောင်းကောင်း မမြင်ရဘူး။

on the front/ on the back of a letter/ piece of paper etc. - စာ/ စာရွက် စတာတွေရဲ့ ရှေ့မှာ/ နောက်မှာ
I wrote the date on the back of the photo.
ဓာတ်ပုံရဲ့နောက်ဘက်မှာ ကျွန်တော် ရက်စွဲရေးခဲ့တယ်။
❤22👍16🔥1
in the corner of a room - အခန်းထောင့်မှာ (in the corner လို့ သုံးလိုက်တဲ့အခါ အခန်းတွင်းရဲ့ ထောင့်ကို ဆိုလိုပါတယ်)
 The TV is in the corner of the room.
တီဗီက အခန်းရဲ့ ထောင့်မှာ။
at the corner (or) on the corner of a street - လမ်းထောင့်မှာ
 There is a small shop at/ on the corner of the street.
လမ်းထောင့်မှာ ဆိုင်လေးတစ်ဆိုင်ရှိတယ်။

ဒီလောက်ဆိုရင် နားလည်လောက်ပြီလို့ ထင်ပါတယ်။ အင်္ဂလိပ်စာအသုံးချပြီး ဘဝတိုးတက်နိုင်ပါစေ။

စည်သူထက်
Ref: Grammar in Use (Raymond Murphy)
❤32👍7
Helen Keller အကြောင်း ဖြည့်စွက်ဖတ်ဖို့ ဆရာစောရွှေဗိုလ်ရဲ့ စာကို ဖတ်နိုင်ပါတယ်။

Grade 12 က စာနဲ့ စာသွားချင်း ဆင်ပါတယ်။ ဒါကြောင့် ပိုနားလည်နိုင်ပါတယ်။

ပုံတွေက ဆရာဦးဇော်မင်းဦး ဆီက ကူးယူပါတယ်။
❤73👍13💘1
"ဟယ်လင်ကဲလားရဲ့ဘဝဇာတ်ကြောင်း တစေ့တစောင်း"

၁၉၂ဝ ပြည့်နှစ်၊ အေးမြတဲ့ဆောင်းရာသီ၊ မွန်းလွဲပိုင်းအချိန်ကဖြစ်ပါတယ်။ နယူးယောက်မြို့၊ ပြပွဲခန်းမတစ်ခုရဲ့အပြင်ဘက်မှာ လူတွေအများကြီးလက်မှတ်ဝယ်ဖို့စောင့်နေကြပါတယ်။ ခန်းမအတွင်းမှာတော့ ပြပွဲမန်နေဂျာဟာ သိပ်ကိုကျေနပ်ဝမ်းမြောက်နေပုံရပါတယ်။ သူမျှော်လင့်ထားတာထက်ပိုပြီး လူတွေအများကြီးရောက်လာပါတယ်။ ဒီနေ့မှာ ပြပွဲအသစ်တစ်မျိုးကို တင်ဆက်ပြသမှာဖြစ်ပါတယ်။

ကန့်လန့်ကာပွင့်သွားပါပြီ။ ပြပွဲစင်မြင့်ကို အိမ်ကဧည့်ခန်းပုံစံပြင်ဆင်ထားပါတယ်။ စန္ဒရား ဘေးနားမှာ ထိုင်နေတဲ့ လူငယ်လေးက မတ်တပ်ရပ်လိုက်ပြီး (ပရိသတ်ကို) ဟန်ပါပါနဲ့ဦးညွှတ်နှုတ်ဆက်ပါတယ်။ သူကပရိသတ်ကို သက်လတ်ပိုင်းအရွယ် ထည်ထည်ဝါဝါရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ ဒီအမျိုးသမီးကတော့ "အဲန်းဆူလီဗန်မေစီ" ပဲဖြစ်ပါတယ်။ "အဲန်း" ကတော့ စကားခပ်တိုတိုပြောပါတယ်။ သူ့ရဲ့စကာသံချိုချိုလေးကို လူတိုင်းအာရုံစိုက်နားထောင်ကြပါတယ်။ အဲဒီနောက်လှလှပပ ဝတ်ဆင်ထားပြီးရုပ်ရည်ပြေပြစ်တဲ့ အမျိုးသမီးလေးတစ်ယောက်စင်ပေါ်လျှောက်လာပါတယ်။ "အဲန်း" က သူ့ရဲ့လက်ကို ဆုပ်ကိုင်ထားပါတယ်။ သူကပရိသတ်ကို မျက်နှာမူပြီးထွက်ရပ်ပြပါတယ်။

နောက်တော့ အဲဒီအမျိုးသမီးလေး "ဟယ်လင်ကဲလား" က စကားပြောပါတယ်။ သူ့ခမျာ စကားတစ်လုံးချင်းထွက်လာဖို့တာင်မနည်းအားစိုက်ရပါတယ်။ ပရိသတ်ကလည်းသူပြောတာကို နားလည်သဘောပေါက်ဖို့အားစိုက်ရတာပါပဲ။ သူတို့ကနားတွေကို စွင့်ထား၊ လျင်နေအောင်ထားရပါတယ်။ ဟယ်လင်စကားပြောတာပြီးဆုံးသွားတဲ့အခါ လက်ခုပ်သံတွေပဲ့တင်ထပ်မျှ မြည်ဟီးသွားပါတယ်။ သူတို့နှစ်ဦးဟာ အဲဒီအချိန်တုန်းက အမေရိကမှာရှိတဲ့ အကျော်ကြားဆုံးပုဂ္ဂိုလ် တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ "အဲန်းဆူလီဗန်" က ရဲရင့်တဲ့ ပညာရေးသမားတစ်ဦးဖြစ်သလို ပြည်သူလူထုအခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်ပါတယ်။ "ဟယ်လင်အဒမ်ကဲလား" ကတော့ သူ့ရဲ့မျက်မမြင်နားမကြားတဲ့ တပည့်မလေးဖြစ်ပါတယ်။ ဟယ်လင်ဟာ ခန္ဓာကိုယ်ချို့ယွင်းချက်တွေရှိနေပေမဲ့ စာရေးဆရာမ၊ အမျိုးသမီးဘဝလွတ်မြောက်ရေးတက်ကြွလှုပ်ရှားသူ၊ လူမှုရေးအလုပ်သမားအဖြစ် နာမည်ကျော်အောင် လုပ်နိုင်ခဲ့ပါတယ်။

ပရိသတ်တွေက ဟယ်လင်ရဲ့စကားတစ်ခွန်းကို သိပ်ခိုက်သွားပါတယ်။ သူ့ရဲ့စကားကို အနှစ်ချုပ်ဖော်ပြရမယ်ဆိုရင် ဒီလိုပါ…။

"ကျွန်မရဲ့ဆရာမက သူ့ရဲ့စကားတစ်ခွန်း ကျွန်မရဲ့စိတ်အမှောင်ကို ဘယ်လိုထိသွားစေတယ်ဆိုတဲ့အကြောင်းနဲ့ ဘဝရဲ့ပျော်ရွှင်စရာထဲကို ကျွန်မဘယ်လိုနိုးထလာနိုင်တဲ့အကြောင်း ရှင်တိုိ့ကို ပြောပြခဲ့ပါတယ်။ ကျွန်မ ဆွံ့အခဲ့တယ်။ ခုတော့ စကားပြောနိုင်ပါပြီ။ ဒီအောင်မြင်မှုအတွက် တခြားသူတွေရဲ့ အကူအညီတွေ၊ စိတ်အားထက်သန်မှုတွေကို ကျေးဇူးတင်ရမှာပါ။ သူတို့တွေရဲ့ ချစ်မေတ္တာ နဲ့ ကျွန်မရဲ့စိတ်ကို ကျွန်မမြင်နိုင်ခဲ့ပါတယ်။ ကျွန်မပျော်ရွှင်မှုကို ရှာတွေ့နိုင်ခဲ့ပါတယ်။ တကယ်တော့ ကျွန်မတို့အားလုံးဟာ သူတစ်ပါးကိုလည်းကူညီ၊ ကိုယ်ကလည်းအကူအညီရယူပြီး အသက်ရှင်နေထိုင်ကြတာပါ။ စည်းစည်းလုံးလုံးနေခြင်းအားဖြင့် ကျွန်မတို့ တွေအများကြီးလုပ်ဆောင်နိုင်ပါတယ်။ ချစ်မေတ္တာကသာလျှင် ကျွန်မတို့နဲ့ကျွန်မတို့ရဲ့ ပျော်ရွှင်မှုအကြားမှာရှိတဲ့ နံရံကို ဖြိုဖျက်နိုင်မှာဖြစ်ပါတယ်။ ပညတ်တော်ဆယ်ပါးမှာပါတဲ့ အရေးအကြီးဆုံးအချက်တစ်ချက်ကတော့ တစ်ဦးနဲ့တစ်ဦးချစ်ခင်ဖို့ပါ။ ကျွန်မဆီကိုရောက်လာမယ့် ချစ်မေတ္တာတွေ၊ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေအတွက် ဘုရားသခင်ကို ကျေးဇူးတော်စကားအသံ အကျယ်ဆုံးပြောလိုက်ချင်မိပါတယ်။"

ဟယ်လင်ကဲလားက ဒီလိုသတင်းစကားကို ဘာကြောင့်ပေးခဲ့တာပါလဲ။ ဟယ်လင်ရော သူ့ဆရာမပါ အသက်ရှင်ရပ်တည်ဖို့် ငွေလိုအပ်ခဲ့ပါတယ်။ အခကြေးငွေရရှိဖို့ မျှော်လင့်ချက်နဲ့ ဒီပွဲအတွက် သူတို့အဆင်သင့်ဖြစ်ခဲ့ကြပါတယ်။ ပရိသတ်ကလည်း ဟောပြောချက်ကိုနားထောင်ဖို့ထက် "သက်ရှိထင်ရှားအံ့ဖွယ်ရာလူ" ကို ကြည့်ဖို့လာခဲ့ကြတာပါ။ လူအများစုက ရှားပါးတဲ့ဖန်တီးချက်တစ်ခုကို ကြည့်ရတော့မယ့်အလား စူးစမ်းချင်စိတ်ပြင်းပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဟယ်လင့်ရဲ့ဂုဏ်ကျက်သရေက ဒီလိုအရှက်ရစရာလေးတွေကို ခံစားပြီးတော့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေတဲ့သူတွေရဲ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့အချက်ပေါ်မှာရှိနေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိနေသူတွေဟာ ပုံမှန်လူတွေလိုပဲ နေထိုင်ခွင့်ရှိတယ်လို့ သူကကြေငြာခဲ့တယ်။

သူတို့တွေအတွက် လူသားချင်းစာနာမှုနဲ့ သာတူညီမျှရှိမှုတွေကို ဟယ်လင်ကတောင်းဆိုခဲ့ပါတယ်။ ဘဝရဲ့အတားအဆီးအခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ ဟယ်လင့်ရဲ့ဘဝဇာတ်ကြောင်းဟာ လူသန်းပေါင်းများစွာအတွက် လှုံ့ဆော်အားပေးမှုတွေ၊ စိတ်အားထက်သန်မှုတွေပေးနိုင်တဲ့အကြောင်းတရားအဖြစ် ဒီကနေ့အထိ တကယ့်ကို တည်ရှိနေပါတယ်။

ဟယ်လင်ကဲလားရဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းက ကိုယ်ခန္ဓာ မသန်စွမ်းသူတွေအတွက်သာမက ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးကို မဆိုခံစားနေရတဲ့လူတွေအတွက် လှုံ့ဆော်အားအားပေးမှုဖြစ်နေပါတယ်။ သူက ကွယ်လွန်တဲ့အချိန်ထိ အဲဒီလူတွေရဲ့ အခွင့်အရေးတွေအတွက် ထောက်ခံခဲ့၊ ကြိုးပမ်းဆောင်ရွက်ခဲ့တာလေ။

Sithu Htet
The Best English Magazine, No.(166), April,2003
❤48👍37
Grade 12 ရဲ့ Unit 1, 1C Grammar မှာ Modal auxiliaries တွေ အကြောင်း ပါပါတယ်။ ဒါတွေကို ပိုပြီး နားလည်အောင် ဖြည့်စွက် ရှင်းလင်းချက်တွေနဲ့ လေ့လာကြည့်ပါဦး။
❤80👍15🥰6😈3