II. Choose the appropriate words or phrases to complete the sentences.
(1) People are -------------- that new variants of the COVID-19 virus have been detected.
(A) worried (B) confused (C) bored
ကိုဗစ်မျိုးကွဲကို တွေ့တော့ လူတွေ ဘာဖြစ်တယ်လို့ စဉ်းစားနိုင်မလဲ။ ရွေးစရာ သုံးခု ရှိပါတယ်။ ဒီမေးခွန်းက တကယ်တော့ လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ပေးထားတဲ့ စကားလုံး သုံးခုက အဓိပ္ပာယ်မတူပါဘူး။
💟 worried ဆိုတဲ့ “စိတ်ပူပန်/ သောကရောက်” တာ ဖြစ်မလား။ အင်္ဂလိပ်လို မှတ်မယ်ဆိုရင် worried က "unhappy because you are thinking about problems or unpleasant things that might happen” လို့ အဓိပ္ပာယ်ရပါတယ်။ (CALD)
💟 confused ဆိုတဲ့ ခေါင်းရှုပ်/ စိတ်ရှုပ်တာ ဖြစ်မလား။ (confused = unable to think clearly or to understand something)
💟 bored ဆိုတာ “ငြီးငွေ့/ စိတ်ကုန်” တာကတော့ မဖြစ်နိုင်ဘူးဆိုတာ သိမယ်နော်။
✅ ကိုယ့်အတွေ့အကြုံကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုဗစ်အသစ်တွေ့ပြီဆိုတာနဲ့ ဘာဖြစ်မှာလဲ၊ ဒုက္ခတော့ရောက်ပါပြီဆိုပြီး စိတ်ပူပန်ကြတယ်မဟုတ်လား။ ဒါကြောင့် (A) worried ကို ရွေးပါ။
(2) Planting trees is a means to reduce soil -------------- .
(A) urbanization (B) depletion (C) erosion
သစ်ပင်စိုက်ပျိုးခြင်းက မြေဆီလွှာဘာဖြစ်မှုကို လျော့စေတဲ့ နည်းလမ်းလဲ။ (ဒီနေရာမှာ ဆက်စပ်လို့ ပြောရရင် နည်းစနစ်/ နည်းလမ်းဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးထားတဲ့ means ကို singular အနေနဲ့လည်း ပြောနိုင်လို့ ရှေ့ကနေ a ထည့်လို့ ရတယ်နော်။)
ရွေးစရာ သုံးခုရှိပါတယ်။
💟 urbanization က the process by which more and more people leave the countryside to live in cities လို့ အဓိပ္ပာယ်ရပါတယ်။ မြို့ပြကို ပြောင်းရွှေ့ခြင်းဆိုတဲ့ စကားလုံးကို soil နဲ့ ဘယ်လို ဆက်စပ်မလဲ။ မဖြစ်နိုင်ဘူး။ ပယ်ပါ။
💟 depletion ဆိုတဲ့ “လျော့နည်းခြင်း/ ပြုန်းတီးခြင်း” က ဖြစ်နိုင်သလိုလို ရှိပါတယ်။ depletion က a reduction in something လို့ အဓိပ္ပာယ်ရတယ်။
✅ erosion ဆိုတဲ့ စကားလုံးကမှ တကယ်သုံးရမယ့် စကားလုံး ဖြစ်ပါတယ်။ မြေဆီလွှာတိုက်စားခြင်းဆိုရင် soil erosion ဆိုပြီး သုံးစွဲရတယ်။ erosion က the fact of soil, stone, etc. being gradually damaged and removed by the waves, rain, or wind လို့ အဓိပ္ပာယ်ရတော့ ရေတွေ၊ လေတွေက မြေဆီလွှာကို မတိုက်စားရအောင် အပင်စိုက်ပြီး ကာကွယ်လို့ ရတယ်လေ။ နံပါတ် (C) ကို ရွေးချယ်ရပါမယ်။
(3) CCTV cameras can -------------- us from criminals.
(A) protect (B) prevent (C) prohibit
စီစီတီဗီကင်မရာတွေက ကိုယ်တွေကို ရာဇဝတ်ကောင်တွေကနေ ကာကွယ်ပေးနိုင်မယ်လို့တော့ အကြမ်းဖျင်း နားလည်မှာပါ။
ဒါကြောင့် တားမြစ်သည် လို့ အဓိပ္ပာယ်ရတဲ့ prohibit ကို ပယ်လိုက်မယ်။ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြည့်မယ်ဆိုရင် to stop something from being done or used especially by law ဆိုတော့ prohibit မဖြစ်နိုင်မှန်း သေချာတယ်။
ကာကွယ်သည်လို့ မြန်မာလို ပြောကြတာကို အင်္ဂလိပ်လိုဆိုရင် protect ရော prevent ရော သုံးနိုင်တာဆိုတော့ ရှုပ်သွားနိုင်တယ်။ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ကြည့်ရအောင်။
💟 protect = to make sure that somebody/something is not harmed, injured, damaged, etc (OALD) မထိခိုက်အောင်၊ ဒဏ်ရာမရအောင် စသည်ဖြင့် ကာကွယ်ပေးတာကို protect လို့ ခေါ်တာနော်။
💟 prevent = to stop something from happening or someone from doing something (CALD) မဖြစ်အောင်၊ မလုပ်အောင် ကာကွယ်ပေးတာက prevent ဖြစ်ပါတယ်။
✅ ဒီနေရာမှာတော့ criminals တွေကြောင့် ကိုယ့်မှာ ဒုက္ခမရောက်အောင် ကာကွယ်ပေးနိုင်တာဆိုတော့ protect သုံးသင့်ပါတယ်။ (A) ကို ရွေးပါ။
(4) In this age of technology, some people are still using -------------- methods of farming.
(A) exotic (B) primitive (C) classical
နည်းပညာခေတ်မှာ တချို့လူတွေ ဘယ်လို စိုက်ပျိုးမွေးမြူရေးနည်းလမ်းတွေ သုံးနေတုန်းလဲ။
💟 exotic ဆိုတဲ့ (တိုင်းတပါးကလာတဲ့) ထူးခြားဆန်းပြားတဲ့ နည်းတွေလား။ အင်္ဂလိပ်လိုဆိုရင် seeming exciting and unusual because it seems to be connected with foreign countries ဆိုတော့လေ။ မဖြစ်နိုင်ဘူး။ မေးခွန်းမှာ still ပါနေတယ်။ နည်းပညာခေတ်မှာတောင် ဒီနည်းတွေ သုံးနေတုန်းပဲလို့ ပြောချင်တာဆိုတော့ ခေတ်မီနည်းတော့ မဟုတ်။
💟 primitive ဆိုတဲ့ ရှေးကျတဲ့ နည်းလမ်းတွေလား။ အင်္ဂလိပ်လို primitive က very simple and old-fashioned, especially when something is also not convenient and comfortable လို့ အဓိပ္ပာယ်ရပါတယ်။
💟 classical ဆိုတဲ့ ဂန္တဝင်နည်းလမ်းဆိုရင်ကော။ classical ရဲ့ သဘောက ကာလရှည်ကြာ တန်ဖိုးရှိနေတာကို ပြောတာဆိုတော့ ဒါလည်း မဖြစ်နိုင်ဘူး။
✅ ဒါဆိုရင် primitive ကိုပဲ ရွေးရပါတယ်။ (B) ပေါ့။

👍43❤12👎3😁1
(5) Our class teacher took us to the planetarium -------------- we learnt about the solar system.
(A) when (B) where (C) how
အတန်းပိုင်ဆရာမက နက္ခတ်တာရာ ပြခန်းကို ခေါ်သွားတယ်။ ဟုတ်ပြီ အဲဒါကို ပြန်ရည်ညွှန်းရမယ့် စကားလုံးက ဘာဖြစ်နိုင်မလဲ။
✅ နေရာတစ်ခုကို ပြန်ရည်ညွှန်းတာဆိုတော့ where ဖြစ်ရမှာပေါ့။ အချိန်ကိုရည်ညွှန်းတဲ့ when , အပြုအမူနဲ့ဆိုင်တဲ့ how တို့ မဟုတ်တာ သေချာတယ်။ (B) ကို ရွေးပါ။
(6) We have to -------------- unpleasant and annoying people in order to avoid conflicts.
(A) do away with (B) keep up with (C) put up with
ပဋိပက္ခ မဖြစ်ချင်တော့ စိတ်အနှောက်အယှက်ဖြစ်စရာလူတွေကို ဘာလုပ်ရသလဲ။ သည်းခံရတာပေါ့။
✅ သည်းခံတာကို put up with လို့ ခေါ်တယ်။ (put up with = to accept somebody/something that is annoying, unpleasant, etc. without complaining) ဒါကြောင့် နံပါတ် (C) ကို ရွေးပါ။
💟 do away with ဆိုတဲ့ ဖယ်ရှား/ ပယ်ဖျက်/ ဖျက်သိမ်းတာ မဟုတ်ဘူး။ (do away with = to get rid of something or stop using something)
💟 keep up with ဆိုတဲ့ အမီလိုက်တာလည်း မဟုတ်ဘူး။ (keep up with = to do whatever is necessary to stay level or equal with someone or something)
(7) Mi Mi and I go to the same school. --------------, she has been my classmate since Grade 1.
(A) as a result (B) on top of that (C) as a matter of fact
တစ်ကျောင်းတည်းကို အတူတူတက်တဲ့ အကြောင်းရယ်၊ Grade 1 ထဲက အတန်းဖော်ဖြစ်တာရယ် ပြောထားတယ်။
💟 as a result က because of something လို့ အဓိပ္ပာယ်ရတယ်။ တစ်ကျောင်းတည်း တက်တာရဲ့ ရလဒ်က Grade 1 ကတည်းက အတန်းဖော် ဖြစ်သွားတာလား။ မဟုတ်ဘူးနော်။
💟 ဒါ့အပြင်လို့ အဓိပ္ပာယ်ရတဲ့ on top of that ကတော့ နီးစပ်တယ်။ ဒါပေမဲ့ အင်္ဂလိပ်လိုဆိုရင် on top of sth က in addition to something else that is bad ဆိုတော့ မဟုတ်သေးဘူး။
✅ ဒါဆိုရင် နံပါတ် (C) as a matter of fact ကို ရွေးရပါမယ်။ as a matter of fact ကို ပထမဝါကျမှာ ပြောထားတာကို အသေးစိတ်ထပ်ပေးဖို့/ ရှင်းပြဖို့ သုံးပါတယ်။ (You use as a matter of fact to introduce a statement that gives more details about what has just been said, or an explanation of it, or something that contrasts with it)။ ဒီမေးခွန်းမှာဆိုရင် တစ်ကျောင်းတည်းကို အတူတူတက်တယ်လို့ ပြောတယ်။ ပြီးတော့ အသေးစိတ် ထပ်ရှင်းပြမယ်။ တကယ်တော့ Grade 1 ကတည်းက အတန်းဖော်ဖြစ်တာပါပေါ့။
(8) My parents are pleased -------------- my success in performing arts.
(A) within (B) with (C) on
✅ ဒီသုံးခုမှာတော့ ကျေနပ်အားရသော လို့ အဓိပ္ပာယ်ရတဲ့ pleased နဲ့တွဲလို့ ရတာ with တစ်ခုပဲ ရှိပါတယ်။ ဒါကြောင့် (B) ကို ရွေးပါ။
(9) You -------------- be honest if you want to build trust in friendship.
(A) must (B) have to (C) do not have to
ယုံကြည်မှု တည်ဆောက်ချင်ရင် ရိုးသားရမယ်ပေါ့။ ဟုတ်ပြီ။
💟 do not have to “မလိုဘူး” ဆိုတဲ့ နံပါတ် (C) ကိုတော့ ပယ်လိုက်။ ရိုးသားဖို့ မလိုဘူးဆိုတာ ဘယ်ဟုတ်ပါ့မလဲ။ do not have to က do not need to နဲ့ အဓိပ္ပာယ်တူတယ်။
💟 must နဲ့ have to နှစ်ခုက အဓိပ္ပာယ်ဆင်တူတယ်။ ဒါပေမဲ့ လုပ်ဖို့ တာဝန်ရှိတာမျိုးကျတော့ have to သုံးရတယ်။ ဥပမာ ကျောင်းသားဆိုရင် စာမေးပွဲ ဖြေရတာမျိုး။
✅ ဒီနေရာမှာတော့ လိုအပ်ချက်ကိုပဲ ပြောတာပါ။ တာဝန်ရှိတာမျိုး မဟုတ်လို့ must ကိုပဲ ရွေးချယ်ရပါမယ်။ နံပါတ် (A) ပေါ့။
(10) Cooking Myanmar food -------------- cutting meat and vegetables, making chilli paste and boiling, frying or stewing them.
(A) involves (B) involving (C) involved
✅ နောက်ဆုံးတစ်ခုက involves ဆိုတာ လွယ်လွယ်သိမယ်နော်။ Subject ပြီးတဲ့အခါ involving ဆိုတာ တန်းပြီးမဖြစ်နိုင်သလို involved ဆိုတဲ့ past tense လည်း မဟုတ်ဘူး။ ဒါကြောင့် (A) ကို ရွေးပါ။

❤55👍20👎1
Grade 9 ရဲ့ Unit 2, Lesson 3 မှာ question tags အကြောင်း ပါပါတယ်။ ဒါကို ပိုပြီး နားလည်အောင် ရှင်းလင်းချက်လေးတွေ ရေးပေးထားပါတယ်။ လေ့လာကြည့်ပါဦး။
❤112👍37🤯2💘2
Grade 9 English ရဲ့ Unit 1, Lesson 3 မှာWould you mind .../ Do you mind ... သုံးစွဲပုံ ပါပါတယ်။ အခု mind သုံးစွဲပုံ၊ ဘာကြောင့် သုံးစွဲရသလဲဆိုတာတွေ အားလုံး အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။
❤79👍25
Relative Clauses 1
သင်ရိုးသစ် အင်္ဂလိပ်စာ လေ့လာသင်ကြားသူတွေ၊ နေ့စဉ်ဘဝမှာအသုံးချဖို့ အင်္ဂလိပ်စာ လေ့လာသူတွေအနေနဲ့ စာမေးပွဲမေးခွန်းတွေမှာရော၊ လက်တွေ့အသုံးချတဲ့နေရာမှာ အသုံးဝင်တဲ့ relative clauses တွေအကြောင်း လေ့လာတတ်ကျွမ်းထားသင့်တယ်။ ဒီလိုပြောတော့ မေးစရာရှိတယ်။ တတ်ထားသင့်တာက ဟုတ်ပြီ။ relative clause ဆိုတာ ဘာလဲ။
ဒီဝါကျကို အရင်ကြည့်ပါ။
The woman who lives next door is a doctor.
ဒီဝါကျမှာ relative clause က ဘာလဲ။ who lives next door ဆိုတာ relative clause လို့ ဆွဲထုတ်ပြနိုင်ရင် မဆိုးဘူးပြောရမယ်။
ကဲ relative clause အကြောင်း အပြည့်အစုံမပြောခင် clause ဆိုတာ ဘာလဲက စရှင်းရမှာပေါ့။
A clause is part of a sentence.
clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ ထွင်ခေါ်ကြတယ်။ ဆိုလိုရင်း အတူတူပဲနော်။ မျက်စိရှုပ်မသွားနဲ့။
clause ဆိုတာ ဘာလဲသိရင် relative clause ဘာလုပ်ပေးနိုင်သလဲ သိဖို့ အတော်လွယ်သွားပြီ။
A relative clause tells us which person or thing (or what kind of person or thing) the speaker means.
relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
ဥပမာတွေနဲ့ တွဲကြည့်ရအောင်။
The woman who lives next door ……..
ဒီစာကြောင်းက အမျိုးသမီးတစ်ဦးအကြောင်း ပြောပြတယ်။ ဘယ်အမျိုးသမီးလဲ။ ရှိရှိသမျှ အမျိုးသမီးတွေအကြောင်း ပြောတာမဟုတ်ဘူး။ ဘေးအိမ်/ဘေးအခန်းမှာနေတဲ့ အမျိုးသမီး။ ဒါကြောင့် who lives next door ဆိုတဲ့ relative clause က ဘယ်အမျိုးသမီးဆိုတာ ပြောပြတယ်။
နောက်ဥပမာ တစ်ခု ကြည့်ပါဦး။
The people who live in the country ………….
ဒီစာကြောင်းမှာတော့ လူတွေအကြောင်း ပြောပြတယ်။ ဘယ်လိုလူတွေလဲ။ ကျေးလက်တောရွာမှာ နေတဲ့သူတွေ။ ဒါကြောင့် who live in the country ဆိုတဲ့ relative clause က ဘယ်လိုလူမျိုးဆိုတာ ပြောပြတယ်။
နောက်ထပ် တစ်ဆင့်တက်ပြီး ကြည့်ရအောင်။
relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာကို ဆိုလိုသလဲဆိုတာ ပြောပြတယ်လို့ ပြောခဲ့တယ်နော်။ ဟုတ်ပြီ။ ဒီအချက်ကို မှတ်သားပါ။
We use who in a relative clause when we are talking about people (not things).
လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
The woman is a doctor. She lives next door.

ဘေးအိမ်က အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။
We know a lot of people. They live in the country.
We know a lot of people who live in the country.
ကျေးလက်တောရွာတွေမှာ နေတဲ့ လူတွေအများကြီးကို ငါတုိ့သိကြတယ်။
An architect is someone who designs buildings.
ဗိသုကာ ပညာရှင်ဆိုတာ အဆောက်အဦးတွေကို ပုံစံထုတ်သူဖြစ်တယ်။
What is the name of the person who phoned you?
ခင်ဗျားကို ဖုန်းဆက်တဲ့ လူရဲ့နာမည်က ဘာလဲ။
Anyone who wants to apply for the job must do so by Friday.
ဒီအလုပ်ကို လျှောက်ချင်သူ ဘယ်သူမဆို သောကြာနေ့ထက် နောက်မကျစေဘဲ လျှောက်ရမယ်။
တစ်ခု မှတ်ထားသင့်တာက လူတွေအကြောင်းပြောဖို့ who အစား that သုံးနိုင်တယ်။ ဒါပေမဲ့ which တော့ သုံးလို့ မရဘူး။
The woman that lives next door is a doctor. (The woman which lives .. မရ)
လူတွေအကြောင်း ပြောတဲ့အခါ who သုံးတယ်။ that ကိုလည်း သုံးနိုင်တယ်ဆိုတာ မှတ်မိပြီနော်။ ဒါဆို အရာဝတ္ထုတွေအတွက်ကျတော့ရော။
When we are talking about things, we use that or which (not who) in a relative clause.
အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
Where is the cheese? It was in the fridge?
Where is the cheese that/which was in the fridge?
ရေခဲသေတ္တာထဲမှာရှိတဲ့ ဒိန်ခဲတွေ ဘယ်ရောက်သွားလဲ။
I don’t like stories that/which have unhappy endings.
စိတ်မချမ်းမြေ့စရာ အဆုံးသတ်တွေရှိတဲ့ ဇာတ်လမ်းတွေကို ငါမကြိုက်ဘူး။
Barbara works for a company that/which makes furniture.
ဘာဘရာက ပရိဘောဂတွေလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။
The machine that/which broke down is working now again.
ပျက်သွားတဲ့စက်က အခုပြန်ပြီး အလုပ်လုပ်နေပြီ။
ထူးထူးခြားခြားမှတ်သားစရာတစ်ခုလည်း သိထားသင့်ပါတယ်။ what အကြောင်းပါ။ တချို့က what ဆိုတာနဲ့ မေးခွန်းထင်ပြီးတော့ ဘာလဲ ဆိုပြီး ဘာသာပြန်မိတတ်ပါတယ်။
What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။ what နဲ့ that ကို နှိုင်းယှဉ်ကြည့်ပါ။
What happened was my fault. (=. the thing that happened)
ဖြစ်ခဲ့တဲ့အရာက ငါ့အမှားပါ။
Everything that happened was my fault. (not Everything what happened)
ဖြစ်ခဲ့တဲ့အရာတိုင်းက ငါ့အမှားပါ။ (Everything what happened လို့ ပြောလို့မရဘူး)

❤32👍20👎1
The machine that broke down is now working again. (not The machine what broke down)
ပျက်သွားတဲ့စက်က အခုပြန်ပြီး အလုပ်လုပ်နေပြီ။ (The machine what broke down လို့ ပြောလို့ မရဘူး)
နောက်တစ်ချက်ကို မှတ်သားပါဦး။ relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။
I’ve never spoken to the woman who lives next door. (not the woman she lives)
ဘေးအိမ်မှာနေတဲ့ အမျိုးသမီးကို တစ်ခါမှ ကျွန်တော် စကားမပြောဖူးဘူး။ (the woman she lives လို့ မသုံးရဘူး)
အကုန်လုံးကို အနှစ်ချုပ်ပြီး ပြန်ကြည့်ရအောင်။
♥ clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ခေါ်တယ်။
♥ relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
♥ လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
♥ အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
♥ What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။
♥ relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။
Saya Sithu Htet
Ref: English Grammar in Use (Raymond Murphy)

❤41👍9🔥1
Relative Clauses 2
Relative Clause တွေနဲ့ ပတ်သက်လို့ အစပျိုးပြောခဲ့ပြီးပါပြီ။ ဟောဒီအချက်တွေကို ပြောပြခဲ့ပါတယ်။ မှတ်မိသေးတယ် ထင်တယ်နော်။ ပြန်ကြည့်လိုက်ပါ။
• clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ခေါ်တယ်။
• relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
• လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
• အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
• What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။
• relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။
အဲဒီပြီးခဲ့တဲ့ သင်ခန်းစာမှာပါတဲ့ နမူနာဝါကျတွေကိုပဲ ပြန်ကြည့်ပါဦး။
The woman who lives next door is a doctor. (or The woman that lives …)
ဘေးအိမ်မှာ နေတဲ့ အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။ (The woman that lives … ဆိုပြီး who အစား that သုံးလည်း ရတယ်နော်)
ဒီဝါကျအရ The woman lives next door. လို့ နားလည်ရမယ်။ ဒါဆို (who = the woman) က subject ပေါ့။
နောက်တစ်ကြောင်း ထပ်ကြည့်မယ်။
Where is the cheese that was in the fridge? (or the cheese which was …)
ရေခဲသေတ္တာထဲက ဒိန်ခဲတွေ ဘယ်မှာလဲ။ (the cheese which was … ဆိုပြီး that အစား which သုံးလည်း တူတူပါပဲ)
ဒီဝါကျမှာ The cheese was in the fridge. လို့ နားလည်ပါလိမ့်မယ်။ ဒါကြောင့် (that = the cheese) က subject ပါပဲ။
ဒီဥပမာတွေကို ကြည့်ပြီး ဟောဒီအချက်လေးကို နားလည်နိုင်တာပေါ့။
You must use who/that/which when it is the subject of the relative clause.
who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါ သုံးရမယ်။
ဒါဆို ဒီဝါကျလေး မှန်မမှန် ဆုံးဖြတ်ပေးပါဦး။
• The woman lives next door is a doctor.
• Where is the cheese was in the fridge?
ကြည့်ရုံနဲ့ လွဲနေတယ်ဆိုတာ သိသာတာပေါ့နော်။ who/that/which တို့ကို relative clause တစ်ခုရဲ့ subject နေရာမှာ သုံးရမယ်လို့ ဆိုတဲ့အတွက် ဒီဝါကျတွေမှာ who/that/which စတာလေးတွေ ကျန်နေလို့ အဆင်မပြေဘူး။
Who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါမှာ သုံးရမယ်လို့ ပြောခဲ့ပြီ။ ဒါဆိုရင် မေးစရာတစ်ခုရှိတယ်။ object နေရာမှာ ရှိရင်ကော ဘယ်လိုသုံးမလဲ။
ဒီအချက်လေး မှတ်သားပါ။
Sometimes who/that/which is the object of the verb.
တစ်ခါတစ်လေမှာ who/that/which တို့က အဲဒီ verb ရဲ့ object လည်း ဖြစ်နိုင်ပါသတဲ့။
ရှင်းလင်းချက်ဆိုတာတွေက ရှင်းရုံနဲ့ မရဘူး။ နမူနာလေးတွေလည်း ကြည့်ပါမှ ကွက်ကွက်ကွင်းကွင်း သဘောပေါက်တတ်တာ။ ဒီတော့ ဥပမာဝါကျတွေ ကြည့်ရဦးမှာပေါ့။ ကဲ ကြည့်ပါ။
The woman who I wanted to see was away on holiday.
ငါတွေ့ချင်တဲ့ အမျိုးသမီးက အားလပ်ရက်ခရီးထွက်နေတယ်။
Have you found the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။
ပထမဝါကျမှာပါတဲ့ who I wanted to see ဆိုတဲ့ relative clause ကိုကြည့်။ ဒီ clause မှာ who ဆိုတာက the woman ကို ရည်ညွှန်းမှန်း သိတယ်နော်။ ငါတွေ့ချင်တဲ့ အမျိုးသမီးဆိုတော့ I wanted to see the woman. လို့ နားလည်ရမယ်။ ဒါဆိုရင် (who = the woman) က object ပါ။ subject က I ပေါ့။
ဒုတိယဝါကျမှာ ပါတဲ့ that you lost ဆိုတဲ့ relative clause ကို ထပ်ကြည့်ရအောင်။ ဒီ that က the keys ကို ရည်ညွှန်းပါတယ်။ You lost the keys. ဆိုတဲ့ သဘောမို့ (that = the keys) က object ပါ။ subject ကတော့ you ပေါ့။
ကဲ who/that/which တို့ကို subject နေရာမှာဆို ဘယ်လို၊ object နေရာမှာဆို ဘယ်လိုဆိုတာ ပြောပြီးပြီ။ နားလည်မယ်လို့လည်း ထင်ပါတယ်။ ဒီတော့ နောက်တစ်ချက် တိုးပြီး ကြည့်ရအောင်။
When who/that/which is the object, you can leave it out.
who/that/which က object ဖြစ်နေရင် အဲဒါကို ချန်ထားခဲ့လို့ ရပါတယ်။
ဒီလိုတွေ ပြောလို့ ရတယ်။
The woman I wanted to see was away. (or) The woman who I wanted to see …
ငါတွေ့ချင်တဲ့ အမျိုးသမီးက တခြားမှာ။
Have you found the keys you lost? (or) … the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။
The dress Liz bought doesn’t fit her very well. (or) The dress that Liz bought …
လစ်ဇ်ဝယ်ခဲ့တဲ့ ဝတ်စုံက သူနဲ့ သိပ်မတော်ဘူး။
Is there anything I can do? (or) … anything that I can do?
ငါလုပ်နိုင်တာ တစ်ခုခုများရှိသလား။
Relative clauses တွေမှာ preposition တွေရဲ့ နေရာကိုတော့ ဂရုပြုပါ။

👍36👏2❤1
Tom is talking to a woman – do you know her?
တွမ်က အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတယ်။ မင်းသူ့ကို သိလား။
Do you know the woman (who/that) Tome is talking to? (to ထည့်ပုံလေးကို ဂရုစိုက်ပါ)
တွမ်နဲ့စကားပြောနေတဲ့ အမျိုးသမီးကို မင်းသိလား။
I slept in a bed last night – it wasn’t very comfortable.
မနေ့ညတုန်းက အိပ်ရာတစ်ခုမှာ အိပ်ခဲ့တယ်။ အဲဒါက သိပ်ပြီး သက်သောင့်သက်သာ မရှိဘူး။
The bed (that/which) I slept in last night wasn’t very comfortable. (in ထည့်ပုံလေး ဂရုစိုက်)
မနေ့ညက ငါအိပ်ခဲ့တဲ့ အိပ်ရာက သိပ်ပြီး သက်သောင့်သက်သာ မရှိဘူး။
တခြားဥပမာတွေ ထပ်ကြည့်ပါဦး။
Are these the books you were looking for? (or) … the books that/which you were …
မင်းရှာနေတာ ဒီစာအုပ်တွေလား။
The woman he fell in love with left him after a month. (or) The woman who/that he …
သူချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီးက တစ်လအကြာမှာ သူ့ကို ထားပစ်ခဲ့တယ်။
The man I was sitting next to on a plane talked all the time. (or) The man who/which I was sitting next to …
လေယာဉ်ပေါ်မှာ ငါနဲ့ကပ်လျက်ထိုင်နေတဲ့ လူက တစ်ချိန်လုံး စကားပြောလာခဲ့တယ်။
What ကို ဘယ်လိုနေရာမှာ သုံးရမလဲ ပြောခဲ့ပြီးပြီနော်။ ဒီလိုဝါကျတွေမှာတော့ what ကို မသုံးနိုင်ပါဘူး။
Everything (that) they said was true. (not Everything what they said)
သူတို့ပြောခဲ့သမျှ အရာတိုင်းက မှန်ပါတယ်။
I gave her all the money (that) I had. (not all the money what I had)
ငါ့မှာရှိတဲ့ ပိုက်ဆံတွေအားလုံး သူ့ကိုပေးခဲ့တယ်။
What = the thing that
What က the thing that လို့ အဓိပ္ပာယ်ရကြောင်း ပြောပြီးပါပြီ။ ဥပမာလေး ထပ်ကြည့်ပါ။
Did you hear what they said? (= the thing that they said)
သူတို့ပြောတာ မင်းကြားခဲ့လား။
Sithu Htet

❤31👍11