EETS - Essential English for Teachers and Students
30.5K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
ကျွန်တော်နဲ့ ကျောင်းသား/သူတွေ စုပေါင်းလှူဒါန်းတာအတွက် ဂုဏ်ပြုမှတ်တမ်းလေး ရလာပါပြီ။
210👍19🥰9🤩2
II. Choose the appropriate words or phrases to complete the setences.
(1) It is necessary for you to have a good working relationship with your ........... .
(A) acquaintances (B) colleagues (C) neighbours
ဒီစာကြောင်းအတွက် ရွေးရမယ့် စကားလုံး သုံးခုကို နားလည်ထားဖို့ လိုပါတယ်။
🔹 acquaintance ဆိုတာ "အသိအကျွမ်း"ပါ။ အင်္ဂလိပ်လို a person that you know but who is not a close friend တဲ့။ (OALD)
🔹colleague ဆိုတာ လုပ်ဖော်ကိုင်ဖက်။ (a person that you work with)
🔹 neighbour ဆိုတာတော့ သိတဲ့အတိုင်း "အိမ်နီးချင်း"။ (a person who lives next to you or near you)
ပေးထားတဲ့ စာကြောင်းမှာ အဓိက စာလုံးကို ကြည့်လိုက်ရင် working relationship ဆိုတာ သိနိုင်ပါတယ်။ အတူတူလုပ်ရတဲ့လူတွေ၊ အထက်လူကြီးတွေ စတာတွေနဲ့ ဆက်ဆံရေးကို working relationship လို့ ခေါ်ပါတယ်။ ဒါမသိရင်တောင် working relationship ဆိုတဲ့ အဓိကတစ်ချက်ပေါ်မူတည်ပြီး အဖြေက (B) colleagues ဆိုတာ ဆက်စပ် စဉ်းစားကြည့်လိုက်ရင် ပေါ်ပြီပေါ့။

(2) The students attended the workshop to ........... their knowledge about new scientific developments.
(A) reach (B) stretch (C) expand
ကျောင်းသားတွေ အလုပ်ရုံဆွေးနွေးပွဲတက်တာက သူတို့ရဲ့ ဗဟုသုတကို ဘာလုပ်ဖို့ ဖြစ်မလဲ။
🔹 reach က ရောက်ရှိသည်။ တခြားအဓိပ္ပာယ်တွေလည်း ရှိတယ်။ ဒါပေမဲ့ knowledge နဲ့ တွဲတာ မရှိဘူး။
🔹 stretch က ဆွဲသည်၊ ဆန့်သည် လို့ ယေဘုယျအဓိပ္ပာယ်ရတယ်။ to spread over an area of land လို့ ပြောချင်ရင်လည်း stretch ပဲ။ ဒါလည်း knowledge နဲ့ တွဲလို့ မရပြန်ဘူး။
🔹 ဒါဆို expand ဆိုတာပဲ ဖြစ်နိုင်ပါတယ်။ "တိုးလာ၊ များလာစေ" ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
လက်တွေ့သုံးထားတဲ့ ဝါကျတစ်ကြောင်းကို နမူနာကြည့်ရင် -
Travel, therefore, was necessary for one to develop the mind and expand knowledge of the world. (Wiki)
ဒီလောက်ဆို (C) expand ကို ရဲရဲ ရွေးလို့ ရပြီ။

(3) Hla Hla is a hardworking student and she always .......... her exam without much trouble.
(A) gets through (B) gets up (C) gets on
လှလှက ကြိုးစားတဲ့ ကျောင်းသူမို့ စာမေးပွဲကို အခက်အခဲသိပ်မရှိဘဲ ဘာဖြစ်မယ်ထင်လဲ။
မဖြစ်နိုင်ဆုံး တစ်ခု ပယ်ကြည့်ရအောင်။
(B) gets up ဆိုတာက "အိပ်ရာထ" တာလို့ သိထားတယ်နော်။ စာမေးပွဲနဲ့ ဆက်စပ် စဉ်းစားလို့ မရလို့ ပယ်လိုက်မယ်။
(C) gets on ကိုတော့ စဉ်းစားရင် စဉ်းစားမိပါလိမ့်မယ်။ get on ကို how somebody is doing in a particular situation ပြောဖို့ သုံးတယ်။
ဥပမာ
He's getting on very well at school.
ဒါပေမဲ့ တကယ်ဖြေရမှာက (A) gets through ပါ။
get through something ဆိုတာ to be successful in an exam, etc. ဆိုတော့ စာမေးပွဲနဲ့ တိုက်ရိုက်ဆိုင်တဲ့ စကားလုံးက ဒါပဲ ဖြစ်သင့်ပါတယ်။ (စာမေးပွဲ) အောင်တယ်ဆိုတာကို သုံးတဲ့ British အသုံးပေါ့။

(4) When she saw a spider on her pillow, the little girl was ........... and shouted for help.
(A) amused (B) terrified (C) relaxed
ခေါင်းအုံးပေါ်မှာ ပင့်ကူတွေ့တော့ ကောင်မလေး ဘာဖြစ်မလဲ။
ပေးထားတဲ့ စာလုံးသုံးလုံးက အဓိပ္ပာယ်မတူလို့ မှန်းရလွယ်ပါတယ်။
amused ဆိုတဲ့ thinking that somebody/something is funny, so that you smile or laugh (ရယ်စရာတွေ့/သဘောကျ) တာလား။
terrified ဆိုတဲ့ very frightened (အရမ်း/သိပ် ကြောက်) တာလား။
relaxed ဆိုတဲ့ calm and not worried (မစိုးရိမ်/အေးအေးလူလူရှိ) တာလား။
(B) terrified လို့ အလွယ်တကူ ရွေးနိုင်မယ်နော်။

(5) How many colours does your ....... flag have? We have three in ours.
(A) nation (B) national (C) nationality
flag (အလံ) ဆိုတဲ့ noun ကို အထူးပြုတဲ့ Adjective ကို စဉ်းစားကြည့်ရင် (B) national ဆိုတဲ့ adj က ဖြစ်သင့်တဲ့ အဖြေလို့ သိနိုင်ပါတယ်။ national flag နိုင်ငံတော် အလံ လို့ ​ပြောချင်တာပေါ့။

(6) This is the place ...... my friends usually stay during their summer holidays.
(A) what (B) when (C) where
place ဆိုတဲ့ နေရာကို ပြန်ရည်ညွှန်းမယ်ဆိုရင် where ကို သုံးရမယ်ဆိုတာ ကျောင်းသားတွေ သိကြတော့ (C) where ကို ရွေးနိုင်ပါလိမ့်မယ်။
အချိန်ကို ပြန်ညွှန်းဖို့လိုရင် when သုံးပါမယ်။
the thing that ဆိုတဲ့ အဓိပ္ပာယ်၊ ဒါမှမဟုတ် မေးခွန်းစာလုံးအနေနဲ့ ဆိုရင်တော့ what သုံးမှာပေါ့။

(7) All motorcyclists ....... wear helmets for their safety.
(A) would (B) could (C) should
အကြံဉာဏ်ပေးတဲ့သဘော၊ လုပ်သင့်ကြောင်းပြောတဲ့သဘောဆိုရင် should သုံးရမှန်း သိကြတာဆိုတော့ (C) ကို ရွေးနိုင်ပါလိမ့်မယ်။ ဆိုင်ကယ်သမားတွေ ဦးထုပ်မဆောင်းတော့ရော ဘာဖြစ်လဲ။ ကိုယ်ဘာမှမတတ်နိုင်ဘူးလေ။ အကြံဉာဏ်ပဲ ပေးနိုင်တာပါ။
👍5617💘4🥰2🦄2😁1
(8) She didn't get the job ....... she had all the required qualifications.
(A) because (B) as (C) although
အချက်နှစ်ချက်ပေးထားတယ်။ အလုပ်မရတာနဲ့ လိုအပ်တဲ့ အရည်အချင်းတွေ အကုန်ရှိတာ။ တကယ်ဆို အရည်အချင်းရှိရင် ရရမှာပေါ့။ ဝါကျနှစ်ကြောင်းက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါကြောင့် အကြောင်းရင်းကို ပြတဲ့ because တို့ as တို့ မဖြစ်နိုင်ဘူး။ ဆန့်ကျင်ဘက်ပြတဲ့ (C) although ကို ရွေးရပါမယ်။ တကယ်လို့ ပေးတဲ့စာကြောင်းက She got the job ... သာဆိုရင် although မဟုတ်တော့ဘဲ because / as ဖြစ်သွားပါလိမ့်မယ်။

(9) If I ...... dictionary, I would look up these words.
(A) have (B) had (C) had had
Conditional သုံးမျိုးအတွက် ပေးထားတယ်။
If + present ..., will + Vinf (ဖြစ်နိုင်ချေကိုပြောတဲ့ First Conditional)
If + past ..., would + Vinf (စိတ်ကူးယဉ်တာကို ပြတဲ့ Second conditional)
If + past perfect ...., would have + past participle (အတိတ်က မလုပ်မိ/ မဖြစ်ခဲ့တာကို နောင်တရတဲ့သဘောပြောတဲ့ Third Conditional)
ပေးထားတဲ့ ဝါကျရဲ့ ပုံစံအရရော၊ စိတ်ကူးယဉ်အခြေအနေကို ပြောတဲ့ပုံစံအရရော Second Condition ပုံစံ (B) had ကို ရွေးရမယ်ဆိုတာ ရှင်းပါတယ်။

(10) U Gyi turned off the radio ....... he could concentrate on his work.
(A) so that (B) as soon as (C) until
အလုပ်ကို အာရုံစိုက်နိုင်အောင် ရေဒီယိုပိတ်တယ်လို့ နလည်တယ်မဟုတ်လား။
ဒါဆိုရင် as soon as ဆိုတဲ့ immediately at or just after the time that လား။ အာရုံစိုက်လိုက်နိုင်တာနဲ့ ရေဒီယိုပိတ်တာ မဟုတ်တော့ ဒါမဖြစ်နိုင်။
until ဆိုတဲ့ up to the point in time or the event mentioned (အထိ/ မ ... မချင်း) လား။ အာရုံမစိုက်နိုင်မချင်း ရေဒီယိုပိတ်တယ်ဆိုတာလည်း မဟုတ်သေးဘူး။
ဒါဆိုရင် so that ဆိုတဲ့ "ရန် / အတွက်" (in order that) သုံးသင့်ပါတယ်။ ဒါမှ အာရုံစိုက်နိုင်အောင် ရေဒီယို ပိတ်တယ်လို့ ဖြစ်မှာပေါ့။ (A) ကို ရွေးပါ။
60👍25💘4👎2
II. Choose the appropriate words or phrases to complete the sentences.
(1) People are -------------- that new variants of the COVID-19 virus have been detected.
(A) worried (B) confused (C) bored
ကိုဗစ်မျိုးကွဲကို တွေ့တော့ လူတွေ ဘာဖြစ်တယ်လို့ စဉ်းစားနိုင်မလဲ။ ရွေးစရာ သုံးခု ရှိပါတယ်။ ဒီမေးခွန်းက တကယ်တော့ လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ပေးထားတဲ့ စကားလုံး သုံးခုက အဓိပ္ပာယ်မတူပါဘူး။

💟 worried ဆိုတဲ့ “စိတ်ပူပန်/ သောကရောက်” တာ ဖြစ်မလား။ အင်္ဂလိပ်လို မှတ်မယ်ဆိုရင် worried က "unhappy because you are thinking about problems or unpleasant things that might happen” လို့ အဓိပ္ပာယ်ရပါတယ်။ (CALD)
💟 confused ဆိုတဲ့ ခေါင်းရှုပ်/ စိတ်ရှုပ်တာ ဖြစ်မလား။ (confused = unable to think clearly or to understand something)
💟 bored ဆိုတာ “ငြီးငွေ့/ စိတ်ကုန်” တာကတော့ မဖြစ်နိုင်ဘူးဆိုတာ သိမယ်နော်။
ကိုယ့်အတွေ့အကြုံကို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုဗစ်အသစ်တွေ့ပြီဆိုတာနဲ့ ဘာဖြစ်မှာလဲ၊ ဒုက္ခတော့ရောက်ပါပြီဆိုပြီး စိတ်ပူပန်ကြတယ်မဟုတ်လား။ ဒါကြောင့် (A) worried ကို ရွေးပါ။

(2) Planting trees is a means to reduce soil -------------- .
(A) urbanization (B) depletion (C) erosion
သစ်ပင်စိုက်ပျိုးခြင်းက မြေဆီလွှာဘာဖြစ်မှုကို လျော့စေတဲ့ နည်းလမ်းလဲ။ (ဒီနေရာမှာ ဆက်စပ်လို့ ပြောရရင် နည်းစနစ်/ နည်းလမ်းဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးထားတဲ့ means ကို singular အနေနဲ့လည်း ပြောနိုင်လို့ ရှေ့ကနေ a ထည့်လို့ ရတယ်နော်။)

ရွေးစရာ သုံးခုရှိပါတယ်။
💟 urbanization က the process by which more and more people leave the countryside to live in cities လို့ အဓိပ္ပာယ်ရပါတယ်။ မြို့ပြကို ပြောင်းရွှေ့ခြင်းဆိုတဲ့ စကားလုံးကို soil နဲ့ ဘယ်လို ဆက်စပ်မလဲ။ မဖြစ်နိုင်ဘူး။ ပယ်ပါ။
💟 depletion ဆိုတဲ့ “လျော့နည်းခြင်း/ ပြုန်းတီးခြင်း” က ဖြစ်နိုင်သလိုလို ရှိပါတယ်။ depletion က a reduction in something လို့ အဓိပ္ပာယ်ရတယ်။
erosion ဆိုတဲ့ စကားလုံးကမှ တကယ်သုံးရမယ့် စကားလုံး ဖြစ်ပါတယ်။ မြေဆီလွှာတိုက်စားခြင်းဆိုရင် soil erosion ဆိုပြီး သုံးစွဲရတယ်။ erosion က the fact of soil, stone, etc. being gradually damaged and removed by the waves, rain, or wind လို့ အဓိပ္ပာယ်ရတော့ ရေတွေ၊ လေတွေက မြေဆီလွှာကို မတိုက်စားရအောင် အပင်စိုက်ပြီး ကာကွယ်လို့ ရတယ်လေ။ နံပါတ် (C) ကို ရွေးချယ်ရပါမယ်။

(3) CCTV cameras can -------------- us from criminals.
(A) protect (B) prevent (C) prohibit
စီစီတီဗီကင်မရာတွေက ကိုယ်တွေကို ရာဇဝတ်ကောင်တွေကနေ ကာကွယ်ပေးနိုင်မယ်လို့တော့ အကြမ်းဖျင်း နားလည်မှာပါ။

ဒါကြောင့် တားမြစ်သည် လို့ အဓိပ္ပာယ်ရတဲ့ prohibit ကို ပယ်လိုက်မယ်။ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကြည့်မယ်ဆိုရင် to stop something from being done or used especially by law ဆိုတော့ prohibit မဖြစ်နိုင်မှန်း သေချာတယ်။
ကာကွယ်သည်လို့ မြန်မာလို ပြောကြတာကို အင်္ဂလိပ်လိုဆိုရင် protect ရော prevent ရော သုံးနိုင်တာဆိုတော့ ရှုပ်သွားနိုင်တယ်။ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ကြည့်ရအောင်။
💟 protect = to make sure that somebody/something is not harmed, injured, damaged, etc (OALD) မထိခိုက်အောင်၊ ဒဏ်ရာမရအောင် စသည်ဖြင့် ကာကွယ်ပေးတာကို protect လို့ ခေါ်တာနော်။
💟 prevent = to stop something from happening or someone from doing something (CALD) မဖြစ်အောင်၊ မလုပ်အောင် ကာကွယ်ပေးတာက prevent ဖြစ်ပါတယ်။
ဒီနေရာမှာတော့ criminals တွေကြောင့် ကိုယ့်မှာ ဒုက္ခမရောက်အောင် ကာကွယ်ပေးနိုင်တာဆိုတော့ protect သုံးသင့်ပါတယ်။ (A) ကို ရွေးပါ။

(4) In this age of technology, some people are still using -------------- methods of farming.
(A) exotic (B) primitive (C) classical
နည်းပညာခေတ်မှာ တချို့လူတွေ ဘယ်လို စိုက်ပျိုးမွေးမြူရေးနည်းလမ်းတွေ သုံးနေတုန်းလဲ။

💟 exotic ဆိုတဲ့ (တိုင်းတပါးကလာတဲ့) ထူးခြားဆန်းပြားတဲ့ နည်းတွေလား။ အင်္ဂလိပ်လိုဆိုရင် seeming exciting and unusual because it seems to be connected with foreign countries ဆိုတော့လေ။ မဖြစ်နိုင်ဘူး။ မေးခွန်းမှာ still ပါနေတယ်။ နည်းပညာခေတ်မှာတောင် ဒီနည်းတွေ သုံးနေတုန်းပဲလို့ ပြောချင်တာဆိုတော့ ခေတ်မီနည်းတော့ မဟုတ်။
💟 primitive ဆိုတဲ့ ရှေးကျတဲ့ နည်းလမ်းတွေလား။ အင်္ဂလိပ်လို primitive က very simple and old-fashioned, especially when something is also not convenient and comfortable လို့ အဓိပ္ပာယ်ရပါတယ်။
💟 classical ဆိုတဲ့ ဂန္တဝင်နည်းလမ်းဆိုရင်ကော။ classical ရဲ့ သဘောက ကာလရှည်ကြာ တန်ဖိုးရှိနေတာကို ပြောတာဆိုတော့ ဒါလည်း မဖြစ်နိုင်ဘူး။
ဒါဆိုရင် primitive ကိုပဲ ရွေးရပါတယ်။ (B) ပေါ့။
👍4312👎3😁1
(5) Our class teacher took us to the planetarium -------------- we learnt about the solar system.
(A) when (B) where (C) how
အတန်းပိုင်ဆရာမက နက္ခတ်တာရာ ပြခန်းကို ခေါ်သွားတယ်။ ဟုတ်ပြီ အဲဒါကို ပြန်ရည်ညွှန်းရမယ့် စကားလုံးက ဘာဖြစ်နိုင်မလဲ။
နေရာတစ်ခုကို ပြန်ရည်ညွှန်းတာဆိုတော့ where ဖြစ်ရမှာပေါ့။ အချိန်ကိုရည်ညွှန်းတဲ့ when , အပြုအမူနဲ့ဆိုင်တဲ့ how တို့ မဟုတ်တာ သေချာတယ်။ (B) ကို ရွေးပါ။

(6) We have to -------------- unpleasant and annoying people in order to avoid conflicts.
(A) do away with (B) keep up with (C) put up with
ပဋိပက္ခ မဖြစ်ချင်တော့ စိတ်အနှောက်အယှက်ဖြစ်စရာလူတွေကို ဘာလုပ်ရသလဲ။ သည်းခံရတာပေါ့။

သည်းခံတာကို put up with လို့ ခေါ်တယ်။ (put up with = to accept somebody/something that is annoying, unpleasant, etc. without complaining) ဒါကြောင့် နံပါတ် (C) ကို ရွေးပါ။
💟 do away with ဆိုတဲ့ ဖယ်ရှား/ ပယ်ဖျက်/ ဖျက်သိမ်းတာ မဟုတ်ဘူး။ (do away with = to get rid of something or stop using something)
💟 keep up with ဆိုတဲ့ အမီလိုက်တာလည်း မဟုတ်ဘူး။ (keep up with = to do whatever is necessary to stay level or equal with someone or something)

(7) Mi Mi and I go to the same school. --------------, she has been my classmate since Grade 1.
(A) as a result (B) on top of that (C) as a matter of fact
တစ်ကျောင်းတည်းကို အတူတူတက်တဲ့ အကြောင်းရယ်၊ Grade 1 ထဲက အတန်းဖော်ဖြစ်တာရယ် ပြောထားတယ်။

💟 as a result က because of something လို့ အဓိပ္ပာယ်ရတယ်။ တစ်ကျောင်းတည်း တက်တာရဲ့ ရလဒ်က Grade 1 ကတည်းက အတန်းဖော် ဖြစ်သွားတာလား။ မဟုတ်ဘူးနော်။
💟 ဒါ့အပြင်လို့ အဓိပ္ပာယ်ရတဲ့ on top of that ကတော့ နီးစပ်တယ်။ ဒါပေမဲ့ အင်္ဂလိပ်လိုဆိုရင် on top of sth က in addition to something else that is bad ဆိုတော့ မဟုတ်သေးဘူး။
ဒါဆိုရင် နံပါတ် (C) as a matter of fact ကို ရွေးရပါမယ်။ as a matter of fact ကို ပထမဝါကျမှာ ပြောထားတာကို အသေးစိတ်ထပ်ပေးဖို့/ ရှင်းပြဖို့ သုံးပါတယ်။ (You use as a matter of fact to introduce a statement that gives more details about what has just been said, or an explanation of it, or something that contrasts with it)။ ဒီမေးခွန်းမှာဆိုရင် တစ်ကျောင်းတည်းကို အတူတူတက်တယ်လို့ ပြောတယ်။ ပြီးတော့ အသေးစိတ် ထပ်ရှင်းပြမယ်။ တကယ်တော့ Grade 1 ကတည်းက အတန်းဖော်ဖြစ်တာပါပေါ့။

(8) My parents are pleased -------------- my success in performing arts.
(A) within (B) with (C) on
ဒီသုံးခုမှာတော့ ကျေနပ်အားရသော လို့ အဓိပ္ပာယ်ရတဲ့ pleased နဲ့တွဲလို့ ရတာ with တစ်ခုပဲ ရှိပါတယ်။ ဒါကြောင့် (B) ကို ရွေးပါ။

(9) You -------------- be honest if you want to build trust in friendship.
(A) must (B) have to (C) do not have to
ယုံကြည်မှု တည်ဆောက်ချင်ရင် ရိုးသားရမယ်ပေါ့။ ဟုတ်ပြီ။

💟 do not have to “မလိုဘူး” ဆိုတဲ့ နံပါတ် (C) ကိုတော့ ပယ်လိုက်။ ရိုးသားဖို့ မလိုဘူးဆိုတာ ဘယ်ဟုတ်ပါ့မလဲ။ do not have to က do not need to နဲ့ အဓိပ္ပာယ်တူတယ်။
💟 must နဲ့ have to နှစ်ခုက အဓိပ္ပာယ်ဆင်တူတယ်။ ဒါပေမဲ့ လုပ်ဖို့ တာဝန်ရှိတာမျိုးကျတော့ have to သုံးရတယ်။ ဥပမာ ကျောင်းသားဆိုရင် စာမေးပွဲ ဖြေရတာမျိုး။
ဒီနေရာမှာတော့ လိုအပ်ချက်ကိုပဲ ပြောတာပါ။ တာဝန်ရှိတာမျိုး မဟုတ်လို့ must ကိုပဲ ရွေးချယ်ရပါမယ်။ နံပါတ် (A) ပေါ့။

(10) Cooking Myanmar food -------------- cutting meat and vegetables, making chilli paste and boiling, frying or stewing them.
(A) involves (B) involving (C) involved

နောက်ဆုံးတစ်ခုက involves ဆိုတာ လွယ်လွယ်သိမယ်နော်။ Subject ပြီးတဲ့အခါ involving ဆိုတာ တန်းပြီးမဖြစ်နိုင်သလို involved ဆိုတဲ့ past tense လည်း မဟုတ်ဘူး။ ဒါကြောင့် (A) ကို ရွေးပါ။
55👍20👎1
Grade 9 ရဲ့ Unit 2, Lesson 3 မှာ question tags အကြောင်း ပါပါတယ်။ ဒါကို ပိုပြီး နားလည်အောင် ရှင်းလင်းချက်လေးတွေ ရေးပေးထားပါတယ်။ လေ့လာကြည့်ပါဦး။
112👍37🤯2💘2
Grade 9 English ရဲ့ Unit 1, Lesson 3 မှာWould you mind .../ Do you mind ... သုံးစွဲပုံ ပါပါတယ်။ အခု mind သုံးစွဲပုံ၊ ဘာကြောင့် သုံးစွဲရသလဲဆိုတာတွေ အားလုံး အသေးစိတ် ရှင်းပြထားပါတယ်။ လေ့လာကြည့်ပါဦး။
79👍25
Relative Clauses 1

သင်ရိုးသစ် အင်္ဂလိပ်စာ လေ့လာသင်ကြားသူတွေ၊ နေ့စဉ်ဘဝမှာအသုံးချဖို့ အင်္ဂလိပ်စာ လေ့လာသူတွေအနေနဲ့ စာမေးပွဲမေးခွန်းတွေမှာရော၊ လက်တွေ့အသုံးချတဲ့နေရာမှာ အသုံးဝင်တဲ့ relative clauses တွေအကြောင်း လေ့လာတတ်ကျွမ်းထားသင့်တယ်။ ဒီလိုပြောတော့ မေးစရာရှိတယ်။ တတ်ထားသင့်တာက ဟုတ်ပြီ။ relative clause ဆိုတာ ဘာလဲ။

ဒီဝါကျကို အရင်ကြည့်ပါ။

The woman who lives next door is a doctor.
ဒီဝါကျမှာ relative clause က ဘာလဲ။ who lives next door ဆိုတာ relative clause လို့ ဆွဲထုတ်ပြနိုင်ရင် မဆိုးဘူးပြောရမယ်။

ကဲ relative clause အကြောင်း အပြည့်အစုံမပြောခင် clause ဆိုတာ ဘာလဲက စရှင်းရမှာပေါ့။

A clause is part of a sentence.
clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ ထွင်ခေါ်ကြတယ်။ ဆိုလိုရင်း အတူတူပဲနော်။ မျက်စိရှုပ်မသွားနဲ့။

clause ဆိုတာ ဘာလဲသိရင် relative clause ဘာလုပ်ပေးနိုင်သလဲ သိဖို့ အတော်လွယ်သွားပြီ။

A relative clause tells us which person or thing (or what kind of person or thing) the speaker means.
relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။

ဥပမာတွေနဲ့ တွဲကြည့်ရအောင်။

The woman who lives next door ……..
ဒီစာကြောင်းက အမျိုးသမီးတစ်ဦးအကြောင်း ပြောပြတယ်။ ဘယ်အမျိုးသမီးလဲ။ ရှိရှိသမျှ အမျိုးသမီးတွေအကြောင်း ပြောတာမဟုတ်ဘူး။ ဘေးအိမ်/ဘေးအခန်းမှာနေတဲ့ အမျိုးသမီး။ ဒါကြောင့် who lives next door ဆိုတဲ့ relative clause က ဘယ်အမျိုးသမီးဆိုတာ ပြောပြတယ်။

နောက်ဥပမာ တစ်ခု ကြည့်ပါဦး။

The people who live in the country ………….
ဒီစာကြောင်းမှာတော့ လူတွေအကြောင်း ပြောပြတယ်။ ဘယ်လိုလူတွေလဲ။ ကျေးလက်တောရွာမှာ နေတဲ့သူတွေ။ ဒါကြောင့် who live in the country ဆိုတဲ့ relative clause က ဘယ်လိုလူမျိုးဆိုတာ ပြောပြတယ်။
နောက်ထပ် တစ်ဆင့်တက်ပြီး ကြည့်ရအောင်။

relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာကို ဆိုလိုသလဲဆိုတာ ပြောပြတယ်လို့ ပြောခဲ့တယ်နော်။ ဟုတ်ပြီ။ ဒီအချက်ကို မှတ်သားပါ။

We use who in a relative clause when we are talking about people (not things).
လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။

 The woman is a doctor. She lives next door.
The woman who lives next door is a doctor.
ဘေးအိမ်က အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။

 We know a lot of people. They live in the country.
We know a lot of people who live in the country.
ကျေးလက်တောရွာတွေမှာ နေတဲ့ လူတွေအများကြီးကို ငါတုိ့သိကြတယ်။

 An architect is someone who designs buildings.
ဗိသုကာ ပညာရှင်ဆိုတာ အဆောက်အဦးတွေကို ပုံစံထုတ်သူဖြစ်တယ်။

 What is the name of the person who phoned you?
ခင်ဗျားကို ဖုန်းဆက်တဲ့ လူရဲ့နာမည်က ဘာလဲ။

 Anyone who wants to apply for the job must do so by Friday.
ဒီအလုပ်ကို လျှောက်ချင်သူ ဘယ်သူမဆို သောကြာနေ့ထက် နောက်မကျစေဘဲ လျှောက်ရမယ်။

တစ်ခု မှတ်ထားသင့်တာက လူတွေအကြောင်းပြောဖို့ who အစား that သုံးနိုင်တယ်။ ဒါပေမဲ့ which တော့ သုံးလို့ မရဘူး။
The woman that lives next door is a doctor. (The woman which lives .. မရ)

လူတွေအကြောင်း ပြောတဲ့အခါ who သုံးတယ်။ that ကိုလည်း သုံးနိုင်တယ်ဆိုတာ မှတ်မိပြီနော်။ ဒါဆို အရာဝတ္ထုတွေအတွက်ကျတော့ရော။

When we are talking about things, we use that or which (not who) in a relative clause.
အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)

 Where is the cheese? It was in the fridge?
Where is the cheese that/which was in the fridge?
ရေခဲသေတ္တာထဲမှာရှိတဲ့ ဒိန်ခဲတွေ ဘယ်ရောက်သွားလဲ။

 I don’t like stories that/which have unhappy endings.
စိတ်မချမ်းမြေ့စရာ အဆုံးသတ်တွေရှိတဲ့ ဇာတ်လမ်းတွေကို ငါမကြိုက်ဘူး။

 Barbara works for a company that/which makes furniture.
ဘာဘရာက ပရိဘောဂတွေလုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တယ်။

 The machine that/which broke down is working now again.
ပျက်သွားတဲ့စက်က အခုပြန်ပြီး အလုပ်လုပ်နေပြီ။

ထူးထူးခြားခြားမှတ်သားစရာတစ်ခုလည်း သိထားသင့်ပါတယ်။ what အကြောင်းပါ။ တချို့က what ဆိုတာနဲ့ မေးခွန်းထင်ပြီးတော့ ဘာလဲ ဆိုပြီး ဘာသာပြန်မိတတ်ပါတယ်။

What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။ what နဲ့ that ကို နှိုင်းယှဉ်ကြည့်ပါ။

 What happened was my fault. (=. the thing that happened)
ဖြစ်ခဲ့တဲ့အရာက ငါ့အမှားပါ။

 Everything that happened was my fault. (not Everything what happened)
ဖြစ်ခဲ့တဲ့အရာတိုင်းက ငါ့အမှားပါ။ (Everything what happened လို့ ပြောလို့မရဘူး)
32👍20👎1
 The machine that broke down is now working again. (not The machine what broke down)
ပျက်သွားတဲ့စက်က အခုပြန်ပြီး အလုပ်လုပ်နေပြီ။ (The machine what broke down လို့ ပြောလို့ မရဘူး)

နောက်တစ်ချက်ကို မှတ်သားပါဦး။ relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။

 I’ve never spoken to the woman who lives next door. (not the woman she lives)
ဘေးအိမ်မှာနေတဲ့ အမျိုးသမီးကို တစ်ခါမှ ကျွန်တော် စကားမပြောဖူးဘူး။ (the woman she lives လို့ မသုံးရဘူး)

အကုန်လုံးကို အနှစ်ချုပ်ပြီး ပြန်ကြည့်ရအောင်။

clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ခေါ်တယ်။
relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။
relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။

Saya Sithu Htet
Ref: English Grammar in Use (Raymond Murphy)
41👍9🔥1