EETS - Essential English for Teachers and Students
30.5K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးနေပါတယ်။

ဒီတစ်ခါ Unit 10 Why Improve Communication Skills?  နဲ့ ပတ်သက်တဲ့ ကွက်လပ်ဖြည့် လေ့ကျင့်ခန်းတွေ ပေးထားပါတယ်။ လေ့လာကြည့်ပါဦး။
84👍25
Grade 12 English က Unit 11 မှာပါတဲ့ စာကြောင်း တစ်ကြောင်းက -
Coming out while you were poised unsteadily ... ဆိုတာပါ။
Textbook ရဲ့ စာမျက်နှာ 125 မှာပါပါတယ်။ A Day's Wait ဆိုတဲ့ ဇာတ်လမ်းလေးကပါ။

ဒါကို ကျွန်တော် သင်ပြပေးထားတဲ့ video သင်ခန်းစာအောက်မှာ တစ်ဦးက "you" က ဘာကို ရည်ညွှန်းတာလဲ ရှင်းပြပေးပါတဲ့။ ဇာတ်လမ်းထဲမှာ you က ပြန်ရည်ညွှန်းပေးရမယ့်လူ မပါတော့ ရှင်းပြစေချင်တာပါ။

အဖြေသိရုံတင်မက ​ပြည့်ပြည့်စုံစုံ ​နားလည်စေဖို့ Practical English Usage ကို ကိုးကားပြီး ရှင်းပြပါမယ်။

💟 လူတွေအကြောင်း ယေဘုယျပြောဖို့ one ဒါမှမဟုတ် you ကို သုံးနိုင်ပါတယ်။ ဒီလိုသုံးတဲ့အခါ ပြောတဲ့သူရော၊ နားထောင်တဲ့သူပါ အကျုံးဝင်တယ်။ 💟

ဥပမာ
One/You can learn a learn a language in six weeks.
ဘာသာစကားတစ်ခုကို ခြောက်ပတ်နဲ့ သင်ယူတတ်မြောက်နိုင်တယ်။

ဒီလို ပြောလိုက်တဲ့အခါ လူတွေ ဘာသာစကားတစ်ခုကို တတ်မြောက်နိုင်ပုံကို ယေဘုယျပြောတာပါ။ ဘယ်သူရယ်လို့တော့ တိတိကျကျ မဟုတ်ဘူး။ ယေဘုယျပြောတာပဲ။ ဒီလိုမျိုးဆို one သို့မဟုတ် you သုံးလို့ ရပါတယ်။

သတိထားရမှာက ခုလိုသုံးစွဲပုံက ယေဘုယျသဘောမျိုးအတွက်ပဲ သုံးရပါတယ်။

ဒီစာကြောင်း နှစ်ကြောင်းကို နှိုင်းယှဉ်ကြည့်ပါ။

One/You can usually find people who speak English in Sweden.
ဆွီဒင်နိုင်ငံမှာ အင်္ဂလိပ်စကားပြောတတ်တဲ့သူတွေကို တွေ့နိုင်တယ်။
They speak English in this shop.
ဒီဆိုင်မှာ သူတို့က အင်္ဂလိပ်လို ပြောကြတယ်။

ပထမဝါကျမှာ တော်တော့်ကို ယေဘုယျဆန်ဆန် ပြောထားတယ်။ ဆွီဒင်မှာ အင်္ဂလိပ်စကားပြောသူတွေကို တွေ့နိုင်တယ်တဲ့။ ဘယ်သူတွေ့မလဲ။ လူပေါ့။ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါကြောင့် One/You ဆိုပြီး လူတွေကို ရည်ညွှန်းဖို့ သုံးလို့ရတယ်။ လူဆိုတဲ့နေရာမှာ ဒီစာဖတ်နေတဲ့သူလည်း ပါတယ်နော်။

ဒုတိယဝါကျမှာတော့ ဒီဆိုင်မှာ အင်္ဂလိပ်စကားပြောသူတွေအကြောင်း။ ဒါကျတော့ အရမ်းယေဘုယျဆန်ဆန်ပြောလို့ မရတော့ဘူး။ One/You speak English in this shop. ဆို ဒီဆိုင်မှာ ဘယ်သူမဆို အင်္ဂလိပ်စကားပြောကြတဲ့ ပုံစံသဘောဖြစ်မှာမို့ အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် one/you မသုံးရဘူး။

ဒါကြောင့် လိုရင်းကို ပြန်ပြောရရင် A Day's Wait မှာပါတဲ့ you ဆိုတာ လူကို ယေဘုယျပြောတာပါပဲ။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင် (အဖေ) တင်မက ဘယ်သူမဆို ဖြစ်နိုင်တယ်။ စာဖတ်သူလည်းပါတယ်။

ဒီလိုမျိုး you သုံးပြီး စာဖတ်သူကိုပါ ဆွဲထည့်လိုက်တော့ ပြောချင်တဲ့ အချက် ပိုပေါ်လွင်သွားတယ်။ စာဖတ်သူကိုယ်တိုင် ဒီအတွေ့အကြုံမှာ ပါဝင်ခံစားရသလို ဖြစ်သွားတယ်။ ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းသွားတယ်။

ဒီလိုမျိုး ရေးနိုင်တာကလည်း စာရေးဆရာရဲ့ အရည်အချင်းပါပဲ။
91👍47🥰3
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးနေပါတယ်။

ဒီတစ်ခါ Unit 11 A Day's Wait  နဲ့ ပတ်သက်တဲ့ ကွက်လပ်ဖြည့် လေ့ကျင့်ခန်းတွေ ပေးထားပါတယ်။ လေ့လာကြည့်ပါဦး။
120👍41👎2
Grade 12 ကျောင်းသား၊ ကျောင်းသူများ လေ့လာရအဆင်ပြေစေဖို လေ့ကျင့်ခန်းများ ပုံမှန်တင်ပေးနေပါတယ်။

ဒီတစ်ခါ Unit 12 Intercultural Communication  နဲ့ ပတ်သက်တဲ့ ကွက်လပ်ဖြည့် လေ့ကျင့်ခန်းတွေ ပေးထားပါတယ်။ လေ့လာကြည့်ပါဦး။
110👍34💘3👎2
သင်ရိုးသစ် (အင်္ဂလိပ်စာ) သင်ခန်းစာတွေကို သင်ပြရတဲ့ ဆရာ/မတွေ၊ လေ့လာရမယ့် ကျောင်းသား/သူတွေ၊ ကိုယ့်ရဲ့ ရင်သွေးတွေကို အတော်ဆုံးဖြစ်စေချင်တဲ့မိဘတွေက ထိထိရောက်ရောက် ရှိတာ လိုလားကြတယ်။ အကြောင်းအရာအသစ်တွေကို လေ့လာတဲ့အခါ ဟိုစာအုပ်နဲ့ နားလည်နိုး၊ ဒီသင်ခန်းစာ အဆင်ပြေနိုးနဲ့ တကယ်နားမလည်ဘဲ ယောင်လည်လည်နဲ့ အချိန်ကုန်တာမျိုး မဖြစ်ချင်ကြဘူး။

အင်္ဂလိပ်စာကလည်း အဘိဓာန်လေး ကြည့်တတ်ရုံ၊ မှန်းဆကြည့်ရုံနဲ့ အဆင်မပြေတော့လည်း အခက်သား။ အနီးကပ် ရှင်းပြလိုက်မှ ရှင်းခနဲ လင်းခနဲ ဖြစ်သွားပြီး အချိန်ကုန်၊ လူပန်းသက်သာပြီး အကောင်းဆုံး ရလာဒ်တွေ ရသွားတာမျိုး ရှိပါတယ်။

ဒီအတွက် စိတ်ပူစရာတော့ မရှိပါဘူး။ သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို အဆင်အပြေဆုံး နှုန်းထားနဲ့ Telegram group ထဲမှာ လေ့လာနိုင်တဲ့ သင်တန်းတွေ ရှိပါတယ်။ ဆရာတစ်ယောက် အနားမှာထိုင်ပြီး ရှင်းပြနေသလို သင်ကြားထားတာပါ။

သင်တန်းကြေး ပေးသွင်းပြီး တက်ရောက်နိုင်တဲ့ Group ငါးခု ရှိပါတယ်။
🔸Grade 8 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 9 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 10 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸Grade 11 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group
🔸 Grade 12 သင်ရိုးသစ် အင်္ဂလိပ်စာ သင်ခန်းစာတွေကို သင်ကြားပေးတဲ့ VIP Group

Group တစ်ခုအတွက် သင်တန်းကြေးက (35,000) သုံးသောင်းခွဲကျပ် သာ ဖြစ်ပါတယ်။

Group member ဝင်ချင်တယ်ဆိုရင် ဒီ Link ကို နှိပ်ပြီး EETS channel ရဲ့ chat box မှာ တက်ချင်တဲ့ အတန်းကို ပြောပေးပါ။
https://t.me/EssentialEnglishService

ဒီ Link ကို နှိပ်ပြီး messenger မှာ ပြောလို့လည်း ရပါတယ်။
m.me/EssentialEnglishForTeachersAndStudents

💟 သင်ခန်းစာတွေကို Telegram Group ထဲမှာ Video တွေနဲ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Video တွေနဲ့ လေ့လာရတာဖြစ်တဲ့အတွက် ကိုယ်အဆင်ပြေတဲ့အချိန်၊ ကိုယ်လေ့လာချင်တဲ့ အချိန်မှာ လေ့လာနိုင်ပါတယ်။
💟 Unit အားလုံးရဲ့ သင်ခန်းစာတွေကို ပြည့်ပြည့်စုံစုံ သင်ပြထားပါတယ်။ အစဉ်လိုက် ကြည့်ရှုသွားလို့ ရပါတယ်။
💟 Grade 8, Grade 9, Grade 10, Grade 12 ရဲ့ Listening အတွက် Audio files တွေကိုလည်း ရယူနိုင်ပါတယ်။
💟 အချိန်အကန့်အသတ်မရှိဘဲ Telegram account ရှိနေသရွေ့ ရာသက်ပန် လေ့လာနိုင်ပါတယ်။

ဒီလိုမျိုး ကိုယ့်အတွက် တစ်နှစ်ပတ်လုံး၊ တစ်သက်တာလုံး အကျိုးရှိပြီး အသုံးချလို့ရတဲ့ သင်ခန်းစာတွေအတွက် သင်တန်းကြေးက အတန်းတစ်ခုအတွက်  (35,000) သုံးသောင်းခွဲကျပ် သာ ဖြစ်ပါတယ်။

♦️ Grade 8 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaxiBmmts4EPIwUJHRn8QDl

♦️ Grade 9 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzYxWp9gKl1_y7h9mSkpoGMJ

♦️ Grade 10 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzaG6uBGwblT2CpwqDdZVgnM

♦️ Grade 11 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZA1CHjhkwytrGgFtSOfCKb

♦️ Grade 12 English နမူနာသင်ခန်းစာတွေကြည့်ဖို့ ဒီ Link ကို နှိပ်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzbmDIlGtpCE-AH_n5JiXbf3

❣️ Grade 5 သင်ခန်းစာတွေက သင်ပြလက်စဖြစ်ပါတယ်။ ဒီ Link ကို နှိပ်ပြီး အခမဲ့ ကြည့်ရှုနိုင်ပါတယ်။
https://youtube.com/playlist?list=PLLutYsv1-Kzbgeeg9STUXVHGGgDfyIhEo

❣️ Grade 6 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZ3FqXCZ5T6t8vd50RzeGYR

❣️ Grade 7 English (သင်ရိုးသစ်) သင်ခန်းစာအားလုံးကို သင်တန်းကြေး သွင်းစရာမလိုဘဲ အစအဆုံး အခမဲ့ လေ့လာလို့ ရပါတယ်။ ဒီ link ကို နှိပ်ကြည့်ပါ။
https://youtube.com/playlist?list=PLLutYsv1-KzZJdfe09r0dDMh1TKgfzP1M

Video သင်ခန်းစာတွေကို Channel ထဲ ဝင်ရောက်ပြီးလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။
187👍127💘6🔥5😁4👎1
EETS - Essential English for Teachers and Students pinned «သင်ရိုးသစ် (အင်္ဂလိပ်စာ) သင်ခန်းစာတွေကို သင်ပြရတဲ့ ဆရာ/မတွေ၊ လေ့လာရမယ့် ကျောင်းသား/သူတွေ၊ ကိုယ့်ရဲ့ ရင်သွေးတွေကို အတော်ဆုံးဖြစ်စေချင်တဲ့မိဘတွေက ထိထိရောက်ရောက် ရှိတာ လိုလားကြတယ်။ အကြောင်းအရာအသစ်တွေကို လေ့လာတဲ့အခါ ဟိုစာအုပ်နဲ့ နားလည်နိုး၊ ဒီသင်ခန်းစာ အဆင်ပြေနိုးနဲ့…»
Media is too big
VIEW IN TELEGRAM
ကျွန်တော်တို့ ပထမဆုံး သင်ခန်းစာအနေနဲ့ The Importance of Having a Good Relationship with Friends ဆိုတဲ့ အကြောင်းအရာလေး သင်ပြထားပါတယ်။

ဒီမှာတွေးပြပုံ၊ ရေးသားပုံတွေက နမူနာတွေပါပဲ။ ဒါတွေကို နမူနာကြည့်ပြီး ပိုပြည့်စုံတဲ့ အတွေးတွေ၊ ပိုကောင်းတဲ့ အရေးအသားတွေ ရေးသားနိုင်မှာပါ။

Essay ကို Download လုပ်ချင်ရင် ဒီ Link လေးမှာ Download ယူပါ။ https://t.me/LessonsEETS/1021
90👍31🥰7
Essay 1.pdf
87.3 KB
The Importance of Having a Good Relationship with Friends အတွက် ကြည်ကြည်လင်လင် ဖတ်လို့ရအောင် pdf file နဲ့ ပေးထားပါတယ်။
👍6654
THe Advantages and Disadvantages of Modern Technology.pdf
87.7 KB
The Advantages and Disadvantages of Modern Technology အတွက် ကြည်ကြည်လင်လင် ဖတ်လိုရအောင် pdf file နဲ့ ပေးထားပါတယ်။
59👍11
Media is too big
VIEW IN TELEGRAM
ကျွန်တော်တို့ နောက်သင်ခန်းစာအနေနဲ့ The Advantages and Disadvantages of Modern Technology ဆိုတဲ့ အကြောင်းအရာလေး သင်ပြထားပါတယ်။

ဒီမှာတွေးပြပုံ၊ ရေးသားပုံတွေက နမူနာတွေပါပဲ။ ဒါတွေကို နမူနာကြည့်ပြီး ပိုပြည့်စုံတဲ့ အတွေးတွေ၊ ပိုကောင်းတဲ့ အရေးအသားတွေ ရေးသားကြည့်ပါ။

Essay ကို Pdf file နဲ့ Download လုပ်ချင်ရင် ဒီ Link လေးမှာ Download ယူပါ။
https://t.me/LessonsEETS/1022
103👍39👎3🔥3💘2
Basic Grammar and Writing for Students
**

ကိုယ
့်ရဲ့သားသမီးတွေကို ငယ်စဉ်ကတည်းက အင်္ဂလိပ်စာ အခြေခံခိုင်မာပြီး အတန်းအဆင့်ဆင့်တက်တဲ့အခါမှာ အခက်အခဲမရှိစေချင်တဲ့ လူကြီးမိဘတွေ များပါတယ်။ အားနေတဲ့အချိန်တွေမှာ ထိထိရောက်ရောက် ပညာသင်ကြားပြီး အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးစေချင်ကြတာလည်းပါတာပေါ့။

ဒါကြောင့် ကျွန်တော် လူကြီးတွေအတွက် Writing သင်တန်းတစ်ခု ဖွင့်တဲ့အခါမှာ ကလေးတွေ တက်လို့ရသလား၊ အပ်ပါရစေဆိုပြီး ကလေးတွေကိုပါ သင်တန်းအပ်ကြပါတယ်။ ဒါကြောင့် အဆင်ပြေအောင် ကလေးတွေအတွက် သီးသန့် Online အတန်းလေး ဖွင့်ပေးလိုက်ပါတယ်။

🔰 ဒီသင်တန်းကို အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်နိုင်ပါတယ်။

သင်ကြားပေးမှာတွေကတော့
ကလေးတွေရဲ့ level နဲ့ ကိုက်ညီမယ့် အခြေခံ Grammar တွေ
Grammar အသုံးတွေမှတ်ရင်း ဝါကျတွေကို သဘာဝကျကျ ရေးဖွဲ့ပုံတွေ
မြန်မာလိုစဉ်းစားထားတဲ့ ဝါကျတွေကို အင်္ဂလိပ်လို မှန်မှန်ကန်ကန် ကိုယ်တိုင်လေ့ကျင့်ရေးပုံတွေ
အခြေခံဝါကျတွေကနေ Essay တွေအထိ တဆင့်ပြီးတဆင့် မြှင့်တင်ရေးသားပုံ စတာတွေ ဖြစ်ပါတယ်။

🔹ပုံမှန်လေ့လာ၊ လေ့ကျင့်သွားတဲ့ ကျောင်းသား/သူတွေအနေနဲ့ သင်တန်းပြီးတဲ့အခါမှာ အင်္ဂလိပ်စာအရေးအသားမှာ မူလအခြေအနေထက် အများကြီး တိုးတက်သွားပါလိမ့်မယ်။🔹

💻သင်တန်းကို Zoom Meeting သုံးပြီး သင်ကြားပါမယ်။ စာသင်တဲ့အခါ လိုအပ်မယ့် စာရွက်စာတမ်း၊ မှတ်စုတွေကို Facebook private group ထဲမှာ သင်တန်းရက်မတိုင်ခင် ပုံမှန်တင်ထားပြီး Zoom နဲ့ သင်ထားတဲ့ recording ကိုလည်း ပြန်ကြည့်ချင်တဲ့အခါ အဆင်ပြေအောင် group ထဲမှာ ပြန်တင်ပေးထားမှာ ဖြစ်ပါတယ်။

🌠သင်ကြားတဲ့အခါ ဆရာကချည်း တောက်လျှောက်ပြောသွား၊ အိမ်စာပေးတဲ့ ပုံစံနဲ့လုပ်မှာမဟုတ်ပါဘူး။ ကလေးတွေနဲ့အတူ လေ့ကျင့်၊ အတူရေးတဲ့ ပုံစံနဲ့ သင်မှာ ဖြစ်ပါတယ်။ မသိတာရှိရင် တစ်ခါတည်း မေးလို့ရပါလိမ့်မယ်။ အိမ်စာပေးတဲ့အခါမှာလည်း တစ်ဦးချင်း ကြည့်ပေး၊ လိုအပ်တာတွေ ပြောပေးလုပ်မှာ ဖြစ်ပါတယ်။

🕒 သင်တန်းကို 6.3.2024 (ဗုဒ္ဓဟူးနေ့) စပါမယ်။ သင်မယ့်အချိန်တွေကတော့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သုံးရက် ညနေ 5:00 pm ကနေ 6:30 pm အထိ ဖြစ်ပါတယ်။ သင်တန်းကာလက (၃) လ ဖြစ်ပါတယ်။

💵သင်တန်းကြေးက ၃ လစာ သင်တန်းတစ်ခုလုံးမှ #တစ်သိန်းကျပ် ဖြစ်ပါတယ်။

သင်ကြားပေးမယ့်ဆရာက ဆရာစည်သူထက် ကိုယ်တိုင်ဖြစ်ပါတယ်။ ဆရာစည်သူထက်ဟာ အင်္ဂလိပ်စာ M.A. ဘွဲ့ရရှိထားပြီး အောင်မြင်တဲ့ သင်ကြားရေးစာအုပ်များစွာ ပြုစုထုတ်ဝေထားသူဖြစ်သလို ကျောင်းသား/သူတွေ ဆရာ/မတွေ အဆင်ပြေစေဖို့ Facebook, Youtube, Telegram စတာတွေကနေလည်း ပညာရပ်တွေ စဉ်ဆက်မပြတ် မျှဝေနေသူဖြစ်ပါတယ်။

♦️သင်တန်းတက်ဖို့ တခြားဘာမှ မလိုအပ်ပါဘူး။ ကွန်ပျူတာ သို့မဟုတ် ဖုန်းတစ်လုံးနဲ့ အင်တာနက် ရှိရင် ရပါပြီ။ စေတနာအပြည့်နဲ့ အသေးစိတ် သင်ကြားပေးမှာ ဖြစ်လို့ နောက်မကျစေဘဲ ခုပဲ စာရင်းသွင်းလိုက်ပါ။♦️

တက်ရောက်မယ်ဆိုရင် ဒီ link ကို နှိပ်ပြီး messenger ကနေ စာပို့ပြီး ပြောနိုင်ပါတယ်။
m.me/EssentialEnglishForTeachersAndStudents

ဒီ link ကို နှိပ်ပြီး Telegram ကနေ ပြောလို့လည်း ရပါတယ်။
https://t.me/EssentialEnglishService

လိုအပ်တာတွေ ကြိုတင်ပြီး chat box မှာ လွတ်လွတ်လပ်လပ် မေးမြန်းဆွေးနွေးလို့ရပါတယ်။ ဒါ့အပြင် တက်ရောက်ရင်း ကျောင်းသားနဲ့ မကိုက်ညီဘူး၊ အဆင်မပြေဘူးထင်ရင် တစ်ပတ်အတွင်း သင်တန်းကြေး 100% ပြန်ထုတ်ယူနိုင်ပါတယ်။
82👍53🎅5🔥1
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
၂ဝ၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သိကောင်းစရာများ (အင်္ဂလိပ်စာဘာသာရပ်)
82👍13
ကျွန်တော် နွေရာသီ Grammar and Writing အတန်းဖွင့်လှစ်ထားတာ ရှိပါတယ်။

အဲဒီအတန်းကရတဲ့ သင်တန်းကြေးထဲက တစ်သိန်းကျပ်ကို "ဆရာစည်သူထက်နဲ့ ကျောင်းသား/သူများရဲ့ စုပေါင်းကျန်းမာရေးအလှူ" အဖြစ် ပျဉ်းမနားသံဃာ့ဆေးရုံကြီးကို ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က တဆင့် လှူဒါန်းထားပါတယ်။ (ဂုဏ်ပြုမှတ်တမ်းလွှာ ရတဲ့အခါ ထပ်တင်ပေးပါမယ်။)

သင်တန်းကြော်ငြာတုန်းက သင်တန်းကြေး တချို့တစ်ဝက်ကို လှူမယ်ဆိုတာ လုံးဝမပြောထားပါဘူး။ (အလှူကို အကြောင်းပြုပြီး သင်တန်းကြော်ငြာတာ မဖြစ်ချင်လို့ပါ။) ဒါပေမဲ့ သင်တန်း​ဖွင့်တိုင်း သင်တန်း​သားတွေပါ ကုသိုလ်ပါဝင်နိုင်အောင် စုပေါင်းအလှူအနေနဲ့ သင်တန်းကြေးရာခိုင်နှုန်းတစ်ခုကို အကျိုးရှိနိုင်မယ့် နယ်ပယ်တွေ ရွေးချယ်လှူဒါန်း ဖြစ်ပါတယ်။

ခု လှူဒါန်းကြောင်း တင်ပေးတာက သင်တန်းသား/သူတွေနဲ့ မိဘ/ဆရာသမားတွေ ကိုယ့်ရဲ့စုပေါင်းကုသိုလ်ကို ဝမ်းမြောက်နိုင်ဖို့ ဖြစ်ပါတယ်။

Telegram က မိတ်ဆွေတွေလည်း သာဓုခေါ်ဆိုနိုင်အောင် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
201👍49🥰6
ကျွန်တော်နဲ့ ကျောင်းသား/သူတွေ စုပေါင်းလှူဒါန်းတာအတွက် ဂုဏ်ပြုမှတ်တမ်းလေး ရလာပါပြီ။
210👍19🥰9🤩2
II. Choose the appropriate words or phrases to complete the setences.
(1) It is necessary for you to have a good working relationship with your ........... .
(A) acquaintances (B) colleagues (C) neighbours
ဒီစာကြောင်းအတွက် ရွေးရမယ့် စကားလုံး သုံးခုကို နားလည်ထားဖို့ လိုပါတယ်။
🔹 acquaintance ဆိုတာ "အသိအကျွမ်း"ပါ။ အင်္ဂလိပ်လို a person that you know but who is not a close friend တဲ့။ (OALD)
🔹colleague ဆိုတာ လုပ်ဖော်ကိုင်ဖက်။ (a person that you work with)
🔹 neighbour ဆိုတာတော့ သိတဲ့အတိုင်း "အိမ်နီးချင်း"။ (a person who lives next to you or near you)
ပေးထားတဲ့ စာကြောင်းမှာ အဓိက စာလုံးကို ကြည့်လိုက်ရင် working relationship ဆိုတာ သိနိုင်ပါတယ်။ အတူတူလုပ်ရတဲ့လူတွေ၊ အထက်လူကြီးတွေ စတာတွေနဲ့ ဆက်ဆံရေးကို working relationship လို့ ခေါ်ပါတယ်။ ဒါမသိရင်တောင် working relationship ဆိုတဲ့ အဓိကတစ်ချက်ပေါ်မူတည်ပြီး အဖြေက (B) colleagues ဆိုတာ ဆက်စပ် စဉ်းစားကြည့်လိုက်ရင် ပေါ်ပြီပေါ့။

(2) The students attended the workshop to ........... their knowledge about new scientific developments.
(A) reach (B) stretch (C) expand
ကျောင်းသားတွေ အလုပ်ရုံဆွေးနွေးပွဲတက်တာက သူတို့ရဲ့ ဗဟုသုတကို ဘာလုပ်ဖို့ ဖြစ်မလဲ။
🔹 reach က ရောက်ရှိသည်။ တခြားအဓိပ္ပာယ်တွေလည်း ရှိတယ်။ ဒါပေမဲ့ knowledge နဲ့ တွဲတာ မရှိဘူး။
🔹 stretch က ဆွဲသည်၊ ဆန့်သည် လို့ ယေဘုယျအဓိပ္ပာယ်ရတယ်။ to spread over an area of land လို့ ပြောချင်ရင်လည်း stretch ပဲ။ ဒါလည်း knowledge နဲ့ တွဲလို့ မရပြန်ဘူး။
🔹 ဒါဆို expand ဆိုတာပဲ ဖြစ်နိုင်ပါတယ်။ "တိုးလာ၊ များလာစေ" ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
လက်တွေ့သုံးထားတဲ့ ဝါကျတစ်ကြောင်းကို နမူနာကြည့်ရင် -
Travel, therefore, was necessary for one to develop the mind and expand knowledge of the world. (Wiki)
ဒီလောက်ဆို (C) expand ကို ရဲရဲ ရွေးလို့ ရပြီ။

(3) Hla Hla is a hardworking student and she always .......... her exam without much trouble.
(A) gets through (B) gets up (C) gets on
လှလှက ကြိုးစားတဲ့ ကျောင်းသူမို့ စာမေးပွဲကို အခက်အခဲသိပ်မရှိဘဲ ဘာဖြစ်မယ်ထင်လဲ။
မဖြစ်နိုင်ဆုံး တစ်ခု ပယ်ကြည့်ရအောင်။
(B) gets up ဆိုတာက "အိပ်ရာထ" တာလို့ သိထားတယ်နော်။ စာမေးပွဲနဲ့ ဆက်စပ် စဉ်းစားလို့ မရလို့ ပယ်လိုက်မယ်။
(C) gets on ကိုတော့ စဉ်းစားရင် စဉ်းစားမိပါလိမ့်မယ်။ get on ကို how somebody is doing in a particular situation ပြောဖို့ သုံးတယ်။
ဥပမာ
He's getting on very well at school.
ဒါပေမဲ့ တကယ်ဖြေရမှာက (A) gets through ပါ။
get through something ဆိုတာ to be successful in an exam, etc. ဆိုတော့ စာမေးပွဲနဲ့ တိုက်ရိုက်ဆိုင်တဲ့ စကားလုံးက ဒါပဲ ဖြစ်သင့်ပါတယ်။ (စာမေးပွဲ) အောင်တယ်ဆိုတာကို သုံးတဲ့ British အသုံးပေါ့။

(4) When she saw a spider on her pillow, the little girl was ........... and shouted for help.
(A) amused (B) terrified (C) relaxed
ခေါင်းအုံးပေါ်မှာ ပင့်ကူတွေ့တော့ ကောင်မလေး ဘာဖြစ်မလဲ။
ပေးထားတဲ့ စာလုံးသုံးလုံးက အဓိပ္ပာယ်မတူလို့ မှန်းရလွယ်ပါတယ်။
amused ဆိုတဲ့ thinking that somebody/something is funny, so that you smile or laugh (ရယ်စရာတွေ့/သဘောကျ) တာလား။
terrified ဆိုတဲ့ very frightened (အရမ်း/သိပ် ကြောက်) တာလား။
relaxed ဆိုတဲ့ calm and not worried (မစိုးရိမ်/အေးအေးလူလူရှိ) တာလား။
(B) terrified လို့ အလွယ်တကူ ရွေးနိုင်မယ်နော်။

(5) How many colours does your ....... flag have? We have three in ours.
(A) nation (B) national (C) nationality
flag (အလံ) ဆိုတဲ့ noun ကို အထူးပြုတဲ့ Adjective ကို စဉ်းစားကြည့်ရင် (B) national ဆိုတဲ့ adj က ဖြစ်သင့်တဲ့ အဖြေလို့ သိနိုင်ပါတယ်။ national flag နိုင်ငံတော် အလံ လို့ ​ပြောချင်တာပေါ့။

(6) This is the place ...... my friends usually stay during their summer holidays.
(A) what (B) when (C) where
place ဆိုတဲ့ နေရာကို ပြန်ရည်ညွှန်းမယ်ဆိုရင် where ကို သုံးရမယ်ဆိုတာ ကျောင်းသားတွေ သိကြတော့ (C) where ကို ရွေးနိုင်ပါလိမ့်မယ်။
အချိန်ကို ပြန်ညွှန်းဖို့လိုရင် when သုံးပါမယ်။
the thing that ဆိုတဲ့ အဓိပ္ပာယ်၊ ဒါမှမဟုတ် မေးခွန်းစာလုံးအနေနဲ့ ဆိုရင်တော့ what သုံးမှာပေါ့။

(7) All motorcyclists ....... wear helmets for their safety.
(A) would (B) could (C) should
အကြံဉာဏ်ပေးတဲ့သဘော၊ လုပ်သင့်ကြောင်းပြောတဲ့သဘောဆိုရင် should သုံးရမှန်း သိကြတာဆိုတော့ (C) ကို ရွေးနိုင်ပါလိမ့်မယ်။ ဆိုင်ကယ်သမားတွေ ဦးထုပ်မဆောင်းတော့ရော ဘာဖြစ်လဲ။ ကိုယ်ဘာမှမတတ်နိုင်ဘူးလေ။ အကြံဉာဏ်ပဲ ပေးနိုင်တာပါ။
👍5617💘4🥰2🦄2😁1
(8) She didn't get the job ....... she had all the required qualifications.
(A) because (B) as (C) although
အချက်နှစ်ချက်ပေးထားတယ်။ အလုပ်မရတာနဲ့ လိုအပ်တဲ့ အရည်အချင်းတွေ အကုန်ရှိတာ။ တကယ်ဆို အရည်အချင်းရှိရင် ရရမှာပေါ့။ ဝါကျနှစ်ကြောင်းက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒါကြောင့် အကြောင်းရင်းကို ပြတဲ့ because တို့ as တို့ မဖြစ်နိုင်ဘူး။ ဆန့်ကျင်ဘက်ပြတဲ့ (C) although ကို ရွေးရပါမယ်။ တကယ်လို့ ပေးတဲ့စာကြောင်းက She got the job ... သာဆိုရင် although မဟုတ်တော့ဘဲ because / as ဖြစ်သွားပါလိမ့်မယ်။

(9) If I ...... dictionary, I would look up these words.
(A) have (B) had (C) had had
Conditional သုံးမျိုးအတွက် ပေးထားတယ်။
If + present ..., will + Vinf (ဖြစ်နိုင်ချေကိုပြောတဲ့ First Conditional)
If + past ..., would + Vinf (စိတ်ကူးယဉ်တာကို ပြတဲ့ Second conditional)
If + past perfect ...., would have + past participle (အတိတ်က မလုပ်မိ/ မဖြစ်ခဲ့တာကို နောင်တရတဲ့သဘောပြောတဲ့ Third Conditional)
ပေးထားတဲ့ ဝါကျရဲ့ ပုံစံအရရော၊ စိတ်ကူးယဉ်အခြေအနေကို ပြောတဲ့ပုံစံအရရော Second Condition ပုံစံ (B) had ကို ရွေးရမယ်ဆိုတာ ရှင်းပါတယ်။

(10) U Gyi turned off the radio ....... he could concentrate on his work.
(A) so that (B) as soon as (C) until
အလုပ်ကို အာရုံစိုက်နိုင်အောင် ရေဒီယိုပိတ်တယ်လို့ နလည်တယ်မဟုတ်လား။
ဒါဆိုရင် as soon as ဆိုတဲ့ immediately at or just after the time that လား။ အာရုံစိုက်လိုက်နိုင်တာနဲ့ ရေဒီယိုပိတ်တာ မဟုတ်တော့ ဒါမဖြစ်နိုင်။
until ဆိုတဲ့ up to the point in time or the event mentioned (အထိ/ မ ... မချင်း) လား။ အာရုံမစိုက်နိုင်မချင်း ရေဒီယိုပိတ်တယ်ဆိုတာလည်း မဟုတ်သေးဘူး။
ဒါဆိုရင် so that ဆိုတဲ့ "ရန် / အတွက်" (in order that) သုံးသင့်ပါတယ်။ ဒါမှ အာရုံစိုက်နိုင်အောင် ရေဒီယို ပိတ်တယ်လို့ ဖြစ်မှာပေါ့။ (A) ကို ရွေးပါ။
60👍25💘4👎2