ယနေ့နံနက် အေတီတံတားအနီးပတ်ဝန်းကျင်တွင်
နံနက်ဈေးသွားရောင်းသူ ဈေးသယ် ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီးသေဆုံးသူတွေလည်းရှိကြောင်းလက်သလောသိရပါတယ်။
(13-7-2024)
Lashio General Guide
နံနက်ဈေးသွားရောင်းသူ ဈေးသယ် ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီးသေဆုံးသူတွေလည်းရှိကြောင်းလက်သလောသိရပါတယ်။
(13-7-2024)
Lashio General Guide
👍7😢6
ရက်ကွက် (၅)နေပြည်သူများအထူးဂရုစိုက်ကြပါနော်
လက်နက်ကြီးတွေနေရာတိုင်းမှာကျရောက်နေပါတယ်
တစ်မီနစ် ၂လုံးမှ/၃လုံးထိ ခနတိုင်းဆိုသလိုကျနေပါတယ်နော်။
(10:10) (13-7-2024) Lashio General Guide
လက်နက်ကြီးတွေနေရာတိုင်းမှာကျရောက်နေပါတယ်
တစ်မီနစ် ၂လုံးမှ/၃လုံးထိ ခနတိုင်းဆိုသလိုကျနေပါတယ်နော်။
(10:10) (13-7-2024) Lashio General Guide
❤7👍4😢1
လားရှိုးမြို့ ရက်ကွက် ၁ ဗျူဟာလမ်းနှင့် သက္ကသိုလ် အနီးသဝိုက် လက်ရှိအချိန် 10:05 မီနစ်ထိလက်နက်ကြီးများခနတိုင်းဆိုသလိုကျရောက်နေပါတယ် အထူးဂရုစိုက်ပါ✅
Lashio General Guide
(13-7-2024)
Lashio General Guide
(13-7-2024)
👍8❤3
လားရှိုးမြို့အဝင်အထွက်အား မြို့ထဲမှအထွက်ပဲရပြီးမြို့အဝင်လုံးဝ မရဘူးလို့လည်းသိရပါတယ်။✅
(13-7-2024)
Lashio General Guide
(13-7-2024)
Lashio General Guide
❤5👍3
(10:35)AM ယနေ့နံနက် တိုက်စိမ်းအထည်ဆိုင်အနောက် စစ်ရှောင် စခန်းအနီးဝန်းကျင်တွင်လည်း လက်နက်ကျရောက်မှု့တွေရှိနေတယ်လို့ သိရပါတယ်။ အားလုံးအထူးဂရုစိုက်ကြပါနော်။
(13-7-2024)
Lashio General Guide ✅
(13-7-2024)
Lashio General Guide ✅
👍18
❐ လားရှိုးမြို့စစ်ဆင်ရေး၌ လှုပ်ရှားနေသော တပ်ဖွဲ့ဝင်များလိုက်နာရန် တားမြစ်မိန့်များကို MNDAAထုတ်ပြန်။
ဇူလိုင် ၁၂၊ ၂၀၂၄။
လားရှိုးမြို့နှင့် အနီးတဝိုက်တွင် စစ်ဆင်ရေးလှုပ်ရှားနေသော MNDAA တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များကို တာမြစ်မိန့်အဖြစ် ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါစည်းကမ်းချက်များတွင် ပြည်သူလူထုများအပေါ် ဖိနှိပ်မှုမပြုရန်၊ ထိခိုက်မှုမပြုရန်၊ ကလေးစစ်သားစုဆောင်းခြင်းမပြုရန် အစရှိသည့် အခြေခံစစ်စည်းကမ်းများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းမရှိရန် တားမြစ်ထားသည်ကိုတွေ့ရပြီး ကျူးလွန်ပါကလည်း စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တားမြစ်မိန့်များမှာ အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရန်၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရန်၊ စစ်မြေပြင်အတွင်း ပြည်သူပိုင်ယာဥ်များ သိမ်းဆည်းသုံးစွဲခြင်းမပြုရန်၊ စစ်ဘေးရှောင်များထံမှ ငွေသားကောက်ခံတောင်းယူခြင်းမပြုရန်၊ စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်အတွင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန်၊ ခွင့်ပြုမိန့်မရှိပဲ ကုမ္ပဏီများအတွင်း ဝင်ရောက်ရှာဖွေခြင်းမပြုရန်နှင့် သိမ်းဆည်းရမိသော ပစ္စည်းအျားအားလုံးကို ပြည်သူပိုင်အဖြစ် သက်ဆိုင်ရာသို့အပ်နှံရန်၊ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခြင်းနှင့် ကလေးစစ်သားစုဆောင်းခြင်းမပြုရန်၊ လူမျိုးဘာသာခွဲခြားဆက်ဆံခြင်းမပြုရန်တို့ ပါဝင်သည်။
ထိုအပြင် MNDAA တပ်ဖွဲ့ဝင်များအားလုံးသည် လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ဖော်ဆောင်ရန်နှင့် ဘေးဒုက္ခရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန်၊ ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီဂကျောင်း၊ ပြည်သူပိုင်အဆောက်အအုံများ၊ သမိုင်းဝင်အမွေအနှစ်များနှင့် စာရွက်စာတမ်းများ စသည်တို့ကို ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းထားသည်။
စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ၄င်းတို့တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်းကို ဖွင့်ပေးခြင်း၊ ဒေသခံနယ်မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကြုံတွေ့လာနိုင်မည့်ဘေးအန္တရာယ်များကို တိမ်းရှောင်နိုင်ရန် ပညာဗဟုသုတပေးခြင်း၊ ရပ်ကွက်လုံခြုံရေးနှင့် ပြည်သူပိုင်အိုးအိမ်စည်းစိမ်များအား ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးရန် အမိန့်ထုတ်ထားသည်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကိုလည်း ကောင်းမွန်စွာဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့်ကလေးများအား အထူးစောင့်ရှောက်ပေးရန်၊ ဒဏ်ရာရနေသော (သို့မဟုတ်) နာမကျန်းဖြစ်နေသော စစ်ဘေးဒုက္ခသည်များနှင့် စစ်သုံ့ပန်းများအား ကောင်းမွန်စွာဆေးကုသမှုပေးရန် ဆိုထားသည်။
ထို့အပြင် လားရှိုးမြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်းများ၊ ဆရာဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများသည် တာဝန်ယူထားသော ရာထူးနှင့် လစာအတိုင် ဆက်လက်တာဝန်ထမ်းနိုင်ကြောင်းလည်း ဆိုထားသည်။
MNDAA သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို အရယူနိုင်ရန် ကြိုးစားလျက်ရှိပြီး မြို့အနီးတဝိုက်ရှိ တပ်စခန်းများကို တစ်ခုပြီးတစ်ခုသိမ်းယူကာ ပတ်ပတ်လည်ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီကလည်း စစ်ကူများစွာဖြည့်တင်းပြီး လေကြောင်းပစ်ကူများဖြင့် ၄င်းတို့၏တိုင်းစစ်ဌာနချုပ်နှင့်အတူ လားရှိုးမြို့ကိုမဆုံးရှုံးစေရန် အပြင်းအထန်ခုခံနေလျက်ရှိသည်။
#MNDAA #လားရှိုးမြို့ #တပ်ဖွဲ့ဝင်များလိုက်နာရန် #တားမြစ်မိန့်ထုတ်
#ဆီသို့ #Towards
👍5🤣2🖕2
လားရှိုးမြို့ အထက (၁) အနောက်
ဒူးရင်းသီး / ကျွဲကောသီး ရောင်းတဲ့အိမ်နားလက်နက် နှစ်လုံးကျ၍ နေအိမ်ပါပြိုသွားကြောင်းသိရပါတယ် (3:50PM)
ပြန်လည်ကူးယူဖော်ပြသည်။
လိူင်းမကောင်းပါက Telegrams channel မှတစ်ဆင့် ကြည့်ရှု့လို့ရပါပြီနော်
https://t.me/LashioGeneralGuide
(13-7-2024)
Lashio General Guide ✅
ဒူးရင်းသီး / ကျွဲကောသီး ရောင်းတဲ့အိမ်နားလက်နက် နှစ်လုံးကျ၍ နေအိမ်ပါပြိုသွားကြောင်းသိရပါတယ် (3:50PM)
ပြန်လည်ကူးယူဖော်ပြသည်။
လိူင်းမကောင်းပါက Telegrams channel မှတစ်ဆင့် ကြည့်ရှု့လို့ရပါပြီနော်
https://t.me/LashioGeneralGuide
(13-7-2024)
Lashio General Guide ✅
😢13👍1
