လားရှိုးမြို့တိုက်ပွဲအား MNDAA ကိုးကန့်တပ်ဖွဲ့ မှ ရက်အချို့ အပစ်ခတ်ရပ်မည်ဟု ယနေ့ (14-7-2024) တွင်ထုပ်ပြန်ကြေငြာသွားတယ်လို့ သိရပါတယ်။
ယနေ့ ည 12:00 မှ စပြီးအကျုံးဝင်မည်ဟုသိရပါတယ်။
(14-7-2024) #LashioGeneralGuide
ယနေ့ ည 12:00 မှ စပြီးအကျုံးဝင်မည်ဟုသိရပါတယ်။
(14-7-2024) #LashioGeneralGuide
❤31👍11
အပစ်ခတ်ရပ်မရပ်တော့မသိဘူး ၅ဝ၇ မှာကြမ်းနေတာကြီးက တစ်နေကုန်ပဲရော လေယာဉ်နဲ့လာကြဲသွားလိုက် ခနနေစက်သေနက် ကြီးတွေနဲ့ပစ်လိုက် ခနနေ မြို့ထဲက ရက်ကွက်တွေထဲလက်နက်ကြီး တွေကျလာလိုက် ခနနေ အုန်း ဒိုင်းနဲ့ RPG တွေနဲ့ထုလိုက် ဘယ်ဘက် ပစ်တယ် ဘယ်သူကပစ်တယ်ပြောတာမဟုပ်ဘူးနော် တစ်နေကုန် ကြမ်းနေတာကိုပြောပြတာပါ ခုစာရေးနေတဲ့ချိန်ထိ လက်နက်ကြီးလက်နက်ငယ်သံတွေကိုစုံလို့ ပါဆို တစ်နေကုန် လှိုင်းကျချက်ကတော့ 9+ မင်မင်ကို messengers မှာသတင်းမေးနေတဲ့သူတွေကိုလည်းစာတွေပြန်ပေးချင်တာ သတင်းလေးတွေ တင်ပေးချင်တာတောင် fb ရော telegram ထဲရော ဝင်မရ ရပြန်တော့လည်း အဝိုင်းပတ်နေတာခုချိန်ထိပဲ ကောင်းလာမေးရင် စိတ်ဓါက်မကျအောင်ထိန်းထားရတယ်🥺 မင်မင်က သတင်းတွေရတာနဲ့ တင်ပေးချင်ပေမဲ့ လိူင်းအခတ်ခဲတွေကြောင့် ကျန့်ကြာသွားတာ နားလည်ပေးကြပါနော် အားလုံး အစစ အရာအရာဂရုစိုက်ကြပါနော် အဆိုးတွေပြီးရင် အကောင်းတွေလာမှာ ပါနော် မင်မင်နဲ့လားရှိုးမြို့သူမြို့သားများအားလုံးရော ရပ်နီးရပ်ဝေးမှာ ရှိနေတဲ့စစ်ရှောင်နေရတဲ့ လာားရှိုးကရော အခြားအနယ်နယ်အရပ်ရပ်ကရော မိဘပြည်သူများအားလုံး fighting par နော် 💪🏻
အန္တရာယ်ရှင်းဘေးကင်းပါစေ ချစ်သော လားရှိုးမြို့လေးရေ❤️
(14-7-2024) #LashioGeneralGuide
အန္တရာယ်ရှင်းဘေးကင်းပါစေ ချစ်သော လားရှိုးမြို့လေးရေ❤️
(14-7-2024) #LashioGeneralGuide
❤47👍16😁2😢2
လားရှိုးလက်ရှိအချိန်ထိ မတည်ငြိမ်သေးပါဘူးနော် မကြာမကြာသလို လက်နက်ကြီး လက်နက်ငယ် လေယာဉ်သံ အစုံကြားနေရပါသေးတယ်နော်
(15-7-2024) #LashioGeneralGuide
(15-7-2024) #LashioGeneralGuide
👍42😢22❤7🥰2❤🔥1
မင်မင်လည်း သတင်းတွေမတင်ဖြစ်တာတောင်ကြာပြီနော် အားလုံးဘေးကင်းကြရဲ့လားနော်
❤15
လားရှိုးအခြေနေနဲ့ပက်သက်ပြီး သိချင်တာရှိရင်မေးသွားပါနော် မင်မင်သိသလောက် Reply ပြန်ပေးပါမယ်နော် ဟုပ်
❤19
လားရှိုးမှာကလေ ဖုန်းလိူင်းတွေ လုံးဝ မရပါဘူးနော် ကျန်ခဲ့တဲ့မိသားစုတွေလည်းအဆင်ပြေကြမှာပါနော်
😇3
အခုချိန်မှာ ဘယ်သူတွေ ဘယ်လောက်ပဲအခြေနေကောင်းတယ်ပဲပြောပြောမလာကြပါသေးနဲ့နော် တစ်ကယ်အခြေနေက နှစ်ဖက်တင်းမာမူ့တွေရှိနေတုန်းပါနော် အပြင်ထွက်တာ လမ်းပေါ်ရောက်သွားရင်ကအစ အန္တရာယ်အရမ်းများတဲ့အခြေနေပါနော် ငြိမ်ရင်လည်း အချိန်တစ်ခုထိပါပဲနော်
❤10
တစ်ချို့သောနေရာတွေဆိုရင် မီးလောင်မှု့တွေ ပျက်စီးဆုံးရှုံးမှု့တွေအရမ်းများနေတာတွေ့ရပါတယ်နော် လူသေအလောင်း တွေ ကျည်ဆံခွံတွေ လက်နက်ကြီးအစတွေ အချို့ချို့သောနေရာတွေမှာ မျက်မျင်ကိုယ်တွေ့ တွေ့နေရတုန်းပါနော်
😢11😭4
အရှင်းတိုင်းပြောရရင် မြို့ထဲမှာ သွားလာရတာ အရမ်းကိုစိတ်ခြောက်ခြားရပါတယ် အငွေ့အသက်တွေ အနံ့သက်တွေက အစ ခံစားရတာ အရမ်းနဲ့ စိတ်ပန်းလူပန်းပီး အသက်ပြင်းအကြိမ်ကြိမ်ချရတဲ့ထိပါပဲနော်
😢13😭5❤1
ပန်းခြံရှေ့တည့်တည့် သီတာရေး ရုပ်ရှင်ရုံနား မင်မင်ဖြတ်လာတဲ့ချိန်ဆိုရင် နေအိမ်တွေအိုးအိမ်တွေ ပျက်စီးမှု့တွေ တွေ့ရတာ တစ်ကယ်စိတ်မချမ်းမွေ့စရာတွေပါ
😢10😭6
မြို့တော်ခန်းမ ရှေ့ ဆီဆိုင်ပတ်ဝန်းကျင်ဆိုရင် မင်မင်သွားတုန်းက အသေ အလောင်းတစ်ခုခုကို ကျီးတွေ ဝိုင်းထိုးနေတာ မင်မင်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာ ရက်ကွက် ၈ ထဲမှာဆိုရင်လည်း မင်မင်သွားတုန်းက ကျည်ဆံတွေကိုဝှဲနေတဲ့ကြားကနေ ဖြတ်လာရင်းတွေ့ရတာ အလောင်းတွေဆိုရင် ကောက်မဲ့သူကိုမရှိဘူး ရုပ်ပျက်ဆင်းပျက်တွေ မင်မင်လည်း သေချာမကြည့်ရဲလို့ မြန်မြန်ထွက်လာခဲ့တာ ယန်းနံ့တွေလည်းထောင်းလို့ပါနော်
😢16😭4
ပြည်သူတွေဆိုရင် အထုပ်လေးတွေ ပိုးပြီး မိသားစုလိုက်လေးတွေ ကလေးလေးတွေရောသက်ကြီးရွယ်အိုတွေရော လူကြီးလူငယ် ကိုယ်စီ အဖွဲ့လိုက် အဖွဲ့လိုက် အလံဖြူလေးတွေ လက်ကကိုင်ပြီး လမ်းလျှောက် ထွက်လာနေကြတာ မင်မင်ကိုတိုင်တွေ့ခဲ့ရတယ်
😢13😭7
ဘယ်ကိုဦးတည်ပြီးဘယ်ကိုသွားနေကြလည်း ဆိုတာတောင် မင်မင် သွားမေးဖို့ အချိန်မရခဲ့ဘူး သံနက်သံတွေ ကြားထဲကနေ ခေါင်းလေးတွေ ငုံ့ ပြီးပြေးနေကြတာ မင်မင်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာ
😭12😢8
တစ်ချို့ရက်ကွက်တွေရော နေရာတော်တော်များများမှာ ဆိုင်ခန်းတွေ အိမ်တွေလည်း ဘယ်သူတွေက ဘယ်လိုတွေဖောက်ကြလည်း မင်မင်လည်းမသိဘူး ဖောက်ပြီးတံခါးတွေ ဖွင့်ထားခဲ့ကြတော့ အချို့ သူတွေက လာယူနေကြတာမျိုးတွေလည်း မင်မင် တွေ့ခဲ့ရတယ် သချို့လည်း သွားလာရာမဲ့ပီး အုပ်ဘောင် လေးတွေမှာ အကာရံ ရှိတဲ့နေရာလေးတွေမှာ အထုပ်လေးတွေကိုင်ပြီး ထိုင်နေတာမျိုးတွေလည်း မင်မင်တွေ့ခဲ့ရတယ်
😢17😭3👍2
ဒါနဲ့ မင်မင် သတင်း တစ်ခုတင်ဖို့မေ့နေတာ လားရှိုးအကျဥ်းထောင်ကြီးလည်း အကုန် လွတ်သွားပါပြီနော် လွတ်လာတဲ့သူတွေနဲ့လည်း မင်မင်သေချာမေးမြန်းတာတွေလုပ်ခဲ့ပါတယ် တစ်ဦးမှ မကျန်ပါဘူးနော် အကုန်လွတ်သွားပါပြီနော် ထောင်ထဲမှာ လွတ်မြှောက်ချိန်မှာလည်း လူနည်းစု သေတယ်လို့သိရပါတယ် လွတ်ပေးတဲ့ချိန်မှာ အားလုံး ရုန်းရုန်းနဲ့ ထွက်တဲ့ချိန် အချို့လည်း ကျည်ဆံတွေ မှန်လို့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးမှု့တွေလည်းရှိတယ်လို့ မင်မင်ကိုလွတ်လာတဲ့သူအများစုက ဖြေကြားတာတွေ့ရပါတယ်
👍10❤7
ထောင် မဖွင့်ခင်မှာလည်း လက်နက်ကျရောက်မှု့တွေရှိခဲ့လို့ အကျဥ်းသားတွေထဲမှာ သေဆုံးမှု့တွေနဲ့ ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ မင်မင်သိရပါတယ်
😭12👍6🥰1
ယနေ့ချိန်ထိလည်း လားရှိုးကနေ နယ်ဝေးစစ်ရှောင်သူတွေ ကားတန်းလိုက်လေးတွေနဲ့ သွားလာနေတာတွေ မင်မင်တွေ့နေရပါသေးတယ်
👍11
နောက်တစ်ခုမင်မင်အသိပေးချင်တာက မှက်ပုံတင်တွေ ဖုန်းတွေ ထားပြီး မြို့ထဲဝင်လို့ရတယ်ဆိုတာကလည်း မှန်ပါတယ်နော် ဒါပေမဲ့ မင်မင်သိရသလောက် တစ်ရက်နဲ့ တစ်ရက် အခြေနေမတူညီပါဘူးနော် မင်မင်ကတော့ လားရှိုးကိုပြန်ပြီး ပစ္စည်းသွားယူချင်တာတို့ လူသွားခေါ်ချင်တာတို့ဆိုရင် လက်သလော မသွားစေချင်သေးပါဘူးနော်
❤12👍9
အခြေနေက တစ်ရက်နဲ့တစ်ရက် လုံးဝ မတူညီပါဘူးနော် မင်မင်က ကိုတိုင် ကြုံတွေ့မြင်နေရလို့ သေချာလေးပြောပြပေးတာပါနော် လမ်းမှာလည်း လားရှိုးကိုဝင်လာဖို့ ကိုထင်သလို လုံးဝ လွယ်ကူမနေပါဘူးနော် မင်မင်ကိုတိုင် သေချာအကုန်လေ့လာပြီးအခုလိုရေးပေးတာပါနော်
❤19👍6