Lashio General Guide
880 subscribers
31 photos
1 link
Download Telegram
လားရှိုးမြို့ရက်ကွက် ( ၇ ) တိုက်စိမ်းအထည်ဆိုင်အနီးဝန်းကျင်
မီးသွေးဆိုင်လမ်းကြားအနီး (၅:၀၅)မီနစ်အတွင်း လက်နက်ထပ်ကျ လူထိခိုက်မှု့ရှိမရှိဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

(13-7-2024)
Lashio General Guide
👍282👏1
လားရှိုးမြို့မကြာမှီ သတင်းကောင်းလေးလာပါမယ်နော်

သတင်းအတည်ပြုစစ်ဆေးပြီးတာနဲ့ တန်းတင်ပေးပါမယ်နော်

(14-7-2024) #LashioGeneralGuide
67👍6🔥2
လားရှိုးမြို့တိုက်ပွဲအား MNDAA ကိုးကန့်တပ်ဖွဲ့ မှ ရက်အချို့ အပစ်ခတ်ရပ်မည်ဟု ယနေ့ (14-7-2024) တွင်ထုပ်ပြန်ကြေငြာသွားတယ်လို့ သိရပါတယ်။

ယနေ့ ည 12:00 မှ စပြီးအကျုံးဝင်မည်ဟုသိရပါတယ်။

(14-7-2024) #LashioGeneralGuide
31👍11
မင်မင် facebook မှာတင်တဲ့ သတင်းတွေတက်လားနော်
👍37💯1
အပစ်ခတ်ရပ်မရပ်တော့မသိဘူး ၅ဝ၇ မှာကြမ်းနေတာကြီးက တစ်နေကုန်ပဲရော လေယာဉ်နဲ့လာကြဲသွားလိုက် ခနနေစက်သေနက် ကြီးတွေနဲ့ပစ်လိုက် ခနနေ မြို့ထဲက ရက်ကွက်တွေထဲလက်နက်ကြီး တွေကျလာလိုက် ခနနေ အုန်း ဒိုင်းနဲ့ RPG တွေနဲ့ထုလိုက် ဘယ်ဘက် ပစ်တယ် ဘယ်သူကပစ်တယ်ပြောတာမဟုပ်ဘူးနော် တစ်နေကုန် ကြမ်းနေတာကိုပြောပြတာပါ ခုစာရေးနေတဲ့ချိန်ထိ လက်နက်ကြီးလက်နက်ငယ်သံတွေကိုစုံလို့ ပါဆို တစ်နေကုန် လှိုင်းကျချက်ကတော့ 9+ မင်မင်ကို messengers မှာသတင်းမေးနေတဲ့သူတွေကိုလည်းစာတွေပြန်ပေးချင်တာ သတင်းလေးတွေ တင်ပေးချင်တာတောင် fb ရော telegram ထဲရော ဝင်မရ ရပြန်တော့လည်း အဝိုင်းပတ်နေတာခုချိန်ထိပဲ ကောင်းလာမေးရင် စိတ်ဓါက်မကျအောင်ထိန်းထားရတယ်🥺 မင်မင်က သတင်းတွေရတာနဲ့ တင်ပေးချင်ပေမဲ့ လိူင်းအခတ်ခဲတွေကြောင့် ကျန့်ကြာသွားတာ နားလည်ပေးကြပါနော် အားလုံး အစစ အရာအရာဂရုစိုက်ကြပါနော် အဆိုးတွေပြီးရင် အကောင်းတွေလာမှာ ပါနော် မင်မင်နဲ့လားရှိုးမြို့သူမြို့သားများအားလုံးရော ရပ်နီးရပ်ဝေးမှာ ရှိနေတဲ့စစ်ရှောင်နေရတဲ့ လာားရှိုးကရော အခြားအနယ်နယ်အရပ်ရပ်ကရော မိဘပြည်သူများအားလုံး fighting par နော် 💪🏻

အန္တရာယ်ရှင်းဘေးကင်းပါစေ ချစ်သော လားရှိုးမြို့လေးရေ❤️

(14-7-2024) #LashioGeneralGuide
47👍16😁2😢2
လားရှိုးလက်ရှိအချိန်ထိ မတည်ငြိမ်သေးပါဘူးနော် မကြာမကြာသလို လက်နက်ကြီး လက်နက်ငယ် လေယာဉ်သံ အစုံကြားနေရပါသေးတယ်နော်

(15-7-2024) #LashioGeneralGuide
👍42😢227🥰2❤‍🔥1
မင်မင်လည်း သတင်းတွေမတင်ဖြစ်တာတောင်ကြာပြီနော် အားလုံးဘေးကင်းကြရဲ့လားနော်
15
လားရှိုးအခြေနေနဲ့ပက်သက်ပြီး သိချင်တာရှိရင်မေးသွားပါနော် မင်မင်သိသလောက် Reply ပြန်ပေးပါမယ်နော် ဟုပ်
19
လားရှိုးမှာကလေ ဖုန်းလိူင်းတွေ လုံးဝ မရပါဘူးနော် ကျန်ခဲ့တဲ့မိသားစုတွေလည်းအဆင်ပြေကြမှာပါနော်
😇3
မင်မင်ကိုတိုင် ကြုံတွေ မြင်တွေ့နေရလို့ ပြောပြတာပါနော်
အခုချိန်မှာ ဘယ်သူတွေ ဘယ်လောက်ပဲအခြေနေကောင်းတယ်ပဲပြောပြောမလာကြပါသေးနဲ့နော် တစ်ကယ်အခြေနေက နှစ်ဖက်တင်းမာမူ့တွေရှိနေတုန်းပါနော် အပြင်ထွက်တာ လမ်းပေါ်ရောက်သွားရင်ကအစ အန္တရာယ်အရမ်းများတဲ့အခြေနေပါနော် ငြိမ်ရင်လည်း အချိန်တစ်ခုထိပါပဲနော်
10
တစ်ချို့သောနေရာတွေဆိုရင် မီးလောင်မှု့တွေ ပျက်စီးဆုံးရှုံးမှု့တွေအရမ်းများနေတာတွေ့ရပါတယ်နော် လူသေအလောင်း တွေ ကျည်ဆံခွံတွေ လက်နက်ကြီးအစတွေ အချို့ချို့သောနေရာတွေမှာ မျက်မျင်ကိုယ်တွေ့ တွေ့နေရတုန်းပါနော်
😢11😭4
အရှင်းတိုင်းပြောရရင် မြို့ထဲမှာ သွားလာရတာ အရမ်းကိုစိတ်ခြောက်ခြားရပါတယ် အငွေ့အသက်တွေ အနံ့သက်တွေက အစ ခံစားရတာ အရမ်းနဲ့ စိတ်ပန်းလူပန်းပီး အသက်ပြင်းအကြိမ်ကြိမ်ချရတဲ့ထိပါပဲနော်
😢13😭51
ပန်းခြံရှေ့တည့်တည့် သီတာရေး ရုပ်ရှင်ရုံနား မင်မင်ဖြတ်လာတဲ့ချိန်ဆိုရင် နေအိမ်တွေအိုးအိမ်တွေ ပျက်စီးမှု့တွေ တွေ့ရတာ တစ်ကယ်စိတ်မချမ်းမွေ့စရာတွေပါ
😢10😭6