❐ လားရှိုးမြို့စစ်ဆင်ရေး၌ လှုပ်ရှားနေသော တပ်ဖွဲ့ဝင်များလိုက်နာရန် တားမြစ်မိန့်များကို MNDAAထုတ်ပြန်။
ဇူလိုင် ၁၂၊ ၂၀၂၄။
လားရှိုးမြို့နှင့် အနီးတဝိုက်တွင် စစ်ဆင်ရေးလှုပ်ရှားနေသော MNDAA တပ်ဖွဲ့ဝင်များလိုက်နာရမည့် စည်းကမ်းချက်များကို တာမြစ်မိန့်အဖြစ် ကိုးကန့်တပ်မတော် (MNDAA) က ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါစည်းကမ်းချက်များတွင် ပြည်သူလူထုများအပေါ် ဖိနှိပ်မှုမပြုရန်၊ ထိခိုက်မှုမပြုရန်၊ ကလေးစစ်သားစုဆောင်းခြင်းမပြုရန် အစရှိသည့် အခြေခံစစ်စည်းကမ်းများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းမရှိရန် တားမြစ်ထားသည်ကိုတွေ့ရပြီး ကျူးလွန်ပါကလည်း စစ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
တားမြစ်မိန့်များမှာ အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရန်၊ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရန်၊ စစ်မြေပြင်အတွင်း ပြည်သူပိုင်ယာဥ်များ သိမ်းဆည်းသုံးစွဲခြင်းမပြုရန်၊ စစ်ဘေးရှောင်များထံမှ ငွေသားကောက်ခံတောင်းယူခြင်းမပြုရန်၊ စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်အတွင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန်၊ ခွင့်ပြုမိန့်မရှိပဲ ကုမ္ပဏီများအတွင်း ဝင်ရောက်ရှာဖွေခြင်းမပြုရန်နှင့် သိမ်းဆည်းရမိသော ပစ္စည်းအျားအားလုံးကို ပြည်သူပိုင်အဖြစ် သက်ဆိုင်ရာသို့အပ်နှံရန်၊ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခြင်းနှင့် ကလေးစစ်သားစုဆောင်းခြင်းမပြုရန်၊ လူမျိုးဘာသာခွဲခြားဆက်ဆံခြင်းမပြုရန်တို့ ပါဝင်သည်။
ထိုအပြင် MNDAA တပ်ဖွဲ့ဝင်များအားလုံးသည် လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ဖော်ဆောင်ရန်နှင့် ဘေးဒုက္ခရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန်၊ ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီဂကျောင်း၊ ပြည်သူပိုင်အဆောက်အအုံများ၊ သမိုင်းဝင်အမွေအနှစ်များနှင့် စာရွက်စာတမ်းများ စသည်တို့ကို ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းထားသည်။
စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ၄င်းတို့တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်းကို ဖွင့်ပေးခြင်း၊ ဒေသခံနယ်မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကြုံတွေ့လာနိုင်မည့်ဘေးအန္တရာယ်များကို တိမ်းရှောင်နိုင်ရန် ပညာဗဟုသုတပေးခြင်း၊ ရပ်ကွက်လုံခြုံရေးနှင့် ပြည်သူပိုင်အိုးအိမ်စည်းစိမ်များအား ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်ပေးရန် အမိန့်ထုတ်ထားသည်။
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကိုလည်း ကောင်းမွန်စွာဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့်ကလေးများအား အထူးစောင့်ရှောက်ပေးရန်၊ ဒဏ်ရာရနေသော (သို့မဟုတ်) နာမကျန်းဖြစ်နေသော စစ်ဘေးဒုက္ခသည်များနှင့် စစ်သုံ့ပန်းများအား ကောင်းမွန်စွာဆေးကုသမှုပေးရန် ဆိုထားသည်။
ထို့အပြင် လားရှိုးမြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော အစိုးရဝန်ထမ်းများ၊ ဆရာဆရာမများ၊ ဆရာဝန်များ၊ သူနာပြုများသည် တာဝန်ယူထားသော ရာထူးနှင့် လစာအတိုင် ဆက်လက်တာဝန်ထမ်းနိုင်ကြောင်းလည်း ဆိုထားသည်။
MNDAA သည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို အရယူနိုင်ရန် ကြိုးစားလျက်ရှိပြီး မြို့အနီးတဝိုက်ရှိ တပ်စခန်းများကို တစ်ခုပြီးတစ်ခုသိမ်းယူကာ ပတ်ပတ်လည်ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီကလည်း စစ်ကူများစွာဖြည့်တင်းပြီး လေကြောင်းပစ်ကူများဖြင့် ၄င်းတို့၏တိုင်းစစ်ဌာနချုပ်နှင့်အတူ လားရှိုးမြို့ကိုမဆုံးရှုံးစေရန် အပြင်းအထန်ခုခံနေလျက်ရှိသည်။
#MNDAA #လားရှိုးမြို့ #တပ်ဖွဲ့ဝင်များလိုက်နာရန် #တားမြစ်မိန့်ထုတ်
#ဆီသို့ #Towards
👍5🤣2🖕2
လားရှိုးမြို့ အထက (၁) အနောက်
ဒူးရင်းသီး / ကျွဲကောသီး ရောင်းတဲ့အိမ်နားလက်နက် နှစ်လုံးကျ၍ နေအိမ်ပါပြိုသွားကြောင်းသိရပါတယ် (3:50PM)
ပြန်လည်ကူးယူဖော်ပြသည်။
လိူင်းမကောင်းပါက Telegrams channel မှတစ်ဆင့် ကြည့်ရှု့လို့ရပါပြီနော်
https://t.me/LashioGeneralGuide
(13-7-2024)
Lashio General Guide ✅

😢13👍1
လားရှိုး to ပြင်ဦးလွင်
လာခဲ့တဲ့အခက်အခဲတွေနဲ့သတိပြုစရာပါ........
နောင်မွန် > ပုန်းထွန် > ရှမ်းကြီးဆီဆိုင်ဘေးလမ်းဘယ်ကွေ့ > ဟန်နားရွာ > တံတားညီနောင် > ဆိုင်းခေါင်ရွာမောင်းတံဂိတ် > ရွာရှောင်လမ်း > ဆင်ကျော့> ဆောင်ကြဲရွာလမ်းမောင်းပီး ညာကွေ့ ပန်ညု လမ်းဆုံရောက်ရင်ဘယ်ကွေ့ နမ့်လန်ဆက်သွား
အဲ့မှာပြောစရာတွေရှိတာက လားရှိုးအထွက်ကနေစပြောပေးပါမယ် စထွက်ပြီဆိုတည်းက မြို့ပြင်မှာ လမ်းကြေး 1000 တန်တွေဆောင်ထားကြပါ ပေးရတာများပါတယ်
နောင်မွန် ကနေ ရှမ်းကြီးဆီဆိုင်ဘေးအထိ လုံးဝ လုံးဝ နားခြင်း အပေါ့အပါးသွားခြင်းလုံးဝမလုပ်ပါနဲ့ လမ်းမှာအဖွဲ့စုံမြင်လျှင်မကြည့်ပါနဲ့ မောင်းစရာရှိတာဆက်မောင်းပါ ရှမ်းကြီးဆီဆိုင်ကျော်တာနဲ့ လမ်းစကြမ်းပီမို့ ကရုစိုက်ကြပါ မိုးရွာထားရင်တော့ ခန့်မှန်းတာထက်ပိုကြာနိုင်ပါတယ် နမ့်လန်မရောက်ခင်ထိတော့ လမ်းခရီးကြမ်းစွာနဲ့
အချိန်ကြာမြင့်နိုင်တာမို့ ကားဆိုင်ကယ်သေချာစစ်ဆေးပါ စပယ်ယာဝှီးများအပိုဆောင်ထားပါ ဆီအပြည့်အပြင်အပိုဆောင်သွားပါ ဖြစ်နိုင်ရင် နမ့်လန်ရောက်မှတစ်ထောက်နားပါ
နမ့်လန် > ပြင်ဦးလွင် ( အထူးသတိထားစရာ )
နမ့်လန်ကနေကျောက်ဂူထိမောင်းဖို့ ကားဆိုင်ကယ် ကြံခိုင်မှဖြစ်ပါမယ် အဖွဲ့စုံဂိတ်တွေရောက်ရင် ဆင်းပီးသတင်းပို့ 1000 3000 5000 ပေးရနိုင်ပါတယ်
လမ်းမှာအဖွဲ့စုံကင်းလှည့်တာမျိုးတွေကြုံတွေ့ရင် ရေဗူးမုန့်များတတ်နိုင်သလောက်ပေးခဲ့ပါ ဘာလို့ဆို အရေးကြောင်းဆိုသူတို့အချင်းချင်းစက်နဲ့ပေါက်ထားပီးအကူညီပေးပါတယ် ကျောက်ဂူလမ်းလဲကြမ်းတာမို့တတ်နိုင်သမျှပြင်ဆင်ထားပါ နမ့်လန်မှာနေစရာလဲအခက်ခဲရှိနိုင်တာမို့ကြိုတင်စီစဥ်ထားပါ ကဲဆက်ပြောပြမယ် ကျောက်ဂူရောက်ရင်လမ်းခွဲတွေများပါတယ် ကျောက်ဂူ > တောင်ကြီး ကျောက်ဂူ > ပြင်ဦးလွင် > ကျောက်ဂူ > မန်းလေးဆ်ုပီးရှိပါတယ် ကျွန်တော်တို့ကတော့ပြင်ဦးလွင်ရွှေးလိုက်ပါတယ် အဲ့မှာအဆိုးဆုံးပါ
ကျောက်ဂူ > ပြင်ဦးလွင်
ဒုထဝတီတံတားရှမ်းဂိတ်ဖက်သွားတာနဲ့ အဆင်းနဲ့အကွေ့တော်တော်ကြီးပါတယ် အထူးကရုပြုမောင်းပါ ဂိတ်ကျော်နဲ့ အတက်ပဲပြန်တက်ရတာမို့ အဲ့မှာလဲကရုစိုက်ပီးသွားဖို့လိုပါမယ် အဲ့ကနေ ရွာပြင်ဆိုင်းဘုတ်အထိရောက်အောင်သွားပါ ရောက်ပီဆိုတာနဲ့ဘယ်ကွေ့ပါ တည့်တည့်မှားပီးဆက်သွားတယ်ဆိုတာနဲ့ တိုက်ပွဲကြားရောက်သွားမှာမို့ပိုပြီးကရုစိုက်ကြပါ အဲ့ကနေ အင်ဝိုင်းသကြားစက်ရုံအထိရောက်အောင်အထူးကရုပြုမောင်းပါ
သကြားစက်ရုံရောက်ပြီဆိုတာနဲ့ အင်ဝိုင်းလမ်းခွဲအထိရောက်အောင်သွားရပါမယ် အဲ့မှာစပီးကရုစိုက်ကြပါတော့ ရွာတွေရောက်ပြီဆိုတာနဲ့ လမ်းကပြောင်းခင်းထဲကနေသွားရတဲအတွက် လမ်းပိတ်ခြင်း ဗွက်နစ်ခြင်း များကြုံတွေ့ရနိုင်ပါတယ် ဖြစ်နိုင်ရင် ကားဘီးတွေချိန်းပတ်ပီးမောင်းစေချင်ပါတယ် အခုအဲ့လမ်းလဲပိတ်မယ်တော့ပြောသံကြားရပါတယ် ဟုတ်မဟုတ်မေးပီးသွားပါ ကျွန်တော်တို့ကားကတော့ဗွက်နစ်လို့ အကူညီသွားတောင်းရင်းက ပစ်တာခံခဲ့ရပါတယ် ကံကောင်းစွာနဲ့ လူမထိပါ လမ်းလုံးဝမှားလို့မရပါ မှောင်သွားရင်တော့ရောက်တဲ့နေရာမှာကားထိုးပီးအိပ်ပါမီးလုံးဝမထွန်းပါနဲ့ မီးရောင်မြင်တာနဲ့ပစ်ပါတယ် ကျွန်တော်တို့တော့ ကံကောင်းစွာ ပိတ်ခြင်းမြှောင်ရောက်ပီးပြင်ဦးလွင်သို့ကံသီစွာ ရောက်ခဲ့ပါတယ် အသေးစိပ်မေးမြန်းနိုင်ပါတယ် ကျန်ခဲ့သူရော လာတဲ့သူရော ကျွန်တော်ချစ်တဲ့လားရှိုးမြို့ကြီးရော အားလုံးကျန်းမာစွာနဲ့အားလုံးအဆင်ပြေနိုင်ကြပါစေဆုတောင်းရင်း အရာအားလူံးနဲ့အတူ ကျွန်တော်တို့တွေပြန်ဆုံတွေ့ကြပါမယ်ခင်ဗျာ...
Photo credit (13-7-2024)
Right Person Account ပိုင်ရှင်ထံမှပြန်လည်ကူးယူဖော်ပြဝေမျှသည်။
#LashioGeneralGuide

👍8❤1
Lashio General Guide
လားရှိုးမြို့ အထက (၁) အနောက် ဒူးရင်းသီး / ကျွဲကောသီး ရောင်းတဲ့အိမ်နားလက်နက် နှစ်လုံးကျ၍ နေအိမ်ပါပြိုသွားကြောင်းသိရပါတယ် (3:50PM) ပြန်လည်ကူးယူဖော်ပြသည်။ လိူင်းမကောင်းပါက Telegrams channel မှတစ်ဆင့် ကြည့်ရှု့လို့ရပါပြီနော် https://t.me/LashioGeneralGuide…
လူထိခိုက်မှု့ မရှိဘူးဟု သိရပါတယ် သတင်းအတည်ပြုပြီးဖြစ်ပါသည်။✅
👏4
လားရှိုးမြို့ရက်ကွက် ( ၇ ) တိုက်စိမ်းအထည်ဆိုင်အနီးဝန်းကျင်
မီးသွေးဆိုင်လမ်းကြားအနီး (၅:၀၅)မီနစ်အတွင်း လက်နက်ထပ်ကျ လူထိခိုက်မှု့ရှိမရှိဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

👍28❤2👏1