လွတ်လပ်မှုဆိုတာ..?
လွတ်လပ်မှုရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ မပြောခင် ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ လွတ်လပ်မှုဆိုတာရော ရှိရဲ့လား?
ကျွန်တော်တို့ စတင် မွေးဖွားလာတဲ့ အချိန်ကနေ အခုအချိန်အထိ တကယ့် လွတ်လပ်မှုရဲ့ အရသာကို ကောင်းကောင်း ထိတွေ့ခွင့် မရခဲ့ပါဘူး။
ကျွန်တော်တို့သာမန် အပြင်လျှောက်လည်မယ်၊ လမ်းမပေါ်ထွက်ပြီး ပျော်ပါးမယ်၊ ဒါတွေကို မိဘ၊ အုပ်ထိန်းသူတွေ ခွင့်ပြုတယ် ဆိုတာကို ကျွန်တော်တို့အနေနဲ့ "လွတ်လပ်လိုက်တာ" လို့ တွေးမိကြမှာပါ။
တကယ်တမ်း ဒါဟာ အတွေးသပ်သပ်ပါပဲ..။ ကျွန်တော်တို့က လုပ်ချင်တာ လုပ်ခွင့်ရတာကို လွတ်လပ်မှုလို့ သတ််မှတ်ကြပါတယ်။ ဒါဟာ ကြာရှည်ခံ လွတ်လပ်မှုမဟုတ်ပါဘူး၊ ခဏတာ စိတ်ကို ပျော်ရွှင်သွားစေတဲ့ လွတ်လပ်မှု အရိပ်အယောင်ပဲဖြစ်ပါတယ်။
တကယ်တမ်း "လွတ်လပ်မှု" ဆိုတာ
စတာတွေ ဖြစ်ပါတယ်။
ဒါဆို ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ..
"ငါတကယ်လွတ်လပ်ပြီလား?"
ဒီနေ့ခေတ်မှာ လူငယ်အများစုက လွတ်လပ်ဖို့အတွက် တိုက်ပွဲတွေ ဝင်နေကြရပါတယ်။ ကျွန်တော်တို့တွေက အိမ်မှာ ဖုန်းတစ်လုံးနဲ့ အဖြစ်အပျက်အားလုံးကို ကြည့်နေပေမဲ့ ကူညီဖို့တော့မစဉ်းစားမိကြပါဘူး။ ဒါဟာ လွပ်လပ်မှု မရခြင်းရဲ့ အဓိက တရားခံပါပဲ..။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ "ငါဘာမှ မကူညီပေးနိုင်ဘူး" လို့တွေးမဲ့အစား "ငါ့မှာ ဖုန်းတစ်လုံးလုံးရှိနေတာပဲ ဘယ်လိုလုပ် မကူညီနိုင်ရမှာလဲ" လို့တွေးပြီး လွတ်လပ်မှုအတွက် အတူတိုက်ပွဲဝင်လိုက်ပါ..! 🕊
#Content_by_Scarlet
#Video_Edit_by_Scarlet
#LiberalStudentsYouthAssociation

- မိမိကျွမ်းကျင်၊ အားသာရာကို ပွင့်လင်းစွာ ဖော်ပြနိုင်မှု
- မိမိလုပ်ဆောင်ချင်ရာကို ဆုံးဖြတ် လုပ်ဆောင်နိုင်ခွင့်
- မိမိ သဘောထား၊ စိတ်ရင်းအမှန်ကို ဘာအတားအဆီးမှ မရှိဘဲ ဖော်ပြနိုင်ခွင့်
စတာတွေ ဖြစ်ပါတယ်။
ဒါဆို ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ..
"ငါတကယ်လွတ်လပ်ပြီလား?"
ဒီနေ့ခေတ်မှာ လူငယ်အများစုက လွတ်လပ်ဖို့အတွက် တိုက်ပွဲတွေ ဝင်နေကြရပါတယ်။ ကျွန်တော်တို့တွေက အိမ်မှာ ဖုန်းတစ်လုံးနဲ့ အဖြစ်အပျက်အားလုံးကို ကြည့်နေပေမဲ့ ကူညီဖို့တော့မစဉ်းစားမိကြပါဘူး။ ဒါဟာ လွပ်လပ်မှု မရခြင်းရဲ့ အဓိက တရားခံပါပဲ..။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ "ငါဘာမှ မကူညီပေးနိုင်ဘူး" လို့တွေးမဲ့အစား "ငါ့မှာ ဖုန်းတစ်လုံးလုံးရှိနေတာပဲ ဘယ်လိုလုပ် မကူညီနိုင်ရမှာလဲ" လို့တွေးပြီး လွတ်လပ်မှုအတွက် အတူတိုက်ပွဲဝင်လိုက်ပါ..! 🕊
#Content_by_Scarlet
#Video_Edit_by_Scarlet
#LiberalStudentsYouthAssociation
❤7
"ဆယ်ကျော်သက်သားသမီးနဲ့ မိဘကြားပဋိပက္ခ"
👉 အပိုင်း (၁) အပြည့်အစုံကို ကျွန်တော်တို့ရဲ့ YouTube Channel မှာ အခုပဲ သွားရောက်ကြည့်ရှု ခံစားလိုက်ပါတော့နော်! ကြည့်ရှုပြီးရင်လည်း သင်တို့ရဲ့ အမြင်နဲ့ ဝေဖန်အကြံပြုချက်လေးတွေကို Comment မှာ မျှဝေပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာ ခေါင်းစဉ်အသစ်တွေနဲ့ လာမယ့် နောက်အပတ် သောကြာနေ့မှာ ပြန်လည်ဆုံတွေ့ကြပါမယ် 🐾
🔗 YouTube Link: https://youtu.be/9nwoDqW_dZQ?feature=shared
#LiberalStudentsYouthAssociation
#ArrluuShow

❤6⚡1
Arrluu Show ရဲ့ ဒုတိယပိုင်းမှာတော့ ခေတ်သစ်လူငယ်တွေ ကြုံတွေ့နေရတဲ့ "ခေတ်ပေါ်ယဉ်ကျေးမှုနဲ့ အနုပညာ၏ ရသအနှစ်သာရ" အကြောင်းကို နက်နက်ရှိုင်းရှိုင်း အာလူးဖုတ်ထားပါတယ်!
ဒီအပိုင်းမှာ ကျွန်တော်တို့ ဘာတွေကို အဓိက ဆွေးနွေးထားကြလဲဆိုရင် -
✨ Social Media Culture & Art: Short-form content တွေ၊ Viral Trend တွေက ခေတ်ပေါ်အနုပညာရှင်တွေရဲ့ ဖန်တီးမှုအပေါ် ဘယ်လို ကောင်းကျိုး/ဆိုးကျိုးတွေ သက်ရောက်နေသလဲ?
✨ AI vs Human Art: စက္ကန့်ပိုင်းအတွင်း ပြီးပြည့်စုံအောင် ဖန်တီးနိုင်တဲ့ AI ရဲ့ လက်ရာတွေဟာ လူသားတွေရဲ့ ဝေဒနာ၊ ဘဝအတွေ့အကြုံနဲ့ စေတနာပါတဲ့ အနုပညာလို ရသအနှစ်သာရ အပြည့်အဝ ပေးနိုင်ရဲ့လား?
✨ Modern Art & Real Life: ပြောင်းလဲမှု မြန်ဆန်လွန်းတဲ့ Modern အနုပညာတွေက ဒီနေ့ခေတ် လူထုရဲ့ လူနေမှုဘဝ ပြဿနာတွေကို တကယ်ရော ပုံဖော်ပေးနိုင်ရဲ့လား?
အနုပညာအပေါ် အမြင်သစ်တွေနဲ့ ရင်ထဲထိမယ့် ဆွေးနွေးချက်တွေကို ကြည့်ရှုဖို့ Arrluu Show Episode 2 ကို ခဏလေးစောင့်မျှော်ပေးကြပါဦးနော်! 🎧✨
ကိုယ့်လူတို့ရော Ai ခေတ်ရယ်လို့တင်စားခေါ်ဝေါ်နေရတဲ့ လက်ရှိမျက်မှောက်ခေတ်မယ် လူသားတွေ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေက ပိုပြီးတန်ဖိုးရှိလာတယ်လို့ထင်ပါသလား။ မန့်ထဲမှာ အမြင်ကို လွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်။ ✌️
#LiberalStudentsYouthAssociation
#ArrluuShow
#Episode2

❤6⚡1👏1
International Friendship Day ✨
ဇူလိုင်လ (၃၀) ရက်နေ့မှာ ကျရောက်တဲ့ International Friendship Day (အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးနေ့) မှာ Liberal Students Youth Association ကနေ အားလုံးကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
သူငယ်ချင်းဆိုတာ ...
📚 ခက်ခဲတဲ့ လမ်းကြောင်းတွေမှာ အတူတူ သင်ယူကြတယ် (Learn)
😄 မောပန်းမှုတွေကို ပျောက်စေဖို့ အတူတူ ရယ်မောကြတယ် (Laugh)
🌱 စိန်ခေါ်မှုတွေကို အတူတူ ရင်ဆိုင်ရင်း ပိုမို ရင့်ကျက်သန်မာလာကြတယ် (Grow)
ဒီလို မင်္ဂလာရှိတဲ့နေ့လေး ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲဆိုရင်... ၁၉၅၈ ခုနှစ်တုန်းက Paraguayan World Friendship Crusade ကနေ အချင်းချင်း ခင်မင်ရင်းနှီးမှုနဲ့ ချစ်ကြည်ရေးရဲ့ တန်ဖိုးကို အသိအမှတ်ပြုဖို့ စတင်အဆိုပြုခဲ့ကြတာပါ။
အဲဒီနောက်မှာတော့ ကုလသမဂ္ဂ (UN) ကနေ ၂၀၁၁ ခုနှစ်မှာ ဇူလိုင်လ (၃၀) ရက်နေ့ကို "International Day of Friendship" အဖြစ် တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မတူညီတဲ့ လူမျိုးတွေ၊ ယဉ်ကျေးမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ချစ်ကြည်ရေး တံတားနဲ့ ဆက်သွယ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။
စကားမစပ်... ခင်မင်ရင်းနှီးမှုဆိုတာ လူငယ်ဘဝတစ်ခုတည်းမှာပဲ ရှိတာမဟုတ်ပါဘူးနော်။ ကလေးဘဝရဲ့ ကစားဖော်ကစားဖက်တွေကနေစလို့၊ လူငယ်ဘဝရဲ့ အိပ်မက်တူ ရဲဘော်ရဲဘက်တွေ၊ လူကြီးဘဝရဲ့ လက်တွဲဖော် မိတ်ဆွေစစ်တွေအထိ အသက်အရွယ်တိုင်း၊ ဘဝအဆင့်ဆင့်တိုင်းမှာ သူငယ်ချင်းဆိုတဲ့ အဓိပ္ပာယ်ဟာ ပိုမို လေးနက်ခိုင်မာလာတာပါ။
ကျွန်တော်တို့ရဲ့ လူငယ်ဘဝခရီးလမ်းမှာ မတူညီတဲ့ နောက်ခံ၊ မတူညီတဲ့ အတွေးအခေါ်တွေရှိကြပေမဲ့ "သံယောဇဉ်" နဲ့ "နားလည်မှု" ဆိုတဲ့ ချစ်ကြည်ရေး တံတားလေးကနေတစ်ဆင့် အချင်းချင်း လက်တွဲထားကြတာပါ။ ဘယ်အသက်အရွယ်မှာပဲရောက်ရောက်၊ ဘဝရဲ့ အနိမ့်အမြင့် ရာသီဥတုတွေကို အတူတူဖြတ်သန်းပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိနေခြင်းက ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစေပါတယ်။
ဒီနေ့မှာ သင့်ရဲ့ ဘဝထဲမှာ အနီးကပ်ရှိပေးခဲ့ကြတဲ့၊ အတူတူနေကြတဲ့ သင့်ရဲ့ သူငယ်ချင်းတွေကို Mention ခေါ်ပြီး "မင်းနဲ့ ဆုံခွင့်ရလို့ ကျေးဇူးပဲ" လို့ ပြောလိုက်ရအောင်လား... 🤝💜
Happy International Friendship Day! 🌐✨
#LiberalStudentsYouthAssociation #InternationalFriendshipDay
#FriendshipDay2026
#Together_we_learn_together_we_laugh_together_we_grow
#Content_Graphic_by_Georgia
"Together we learn, together we laugh, together we grow!" 💜✨

❤5👏2
Arrluu Show - Episode 2 Out Now on YouTube! 🎙️✨
"ခေတ်ပေါ်ယဉ်ကျေးမှုနှင့် အနုပညာ၏ ရသအနှစ်သာရ"
ဒီနေ့ခေတ် နည်းပညာတွေ၊ Social Media တွေနဲ့ AI စိုးမိုးလာတဲ့အခါ အနုပညာရဲ့ စစ်မှန်တဲ့ ရသအနှစ်သာရတွေ ပျောက်ဆုံးသွားသလား? ဒါမှမဟုတ် အသွင်သစ်နဲ့ ပိုမို ရှင်သန်လာသလား?
❕ဒီအပိုင်းမှာ အဓိက ဆွေးနွေးထားတဲ့ အကြောင်းအရာများ -
၁။ Social Media Culture က ခေတ်ပေါ် အနုပညာ ဖန်တီးမှုတွေအပေါ် ကောင်းကျိုး/ဆိုးကျိုး သက်ရောက်မှုများ
၂။ AI နဲ့ Digital ခေတ်မှာ ဖန်တီးတဲ့ အနုပညာနဲ့ လူသားတို့ရဲ့ ခံစားချက် ရသ
၃။ Modern Art တွေက ခေတ်သစ်လူထု၏ လူမှုဘဝ ပြဿနာများကို ပုံဖော်ပေးနိုင်မှု
အနုပညာအပေါ် အမြင်သစ်တွေနဲ့ ခံစားချက်တွေကို အပြည့်အစုံ ကြည့်ရှုနားဆင်ဖို့ အောက်ပါ YouTube Link ကနေ သွားရောက် ကြည့်ရှုနိုင်ပါပြီ။
🎬Youtubeတွင် သွားရောက်ကြည့်ရှုနိုင်မည့်လင့်ခ်
[ https://youtu.be/_KzxPJKGZ9w?si=47Av_Gt6nkEd2v2b ]
#ArrluuShow #Episode2 #ModernArt #AIandArt

YouTube
"ခေတ်ပေါ်ယဥ်ကျေးမှုနှင့် အနုပညာ၏ရသအနှစ်သာရ" (အပိုင်း၂)
🔗 Telegram Channel Link: https://t.me/LSYA_ORG
🔗 TikTok Acc Link: https://www.tiktok.com...
#LiberalStudentsYouthAssociation
#ArrluuShow
#Ai #Art

❤6👏2
စရိုက်မမှန်သော စီးပွားရေး ပေါ်လစီများနှင့် ၈၈၈၈ အရေးတော်ပုံ၏ မီးပွား
"၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်… ဒီကနေ့ဆိုရင် မြန်မာ့သမိုင်းဝင် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။"
၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက် အရေးတော်ပုံကြီးကို လူအများစုက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တောင်းဆိုမှု နိုင်ငံရေးလှုပ်ရှားမှုကြီး တစ်ခုအဖြစ်ပဲ
မြင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုကြီးရဲ့ အောက်ခြေအုတ်မြစ်မှာ တိုင်းပြည်ရဲ့ စီးပွားရေးစနစ် လုံးဝပျက်စီးသွားမှုနဲ့ ပြည်သူတွေရဲ့ ဝမ်းစာအကျပ်အတည်းဆိုတဲ့ စီးပွားရေးဆိုင်ရာ မကျေနပ်ချက် က အဓိက မောင်းနှင်အား ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး တောင်းဆိုချက်တွေ လမ်းပေါ်မရောက်မီ နှစ်ပေါင်းများစွာကတည်းက မဆလ ပါတီ အစိုးရရဲ့ လွဲမှားတဲ့ စီးပွားရေး မူဝါဒတွေကြောင့် တိုင်းပြည်ရဲ့ ငွေကြေးနဲ့ ကုန်သွယ်ရေး စနစ်တစ်ခုလုံး အခြေခံကစပြီး ယိမ်းယိုင်နေခဲ့တာပါ။
- ငွေစက္ကူများကို တရားမဝင် ကြေညာခြင်းနှင့် ပြည်သူ့စုဆောင်းငွေများ ပျက်စီးခြင်း
၈၈၈၈ အရေးတော်ပုံကြီး မဖြစ်မီ ၁၉၈၇ ခုနှစ် စက်တင်ဘာလမှာ မဆလ အစိုးရက ၇၅ ကျပ်တန်၊ ၁၅ ကျပ်တန်နဲ့ ၁၅၀ တန် ငွေစက္ကူတွေကို အစားထိုးလဲလှယ်ပေးခြင်း မရှိဘဲ "တရားမဝင် ငွေစက္ကူ" အဖြစ် ရုတ်တရက် ကြေညာခဲ့ပါတယ်။
ကျောင်းသားများနဲ့ ပြည်သူများရဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ကျောင်းသူ/ကျောင်းသားတွေရဲ့ ကျောင်းလခ၊ ကျောင်းသုံးစာအုပ်ဖိုးနဲ့ ပြည်သူအများစုရဲ့ တစ်သက်တာ စုဆောင်းထားတဲ့ ငွေကြေးတွေဟာ ညတွင်းချင်း စက္ကူစုတ် ဘဝ ရောက်သွားခဲ့ပါတယ်။
ဒါဟာ ရိုးရှင်းတဲ့ ငွေကြေးမူဝါဒ အမှားတစ်ခု မဟုတ်ဘဲ၊ ပြည်သူလူထုက အစိုးရရဲ့ ငွေကြေးစနစ်နဲ့ ဘဏ်စနစ်အပေါ် ထားရှိတဲ့ ယုံကြည်မှုကို လုံးဝ အမြစ်ပြတ်သွားစေခဲ့တာ ဖြစ်ပါတယ်။
-ဆန်စပါး ကုန်သွယ်မှု ဗဟိုချုပ်ကိုင်မှုနှင့် ငတ်မွန်းမှု အန္တရာယ်
၁၉၈၇-၈၈ ကာလတွေမှာ အစိုးရက ဆန်စပါး ရောင်းဝယ်မှုကို ဗဟိုကနေ တင်းကျပ်စွာ ထိန်းချုပ်ခဲ့တာကြောင့် တိုင်းပြည်အတွင်း ဆန်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။
မရှိဆင်းရဲသားများရဲ့ ဝမ်းစာ အကျပ်အတည်းတစ်ခုလည်းဖြစ်တယ်။ မြို့ပြမှာရှိတဲ့ လက်လုပ်လက်စားတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေအတွက် နေ့စဉ် ဝမ်းစာအတွက် ဆန်ရရှိဖို့တောင် ခက်ခဲလာခဲ့ပြီး ကုန်ဈေးနှုန်းက အဆမတန် ထက်ဝက်မက မြင့်တက်သွားခဲ့ပါတယ်။ နိုင်ငံရေး အသိအမြင်ထက် မိသားစုဝမ်းစာ မဝဘဲ ငတ်မွန်းလာရတဲ့ ဒေါသက ပြည်သူတွေကို လမ်းပေါ်ထွက်ဖို့ အင်အားအကောင်းဆုံး မီးပွား ဖြစ်စေခဲ့ပါတယ်။
-ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်သို့ ရောက်ရှိသွားခြင်း
၁၉၈၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့ကုလသမဂ္ဂ (UN) က မြန်မာနိုင်ငံကို "ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (Least Developed Country - LDC)" အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တစ်ချိန်က အာရှမှာ ဆန်အများဆုံး ပို့ကုန်ထုတ်လုပ်ခဲ့ပြီး သယံဇာတ ကြွယ်ဝခဲ့တဲ့ မြန်မာနိုင်ငံဟာ မဆလ အစိုးရရဲ့ ၂၆ နှစ်တာ အုပ်ချုပ်မှုအောက်မှာ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်အဖြစ် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီအချက်က ကျောင်းသားတွေ၊ အသိပညာရှင်တွေနဲ့ ဝန်ထမ်းတွေကို မိမိတို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပိုမို ထိတ်လန့်စေခဲ့ပြီး စနစ်တစ်ခုလုံးကို အမြစ်ပြတ် ပြောင်းလဲချင်စိတ် ပေါ်ပေါက်လာစေခဲ့ပါတယ်။
အနှစ်ချုပ် ချုံငုံသုံးသပ်ချက်
၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှာ လူထုကြီး လမ်းပေါ်ထွက်လာတာဟာ ရိုးရှင်းတဲ့ နိုင်ငံရေး ဝါဒရေးရာ အပြောင်းအလဲတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လွဲမှားသော စီးပွားရေး မူဝါဒများကြောင့် ပြည်သူတွေရဲ့ လူနေမှုဘဝနဲ့ စုဆောင်းငွေများ လုံးဝ ပျက်စီးသွားရမှု၊ ဝမ်းစာ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရမှုတို့က ဖြစ်ပေါ်လာစေတဲ့ စီးပွားရေးဆိုင်ရာ ပေါက်ကွဲမှုကြီး တစ်ခုလည်း ဖြစ်ပါတယ်။
ဒီရှုထောင့်ကနေ ကြည့်ရင် ၈၈၈၈ အရေးတော်ပုံဆိုတာ တိုင်းပြည်ကို စီးပွားရေးအရ ချောက်ထဲတွန်းပို့ခဲ့တဲ့ မူဝါဒအမှားတွေကို ပြည်သူလူထုက ငြင်းဆန်ပုန်ကန်ခဲ့ကြတဲ့ သမိုင်းဝင် စီးပွား-နိုင်ငံရေး ဖြစ်စဉ်တစ်ခုလို့ သုံးသပ်နိုင်ပါတယ်။
#၈၈၈၈အရေးတော်ပုံ
#Content_by_Mari
#Graphic_by_Asaw

❤7🔥2❤🔥1
ဒီလိုခေတ်ကာလထဲမှာ ရှင်သန်နိုင်အောင် စိတ်ကို ဘယ်လိုပြင်ဆင်ထားရမလဲ❓
လူငယ်တွေဆိုတာ သဘာဝအရ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားချင်တာနဲ့ အသစ်အဆန်းတွေ တီထွင်ဖန်တီးချင်တာလိုမျိုး ဝါသနာအလိုက် အိမ်မက်ကိုယ်စီနဲ့ အသက်ရှင်ကြသူတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုလိုအချိန်မှာ မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်တွေကြောင့် အိမ်မက်တွေကို လက်လျော့ထားရတဲ့အပြင် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကိုပါ ထပ်ပေါင်းခံစားနေရပါတယ်။
ဒီလိုစိန်ခေါ်မှုတွေ များပြားလာပြီး မဖြေရှင်းနိုင်တော့တဲ့အချိန်မှာတော့ ကိုယ်တိုင်ဘာဖြစ်ချင်နေမှန်းမသိတော့ဘဲ ရည်ရွယ်ထားတဲ့ လမ်းစတွေပါပျောက်ဆုံးလာတဲ့အထိ ဆိုးဝါးလာခဲ့ပါတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ပတ်ရဲ့ Arrluu Show အစီအစဉ်သစ်မှာတော့ လူငယ်တိုင်း အဖြေရှာနေတဲ့ အခက်အခဲတွေကို "ခေတ်ပျက်စနစ်ပျက်တစ်ခုနဲ့ လူ တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ ကိုအာလူးတို့တစ်သိုက်က ဆွေးနွေးတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။
ကိုယ့်လူတို့ သိချင်နေတဲ့ အဖြေကိုတော့ ထုံးစံအတိုင်း လာမယ့်သောကြာနေ့ ညနေ ၆ နာရီ၊ ကိုအာလူးတို့ရဲ့ LSYA YouTube Channel ကနေ တင်ဆက်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းပြီး ကိုယ့်ရဲ့ အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ ဒီအပိုင်းလေးကို လက်လွှတ်မခံကြနဲ့နော်။✌🏼
#LiberalStudentsYouthAssociation
#ArrluuShow
#Episode3

❤4