𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐈𝐧 𝐘𝐨𝐮𝐫 𝐀𝐫𝐞𝐚
2.18K subscribers
35 photos
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ Oct 26 , 2024 ❣️
Download Telegram
1. "One step at a time is still progress."
➤ တစ်ခြေလှမ်းချင်းစီက တိုးတက်မှုတစ်ခုပါ။


2. "You don’t have to be perfect. You just have to be consistent."
➤ သင်ပြည့်စုံနေဖို့မလိုဘူး။ တက်ကြွမှုအမြဲရှိဖို့ပဲလိုတယ်။


3. "Doubt kills more dreams than failure ever will."
➤ သံသယက မအောင်မြင်တာထက် ပိုများတဲ့အိပ်မက်တွေကိုဖျက်စီးတတ်တယ်။


4. "Fall seven times, stand up eight."
➤ ခုန်ဖောက်သွားတတ်တာထက် ပြန်တက်လာတတ်တာက ပိုအရေးကြီးတယ်။


5. "Push yourself, because no one else is going to do it for you."
➤ မင်းကိုယ်တိုင်ကို မင်းမလှုံ့ဆော်ရင် ဘယ်သူမှ မလုပ်ပေးနိုင်ဘူး။


6. "Discipline is doing it even when you don’t feel like it."
➤ စည်းကမ်းရှိခြင်းဆိုတာ မလုပ်ချင်ချိန်မှာတောင် လုပ်တတ်ခြင်းပဲ။


7. "Your only limit is your mind."
➤ မင်းရဲ့ကန့်သတ်ချက်က မင်းစိတ်ထဲမှာပဲရှိတယ်။


8. "Dream. Plan. Do."
➤ အိပ်မက်မြင်။ အစီအစဉ်တကျဆွဲ။ ဆောင်ရွက်။


9. "Work in silence, let success make the noise."
➤ တိတ်တိတ်လေးလုပ်၊ အောင်မြင်မှုက ဆူညံသံဖြစ်စေလိုက်။


10. "You didn’t come this far to only come this far."
➤ ဒီအထိရောက်လာတာက ဒီအထိနဲ့ရပ်နေရန်မဟုတ်ဘူး။




( သဘောကျတယ်ဆို Join and Reac လေးပေးခဲ့ဦးနော် 💗 )

╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Motivation :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤20🕊3🥰1
အောက်ကို မှောက်ကျသွားတဲ့
ကော်ဖီတစ်ခွက်ကို ဘယ်သူကမှ လျှာနဲ့ မလျက်ဘူး ၊
အသစ်တစ်ခွက် ထပ်မှာရင် မှာမယ် ၊

.
သူ့မှာ အနံ့ အရသာ အပြင်အဆင် တန်ဖိုးကြီးတယ် ဆိုပေမဲ့လဲ
ကြမ်းပြင်ပေါ်မှာ ဖိတ်ကျသွားရင်


နှမြောတသပဲ ဖြစ်ကြမှာ ၊ နှမြောတယ် ဆိုပီးတော့
လျှာနဲ့တော့ မလျက်ပါဘူး ၊
အဲ့ဒီကော်ဖီက သူက တန်ဖိုးမဲ့သွားပြီလေ။


ဒီလိုပဲကွာ
လူတစ်ယောက်ဟာ
အဆင့်အတန်းကြီးမားပါသော်လဲ
ပညာဉာဏ်ပြည့်ဝပါသော်လဲ
ရုပ်ရှည်ချောမောပါသော်လဲ


ကိုယ်ကျင့်တရား ချို့ယွင်းသွားရင်
ဘယ်သူမှ ပေါင်းသင်းချင်မှာ မဟုတ်တော့ဘူး ။


ကိုယ်ကျင့်တရား မကောင်းတာ တစ်ချက်တည်းနဲ့
ဂုဏ်ပုဒ်များစွာဟာ မြောင်းထဲကျသွားခဲ့ပြီ ၊


ခနက ကော်ဖီတစ်ခွက်လိုပဲ
အနံ့ အရသာကောင်းတာတွေ
စျေးကြီးတာတွေ
အပြင်အဆင်ကောင်းတာတွေ
ကြမ်းပြင်ပေါ် မှောက်သွားတဲ့အခါ
တန်ဖိုးမဲ့သွားသလိုပေါ့။




╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Motivation :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤19💯6👍3❤‍🔥1🍓1
ကိုယ်အလေးချိန်ကို ကျန်းကျန်းမာမာနဲ့
ဘယ်လို လျှော့ချမလဲ။
================================


ကိုယ်အလေးချိန်ကို လျှော့ချတာ (ဝိတ်ချတာ) က အစားအစာကို နည်းနည်းချင်းစီ လျှော့စားသွားရင်း ကာလရှည်ကြာ စိတ်ရှည်ရှည်နဲ့လုပ်ဆောင်ရမယ့် ကိစ္စပါ။


တစ်ပတ်ကို ၁ ပေါင်ကနေ ၂ ပေါင်လောက်ကျစေဖို့အတွက် ဝိတ်ကျစေတယ်ဆိုတဲ့ အစားအစာတွေ၊ ကုန်ပစ္စည်းတွေကို သုံးစွဲတာမျိုး မလုပ်ပါနဲ့။ ဒီ ပစ္စည်းတွေက ဝိတ်ကျစေတယ်ဆိုပေမယ့် အကောင်းဆုံးသော ဝိတ်ချနည်းက ကျန်းမာတဲ့ အစားအစာတွေကို စားရင်း အချိန်လေးယူပြီး ဝိတ်ချတဲ့ နည်းပါ။


ဝိတ်ချတယ်ဆိုတာက ချက်ချင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အတိုင်းအတာအထိ ကျသွားဖို့ မလွယ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အစားအစာတွေအပေါ် တုံ့ပြန်ပုံချင်း မတူတာ၊ မျိုးဗီဇ နဲ့ အခြား ကျန်းမာရေး အခြေအနေတွေကြောင့် ဝိတ်ချတဲ့နည်းက လူတစ်ယောက်မှာ အလုပ်ဖြစ်ပေမယ့် အခြားသူမှာ အလုပ်မဖြစ်တာမျိုး ရှိနိုင်ပါတယ်။


ဝိတ်ချဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစားအစာကို ပမာဏ မှန်မှန် စားပေးတာ လေ့ကျင့်ခန်းလုပ်တာတွေက ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်မှာပါ။ ဝိတ်ချနေတဲ့အခါ အာဟာရပြည့်ဝ ကောင်းမွန်တဲ့ အစားအစာတွေ၊ အပင်ကနေထုတ်ထားတဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့ လိုပါမယ်။ ဂျုံ၊ သကြား၊ အသွင်ပြောင်း အဆီ၊ ပြပြင်ထားတဲ့ အစားအစာ (ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဘာဂါ၊ ခေါက်ဆွဲခြောက်) တို့ကို ရှောင်ရပါမယ်။


လေ့ကျင့်ခန်း လုပ်တာကလည်း ဇီဝကမ္မဖြစ်စဉ်ရဲ့ လုပ်ဆောင်မှုနှုန်းကို မြန်စေနိုင်ပြီး ကြွက်သားဖြစ်စေနိုင်တာကြောင့် ဝိတ်ချနေချိန်မှာ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုပါမယ်။


×××××××××××××××××××××××××××××××××××××××

#Forward_Only
#do_not_copy
#crd_to_Gg
#Knowledge
#Ruby
❤6🍓1
အသီးတွေကို စားသုံးခြင်းက အူမကြီးကိုသန့်စင်ပေးဖို့ အထိရောက်ဆုံးသဘာဝနည်းလမ်းတစ်မျိုးပါပဲ။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အူမကြီးကိုသန့်ရှင်းပေးဖို့လိုပါတယ်။ အူမကြီးသန့်စင်ခြင်းက အာရုံကြောတွေရဲ့လုပ်ဆောင်ချက်တွေနဲ့ စိတ်ခံစားချက်တွေအပေါ်လည်း သက်ရောက်မှုရှိစေပါတယ်။ အူမကြီးထဲမှာ အဆိပ်အတောက်တွေ ကင်းစင်အောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ အဆိပ်အတောက်ဖြစ်စေတာတွေလည်း ပါနေနိုင်ပါတယ်။ အူထဲမှာ ကူးစက်နိုင်တဲ့ရောဂါပိုးတွေကြောင့် အူမကြီးရောင်ရမ်းတာမျိုးတွေထိ ဖြစ်စေနိုင်ပါတယ်။ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာအိမ်နာခြင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ အသီးအနှံတွေစားပေးခြင်းက အူမကြီးကို သန့်ရှင်းပြီးသားဖြစ်စေပါတယ်။ အူနဲ့အစာအိမ်ပြဿနာတွေဖြစ်ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ အဲဒါက ကျန်းမာခြင်းရဲ့အခြေခံလည်းဖြစ်ပါတယ်။ အောက်ကဖော်ပြထားတဲ့အသီးအနှံတွေက သင့်ရဲ့အူကို သန့်ရှင်းစေပါတယ်။
❤4
❝ အူမကြီးကို သန့်စင်ပေးနိုင်သောအစားအစာ ၆မျိုး ❞
ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ


❶ ❛ ပန်းသီး ❜

ပန်းသီးက နာကျင်ခြင်းကိုကုစားပေးနိုင်တဲ့အသီးဖြစ်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝပါတယ်။ soluble fiber ကြောင့် အူမကြီးကို သန့်စင်စေပါတယ်။ မနက်ခင်းတိုင်းပန်းသီးစားပေးခြင်းက အူမကြီးရဲ့လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပေးဖို့ကူညီနိုင်ပါတယ်။ အော့ကလီဆန်ခြင်းကိုလည်း သက်သာစေပါတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ဓာတ်ပေါင်းတွေလည်းပါဝင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❷ ❛ ငှက်ပျောသီး ❜

ငှက်ပျောသီးမှာ သဘာ၀ antacids ဓာတ်ပါဝင်ပြီး ချောကလက်အစားထိုးစားသုံးပေးခြင်းဖြင့် အူမကြီးရဲ့လုပ်ဆောင်မှုတွေကို အထောက်အကူဖြစ်စေပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝခြင်းကြောင့် ဝမ်းပျက်ခြင်းကိုလည်း သက်သာစေပါတယ်။ ရုတ်တရက်ကြွက်တက်ခြင်းနဲ့ ခန္ဓာကိုယ်မှာ အခြားသော မသက်မသာဖြစ်ခြင်းများကိုလည်း သက်သာစေနိုင်ပါတယ်။ အူမကြီးကိုသန့်စင်ပေးနိုင်ပြီး အူမကြီးလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတဲ့သဘာဝနည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❸ ❛ သင်္ဘောသီး ❜

သင်္ဘောသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး papain လို့ခေါ်တဲ့ enzyme တစ်မျိုးပါဝင်ပါတယ်။ ထိုအင်ဇီုင်းက အစာခြေစနစ်ကို တိုးတက်စေပါတယ်။ carotene ပါဝင်မှုကြောင့် အူထဲက ရောင်ရမ်းခြင်းကိုလျော့ကျဖို့ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့်အူမကြီးကိုသန့်စင်စေဖို့ အကျိုးများပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❹ ❛ ဖရဲသီး ❜

ရေဓာတ်ပါဝင်မှုများတာကြောင့် အဆိပ်အတောက်ပြေစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❺ ❛ Raspberries ❜

Raspberries သီးမှာ ပန်းသီးကဲ့သို့ Pectin ပါဝင်မှုကြောင့် အူတွေရဲ့လုပ်ဆောင်ချက်ကို အထောက်အကူဖြစ်စေပြီး အဆိပ်အတောက်တွေကို စုပ်ယူပစ်နိုင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❻ ❛ နာနတ်သီး ❜

Pectin ပါဝင်မှုကြောင့် အစာကြေစေပါတယ်။ ဝမ်းဗိုက်နာကျင်ခြင်းနဲ့ ဂတ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူထဲက ကူးစက်ရောဂါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူမကြီးကို သန့်စင်စေပြီး ဝိတ်ကျစေပါတယ်။

ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ




꒰📎꒱ Posted by: 𖤐 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗜𝗻 𝗬𝗼𝘂𝗿 𝗔𝗿𝗲𝗮 ♡


𝙲𝚛𝚍 𝚝𝚘 𝙱𝙰𝚆𝙰101
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤22👍2🍓1
လာဗင်ဒါပန်း သည် အပြာ ခရမ်း နှင့် မရမ်းစေ့ရောင်(အပြာနှင့်အနီရောင်စပ်ထားသော)ရှိ ရိုးတန်တစ်လျောက်ပန်းပွင့်ငယ်များ ပွင့်သော ဆေးဖက်ဝင်ပြီး အမျိုးမျိုးသောလူသုံးကုန်နဲ့ အလှကုန်များထုတ်လုပ်ရာတွင် ထင်ရှားကျော်ကြားသော ပန်းတစ်မျိုးဖြစ်ပါတယ်။ လာဗင်ဒါပန်းသည် June (ဇွန်လ) မှ August(အောဂတ်စ်ထ်)လအတွင်းပွင့်ဖူးလေ့ရှိပါတယ်။ ထူးခြားချက်ကတော့ ပန်းခင်းတစ်ခုနဲ့ တစ်ခု မိုင်၂၀အကွာနဲ့အထက်ဝေးကွာသွားပါက ပန်းပွင့်ချိန်ကွာခြားသွားကြောင်းကို အနောက်ကော်လိုရာဒိုပြည်နယ် လာဗင်ဒါပန်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ Kristin Nielsen က ပြောဖူးပါတယ်။ လာဗင်ဒါပန်း ကို အမွှေးဆီထုတ်ရန်အဓိကထားစိုက်ပျိုးကြသော်လည်း ပိုးသတ်ဆေး(အရက်ပျံကဲ့သို့), ဒါဏ်ကြေလိမ်းဆေးဆီ, သဘာဝခြင်ပြေးဆေး နဲ့ ရေချိုးဆပ်ပြာအမျိုး နဲ့ လူသုံးအလှကုန်များတွင် အမွှေနှံ့ထည့်ရန် အတွက်လည်း အသုံးများကြသည်။ လာဗင်ဒါရဲ့အကျိုးကျေးဇူးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
❤4
❝ လာဗင်ဒါပန်းနှင့် လာဗင်ဒါအဆီတို့၏ကျန်းမာရေးအကျိုးကျေးဇူးများ ❞
ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ



❶ ❛ အင်းဆက်ပိုးမွှားတွေကို သေစေပါတယ်။ ❜
လာဗင်ဒါရဲ့အနံ့က ပြင်းတဲ့အတွက် ခြင်၊ ယင်၊ ပိုးမွှားအင်းဆက်တွေကို သေစေနိုင်ပါတယ်။ လာဗင်ဒါအဆီက အယောင်ကျစေပြီး ပိုးမွှားအကိုက်ခံရတဲ့အခါ လိမ်းပေးနိုင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❷ ❛ အိပ်မပျော်ခြင်းအတွက် ကူညီပေးနိုင်ပါတယ်။ ❜

အိပ်မပျော်တဲ့သူတွေအတွက် လာဗင်ဒါအနံ့က အိပ်ပျော်စေပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ လာဗင်ဒါအဆီကို ခေါင်းအုံးမှာ ဆွတ်ဖြန်းထားခြင်းဖြင့် အိပ်ပျော်ဖို့အကူအညီဖြစ်စေပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❸ ❛ အာရုံကြောကစနစ်အတွက် ကောင်းမွန်စေပါတယ် ❜

အာရုံကြောတွေကို ပြေလျော့စေပြီး စိုးရိမ်ပူပန်ခြင်းကိုလျော့ကျစေပါတယ်။ စိတ်ဓာတ်ကျခြင်း၊ မိုင်ဂရိန်းခေါင်းကိုက်ရောဂါနဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❹ ❛ အရေပြားကျန်းမာရေးအတွက်ကူညီပေးပါတယ် ❜

ဝက်ခြံထွက်ခြင်း၊ ဘက်တီးရီးယားတွေကြောင့် ကူးစက်ခြင်းတွေကို လာဗင်ဒါအဆီက လျော့ကျစေပါတယ်။ လာဗင်ဒါအဆီလိမ်းပေးခြင်းက အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❺ ❛ ခုခံအားစနစ်ကိုကောင်းမွန်စေပါတယ် ❜

လာဗင်ဒါက ဘက်တီးရီးယားတွေကိုသေစေတဲ့အစွမ်းရှိတာကြောင့် ခန္ဓာကိုယ်မှာ ဘက်တီးရီးယားရဲ့ကူးစက်မှုတွေကြောင့်ဖြစ်တတ်တဲ့ တီဘီရောဂါ၊ အူရောင်ငန်းဖျား၊ ဆုံ့ဆို့နာရောဂါတွေဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❻ ❛ သွေးလှည့်ပတ်မှုစနစ်အတွက် အထောက်အကူဖြစ်စေပါတယ် ❜

လေ့လာချက်အရ လာဗင်ဒါက သွေးလှည့်ပတ်မှုကို မြင့်တင်ပေးနိုင်တဲ့အတွက် သွေးတိုးခြင်းကို လျော့ကျစေပါတယ်။ သွေးစီးဆင်းမှုကောင်းမွန်စေခြင်းက ကြွက်သားတွေနဲ့ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပမာဏများလာစေပါတယ် ။ သွေးလှည့်ပတ်မှုကောင်းတဲ့အတွက် သင့်
အရေပြားလည်း ကြည့်ကောင်းစေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။


ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❼ ❛ အစာခြေစနစ်ကောင်းမွန်စေပါတယ် ❜

လာဗင်ဒါအဆီကြောင့် အစာခြေနစ်ကို ကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းမှာ အစာတွေရွေ့လျားမှုအဆင်ပြေစေပါတယ်။ လာဗင်ဒါအဆီက သင့်ရဲ့အူတွေကို လှုံ့ဆော်ပြီး အစာခြေရည်တွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ အဲဒါကြောင့် အစာခြေနာခြင်း၊ ဂတ်တွေထုတ်လွှတ်ခြင်း၊ ပျို့အန်ခြင်း၊ အော်ဂလီဆန်ခြင်းတွေကို သက်သာစေပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❽ ❛ နာကျင်မှုတွေကို သက်သာစေပါတယ် ❜

ကြွက်သားတွေတင်းမာခြင်း၊ အဆစ်တွေနာခြင်း၊ ကျောနာခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေပါတယ်။ ရာသီလာစဉ်နာကျင်ကိုက်ခဲတဲ့အခါမှာ ဝမ်းဗိုက်အောက်ပိုင်းကို လာဗင်ဒါဆီအနည်းငယ်လိမ်းပြီး နှိပ်နယ်ပေးနိုင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❾ ❛ ဆီးချိုသမားတွေကို ကူညီနိုင်ပါတယ် ❜

၂၀၁၄ခုနစ်မှာ သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ လာဗင်ဒါအဆီမှာ သွေးထဲကသကြားဓာတ်ပမာဏကိုလျော့ကျစေပြီး ဆီးချိုသမားတွေကိုကူညီနိုင်တယ်လို့ဖော်ပြကြပါတယ်။
သွေးထဲက ကလူးကိုစ့်ပမာဏတိုးခြင်း၊ ဝိတ်တက်ခြင်း၊ အသည်းရောဂါဖြစ်ခြင်းနဲ့ ကျောက်ကပ်ပြဿနာများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့လေ့လာတွေ့ရှိချက်အရသိရပါတယ်။ လေ့လာသူတွေက လာဗင်ဒါမှာ ပါဝင်တဲ့ antioxidants အစွမ်းက ဗီတာမင်စီထက်အကျိုးရှိတယ်လို့ အံ့အားသင့်ခဲ့ကြပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❿ ❛ ဆံသားကျန်းမာစေပါတယ် ❜

လာဗင်ဒါဆီက သန်း၊ သန်းဥတွေသေစေပါတယ်။ လေ့လာချက်အရ ဆံပင်ကျွတ်လွယ်ခြင်းကို သက်သာစေပြီး ဆံသားသန်စွမ်းစေပါတယ်။


ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ



꒰📎꒱ Posted by: 𖤐 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗜𝗻 𝗬𝗼𝘂𝗿 𝗔𝗿𝗲𝗮 ♡

╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤18👍3🍓2
❝ ၀မ်းချုပ်စေသော အစားအစာများ ❞

ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ


၁။ ❛ နို့ထွက်ပစ္စည်းများ ❜

နို့ထွက်ပစ္စည်းတွေဟာ အခြားသောအစားအစာတွေထက် ပိုပြီးဝမ်းချုပ်စေပါတယ်။ လသား၊ တစ်နှစ်-နှစ်နှစ်ကလေးတွေမှာပိုဆိုးပါတယ်။ နွားနို့မှာတွေ့ရတဲ့ ပရိုတင်းဓာတ်ကြောင့်ပါ။ မကြာသေးမီကလေ့လာချက်အရ အသက် ၁နှစ်မှ ၁၂နှစ်အတွင်း ကလေးတွေမှာ နွားနို့သောက်ခြင်းကြောင့် ဝမ်းချုပ်ခြင်းပိုဆိုးလာတယ်လို့တွေ့ရပါတယ်။ နွားနို့အစား ပဲနို့်ကို ပြောင်းသောက်ခိုင်းလိုက်တဲ့အခါမှာတော့ ဝမ်းချုပ်ခြင်းသက်သာစေတာကိုတွေ့ရပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

၂။ ❛ အသင့်စားအစားအစာ ❜

အသင့်စားအစားအစာတွေက ဝမ်းချုပ်ခြင်းကိုပိုဆိုးစေပါတယ်။
အဆီများပြီး အမျှင်ဓာတ်ပါဝင်မှုနည်းတဲ့အတွက် အစာခြေခြင်းကို နှေးကွေးစေပါတယ်။ အသင့်စားအစားအစာဖြစ်တဲ့ ကွတ်ကီး၊ ချောကလက်၊ ရေခဲမှုန့်တွေအစား အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေအစားထိုးသင့်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

၃။ ❛ ဆီကြော် ❜

ဆီကြော်မုန့်တွေနဲ့ အသင့်စားအစားအစာတွေက အတူတူပါပဲ ။ အမျှင်ဓာတ်ပါဝင်မှုလုံးဝမရှိဘဲ အဆီပါဝင်မှုသာများတာကြောင့် အစာခြေဖို့ရာအခက်အခဲဖြစ်စေပါတယ်။ အဲဒီ့အတွက် သရေစာအဖြစ်စားချင်တယ်ဆိုရင် အသီးအနှံတွေကို အစားထိုးစားပေးသင့်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

၄။ ❛ အရက် ❜

အရက်ကလည်း ဝမ်းချုပ်စေပါတယ်။ အရက်အများကြီးသောက်ခြင်ဟာ ခန္ဓာကိုယ်က မကြာခဏသွားပြီး ရေဓာတ်ဆုံးရှုံးမှုဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းက ရေလုံလောက်စွာမသောက်တဲ့လူလိုပါပဲ၊ အူမကြီးလုပ်ဆောင်ဖို့ရာ မလွယ်ကူစေတာကြောင့် ဝမ်းချုပ်စေပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

၅။ ❛ အနီရောင်အသားများ ❜

အနီရောင်အသားများမှာ ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်း ၃ခုရှိပါတယ်။ အမျှင်ဓာတ်ပါဝင်မှုနည်းခြင်းက အစာတွေရွေ့လျားဖို့အဆင်မချောစေပါဘူး။ ပုံမှန်လူတစ်ယောက်ရဲ့နေ့စဉ်ရနိုင်တဲ့အမျှင်ဓာတ်ပမာဏကိုပါ လျှော့ချပစ်နိုင်ခြင်းကြောင့်လည်း ပိုဆိုးသွားပါတယ်။ အဲဒါကြောင့် ထမင်းစားချိန်မှာ အသားများများစားခြင်းက အသီးအရွက်တွေက အမျှင်ဓာတ်တွေကိုပါလျှော့ချပစ်နိုင်ပါတယ်။ အဲဒါအပြင် အနီရောင်အသားတွေမှာ အဆီပါဝင်မှုလည်းပိုများပါတယ်။ အဲဒီ့အကြောင်းတွေကြောင့် ဝမ်းချုပ်ခြင်းကိုပိုဖြစ်စေပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

၆။ ❛ ပေါင်မုန့် ❜

ဂျုံ၊ နှံစားပြောင်း ကနေထုတ်ထားတဲ့ ပေါင်မုန့်ဖြူ၊ ဆန်လုံးဖြူ၊ ပါစတာစတာတွေက အမျှင်ဓာတ်နည်းတာကြောင့် ဝမ်းချုပ်စေပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

၇။ ❛ ကဖင်း ❜

ကဖင်းဓာတ်ပါဝင်တဲ့သောက်စရာတွေကလည်း အရက်လိုပါပဲ ၊ ရေဓာတ်ကိုခမ်းခြောက်စေနိုင်တဲ့အတွက် ရေဓာတ်ချို့တဲ့သောအခါ အူမကြီးလုပ်ဆောင်ချက်နှေးကွေးစေပြီး ဝမ်းချုပ်စေပါတယ်။





꒰📎꒱ Posted by: 𖤐 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗜𝗻 𝗬𝗼𝘂𝗿 𝗔𝗿𝗲𝗮 ♡

╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤17👍1
❝ ခေါင်းအရမ်းရှုပ်လာပြီလို့ ထင်တဲ့အခါ ဘာလုပ်သင့်သလဲ။ ❞

ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ


အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။

အသက်ကို ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်လိုက်ပါ။ အသက်ရှုလေ့ကျင့်ခန်းလိုမျိုးပေါ့။ ဒါမှမဟုတ် တရားထိုင်သလို ဝင်လေထွက်လေကိုပဲ အာရုံစိုက်လိုက်ပါ။ အဲဒါဆိုရင် ခေါင်းက တခြားဘာကိုမှမတွေးနိုင်တော့ဘဲ အသက်ရှုခြင်းကိုသာ အာရုံရသွားပါလိမ့်မယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

လက်ရှိအချိန်ကိုသာ စဉ်းစားပါ။

အသက်ရှူလေ့ကျင့်ခန်းလုပ်လို့ စိတ်ငြိမ်သွားပြီထင်ရင် လက်ရှိအချိန်မှာ လုပ်စရာဘာရှိလဲကိုသာ စဉ်းစားပြီး လုပ်နေလိုက်ပါ။ အဲဒါသည်လည်း ဘာကိုမှမတွေးဖြစ်စေတော့ပါဘူး။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

ကိုယ့်မှာရှိတဲ့ ကျေးဇူးတင်စရာလေးတွေပြန်တွေးပါ။

ကိုယ့်မှာ ဘာတွေကံကောင်းနေသေးတယ်၊ ဘာတွေတော့ ရှိနေသေးတယ်၊ တချို့တွေထက်စာရင် ကိုယ်က ရရှိထားတာပိုင်ဆိုင်ထားတာလေးတွေကို ပြန်တွေးကြည့်ပါ။ တခါတလေ လူတွေက ကိုယ့်မှာမရှိတာတွေကိုသာ မြင်ပြီး တွေးရင်း စိတ်ရှုပ်ထွေးလာတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်မှာရှိတဲ့ကျေးဇူးတင်စရာလေးတွေပြန်တွေးကြည့်သင့်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

ဘာကိုမှမတွေးဘဲ တစ်ယောက်တည်း စိတ်အေးချမ်းစွာနေပါ။

တခါတလေ အဲဒီလိုခေါင်းရှုပ်လာတဲ့အချိန်မှာ တစ်ယောက်တည်း အေးချမ်းတဲ့နေရာတစ်ခုမှာ ထိုင်နေလိုက်တာလည်း အေးချမ်းပါတယ်။ ဘာကိုမှမတွေးဘဲ ပတ်ဝန်းကျင်က လေကောင်းလေသန့်ရှုတာပဲဖြစ်ဖြစ်၊ စိတ်ပြေလက်ပျောက် ဘုရားတစ်ခုခုသွားပြီး ရေသပ္ပာယ်တာမျိုး၊ တံမြက်စည်းလှဲတာမျိုး စိတ်အေးချမ်းမယ့်အရာတစ်ခုခုကိုပြောင်းလုပ်ကြည့်လိုက်ပါ။


ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

ဝါသနာပါရာတစ်ခုခုကို အာရုံပြောင်းလိုက်ပါ။

အဲဒီလိုမဟုတ်ရင်လည်း ကိုယ့်ဝါသနာအရ ကိုယ့်အာရုံကို ဆွဲခေါ်သွားနိုင်မယ့်အရာတွေကို လုပ်ကြည့်သင့်ပါတယ်။ တချို့ကတော့ ပန်းချီဆွဲတာဝါသနာပါတာမို့ ပန်းချီဆွဲနေရင်း အာရုံက ပန်းချီဆွဲတာကိုပဲအာရုံရသွားနိုင်ပါတယ်။ စာဖတ်တာ၊ လက်မှုပညာတခုခုလုပ်တာ စသဖြင့် ကိုယ်ဝါသနာပါရာကိုလုပ်နိုင်ပါတယ်။





╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤15🔥4
စိတ်ဖိစီးမှုကို လျော့ကျစေဖို့ စားသုံးသင့်သောအစားအစာများ





𓆩♡︎𓆪 ထောပတ်သီး

ဗီတာမင်ဘီ က အာရုံကြောနဲ့ဦးနှောက်ဆဲလ်တွေအတွက် ကျန်းမာဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ထောပတ်သီးမှာ ထိုဓာတ်ပေါများစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်လည်း ပါဝင်တဲ့အတွက် သွေးဖိအားကို သဘာဝအတိုင်းလျော့ကျဖို့ ကူညီပေးနိုင်ပါတယ်။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩♡︎𓆪 ဘလူးဘယ်ရီသီးများ

ဘလူးဘယ်ရီသီးက သဘာဝအတိုင်း စိတ်ဖိစီးမှုကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ ဘလူးဘယ်ရီသီးမှာ ဗီတာမင်စီပါဝင်ပါတယ်။ ဗီတာမင်စီက စိုးရိမ်ပူပန်ခြင်းကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။

𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸

𓆩♡︎𓆪 နို့

နွားနို့ပူပူလေးတစ်ခွက်ကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးခြင်းက သဘာဝအလျောက်စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တာပါပဲ။ အိပ်စက်ချိန်မမှန်ခြင်းနဲ့ အိပ်မပျော်တဲ့ဝေဒနာတွေကို သဘာဝအတိုင်း ကုသပေးနိုင်ပါတယ်။ နို့မှာ Antioxidants ၊ vitamins B2 ၊ B12 ၊ ပရိုတင်းနဲ့ ကယ်လဆီယမ်ဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်မှ သွေးဖိအားကို သဘာဝအတိုင်းလျော့ကျစေနိုင်ပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩♡︎𓆪 ဗံဒါစေ့

ဗံဒါစေ့မှာ ဗီတာမင် ဘီတူး၊ ဗီတာမင်အီး ပါဝင်တဲ့အတွက် ခုခံစွမ်းအားတိုးစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။


𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸


𓆩♡︎𓆪 လိမ္မော်သီးများ

ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ အဲဒါအပြင်သွေးဖိအားကိုလည်း လျော့ကျစေပြီး စိတ်ဖိစီးမှုကြောင့်ထွက်ပေါ်လာတဲ့ဟော်မုန်းကို လျော့ကျစေနိုင်ပါတယ်။





╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤14⚡1🍓1
ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုလျှော့ချနိုင်မလဲ။



𓆩၁𓆪 တကယ်ခေါင်းထဲထည့်သင့်တဲ့အရာဟုတ်မဟုတ် ဆန်းစစ်ပါ။


𓆩၂𓆪 ကိုယ်မထိန်းချုပ်နိုင်တာတွေကို အာရုံမစိုက်ပါနဲ့။


𓆩၃𓆪 စေတနာနဲ့မတန်တဲ့သူကို ထည့်မတွေးပါနဲ့။


𓆩၄𓆪 အားလုံးတတ်နိုင်ရအောင် သင်က စွမ်းအားရှင်မဟုတ်ပါဘူး။


𓆩၅𓆪 လုပ်သင့်တာကိုသာ လုပ်ပါ။


𓆩၆𓆪 ငြင်းသင့်တာကိုငြင်းပါ။


╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤27🍓3👏1
ကိုယ်ပေးတိုင်းပြန်မရတတ်တဲ့အရာများ



𓆩၁𓆪 ကိုယ်ချင်းစာနာစိတ်

𓆩၂𓆪 ကူညီဖေးမမှု

𓆩၃𓆪 ချစ်ခြင်းမေတ္တာ

𓆩၄𓆪 သိတတ်နားလည်မှု

𓆩၅𓆪 ညှာတာထောက်ထားမှု


╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤20💯2🍓2
ဘဝကိုရှေ့ဆက်နိုင်ဖို့အတွက် ခံယူသင့်တဲ့သဘောထားများ




𓆩❶𓆪 လဲကျပါစေ ပြန်ထမယ်
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈


𓆩❷𓆪 ဘယ်တော့မှ အရှုံးမပေးဘူး
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈


𓆩❸𓆪 အလားတူအမှားတွေထပ်မမှားဖို့ အမှားထဲက သင်ခန်းစာယူမယ်
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈


𓆩❹𓆪 အခက်အခဲဆိုတာလူတိုင်းကြုံနေကျ၊ အဆင်ပြေမယ့်နည်းတစ်ခုတော့ရှိပါတယ်
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈


𓆩❺𓆪 ကိုယ်ထိန်းချုပ်နိုင်တာတွေအတွက် ပိုကြိုးစားမယ်၊ မထိန်းချုပ်နိုင်တာတွေအတွက် အားတင်းထားမယ်
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈


𓆩❻𓆪 လူတိုင်းက ကိုယ့်အကြောင်းကို အချိန်တိုင်းမတွေးနေနိုင်ပါဘူး
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈


𓆩❼𓆪 ဘဝမှာ သမာသမတ်ကျကျ၊ မှန်ကန်စွာ ရှင်သန်မယ်
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈


𓆩❽𓆪 အသိဉာဏ်ပညာနဲ့ ရိုးသားမှုဟာ ကိုယ့်ဘဝအတွက် ရတနာသိုက်ပါ
𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈𖥸┈┈┈




သင့်ဘဝမှာ လဲကျမှုတွေ၊ နာကျင်မှုတွေ၊ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ကျရှုံးမှုတွေကြုံရတဲ့အခါ သင့်ကိုသင်ပြန်အားပေးဖို့လိုပါတယ်။ အခြားသူတစ်ယောက်က ဘယ်လောက်ပဲအားပေးပါစေ၊ သင့်ကိုယ်သင်မှ အားမပေးရင် ဘယ်သူကမှ သင့်ကိုခွန်အားမဖြစ်လာစေနိုင်ပါဘူး။



𝐂𝐫𝐝 𝐭𝐨 #𝐁𝐀𝐖𝐀𝟏𝟎𝟏
꒰📎꒱ Posted by: 𖤐 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗜𝗻 𝗬𝗼𝘂𝗿 𝗔𝗿𝗲𝗮 ♡
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤17🕊3🍓1💘1
ကမ္ဘာပေါ်တွင် နေ့တာအတိုဆုံးနေ့မကြာခင်ရောက်ရှိတော့မည်ဟုသိရ⚠️

သတင်းအပြည့်အစုံးမှာ

ကမ္ဘာသည် ၂၀၂၀ ခုနှစ်မှစ၍ ၎င်း၏ဝင်ရိုးပေါ်တွင် ပုံမှန်ထက် ပိုမြန်ဆန်စွာလည်နေပြီး နောက်ထပ် စံချိန် သစ်တခု ဖြစ်ပျက်တော့မည်ဖြစ်သောကြောင့် သိပ္ပံပညာရှင်များက အကြောင်းရင်းကိုစူးစမ်းလေ့လာ လျက်ရှိသည်။ နက္ခတ္တဗေဒပညာရှင် ဂရေဟမ်ဂျုံးစ်က ထိုဖြစ်စဉ်ကို လေ့လာလျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်၊ ဇူလိုင် ၂၂ ရက် သို့မဟုတ် ဩဂုတ် ၅ ရက် စသည့် တရက်ရက်တွင် အချိန်အတိုဆုံးရက် ကြုံရနိုင်သည်ဟု ခန့်မှန်းထားသည်။

တနေ့တာအတွက် ၁ ဒသမ ၆၆ စက္ကန့်သာ ပိုတိုမည်ဖြစ်သောကြောင့် အလုပ် လုပ်ရက် တရက် လျော့သွား မည်တော့မဟုတ်ပေ။ သို့သော် ထိုအချိန်သည် မျက်တောင်တခတ်ထက်တော့ ပိုကြာပေတယ်လို့သိပံ့ပညာရှင်များပြောပီး နောက်နှစ်တွေမာတဖြေးဖြေးနေ့တာတွေတိုနိုင်တာကြောင့် ညတာရှည်မာကိုပညာရှင်များစိုးရိမ်နေကြတာဖြစ်ပါတယ် ကမ္ဘာကြီးကိုနေ့စဉ်တဲ့အမျှစောင့်ကြည့်နေရပီး ၂၀၂၅ တစ်နှစ်လုံး တစ်ရက်လောက်ကတော့ နေ့တာအတိုဆုံးနေ့ကိုကြုံးတွေ့ရနိုင်ပါတယ်လို့ ပညာရှင်များကခန်မှန်းပြောဆိုထားပီး ယခုနှစ်ပိုင်းအတွက်တော့စိုးရိန်စရာမရှိပေမဲ့နောင်တဖြေးဖြေးကြာလာရင်တဂယ်စိုးရိမ်ဖွယ်ရာကောင်းတယ်လို့သိရပါတယ်




Credit to original writer
╭───────༺♡༻───────╮
╰┈➤ #media9koe :✧˖°࿐
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤10🔥3🍓2
ကိုယ့်တန်ဖိုးနဲ့ ကိုယ်ရှိတယ်
****

ကိုယ့်လုပ်ရပ်အပေါ်
မယုံကြည်ခဲ့တဲ့ သူတွေကို
ဘယ်တော့မှ ပြန်အောက်မကျို့နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်ယုံကြည်မှုအပေါ်
သစ္စာဖောက်ခဲ့တဲ့ ချစ်သူကို
ဘယ်တော့မှ ပြန်လက်မခံနဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်စေတနာအပေါ်
ကျေးဇူးကန်းခဲ့တဲ့ သူတွေကို
ဘယ်တော့မှ လက်ဆွဲပြန်မနှုတ်ဆက်နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်ခင်မင်မှုအပေါ်
အသုံးချခဲ့ဖူးတဲ့ မိတ်ဆွေကို
ဘယ်တော့မှ ပြန်မယုံကြည်နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

ကိုယ့်နားလည်မှုအပေါ်
အခွင့်အရေးယူခဲ့တဲ့ သူတွေကို
ဘယ်တော့မှ ပြန်မယုံကြည်နဲ့
ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။

တန်ဖိုးရှိတဲ့အရာဆိုတာ
တန်ဖိုးသိသူရဲ့ ပတ်ဝန်းကျင်နဲ့
တန်ဖိုးနားလည်သူတွေရဲ့ အနားမှာပဲ
ရှိနေသင့်တယ်။

တန်ဖိုးမသိတဲ့ ပတ်ဝန်းကျင်နဲ့
တန်ဖိုးနားမလည်တဲ့ လူတွေအနားမှာရှိနေတဲ့အခါ
ကိုယ်ဟာတန်ဖိုးရှိပေမယ့်လဲ
အလိုလိုတန်ဖိုးမဲ့သွားလိမ့်မယ် ။


#Forward_Only
#credit
#Motivation
#Ruby
❤15⚡2❤‍🔥1
လမ်းမပေါ်က အလယ်မျဉ်းတွေအကြောင်း
_____________________

အလယ်မျဉ်းပြတ်

🔻နှစ်လမ်းမောင်းတွင် မျဉ််းပြတ်ကို ဖြတ်ကျော်၍ ကွေ့နိုင်၊ ဂ-ကွေ့လည်း ကွေ့နိုင်ပါတယ်။🔻တစ်လမ်းမောင်းတွင် မျဉ်းပြက်ကိုဖြတ်၍ ယာဉ်ကြော ကူးပြောင်းနိုင်ပါတယ်။
🔻အန္တရာယ်ကင်းပါက မျဉ်းပြတ်ကို ဖြတ်ကျော်၍ ရှေ့ယာဉ်ကို ကျော်တက်နိုင်ပါတယ်။
🔻မျဉ်းပြက်များကို ခွမမောင်းရပါ။

အလယ်မျဉ်း

🔻အလယ်မျဉ်းကို ဖြတ်ကျော်၍ မကွေ့ရ၊ ဂ-ကွေ့မကွေ့ရပါ၊ ယာဉ်ကြောလည်း မပြောင်းရပါ။
🔻အလယ်မျဉ်းကို ဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရပါ။
🔻အလယ်မျဉ်းကို ခွ၍ မမောင်းရပါ။

အလယ်မျဉ်းပြိုင်နှစ်ကြောင်း

🔻မျဉ်းပြိုင်နှစ်ကြောင်းကို အန္တရာယ်ဖြစ်နိုင်သည့် လမ်းကွေ့လမ်းကောက်များ၊ တံတားကျယ်များ၊ မြင်ကွင်းကွယ်နေသော ကုန်းထိပ်များစသည့်နေရာများတွင် အသုံးပြုပါတယ်။
🔻မျဉ်းပြိုင်နှစ်ကြောင်းကို လုံးဝဖြတ်မကျော်ရပါ၊ ဂ-ကွေ့မကွေ့ရပါ၊ ခွမမောင်းရပါ။
ရှေ့ယာဉ်ကိုလည်း ကျော်မတက်ရပါ။
🔻မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် ယာဉ်ရပ်နားခြင်းမပြုရပါ။

အလယ်မျဉ်းများ ၃မျိုးစလုံးပေါ်တွင် လမ်းလျှောက်ခြင်း၊ ရပ်နေခြင်း၊ စက်ဘီးစီးခြင်းများ မပြုလုပ်ရပါ။
အားလုံးပဲ ယာဉ်အန္တရာယ် ကင်းရှင်းကြပါစေ 🙏

#crd_to_fb
#Knowledge
#Ruby
❤10🍓3👌2