𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐈𝐧 𝐘𝐨𝐮𝐫 𝐀𝐫𝐞𝐚
2.16K subscribers
35 photos
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ Oct 26 , 2024 ❣️
Download Telegram
❝စွန့်လွှတ်သင့်တာ ~စွန့်လွှတ်ပါ❞
••••••••••••••••••••••••

🖤__ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးထားမိရင် ခြေထောက်ပေါက်ပြီး လိုရာခရီးမရောက်ပဲ နေမှာပေါ့
ဒါပေမယ့် ဒီဖိနပ်လေးကိုနှစ်သက်မိလို့၊စွန့်မပြစ်နိူင်လို့
အကြောင်းအမျိုးမျိုးပြပြီး နာကျင်ရက်နဲ့ သင် ဆက်စီးနေခဲ့မိလိမ့်မယ်။

🖤__ဒါဟာ...ကံ ဝဋ်ကြွေးမဟုတ်ရင် သင်ကိုယ်တိုင်က လိုလိုလားလားနဲ့ ဆုပ်ကိုင်ထားမိတဲ့နာကျင်မှုပါပဲ။

🖤__ဘဝမှာ
မချစ်သင့်မချစ်ထိုက်သူတွေ
မပေါင်းသင့် မပေါင်းအပ်သူတွေ
ပေးဆပ်မှုနဲ့ မတန်တဲ့အရာတွေ အများကြီးရှိနေတတ်တယ် ။

🖤__တွဲမရရင် ခွဲထွက်သွားဖို့
ဝန်မလေးပါနဲ့။ပြောမှသိ ၊ထိမှနာ၊ခိုင်းမှ လုပ်တဲ့ သူတွေနဲ့ အတူနေရခြင်းကလည်း ဝဋ်ကြွေး တစ်ခုလိုပါပဲ
ဒါကြောင့် အချစ်ရေး ဖြစ်ဖြစ်
လူမှုရေး၊စီးပွားရေး ဘယ်အရေးမှာမဆို ဒီလိုလူတွေနဲ့ ရှေ့ဆက်ခြင်းက သင့်ဘဝကို ပိုနစ်နာစေတဲ့အတွက်
အလိုက်တသိနဲ့ ကိုယ့်ဘက်ကပဲ စစွန့်လွှတ်လိုက်ပါ။

🖤__ဒါကိုပဲ နှစ်သက်လို့
ပြုပြင်လားမလား?
ပြောင်းလဲ လာမလား?ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ခရီးတစ်ခုကို နာနာကျင်ကျင်နဲ့ ဆက်သွားနေသူတွေရှိကြတယ်။

🖤__ဖိနပ် တစ်ရံကကိုယ်နဲ့ မတန်ရင် အနာခံပြီး ဆက်စီးနေမယ့်အစား သက်သောင့်သက်သာ ရှိမယ့် ဖိနပ်ကို ပြောင်းစီးလိုက်တာက လိုတဲ့ပန်းတိုင်ရောက်ပြီး သင့်အတွက်ပိုအဆင်ပြေမှာပါ။

🖤__တစ်ချို့အရာတွေက စွန့်လွှတ်သင့်ရင် စွန့်လွှတ်တတ်ရတယ် တစ်ကယ်တော့ ကိုယ့်ကိုနာကျင်စေတာက
ဖိနပ်မဟုတ်ဘူး ဒီအရာကို မစွန့်လွှတ်နိူင်တဲ့ကိုယ့်ရဲ့စိတ်ပါပဲ။

🖤__စွန့်လွှတ်သင့်တာ စွန့်လွှတ်လိုက်ခြင်းက ဒဏ်ရာကို သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။

🖤__ဒီလိုစွန့်လွှတ်ခဲ့ရတာတွေအတွက်
နောင်တမရပါနဲ့ ဒဏ်ရာတွေနဲ့
သင်ခန်းစာတွေ ပေါင်းစည်းလိုက်ရင် ကိုယ့်ဘဝအတွက် ပိုအကျိုးရှိပါတယ်။

မေဆု(ရာမညမြေ)
#Credit

#Forward_Only
#Motivation_Quote
#Ruby
🍓15👍3🕊2💯1
ကိုယ့်အတွက်ကိုပြန်ကြည့်ဖို့မမေ့ပါနဲ့



ကျွန်တော်တို့ဟာ ကိုယ့်မှာရှိတာကိုပဲ ပေးလို့ရတာပါ ...

ဆိုလိုတာ ပိုက်ဆံပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုပဲဖြစ်ဖြစ် သူတစ်ပါးကို ဝေမျှချင်တယ်ဆိုရင် ကိုယ့်မှာ အရင်ဆုံး ရှိနေဖို့ လိုပါတယ်။

ဒါကြောင့် ကူညီတာ ကောင်းပါတယ်။ ဒါပေမဲ့ 🫵 ကိုယ့်အတွက်လည်း ကိုယ်ပြန်ကြည့်ဖို့ မမေ့ပါနဲ့။


#BAWA101 #Motivation #Quotes

#forward_only
#Crd_to_bawa101
#Ruby
❤13🐳1
ညအိပ်မပျော်တာ ခံစားနေရတာလား!


ညဘက် အိပ်မပျော်ဘူးဆိုတာက အိပ်သင့်တဲ့သလောက် မအိပ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ အိပ်ရေးဝဝ မအိပ်ရတဲ့ သဘောပေါ့။ ကောင်းကောင်း မအိပ်ရတာ၊ အိပ်ပျော်ဖို့ ခက်တာ၊ အိပ်ချင်စိတ် ရှိပေမယ့် အိပ်လို့ မရတာမျိုးတွေပေါ့။ အချို့သောသူတွေအတွက်ကတော့ အိပ်မပျော်တာက ကြီးမားတဲ့ နှောင့်ယှက်မှု တစ်ခုကြီးပါ။



᯽ညအိပ်မပျော်တာ ခံစားနေရတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေကတော့ –

၁။ ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်တာ

၂။ အိပ်ရာထဲမှာ အကြာကြီး အချိန်ဖြုန်းနေရတာ

၃။ ညဘက်တွေ ပြန်ပြန်နိုးနေပြီး ပြန်အိပ်ဖို့ ခက်တာ

၄။ မနက်ခင်းကို အစောကြီး နိုးနိုးနေတာ

၅။ ကောင်းကောင်းအိပ်ပျော်တယ်ရယ်လို့ မရှိတာ

၆။ တစ်နေ့တာမှာ ခြေကုန်လက်ပမ်းတွေ ကျနေတာ

၇။ အာရုံစူးစိုက်ဖို့ ခက်တာ

၈။ စိတ်တိုစိတ်ဖိစီး လွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။



᯽ညဘက် အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင်

၁။ နေ့ခင်းဘက် မအိပ်ပါနဲ့

၂။ ကဖင်း၊ အယ်လ်ကိုဟော၊ ဆေးရွက်ကြီး ရှောင်ပါ

၃။ အိပ်ချိန်နဲ့ နီးနီး အစားမစားပါနဲ့

၄။ Screen time လျှော့ပါ

၅။ အာဟာရ မျှတအောင် စားပါ

၆။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

၇။ စိတ်ဖိစီးမှု လျှော့ချပါ




#Forward_Only
#Credit
#Knowledge
#Ruby
🍓29❤6👍1
ကိုယ့်အတွက်ကိုပြန်ကြည့်ဖို့မမေ့ပါနဲ့



ကျွန်တော်တို့ဟာ ကိုယ့်မှာရှိတာကိုပဲ ပေးလို့ရတာပါ ...

ဆိုလိုတာ ပိုက်ဆံပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုပဲဖြစ်ဖြစ် သူတစ်ပါးကို ဝေမျှချင်တယ်ဆိုရင် ကိုယ့်မှာ အရင်ဆုံး ရှိနေဖို့ လိုပါတယ်။

ဒါကြောင့် ကူညီတာ ကောင်းပါတယ်။ ဒါပေမဲ့ 🫵 ကိုယ့်အတွက်လည်း ကိုယ်ပြန်ကြည့်ဖို့ မမေ့ပါနဲ့။


#BAWA101 #Motivation #Quotes

#forward_only
#Crd_to_bawa101
#Ruby
❤8💯1
❀ အဆိုးမြင်တဲ့သူတွေရဲ့အတွေးအခေါ်ကနေ ဘယ်လိုရုန်းထွက်မလဲ။


➪ ၁။ သင့်တန်ဖိုးကိုသာ မြင့်တင်ပါ။


➪ ၂။ သင့်ရဲ့မကောင်းတဲ့အမြင်တွေကို ဖယ်ရှားပါ။


➪ ၃။ မကောင်းတဲ့အတွေးကို ကောင်းတဲ့ဘက်ကပြောင်းတွေးပါ။


➪ ၄။ သင်အပေါ်လွှမ်းမိုးထားတဲ့မကောင်းတဲ့အမြင်တွေကို သေချာဆန်းစစ်ပြီး ကျော်လွှားလိုက်ပါ။


➪ ၅။ မကောင်းတဲ့အမြင်နေရာမှာ အခြားတခုခုကို အစားထိုးလိုက်ပါ။


➪ ၆။ အကောင်းမြင်တဲ့လူတွေနဲ့များများထိတွေ့ဆက်ဆံပါ။


#Credit_to_BAWA101
#Knowledge
#Motivation
#Ruby
🔥9❤8🆒2🐳1🍓1🗿1
လူတစ်ယောက်ကိုသင်ယုံကြည်လို့ရတယ်ဆိုတာဘယ်လိုသိနိုင်ပါသလဲ။



𓆩၁𓆪စစ်မှန်တယ်။

စစ်မှန်တဲ့ ပင်ကိုယ်စရိုက်လက္ခဏာရှိတဲ့ သူမျိုးပေါ့။ အမူအကျင့်ကောင်းတွေရှိတယ်။ ဘယ်သူ့ကိုမှ အထက်စီးကနေ ဆက်ဆံလေ့မရှိဘူး၊ ဘယ်သူ့အပေါ်ကိုမှ ရောက်ဖို့မကြိုးစားဘူး။ ပြောရဆိုရ ပေါင်းသင်းဆက်ဆံရတာ ကောင်းတယ်။ ဒီလိုလူမျိုးကို သင်ယုံကြည်နိုင်ပါတယ်။


𓆩၂𓆪 စိတ်အပြောင်းအလဲမမြန်ဘူး။

လူတိုင်းမှာ အဆင်မပြေတဲ့နေ့ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေတိုင်းမှာ လိုက်ပြီး စိတ်ပြောင်းလဲနေမယ့်အစား ကောင်းသောစကားကို ဆိုတယ်၊ ကောင်းသော အပြုအမူတွေကိုသာ ဝေမျှတယ်၊ ခြုံပြောရရင် အကောင်းမြင်စိတ်ရှိသူပါ။ ဉာဏ်နဲ့ယှဉ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်ကြပါတယ်။


𓆩၃𓆪သိက္ခာရှိသူ။

မှန်တာကို ပြောရဲလုပ်ရဲသူဆိုရင် ယုံကြည်ထိုက်သူပါပဲ။ ကိုယ်ကျင့်သိက္ခာပြည့်စုံသူတစ်ယောက်ဟာ လူကြည့်ကောင်းရုံ ဟန်မဆောင်တတ်ပါဘူး။ တစ်ယောက်ထဲရှိနေချိန်မှာလဲပဲ တစ်သတ်မတ်ထဲမှာ နေထိုင်တတ်ပါတယ်။


𓆩၄𓆪 ကိုယ်ချင်းစာတရားရှိတယ်။

ငါသာသူ့နေရာမှာဆိုရင် ဆိုပြီးအခြားသူနေရာက ဝင်နေကြည့်ပေးလေ့ရှိပါတယ်။ ကိုယ့်အတ္တကိုယ်ရှေ့တန်းမတင်ဘူး၊ စာနာတတ်တယ်၊ အခြားသူတွေအတွက် တွေးပေးတတ်ပါတယ်။


𓆩၅𓆪 ကြင်နာတယ်။

ကိုယ့်အတွက် အဆင်ပြေမှသာ ပေါင်းသင်းတဲ့ သူမျိုးမဟုတ်ပါဘူး။ ကူညီနိုင်တာရှိရင် ကူညီပေးဖို့ အသင့်ရှိတယ်၊ ကြင်နာသနားစိတ်အခံ ရှိသူပါ။


𓆩၆𓆪 ဗဟုသုတ ကြွယ်ဝတယ်။

အမြဲတမ်းသင်ယူနေတယ်၊ တိုးတက်မှုကို ရှာဖွေနေတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ အတော်ဆုံးဖြစ်သွားပြီလို့ မတွေးတတ်ဘူး၊ သင်ယူစရာတွေများစွာ ကျန်သေးတယ်ဆိုတာကို သိတယ်။ ကိုယ်သိထားတာတွေကိုလဲ ပြန်လည် ဝေမျှပေးတတ်ပါတယ်။


𓆩၇𓆪 ကူညီတတ်သူ။

ကိုယ်တိုင်လဲ ကူညီတယ်၊ လိုအပ်တဲ့ အတွေ့အကြုံ၊ ဗဟုသုတရှိနေသူတွေ၊ ကူညီပေးနိုင်သူတွေနဲ့ ချိတ်ဆက်ပေးတယ်။ ယုံကြည်ထိုက်သူဆိုတာပြောရရင် တံတားတစ်စင်းနဲ့သူပါတယ်။


𓆩၈𓆪 နှိမ့်ချတယ်။

ကိစ္စတစ်ခုအောင်မြင်သွားတိုင်း ကိုယ်တစ်ယောက်ထဲ တော်လို့မဟုတ်ဘူးဆိုတာကို သိထားတယ်၊ အခြားသူတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတယ်၊ နေရာပေးတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပါတယ်။


𓆩၉𓆪 အချိန်ပေးတယ်။

ကိုယ့်ရဲ့ ကူညီမှု၊ အကြံဉာဏ်လိုအပ်နေသူတွေအတွက် အချိန်ပေးတယ်။ ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ ကူညီဖေးမပေးတတ်ကြတယ်။
အဲ့ဒီလိုအချက် ၉ ချက်နဲ့ ပြည့်စုံတဲ့သူ၊ ကိုယ်နဲ့ လည်းအံဝင်ခွင်က ျဖြစ်တဲ့မိတ်ဆွေမ ျိုးတွေပိုင်ဆိုင်ထားတယ်ဆိုရင်တော့သင်ဟာတစ်ကယ်ကံကောင်းတဲ့သူတစ်ယော်ပဲဖြစ်ပါတယ်။ အားလုံးပဲဒီလိုမိတ်ဆွေကောင်းတွေအမ ျားကြီးပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


( Join & Reac လေးလုပ်သွားပေးပါဦးရှင့် 💗 )

Crd to #BAWA101
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤43👍5👎1🍓1🆒1
(၂၄)ပစ္စည်း မြန်မာပြန် အကျဉ်း



၁။ ဟေတုပစ္စယော- အရင်းခံအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ (လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ)

၂။ အာရမ္မဏပစ္စယော- အာရုံဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ (ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ)

၃။ အဓိပတိပစ္စယော- အကြီးအမှူးခေါင်းဆောင်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ (ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသ(ပညာ))

၄။ အနန္တရပစ္စယော- အခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၅။သမနန္တရပစ္စယော-ကောင်းစွာအခြားမဲ့ဆက်တိုက်ဖြစ်၍ ကျေးဇူးပြုတတ် သော တရား။

၆။ သဟဇာတပစ္စယော- အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၇။ အညမညပစ္စယော- အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား။

၈။ နိဿယပစ္စယော- မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၉။ ဥပနိဿယပစ္စယော- အားကြီးသော မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁၀။ ပုရေဇာတပစ္စယော- ရှေ့မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁၁။ ပစ္ဆာဇာတပစ္စယော- နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁၂။ အာသေ၀နပစ္စယော- မှီဝဲထုံရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁၃။ ကမ္မပစ္စယော- ကုသိုလ်ကံ၊ အကုသိုလ်ကံ စေတနာဖြစ်၍ ကျေးဇူးပြု တတ်သော တရား။

၁၄။ ဝိပါကပစ္စယော- အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁၅။ အာဟာရပစ္စယော- ရုပ်နာမ်အာဟာရအဖြစ် ထောက်ပံ့၍ ကျေးဇူးပြု တတ်သော တရား။

၁၆။ ဣန္ဒိယပစ္စယော- ဆိုင်ရာကိစ္စများ၌ အစိုးရခြင်းဖြင့် ကျေးဇူးပြုတတ် သော တရား။

၁၇။ ဈာနပစ္စယော- စူးစူးစိုက်စိုက်နှင့် ဆန့်ကျင်ဘက်ကို ဖျက်ဆီး၍ ကျေးဇူးပြုတတ်သော တရား။

၁၈။ မဂ္ဂပစ္စယော- လမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၁၉။ သမ္ပယုတ္တပစ္စယော- တစ်သားတည်း ယှဉ်ဘက်ဖြစ်၍ ကျေးဇူးပြုတတ် သော တရား။

၂၀။ ဝိပ္ပယုတ္တပစ္စယော- မယှဉ်ဘဲ ကျေးဇူးပြုတတ်သော တရား။

၂၁။ အတ္ထိပစ္စယော- ရှိပြီးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

၂၂။ နတ္ထိပစ္စယော- မရှိဘဲ ကျေးဇူးပြုတတ်သော တရား။

၂၃။ ဝိဂတပစ္စယော- ကင်း၍ ကျေးဇူးပြုတတ်သော တရား။

၂၄။ အဝိဂတပစ္စယော- မကင်းဘဲ ကျေးဇူးပြုတတ်သော တရား။




( Reacလေးပေးပြီး Join ပေးသွားပါဦးနော် 💗 )

╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤84👍4
၀က်ခြံအမာရွတ်တွေကို ဘယ်လိုဖယ်ရှားမလဲ။




𓆩၁𓆪 ရှောက်ရည်ဖြင့် အမာရွတ်ဖယ်ရှားခြင်း

ရှောက်ရည်မှာ အရေပြားကို လင်းစေတဲ့အစွမ်းရှိပါတယ်။ အက်ဆစ်ဓာတ်ပါဝင်တဲ့အတွက် အနက်ရောင်အစက်အပြောက်တွေကို ပါးလာစေနိုင်ပါတယ်။ ရှောက်သီးစိတ်၂စိတ်ခန့်လှီးပါ။ အရည်ကို ညှစ်ပြီး ဂွမ်းလေးနဲ့ တို့ကာ ဝက်ခြံအမာရွတ်တွေအပေါ်သုတ်လိမ်းပေးပါ။ ၁၀မိနစ်ကနေ မိနစ် ၃၀ခန့်ထားပြီးရေဆေးလိုက်ပါ။ တစ်နေ့လျှင် နှစ်ကြိမ်ခန့်လုပ်ပါ။ ၆ပတ်လောက်ကြာတဲ့အထိ စွဲလုပ်သင့်ပါတယ်။ သင့်ရဲ့ဝက်ခြံအမာရွတ်တွေ တဖြေးဖြေးပါးလာတာကို တွေ့ရပါလိမ့်မယ်။
ရှောက်ရည်နဲ့ ဗီတာမင်အီးအဆီလေးကို ဆတူရောပြီး ဝက်ခြံအမာရွတ်ရှိတဲ့အပေါ်မှာ သုတ်လိမ်းပေးလို့လည်း ရပါတယ်။ ဗီတာမင်အီးအဆီက သင့်ရဲ့အရေပြားအရောင်ကို ပြန်လည်လှပလာစေပြီး လန်းဆန်းမှုကိုခံစားရပါလိမ့်မယ်။ တစ်နေ့မှာ ၂ကြိမ် ၊ ၃ကြိမ်ခန့်လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီလိုမလိမ်းကျံခင်မှာတော့ မျက်နှာကိုသန့်ရှင်းအောင် ဆေးကြောထားသင့်ပါတယ်နော်။
ရှောက်ရည်နဲ့ သင့်အရေပြားကို သုတ်လိမ်းထားချိန်မှာ နေရောင်ခြည်ရဲ့ အပူရှိန်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားသင့်ပါတယ်။


𓆩၂𓆪 အာလူးဖြင့် အမာရွတ်ဖယ်ရှားခြင်း

အာလူးကရတဲ့အရည်က ဝက်ခြံအမာရွတ်ဖယ်ရှားဖို့အတွက် အကောင်းဆုံးအာနိသင်ပါဝင်ပါတယ်။ အာလူးကို ပါးပါးလေးလှီးလိုက်ပါ။ လှီးထားတဲ့အာလူးနဲ့ အမာရွတ်ရှိရာကို ပွတ်တိုက်ပေးပါ။ အာလူးရဲ့အစေးက အရေပြားထဲကိုစိမ့်ဝင်သွားပါလိမ့်မယ်။ အစေးမရှိတော့ဘူးလို့ ခံစားရတဲ့အထိ ပွတ်ပေးပါ ။ ၁၀ မိနစ် နဲ့ မိနစ် ၂၀ကြားကြာအောင် ပွတ်တိုက်ပေးပါ။ နေ့စဉ်ပြုလုပ်လို့ရပါတယ်။ သင့်ရဲ့အမာရွတ်တွေ လျင်မြန်စွာ ပါးလာတာကိုတွေ့ရမှာပါ။ ၁၀မိနစ်ခန့်ကြာတဲ့အခါမှာတော့ ရေနဲ့ဆေးချလိုက်လို့ရပါပြီ။


𓆩၃𓆪 Apple Cider Vinegar ဖြင့် အမာရွတ်ဖယ်ရှားခြင်း

Apple cider vinegar က ဝက်ခြံအတွက်ကော၊ ဝက်ခြံအမာရွတ်အတွက်ကော သုံးနိုင်ပါတယ်။ အရေပြားက အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကို သေစေတဲ့အတွက် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့အက်ဆစ်ဓာတ်ကြောင့် အရေပြားကို ပိုပြီး လင်းလက်လာစေနိုင်ပါတယ်။ Apple Cider Vinegar တစ်ဇွန်းကို ရေနဲ့ ရောပြီး ဂွမ်းလေးနဲ့ဆွတ်ပြီးလိမ်းနိုင်ပါတယ်။ ၁၀မိနစ် ၁၅မိနစ်ခန့်မှာ ရေနဲ့ဆေးကြောနိုင်ပါတယ်။


𓆩၄𓆪 လက်ဖက်ဆီ

လက်ဖက်ပင်ကရတဲ့အဆီက ဆေးဘက်ဝင်ပြီး အခြားအကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ မှိုနဲ့ပတ်သက်တဲ့ပြဿနာတွေ၊ ဘက်တီးရီးယားပြဿနာတွေအတွက် မရှိမဖြစ်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် ဝက်ခြံအမာရွတ်အတွက် အသုံးပြုလို့ ရပါတယ်။ လက်ဖက်ဆီ ၂စက် ၃စက်ခန့်ကို ရေနဲ့ရောပြီး အမာရွတ်ပေါ်သုတ်လိမ်းပေးနိုင်ပါတယ်။ သင့်အသားအရေစိုပြေဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ အရေပြားကို ရေဓာတ်ပြည့်ဝစေပါတယ်။


𓆩၅𓆪 မုန့်ဖုတ်ဆော်ဒါ

အက်ဆစ်ဓာတ်ပါဝင်တဲ့ပစ္စည်းတွေနဲ့ မတူဘဲ အကျိုးရလဒ်ကောင်းတွေရှိပါတယ်။ အရေပြားကို အကျိုးသက်ရောက်မှုရှိစေပြီး အမာရွတ်ကို ဖယ်ရှားနိုင်ပါတယ်။ အရေပြားက အနက်ရောင်အစက်အပြောက်တွေကို ဖယ်ရှားစေနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ပျစ်ပျစ်လေးဖော်ပြီး အမာရွတ်တစ်ဝိုက်ကိုသုတ်လိမ်းပေးပါ။ ရေနွေးလေးနဲ့ ဆေးကြောပစ်ပါ။ တစ်ပတ်မှာ ၂ကြိမ် ၃ကြိမ် အိပ်ရာမဝင်မီလုပ်ပေးနိုင်ပါတယ်။



( Join & Reac လေး ပေးသွားကြပါဦးနော်💗 )


Crd to #BAWA101
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤‍🔥20❤12👍2🍓1
အစိမ်းရောင်ပြောင်းနေတဲ့အာလူးကအဆိပ်ဖြစ်စေတယ်ဆိုတာ သင်သိပါသလား။



အာလူးအစိမ်းရောင်ပြောင်းခြင်းက သဘာဝဖြစ်စဉ်ပါပဲ။ အာလူးတွေက အလင်းရောင်နဲ့ထိတွေ့တဲ့အခါ ကလိုရိုဖီးလ်တွေကို ထုတ်လုပ်ပါတယ်။ အဲဒါကနေ အာလူးရဲ့အခွံအရောင်ပြောင်းစေပြီး အစိမ်းရောင်အဖြစ်ပြောင်းလာစေပါတယ်။ အာလူးအခွံမှာအမည်းရောင်သန်းလာပြီး အရောင်ပြောင်းသွားတော့တာပါပဲ။ ကလိုရိုဖီးလ်ကနေ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ အလင်းကနေ အပင်အဖြစ်ရှင်သန်ဖို့စွမ်းအင်ကိုရစေပါတယ်။
ရေနဲ့ နေရောင်ခြည်ထိတွေ့ပြီး အပင်အဖြစ်ရှင်သန်ကာ အောက်ဆီဂျင်ကိုထုတ်လွှတ်ပေးတာဖြစ်ပါတယ်။

ဒါပေမယ့် အာလူးမှာတော့ အစိမ်းရောင်ပြောင်းသွားတဲ့အခါ အဆိပ်ဓာတ်တစ်မျိုးဖြစ်တဲ့ solanine ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပါတယ်။
Solanine ဆိုတဲ့ဓာတ်က သင့်အူထဲမှာ မကောင်းတဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ထိုဓာတ်က အာလူးရဲ့အခွံမှာပါပါတယ်။ အပင်အဖြစ်ပြောင်းတဲ့အခါ ပမာဏများလာတော့တာပါပဲ။ အလင်းနဲ့ထိတွေ့တာများလေ ထိုဓာတ်ထုတ်လုပ်မှုများလေပါပဲ။ အစိမ်းရောင်ရှိနေခြင်းက ထိုဓာတ်များလာတာကို ပြသနေတဲ့လက္ခဏာတစ်မျိုးပါပဲ။

အစိမ်းရောင်ပြောင်းနေတဲ့အာလူးကိုစားမိတဲ့အခါ အော့အန်ခြင်း၊ အော်ကလီဆန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။ ထိုထက်ပြင်းထန်တဲ့အခါ ကိုယ်လက်အကြောသေခြင်း၊ ကိုမာဖြစ်ခြင်းသာမက အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် အာလူးကို အခွံနွှာလိုက်တဲ့အခါ အစိမ်းရောင်ပြောင်းနေတဲ့အာလူးကို ချက်ပြုတ်စားသောက်တာမျိုးမလုပ်သင့်ပါဘူး။


( Join & Reac လေး ပေးသွားကြပါဦးနော်💗 )



Crd to #BAWA101
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤15👍6
🚨🚨🚨မြန်မာပြည်ကငလျင်ကြီးဖြစ်ပြီးရင်ကြောက်နေကြတာက
နောက်ဆက်တွဲငလျင်ပဲထင်နေကြတာနော်

သမိုင်းတစ်လျှောက်နိုင်ငံအသီးသီးမှာမှာငလျင်ဖြစ်ပြီးရင်
နောက်ဆက်တွဲအဆိုးဆုံးကကူးစက်ရောဂါတွေဆိုတာကိုမေ့နေကြတယ်
ဘယ်ပညာရှင်တွေကမှလည်းပြောပြနေတာမတွေ့ကြဘူး

ကျွန်တော် video တွေ online ကနေလေ့လာကြည့်ရသလောက်တော့နောက်ဆက်တွဲရောဂါတွေအများကြီးဖြစ်နိုင်ပါတယ်
ခေတ်အဆက်ဆက်လည်းငလျင်ဖြစ်ပြီးတိုင်းကာကွယ်ရခက်တဲ့လက္ခဏာတွေပါ
အဓိကတော့ငလျင်ဖြစ်ပြီးရင်ငလျင်ဒဏ်ထိတဲ့လူတိုင်းကနေရာတစ်ခုတည်းမှာတစ်စုတစ်ဝေးထဲမေထိုင်လာတတ်ကြပါတယ်
အဲ့အချိန်မှာရောဂါပြံ့နံ့မှုကကြောက်စရာအကောင်းဆုံးပါ
မြန်မာပြည်ရဲ့အခုအခြေအနေနဲ့ဆိုကြည့်ပေးမဲ့သူကမရှိရင်ပိုဆိုးနိုင်ပါတယ်
မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်ထားကြပါဗျာ
အောက်မှာတော့ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကိုစုစည်းပေးထားပါတယ်

ငလျင်ဖြစ်ပြီးနောက် ဖြစ်ပွားနိုင်သော ရောဂါများ

---
၁။ ထိခိုက်ဒဏ်ရာနှင့် ဆက်စပ်သော ရောဂါများ
1. ဒဏ်ရာပိုးဝင်ခြင်း
- သွေးဆိပ်တက်ခြင်း (Sepsis)၊ ကြွက်သားပုပ်ရောဂါ (Gas Gangrene)။
- ခြေဆောင့်ပြတ်ရောဂါ (Tetanus) : မြေကြီး/သံချေးတို့နှင့် ထိတွေ့သောဒဏ်ရာမှ ကူးစက်နိုင်။

2.ဖိမိနေသော ကြွက်သားရောဂါ (Crush Syndrome)
-ကြွက်သားများပျက်စီးကာ ကျောက်ကပ်ပျက်ခြင်း၊ ပိုတက်စီယမ်များခြင်း။

၂။ ရေ/အစားအသောက်မှ ကူးစက်သော ရောဂါများ*
- *ဝမ်းပျက်ဝမ်းလျှောရောဂါများ*
-ကာလဝမ်းရောဂါ (Cholera)၊ သွေးဝမ်းရောဂါ (Dysentery)၊ တိုင်ဖွိုက်ရောဂါ (Typhoid)။
- အသည်းရောင် အသားဝါ A နှင့် E (Hepatitis A & E)

၃။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
- တုပ်ကွေး (Influenza)
- ကိုရိုနာဗိုင်းရပ်စ် (COVID-19)
- တီဘီရောဂါ (Tuberculosis)
- နမိုးနီးယား (အဆုတ်ရောင်ရောဂါ)

၄။ ခြင်/ကြွက်မှ ကူးစက်သော ရောဂါများ
-ငှက်ဖျားရောဂါ (Malaria)
-သွေးလွန်တုပ်ကွေးရောဂါ (Dengue)
-ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis)
-ကြွက်မှတစ်ဆင့် ကူးသောရောဂါ (Leptospirosis)

၅။ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ
- ဝက်သက်ရောဂါ (Measles)
-ဆုံဆို့ရောဂါ (Diphtheria)
-ကြက်ညှာချောင်းဆိုးရောဂါ (Whooping Cough)

၆။ စိတ်ပိုင်းဆိုင်ရာ ရောဂါများ
- စိတ်ဒဏ်ရာနောက်ဆက်တွဲ (PTSD)၊စိတ်ကျရောဂါ (Depression)၊ စိုးရိမ်ပူပန်မှုများ (Anxiety)

*ကာကွယ်ရန် အကြံပြုချက်များ*
1. သန့်ရှင်းသောရေကို သောက်ပါ၊ ရေကို ကျိုချက်ပါ။
2. လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။
3. ခြင်နှင့်ကြွက်များကို ဖယ်ရှားပါ (ပိုးသတ်ဆေးဖြန်းခြင်း၊ ရေအိုင်များကို ဖုံးအုပ်ခြင်း)။
4.*အရေးပေါ်ကာကွယ်ဆေးများ*(တက်တန့်၊ ဝက်သက်) ထိုးပါ။
5. လူစုလူဝေးရှောင်ပါ၊ နှာခေါင်းစည်းတပ်ပါ။

သတိပြုရန် ရောဂါလက္ခဏာတစ်ခုခုပေါ်ပါက ဆေးရုံ/ဆေးပေးခန်းသို့ အမြန်သွားပါ။ 🚨🚨🚨

ကျွန်တော်ချစ်တဲ့မြန်မာပြည်ကြီးမြန်မြန်နေပြန်ကောင်းပါစေ
လူတိုင်းပြန်ပြီးအဆင်ပြေပြေပြန်ဖြစ်ကြပါစေဗျာ
လှူဒါန်းနိုင်တဲ့သူများလည်းများများလှူဒါန်းပေးဖို့တိုက်တွန်းချင်ပါတယ် 🙏




( မူရင်းရေးသားသူအား လေးစားစွာဖြင့် crd ပါရှင့် )


CH လေးကို Reac ပေးပြီး Join ပေးသွားကြပါဦးနော် 💗
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤25👍2🕊1
1. "One step at a time is still progress."
➤ တစ်ခြေလှမ်းချင်းစီက တိုးတက်မှုတစ်ခုပါ။


2. "You don’t have to be perfect. You just have to be consistent."
➤ သင်ပြည့်စုံနေဖို့မလိုဘူး။ တက်ကြွမှုအမြဲရှိဖို့ပဲလိုတယ်။


3. "Doubt kills more dreams than failure ever will."
➤ သံသယက မအောင်မြင်တာထက် ပိုများတဲ့အိပ်မက်တွေကိုဖျက်စီးတတ်တယ်။


4. "Fall seven times, stand up eight."
➤ ခုန်ဖောက်သွားတတ်တာထက် ပြန်တက်လာတတ်တာက ပိုအရေးကြီးတယ်။


5. "Push yourself, because no one else is going to do it for you."
➤ မင်းကိုယ်တိုင်ကို မင်းမလှုံ့ဆော်ရင် ဘယ်သူမှ မလုပ်ပေးနိုင်ဘူး။


6. "Discipline is doing it even when you don’t feel like it."
➤ စည်းကမ်းရှိခြင်းဆိုတာ မလုပ်ချင်ချိန်မှာတောင် လုပ်တတ်ခြင်းပဲ။


7. "Your only limit is your mind."
➤ မင်းရဲ့ကန့်သတ်ချက်က မင်းစိတ်ထဲမှာပဲရှိတယ်။


8. "Dream. Plan. Do."
➤ အိပ်မက်မြင်။ အစီအစဉ်တကျဆွဲ။ ဆောင်ရွက်။


9. "Work in silence, let success make the noise."
➤ တိတ်တိတ်လေးလုပ်၊ အောင်မြင်မှုက ဆူညံသံဖြစ်စေလိုက်။


10. "You didn’t come this far to only come this far."
➤ ဒီအထိရောက်လာတာက ဒီအထိနဲ့ရပ်နေရန်မဟုတ်ဘူး။




( သဘောကျတယ်ဆို Join and Reac လေးပေးခဲ့ဦးနော် 💗 )

╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Motivation :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤20🕊3🥰1
အောက်ကို မှောက်ကျသွားတဲ့
ကော်ဖီတစ်ခွက်ကို ဘယ်သူကမှ လျှာနဲ့ မလျက်ဘူး ၊
အသစ်တစ်ခွက် ထပ်မှာရင် မှာမယ် ၊

.
သူ့မှာ အနံ့ အရသာ အပြင်အဆင် တန်ဖိုးကြီးတယ် ဆိုပေမဲ့လဲ
ကြမ်းပြင်ပေါ်မှာ ဖိတ်ကျသွားရင်


နှမြောတသပဲ ဖြစ်ကြမှာ ၊ နှမြောတယ် ဆိုပီးတော့
လျှာနဲ့တော့ မလျက်ပါဘူး ၊
အဲ့ဒီကော်ဖီက သူက တန်ဖိုးမဲ့သွားပြီလေ။


ဒီလိုပဲကွာ
လူတစ်ယောက်ဟာ
အဆင့်အတန်းကြီးမားပါသော်လဲ
ပညာဉာဏ်ပြည့်ဝပါသော်လဲ
ရုပ်ရှည်ချောမောပါသော်လဲ


ကိုယ်ကျင့်တရား ချို့ယွင်းသွားရင်
ဘယ်သူမှ ပေါင်းသင်းချင်မှာ မဟုတ်တော့ဘူး ။


ကိုယ်ကျင့်တရား မကောင်းတာ တစ်ချက်တည်းနဲ့
ဂုဏ်ပုဒ်များစွာဟာ မြောင်းထဲကျသွားခဲ့ပြီ ၊


ခနက ကော်ဖီတစ်ခွက်လိုပဲ
အနံ့ အရသာကောင်းတာတွေ
စျေးကြီးတာတွေ
အပြင်အဆင်ကောင်းတာတွေ
ကြမ်းပြင်ပေါ် မှောက်သွားတဲ့အခါ
တန်ဖိုးမဲ့သွားသလိုပေါ့။




╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Motivation :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤19💯6👍3❤‍🔥1🍓1
ကိုယ်အလေးချိန်ကို ကျန်းကျန်းမာမာနဲ့
ဘယ်လို လျှော့ချမလဲ။
================================


ကိုယ်အလေးချိန်ကို လျှော့ချတာ (ဝိတ်ချတာ) က အစားအစာကို နည်းနည်းချင်းစီ လျှော့စားသွားရင်း ကာလရှည်ကြာ စိတ်ရှည်ရှည်နဲ့လုပ်ဆောင်ရမယ့် ကိစ္စပါ။


တစ်ပတ်ကို ၁ ပေါင်ကနေ ၂ ပေါင်လောက်ကျစေဖို့အတွက် ဝိတ်ကျစေတယ်ဆိုတဲ့ အစားအစာတွေ၊ ကုန်ပစ္စည်းတွေကို သုံးစွဲတာမျိုး မလုပ်ပါနဲ့။ ဒီ ပစ္စည်းတွေက ဝိတ်ကျစေတယ်ဆိုပေမယ့် အကောင်းဆုံးသော ဝိတ်ချနည်းက ကျန်းမာတဲ့ အစားအစာတွေကို စားရင်း အချိန်လေးယူပြီး ဝိတ်ချတဲ့ နည်းပါ။


ဝိတ်ချတယ်ဆိုတာက ချက်ချင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အတိုင်းအတာအထိ ကျသွားဖို့ မလွယ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အစားအစာတွေအပေါ် တုံ့ပြန်ပုံချင်း မတူတာ၊ မျိုးဗီဇ နဲ့ အခြား ကျန်းမာရေး အခြေအနေတွေကြောင့် ဝိတ်ချတဲ့နည်းက လူတစ်ယောက်မှာ အလုပ်ဖြစ်ပေမယ့် အခြားသူမှာ အလုပ်မဖြစ်တာမျိုး ရှိနိုင်ပါတယ်။


ဝိတ်ချဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစားအစာကို ပမာဏ မှန်မှန် စားပေးတာ လေ့ကျင့်ခန်းလုပ်တာတွေက ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကျစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်မှာပါ။ ဝိတ်ချနေတဲ့အခါ အာဟာရပြည့်ဝ ကောင်းမွန်တဲ့ အစားအစာတွေ၊ အပင်ကနေထုတ်ထားတဲ့ အစားအစာတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို စားပေးဖို့ လိုပါမယ်။ ဂျုံ၊ သကြား၊ အသွင်ပြောင်း အဆီ၊ ပြပြင်ထားတဲ့ အစားအစာ (ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ ဘာဂါ၊ ခေါက်ဆွဲခြောက်) တို့ကို ရှောင်ရပါမယ်။


လေ့ကျင့်ခန်း လုပ်တာကလည်း ဇီဝကမ္မဖြစ်စဉ်ရဲ့ လုပ်ဆောင်မှုနှုန်းကို မြန်စေနိုင်ပြီး ကြွက်သားဖြစ်စေနိုင်တာကြောင့် ဝိတ်ချနေချိန်မှာ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုပါမယ်။


×××××××××××××××××××××××××××××××××××××××

#Forward_Only
#do_not_copy
#crd_to_Gg
#Knowledge
#Ruby
❤6🍓1
အသီးတွေကို စားသုံးခြင်းက အူမကြီးကိုသန့်စင်ပေးဖို့ အထိရောက်ဆုံးသဘာဝနည်းလမ်းတစ်မျိုးပါပဲ။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အူမကြီးကိုသန့်ရှင်းပေးဖို့လိုပါတယ်။ အူမကြီးသန့်စင်ခြင်းက အာရုံကြောတွေရဲ့လုပ်ဆောင်ချက်တွေနဲ့ စိတ်ခံစားချက်တွေအပေါ်လည်း သက်ရောက်မှုရှိစေပါတယ်။ အူမကြီးထဲမှာ အဆိပ်အတောက်တွေ ကင်းစင်အောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ အဆိပ်အတောက်ဖြစ်စေတာတွေလည်း ပါနေနိုင်ပါတယ်။ အူထဲမှာ ကူးစက်နိုင်တဲ့ရောဂါပိုးတွေကြောင့် အူမကြီးရောင်ရမ်းတာမျိုးတွေထိ ဖြစ်စေနိုင်ပါတယ်။ အော့အန်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာအိမ်နာခြင်းတွေပါ ဖြစ်စေနိုင်ပါတယ်။ အသီးအနှံတွေစားပေးခြင်းက အူမကြီးကို သန့်ရှင်းပြီးသားဖြစ်စေပါတယ်။ အူနဲ့အစာအိမ်ပြဿနာတွေဖြစ်ခြင်းကိုလည်း ကူညီပေးနိုင်ပါတယ်။ အဲဒါက ကျန်းမာခြင်းရဲ့အခြေခံလည်းဖြစ်ပါတယ်။ အောက်ကဖော်ပြထားတဲ့အသီးအနှံတွေက သင့်ရဲ့အူကို သန့်ရှင်းစေပါတယ်။
❤4
❝ အူမကြီးကို သန့်စင်ပေးနိုင်သောအစားအစာ ၆မျိုး ❞
ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ


❶ ❛ ပန်းသီး ❜

ပန်းသီးက နာကျင်ခြင်းကိုကုစားပေးနိုင်တဲ့အသီးဖြစ်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်လည်းကြွယ်ဝပါတယ်။ soluble fiber ကြောင့် အူမကြီးကို သန့်စင်စေပါတယ်။ မနက်ခင်းတိုင်းပန်းသီးစားပေးခြင်းက အူမကြီးရဲ့လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပေးဖို့ကူညီနိုင်ပါတယ်။ အော့ကလီဆန်ခြင်းကိုလည်း သက်သာစေပါတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ဓာတ်ပေါင်းတွေလည်းပါဝင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❷ ❛ ငှက်ပျောသီး ❜

ငှက်ပျောသီးမှာ သဘာ၀ antacids ဓာတ်ပါဝင်ပြီး ချောကလက်အစားထိုးစားသုံးပေးခြင်းဖြင့် အူမကြီးရဲ့လုပ်ဆောင်မှုတွေကို အထောက်အကူဖြစ်စေပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝခြင်းကြောင့် ဝမ်းပျက်ခြင်းကိုလည်း သက်သာစေပါတယ်။ ရုတ်တရက်ကြွက်တက်ခြင်းနဲ့ ခန္ဓာကိုယ်မှာ အခြားသော မသက်မသာဖြစ်ခြင်းများကိုလည်း သက်သာစေနိုင်ပါတယ်။ အူမကြီးကိုသန့်စင်ပေးနိုင်ပြီး အူမကြီးလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေတဲ့သဘာဝနည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❸ ❛ သင်္ဘောသီး ❜

သင်္ဘောသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး papain လို့ခေါ်တဲ့ enzyme တစ်မျိုးပါဝင်ပါတယ်။ ထိုအင်ဇီုင်းက အစာခြေစနစ်ကို တိုးတက်စေပါတယ်။ carotene ပါဝင်မှုကြောင့် အူထဲက ရောင်ရမ်းခြင်းကိုလျော့ကျဖို့ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့်အူမကြီးကိုသန့်စင်စေဖို့ အကျိုးများပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❹ ❛ ဖရဲသီး ❜

ရေဓာတ်ပါဝင်မှုများတာကြောင့် အဆိပ်အတောက်ပြေစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❺ ❛ Raspberries ❜

Raspberries သီးမှာ ပန်းသီးကဲ့သို့ Pectin ပါဝင်မှုကြောင့် အူတွေရဲ့လုပ်ဆောင်ချက်ကို အထောက်အကူဖြစ်စေပြီး အဆိပ်အတောက်တွေကို စုပ်ယူပစ်နိုင်ပါတယ်။

ᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐᚐ

❻ ❛ နာနတ်သီး ❜

Pectin ပါဝင်မှုကြောင့် အစာကြေစေပါတယ်။ ဝမ်းဗိုက်နာကျင်ခြင်းနဲ့ ဂတ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူထဲက ကူးစက်ရောဂါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အူမကြီးကို သန့်စင်စေပြီး ဝိတ်ကျစေပါတယ်။

ᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔᚔ




꒰📎꒱ Posted by: 𖤐 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗜𝗻 𝗬𝗼𝘂𝗿 𝗔𝗿𝗲𝗮 ♡


𝙲𝚛𝚍 𝚝𝚘 𝙱𝙰𝚆𝙰101
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Do_Not_Copy :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤22👍2🍓1