𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐈𝐧 𝐘𝐨𝐮𝐫 𝐀𝐫𝐞𝐚
2.14K subscribers
35 photos
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗

❣️ Oct 26 , 2024 ❣️
Download Telegram
𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐈𝐧 𝐘𝐨𝐮𝐫 𝐀𝐫𝐞𝐚
Photo
သံပုယိုသီးနဲ့ သံပုရာသီး ဘာကွာလဲ
•~•~•~•~•~•~•~•~•~•~•~•~•~•~•~


သံပုယိုသီးနဲ့ သံပုရာသီး ဘာကွာလဲဆိုတာ သိပြီးကြပြီလား။လူတွေအများအားဖြင့်တော့ ဒီအသီးနှစ်မျိုးလုံးက တူညီတယ်လို့ထင်ကြပါတယ်။သံပုယိုသီးရဲ့ပုံစံကတော့ ဥပုံစံရှ်ိပြီး သံပုရာသီးကတော့ ဝိုင်းဝိုင်းလေးပုံစံရှိပါတယ်။ သံပုရာသီးက အစိမ်းရောင် (သို့) အဝါရောင်အဆင်းရှိပြီး ချဉ်တဲ့အရသာရှိပါတယ်။ သံပုယိုသီးကတော့ ချဉ်ပြီး အဝါရောင်တောက်တောက်အဆင်းရှိပါတယ်။

အသီးနှစ်မျိုးလုံးကတော့ Vitamin C ကြွယ်ဝပါတယ်။ သံပုယိုသီးတစ်လုံးမှာတော့ ပျှမ်းမျှအားဖြင့် Vitamin C (၅၃)မီလီဂရမ်ပါဝင်ပြီး သံပုရာသီးတစ်လုံးမှာတော့ Vitamin C (၂၉) မီလီဂရမ်ပါဝင်ပါတယ်။ သံပုရာသီးမှာ Vitamin A ပါဝင်မှုပိုများပြီး သံပုယိုသီးမှာတော့ ဖောလိတ်အက်စစ်နဲ့ ပိုတက်ဆီယမ်ပါဝင်မှုပိုများပါတယ်။

အသီးနှစ်မျိုးစလုံးမှာပါဝင်တဲ့ အာဟာရဓာတ်ဟာ သိပ်ပြီးတော့ ကွာခြားမှုမရှိလှပါဘူး။ သံပုယိုသီးမှာရော သံပုရာသီးမှာပါ Vitamin နဲ့ သတ္တုဓာတ်တွေပါဝင်ပြီး ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်ပါတယ်။

အသီးနှစ်မျိုးလုံးက အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ရောင်ရမ်းမှုကိုသက်သာစေပါတယ်။ အသီးနှစ်မျိုးလုံးမှာ အက်စစ်ဓာတ်ကြွယ်ဝပြီး အရသာကတော့ အနည်းငယ်သာကွဲပြားပါတယ်။

သံပုယိုရည်ကို အသုတ်တွေ ပါစတာခေါက်ဆွဲတွေ ငါး‌တွေ အသား‌‌တွေမှာထည့်သွင်းအသုံးပြုကြပါတယ်။ သံပုရာသီးကိုလည်း အလားတူပဲ အသုံးပြုကြပါတယ်။

သံပုယိုသီးရော သံပုရာသီးနှစ်မျိုးလုံးဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက်ကောင်းမွန်ပြီး နေ့တိုင်းလိုလိုစားပေးသင့်ပါတယ်။


×××××××××××××××××××××××××××××××××××××××××

[ ကိုယ်တိုင်စာရိုက်ထားရတာမို့ ပြန်တင်ခွင့်မပြု ]


#Forward_Only
#do_not_copy
#crd_to_Gg
#Knowledge
#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
❤19🍓4
ဒီနေ့မှာတော့ မင်"က တော်"များ" မှားတတ်ကြတဲ့ "ပဲ" နှင့် "ဘဲ" အသုံးအနှုန်းလေးတွေကိုရှင်းပြပေးမယ်နော်

"ပဲ" ဆိုတာက ကျွန်တော်တို့ပုံမှန်သုံးနေကြ

တစ်ခုပဲ ၊ တစ်အုပ်ပဲ ၊ တစ်ယောက်ပဲ အစရှိသဖြင့်ပေါ့..

ဒါပေမဲ့ " ဘဲ " ကိုကျ အငြင်းဝါကျရဲ့နောက်မှာသုံးရမယ်

ဥပမာ မဟုတ်ဘဲ ၊ မပြောဘဲ ၊ မလုပ်ဘဲ ၊ မသိဘဲနဲ့

အဲ့လိုနေရာတွေမှာသုံးရပါတယ် ကဲအမှားကိုသိရင်အမှန်ကိုပြင်သုံးကြနော်


(ကိုယ်တိုင်ရေးထားတာမို့ ပြန်တင်မယ်ဆိုခွင့်ပြုချက်တောင်းပါဗျို့)


#Forward_Only
#do_not_copy
#Knowledge
#𝐑ᴏɴɴɪᴇ
❤29
ရှားစောင်းလက်ပတ်အကြောင်း (Aloe vera)

မင်မင်တို့သုံးတဲ့ရှားစောင်းလက်ပတ်ကAloe Vera မျိူးစိတ်ကိုအသုံးပြုနေကြတာဖြစ်တယ်။သူ့မှာမျိုးစိတ်ပေါင်း ၅၀၀ ခန့်ရှိပြီး နေရာဒေသကျယ်ပြန့်စွာ ပေါက်ရောက်သည်။ ရှားစောင်းလက်ပတ်ကိုပုံမှန်အားဖြင့် မျက်နှာထိန်းသိမ်းရေးလုပ်ငန်းတွေမှာအသုံးပြုကြတယ် ရှားစောင်းလက်ပတ်အရည်နဲ့ မျက်နှာပေါင်းတင်တာမျိူးပေါ့ ရှားစောင်းလက်ပတ်အရည်မှာ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်း
သတ္တိများ ကြွယ်စွာပါဝင်တယ် အူမကြီးကို ရှင်းလင်းပေးတယ်

နှုတ်ခမ်းအတွက်ရှားစောင်းလက်ပတ်ကအသုံးပြုသင့်တဲ့ဆေးဖတ်ဝင်အပင်ပါ။ရှားစောင်းလက်ပပတ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။ နှုတ်ခမ်းအဆီတွေဆိုးစရာမလိုဘူးပေါ့

အသားအရေအတွက်အတွက်ဆိုရင် ရှားစောင်းကိုသုံးကြတာများတယ်။အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ အလှကုန်ပစ္စည်းတွေမှာဆိုရှားစောင်းကိုထည့်သုံးကြတယ်။

#Alex
#Knowledge
❤27
Forwarded from Let's Answer
ရတနာပုံသည် ယခုအခါ မည်သို့ခေါ်ဝေါ်သနည်း။
Anonymous Quiz
77%
မန္တလေး
7%
မုံရွာ
11%
အင်းဝ
4%
ရန်ကုန်
🏆17
Forwarded from Let's Answer
Iron ၏ လက်တင်အမည်ကို ဖော်ပြပါ။
Anonymous Quiz
16%
Cuprum
32%
Natrium
44%
Ferrum
9%
Kalium
🏆9💔4❤2
မျက်စိအားကောင်းစေသော အဓိက အစားအစာ ၅မျိုး


(၁) ကိုက်လန်

(၂) ကန်စွန်းဥ

(၃) စတော်ဘယ်ရီသီးများ

(၄) ဆော်လမွန်ငါး (Salmon)

(၅) လက်ဖက်စိမ်း



\\\\ @LetsAnswerCh2 ////

#Crd_to_bawa101
#Forward_Only
#health
#Knowledge
#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
❤28👍1
ကိုယ်ပေးတိုင်းပြန်မရတတ်တဲ့အရာများ



𓆩၁𓆪 ကိုယ်ချင်းစာနာစိတ်

𓆩၂𓆪 ကူညီဖေးမမှု

𓆩၃𓆪 ချစ်ခြင်းမေတ္တာ

𓆩၄𓆪 သိတတ်နားလည်မှု

𓆩၅𓆪 ညှာတာထောက်ထားမှု


╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤12💯6🔥1
အမှားတွေကို ဘဝအတွက် ဘယ်လိုပြန်အသုံးချမလဲ။



𓆩၁𓆪 အမှန်အတိုင်းလက်ခံပါ။

𓆩၂𓆪 တောင်းပန်သင့်တာတောင်းပန်ပါ။

𓆩၃𓆪 ခွင့်လွှတ်သင့်တာခွင့်လွှတ်လိုက်ပါ။

𓆩၄𓆪 သင်ခန်းစာယူသင့်တာယူပါ။

𓆩၅𓆪 ပြုပြင်သင့်တာပြုပြင်လိုက်ပါ။

𓆩၆𓆪 စိတ်ကိုထားတတ်အောင်လုပ်ပါ။




╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_bawa101 :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤24🥰1
ကျက်မှတ်ထားသင့်တဲ့ "Verb အလုံး 100"
✅✅✅✅✅

1. be - ဖြစ်သည်
2. have - ရှိသည်
3. do - လုပ်သည်
4. say - ပြောသည်
5. go - သွားသည်
6. get - ရသည်
7. make - လုပ်သည်
8. know - သိသည်
9. think - ထင်သည်
10. take - ယူသည်
11. see - မြင်သည်
12. come - လာသည်
13. want - လိုချင်သည်
14. look - ကြည့်သည်
15. use - အသုံးပြုသည်
16. find - ရှာသည်
17. give - ပေးသည်
18. tell - ပြောသည်
19. work - အလုပ်လုပ်သည်
20. call - ခေါ်သည်
21. try - ကြိုးစားသည်
22. ask - မေးသည်
23. need - လိုအပ်သည်
24. feel - ခံစားသည်
25. become - ဖြစ်လာသည်
26. leave - ထွက်ခွာသည်
27. put - ထားသည်
28. mean - ဆိုလိုသည်
29. keep - ထားသည်
30. let - ခွင့်ပြုသည်
31. begin - စတင်သည်
32. seem - ပုံပေါက်သည်
33. help - ကူညီသည်
34. show - ပြသည်
35. hear - ကြားသည်
36. play - ကစားသည်
37. run - ပြေးသည်
38. move - ရွေ့သည်
39. like - ကြိုက်သည်
40. live - နေထိုင်သည်
41. believe - ယုံကြည်သည်
42. hold - ကိုင်သည်
43. bring - ယူဆောင်လာသည်
44. happen - ဖြစ်ပျက်သည်
45. write - ရေးသည်
46. provide - ပံ့ပိုးသည်
47. sit - ထိုင်သည်
48. stand - ရပ်သည်
49. lose - ဆုံးရှုံးသည်
50. pay - ပေးဆောင်သည်
51. meet - တွေ့ဆုံသည်
52. include - ပါဝင်သည်
53. continue - ဆက်လုပ်သည်
54. set - သတ်မှတ်သည်
55. learn - သင်ယူသည်
56. change - ပြောင်းလဲသည်
57. lead - ဦးဆောင်သည်
58. understand - နားလည်သည်
59. watch - ကြည့်ရှုသည်
60. follow - လိုက်သည်
61. stop- ရပ်သည်
62. create- ဖန်တီးသည်
63. **speak ပြောဆိုသည်
64. **read - ဖတ်သည်
65. **spend - သုံးစွဲသည်
66. **grow- ကြီးထွားသည်
67. **open- ဖွင့်သည်
68. **walk- လျှောက်လှမ်းသည်
69. **win- အနိုင်ရသည်
70. **offer- ကမ်းလှမ်းသည်
71. **remember - မှတ်မိသည်
72. love - ချစ်သည်
73. consider - စဉ်းစားသည်
74. appear - ပေါ်လာသည်
75. buy - ဝယ်သည်
76. wait - စောင့်သည်
77. serve - ဝန်ဆောင်မှုပေးသည်
78. die - သေဆုံးသည်
79. **send - ပို့သည်
80. expect - မျှော်လင့်သည်
81. build - တည်ဆောက်သည်
82. stay - နေသည်
83. fall - ကျသည်
84. cut - ဖြတ်သည်
85. reach - ရောက်သည်
86. kill - သတ်သည်
87. remain - ကျန်ရှိသည်
88. suggest - အကြံပြုသည်
89. raise - မြှင့်တင်သည်
90. pass - ဖြတ်သန်းသည်
91. sell - ရောင်းသည်
92. require - လိုအပ်သည်
93. report - အစီရင်ခံသည်
94. decide - ဆုံးဖြတ်သည်
95. pull - ဆွဲသည်
96. return - ပြန်လာသည်
97. break - ချိုးဖျက်သည်
98. join - ပူးပေါင်းသည်
99. pick - ရွေးချယ်သည်
100. wear - ဝတ်ဆင်သည်



( Join and reac လေးပေးခဲ့ဦးနော် 💗 )


( Credit to original writer )

╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Crd_to_fb :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤43🔥2🥰1
ကိုယ့်ကိုယ်ကို ချစ်ခင်ကြင်နာနိုင်မယ့်အလွယ်ဆုံးနည်းလမ်းများ


(၁)အိပ်ရေးဝဝအိပ်မယ်။

(၂) ကိုယ်စားချင်တာလေးချက်စားမယ်။

(၃) ကိုယ့်ခံစားချက်တွေကို ချရေးမယ်။

(၄) ကိုယ့်ကိုယ်ကိုအတွက် ပန်းတွေဝယ်ပေးမယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ်ဆုချတာမျိုုးလုပ်မယ်။

(၅) ကိုယ့်ဘဝရဲ့ကံကောင်းမှုတွေကိုပဲတွေးမယ်။

(၆) အားလပ်ချိန်ယူမယ်။

(၇) ပြုံးမယ်။

(၈) မကောင်းတဲ့အတွေးတွေကို ဖျောက်မယ်။

(၉) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မယ်။


#Crd_to_bawa101
#Forward_Only
#Motivation
#Ruby
❤53🍓7💋4👍1
ခြေထောက်အနှိပ်ခံခြင်း ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~


၁။ စိတ်ကျန်းမာရေးကောင်းမွန်နိုင်ခြင်း။


၂။ သဘာဝအတိုင်းနာကျင်မှုသက်သာနိုင်ခြင်း။


၃။ ကင်ဆာရောဂါလက္ခဏာနှင့်ကီမိုဆေးရဲ့ဘေးထွက်ဆိုးကျိုးသက်သာနိုင်ခြင်း


၄။ Multiple sclerosisလက္ခဏာ သက်သာနိုင်ခြင်း။


၅။ သွေးတိုးနေရင်သွေးဖိအားကျဆင်းနိုင်ခြင်း။


၆။ မီးယပ်ဝေဒနာသက်သာနိုင်ခြင်း။


၇။ ခြေထောက်ယောင်ယမ်းတာသက်သာနိုင်ခြင်း။

××××××××××××××××××××××××××××××××××××××××××

#Credit #From_Gg

#Forward_Only
#do_not_copy
#knowledge
#Ruby
❤8👍1🐳1
အောက်ကို မှောက်ကျသွားတဲ့
ကော်ဖီတစ်ခွက်ကို ဘယ်သူကမှ လျှာနဲ့ မလျက်ဘူး ၊
အသစ်တစ်ခွက် ထပ်မှာရင် မှာမယ် ၊

.
သူ့မှာ အနံ့ အရသာ အပြင်အဆင် တန်ဖိုးကြီးတယ် ဆိုပေမဲ့လဲ
ကြမ်းပြင်ပေါ်မှာ ဖိတ်ကျသွားရင်


နှမြောတသပဲ ဖြစ်ကြမှာ ၊ နှမြောတယ် ဆိုပီးတော့
လျှာနဲ့တော့ မလျက်ပါဘူး ၊
အဲ့ဒီကော်ဖီက သူက တန်ဖိုးမဲ့သွားပြီလေ။


ဒီလိုပဲကွာ
လူတစ်ယောက်ဟာ
အဆင့်အတန်းကြီးမားပါသော်လဲ
ပညာဉာဏ်ပြည့်ဝပါသော်လဲ
ရုပ်ရှည်ချောမောပါသော်လဲ


ကိုယ်ကျင့်တရား ချို့ယွင်းသွားရင်
ဘယ်သူမှ ပေါင်းသင်းချင်မှာ မဟုတ်တော့ဘူး ။


ကိုယ်ကျင့်တရား မကောင်းတာ တစ်ချက်တည်းနဲ့
ဂုဏ်ပုဒ်များစွာဟာ မြောင်းထဲကျသွားခဲ့ပြီ ၊


ခနက ကော်ဖီတစ်ခွက်လိုပဲ
အနံ့ အရသာကောင်းတာတွေ
စျေးကြီးတာတွေ
အပြင်အဆင်ကောင်းတာတွေ
ကြမ်းပြင်ပေါ် မှောက်သွားတဲ့အခါ
တန်ဖိုးမဲ့သွားသလိုပေါ့။



#Credit_To_Original_Writer
#Knowledge
#Motivation
#Ruby
💯16❤‍🔥4❤2🥰1
🍂 တွေးတတ်ရင် ကျေနပ်စရာပါ၊ နေတတ်ရင် ပျော်စရာပါ။



Card to #BAWA101

#𝚁𝚄𝙱𝚈ˢʰⁱⁿᵉ
❤14🍓3🥰1
ဒီနေ့ခေတ်လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာများ




𓆩၁𓆪 ရည်မှန်းချက်ပျောက်ဆုံးခြင်း


𓆩၂𓆪 အရက်သေစာနဲ့ မူးယစ်ဆေးဝါးများပေါများလာခြင်း


𓆩၃𓆪 မိသားစုပြိုကွဲမှုများလာခြင်း


𓆩၄𓆪 ခွဲခြားဆက်ဆံခံရတာမျိုးများလာခြင်း


𓆩၅𓆪 ပညာကို ငွေနဲ့ဝယ်ယူရသည်ထင်လာခြင်း


𓆩၆𓆪 စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အကျင့်စာရိတ္တပျက်စီးလွယ်လာခြင်း




( Join & Reac ပေးခဲ့ကြဦးနော် 💗 )

Crd to #BAWA101
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
🍓34💯17👍1💋1
မည်သည့်ပွဲလမ်းသဘင်အတွက်မဆို လက်ဆောင်ဘယ်လိုရွေးမလဲ။



𓆩၁𓆪 သက်ဆိုင်မှုရှိပါစေ။

သင်ပေးမယ့်လက်ဆောင်က
ပွဲလမ်းသဘင်နဲ့ကိုက်ညီမှုရှိတဲ့လက်ဆောင်မျိုးကို စဉ်းစားပါ။ သင်သွားရမယ့်ပွဲနဲ့ ကိုက်ညီပြီး မြင်လိုက်တာနဲ့ ကောင်းတဲ့ထင်မြင်ချက်မျိုးရနိုင်တဲ့လက်ဆောင်မျိုးဖြစ်ဖို့လိုပါတယ်။ သင်သွားမယ့်ပွဲလမ်းသဘင်မှာ လက်ဆောင်လက်ခံမယ့်သူ အသုံးမဝင်မယ့်ပစ္စည်းမျိုးကိုမပေးမိဖို့လည်း လိုပါတယ်။ လက်ဆောင်လက်ခံမယ့်သူ အမှတ်တကယ်အသုံးဝင်တဲ့ပစ္စည်းမျိုးဖြစ်သင့်ပါတယ်။


𓆩၂𓆪 ကိုယ်ပိုင်အမှတ်အသားဖြစ်ပါစေ။

သင့်ရဲ့ကုမ္ပဏီအနေနဲ့သွားတယ်ဆိုရင်လည်း ကုမ္ပဏီအမှတ်အသားပါပါစေ၊ ဒါမှမဟုတ် သင်နဲ့ပတ်သက်တဲ့ပုဂ္ဂိိုလ်ရေးအမှတ်အသားပါတာမျိုးက အရမ်းကောင်းတဲ့အတွေးဖြစ်ပြီး သင့်ရဲ့လက်ဆောင်ကိုလက်ခံရသူကလည်း သူ့အပေါ်သင်တလေးတစားရှိတာမျိုးကို ခံစားရစေပါလိမ့်မယ်။


𓆩၃𓆪 သင်တတ်နိုင်တာဖြစ်ပါစေ။

ဈေးကြီးတဲ့လက်ဆောင်မျိုးပေးတာက ကောင်းပေမယ့် သင့်အတွက် အခက်အခဲဖြစ်စေမယ်ဆိုရင်တော့ သင်တတ်နိုင်တဲ့ဘတ်ဂျက်အတွင်းက လက်ဆောင်မျိုးပေးတာက ပိုအဆင်ပြေစေပါတယ်။


𓆩၄𓆪 သင့်တော်တဲ့အရွယ်အစားပမာဏဖြစ်ပါစေ။

သင့်ရဲ့လက်ဆောင်က အရွယ်အစားလည်း အရမ်းသေးမယ်၊ ဈေးလဲပေါမယ်ဆိုရင် လက်ခံမယ့်သူက စိတ်ပျက်သွားစေနိုင်ပါတယ်။ အရွယ်အစားက အရမ်းကိုကြီးမားနေပြန်ရင်လည်း အခမ်းအနားထဲမှာ နေရာအခက်အခဲနဲ့ သယ်ဆောင်သွားရမှာနဲ့ အဆင်ပြေမပြေထည့်စဉ်းစားသင့်ပါသေးတယ်။ အဲဒါကြောင့် အရွယ်အစားကလည်း အနေတော်ဖြစ်ပြီး ဈေးကလည်း သင်တတ်နိုင်တဲ့ပမာဏအတွင်းဖြစ်မယ်၊ လက်ခံမယ့်သူလည်း တကယ်လိုအပ်နေတဲ့ပစ္စည်းဖြစ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။


𓆩၅𓆪 ဆွဲဆောင်မှုရှိပါစေ။

အမြင်အာရုံကနေ လက်ဆောင်ပစ္စည်းကို အရင်မြင်တာဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိတဲ့လက်ဆောင်ဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။ လက်ဆောင်မပေးခင်မှာ အချိန်ယူပြီး လက်ဆောင်လက်ခံမယ့်သူအတွက် ဆွဲဆောင်မှုရှိမရှိ တွေးပြီး ဝယ်ယူသင့်ပါတယ်။ လက်ဆောင်မှာ ဖဲပြားလှလှလေးတွေနဲ့ ဘူးကိုသေချာလေး လှပသပ်ရပ်အောင်ထုပ်ပိုးတာမျိုး ဒါမှမဟုတ် ဆုတောင်းပို့စကဒ်လှလှလေးထည့်ထားတာမျိုးပေါ့။


အခုလောက်ဆိုရင်တော့ ဘယ်ပွဲလမ်းသဘင်အတွက်မဆို လက်ဆောင်ဝယ်ဖို့ ထည့်စဉ်းစားသင့်တဲ့အချက်လေးတွေ သိလောက်ပါပြီနော်။
ပွဲတစ်ခုရှိရင် ဘာလက်ဆောင်ပေးလို့ပေးရမှန်းမသိတဲ့သူတွေအတွက် အထက်ကအချက်လေးတွေ ထည့်စဉ်းစားပြီး ဝယ်သင့်မဝယ်သင့်တွေးလို့ရသွားလောက်ပါပြီ။




( Join & Reac လေးလုပ်သွားပေးပါဦးရှင့် 💗 )

Crd to #BAWA101
╭───────༺♡༻───────╮
╰┈➤ #Forward_only :✧˖°࿐
╰┈➤ #Knowledge :✧˖°࿐
╰┈➤ #𝚁𝚄𝙱𝚈ˢʰⁱⁿᵉ :✧˖°࿐
╰───────༺♡༻───────╯
❤19👍2
❝စွန့်လွှတ်သင့်တာ ~စွန့်လွှတ်ပါ❞
••••••••••••••••••••••••

🖤__ကိုယ်နဲ့ မတော်တဲ့ ဖိနပ်ကိုစီးထားမိရင် ခြေထောက်ပေါက်ပြီး လိုရာခရီးမရောက်ပဲ နေမှာပေါ့
ဒါပေမယ့် ဒီဖိနပ်လေးကိုနှစ်သက်မိလို့၊စွန့်မပြစ်နိူင်လို့
အကြောင်းအမျိုးမျိုးပြပြီး နာကျင်ရက်နဲ့ သင် ဆက်စီးနေခဲ့မိလိမ့်မယ်။

🖤__ဒါဟာ...ကံ ဝဋ်ကြွေးမဟုတ်ရင် သင်ကိုယ်တိုင်က လိုလိုလားလားနဲ့ ဆုပ်ကိုင်ထားမိတဲ့နာကျင်မှုပါပဲ။

🖤__ဘဝမှာ
မချစ်သင့်မချစ်ထိုက်သူတွေ
မပေါင်းသင့် မပေါင်းအပ်သူတွေ
ပေးဆပ်မှုနဲ့ မတန်တဲ့အရာတွေ အများကြီးရှိနေတတ်တယ် ။

🖤__တွဲမရရင် ခွဲထွက်သွားဖို့
ဝန်မလေးပါနဲ့။ပြောမှသိ ၊ထိမှနာ၊ခိုင်းမှ လုပ်တဲ့ သူတွေနဲ့ အတူနေရခြင်းကလည်း ဝဋ်ကြွေး တစ်ခုလိုပါပဲ
ဒါကြောင့် အချစ်ရေး ဖြစ်ဖြစ်
လူမှုရေး၊စီးပွားရေး ဘယ်အရေးမှာမဆို ဒီလိုလူတွေနဲ့ ရှေ့ဆက်ခြင်းက သင့်ဘဝကို ပိုနစ်နာစေတဲ့အတွက်
အလိုက်တသိနဲ့ ကိုယ့်ဘက်ကပဲ စစွန့်လွှတ်လိုက်ပါ။

🖤__ဒါကိုပဲ နှစ်သက်လို့
ပြုပြင်လားမလား?
ပြောင်းလဲ လာမလား?ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ခရီးတစ်ခုကို နာနာကျင်ကျင်နဲ့ ဆက်သွားနေသူတွေရှိကြတယ်။

🖤__ဖိနပ် တစ်ရံကကိုယ်နဲ့ မတန်ရင် အနာခံပြီး ဆက်စီးနေမယ့်အစား သက်သောင့်သက်သာ ရှိမယ့် ဖိနပ်ကို ပြောင်းစီးလိုက်တာက လိုတဲ့ပန်းတိုင်ရောက်ပြီး သင့်အတွက်ပိုအဆင်ပြေမှာပါ။

🖤__တစ်ချို့အရာတွေက စွန့်လွှတ်သင့်ရင် စွန့်လွှတ်တတ်ရတယ် တစ်ကယ်တော့ ကိုယ့်ကိုနာကျင်စေတာက
ဖိနပ်မဟုတ်ဘူး ဒီအရာကို မစွန့်လွှတ်နိူင်တဲ့ကိုယ့်ရဲ့စိတ်ပါပဲ။

🖤__စွန့်လွှတ်သင့်တာ စွန့်လွှတ်လိုက်ခြင်းက ဒဏ်ရာကို သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။

🖤__ဒီလိုစွန့်လွှတ်ခဲ့ရတာတွေအတွက်
နောင်တမရပါနဲ့ ဒဏ်ရာတွေနဲ့
သင်ခန်းစာတွေ ပေါင်းစည်းလိုက်ရင် ကိုယ့်ဘဝအတွက် ပိုအကျိုးရှိပါတယ်။

မေဆု(ရာမညမြေ)
#Credit

#Forward_Only
#Motivation_Quote
#Ruby
🍓15👍3🕊2💯1
ကိုယ့်အတွက်ကိုပြန်ကြည့်ဖို့မမေ့ပါနဲ့



ကျွန်တော်တို့ဟာ ကိုယ့်မှာရှိတာကိုပဲ ပေးလို့ရတာပါ ...

ဆိုလိုတာ ပိုက်ဆံပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုပဲဖြစ်ဖြစ် သူတစ်ပါးကို ဝေမျှချင်တယ်ဆိုရင် ကိုယ့်မှာ အရင်ဆုံး ရှိနေဖို့ လိုပါတယ်။

ဒါကြောင့် ကူညီတာ ကောင်းပါတယ်။ ဒါပေမဲ့ 🫵 ကိုယ့်အတွက်လည်း ကိုယ်ပြန်ကြည့်ဖို့ မမေ့ပါနဲ့။


#BAWA101 #Motivation #Quotes

#forward_only
#Crd_to_bawa101
#Ruby
❤13🐳1
ညအိပ်မပျော်တာ ခံစားနေရတာလား!


ညဘက် အိပ်မပျော်ဘူးဆိုတာက အိပ်သင့်တဲ့သလောက် မအိပ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ အိပ်ရေးဝဝ မအိပ်ရတဲ့ သဘောပေါ့။ ကောင်းကောင်း မအိပ်ရတာ၊ အိပ်ပျော်ဖို့ ခက်တာ၊ အိပ်ချင်စိတ် ရှိပေမယ့် အိပ်လို့ မရတာမျိုးတွေပေါ့။ အချို့သောသူတွေအတွက်ကတော့ အိပ်မပျော်တာက ကြီးမားတဲ့ နှောင့်ယှက်မှု တစ်ခုကြီးပါ။



᯽ညအိပ်မပျော်တာ ခံစားနေရတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေကတော့ –

၁။ ညဘက်တွေမှာ အိပ်ပျော်ဖို့ ခက်တာ

၂။ အိပ်ရာထဲမှာ အကြာကြီး အချိန်ဖြုန်းနေရတာ

၃။ ညဘက်တွေ ပြန်ပြန်နိုးနေပြီး ပြန်အိပ်ဖို့ ခက်တာ

၄။ မနက်ခင်းကို အစောကြီး နိုးနိုးနေတာ

၅။ ကောင်းကောင်းအိပ်ပျော်တယ်ရယ်လို့ မရှိတာ

၆။ တစ်နေ့တာမှာ ခြေကုန်လက်ပမ်းတွေ ကျနေတာ

၇။ အာရုံစူးစိုက်ဖို့ ခက်တာ

၈။ စိတ်တိုစိတ်ဖိစီး လွယ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။



᯽ညဘက် အိပ်မပျော်တာကို သက်သာစေဖို့ဆိုရင်

၁။ နေ့ခင်းဘက် မအိပ်ပါနဲ့

၂။ ကဖင်း၊ အယ်လ်ကိုဟော၊ ဆေးရွက်ကြီး ရှောင်ပါ

၃။ အိပ်ချိန်နဲ့ နီးနီး အစားမစားပါနဲ့

၄။ Screen time လျှော့ပါ

၅။ အာဟာရ မျှတအောင် စားပါ

၆။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

၇။ စိတ်ဖိစီးမှု လျှော့ချပါ




#Forward_Only
#Credit
#Knowledge
#Ruby
🍓29❤6👍1
ကိုယ့်အတွက်ကိုပြန်ကြည့်ဖို့မမေ့ပါနဲ့



ကျွန်တော်တို့ဟာ ကိုယ့်မှာရှိတာကိုပဲ ပေးလို့ရတာပါ ...

ဆိုလိုတာ ပိုက်ဆံပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုပဲဖြစ်ဖြစ် သူတစ်ပါးကို ဝေမျှချင်တယ်ဆိုရင် ကိုယ့်မှာ အရင်ဆုံး ရှိနေဖို့ လိုပါတယ်။

ဒါကြောင့် ကူညီတာ ကောင်းပါတယ်။ ဒါပေမဲ့ 🫵 ကိုယ့်အတွက်လည်း ကိုယ်ပြန်ကြည့်ဖို့ မမေ့ပါနဲ့။


#BAWA101 #Motivation #Quotes

#forward_only
#Crd_to_bawa101
#Ruby
❤8💯1