Mindscape
2.67K subscribers
33 photos
1 video
1 file
31 links
Channel date-15.4.24

This channel offers a great place to explore literature, education, science, and a wide range of general knowledge topics.

If you need any help, I’m here to help


Bot - @Knowledge_by_bot
Download Telegram
Hello! ဒီနေ့ Dee က နိုင်ငံတကာ အစီအစဉ်တွေကို စိတ်ဝင်စားသူတွေအတွက် တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် 6 Weeks Summer Research Program အကြောင်းကို မျှဝေပေးသွားမှာပါ။

ဒါက တရုတ်နိုင်ငံ၊ Hefei မြို့မှာရှိတဲ့ University of Science and Technology of China (USTC) မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ နွေရာသီ သုတေသန ဖလှယ်ရေး အစီအစဉ် (FuSEP 2026) ဖြစ်ပါတယ်။

သုတေသန (Research) ပိုင်းကို အဓိကထားတာဖြစ်လို့ Science and Technology ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအနေနဲ့ မဖြစ်မနေ လျှောက်ထားကြည့်သင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။

Program အမည် - 2026 FuSEP Summer Research

ပြုလုပ်မည့်နေရာ - Hefei, China

ကျင်းပမည့်ရက် - June 22 – July 30, 2026

ကြာချိန် - 6 Weeks

လျှောက်ထားနိုင်သူများ - Undergraduate & Graduate students (ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ)


အကျိုးကျေးဇူး နေနဲ့


•သင်တန်းကြေးနှင့် မှတ်ပုံတင်ကြေး အခမဲ့

•တက္ကသိုလ်ဝင်းအတွင်း အခမဲ့ နေထိုင်ခွင့်

•အရွေးချယ်ခံရသည့် ကျောင်းသားများအတွက် အစားအသောက်နှင့် ခရီးစရိတ် ထောက်ပံ့ကြေး

•အစီအစဉ်ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိခြင်း

လျှောက်လွှာပိတ်ရက် - March 22, 2026

လျှောက်ထားရန် Link:

https://scholarshipscorner.website/fusep-summer-exchange-program/

China မှာ Research လုပ်ရင်း Summer ကို ဖြတ်သန်းချင်တဲ့သူတွေရှိရင် ဒီ Post လေးကို Share ပေးလိုက်ပါဦး။ အတူတူသွားမယ့်သူရှိရင် ပိုပျော်ဖို့ကောင်းမှာ လေနော် ။
ဒီးတော့ အခုမှ ‌အထက်တန်း
student ပဲရှိသေးလို့လျှောက်လို့မရပါဘူး။

အသေးစိတ်ကိုတော့သူတို့ official website လေးမှာသွား ဖတ်ကြည့်လေနော်။

#Dee
#StudyInChina
#FuSEP2026
#USTC
#SummerResearch
3🍓3
ဒီနေ့ ဒီး အတွေးလေးတစ်ခု ရလာတယ်။ အဲဒါကတော့ လူငယ်အများစုဟာ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ရှိနေကြတယ် ဆိုတာပါပဲ။ News Feed မှာ ကြည့်လိုက်တိုင်း ကိုယ့်ထက်သာတဲ့သူ၊ အောင်မြင်တဲ့သူတွေကို ကြည့်ပြီး အားကျရင်း "ငါကတော့ မတော်ပါလား" ဆိုတဲ့ အတွေးတွေနဲ့ပဲ အချိန်ကုန်နေတတ်ကြပါတယ်။

ဒီလိုနှိုင်းယှဉ်ခြင်းနဲ့ပတ်သတ်ပြီး ပုံပြင်‌ လေးတစ်ပုဒ်ကိုဉပမာအနေနဲ့ ပြောပြပေးပါရစေ

- တောအုပ်တစ်ခုထဲမှာ ဝါးပင် နဲ့ နှင်းဆီပင် ဆိုပြီး ရှိသတဲ့။ နှင်းဆီပင်က စိုက်ပြီး မကြာခင်မှာပဲ လှလှပပ ပွင့်လာတော့ ဝါးပင်လေးက သူ့ကိုယ်သူ နှိုင်းယှဉ်ပြီး အားငယ်နေတာပေါ့။ "ငါကတော့ ဘာမှ ဖြစ်မလာပါလား" လို့ တွေးနေခဲ့တာ။ ဒါပေမဲ့ ဝါးပင်လေး မသိတာက သူဟာ အပေါ်ယံမှာ ဘာမှမထူးခြားခင် မြေအောက်မှာ အမြစ်တွေကို ခိုင်မာအောင် အရင် တည်ဆောက်နေရတာပါ။ အချိန်တန်တဲ့အခါမှာတော့ ဝါးပင်ဟာ တခြားအပင်တွေထက် မြင့်မားစွာနဲ့ မားမားမတ်မတ် ထွက်ပေါ်လာပါတော့တယ်။

တကယ်တော့ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဥပမာ- တခြားသူက Marketing ကျွမ်းကျင်နေရင် သူ့လို ဖြစ်ချင်လိုက်တာလို့ ထိုင်တွေးနေမယ့်အစား ကိုယ့်မှာရှိတဲ့ ဖုန်းတစ်လုံးနဲ့ စတင် ကြိုးစားကြည့်လိုက်ပါ။ အချိန်တစ်ခု ရောက်လာတဲ့အခါ ကိုယ် အရင်က အားကျခဲ့ရတဲ့သူထက်တောင် ပိုတော်နေတာကို တွေ့ရပါလိမ့်မယ်။



ဒီးကိုယ်တိုင်လည်း အသက် ၁၄ နှစ်လောက်က ကိုယ့်ထက်ကြီးတဲ့ အစ်မတစ်ယောက် Content Writer အဖြစ် အောင်မြင်နေတာကို ကြည့်ပြီး အားငယ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာ ဒီးရဲ့ Knowledge Sharing Channel လေးက Subscriber ၃၀၀ ကျော်ပဲ ရှိပါသေးတယ်။ သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေမယ့်အစား "ငါ ဘာလုပ်နိုင်မလဲ" လို့ ပြန်မေးပြီး ည ၂ နာရီထိ မအိပ်ဘဲ ကြိုးစားခဲ့လို့ Subscriber ၄၀၀ ပြည့်အောင် လုပ်နိုင်ခဲ့ပါတယ်။
အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရတယ်။ ဖုန်းပျက်သွားလို့ ၉ လလောက် နားလိုက်ရတာ၊ အင်တာနက်လိုင်း မရှိလို့ အဘွားအိမ်မှာသွားပြီး Wifi သုံးရတာတွေပေါ့။ စိတ်ဓာတ်ကျပြီး အကုန်လွှတ်ချချင်တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ဒီး ပြန်ထခဲ့ပါတယ်။ Speaking Club တွေ၊ Study Challenges တွေကို စတင်နိုင်ခဲ့တယ်။ ပြီးတော့ဒီး လေးစားရတဲ့ Owner Haruki (အက္ခရာ) နဲ့ Owner Eric တို့ရဲ့အကူအညီတွေလဲအများကြီးပါခဲ့တာ‌ပေါ့။ ဒီးဒီ နေရာကနေ အမြဲတမ်းသ‌ဘော‌ ကောင်း ပေးကူညီပေးခဲ့တဲ့ အစ်ကို‌တို့ကို လက်အုပ်ချီကန်တော့ပါရစေ🙏🏻။၂၀၂၆ ခုနှစ်မှာတော့ ဒီးရဲ့ Channel လေးဟာ Subscriber 3,000 ကျော်အထိ အောင်မြင်လာခဲ့သလို၊ အခု မတ်လ ၄ ရက်နေ့မှာတော့ Mystic Aura ဆိုတဲ့ Channel အသစ်လေးကိုပါ ထပ်မံ ချပြနိုင်ခဲ့ပါပြီ။(Mystic Aura ကိုတည်ထောင်ဖြစ်ခဲ့တာကလဲ magic သင်တန်းတစ်ခုကပါ။ Tarot နဲ့ရင်းနှီးကျွမ်းဝင်ခွင့်ရအောင်သင်ပေးခဲ့တယ့် Professor (ဆရာ)တို့ကိုလဲကျေးဇူးတင်မိပါတယ်။)



ဒီတော့ အဆုံးသတ်အနေနဲ့... အောင်မြင်နေတဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအခက်အခဲတွေ၊ ကျရှုံးမှုတွေ ရှိခဲ့မလဲဆိုတာကိုလည်း ထည့်စဉ်းစားကြည့်ပေးပါ။

ဒီးရဲ့ ဒီရလဒ်တွေက မပြည့်စုံသေးပေမယ့် ဒီး ဆက်ပြီး ကြိုးစားသွားဦးမှာပါ။

လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဇယားနဲ့ ကိုယ်ပိုင်အောင်မြင်မှု အချိန်အခါဆိုတာ ရှိကြတာမို့လို့ သူများနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ရဲ့ခြေလှမ်းတွေကိုပဲ အာရုံစိုက်ပြီး ကြိုးစားလိုက်ကြရအောင်နော်။

ကဲ... ဒီနေ့မနက်ခင်းလေးကစပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် "Small Steps Challenge" လေး အတူတူ လုပ်ကြည့်ရအောင်။

* Step 1: ကိုယ်အားကျလေးစားရတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ နာမည်ကို ချရေးပါ။
ပြီးရင် သူတို့ဆီက ကိုယ်အတုယူချင်ဆုံး "အရည်အချင်း တစ်ခု" ကိုပါ ဘေးမှာ တွဲရေးလိုက်ပါ။

* Step 2: "ငါ ဘာဖြစ်ချင်တာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ချင်တဲ့အရာတွေကို အကုန်ချရေးကြည့်ပါ။ ပြီးရင် အဲဒီထဲကမှ ကိုယ်အဖြစ်ချင်ဆုံးအရာ (Main Goal) တစ်ခုကိုပဲ သီးသန့် ခွဲထုတ်လိုက်ပါ။

* Step 3: အဲဒီ အရေးကြီးဆုံးအရာအတွက် ဒီနေ့မှာ ၁ နာရီ ဖြစ်ဖြစ် အချိန်ပေးပြီး စတင် ကြိုးစားကြည့်လိုက်ပါ။



၁ နာရီလေးပဲ ဖြစ်ဖြစ် ကိုယ်တကယ် လုပ်နိုင်သွားတာဟာ ကြိုးစားမှုရဲ့ အောင်မြင်တဲ့ ရလဒ်တစ်ခုပါပဲ။ ဒီနေ့ မနက်ခင်းလေးကစပြီး သူများအကြောင်းထက် ကိုယ့်ဘဝ တိုးတက်ဖို့ကိုပဲ အရင်ဆုံး အာရုံစိုက်ကြမယ်လေနော်။


#Dee
#knowlage
#Experience
#Challenge
🍓63
ဒီပညာရပ်ကို စတင်လေ့လာရတာ စိန်ခေါ်မှုတွေရှိပြီး တစ်ခါတလေ ပင်ပန်းပေမယ့်... ကိုယ်ဟောပေးလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်လူအတွက် အလင်းတစ်ခု ဖြစ်စေခဲ့တယ်ဆိုတာ သိရတဲ့အခါ တကယ်ပဲ အားအင်တွေ ပြန်ပြည့်သွားရပါတယ်။ 🤍


ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး အခုလို feedback လေးတွေ ပြန်ပေးတာဟာ ဒီလမ်းစဉ်ကို ဆက်လျှောက်ဖို့အတွက် အကြီးမားဆုံး ခွန်အားပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

#Dee
6🍓2
https://t.me/Magic_sharing/47

Subliminal နားထောင်နည်းမသိတဲ့သူ vote လာပေး ရေးတင်ပေးမလို့


#Dee
2
‎ဒီနေ့တော့ စာရေးဆရာအံ့ဘုန်းခန့်ကျော်ရဲ့ငါ့ကိုငါပြောင်းလဲခြင်းဆိုတဲ့စာအုပ် လေးကို တတိယအကြိမ်ဖတ်ဖြစ်ခဲ့တယ်။

‌‎ဒီစာအုပ်လေးဖတ်ဖြစ်တဲ့အခါတိုင်းမှာ ဒီလိုလေးအမြဲတမ်းတွေးမိတာ‌ပေါ့

"ငါ တစ်နှစ်ပြီးတစ်နှစ်ကြီး လာပြီ အရင်ကတည်းက  နောက်တစ်နှစ်ရောက်ရင်ငါ့ကိုယ်ငါပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုကိုငါတကယ်ရော အကောင်အထည်ဖော်ခဲ့ရဲ့လား"

‎ဆိုပြီးတော့ပေါ့ တစ်နေ့နဲ့တစ်နေ့နိစ္စဓူဝ အလုပ်တွေလုပ်ကျောင်းပိတ်တော့လဲဟိုစပ်စပ်ဒီစပ်စပ် ဝါသနာပါရာတွေလေ့လာနေတာနဲ့အချိန်ကုန် ပင်ပန်းလာတော့လဲ အားတင်းထားရပြန်တယ် "ငါရကိုရမှာ"ဆိုတဲ့စိတ်နဲ့ 2025ကတည်းကဖိအားပေးပြီးကြိုးစားနေခဲ့တာအခုချိန်ထိပေါ့ 2025 ဒီဇင်ဘာ 31ရက်နေ့က

‎" ငါ 2026ရောက်ရင် ငါ့ကိုငါပြောင်းလဲမှဖြစ်တော့မယ် အရင်က Education ပိုင်းမှာအားနည်းခဲ့တာတွေ မိဘ တွေကိုတောင်အသိမပေးဖြစ်ခဲ့တဲ့  Content writer တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့ရတဲ့အချိန်တွေ , Internet line မရလို့ အခက်ခဲကြားထဲက  ရအောင်ကြိုးစားခဲ့တာတွေ, နေရာအတည်အကျမရှိဘဲ ဟိုပြေးဒီပြေးစစ်ဘေးရှောင်ဖြစ်ခဲ့တဲ့အချိန်တွေ ပြန်တွေးရင်း ‌......အော် 2026တောင်ရောက်နေပြီပဲ အခုချိန်ထိငါဟာ ငါ့ကိုငါမပြောင်းလဲနိုင်သေးဘူးဘဲ အတိတ်ထဲမှာပဲနစ်မြုပ်နေမိတုန်းပဲ"

‎ဆိုတဲ့အတွေးကတွေးမိလာပြန်တယ် ။


"When you love yourself you grow from the inside you attract people who love respect and appreciate your energy everything starts with and how you feel about yourself Start feeling worthy , valuable life deserving of receiving the best life has to offer be magnetic"

‎-စာ‌ရေးဆရာအံ့ဘုန်းခန့်ကျော်


ကိုယ့်ကိုကိုယ်ပြောင်းလဲမယ်ဆိုရင် မိမိကိုယ်ကိုအရင်ဆုံးချစ်တတ်ဖို့လိုပါတယ်တဲ့  အပေါ်က  Quote လေးကိုဖတ်မိတော့ ကိုယ့်ကိုကိုယ်ပြန်လှည့်ကြည့်မိတာပဲလေငါဟာ တခြားသူတွေအတွက် အစွမ်းကုန်ကြိုးစားပေးနေသော်လဲ ကိုယ့်ကိုကိုယ်တောင်ပြန်မလှည့်ကြည့်မိခဲ့ပါလားလို့ တွေးမိတာပေါ့

‎2025တုန်းက Deeမူးလဲတယ်ဆိုပြီးပြောခဲ့ပါသေးတယ်၊ အသက် 15နှစ်ဆိုတဲ့ အရွှယ်မှာ သေခြင်းတရားနဲ့ စက္ကန့်ပိုင်းလောက်ထိတွေ့မိသွားသလိုပေါ့ ။

‎ဒီလို‌နဲ့ 2026မှာပြောင်းလဲမယ် ငါ့ကိုယ်ငါဂရုစိုက်မယ် ပျော်ပျော်နေမယ်လို့ ကြွေးကြော်ခဲ့သေးတာသို့သော်လည်း   တစ်နေ့နဲ့တစ်နေ့ဖုန်းကြည့်၊အိပ်လိုက်၊စားလိုက်နဲ့အချိန်ကုန်နေခဲ့တယ်။


"အဲ ....2026အစတုန်းကစိတ်အားထက်‌သန်‌တဲ့ငါကြီးဘယ်ရောက်သွားပါလိမ့်"လို့စိတ်ထဲက‌ကိုယ့်ကိုကိုပြောမိတယ်။

‎G-9 စာမေးပွဲ ပြီးတဲ့နောက်ပိုင်းမှာအားအင်တွေကုန်ခမ်းသွားတယ် ၊ငိုခဲ့ရတဲ့ချိန်တွေလဲရှိတယ်။တကယ်တော့လေစာမေးပွဲကာလတုန်းကကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်ခဲ့ရတာ စာဖတ်သူတို့ကိုစာလုပ်နည်းတွေ၊စာမေးပွဲနီးရင်အိပ်ရေးဝဝအိပ်ပါဆိုတဲ့ content တွေ ရေးပေးနေပေမယ့် ဒီးကိုယ်တိုင်တောင် လက်တွေ့မလုပ်မိခဲ့တဲ့နည်းလမ်းအချို့ရှိခဲ့တယ် အမှားကြီးတစ်ခုကတော့ English ဖြေပြီးနောက်ပိုင်းကစလို့ 3နာရီလောက်ပဲအိပ်ဖြစ်ခဲ့တယ် ဒါကတော့အကြီးမှားဆုံးအမှားပေါ့ ကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်‌ခဲ့တော့ ကျောင်းပိတ်တဲ့အခါ စိတ်ကယောင်တိယောင်တောင် ဖြစ်လာတယ် မူမမှန်တော့ဘူး  စိတ်ကမူမမှန်ဖြစ်နေပေမယ့်လို့ ဒီးရဲ့ ဝါသနာ ကိုတော့မစွန့်လွတ်ခဲ့ပါဘူး လေ့လာတယ် content တွေတင်တယ်။ magic  နဲ့ထိတွေ့တယ်။ အပြင်ပိုင်း စာဖတ်သူတို့အမြင်မှာဒီးက တော်နေတယ် လို့မြင်နေကြမယ်ထင်တယ် တချို့စာဖတ်သူတွေကလဲငယ်ငယ်လေးပဲရှိသေးတာအဲ့လောက်တောင်လုပ်နိုင်တာအံ့ဩစရာပဲနော်တဲ့ ။ပြုံးမိတာပေါ့လေ ဒီလိုချီးကျူးသံတွေကြားတော့လဲ ကြိုးစားချင်စိတ်က သာမာန်ထပ်ပိုလာတယ်။

‎စိတ်အခြေအနေမူမမှန်တော့ ဒီအလုပ်တွေကနေခန Break မယ်ပေါ့ ။ဒါနဲ့ပဲ content ရေးတာနားလိုက်တယ် G-9 Exam Guide Group ထပ်ဖွင့်ပြီး ဂျူနီယာတွေ  advice ပေးရတယ် ၊စာမေးပွဲစစ်ပေးပြီးနောက်ပိုင်း ဒီအလုပ်တွေကနေခန Break လိုက်တယ်ဒါ့ကြောင့်လဲဒီးက Channel မှာ content တွေမတင်ဖြစ်တာပေါ့ Magic channel မှာတော့ active ဖြစ်မိပါတယ်။

‎ပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းတယ်လေ့လာစရာရှိတာလေ့လာတယ် Tarot တွေဟောတယ် စိတ်ကိုပြန်ဂရုစိုက်ဖြစ်တယ် စိတ်ထွက်ပေါက်ရဖို့အတွက် Astral projection ကိုကျင့်တယ် ။

သို့သော် ကိုယ်ဟာ mentalကိုဂရုစိုက်နေပေမယ့် physical ကိုဂရုစိုက်ဖို့မေ့နေပြန်ရော ရေ‌တောင်‌တစ်နေ့တစ်ခွက်‌ပြည့်အောင်မသောက်ဖြစ်ခဲ့ဘူးကျန်းမာရေးပိုင်းမှာဒုက္ခပြန်ရောက်တယ်။
❤‍🔥1

‎ဒီလိုနဲ့ပဲ  မနက်ပိုင်း‌ လောက်မှာငါ့ကိုယ်ငါပြောင်းလဲခြင်းစာအုပ်ကိုပြန်ဖတ် mental ကော physic‌al ကော ပြန်လည်ဂရုစိုက်ဖြစ်ခဲ့တာပေါ့။

‎ကဲစာဖတ်သူတို့ကောကိုယ့်ကိုကိုယ်ဂရုစိုက်ဖြစ်ကြရဲ့လား?ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။


‎မနက်ဖြန်ကစပြီး Challenge တစ်ခုလုပ်ကြမယ်လေ



‎Challenge နာမည်လေးက


‎"I'm changing myself "တဲ့

‎ဆိုတော့ ပြောင်းလဲခြင်းရဲ့အခြေခံဖြစ်တဲ့ 'ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်း'ခေါင်းစဉ်နဲ့စကြတာပေါ့'


‎ဒီနေ့ post ကတော့ဒါပါပဲ ။

‎အဆင်ပြေကြပါစေ။


‎ဒီးရဲ့ post တိုင်းကို react လေးတွေ review လေးတွေပေးကြတဲ့သူတစ်ယောက်ချင်းစီကိုလဲကျေးဇူးတင်ပါတယ်။

‎နောက်မှပြန်တွေ့ကြတာပေါ့။


#Dee
#I'm changing myself
#YFEK
6❤‍🔥1🍓1🎄1💘1
'I'm changing myself'

နောက်ကျသွားလို့ဆောတီးပါ။

Day 1


ကျောင်းတွေလဲပိတ် နွေလည်းရောက်တော့လူတိုင်းပျင်းနေကြမှာပဲလေ နေပူပူကြီးထဲအလုပ်တွေလုပ်ရတော့ပင်ပန်းကြမှာပဲလေ ညလဲနောက်ကျမှအိပ် အတွေးတွေလွန်ရင်းတစ်နေ့တာကိုဖြတ်သန်းနေကြတော့ကျန်းမာရေးထိခိုက်မှာ ပေါ့ ၊ကိုယ့်ကိုကိုယ်လည်းလှည့်ကြည့်ပါအုံး မင်းရဲ့စိတ်ကလေးပင်ပန်းနေပြီ မင်းမျက်နှာလေးညိုးနွှမ်းနေပြီ မျက်ကွင်းတွေလဲညိုနေပါပြီ ။သနားပါတယ်မင်းကိုယ်မင်းပြန်ကြည့်ပါအုံး သူများအတွက်၊မိသားစုအတွက် နဲ့ကြိုးစားနေရတာ မင်းပင်ပန်းလှပြီ ။

အတွေးတွေမလွန်ပါနဲ့လေ၊ငပျင်းတစ်ယောက်လိုမနေပါနဲ့တော့၊ဖုန်းတွေကြည့်တာခနနားပြီး သဘာဝရဲ့အလှတရားကိုခံစားကြည့်ပါအုံးဗျာ ......


ကောင်းကင်ပေါ်က တိမ်အဖြူရောင်အလွှာလေးတွေကနူးညံ့တဲ့ဂွမ်းစလေးလိုပဲ အိစက်ညှပ်ညောနေမှာ လောကကြီးရဲ့အလှတရားကို တိမ်‌လွှာပေါ်မှာထိုင်ရင်းခံစားငေးမောနေတဲ့မင်းကိုယ်မင်းမြင်ယောင်ကြည့်လိုက်ပါ။

ငှက်ကလေးတွေရဲ့ တီတီတာတာသီချင်းဆိုသံများနဲ့ ‌မြစ်ချောင်းအင်းအိုင်တို့ရဲ့ရေစီးချောင်းသံ ငြိမ့်ငြိမ့်ငြိမ့်လေး ပြီးနောက်လူသားတို့ရဲ့နေ့စဉ်ဓူဝအလုပ်လုပ်နေပုံ ၊ ပျော်ရွှင်စရာမိသားစုရဲ့ပုံရိပ်‌များ‌ ကြောင်လေးတွေ၊ခွေးလေးတွေဆော့ကစားနေပုံ ချစ်စရာကောင်းတဲ့အနာဂတ်ကလေးလေးများရဲ့ပုံရိပ်ကလေးတွေ မြင်ယောင်ကြည့်လိုက်ပါ ၊ ပန်းခင်းလေးတွေနဲ့သစ်ပက်အိုကြီးဆီမင်းရောက်သွားတဲ့ပုံစံကို ပုံဖော်ကြည့်လိုက် သစ်ပင်အိုကြီးဟာ အသက်ရင့်နေပေမယ့် သန်မာကြံ့ခိုင်လှတယ် ဒီသစ်ပင်ကြီးက မင်းအတွက် နားခိုရာအရိပ်တစ်ခုလိုပဲနေပူထဲမှာ ချွေပျံနေတဲ့မင်းကို အအေးဓာတ်ပေးမယ့် သစ်ပင်ကြီးပေါ့ ။


မင်းလဲ ဒီသစ်ပင်ကြီးလို သန်မာကမယ် အခက်အခဲတွေကြားမှာပြုံးနိုင်ရမယ်လေ။


ဒီးရဲ့ English ဆရာ ဘုန်းဘုန်းပြော ခဲ့တဲ့ စကားလေးကိုပြောပြချင်ပါတယ်။

ကမ္ဘာကြီးကိုပြောင်းလဲဖို့မကြိုးစားပါနဲ့ မိမိကိုယ်ကိုပြောင်းလဲဖို့အရင်ကြိုးစားပါတဲ့။

ကမ္ဘာကြီးကိုကိုယ်တစ်ယောက်တည်းပြောင်းလဲနိုင်ရဲ့လားပြောင်းလဲချင်တယ်ဆိုရင်တောင်ကိုယ်ကခွန်အားရှိဖို့လိုတယ်လေကိုယ့်မှာခွန်အားတွေရောရှိရဲ့ လား မရှိသေးရင်ခွန်းအားတွေကိုအရင်ဖြည့်လိုက်ပါအုံးလေ။

-တစ်နေ့ကိုရေ၆ခွက်သောက်ပါ ။
- ကိုယ်မိသားစုနဲ့ပျော်ပျော်နေပါ။စိတ်ညစ်စရာရှိရင်တောင်ခနပဲတွေး နေ့တစ်နေ့ကို‌အကောင်းဆုံးဖြတ်သန်း
-ဒီနေ့တစ်နေ့တော့စိတ်ကိုလွပ်လပ်ခွင့်ပေးရအောင်လေကိုယ်ကြိုက်တာကိုယ်လုပ်ကြမယ်လေ
-စိတ်အပန်းပြေ‌သွားအောင်တရားထိုင်ကြမယ်လေ
- ‌ဒီစာကိုဖတ် နေတဲ့အချိန်သွား၃၂ချောင်းပေါ်နေအောင်အားရပါးရပြုံးလိုက်ပါ။ မင်းရဲ့အပြုံးက ဆွဲဆောင်မှုတအားရှိနေမှာအသေအချာပဲ

#Dee
#Day 1
#I'm changing myself
8🐳2❤‍🔥1
ခုရက်ပိုင်းချန်နယ် မှာဘာလေးတွေတင်ပေးရမလဲ

#Dee
Hello everyone

မတွေ့တာလည်းတော်တော်ကြာလှပါပြီ ။ ခုရက်ပိုင်းတွေဒီးလုံးဝမအားပါဘူး နွေရာသီကျောင်းပိတ်ရက်လေးမှာ လေ့လာစရာရှိတာလေးတွေလေ့လာနေရင်းနဲ့တင်ချိန်ကုန်နေတော့ Channel ဘက်ကိုသိပ်မလှည့်ဖြစ်ဘူး ။ မီးကလဲမလာ ဖုန်းအားကလည်း တစ်နေ့တစ်နေ့မလောက်ငှသလိုဖြစ်နေတော့အရေးကြီးတာတွေပဲလုပ်ဖြစ်တယ် ။

တော်ပြီတော်ပြီလိုရင်းကိုပဲပြောပါတော့မယ် ။

ဒီးရဲ့Subscriber လေးတွေက လွန်ခဲ့တဲ့ လတွေတုန်းကStudy Challenge လေးလုပ်ပေးဖို့ တောင်းဆိုလာကြသေးတယ်ဒါပေမယ့်မအားတာနဲ့မလုပ်ပေးဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် အခုတော့အကောင်အထည်ဖော်ပါတော့မယ်။

ဒီတစ်ခါ Challenge ကတော့ free ပါ အခမဲ့ ပေါ့။

Free ဆိုပေမယ့်လဲဒီးက အားလုံးကိုအချိန်ဇယားဆွဲပေးဖို့ မအားပါဘူး။ ဆိုတော့ ဘယ်လိုစီစဉ်ထားလဲဆိုတာတစ်ချက်ပြောပြမယ်။ အားလုံးလဲကြိုက်နှစ်သက်ကြမယ်လို့ထင်တယ် ။ စာလုပ်တာပဲမဟုတ်ဘဲ mental ပိုင်းနဲ့ပတ်သတ်ပြီးလဲလေ့ကျင့်လို့ရအောင် စီစဉ်ထားပါသေးတယ်။

အဲ့တော့ Study challenge မှာ ဘယ်လိုအရာတွေပါဝင်မှာလဲ ။

Dee က Task တွေကိုTopic အလိုက်ခွဲပေးထားမယ်။

• Daily task ( ဒီမှာကြတော့ တစ်နေ့တာလုံးမှာကွာကိုယ်စာဘယ်နှစ်နာရီလုပ်ဖြစ်သလဲ၊ ဘယ်လိုဘာသာတွေလုပ်ဖြစ်လဲ၊ ဒီစာနဲ့ပတ်သတ်ပြီးတော့ နားလည်ခဲ့တာမျိုးရှိရဲ့လား 1နာရီဆို 1နာရီလုပ်ဖညစ်ခဲ့တယ် ဘာညာဘာညာ အဲ့လိုလေး နေ့တိုင်းပို့ပေးရမယ် ။ ဒါကို 21ရက်တိတိလုပ်သွားနိုင်ရပါမယ် ။ကျောင်းပိတ်ရက်လည်းဖြစ်နေတော့ဖုန်းလေးတော့သုံးကြမယ်မလား ဒီစာလေးပို့ဖို့ 1မိနစ် 2မိနစ်လောက်ပဲ အချိန်ပေးရမှာပဲ ဒီးဘက်ကလဲအားရင်အားသလိုစစ်ပေးပါ့မယ်)

• Meditation (ဒီမှာကြတော့ အားတဲ့လျိန်တိုင်း15မိနစ်ဖြစ်ဖြစ်တရားထိုင်ရမယ် ထိုင်ပြီးရင်ထိုင်ပြီးကြောင်း ဒီ Topic မှာလာပို့ပေးရမယ် ၁ပတ်ကို ၅ရက်လောက်ထိုင်ဖြစ်ရင်ကိုအဆင်ပြေပါတယ်။ ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ် ဒီတိုင်းလေး ထိုင်ခုံပေါ်ထိုင်နေပြီးစိတ်ငြိမ်အောင်ဘာမှမတွေးပဲငြိမ်ငြိမ်လေးနေပေးလိုက်တာက meditation ပုံစံပါပဲ ဒါ့ကြောင့် ဘယ်ဘာသာဝင်မဆို Meditationကိုပြုလုပ်လို့ရပါတယ်။)

• အတွေးပြောင်းခြင်းအစီအစဉ် ( ဒီမှာကြတော့ Dee တို့လူတိုင်းလူတိုင်းက နေ့စဉ်နေ့အမျှဟိုတွေးဒီတွေးလျှောက်တွေးနေတယ့်အတွေးလွန်ခြင်းကိုရင်ဆိုင်နေကြရမှာပါပဲ ။ဒါ့ကြောင့်လဲဒီးကဒီ Topic လေးကို ဖွင့်ပေးလိုက်တယ် ၊ အတွေးပြောင်းခြင်းဆိုတာက ပထမဦးဆုံး စာဖတ်သူက မကောင်းတဲ့အတွေးဝင်လာတယ်ကွာဒါကိုသတိကပ်ပြီး အဲ့ဒီမကောင်းတဲ့အတွေးအစားကောင်းတဲါအတွေးကိုပြောင်းလဲလိုက်တာမျိုးပါ။ အဲ့တော့ ဒီ Topic မှာဘာလုပ်ရမလဲဆို ဒီနေ့ မကောင်းတဲ့အတွေးအစားကောင်းတဲ့အတွေးတွေကိုသတိကပ်ပြီး ပြန်ပြောင်းတွေးဖြစ်ခဲ့လား ဆိုတာကို ဒီမှာလာပြောရမယ်။ ကြိုက်တဲ့အချိန်ပြောပါ။ ဘယ်‌ရက်ပဲဖြစ်ဖြစ် ကိုယ်ကောင်းတဲ့အတွေးတွေတွေးဖြစ်ခဲ့လားအမြဲတမ်းလာလာပြော ၊ တကယ်တော့ ဒီးတို့တွေးလိုက်တဲ့အတွေးတွေတိုင်းက Mental plan လို့ခေါ်တဲ့ကမ္ဘာတစ်ခုမှာ တွေးလိုက်တဲ့အတွေးတိုင်းက ပေါ်လာ‌တယ်ပေါ့နော်အဲ့ဒီအရာကိုအမြဲတမ်းတွေးလေလေ အဲ့ဒီကမ္ဘာမှာ ကိုယ်တွေးလိုက်တဲ့အရာက ကြီးသထက်ကြီးလာလေလေဖြစ်တယ်။ဒါကစာအုပ်တစ်အုပ်မှာဖတ်ဖူးတာပါ။ နည်းနည်းမေ့တော့မေ့နေပြီ ။ ဒါ့ကြောင့်အတွေးတွေကိုဂရုစိုက်ဖို့လိုပါတယ် မကောင်းတာတွေးရင်မကောင်းတာဖြစ်မယ်။ ကောင်းတာတွေးရင်ကောင်းတာဖြစ်ပါမယ်။)


Task တွေများသွားမှာဆိုလို့ 3မျိုးပဲလုပ်သွားကြမယ်ပေါ့နော် ဒီ 3မျိုးလုံးကို 21ရက်ပြည့်တဲ့အထိ ကြိုးစားသွားကြမယ်။

Study challenge မှာ ကျောင်းသားတွေတင်မကပဲတခြားသော language လေ့လာသူတွေ တခြား ဘာသာရပ်တွေလေ့လာနေသူတွေလဲပါဝင်လို့ရပါတယ်။

ကျေးဇူးပါအဆုံးထိဖတ်ပေးကြ‌လို့ ဒီတစ်ခါမှာလဲ အားလုံး ပျော်ပျော်ရွှင်ရွှင် Active ဖြစ်ဖြစ်ပါဝင်ပေးကြမယ်လို့မျှော်လင့်ပါတယ် ။

ဒီ အောက်က link ကိုနိုပ်ပြီးပါဝင်နိုင်ပါပြီ။

https://t.me/+kBCyuD3j5foyYWI1


စမဲ့ရက်

10.4.2026

ပြီးမဲ့ရက်

30.4.2026


#dee
6🍓3
Mindscape pinned «Hello everyone မတွေ့တာလည်းတော်တော်ကြာလှပါပြီ ။ ခုရက်ပိုင်းတွေဒီးလုံးဝမအားပါဘူး နွေရာသီကျောင်းပိတ်ရက်လေးမှာ လေ့လာစရာရှိတာလေးတွေလေ့လာနေရင်းနဲ့တင်ချိန်ကုန်နေတော့ Channel ဘက်ကိုသိပ်မလှည့်ဖြစ်ဘူး ။ မီးကလဲမလာ ဖုန်းအားကလည်း တစ်နေ့တစ်နေ့မလောက်ငှသလိုဖြစ်နေတော့အရ…»
Hello Channel အသစ်

သိချင်ဝင်ကြည့်

https://t.me/FluentUp_StudyEnglish

#Dee
🍓1
လူတိုင်းလူတိုင်းက နေ့စဉ်နှင့်အမျှ စိတ်ဖိစီးမှုတွေ၊ပင်ပန်းမှုတွေ၊အတွေးများတာတွေ နဲ့တစ်နေ့တာကိုကုန်ဆုံးကြတာများတယ် ၊အလုပ်တွေပိ၊စာတွေပိတော့ ကိုယ့်ကိုကိုယ်ဂရုမစိုက်ဖြစ်တော့ဘူး၊တဖြည်းဖြည်းနဲ့ဘဝကြီးကငြီးငွေ့စရာကောင်းလာတယ်။ မအောင်မြင်တဲ့အခါကိုယ့်ကိုယ်ကိုသူများနဲ့နှိုင်းယှဉ်မိလာတယ်။

ကိုယ်ကိုယ်တိုင်လဲကြုံဖူးတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဒီနှိုင်းယှဉ်ခြင်းဆိုတဲ့ထောင်ထဲကနေလွတ်မြောက်ဖို့ နည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့တာပဲ။

ပထမဦးဆုံးကိုယ်ကိုကိုယ်ဆန်းစစ်ကြည့်တယ် ။

ငါအတွေးများနေတာနဲ့အလဟသာဖြစ်သွားခဲ့တဲ့အချိန်တွေဟာဘယ်လောက်တောင်များနေခဲ့ပြီလဲ ?

ကိုယ့်ကိုယ်ကိုတိုးတက်အောင်ရောငါဘာတွေလုပ်ပြီးခဲ့ပြီလဲ?

ဒီလိုမျိုးမေးခွန်းတွေမေးဖြစ်ခဲ့လိုအဖြေတွေဟာရှင်းရှင်းလင်းလင်းပေါ်လာတယ်။

လုပ်စရာရှိတဲ့အလုပ်တွေအားလုံးကို Note ထဲအကုန်ချရေးလိုက်တယ်၊ဘယ်အရာကအရေးကြီးလဲ ထဘယ်ဟာကအရေးမကြီးတာတွေလဲဆိုတာထပ်ခွဲလိုက်တယ်။


Planစဆွဲတယ် ။

-မနက်ပိုင်း စာဖတ်မယ်။(၁၅မိနစ်)
-Vocabulary လေ့လာမယ်(၅လုံး)
- တစ်‌နေ့လုံးရေ၈ခွက်ပြည့်အောင်သောက်မယ် ။

နောက်တစ်ပိုင်းကကိုယ့်ရဲ့ Career ပိုင်း။

မနက်ပိုင်းကိုသေး‌သေးလေးကနေစတယ် ။အရင်ကအလုပ်တွေများပြီးအဲ့သေးသေးလေးတွေကိုဂရုစိုက်ဖို့မအားခဲ့ဘူး။ဒါပေမယ့်ဒီလို မေးခွန်းမေး၊ Plan တွေဆွဲလိုက်တဲ့အခါ အနားယူဖို့အချိန်တစ်ခုရလာတယ်။



ဒါ့ကြောင့် လူတိုင်းလူတိုင်းအတွက် Time Management နဲ့ Mind Management ကအရမ်းအရေးကြီးတယ်။

ဒါ့ကြောင့်အချိန်ကို အကျိုးရှိရှိအသုံးချတတ်ကြဖို့တိုက်တွန်းချင်ပါတယ်။သူများနဲ့နှိုင်းယှဉ်ပြီးအချိန်ကုန်မခံပါနဲ့ သူကသူကိုယ်ကကိုယ်တူမှမတူပဲ၊ အလုပ်တွေ၊ဖိအားတွေများလာတဲ့အခါ ကိုယ့်ကိုကိုယ်မေးခွန်းတွေမေးပြီး အရေးကြီးလား အရေးမကြီးဘူးလားဆိုတာခွဲခြားတတ်ပါစေ။

#Dee
5
နောက်ကျနေပြီလားလို့
ရပ်လိုက်ချင်တဲ့နေ့ရက်တွေ ရှိလာခဲ့ရင်တောင်...

ဒီအထိရောက်လာခဲ့ပြီမလို့
ဆက်ကြိုးစားကြည့်ရမယ်စိတ်နဲ့
ဆက်သွားနေခဲ့တယ်။

တကယ်တော့ လွယ်ကူနေတာမဟုတ်ဘူးပေါ့
အမြဲတင်းထားရတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကလေ

အရမ်းသန်မာနေခဲ့တာမဟုတ်လည်း
ကိုယ့်ကိုယ်ကိုယ် သန်မာဖို့
ကျင့်ယူခဲ့ရတဲ့ နေ့ရက်တွေပေါ့...

ဖြည်းဖြည်းချင်းနဲ့ နည်းနည်းဆီ
ရောက်လာမှာပါ။

ဖြစ်ချင်တာတွေကို အမြန်ဆုံး
ကိုယ်ဟာ ရယူဖို့
အင်အားမရှိဘူးရယ်...

ဒါပေမယ့် နည်းနည်းချင်းတော့
ကိုယ်ကလည်း ရယူနိုင်မယ်လို့
ယုံကြည်ပါတယ် ။

အမြဲနောက်ကျနေတဲ့သူဖြစ်နေနိုင်တယ်။

ဒါပေမယ့် ကိုယ်ဟာ
အမြဲရောက်အောင် သွားနိုင်ခဲ့သူလည်း
ဖြစ်ခဲ့ချင်တယ်။

အဲဒါကြောင့် ဆက်ပြီး
ကြိုးစားကြည့်ချင်သေးတယ်။

#Dee
#လင်းနန်
#Crd
💘3🍓1
Forwarded from Mystic Aura
Hello 👋🏻

Tarot သင်ချင်တဲ့သူတွေရှိကြလား ပညာဒါန ဖွင့်ပေးရင်ကောင်းမလား‌စဉ်းစားနေတာ free ဆိုတော့ ပေါ့ကြမှာဆိုးနေတယ် Vote များရင်ဖွင့် ပေးမယ်
Final Results
83%
တက်မယ်( ဇွဲရှိရှိ လေ့လာမှာပါ)
20%
မတက်တော့ဘူး (မအားလို့)
2
သင်္ကြန်ရေက ပြင်ပကို ဆေးကြောပေးတယ်။
နှစ်သစ်က အတွင်းကို ဆေးကြောဖို့ ဖိတ်ခေါ်တယ်။

သင်္ကြန် ရောက်ပြီ။

ရေ ပက်ကြတယ်။
ကခုန်ကြတယ်။
ပျော်ရွှင်ကြတယ်။

ဒါ ကောင်းတယ်။
ဒါ လိုအပ်တယ်။

ဒါပေမယ့် သင်္ကြန်ရဲ့ တကယ့် အနှစ်သာရက
ရေပက်တာ မဟုတ်ဘူး။
ဆေးကြောတာ။

ပြင်ပကို ဆေးကြောတာ လွယ်တယ်။
အတွင်းကို ဆေးကြောတာ ခက်တယ်။

နှစ်ဟောင်းမှာ
ဘာတွေ စုပုံခဲ့လဲ။

အငြိုး စုပုံခဲ့တယ်။
ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေ အပေါ်
ကြိတ်မှိတ် ခံထားခဲ့တယ်။

အပြစ်တင်မှု စုပုံခဲ့တယ်။
ကိုယ့်ကိုကိုယ် “ပိုကောင်းနိုင်ပါတယ်” ဆိုပြီး
ရိုက်နှက်ထားခဲ့တယ်။

ကြောက်ရွံ့မှု စုပုံခဲ့တယ်။
ပြောင်းလဲချင်ပေမယ့်
“မဖြစ်နိုင်ဘူး” ဆိုပြီး ရပ်ထားခဲ့တယ်။

ဒါတွေက နှစ်ဟောင်းရဲ့ ဖုန်တွေပါ။
ရေနဲ့ ဆေးလို့ မရဘူး။
သတိနဲ့ပဲ ဆေးလို့ ရတယ်။

ဗုဒ္ဓက ဟောကြားခဲ့ပါတယ်
“အတိတ်ကို မလိုက်ပါနဲ့
အနာဂတ်ကို မတမ်းတနဲ့
ပစ္စုပ္ပန်ကိုသာ ကောင်းစွာ နေပါ”

နှစ်သစ်ဆိုတာ
calendar ပြောင်းတာ မဟုတ်ဘူး။
ကိုယ့်ထဲက ပြောင်းတာ။

Calendar ပြောင်းပေမယ့် ကိုယ့်ထဲက မပြောင်းရင်
နှစ်ဟောင်းကို နှစ်သစ် နာမည်နဲ့ ထပ်နေတာပါပဲ။

Marcus Aurelius က ပြောခဲ့ပါတယ်
“Very little is needed to make a happy life;
it is all within yourself,
in your way of thinking.”

ပျော်ရွှင်တဲ့ ဘဝအတွက် အများကြီး မလိုဘူး။
ကိုယ့်ထဲမှာ ကိုယ့် အတွေးထဲမှာ အကုန် ရှိတယ်။

နှစ်သစ်မှာ ဘာ ပြောင်းမလဲ ဆိုတာထက်
ဘာ လွတ်ချမလဲ ဆိုတာ ပိုအရေးကြီးတယ်။

ချသင့်တဲ့ အရာတွေ ရှိတယ်။

ကိုယ့်ကို နာကျင်စေခဲ့တဲ့သူအပေါ် အငြိုး
ချပါ။
ဒါ သူ့အတွက် ချတာ မဟုတ်ဘူး။
ကိုယ့်အတွက် ချတာ။

ကိုယ့်ကိုကိုယ် အပြစ်တင်နေတဲ့ အသံ
ချပါ။
ကိုယ် လုံလောက်ပါတယ်။
ကိုယ် ဒီတိုင်းလည်း တန်ဖိုးရှိပါတယ်။

“ဖြစ်နိုင်မှာ မဟုတ်ဘူဆိုတဲ့ ယုံကြည်ချက်
ချပါ။
ကိုယ် မစမ်းရသေးတာနဲ့ မဖြစ်နိုင်တာ မတူဘူး။

ခွင့်လွှတ်ပါ။
ကိုယ့်မိဘတွေကို ခွင့်လွှတ်ပါ။
တခြားသူတွေကို ခွင့်လွှတ်ပါ။
ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်ပါ။

တောင်းပန်ပါ။
တောင်းပန်သင့်တဲ့ လူတွေကို
စိတ်ထဲကတောင် တောင်းပန်ပါ။

ယူသင့်တဲ့ အရာတွေလည်း ရှိတယ်။

ကိုယ့်ကိုကိုယ် ခွင့်လွှတ်ခြင်း ယူပါ။
ကိုယ့်ကို နာကျင်စေခဲ့တဲ့သူကို ခွင့်လွှတ်ခြင်း ယူပါ။
ကိုယ့်ဘဝအတွက် အပြည့်အဝ တာဝန်ယူခြင်း ယူပါ။

နှစ်ဟောင်းရဲ့ အမှိုက်တွေကို လွတ်ချပါ။
နှစ်သစ်ရဲ့ အလင်းကို ယူပါ။

သင်္ကြန်ရေက ခန္ဓာကိုယ်ကို ဆေးကြောပေးပါတယ်။
နှစ်သစ်ရဲ့ သတိက စိတ်ကို ဆေးကြောပေးပါတယ်။

မြန်မာ့ နှစ်သစ်
အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

Phyo Paing @ Derek

#Dee
#drphyopaing
#Crd
9🍓2
ကိုယ့်ကိုယ်ကို စတင်ပြောင်းလဲချင်တဲ့အခါ
motivation ပေါ်မူတည်ပြီး မသွားပါနဲ့

Motivation ဆိုတာ ရာသီဥတု လိုပဲ
နေသာလိုက် မိုးရွာလိုက် တိမ်ထူလိုက်နဲ့
တစ်နေ့တစ်မျိုး ပြောင်းလဲနေမှာ

ဒါကြောင့် သေချာခိုင်မာတဲ့ အရိုးရှင်းဆုံး
အသေးစား စီမံကိန်းတွေနဲ့ စတင်ကြည့်ပါ

(ဥပမာ)
• ရက် ၃၀ discipline challenge
• ရက် ၆၀ skill upgrade project
• ရက် ၁၀၀ identity transformation plan

အချိန်တိုင်း motivate ဖြစ်နေဖို့ မလိုဘူး
ဒါပေမဲ့ ပုံမှန် action ယူနေဖို့တော့ လိုတယ်

အရင်ဆုံး small mission လေးတွေကို
ပြီးမြောက်အောင်လုပ်ရင်း identity shift
ဖြစ်အောင်လုပ်ကြည့်ပါ

အများစု fail ဖြစ်တဲ့အကြောင်းရင်းက
talent မရှိလို့ မဟုတ်ပဲ random ဖြစ်နေလို့ပါ

Direction ရှိတဲ့ effort က slow ဖြစ်နေရင်တောင်
တဖြည်းဖြည်း life ကို ပြောင်းသွားစေတယ်

Small daily actions become a completely
different version of you.

Crd

#Dee
5
Hi Deeကိုမှတ်မိကြ‌ သေးလားမတွေ့တာလဲအတော်ကြာပြီ‌‌ပေါ့ အကြောင်းအမျိုးမျိုးကြောင့် ဒီးရဲ့ Channel လေးတွေကိုပစ်ထားမိခဲ့ပါတယ်နောက်လဲထပ်ပြီးပစ်ထားရအုံးမယ်ထင်ပါတယ်ကျောင်းတွေလဲဖွင့်တော့မယ်ဆိုတော့လေ။

ဒါပေမယ့် ကျောင်းပိတ်ရက်လက်ကျန်အချိန်လေးတွေမှာ ဒီး စိတ်အဆင်ပြေတဲ့အခါ ၊အားတဲ့အခါမျိုးလေးတွေမှာတော့ Content လေးတွေရေးတင်‌ဖြစ်မယ်ထင်ပါတယ်။

ကဲ အခုတော့ ဒီး လေးစားအားကျရတဲ့ YouTuber တစ်ယောက် IQမြင့်စေမယ့်အလေ့အကျင့်(၅)ခုဆိုတဲ့ ဗီဒီယိုလေးကိုကြည့်ဖြစ်ခဲ့တယ်။ ဒီဗီဒီယိုထဲကနေမှ အဓိကအချက် လေး တွေကိုပြန်ကိုးကားပြီး Content တစ်ပုဒ်ကူးရေးလိုက်ပါတယ်။မသိသေးတဲ့သူတွေရှိရင်လဲ အလွယ်တကူ ဖတ်နိုင်ဖို့ပါ။


IQ မြင့်စေမယ့်အလေ့အကျင့် (၅) ခု


No 1

ပြင်ပကအသံတွေမပါပဲတွေးခေါ်ပါ။


Neurosciemce အရလူတွေရဲ့အတွေးအခေါ်ကပြင်ပကအသံတွေမပါပဲအလုပ်လုပ်ရတဲ့အခါဆိုဦးနှောက်ကပိုပြီးတော့အစွမ်းထက်တယ်။အကြံညဏ်ကောင်းတွေပိုရတယ်။ရေရှည်တွေးခေါ်နိုင်စွမ်းပိုကောင်းလာတယ်။Albert Einstein ရဲ့မှတ်ညဏ်လေ့ကျင့်နည်းတွေထဲမှာဒီတစ်ခုကနာမည်အကြီးဆုံး တစ်ခုပေါ့။ Albert Einstein ကစားပွဲမှာထိုင်ပြီး mathematics equations တွေဘဲထိုင်တွက်လေ့ရှိတယ်ဆိုပေမယ့်သူကအားလပ်ချိန်မှာဆိုရင် လမ်းလျှော့က်ရင်း အတွေးလေ့ရှိတယ်။

ငါဒါကိုပြောင်းလဲလိုက်ရင်ဘာဆက်ဖြစ်မလဲ?

အလင်းရဲ့အမြန်နှုန်းနဲ့ခရီးထွက်လို့ရမလား?

အာကာသကြီးကအဝတ်စတစ်ခုလိုကွေးနေတာလား?

အဲ့လိုမျိုးပေါ့ Albert Einsteinကဘာမှမလုပ်ပဲလမ်းပတ်လျှောက်ပြီးအတွေးများတဲ့သူလို့လဲနာမည်ကြီးတယ်။ဆိုတော့ကိုယ်ကညဏ်ထက်ချင်တယ်အတွေး‌ပခေါ်ကောင်းချင်တယ်ဆိုနေ့စဉ် ပုံမှန်ပြင်ပကအသံတွေမပါပဲကိုယ့်အတွေးနဲ့ကိုယ်နေကြည့်ဘာဆိုဘာမှမလုပ်ပဲကိုယ့်အတွေးနဲ့ကိုယ်နေကြည့်။

No 2

အခက်အခဲကိုခံစားပြီးမှအကူအညီယူ


ညဏ်အရမ်းကောင်းတဲ့သူတ္ကေအခက်အခဲတစ်ခုကြုံလာပြီဆိုချက်ချင်းအကူအညီယူလေ့မရှိဘူး ဒါကဘာကိုပြောချင်တာလဲဆို

ဉပမာ- ကျောင်းကဆရာမကအရမ်းခက်တဲ့သခ်ျာစာတစ်ပုဒ်ကိုအိမ်စာပေးလိုက်တယ်ပဲထား ပုံမှန်ကျောင်းသားအနေနဲ့အိမ်စာမြန်မြန်ပြီးချင်လို့ဆိုပြီးChat GPT ကိုသွားမေးလိုက်မှာပေါ့အဲ့လိုဆိုအိမ်စာချက်ချင်းပြီးတယ်။

ဒါပေမယ့်ညဏ်အရမ်းကောင်းပြီးထက်မြက်တဲ့ကျောင်းသားတွေကကြတော့သူတို့ဘာသာသူတို့အရင်တွက်ကြည့်တယ်။အဖြေရှာကြည့်တယ်။ခဏခဏဏခဏကြိုးစားကြည့်တယ်။နောက်ဆုံးမရတော့မှ Ai ကိုသွားမေးတယ်။

ကျောင်းသားနှစ်ယောက်ကAiကိုသုံးတာချင်းအတူတူပဲ ဒါပေမယ့်အလေ့အကျင့်ပဲကွာသွားတာ။ကိုယ့်ရဲ့ဦးနှောက်ကအခက်အခဲတွေကိုကြိုးစားပြီးအဖြေရှာရတယ်ဆိုရင်ဦးနှောက်စွမ်းရည်ကသူ့အလိုလိုမြင့်တက်လာလိမ့်မယ်။ဒီလောက်ထိရှိတဲ့အခက်အခဲကိုမရရအောင်ဖြေရှင်းဖို့လုပ်ရင်ဒီလောက်ထိရှိတဲ့ညဏ်ရည်ရလာမယ်။ဒါမှမဟုတ်ဒီလောက်ပဲကြိုးစားရင်ဒီလောက်ပဲညဏ်ရည်ရလာမယ်။

No 3

အပျင်းပြေစာရေးကြည့်


လူအများစုကစာအုပ်ထဲချရေးရင် မှတ်မိလောက်ဖို့ကိုပဲစာကိုချရေးကြတယ် ဒါပေမယ့် အတွေးအခေါ်ကောင်းတဲ့သူတွေကသူတို့စိတ်ကြည်ဖို့အတွက်စာရေးကြတယ်။

Leonardo De Vinci ဆိုရင်သူ့စိတ်ထဲပေါ်လာသမျှကိုစာအုပ်ထဲချရေးကြည့်တယ်။မေးခွန်းတွေ ၊idea တွေ၊ diagramsတွေ၊ physic equations တွေ၊ အစရှိတဲ့သူ့အတွေးအခေါ်အကုန်လုံးကိုချရေးလေ့ရှိတယ်။ဒါတင်မကဘူးAlbert EinsteinလဲအတူတူပဲAlbert Einsteinရဲ့စားပွဲဆိုအမြဲတမ်းရှုပ်ပွနေပြီးတော့အတွေးအခေါ်မှန်သမျှချရေးထားတဲ့ စာရွှက်တွေအပုံလိုက်ရှိတယ်။ဒီအလေ့အကျင့်ကဘာလို့ညဏ်ရည်ကို ဖွံ့ဖြိုးစေတာလည်းဆိုတာနဲ့ပတ်သက်ပြီး Princeton university နဲ့ UCLAရဲ့ Studies တွေရှိတယ်။ ကိုယ်ကအတွေးအခေါ်တိုင်းကိုလက်နက်ချရေးတဲ့အခါကိုယ့်ရဲ့နားလည်နိုင်စွမ်းက စာအုပ်ဖတ်ပြီးလေ့လာတာတို့အမြင်အာရုံနဲ့လိုက်ကြည့်ပြီးလေ့လာတာတို့ထက်အများကြီးပိုသာတယ်။ကိုယ့်ရဲ့အတွေးတိုင်းကိုလက်နဲ့ချရေးတဲ့အခါဆိုလွတ်နေတဲ့နေရာတို့လိုအပ်ချက်ရှိနေတဲ့နေရာတို့ပြုပြင်ရမယ့်နေရာတို့ အစရှိတဲ့နေရာတွေအကုန်လုံးကို ကွဲကွဲပြားပြားသိလာလိမ့်မယ်။အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့အတွေးကတိတိကျကျနဲ့ပိုပြီးပြည့်စုံလာလိမ့်မယ်။

No 4

မှတ်ညဏ်လေ့ကျင့်ခန်း



ကိုယ်ကဘယ်လောက်ထိမှတ်မိနိုင်လဲဆိုတာတင်မကသေးဘူး။ဘယ်လောက်ထိမြန်မြန်ဆန်ဆန်တွေးခေါ်နိုင်လဲဆိုတာကလဲအရေးကြီးသေးတယ်။တစ်ချို့လူတွေကအကြောင်းအရာတွေအများကြီးကိုသိထားပြီးတော့အရေးကြုံလာတဲ့အခါဆိုရင်ချက်ချင်းအသုံးမချနိုင်တာမျိုးရှိတယ်။

ဉပမာ - ကိုယ်ကစာကျက်ထားရဲ့သားနဲ့ စာမေးပွဲခန်းထဲရောက်ရောအကြောင်းအရာတစ်ခုကိုအကြာကြီးပြန်စဉ်းစားနေရတာမျိုးပေါ့။

အဲ့လိုမျိုးမဖြစ်အောင် အတွေးအခေါ်ကိုမြန်ဆန်အောင်လေ့ကျင့်လို့ရတဲ့နည်းရှိတယ်။

Step 1

အကြမ်းအဖျင်းနားလည်အောင်လုပ်

Step 2

အပိုင်းခွဲပြီးတစ်ပိုင်းချင်းစီမှတ်မိအောင်လေ့ကျင့်

လူအများစုကတစ်ခုခုကိုလေ့လာရင် အကုန်လုံးကိုရောသမမွှေပြီး မှတ်လေ့ရှိတယ်။အဲ့လိုမလုပ်နဲ့။

ဉပမာ - ကိုယ်က ကျောင်းမှာ presentation လုပ်မယ်ဆိုရင် Hook အရင်လာမယ်။ပြီးရင် intro လာမယ်။ပြီးရင် context လာမယ်။ ပြီးရင် thesis statement လာမယ်။ပြီးရင် Outro လာမယ်။အဲ့လိုအပိုင်းပိုင်းစီခွဲစိတ်ပြီးမှသာတစ်ပိုင်းချင်းစီကိုသေချာပြင်ဆင်
3🍓1