Mindscape
2.66K subscribers
33 photos
1 video
1 file
31 links
Channel date-15.4.24

This channel offers a great place to explore literature, education, science, and a wide range of general knowledge topics.

If you need any help, I’m here to help


Bot - @Knowledge_by_bot
Download Telegram
Tarot reading review ❤️

3k ပြည့်တဲ့အနေနဲ့ free reading လေးလုပ်ပေးမယ် အနည်းဆုံး အယောက် 25ပဲဟောပေးနိုင်မယ်

Cm မှာပဲမန့်ပေးနော်။

မွေးနေ့အတိအကျနဲ့ ၊ zodiac sign လေးပါမန့်ပေးပါ။

မေးချင်တဲ့မေးခွန်းလေးကောပြောပေးနော်။

#Dee
11
ကဲ Vote အတိုင်း Free online courses အကြောင်း‌လေးလာပါပြီ။

ဒီ course ကတော့ English လေ့လာဖို့ နည်းလမ်းတွေ ရှာနေတဲ့သူတွေ။English လေ့လာဖို့အချိန်များများမပေးနိုင်တယ့်သူတွေ၊ Self- study သမားတွေအတွက် အချိန် 5မိနစ်ပဲပေးရုံနဲ့ လေ့လာလို့ရမယ့် English Central ဆိုတဲ့ website လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ပထမဦးဆုံး

English Central ဆိုတာ ဘာလဲ?

English Central ဆိုတာ Video အခြေပြု သင်ယူမှုကို အလေးပေးထားတဲ့ platform တစ်ခုပါ။ သူက Beginner ကနေ Advanced အထိ Level တိုင်းအတွက် သင့်တော်အောင် စီစဉ်ပေးထားပါတယ်။

ဒီ Website ရဲ့ အဓိက အားသာချက်က စနစ်တကျ ရှိလွန်းတာပါ။ အဆင့် (၄) ဆင့်နဲ့ လေ့လာရတာမို့လို့ ဘာလုပ်ရမှန်းမသိဘဲ ယောင်လည်လည် ဖြစ်မနေတော့ဘူးပေါ့။


Step 1.အရင်ဆုံး ဗီဒီယိုကို ကြည့်ရမယ်။ ဗီဒီယိုတွေကလဲ (၁) မိနစ်ကနေ (၂) မိနစ်လောက်ပဲ ကြာတာမို့လို့ အာရုံစူးစိုက်မှု (Attention Span) ကို အပြည့်အဝ ရစေပါတယ်။

Step 2.ဗီဒီယိုထဲမှာ ပါတဲ့ စကားလုံးအသစ်တွေကို မှတ်သား လို့ရမယ်။

Step 3.Speaking အတွက်ဆိုရင် ဗီဒီယိုထဲက သူတို့ပြောသလို လိုက်ပြောရမယ်။ ကိုယ့်ရဲ့ အသံထွက် (Pronunciation) ကို AI က စစ်ဆေးပေးပြီး feedback ပြန်ပေးပါတယ်။

Step4.နောက်ဆုံးမှာတော့ ဗီဒီယိုထဲက အကြောင်းအရာကို ပြန်ပြီး ဆွေးနွေးရပါတယ်။ ဒါက ကိုယ့်ရဲ့ ပြန်လည်အသုံးချနိုင်စွမ်း (Productive Skill) ကို တိုးတက်စေပါတယ်။


ဒါကြောင့် ဒီ Website ဟာ English လေ့လာနေတဲ့သူတွေအတွက် တကယ့်ကိုရတနာတိုက်ကြီးပါ။

အချိန်မပေးနိုင်လို့ အင်္ဂလိပ်စာ မသင်ဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေ အခုပဲ ရပ်လိုက်ပါ။ တစ်နေ့ကို (၅) မိနစ်ပဲ ပေးရုံနဲ့ သင့်ရဲ့ Listening နဲ့ Speaking ကို သိသိသာသာ ပြောင်းလဲပေးနိုင်မယ့် English Central ရှိနေပါပြီနော်။

Link

website link - https://www.englishcentral.com/myenglish
🔥14❤‍🔥11💯10🎉8🤩86👍6🥰5🍓4🦄2
Hey

ဒီနေ့မှာတော့ Dee တစ်ယောက်တည်း တိတ်တဆိတ် ပျိုးထောင်ခဲ့တဲ့၊ ဘယ်သူ့ကိုမှ မပြောပြသေးတဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို ဖွင့်ဟပြချင်ပါတယ်။

အဲ့တာကတော့... Dee ရဲ့ ကိုယ်ပိုင် မှော်ကမ္ဘာငယ်လေးဖြစ်တဲ့


『 Mystic Aura 』 ပါပဲ။ 🌙

ဒီကမ္ဘာလေးကို 28.12.2025 မှာ စတင်အုတ်မြစ်ချခဲ့တာပါ။ အစပိုင်းမှာတော့ မပြည့်စုံမှုတွေ၊ အခက်အခဲတွေကြားမှာ ဒီမှော်အိမ်လေးက သိပ်မသပ်ရပ်ခဲ့သေးတာမို့ Dee တစ်ယောက်တည်းပဲ လေ့လာရင်း အချိန်ယူ ထိန်းသိမ်းခဲ့ရပါတယ်။

ဒါပေမဲ့ 4.3.2026 (ဒီနေ့) မှာတော့ အရာအားလုံးကို အချောသပ် ပြင်ဆင်ပြီးသွားပါပြီ။ အမှောင်ထုထဲကနေ အလင်းဆီကို ထွက်ပေါ်လာဖို့ အဆင်သင့်ဖြစ်နေတဲ့ Deeရဲ့ Mystic Aura မှော်ကမ္ဘာထဲကို ခေါ်ဆောင်သွားဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါတယ်။

သင်ဟာ မှော်ပညာကို မြတ်နိုးသူ၊ စိတ်စွမ်းအားကို ယုံကြည်သူ တစ်ယောက်ဆိုရင်တော့... Dee ရဲ့ ဒီလျှို့ဝှက်ကမ္ဘာငယ်လေးထဲကို လှမ်းဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

🚪 [မှော်တံခါးကို ခေါက်ပြီး အထဲဝင်ရန် ဤ အောက်က link ကို နှိပ်ပါ]

https://t.me/Magic_sharing

"မှော်ပညာကို ယုံကြည်မှသာ... မှော်အတတ်ကို သင် မြင်တွေ့ရပါလိမ့်မယ်။"

#Dee
11🐳1
Mindscape pinned a photo
"Magic is just science that we don't understand yet."

— Arthur C. Clarke

မှော်အတတ်ဆိုတာ တကယ်တော့ ကျွန်တော်တို့ နားမလည်သေးတဲ့ သိပ္ပံပညာတစ်ခုသာ ဖြစ်ပါတယ်။

ကျွန်‌နော်တို့ ငယ်ငယ်က မျက်လှည့်ကြည့်ရတဲ့အခါ...

"ဒါကြီးက တကယ်ဖြစ်နိုင်ပါ့မလား" ဆိုတဲ့ အံ့ဩတုန်လှုပ်မှုမျိုးကို အားလုံး ခံစားဖူးကြမှာပါ။ ကျွန်နော့်အနေနဲ့ ဒီပညာရပ်ရဲ့ နောက်ကြောင်းကို လိုက်ကြည့်တဲ့အခါမှာတော့ Magic ဆိုတာ လက်လှည့်တာသက်သက် မဟုတ်ဘဲ လူသားတွေရဲ့ "မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ချင်တဲ့ ရုန်းကန်မှု" တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။

ဆက်ဖတ်ရန်.....နိုပ်ပါ။ 👇🏻

https://t.me/Magic_sharing/18

#Dee
#MagicHistory
🍓41
The Art of Creating Your Reality 🔮

"What you think, you become. What you feel, you attract. What you imagine, you create."

— Buddha

မင်းတွေးတဲ့အတိုင်း မင်းဖြစ်လာမယ်။ မင်းခံစားရတဲ့အတိုင်း မင်းဆွဲငင်နိုင်လိမ့်မယ်။ မင်းစိတ်ကူးတဲ့အတိုင်း မင်းဖန်တီးနိုင်လိမ့်မယ်။


Manifestation ဆိုတာ ဘာလဲ?


ရိုးရိုးလေးပြောရရင် ကိုယ့်ရဲ့ ယုံကြည်မှု နဲ့ စိတ်စွမ်းအား ကို အသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လက်တွေ့လောကထဲ ရောက်လာအောင် ဖန်တီးတာပါ။ ဒါဟာ မှော်အတတ်သက်သက်မဟုတ်ဘဲ Law of Attraction (ဆွဲငင်မှုနိယာမ) လို့ခေါ်တဲ့ စကြဝဠာရဲ့ နိယာမတစ်ခုပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်နိုပ်ပါ။

https://t.me/Magic_sharing/21


#Dee
🍓41
Hello! ဒီနေ့ Dee က နိုင်ငံတကာ အစီအစဉ်တွေကို စိတ်ဝင်စားသူတွေအတွက် တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် 6 Weeks Summer Research Program အကြောင်းကို မျှဝေပေးသွားမှာပါ။

ဒါက တရုတ်နိုင်ငံ၊ Hefei မြို့မှာရှိတဲ့ University of Science and Technology of China (USTC) မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ နွေရာသီ သုတေသန ဖလှယ်ရေး အစီအစဉ် (FuSEP 2026) ဖြစ်ပါတယ်။

သုတေသန (Research) ပိုင်းကို အဓိကထားတာဖြစ်လို့ Science and Technology ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအနေနဲ့ မဖြစ်မနေ လျှောက်ထားကြည့်သင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။

Program အမည် - 2026 FuSEP Summer Research

ပြုလုပ်မည့်နေရာ - Hefei, China

ကျင်းပမည့်ရက် - June 22 – July 30, 2026

ကြာချိန် - 6 Weeks

လျှောက်ထားနိုင်သူများ - Undergraduate & Graduate students (ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ)


အကျိုးကျေးဇူး နေနဲ့


•သင်တန်းကြေးနှင့် မှတ်ပုံတင်ကြေး အခမဲ့

•တက္ကသိုလ်ဝင်းအတွင်း အခမဲ့ နေထိုင်ခွင့်

•အရွေးချယ်ခံရသည့် ကျောင်းသားများအတွက် အစားအသောက်နှင့် ခရီးစရိတ် ထောက်ပံ့ကြေး

•အစီအစဉ်ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိခြင်း

လျှောက်လွှာပိတ်ရက် - March 22, 2026

လျှောက်ထားရန် Link:

https://scholarshipscorner.website/fusep-summer-exchange-program/

China မှာ Research လုပ်ရင်း Summer ကို ဖြတ်သန်းချင်တဲ့သူတွေရှိရင် ဒီ Post လေးကို Share ပေးလိုက်ပါဦး။ အတူတူသွားမယ့်သူရှိရင် ပိုပျော်ဖို့ကောင်းမှာ လေနော် ။
ဒီးတော့ အခုမှ ‌အထက်တန်း
student ပဲရှိသေးလို့လျှောက်လို့မရပါဘူး။

အသေးစိတ်ကိုတော့သူတို့ official website လေးမှာသွား ဖတ်ကြည့်လေနော်။

#Dee
#StudyInChina
#FuSEP2026
#USTC
#SummerResearch
3🍓3
ဒီနေ့ ဒီး အတွေးလေးတစ်ခု ရလာတယ်။ အဲဒါကတော့ လူငယ်အများစုဟာ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ရှိနေကြတယ် ဆိုတာပါပဲ။ News Feed မှာ ကြည့်လိုက်တိုင်း ကိုယ့်ထက်သာတဲ့သူ၊ အောင်မြင်တဲ့သူတွေကို ကြည့်ပြီး အားကျရင်း "ငါကတော့ မတော်ပါလား" ဆိုတဲ့ အတွေးတွေနဲ့ပဲ အချိန်ကုန်နေတတ်ကြပါတယ်။

ဒီလိုနှိုင်းယှဉ်ခြင်းနဲ့ပတ်သတ်ပြီး ပုံပြင်‌ လေးတစ်ပုဒ်ကိုဉပမာအနေနဲ့ ပြောပြပေးပါရစေ

- တောအုပ်တစ်ခုထဲမှာ ဝါးပင် နဲ့ နှင်းဆီပင် ဆိုပြီး ရှိသတဲ့။ နှင်းဆီပင်က စိုက်ပြီး မကြာခင်မှာပဲ လှလှပပ ပွင့်လာတော့ ဝါးပင်လေးက သူ့ကိုယ်သူ နှိုင်းယှဉ်ပြီး အားငယ်နေတာပေါ့။ "ငါကတော့ ဘာမှ ဖြစ်မလာပါလား" လို့ တွေးနေခဲ့တာ။ ဒါပေမဲ့ ဝါးပင်လေး မသိတာက သူဟာ အပေါ်ယံမှာ ဘာမှမထူးခြားခင် မြေအောက်မှာ အမြစ်တွေကို ခိုင်မာအောင် အရင် တည်ဆောက်နေရတာပါ။ အချိန်တန်တဲ့အခါမှာတော့ ဝါးပင်ဟာ တခြားအပင်တွေထက် မြင့်မားစွာနဲ့ မားမားမတ်မတ် ထွက်ပေါ်လာပါတော့တယ်။

တကယ်တော့ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဥပမာ- တခြားသူက Marketing ကျွမ်းကျင်နေရင် သူ့လို ဖြစ်ချင်လိုက်တာလို့ ထိုင်တွေးနေမယ့်အစား ကိုယ့်မှာရှိတဲ့ ဖုန်းတစ်လုံးနဲ့ စတင် ကြိုးစားကြည့်လိုက်ပါ။ အချိန်တစ်ခု ရောက်လာတဲ့အခါ ကိုယ် အရင်က အားကျခဲ့ရတဲ့သူထက်တောင် ပိုတော်နေတာကို တွေ့ရပါလိမ့်မယ်။



ဒီးကိုယ်တိုင်လည်း အသက် ၁၄ နှစ်လောက်က ကိုယ့်ထက်ကြီးတဲ့ အစ်မတစ်ယောက် Content Writer အဖြစ် အောင်မြင်နေတာကို ကြည့်ပြီး အားငယ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာ ဒီးရဲ့ Knowledge Sharing Channel လေးက Subscriber ၃၀၀ ကျော်ပဲ ရှိပါသေးတယ်။ သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေမယ့်အစား "ငါ ဘာလုပ်နိုင်မလဲ" လို့ ပြန်မေးပြီး ည ၂ နာရီထိ မအိပ်ဘဲ ကြိုးစားခဲ့လို့ Subscriber ၄၀၀ ပြည့်အောင် လုပ်နိုင်ခဲ့ပါတယ်။
အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရတယ်။ ဖုန်းပျက်သွားလို့ ၉ လလောက် နားလိုက်ရတာ၊ အင်တာနက်လိုင်း မရှိလို့ အဘွားအိမ်မှာသွားပြီး Wifi သုံးရတာတွေပေါ့။ စိတ်ဓာတ်ကျပြီး အကုန်လွှတ်ချချင်တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ဒီး ပြန်ထခဲ့ပါတယ်။ Speaking Club တွေ၊ Study Challenges တွေကို စတင်နိုင်ခဲ့တယ်။ ပြီးတော့ဒီး လေးစားရတဲ့ Owner Haruki (အက္ခရာ) နဲ့ Owner Eric တို့ရဲ့အကူအညီတွေလဲအများကြီးပါခဲ့တာ‌ပေါ့။ ဒီးဒီ နေရာကနေ အမြဲတမ်းသ‌ဘော‌ ကောင်း ပေးကူညီပေးခဲ့တဲ့ အစ်ကို‌တို့ကို လက်အုပ်ချီကန်တော့ပါရစေ🙏🏻။၂၀၂၆ ခုနှစ်မှာတော့ ဒီးရဲ့ Channel လေးဟာ Subscriber 3,000 ကျော်အထိ အောင်မြင်လာခဲ့သလို၊ အခု မတ်လ ၄ ရက်နေ့မှာတော့ Mystic Aura ဆိုတဲ့ Channel အသစ်လေးကိုပါ ထပ်မံ ချပြနိုင်ခဲ့ပါပြီ။(Mystic Aura ကိုတည်ထောင်ဖြစ်ခဲ့တာကလဲ magic သင်တန်းတစ်ခုကပါ။ Tarot နဲ့ရင်းနှီးကျွမ်းဝင်ခွင့်ရအောင်သင်ပေးခဲ့တယ့် Professor (ဆရာ)တို့ကိုလဲကျေးဇူးတင်မိပါတယ်။)



ဒီတော့ အဆုံးသတ်အနေနဲ့... အောင်မြင်နေတဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအခက်အခဲတွေ၊ ကျရှုံးမှုတွေ ရှိခဲ့မလဲဆိုတာကိုလည်း ထည့်စဉ်းစားကြည့်ပေးပါ။

ဒီးရဲ့ ဒီရလဒ်တွေက မပြည့်စုံသေးပေမယ့် ဒီး ဆက်ပြီး ကြိုးစားသွားဦးမှာပါ။

လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဇယားနဲ့ ကိုယ်ပိုင်အောင်မြင်မှု အချိန်အခါဆိုတာ ရှိကြတာမို့လို့ သူများနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ရဲ့ခြေလှမ်းတွေကိုပဲ အာရုံစိုက်ပြီး ကြိုးစားလိုက်ကြရအောင်နော်။

ကဲ... ဒီနေ့မနက်ခင်းလေးကစပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် "Small Steps Challenge" လေး အတူတူ လုပ်ကြည့်ရအောင်။

* Step 1: ကိုယ်အားကျလေးစားရတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ နာမည်ကို ချရေးပါ။
ပြီးရင် သူတို့ဆီက ကိုယ်အတုယူချင်ဆုံး "အရည်အချင်း တစ်ခု" ကိုပါ ဘေးမှာ တွဲရေးလိုက်ပါ။

* Step 2: "ငါ ဘာဖြစ်ချင်တာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ချင်တဲ့အရာတွေကို အကုန်ချရေးကြည့်ပါ။ ပြီးရင် အဲဒီထဲကမှ ကိုယ်အဖြစ်ချင်ဆုံးအရာ (Main Goal) တစ်ခုကိုပဲ သီးသန့် ခွဲထုတ်လိုက်ပါ။

* Step 3: အဲဒီ အရေးကြီးဆုံးအရာအတွက် ဒီနေ့မှာ ၁ နာရီ ဖြစ်ဖြစ် အချိန်ပေးပြီး စတင် ကြိုးစားကြည့်လိုက်ပါ။



၁ နာရီလေးပဲ ဖြစ်ဖြစ် ကိုယ်တကယ် လုပ်နိုင်သွားတာဟာ ကြိုးစားမှုရဲ့ အောင်မြင်တဲ့ ရလဒ်တစ်ခုပါပဲ။ ဒီနေ့ မနက်ခင်းလေးကစပြီး သူများအကြောင်းထက် ကိုယ့်ဘဝ တိုးတက်ဖို့ကိုပဲ အရင်ဆုံး အာရုံစိုက်ကြမယ်လေနော်။


#Dee
#knowlage
#Experience
#Challenge
🍓63
ဒီပညာရပ်ကို စတင်လေ့လာရတာ စိန်ခေါ်မှုတွေရှိပြီး တစ်ခါတလေ ပင်ပန်းပေမယ့်... ကိုယ်ဟောပေးလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်လူအတွက် အလင်းတစ်ခု ဖြစ်စေခဲ့တယ်ဆိုတာ သိရတဲ့အခါ တကယ်ပဲ အားအင်တွေ ပြန်ပြည့်သွားရပါတယ်။ 🤍


ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး အခုလို feedback လေးတွေ ပြန်ပေးတာဟာ ဒီလမ်းစဉ်ကို ဆက်လျှောက်ဖို့အတွက် အကြီးမားဆုံး ခွန်အားပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

#Dee
6🍓2
https://t.me/Magic_sharing/47

Subliminal နားထောင်နည်းမသိတဲ့သူ vote လာပေး ရေးတင်ပေးမလို့


#Dee
2
‎ဒီနေ့တော့ စာရေးဆရာအံ့ဘုန်းခန့်ကျော်ရဲ့ငါ့ကိုငါပြောင်းလဲခြင်းဆိုတဲ့စာအုပ် လေးကို တတိယအကြိမ်ဖတ်ဖြစ်ခဲ့တယ်။

‌‎ဒီစာအုပ်လေးဖတ်ဖြစ်တဲ့အခါတိုင်းမှာ ဒီလိုလေးအမြဲတမ်းတွေးမိတာ‌ပေါ့

"ငါ တစ်နှစ်ပြီးတစ်နှစ်ကြီး လာပြီ အရင်ကတည်းက  နောက်တစ်နှစ်ရောက်ရင်ငါ့ကိုယ်ငါပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုကိုငါတကယ်ရော အကောင်အထည်ဖော်ခဲ့ရဲ့လား"

‎ဆိုပြီးတော့ပေါ့ တစ်နေ့နဲ့တစ်နေ့နိစ္စဓူဝ အလုပ်တွေလုပ်ကျောင်းပိတ်တော့လဲဟိုစပ်စပ်ဒီစပ်စပ် ဝါသနာပါရာတွေလေ့လာနေတာနဲ့အချိန်ကုန် ပင်ပန်းလာတော့လဲ အားတင်းထားရပြန်တယ် "ငါရကိုရမှာ"ဆိုတဲ့စိတ်နဲ့ 2025ကတည်းကဖိအားပေးပြီးကြိုးစားနေခဲ့တာအခုချိန်ထိပေါ့ 2025 ဒီဇင်ဘာ 31ရက်နေ့က

‎" ငါ 2026ရောက်ရင် ငါ့ကိုငါပြောင်းလဲမှဖြစ်တော့မယ် အရင်က Education ပိုင်းမှာအားနည်းခဲ့တာတွေ မိဘ တွေကိုတောင်အသိမပေးဖြစ်ခဲ့တဲ့  Content writer တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့ရတဲ့အချိန်တွေ , Internet line မရလို့ အခက်ခဲကြားထဲက  ရအောင်ကြိုးစားခဲ့တာတွေ, နေရာအတည်အကျမရှိဘဲ ဟိုပြေးဒီပြေးစစ်ဘေးရှောင်ဖြစ်ခဲ့တဲ့အချိန်တွေ ပြန်တွေးရင်း ‌......အော် 2026တောင်ရောက်နေပြီပဲ အခုချိန်ထိငါဟာ ငါ့ကိုငါမပြောင်းလဲနိုင်သေးဘူးဘဲ အတိတ်ထဲမှာပဲနစ်မြုပ်နေမိတုန်းပဲ"

‎ဆိုတဲ့အတွေးကတွေးမိလာပြန်တယ် ။


"When you love yourself you grow from the inside you attract people who love respect and appreciate your energy everything starts with and how you feel about yourself Start feeling worthy , valuable life deserving of receiving the best life has to offer be magnetic"

‎-စာ‌ရေးဆရာအံ့ဘုန်းခန့်ကျော်


ကိုယ့်ကိုကိုယ်ပြောင်းလဲမယ်ဆိုရင် မိမိကိုယ်ကိုအရင်ဆုံးချစ်တတ်ဖို့လိုပါတယ်တဲ့  အပေါ်က  Quote လေးကိုဖတ်မိတော့ ကိုယ့်ကိုကိုယ်ပြန်လှည့်ကြည့်မိတာပဲလေငါဟာ တခြားသူတွေအတွက် အစွမ်းကုန်ကြိုးစားပေးနေသော်လဲ ကိုယ့်ကိုကိုယ်တောင်ပြန်မလှည့်ကြည့်မိခဲ့ပါလားလို့ တွေးမိတာပေါ့

‎2025တုန်းက Deeမူးလဲတယ်ဆိုပြီးပြောခဲ့ပါသေးတယ်၊ အသက် 15နှစ်ဆိုတဲ့ အရွှယ်မှာ သေခြင်းတရားနဲ့ စက္ကန့်ပိုင်းလောက်ထိတွေ့မိသွားသလိုပေါ့ ။

‎ဒီလို‌နဲ့ 2026မှာပြောင်းလဲမယ် ငါ့ကိုယ်ငါဂရုစိုက်မယ် ပျော်ပျော်နေမယ်လို့ ကြွေးကြော်ခဲ့သေးတာသို့သော်လည်း   တစ်နေ့နဲ့တစ်နေ့ဖုန်းကြည့်၊အိပ်လိုက်၊စားလိုက်နဲ့အချိန်ကုန်နေခဲ့တယ်။


"အဲ ....2026အစတုန်းကစိတ်အားထက်‌သန်‌တဲ့ငါကြီးဘယ်ရောက်သွားပါလိမ့်"လို့စိတ်ထဲက‌ကိုယ့်ကိုကိုပြောမိတယ်။

‎G-9 စာမေးပွဲ ပြီးတဲ့နောက်ပိုင်းမှာအားအင်တွေကုန်ခမ်းသွားတယ် ၊ငိုခဲ့ရတဲ့ချိန်တွေလဲရှိတယ်။တကယ်တော့လေစာမေးပွဲကာလတုန်းကကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်ခဲ့ရတာ စာဖတ်သူတို့ကိုစာလုပ်နည်းတွေ၊စာမေးပွဲနီးရင်အိပ်ရေးဝဝအိပ်ပါဆိုတဲ့ content တွေ ရေးပေးနေပေမယ့် ဒီးကိုယ်တိုင်တောင် လက်တွေ့မလုပ်မိခဲ့တဲ့နည်းလမ်းအချို့ရှိခဲ့တယ် အမှားကြီးတစ်ခုကတော့ English ဖြေပြီးနောက်ပိုင်းကစလို့ 3နာရီလောက်ပဲအိပ်ဖြစ်ခဲ့တယ် ဒါကတော့အကြီးမှားဆုံးအမှားပေါ့ ကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်‌ခဲ့တော့ ကျောင်းပိတ်တဲ့အခါ စိတ်ကယောင်တိယောင်တောင် ဖြစ်လာတယ် မူမမှန်တော့ဘူး  စိတ်ကမူမမှန်ဖြစ်နေပေမယ့်လို့ ဒီးရဲ့ ဝါသနာ ကိုတော့မစွန့်လွတ်ခဲ့ပါဘူး လေ့လာတယ် content တွေတင်တယ်။ magic  နဲ့ထိတွေ့တယ်။ အပြင်ပိုင်း စာဖတ်သူတို့အမြင်မှာဒီးက တော်နေတယ် လို့မြင်နေကြမယ်ထင်တယ် တချို့စာဖတ်သူတွေကလဲငယ်ငယ်လေးပဲရှိသေးတာအဲ့လောက်တောင်လုပ်နိုင်တာအံ့ဩစရာပဲနော်တဲ့ ။ပြုံးမိတာပေါ့လေ ဒီလိုချီးကျူးသံတွေကြားတော့လဲ ကြိုးစားချင်စိတ်က သာမာန်ထပ်ပိုလာတယ်။

‎စိတ်အခြေအနေမူမမှန်တော့ ဒီအလုပ်တွေကနေခန Break မယ်ပေါ့ ။ဒါနဲ့ပဲ content ရေးတာနားလိုက်တယ် G-9 Exam Guide Group ထပ်ဖွင့်ပြီး ဂျူနီယာတွေ  advice ပေးရတယ် ၊စာမေးပွဲစစ်ပေးပြီးနောက်ပိုင်း ဒီအလုပ်တွေကနေခန Break လိုက်တယ်ဒါ့ကြောင့်လဲဒီးက Channel မှာ content တွေမတင်ဖြစ်တာပေါ့ Magic channel မှာတော့ active ဖြစ်မိပါတယ်။

‎ပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းတယ်လေ့လာစရာရှိတာလေ့လာတယ် Tarot တွေဟောတယ် စိတ်ကိုပြန်ဂရုစိုက်ဖြစ်တယ် စိတ်ထွက်ပေါက်ရဖို့အတွက် Astral projection ကိုကျင့်တယ် ။

သို့သော် ကိုယ်ဟာ mentalကိုဂရုစိုက်နေပေမယ့် physical ကိုဂရုစိုက်ဖို့မေ့နေပြန်ရော ရေ‌တောင်‌တစ်နေ့တစ်ခွက်‌ပြည့်အောင်မသောက်ဖြစ်ခဲ့ဘူးကျန်းမာရေးပိုင်းမှာဒုက္ခပြန်ရောက်တယ်။
❤‍🔥1

‎ဒီလိုနဲ့ပဲ  မနက်ပိုင်း‌ လောက်မှာငါ့ကိုယ်ငါပြောင်းလဲခြင်းစာအုပ်ကိုပြန်ဖတ် mental ကော physic‌al ကော ပြန်လည်ဂရုစိုက်ဖြစ်ခဲ့တာပေါ့။

‎ကဲစာဖတ်သူတို့ကောကိုယ့်ကိုကိုယ်ဂရုစိုက်ဖြစ်ကြရဲ့လား?ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။


‎မနက်ဖြန်ကစပြီး Challenge တစ်ခုလုပ်ကြမယ်လေ



‎Challenge နာမည်လေးက


‎"I'm changing myself "တဲ့

‎ဆိုတော့ ပြောင်းလဲခြင်းရဲ့အခြေခံဖြစ်တဲ့ 'ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်း'ခေါင်းစဉ်နဲ့စကြတာပေါ့'


‎ဒီနေ့ post ကတော့ဒါပါပဲ ။

‎အဆင်ပြေကြပါစေ။


‎ဒီးရဲ့ post တိုင်းကို react လေးတွေ review လေးတွေပေးကြတဲ့သူတစ်ယောက်ချင်းစီကိုလဲကျေးဇူးတင်ပါတယ်။

‎နောက်မှပြန်တွေ့ကြတာပေါ့။


#Dee
#I'm changing myself
#YFEK
6❤‍🔥1🍓1🎄1💘1
'I'm changing myself'

နောက်ကျသွားလို့ဆောတီးပါ။

Day 1


ကျောင်းတွေလဲပိတ် နွေလည်းရောက်တော့လူတိုင်းပျင်းနေကြမှာပဲလေ နေပူပူကြီးထဲအလုပ်တွေလုပ်ရတော့ပင်ပန်းကြမှာပဲလေ ညလဲနောက်ကျမှအိပ် အတွေးတွေလွန်ရင်းတစ်နေ့တာကိုဖြတ်သန်းနေကြတော့ကျန်းမာရေးထိခိုက်မှာ ပေါ့ ၊ကိုယ့်ကိုကိုယ်လည်းလှည့်ကြည့်ပါအုံး မင်းရဲ့စိတ်ကလေးပင်ပန်းနေပြီ မင်းမျက်နှာလေးညိုးနွှမ်းနေပြီ မျက်ကွင်းတွေလဲညိုနေပါပြီ ။သနားပါတယ်မင်းကိုယ်မင်းပြန်ကြည့်ပါအုံး သူများအတွက်၊မိသားစုအတွက် နဲ့ကြိုးစားနေရတာ မင်းပင်ပန်းလှပြီ ။

အတွေးတွေမလွန်ပါနဲ့လေ၊ငပျင်းတစ်ယောက်လိုမနေပါနဲ့တော့၊ဖုန်းတွေကြည့်တာခနနားပြီး သဘာဝရဲ့အလှတရားကိုခံစားကြည့်ပါအုံးဗျာ ......


ကောင်းကင်ပေါ်က တိမ်အဖြူရောင်အလွှာလေးတွေကနူးညံ့တဲ့ဂွမ်းစလေးလိုပဲ အိစက်ညှပ်ညောနေမှာ လောကကြီးရဲ့အလှတရားကို တိမ်‌လွှာပေါ်မှာထိုင်ရင်းခံစားငေးမောနေတဲ့မင်းကိုယ်မင်းမြင်ယောင်ကြည့်လိုက်ပါ။

ငှက်ကလေးတွေရဲ့ တီတီတာတာသီချင်းဆိုသံများနဲ့ ‌မြစ်ချောင်းအင်းအိုင်တို့ရဲ့ရေစီးချောင်းသံ ငြိမ့်ငြိမ့်ငြိမ့်လေး ပြီးနောက်လူသားတို့ရဲ့နေ့စဉ်ဓူဝအလုပ်လုပ်နေပုံ ၊ ပျော်ရွှင်စရာမိသားစုရဲ့ပုံရိပ်‌များ‌ ကြောင်လေးတွေ၊ခွေးလေးတွေဆော့ကစားနေပုံ ချစ်စရာကောင်းတဲ့အနာဂတ်ကလေးလေးများရဲ့ပုံရိပ်ကလေးတွေ မြင်ယောင်ကြည့်လိုက်ပါ ၊ ပန်းခင်းလေးတွေနဲ့သစ်ပက်အိုကြီးဆီမင်းရောက်သွားတဲ့ပုံစံကို ပုံဖော်ကြည့်လိုက် သစ်ပင်အိုကြီးဟာ အသက်ရင့်နေပေမယ့် သန်မာကြံ့ခိုင်လှတယ် ဒီသစ်ပင်ကြီးက မင်းအတွက် နားခိုရာအရိပ်တစ်ခုလိုပဲနေပူထဲမှာ ချွေပျံနေတဲ့မင်းကို အအေးဓာတ်ပေးမယ့် သစ်ပင်ကြီးပေါ့ ။


မင်းလဲ ဒီသစ်ပင်ကြီးလို သန်မာကမယ် အခက်အခဲတွေကြားမှာပြုံးနိုင်ရမယ်လေ။


ဒီးရဲ့ English ဆရာ ဘုန်းဘုန်းပြော ခဲ့တဲ့ စကားလေးကိုပြောပြချင်ပါတယ်။

ကမ္ဘာကြီးကိုပြောင်းလဲဖို့မကြိုးစားပါနဲ့ မိမိကိုယ်ကိုပြောင်းလဲဖို့အရင်ကြိုးစားပါတဲ့။

ကမ္ဘာကြီးကိုကိုယ်တစ်ယောက်တည်းပြောင်းလဲနိုင်ရဲ့လားပြောင်းလဲချင်တယ်ဆိုရင်တောင်ကိုယ်ကခွန်အားရှိဖို့လိုတယ်လေကိုယ့်မှာခွန်အားတွေရောရှိရဲ့ လား မရှိသေးရင်ခွန်းအားတွေကိုအရင်ဖြည့်လိုက်ပါအုံးလေ။

-တစ်နေ့ကိုရေ၆ခွက်သောက်ပါ ။
- ကိုယ်မိသားစုနဲ့ပျော်ပျော်နေပါ။စိတ်ညစ်စရာရှိရင်တောင်ခနပဲတွေး နေ့တစ်နေ့ကို‌အကောင်းဆုံးဖြတ်သန်း
-ဒီနေ့တစ်နေ့တော့စိတ်ကိုလွပ်လပ်ခွင့်ပေးရအောင်လေကိုယ်ကြိုက်တာကိုယ်လုပ်ကြမယ်လေ
-စိတ်အပန်းပြေ‌သွားအောင်တရားထိုင်ကြမယ်လေ
- ‌ဒီစာကိုဖတ် နေတဲ့အချိန်သွား၃၂ချောင်းပေါ်နေအောင်အားရပါးရပြုံးလိုက်ပါ။ မင်းရဲ့အပြုံးက ဆွဲဆောင်မှုတအားရှိနေမှာအသေအချာပဲ

#Dee
#Day 1
#I'm changing myself
8🐳2❤‍🔥1
ခုရက်ပိုင်းချန်နယ် မှာဘာလေးတွေတင်ပေးရမလဲ

#Dee
Hello everyone

မတွေ့တာလည်းတော်တော်ကြာလှပါပြီ ။ ခုရက်ပိုင်းတွေဒီးလုံးဝမအားပါဘူး နွေရာသီကျောင်းပိတ်ရက်လေးမှာ လေ့လာစရာရှိတာလေးတွေလေ့လာနေရင်းနဲ့တင်ချိန်ကုန်နေတော့ Channel ဘက်ကိုသိပ်မလှည့်ဖြစ်ဘူး ။ မီးကလဲမလာ ဖုန်းအားကလည်း တစ်နေ့တစ်နေ့မလောက်ငှသလိုဖြစ်နေတော့အရေးကြီးတာတွေပဲလုပ်ဖြစ်တယ် ။

တော်ပြီတော်ပြီလိုရင်းကိုပဲပြောပါတော့မယ် ။

ဒီးရဲ့Subscriber လေးတွေက လွန်ခဲ့တဲ့ လတွေတုန်းကStudy Challenge လေးလုပ်ပေးဖို့ တောင်းဆိုလာကြသေးတယ်ဒါပေမယ့်မအားတာနဲ့မလုပ်ပေးဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် အခုတော့အကောင်အထည်ဖော်ပါတော့မယ်။

ဒီတစ်ခါ Challenge ကတော့ free ပါ အခမဲ့ ပေါ့။

Free ဆိုပေမယ့်လဲဒီးက အားလုံးကိုအချိန်ဇယားဆွဲပေးဖို့ မအားပါဘူး။ ဆိုတော့ ဘယ်လိုစီစဉ်ထားလဲဆိုတာတစ်ချက်ပြောပြမယ်။ အားလုံးလဲကြိုက်နှစ်သက်ကြမယ်လို့ထင်တယ် ။ စာလုပ်တာပဲမဟုတ်ဘဲ mental ပိုင်းနဲ့ပတ်သတ်ပြီးလဲလေ့ကျင့်လို့ရအောင် စီစဉ်ထားပါသေးတယ်။

အဲ့တော့ Study challenge မှာ ဘယ်လိုအရာတွေပါဝင်မှာလဲ ။

Dee က Task တွေကိုTopic အလိုက်ခွဲပေးထားမယ်။

• Daily task ( ဒီမှာကြတော့ တစ်နေ့တာလုံးမှာကွာကိုယ်စာဘယ်နှစ်နာရီလုပ်ဖြစ်သလဲ၊ ဘယ်လိုဘာသာတွေလုပ်ဖြစ်လဲ၊ ဒီစာနဲ့ပတ်သတ်ပြီးတော့ နားလည်ခဲ့တာမျိုးရှိရဲ့လား 1နာရီဆို 1နာရီလုပ်ဖညစ်ခဲ့တယ် ဘာညာဘာညာ အဲ့လိုလေး နေ့တိုင်းပို့ပေးရမယ် ။ ဒါကို 21ရက်တိတိလုပ်သွားနိုင်ရပါမယ် ။ကျောင်းပိတ်ရက်လည်းဖြစ်နေတော့ဖုန်းလေးတော့သုံးကြမယ်မလား ဒီစာလေးပို့ဖို့ 1မိနစ် 2မိနစ်လောက်ပဲ အချိန်ပေးရမှာပဲ ဒီးဘက်ကလဲအားရင်အားသလိုစစ်ပေးပါ့မယ်)

• Meditation (ဒီမှာကြတော့ အားတဲ့လျိန်တိုင်း15မိနစ်ဖြစ်ဖြစ်တရားထိုင်ရမယ် ထိုင်ပြီးရင်ထိုင်ပြီးကြောင်း ဒီ Topic မှာလာပို့ပေးရမယ် ၁ပတ်ကို ၅ရက်လောက်ထိုင်ဖြစ်ရင်ကိုအဆင်ပြေပါတယ်။ ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ် ဒီတိုင်းလေး ထိုင်ခုံပေါ်ထိုင်နေပြီးစိတ်ငြိမ်အောင်ဘာမှမတွေးပဲငြိမ်ငြိမ်လေးနေပေးလိုက်တာက meditation ပုံစံပါပဲ ဒါ့ကြောင့် ဘယ်ဘာသာဝင်မဆို Meditationကိုပြုလုပ်လို့ရပါတယ်။)

• အတွေးပြောင်းခြင်းအစီအစဉ် ( ဒီမှာကြတော့ Dee တို့လူတိုင်းလူတိုင်းက နေ့စဉ်နေ့အမျှဟိုတွေးဒီတွေးလျှောက်တွေးနေတယ့်အတွေးလွန်ခြင်းကိုရင်ဆိုင်နေကြရမှာပါပဲ ။ဒါ့ကြောင့်လဲဒီးကဒီ Topic လေးကို ဖွင့်ပေးလိုက်တယ် ၊ အတွေးပြောင်းခြင်းဆိုတာက ပထမဦးဆုံး စာဖတ်သူက မကောင်းတဲ့အတွေးဝင်လာတယ်ကွာဒါကိုသတိကပ်ပြီး အဲ့ဒီမကောင်းတဲ့အတွေးအစားကောင်းတဲါအတွေးကိုပြောင်းလဲလိုက်တာမျိုးပါ။ အဲ့တော့ ဒီ Topic မှာဘာလုပ်ရမလဲဆို ဒီနေ့ မကောင်းတဲ့အတွေးအစားကောင်းတဲ့အတွေးတွေကိုသတိကပ်ပြီး ပြန်ပြောင်းတွေးဖြစ်ခဲ့လား ဆိုတာကို ဒီမှာလာပြောရမယ်။ ကြိုက်တဲ့အချိန်ပြောပါ။ ဘယ်‌ရက်ပဲဖြစ်ဖြစ် ကိုယ်ကောင်းတဲ့အတွေးတွေတွေးဖြစ်ခဲ့လားအမြဲတမ်းလာလာပြော ၊ တကယ်တော့ ဒီးတို့တွေးလိုက်တဲ့အတွေးတွေတိုင်းက Mental plan လို့ခေါ်တဲ့ကမ္ဘာတစ်ခုမှာ တွေးလိုက်တဲ့အတွေးတိုင်းက ပေါ်လာ‌တယ်ပေါ့နော်အဲ့ဒီအရာကိုအမြဲတမ်းတွေးလေလေ အဲ့ဒီကမ္ဘာမှာ ကိုယ်တွေးလိုက်တဲ့အရာက ကြီးသထက်ကြီးလာလေလေဖြစ်တယ်။ဒါကစာအုပ်တစ်အုပ်မှာဖတ်ဖူးတာပါ။ နည်းနည်းမေ့တော့မေ့နေပြီ ။ ဒါ့ကြောင့်အတွေးတွေကိုဂရုစိုက်ဖို့လိုပါတယ် မကောင်းတာတွေးရင်မကောင်းတာဖြစ်မယ်။ ကောင်းတာတွေးရင်ကောင်းတာဖြစ်ပါမယ်။)


Task တွေများသွားမှာဆိုလို့ 3မျိုးပဲလုပ်သွားကြမယ်ပေါ့နော် ဒီ 3မျိုးလုံးကို 21ရက်ပြည့်တဲ့အထိ ကြိုးစားသွားကြမယ်။

Study challenge မှာ ကျောင်းသားတွေတင်မကပဲတခြားသော language လေ့လာသူတွေ တခြား ဘာသာရပ်တွေလေ့လာနေသူတွေလဲပါဝင်လို့ရပါတယ်။

ကျေးဇူးပါအဆုံးထိဖတ်ပေးကြ‌လို့ ဒီတစ်ခါမှာလဲ အားလုံး ပျော်ပျော်ရွှင်ရွှင် Active ဖြစ်ဖြစ်ပါဝင်ပေးကြမယ်လို့မျှော်လင့်ပါတယ် ။

ဒီ အောက်က link ကိုနိုပ်ပြီးပါဝင်နိုင်ပါပြီ။

https://t.me/+kBCyuD3j5foyYWI1


စမဲ့ရက်

10.4.2026

ပြီးမဲ့ရက်

30.4.2026


#dee
6🍓3
Mindscape pinned «Hello everyone မတွေ့တာလည်းတော်တော်ကြာလှပါပြီ ။ ခုရက်ပိုင်းတွေဒီးလုံးဝမအားပါဘူး နွေရာသီကျောင်းပိတ်ရက်လေးမှာ လေ့လာစရာရှိတာလေးတွေလေ့လာနေရင်းနဲ့တင်ချိန်ကုန်နေတော့ Channel ဘက်ကိုသိပ်မလှည့်ဖြစ်ဘူး ။ မီးကလဲမလာ ဖုန်းအားကလည်း တစ်နေ့တစ်နေ့မလောက်ငှသလိုဖြစ်နေတော့အရ…»
Hello Channel အသစ်

သိချင်ဝင်ကြည့်

https://t.me/FluentUp_StudyEnglish

#Dee
🍓1