Hello
ပြောထားတဲ့အတိုင်း Dee ရဲ့ G-9 journey လေး ပြောပြပါ တော့ မယ်။
Exam မဖြေခင်လေး အမှီ လာ တင်ပေးတာ။
ဟူး ဘယ်လိုပြောရမလဲ တစ်နှစ်ပတ်လုံး လဲ ဒီအတန်းအတွက် ဖိအားတွေနဲ့၊ စိတ်ဓာတ်ကျမှုတွေနဲ့။ သူများ ၈၀% ပြေးရင်တောင်ကိုယ်က ၉၈% လောက်ပြေးခဲ့ရတာ ။
Grade 8 တုန်းက သခ်ျာကိုမကြိုက်ပေမယ့်ဒီအတန်းမှာတော့ သခ်ျာကိုကြိတ်မှိတ်ပြီး ကြိုက်ခဲ့ရတာပါပဲ သို့သော်် လိုချင်တဲ့ရလဒ် နဲ့ လာ တဲ့ ရလဒ်နဲ့ ကလုံးဝကွာခြားနေတာပဲ။
နောင်တတွေလဲရလို့ပါ့ စီနီယာတွေက စာများတယ်စာများတယ်လို့ပြောနေခဲ့တာတောင် အရေးမစိုက်မိပဲ နွေရာသီမှာ တောင်စာကြိုမလုပ်ဖြစ်ခဲ့ပါဘူး။
ဒါပေမယ့် ကြိုးစားခဲ့ပါတယ် အရင်အတန်းတွေတုန်းကထက်ကို ဒီအတန်း မှာ အမှတ် ပိုတက်လာတယ် English ဆို အရင်တန်းတွေတုန်းက 80 /70ဝန်းကျင်ပဲရတယ် အခု 90ကျော် လောက်ထိတက်လာတော့တကယ်ကိုပျော်ခဲ့တာ။ ဒါကတော့ကိုယ့်ရဲ့ကြိုးစားမှုရဲ့ရလဒ်ပေါ့နော် ။
ဒါပေမယ့် ဒီတစ်နှစ်ပတ် လုံးမှာတော့အလေလိုက်မိခဲ့တာတွေပိုများတယ်။
ဒါ့ကြောင့်လဲ ကိုယ်လိုချင်တယ့်ရလဒ်က အတိအကျကိုမထွက်လာတာပဲ ။ပိုဆိုးသွားတာက နမူနာမေးခွန်းနှစ်စုံပဲထွက်တော့စိတ်ဓာတ်တွေပိုကျရော နမူနာမေးခွန်းထဲက အောင်မှတ်ပဲပါမယ်တဲ့လေ ဒီလိုနဲ့စိတ်ဓာတ်တွေကျ စာလည်းလုပ်ပေမယ့်ရှေ့မရောက် အိမ် ကသူတွေကလဲဖိအားတွေပေး စာအုပ်တစ်အုပ်လုံးလဲကျက်ခိုင်း။ ဒါပေမယ့်Dee စာအုပ်တစ်အုပ်လုံးတော့မကြိုက်နိုင်ခဲ့ပါဘူး အခန်း1နဲ့တင်ချာချာလည်နေတာ ကျက်လိုက်မေ့လိုက်နွေးလိုက်။
ဒီကြားထဲ သခ်ျာဆိုပိုဆိုး အရင်အတန်းတွေတုန်းကအခြေခံသိပ်မပါလာတော့ နားလည်ဖို့တအားခက်ခဲ့တယ် ။ နေ့ရက်တိုင်းလဲသခ်ျာကမပါမဖြစ်ဦးနှောက်ထဲမှာလဲ သခ်ျာ စိတ်ထဲမှာလဲသခ်ျာ ဘာလုပ်လုပ်သခ်ျာ ။ ဒီ final မှာတော့လိုချင်တဲ့ရမှတ်ကို ကိုယ်မှန်းထားတဲ့အတိုင်းတော့ရသွားချင်ပါတယ်။ဒီအတွက်လည်းကြိုးစားနေဆဲပါပဲ။
So,ဒီတော့ ဂျူ နီယာလေးတို့ကို စီနီယာ ဒီးက advice ပေးချင်တယ် ။
G-9 ရောက်ပြီဆိုတာနဲ့ အလေလိုက်တာတွေလျှော့နိုင်သလောက်လျှော့ပါ ကိုယ်က ဆု မှန်းထားတယ်ဆို နှစ်စ ကတည်းက ကြိုးစားထားပါ။ဆုမှန်းထားတယ် Final Exam မှ All Aရအောင်ဖြေမယ် လပတ်၊တွေမှာတော့ C တွေနဲ့အေးအေးဆေးဆေး အလေ လိုက်ဖုန်းကြည့် အနားနီးမှကြိုးစားမယ်ဆိုမရဘူးနော် ဒီအတန်းက လပတ် စာမေးပွဲက ရမှတ် တွေနဲ့ final exam အမှတ်ပေါင်းပြီး A အဆင့်ရမှ ဆုပေးတာ။ ဒါမယ့်တစ်ချို့ကျောင်းတွေကတော့ နောက်ဆုံးစာမေးပွဲရမှတ်ပဲယူကြတယ် တစ်နှစ်နဲ့တစ်နှစ်တော့ အမှတ်ယူပုံမတူကြဘူး။ လပတ်တွေမှာ အမှတ်ပြည့်ရဖို့လို တယ် All A မဟုတ်ရင်တောင် ငါးဘာသာ80ကျော်လောက်ရအောင်ကြိုးစားထားကျန် 1ဘာသာ60ဆိုရင်လဲအဆင်ပြေတယ် အဲ့လိုတာရအောင်ကြိုးစားသွား။
ဒီ2026-2027မှာတော့အကျရှိတယ်လို့ကြားထားတယ်။
ဒီနွေမှာ G-9 စာကိုကြိုလုပ်ထားဖို့ပြောချင်တယ် မြန်မာစာခက်စစ်တွေနိုင်သလောက်ကျင့်ထားကြပါ။ English Grammar တွေကြိုသင်ထားကြပါ။ Math တွေကြိုတွက်ထား။သင်ထားကြပါ။ သခ်ျာတွက်ရင် အလွတ်ကျက်ပြီး မတွက်နဲ့သူ့ရဲ့သဘောတရားကိုအရင်ရအောင်လုပ်ဒါမှ 12တန်းရောက်ရင် အကျင့်ဖြစ်မှာ။ ပုံစံတူ 5ပုဒ်လောက်ထပ်တွက် တွက်ပြီး ဒီတိုင်းပစ်မထားနဲ့ တစ်ပတ်တစ်ခါပြန်နွေး သမိုင်းတွေလဲကြိုကျက်ထားကြပါ ။ မေးခွန်းဟောင်းတွေ ပါကျင့်ထားဒါမှ 100ဖိုးမေးခွန်းနဲ့ရင်းနှီးလာမှာ။ မေးခွန်းဟောင်းကျင့်မယ်ဆို 3နှစ်တာလုံးမေးခဲ့တဲ့မေးခွန်းဟောင်းတွေအကုန်ကျင့်ထားပါ။
2023-2024,2024,2025,2025,2026 မေးခွန်းဟောင်းတွေနွေမှာအပြတ်ကျက်ထားကြပါ။
ပထဝီမှာဆို အိုက်ဆိုဘားမျဉ်း 100ဖိုးမေးခွန်းမှာပါလိမ့်မယ်။ အိုက်ဆိုဘားမျဉ်း က 12မှတ်ရတယ်။ textbook ထဲမှာ 3ပုံပါတယ် အဲ့3ပုံကိုနွေမှာရအောင်အပိုင်ကျင့်ထားပါ။ လေဖိအား နည်းတယ့်နေရာတွေ၊များတဲ့နေရာ၊မိုးဘယ်နားရွှာလဲ၊ မုန်တိုင်းဘယ်နားမှာဖြစ်လဲ၊ ဆိုတာတွေကိုမှတ်ထားကြပါ။
ကြိုပြောပြီးပြီနော် ကိုယ်က G-9 မှာ A မှန်းထားတယ်ဆို နှစ်စကတည်းက A တွေကြီးပဲရအောင်ကြိုးစားထားရမယ်။ အလေမလိုက်နဲ့။ အလေလိုက်တာလျှော့နိုင်သလောက်လျှော့၊ဖုန်းကြည့်ချိန်သတ်မှတ်ထားအ လွန်အကျွံမသုံးမိ စေနဲ့။ ကိုယ်တောင်နောက်တရနေတာ။ G-9 ကမလွယ်ပါဘူး ။ စာများပါတယ် ။ နောက်ဆုံးသတိပေးခြင်းနော် အကောင်း ဆုံးတွေမှန်းထားရင် မကောင်းတဲ့အရာတွေကိုရဲရဲကြီးစွန့်လွှတ်နိုင်ရမယ်။
ကဲ fighting ပါ။
All Aအပြည့်နဲ့ ဆုတက်ယူနိုင်ကြပါစေ လို့ဆုတောင်းလျက် ...
Bye
နောက်လမှထပ်တွေ့ကြမယ်ကွာ
#Dee

🍓13❤3
ပျားလေးတွေရဲ့ဘဝအကြောင်း
─ ┄ׅ────┄ׅ──── ٠
▢◝
ပျားတွေကအုပ်စုလိုက်နေကြပြီး ပျားအိမ်တစ်ခုထဲမှာ တစ်ကောင်ချင်းစီတာဝန်မတူကြဘူး။ ⌯ မိဖုရားပျားက မျိုးပွားရေးတာဝန်ယူတယ်။ ⌯ အလုပ်သမားပျားတွေက ပန်းရည်စုဆောင်းတယ်၊ ပျားအိမ်တည်ဆောက်တယ်၊ ကလေးပျားတွေကိုစောင့်ရှောက်တယ်။ ⌯ အထီးပျားတွေကတော့ မျိုးဆက်ဆက်ဖို့အတွက်ပဲရှိပါတယ် ıı ▢◝
ပျားတွေက အစာရှိတဲ့နေရာကို ကခုန်ပြီး အခြားပျားတွေကို ဆက်သွယ်တတ်ကြတယ်။ ဘယ်ဘက်၊ ဘယ်ညာဆိုတာ အကွာအဝေး ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း လှုပ်ရှားမှုနဲ့ ဖော်ပြတတ်ကြပါတယ် ıı▢◝
Worker bee တစ်ကောင်ရဲ့ ဘဝက သာမန်အားဖြင့် ၅–၆ ပတ်လောက်ပဲ ရှိကြပါတယ်။တိုတောင်းပေမဲ့ အလုပ်ကြိုးစားပြီး အသိုင်းအဝိုင်းအတွက် အသက်ရှင်တတ်ကြပါတယ် ıı▢◝
ပျားတစ်ကောင်ရဲ့ ဘဝက အရမ်းတိုပြီး ပျားတစ်ကောင်တည်းက ဘဝတစ်လျှောက်ထုတ်ပေးနိုင်တဲ့ပျားရည်က တကယ်ကိုအနည်းငယ်ပဲရှိပါတယ်။ ဒါကြောင့် ပျားရည်တစ်ဇွန်းနောက်ကွယ်မှာ ပျားလေးတွေအများကြီးရဲ့ အလုပ်ကြိုးစားမှုတွေ ပါဝင်နေတာပါ ıı⋅ ⋅ ────ꔫ──── ⋅ ⋅
. ʾɞ #𝖤ոᴢαᥣі #𝖲𝗁αɥ𝖪𝗁іƚƚα𝖫ᥕіո
#𝖪ᥒᦢ𝗐ᥣ𝖾ᑯ𝗀𝖾 𖥻 𝖽𝗈ո'𝗍 𝗋ᥱ𝗉𝗈ડ𝗍᠉ ִֶָ
🎄5❤1🍓1
Hey guys လာမယ့်နှစ်G-9တက်မယ့်သူများအတွက် 6 day program လေးလုပ်ပေးချင်ပါတယ် ဒီ program မှာပါတွေပါဝင်မှာလဲဆိုရင်
စမယ့်ရက် - 6.3.2026
Zoom meeting နဲ့မဟုတ်ပါ။ စာရိုက်ပြီးပြောပြမှာပါ။
ဒီ program ဟာ No fee ပါ
အလကားပါ free ပါ ဒါ့ကြောင့် free ဆိုပြီးမပေါ့ဆစေချင်ပါဘူး။
Join link 🖇️
https://t.me/+5JnTcG3w0txiOGM1
ရက်အကန့်အသန့်ရှိပါသည်။
5.3.2026 link ပိတ်ပါမည်။
#Dee
•ဘာသာရပ်အလိုက် ကြိုလုပ်ထားသင့်တယ့် အခန်းတွေ ၊ advice တွေကို 1ရက်ကို 1ဘာသာနှုန်းနဲ့ပြောပြပေးမှာပါ။
ဉပမာ- မြန်မာဆို ကျက်သင့်တယ့်အခန်းတွေ၊မှတ်သင့်တာတွေ ၊အမြဲတမ်း မေးလေ့ရှိတဲ့ အခန်းတွေ ပြောပြပေးသွားမှာပါ။
ထပ်စောင်းအနေနဲ့ စိတ်ပိုင်းဆိုင်ရာတွေ ၊ ကိုယ့်ရဲ့တစ်နှစ်တာဖြတ်သန်းခဲ့ရတယ့် အတွေ့အကြုံတွေကိုပါပြောပြပေးသွားမှာပါ။
စမယ့်ရက် - 6.3.2026
Zoom meeting နဲ့မဟုတ်ပါ။ စာရိုက်ပြီးပြောပြမှာပါ။
ဒီ program ကိုဘယ်သူတွေjoin သင့်လဲဆို
- All Aရချင်သူ
- ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်တဲ့သူ
- အချိန်မစွဲတက်သူ။
- B ပဲမှန်းထားတဲ့သူ။
-စာလုပ်ချင်စိတ်ရှိသူ အကုန် join နိုင်တယ်။
ဒီ program ဟာ No fee ပါ
အလကားပါ free ပါ ဒါ့ကြောင့် free ဆိုပြီးမပေါ့ဆစေချင်ပါဘူး။
Join link 🖇️
https://t.me/+5JnTcG3w0txiOGM1
ရက်အကန့်အသန့်ရှိပါသည်။
5.3.2026 link ပိတ်ပါမည်။
#Dee
Telegram
Grade-9 Exam Guide
Dee invites you to join this group on Telegram.
🕊3🍓3❤1
Mindscape
Hey guys လာမယ့်နှစ်G-9တက်မယ့်သူများအတွက် 6 day program လေးလုပ်ပေးချင်ပါတယ် ဒီ program မှာပါတွေပါဝင်မှာလဲဆိုရင် •ဘာသာရပ်အလိုက် ကြိုလုပ်ထားသင့်တယ့် အခန်းတွေ ၊ advice တွေကို 1ရက်ကို 1ဘာသာနှုန်းနဲ့ပြောပြပေးမှာပါ။ ဉပမာ- မြန်မာဆို ကျက်သင့်တယ့်အခန်းတွေ၊မှတ်သင့်တာတွေ…
28ရက်နေ့စချင်ပေမယ့် examပြီးတဲ့ရက်ဆိုတော့ နားပါအုံးမယ်လေ
ကိုယ့် တိုင်း မေးခွန်းက တအားလွယ်နေလို့ အပျော်လွန်ပြီးစာတွေပါမေ့ကုန်တယ်။🤣
ဒီ program က free ပါဒါကြောင့် G-9 တွေလက်မလွှတ်ကြပါနဲ့လို့ G-10 တက်မယ့် မမတွေကိုကို တွေလဲ လာလို့ရပါတယ်လို့ ဂျူနီယာလေးတွေကို advice တူတူပေးလို့ရတာပေါ့။ share သင့်တာတွေပါလာ share ပေးနိုင်ပါတယ်။

🍓5
ကဲ Vote အတိုင်း Free online courses အကြောင်းလေးလာပါပြီ။
ဒီ course ကတော့ English လေ့လာဖို့ နည်းလမ်းတွေ ရှာနေတဲ့သူတွေ။English လေ့လာဖို့အချိန်များများမပေးနိုင်တယ့်သူတွေ၊ Self- study သမားတွေအတွက် အချိန် 5မိနစ်ပဲပေးရုံနဲ့ လေ့လာလို့ရမယ့် English Central ဆိုတဲ့ website လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ပထမဦးဆုံး
English Central ဆိုတာ ဘာလဲ?
English Central ဆိုတာ Video အခြေပြု သင်ယူမှုကို အလေးပေးထားတဲ့ platform တစ်ခုပါ။ သူက Beginner ကနေ Advanced အထိ Level တိုင်းအတွက် သင့်တော်အောင် စီစဉ်ပေးထားပါတယ်။
ဒီ Website ရဲ့ အဓိက အားသာချက်က စနစ်တကျ ရှိလွန်းတာပါ။ အဆင့် (၄) ဆင့်နဲ့ လေ့လာရတာမို့လို့ ဘာလုပ်ရမှန်းမသိဘဲ ယောင်လည်လည် ဖြစ်မနေတော့ဘူးပေါ့။
ဒါကြောင့် ဒီ Website ဟာ English လေ့လာနေတဲ့သူတွေအတွက် တကယ့်ကိုရတနာတိုက်ကြီးပါ။
အချိန်မပေးနိုင်လို့ အင်္ဂလိပ်စာ မသင်ဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေ အခုပဲ ရပ်လိုက်ပါ။ တစ်နေ့ကို (၅) မိနစ်ပဲ ပေးရုံနဲ့ သင့်ရဲ့ Listening နဲ့ Speaking ကို သိသိသာသာ ပြောင်းလဲပေးနိုင်မယ့် English Central ရှိနေပါပြီနော်။
Link
website link - https://www.englishcentral.com/myenglish

Step 1.အရင်ဆုံး ဗီဒီယိုကို ကြည့်ရမယ်။ ဗီဒီယိုတွေကလဲ (၁) မိနစ်ကနေ (၂) မိနစ်လောက်ပဲ ကြာတာမို့လို့ အာရုံစူးစိုက်မှု (Attention Span) ကို အပြည့်အဝ ရစေပါတယ်။
Step 2.ဗီဒီယိုထဲမှာ ပါတဲ့ စကားလုံးအသစ်တွေကို မှတ်သား လို့ရမယ်။
Step 3.Speaking အတွက်ဆိုရင် ဗီဒီယိုထဲက သူတို့ပြောသလို လိုက်ပြောရမယ်။ ကိုယ့်ရဲ့ အသံထွက် (Pronunciation) ကို AI က စစ်ဆေးပေးပြီး feedback ပြန်ပေးပါတယ်။
Step4.နောက်ဆုံးမှာတော့ ဗီဒီယိုထဲက အကြောင်းအရာကို ပြန်ပြီး ဆွေးနွေးရပါတယ်။ ဒါက ကိုယ့်ရဲ့ ပြန်လည်အသုံးချနိုင်စွမ်း (Productive Skill) ကို တိုးတက်စေပါတယ်။
ဒါကြောင့် ဒီ Website ဟာ English လေ့လာနေတဲ့သူတွေအတွက် တကယ့်ကိုရတနာတိုက်ကြီးပါ။
အချိန်မပေးနိုင်လို့ အင်္ဂလိပ်စာ မသင်ဖြစ်ဘူးဆိုတဲ့ ဆင်ခြေတွေ အခုပဲ ရပ်လိုက်ပါ။ တစ်နေ့ကို (၅) မိနစ်ပဲ ပေးရုံနဲ့ သင့်ရဲ့ Listening နဲ့ Speaking ကို သိသိသာသာ ပြောင်းလဲပေးနိုင်မယ့် English Central ရှိနေပါပြီနော်။
Link
website link - https://www.englishcentral.com/myenglish
EnglishCentral
My English
Learn English online with your personal tutor and interactive videos.
🔥14❤🔥11💯10🎉8🤩8❤6👍6🥰5🍓4🦄2
Hey
『 Mystic Aura 』 ပါပဲ။ 🌙
🚪 [မှော်တံခါးကို ခေါက်ပြီး အထဲဝင်ရန် ဤ အောက်က link ကို နှိပ်ပါ]
https://t.me/Magic_sharing
"မှော်ပညာကို ယုံကြည်မှသာ... မှော်အတတ်ကို သင် မြင်တွေ့ရပါလိမ့်မယ်။" ✨
#Dee
ဒီနေ့မှာတော့ Dee တစ်ယောက်တည်း တိတ်တဆိတ် ပျိုးထောင်ခဲ့တဲ့၊ ဘယ်သူ့ကိုမှ မပြောပြသေးတဲ့ လျှို့ဝှက်ချက်လေးတစ်ခုကို ဖွင့်ဟပြချင်ပါတယ်။
အဲ့တာကတော့... Dee ရဲ့ ကိုယ်ပိုင် မှော်ကမ္ဘာငယ်လေးဖြစ်တဲ့『 Mystic Aura 』 ပါပဲ။ 🌙
ဒီကမ္ဘာလေးကို 28.12.2025 မှာ စတင်အုတ်မြစ်ချခဲ့တာပါ။ အစပိုင်းမှာတော့ မပြည့်စုံမှုတွေ၊ အခက်အခဲတွေကြားမှာ ဒီမှော်အိမ်လေးက သိပ်မသပ်ရပ်ခဲ့သေးတာမို့ Dee တစ်ယောက်တည်းပဲ လေ့လာရင်း အချိန်ယူ ထိန်းသိမ်းခဲ့ရပါတယ်။
ဒါပေမဲ့ 4.3.2026 (ဒီနေ့) မှာတော့ အရာအားလုံးကို အချောသပ် ပြင်ဆင်ပြီးသွားပါပြီ။ အမှောင်ထုထဲကနေ အလင်းဆီကို ထွက်ပေါ်လာဖို့ အဆင်သင့်ဖြစ်နေတဲ့ Deeရဲ့ Mystic Aura မှော်ကမ္ဘာထဲကို ခေါ်ဆောင်သွားဖို့ အချိန်တန်ပြီလို့ ယုံကြည်ပါတယ်။
သင်ဟာ မှော်ပညာကို မြတ်နိုးသူ၊ စိတ်စွမ်းအားကို ယုံကြည်သူ တစ်ယောက်ဆိုရင်တော့... Dee ရဲ့ ဒီလျှို့ဝှက်ကမ္ဘာငယ်လေးထဲကို လှမ်းဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။🚪 [မှော်တံခါးကို ခေါက်ပြီး အထဲဝင်ရန် ဤ အောက်က link ကို နှိပ်ပါ]
https://t.me/Magic_sharing
"မှော်ပညာကို ယုံကြည်မှသာ... မှော်အတတ်ကို သင် မြင်တွေ့ရပါလိမ့်မယ်။" ✨
#Dee
❤11🐳1
"Magic is just science that we don't understand yet."
— Arthur C. Clarke
မှော်အတတ်ဆိုတာ တကယ်တော့ ကျွန်တော်တို့ နားမလည်သေးတဲ့ သိပ္ပံပညာတစ်ခုသာ ဖြစ်ပါတယ်။
ကျွန်နော်တို့ ငယ်ငယ်က မျက်လှည့်ကြည့်ရတဲ့အခါ...
"ဒါကြီးက တကယ်ဖြစ်နိုင်ပါ့မလား" ဆိုတဲ့ အံ့ဩတုန်လှုပ်မှုမျိုးကို အားလုံး ခံစားဖူးကြမှာပါ။ ကျွန်နော့်အနေနဲ့ ဒီပညာရပ်ရဲ့ နောက်ကြောင်းကို လိုက်ကြည့်တဲ့အခါမှာတော့ Magic ဆိုတာ လက်လှည့်တာသက်သက် မဟုတ်ဘဲ လူသားတွေရဲ့ "မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ချင်တဲ့ ရုန်းကန်မှု" တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။
ဆက်ဖတ်ရန်.....နိုပ်ပါ။ 👇🏻
https://t.me/Magic_sharing/18
#Dee
#MagicHistory

🍓4❤1
The Art of Creating Your Reality 🔮
"What you think, you become. What you feel, you attract. What you imagine, you create."
— Buddha
မင်းတွေးတဲ့အတိုင်း မင်းဖြစ်လာမယ်။ မင်းခံစားရတဲ့အတိုင်း မင်းဆွဲငင်နိုင်လိမ့်မယ်။ မင်းစိတ်ကူးတဲ့အတိုင်း မင်းဖန်တီးနိုင်လိမ့်မယ်။
Manifestation ဆိုတာ ဘာလဲ?
https://t.me/Magic_sharing/21
#Dee
"What you think, you become. What you feel, you attract. What you imagine, you create."
— Buddha
မင်းတွေးတဲ့အတိုင်း မင်းဖြစ်လာမယ်။ မင်းခံစားရတဲ့အတိုင်း မင်းဆွဲငင်နိုင်လိမ့်မယ်။ မင်းစိတ်ကူးတဲ့အတိုင်း မင်းဖန်တီးနိုင်လိမ့်မယ်။
Manifestation ဆိုတာ ဘာလဲ?
ရိုးရိုးလေးပြောရရင် ကိုယ့်ရဲ့ ယုံကြည်မှု နဲ့ စိတ်စွမ်းအား ကို အသုံးချပြီး ကိုယ်ဖြစ်ချင်တဲ့အရာတွေကို လက်တွေ့လောကထဲ ရောက်လာအောင် ဖန်တီးတာပါ။ ဒါဟာ မှော်အတတ်သက်သက်မဟုတ်ဘဲ Law of Attraction (ဆွဲငင်မှုနိယာမ) လို့ခေါ်တဲ့ စကြဝဠာရဲ့ နိယာမတစ်ခုပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ဆက်ဖတ်ရန်နိုပ်ပါ။ https://t.me/Magic_sharing/21
#Dee
🍓4❤1
Hello! ဒီနေ့ Dee က နိုင်ငံတကာ အစီအစဉ်တွေကို စိတ်ဝင်စားသူတွေအတွက် တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် 6 Weeks Summer Research Program အကြောင်းကို မျှဝေပေးသွားမှာပါ။
ဒါက တရုတ်နိုင်ငံ၊ Hefei မြို့မှာရှိတဲ့ University of Science and Technology of China (USTC) မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ နွေရာသီ သုတေသန ဖလှယ်ရေး အစီအစဉ် (FuSEP 2026) ဖြစ်ပါတယ်။
သုတေသန (Research) ပိုင်းကို အဓိကထားတာဖြစ်လို့ Science and Technology ကို စိတ်ဝင်စားတဲ့ ကျောင်းသားတွေအနေနဲ့ မဖြစ်မနေ လျှောက်ထားကြည့်သင့်တဲ့ အခွင့်အရေးတစ်ခုပါပဲ။
Program အမည် - 2026 FuSEP Summer Research
ပြုလုပ်မည့်နေရာ - Hefei, China
ကျင်းပမည့်ရက် - June 22 – July 30, 2026
ကြာချိန် - 6 Weeks
လျှောက်ထားနိုင်သူများ - Undergraduate & Graduate students (ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ)
လျှောက်လွှာပိတ်ရက် - March 22, 2026
လျှောက်ထားရန် Link:
https://scholarshipscorner.website/fusep-summer-exchange-program/
China မှာ Research လုပ်ရင်း Summer ကို ဖြတ်သန်းချင်တဲ့သူတွေရှိရင် ဒီ Post လေးကို Share ပေးလိုက်ပါဦး။ အတူတူသွားမယ့်သူရှိရင် ပိုပျော်ဖို့ကောင်းမှာ လေနော် ။
ဒီးတော့ အခုမှ အထက်တန်း
student ပဲရှိသေးလို့လျှောက်လို့မရပါဘူး။
အသေးစိတ်ကိုတော့သူတို့ official website လေးမှာသွား ဖတ်ကြည့်လေနော်။
#Dee
#StudyInChina
#FuSEP2026
#USTC
#SummerResearch

အကျိုးကျေးဇူး နေနဲ့
•သင်တန်းကြေးနှင့် မှတ်ပုံတင်ကြေး အခမဲ့
•တက္ကသိုလ်ဝင်းအတွင်း အခမဲ့ နေထိုင်ခွင့်
•အရွေးချယ်ခံရသည့် ကျောင်းသားများအတွက် အစားအသောက်နှင့် ခရီးစရိတ် ထောက်ပံ့ကြေး
•အစီအစဉ်ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ရရှိခြင်း
လျှောက်လွှာပိတ်ရက် - March 22, 2026
လျှောက်ထားရန် Link:
https://scholarshipscorner.website/fusep-summer-exchange-program/
China မှာ Research လုပ်ရင်း Summer ကို ဖြတ်သန်းချင်တဲ့သူတွေရှိရင် ဒီ Post လေးကို Share ပေးလိုက်ပါဦး။ အတူတူသွားမယ့်သူရှိရင် ပိုပျော်ဖို့ကောင်းမှာ လေနော် ။
ဒီးတော့ အခုမှ အထက်တန်း
student ပဲရှိသေးလို့လျှောက်လို့မရပါဘူး။
အသေးစိတ်ကိုတော့သူတို့ official website လေးမှာသွား ဖတ်ကြည့်လေနော်။
#Dee
#StudyInChina
#FuSEP2026
#USTC
#SummerResearch
Scholarships Corner - Fully Funded Scholarships and Admissions
FuSEP Summer Exchange Program in China 2026 | Funded
FuSEP Summer Exchange Program 2026 in China is a fully funded summer student program in China. The FuSEP summer research program
❤3🍓3
ဒီနေ့ ဒီး အတွေးလေးတစ်ခု ရလာတယ်။ အဲဒါကတော့ လူငယ်အများစုဟာ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ရှိနေကြတယ် ဆိုတာပါပဲ။ News Feed မှာ ကြည့်လိုက်တိုင်း ကိုယ့်ထက်သာတဲ့သူ၊ အောင်မြင်တဲ့သူတွေကို ကြည့်ပြီး အားကျရင်း "ငါကတော့ မတော်ပါလား" ဆိုတဲ့ အတွေးတွေနဲ့ပဲ အချိန်ကုန်နေတတ်ကြပါတယ်။
ဒီလိုနှိုင်းယှဉ်ခြင်းနဲ့ပတ်သတ်ပြီး ပုံပြင် လေးတစ်ပုဒ်ကိုဉပမာအနေနဲ့ ပြောပြပေးပါရစေ
- တောအုပ်တစ်ခုထဲမှာ ဝါးပင် နဲ့ နှင်းဆီပင် ဆိုပြီး ရှိသတဲ့။ နှင်းဆီပင်က စိုက်ပြီး မကြာခင်မှာပဲ လှလှပပ ပွင့်လာတော့ ဝါးပင်လေးက သူ့ကိုယ်သူ နှိုင်းယှဉ်ပြီး အားငယ်နေတာပေါ့။ "ငါကတော့ ဘာမှ ဖြစ်မလာပါလား" လို့ တွေးနေခဲ့တာ။ ဒါပေမဲ့ ဝါးပင်လေး မသိတာက သူဟာ အပေါ်ယံမှာ ဘာမှမထူးခြားခင် မြေအောက်မှာ အမြစ်တွေကို ခိုင်မာအောင် အရင် တည်ဆောက်နေရတာပါ။ အချိန်တန်တဲ့အခါမှာတော့ ဝါးပင်ဟာ တခြားအပင်တွေထက် မြင့်မားစွာနဲ့ မားမားမတ်မတ် ထွက်ပေါ်လာပါတော့တယ်။
တကယ်တော့ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ အရာတွေ အများကြီး ရှိပါတယ်။ ဥပမာ- တခြားသူက Marketing ကျွမ်းကျင်နေရင် သူ့လို ဖြစ်ချင်လိုက်တာလို့ ထိုင်တွေးနေမယ့်အစား ကိုယ့်မှာရှိတဲ့ ဖုန်းတစ်လုံးနဲ့ စတင် ကြိုးစားကြည့်လိုက်ပါ။ အချိန်တစ်ခု ရောက်လာတဲ့အခါ ကိုယ် အရင်က အားကျခဲ့ရတဲ့သူထက်တောင် ပိုတော်နေတာကို တွေ့ရပါလိမ့်မယ်။
ဒီတော့ အဆုံးသတ်အနေနဲ့... အောင်မြင်နေတဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအခက်အခဲတွေ၊ ကျရှုံးမှုတွေ ရှိခဲ့မလဲဆိုတာကိုလည်း ထည့်စဉ်းစားကြည့်ပေးပါ။
ဒီးရဲ့ ဒီရလဒ်တွေက မပြည့်စုံသေးပေမယ့် ဒီး ဆက်ပြီး ကြိုးစားသွားဦးမှာပါ။
လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဇယားနဲ့ ကိုယ်ပိုင်အောင်မြင်မှု အချိန်အခါဆိုတာ ရှိကြတာမို့လို့ သူများနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ရဲ့ခြေလှမ်းတွေကိုပဲ အာရုံစိုက်ပြီး ကြိုးစားလိုက်ကြရအောင်နော်။
ကဲ... ဒီနေ့မနက်ခင်းလေးကစပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် "Small Steps Challenge" လေး အတူတူ လုပ်ကြည့်ရအောင်။
* Step 1: ကိုယ်အားကျလေးစားရတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ နာမည်ကို ချရေးပါ။
ပြီးရင် သူတို့ဆီက ကိုယ်အတုယူချင်ဆုံး "အရည်အချင်း တစ်ခု" ကိုပါ ဘေးမှာ တွဲရေးလိုက်ပါ။
* Step 2: "ငါ ဘာဖြစ်ချင်တာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ချင်တဲ့အရာတွေကို အကုန်ချရေးကြည့်ပါ။ ပြီးရင် အဲဒီထဲကမှ ကိုယ်အဖြစ်ချင်ဆုံးအရာ (Main Goal) တစ်ခုကိုပဲ သီးသန့် ခွဲထုတ်လိုက်ပါ။
* Step 3: အဲဒီ အရေးကြီးဆုံးအရာအတွက် ဒီနေ့မှာ ၁ နာရီ ဖြစ်ဖြစ် အချိန်ပေးပြီး စတင် ကြိုးစားကြည့်လိုက်ပါ။
၁ နာရီလေးပဲ ဖြစ်ဖြစ် ကိုယ်တကယ် လုပ်နိုင်သွားတာဟာ ကြိုးစားမှုရဲ့ အောင်မြင်တဲ့ ရလဒ်တစ်ခုပါပဲ။ ဒီနေ့ မနက်ခင်းလေးကစပြီး သူများအကြောင်းထက် ကိုယ့်ဘဝ တိုးတက်ဖို့ကိုပဲ အရင်ဆုံး အာရုံစိုက်ကြမယ်လေနော်။
#Dee
#knowlage
#Experience
#Challenge

ဒီးကိုယ်တိုင်လည်း အသက် ၁၄ နှစ်လောက်က ကိုယ့်ထက်ကြီးတဲ့ အစ်မတစ်ယောက် Content Writer အဖြစ် အောင်မြင်နေတာကို ကြည့်ပြီး အားငယ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာ ဒီးရဲ့ Knowledge Sharing Channel လေးက Subscriber ၃၀၀ ကျော်ပဲ ရှိပါသေးတယ်။ သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေမယ့်အစား "ငါ ဘာလုပ်နိုင်မလဲ" လို့ ပြန်မေးပြီး ည ၂ နာရီထိ မအိပ်ဘဲ ကြိုးစားခဲ့လို့ Subscriber ၄၀၀ ပြည့်အောင် လုပ်နိုင်ခဲ့ပါတယ်။
အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရတယ်။ ဖုန်းပျက်သွားလို့ ၉ လလောက် နားလိုက်ရတာ၊ အင်တာနက်လိုင်း မရှိလို့ အဘွားအိမ်မှာသွားပြီး Wifi သုံးရတာတွေပေါ့။ စိတ်ဓာတ်ကျပြီး အကုန်လွှတ်ချချင်တဲ့ အချိန်တွေ ရှိခဲ့ပေမယ့် ဒီး ပြန်ထခဲ့ပါတယ်။ Speaking Club တွေ၊ Study Challenges တွေကို စတင်နိုင်ခဲ့တယ်။ ပြီးတော့ဒီး လေးစားရတဲ့ Owner Haruki (အက္ခရာ) နဲ့ Owner Eric တို့ရဲ့အကူအညီတွေလဲအများကြီးပါခဲ့တာပေါ့။ ဒီးဒီ နေရာကနေ အမြဲတမ်းသဘော ကောင်း ပေးကူညီပေးခဲ့တဲ့ အစ်ကိုတို့ကို လက်အုပ်ချီကန်တော့ပါရစေ🙏🏻။၂၀၂၆ ခုနှစ်မှာတော့ ဒီးရဲ့ Channel လေးဟာ Subscriber 3,000 ကျော်အထိ အောင်မြင်လာခဲ့သလို၊ အခု မတ်လ ၄ ရက်နေ့မှာတော့ Mystic Aura ဆိုတဲ့ Channel အသစ်လေးကိုပါ ထပ်မံ ချပြနိုင်ခဲ့ပါပြီ။(Mystic Aura ကိုတည်ထောင်ဖြစ်ခဲ့တာကလဲ magic သင်တန်းတစ်ခုကပါ။ Tarot နဲ့ရင်းနှီးကျွမ်းဝင်ခွင့်ရအောင်သင်ပေးခဲ့တယ့် Professor (ဆရာ)တို့ကိုလဲကျေးဇူးတင်မိပါတယ်။)
ဒီတော့ အဆုံးသတ်အနေနဲ့... အောင်မြင်နေတဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုအခက်အခဲတွေ၊ ကျရှုံးမှုတွေ ရှိခဲ့မလဲဆိုတာကိုလည်း ထည့်စဉ်းစားကြည့်ပေးပါ။
ဒီးရဲ့ ဒီရလဒ်တွေက မပြည့်စုံသေးပေမယ့် ဒီး ဆက်ပြီး ကြိုးစားသွားဦးမှာပါ။
လူတိုင်းမှာ ကိုယ်ပိုင်အချိန်ဇယားနဲ့ ကိုယ်ပိုင်အောင်မြင်မှု အချိန်အခါဆိုတာ ရှိကြတာမို့လို့ သူများနဲ့ နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ရဲ့ခြေလှမ်းတွေကိုပဲ အာရုံစိုက်ပြီး ကြိုးစားလိုက်ကြရအောင်နော်။
ကဲ... ဒီနေ့မနက်ခင်းလေးကစပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့အတွက် "Small Steps Challenge" လေး အတူတူ လုပ်ကြည့်ရအောင်။
* Step 1: ကိုယ်အားကျလေးစားရတဲ့ အောင်မြင်နေတဲ့သူတွေရဲ့ နာမည်ကို ချရေးပါ။
ပြီးရင် သူတို့ဆီက ကိုယ်အတုယူချင်ဆုံး "အရည်အချင်း တစ်ခု" ကိုပါ ဘေးမှာ တွဲရေးလိုက်ပါ။
* Step 2: "ငါ ဘာဖြစ်ချင်တာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ချင်တဲ့အရာတွေကို အကုန်ချရေးကြည့်ပါ။ ပြီးရင် အဲဒီထဲကမှ ကိုယ်အဖြစ်ချင်ဆုံးအရာ (Main Goal) တစ်ခုကိုပဲ သီးသန့် ခွဲထုတ်လိုက်ပါ။
* Step 3: အဲဒီ အရေးကြီးဆုံးအရာအတွက် ဒီနေ့မှာ ၁ နာရီ ဖြစ်ဖြစ် အချိန်ပေးပြီး စတင် ကြိုးစားကြည့်လိုက်ပါ။
၁ နာရီလေးပဲ ဖြစ်ဖြစ် ကိုယ်တကယ် လုပ်နိုင်သွားတာဟာ ကြိုးစားမှုရဲ့ အောင်မြင်တဲ့ ရလဒ်တစ်ခုပါပဲ။ ဒီနေ့ မနက်ခင်းလေးကစပြီး သူများအကြောင်းထက် ကိုယ့်ဘဝ တိုးတက်ဖို့ကိုပဲ အရင်ဆုံး အာရုံစိုက်ကြမယ်လေနော်။
#Dee
#knowlage
#Experience
#Challenge
🍓6❤3
ဒီပညာရပ်ကို စတင်လေ့လာရတာ စိန်ခေါ်မှုတွေရှိပြီး တစ်ခါတလေ ပင်ပန်းပေမယ့်... ကိုယ်ဟောပေးလိုက်တဲ့ စကားတစ်ခွန်းက တစ်ဖက်လူအတွက် အလင်းတစ်ခု ဖြစ်စေခဲ့တယ်ဆိုတာ သိရတဲ့အခါ တကယ်ပဲ အားအင်တွေ ပြန်ပြည့်သွားရပါတယ်။ 🤍
ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပြီး အခုလို feedback လေးတွေ ပြန်ပေးတာဟာ ဒီလမ်းစဉ်ကို ဆက်လျှောက်ဖို့အတွက် အကြီးမားဆုံး ခွန်အားပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

❤6🍓2
❤2
ဒီနေ့တော့ စာရေးဆရာအံ့ဘုန်းခန့်ကျော်ရဲ့ငါ့ကိုငါပြောင်းလဲခြင်းဆိုတဲ့စာအုပ် လေးကို တတိယအကြိမ်ဖတ်ဖြစ်ခဲ့တယ်။
ဒီစာအုပ်လေးဖတ်ဖြစ်တဲ့အခါတိုင်းမှာ ဒီလိုလေးအမြဲတမ်းတွေးမိတာပေါ့
"ငါ တစ်နှစ်ပြီးတစ်နှစ်ကြီး လာပြီ အရင်ကတည်းက နောက်တစ်နှစ်ရောက်ရင်ငါ့ကိုယ်ငါပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုကိုငါတကယ်ရော အကောင်အထည်ဖော်ခဲ့ရဲ့လား"
ဆိုပြီးတော့ပေါ့ တစ်နေ့နဲ့တစ်နေ့နိစ္စဓူဝ အလုပ်တွေလုပ်ကျောင်းပိတ်တော့လဲဟိုစပ်စပ်ဒီစပ်စပ် ဝါသနာပါရာတွေလေ့လာနေတာနဲ့အချိန်ကုန် ပင်ပန်းလာတော့လဲ အားတင်းထားရပြန်တယ် "ငါရကိုရမှာ"ဆိုတဲ့စိတ်နဲ့ 2025ကတည်းကဖိအားပေးပြီးကြိုးစားနေခဲ့တာအခုချိန်ထိပေါ့ 2025 ဒီဇင်ဘာ 31ရက်နေ့က
" ငါ 2026ရောက်ရင် ငါ့ကိုငါပြောင်းလဲမှဖြစ်တော့မယ် အရင်က Education ပိုင်းမှာအားနည်းခဲ့တာတွေ မိဘ တွေကိုတောင်အသိမပေးဖြစ်ခဲ့တဲ့ Content writer တစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့ရတဲ့အချိန်တွေ , Internet line မရလို့ အခက်ခဲကြားထဲက ရအောင်ကြိုးစားခဲ့တာတွေ, နေရာအတည်အကျမရှိဘဲ ဟိုပြေးဒီပြေးစစ်ဘေးရှောင်ဖြစ်ခဲ့တဲ့အချိန်တွေ ပြန်တွေးရင်း ......အော် 2026တောင်ရောက်နေပြီပဲ အခုချိန်ထိငါဟာ ငါ့ကိုငါမပြောင်းလဲနိုင်သေးဘူးဘဲ အတိတ်ထဲမှာပဲနစ်မြုပ်နေမိတုန်းပဲ"
ဆိုတဲ့အတွေးကတွေးမိလာပြန်တယ် ။
ကိုယ့်ကိုကိုယ်ပြောင်းလဲမယ်ဆိုရင် မိမိကိုယ်ကိုအရင်ဆုံးချစ်တတ်ဖို့လိုပါတယ်တဲ့ အပေါ်က Quote လေးကိုဖတ်မိတော့ ကိုယ့်ကိုကိုယ်ပြန်လှည့်ကြည့်မိတာပဲလေငါဟာ တခြားသူတွေအတွက် အစွမ်းကုန်ကြိုးစားပေးနေသော်လဲ ကိုယ့်ကိုကိုယ်တောင်ပြန်မလှည့်ကြည့်မိခဲ့ပါလားလို့ တွေးမိတာပေါ့
2025တုန်းက Deeမူးလဲတယ်ဆိုပြီးပြောခဲ့ပါသေးတယ်၊ အသက် 15နှစ်ဆိုတဲ့ အရွှယ်မှာ သေခြင်းတရားနဲ့ စက္ကန့်ပိုင်းလောက်ထိတွေ့မိသွားသလိုပေါ့ ။
ဒီလိုနဲ့ 2026မှာပြောင်းလဲမယ် ငါ့ကိုယ်ငါဂရုစိုက်မယ် ပျော်ပျော်နေမယ်လို့ ကြွေးကြော်ခဲ့သေးတာသို့သော်လည်း တစ်နေ့နဲ့တစ်နေ့ဖုန်းကြည့်၊အိပ်လိုက်၊စားလိုက်နဲ့အချိန်ကုန်နေခဲ့တယ်။
"အဲ ....2026အစတုန်းကစိတ်အားထက်သန်တဲ့ငါကြီးဘယ်ရောက်သွားပါလိမ့်"လို့စိတ်ထဲကကိုယ့်ကိုကိုပြောမိတယ်။
G-9 စာမေးပွဲ ပြီးတဲ့နောက်ပိုင်းမှာအားအင်တွေကုန်ခမ်းသွားတယ် ၊ငိုခဲ့ရတဲ့ချိန်တွေလဲရှိတယ်။တကယ်တော့လေစာမေးပွဲကာလတုန်းကကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်ခဲ့ရတာ စာဖတ်သူတို့ကိုစာလုပ်နည်းတွေ၊စာမေးပွဲနီးရင်အိပ်ရေးဝဝအိပ်ပါဆိုတဲ့ content တွေ ရေးပေးနေပေမယ့် ဒီးကိုယ်တိုင်တောင် လက်တွေ့မလုပ်မိခဲ့တဲ့နည်းလမ်းအချို့ရှိခဲ့တယ် အမှားကြီးတစ်ခုကတော့ English ဖြေပြီးနောက်ပိုင်းကစလို့ 3နာရီလောက်ပဲအိပ်ဖြစ်ခဲ့တယ် ဒါကတော့အကြီးမှားဆုံးအမှားပေါ့ ကိုယ့်ကိုကိုဖိအားပေးနိုပ်ဆက်ခဲ့တော့ ကျောင်းပိတ်တဲ့အခါ စိတ်ကယောင်တိယောင်တောင် ဖြစ်လာတယ် မူမမှန်တော့ဘူး စိတ်ကမူမမှန်ဖြစ်နေပေမယ့်လို့ ဒီးရဲ့ ဝါသနာ ကိုတော့မစွန့်လွတ်ခဲ့ပါဘူး လေ့လာတယ် content တွေတင်တယ်။ magic နဲ့ထိတွေ့တယ်။ အပြင်ပိုင်း စာဖတ်သူတို့အမြင်မှာဒီးက တော်နေတယ် လို့မြင်နေကြမယ်ထင်တယ် တချို့စာဖတ်သူတွေကလဲငယ်ငယ်လေးပဲရှိသေးတာအဲ့လောက်တောင်လုပ်နိုင်တာအံ့ဩစရာပဲနော်တဲ့ ။ပြုံးမိတာပေါ့လေ ဒီလိုချီးကျူးသံတွေကြားတော့လဲ ကြိုးစားချင်စိတ်က သာမာန်ထပ်ပိုလာတယ်။
စိတ်အခြေအနေမူမမှန်တော့ ဒီအလုပ်တွေကနေခန Break မယ်ပေါ့ ။ဒါနဲ့ပဲ content ရေးတာနားလိုက်တယ် G-9 Exam Guide Group ထပ်ဖွင့်ပြီး ဂျူနီယာတွေ advice ပေးရတယ် ၊စာမေးပွဲစစ်ပေးပြီးနောက်ပိုင်း ဒီအလုပ်တွေကနေခန Break လိုက်တယ်ဒါ့ကြောင့်လဲဒီးက Channel မှာ content တွေမတင်ဖြစ်တာပေါ့ Magic channel မှာတော့ active ဖြစ်မိပါတယ်။
ပေါ့ပေါ့ပါးပါးလေးပဲဖြတ်သန်းတယ်လေ့လာစရာရှိတာလေ့လာတယ် Tarot တွေဟောတယ် စိတ်ကိုပြန်ဂရုစိုက်ဖြစ်တယ် စိတ်ထွက်ပေါက်ရဖို့အတွက် Astral projection ကိုကျင့်တယ် ။
သို့သော် ကိုယ်ဟာ mentalကိုဂရုစိုက်နေပေမယ့် physical ကိုဂရုစိုက်ဖို့မေ့နေပြန်ရော ရေတောင်တစ်နေ့တစ်ခွက်ပြည့်အောင်မသောက်ဖြစ်ခဲ့ဘူးကျန်းမာရေးပိုင်းမှာဒုက္ခပြန်ရောက်တယ်။

"When you love yourself you grow from the inside you attract people who love respect and appreciate your energy everything starts with and how you feel about yourself Start feeling worthy , valuable life deserving of receiving the best life has to offer be magnetic"
-စာရေးဆရာအံ့ဘုန်းခန့်ကျော်

❤🔥1