K Zee Education (အဂ်လိပ်စာလေ့လာကြမယ်)
6.89K subscribers
5 photos
63 videos
126 links
Welcome to K Zee Channel
English စာကို zero ကနေ hero ဖြစ်အောင်လေ့လာလိုသူတွေအတွက်...K Zee
Download Telegram
ဒီနေ့ ကျတော့်ကို ကျောင်းသားမိဘတ​ယောက်က လာပြောတယ်

"ဆရာရယ် ကျွန်တော်တို့မိသားစုက ထိုင်းမှာနေတာပါ၊ ထိုင်းမှာဆိုတော့ မြန်မာစာလည်းမသင်ရသလို English စာလည်းသေချာကောင်းကောင်းမသင်ရပါဘူးတဲ့ ၊ ကျွန်တော့ရဲ့ကလေးတွေကို မိခင်စာဖြစ်တဲ့ မြန်မာစာရော မတတ်မဖြစ်တတ်ထားရမယ့် English စာရောသင်ပေးချင်ပါတယ်တဲ့ ၊ ကျွန်တော်တင်မကဘူး ထိုင်းမှာရှိနေတဲ့မြန်မာကလေးတွေလည်းအဲ့လိုမျိုးသင်ဖို့ ဘယ်မှာဘယ်လိုသင်ရမလဲမသိ ၊ စိတ်ချရပြီးသေချာသင်ပေးတဲ့ဆရာရှာနေတာပါတဲ့ " ဆိူပြီး လာပြောပြပါတယ်

ကျွန်တော့်ရဲ့ ဒီ Channel ထဲမှာရော ထိုင်းမှာရောက်နေပြီးတော့ မြန်မာစာသင်ချင်တဲ့သူတွေရှိလားခင်ဗျ ၊ ကလေးပဲဖြစ်ဖြစ် ၊ လူကြီးပဲဖြစ်ဖြစ် ၊ တခြား နိုင်ငံခြားသားတွေပဲဖြစိဖြစ် ၊ သင်ချင်တဲ့သူများရှိရင် @kzeerts မှာ Burmese ဆိုပြီးတော့ ပ်ို့ပေးပါခင်ဗျ

အားလုံးပဲသာယာငြိမ်းချမ်းကြပါစေ

Kyaw Zin Tun (BE - Mechanical)
English Instructor
Burmese Language Teacher (UNESCO)
23
မဂ်လာပါ

ပန်းသီးတလုံး

ပန်းသီး ၂ လုံး

English မှာ တစ်ထက်ပိုရင် အများကိန်းလို့ခေါ်ပါတယ်

အနည်းကိန်းကိုတော့ Singular လို့ခေါ်ပြီး အများကိန်းကိုတော့ Plural လို့ခေါ်ပါတယ်

Singular အကြောင်းအရင်ပြောပြမယ်
(သိပြီးတတ်ပြီးတဲ့သူတွေတော့ကျော်သွားပါ)

တစ်ခုတကောင်တယောက်ဆိုရင် a/ an ကို သုံးရပါတယ်

ငှက်ပျော်သီးတစ်လုံး - a banana
ပန်းသီးတစ်လုံး - an apple

သိပြီးသားပဲလို့တွေးနေကြပြီမလား ၊ a e i o u နဲ့စရင် an သုံးရမယ် ၊ မဟုတ်ရင် a သုံးရမယ် အဲ့လိုမျိုးအများစုကသင်ထားမှတ်ထားဖူးကြပါတယ်

တကယ်တော့ စကားလုံးရဲ့အသံထွက်ကိုကြည့်ရမှာပါ
*အ* အသံထွက်ရင် an သုံး

မထွက်ရင် a သူံး

ဥပမာ

a banana
an apple
a university
an hour

နောက်နေ့ကျရင် Plural အကြောင်းလေးဆက်ပြောပြပါမယ်

Good Night ပါဗျ
49
မဂ်လာပါ ဒီနေ့တော့ Plural (အများကိန်း) အကြောင်းလေးပြောပြမယ်

English မှာ တစ်ထက်ပိုတာနဲ့အများလို့သတ်မှတ်ပါတယ်

ဥပမာ
apple - ပန်းသီး ( အနည်းကိန်း)

three apples - ပန်းသီး ၃ လုံး (အများကိန်း)

အများကိန်းဖြစ်သွားရင် ဘာလုပ်ရလဲဟေ့ လို့
တယောက်ယောက်က်ို မေးလိုက်ရင် s ပေါင်းရတယ်လို့ပြောကြလိမ့်မယ်

မှန်ပါတယ် ဒါပေမယ့် အမြဲ s ပေါင်းရတာတော့ မဟုတ်ပါဘူး es ပေါင်းရတဲ့အခါလည်းရှိတယ်

ဘယ်ချိန်ဘာပေါင်းရမလဲဆ်ုတာနဲ့ပတ်သက်ပြီးရှင်းပြပါမယ်

Noun တွေကို ကြည့်လိုက်ပါ

s, ch, sh, x နဲ့ ဆုံးရင် es ပေါင်းရမယ်

ဥပမာ

bus - ဘတ်စ်ကား (s နဲ့ဆုံးတယ်)

bus - buses

===========
watch - လက်ပတ်နာရီ
(ch နဲ့ဆုံးတယ်)

watch - watches

=============
brush - သွားတိုက်ဆံ
(sh နဲ့ဆုံးတယ်)

brush - brushes

===========
fox - မြေခွေး
(x နဲ့ဆုံးတယ်)

fox - foxes

ဒီနေ့တော့ ဘယ်ချိန် es ပေါင်းရမလဲဆိုတာကိုပဲပြောပြပါမယ်

ကျန်တာတွေက်ိုနောက်နေ့တွေကျရင်ပြောပြပါမယ်

တခါထဲအကုန်ပြောရင် ရောမှာစ်ိုးလို့ပါ

Good Night ပါဗျ
71👍6🤨2
မဂ်လာပါ

Noun တွေကို ​ Singular အနည်းကိန်းကနေ
Plural အများကိန်းပြောင်းရင် s ပေါင်းရမယ်

အကယ်၍ ပြောင်းရမယ့် noun က s, ch, sh, x နဲ့ ဆုံးရင် es ပေါင်းရမယ်

ဒါတွေအရင်ရက်ကပြောပြီးပြီ

ဒီနေ့တော့ တခုထပ်မှတ်ကြမယ်

O နဲ့ဆုံးတဲ့အခါ

photo / video ဆို s ပေါင်း
ကျန်တာ es ပေါင်း

photo - photos
video - videos

mango - mangoes
potato - potatoes

ဒီထိပဲမှတ်ထားကြရအောင်
62🥰9
This media is not supported in your browser
VIEW IN TELEGRAM
English စာကို အခြေခံ သုည ကနေ စပြီးစနစ်တကျလေ့လာချင်သူတွေအတွက် 💯💯

သင်တန်းသားတွေရဲ့Review 👇👇👇

https://www.facebook.com/learn.english.GYS/reviews/
31
မဂ်လာပါ
ကျနော့ရဲ့ Subscriber တွေထဲက learners တို့ရဲ့ English level လေးတွေဘယ်လောက်ရှိကြလဲ

Zero level - 👌

Basic level - 🥳

Intermediate level - 👏

Advanced level - 🫡

ကိုယ့် level အလ်ိုက် react လေးပေးခဲ့ကြပါဦးနော်
👌15641👏23🎉22👍9🥰8
eat, eats, ate, eaten, eating
Verb form
လေ့လာရင်းစာကြောင်းရေးကြည့်မယ်

https://vt.tiktok.com/ZSDJPnMD4/

==================
အခြေခံကစပြီးစနစ်တကျလေ့လာလိုသူတွေအတွက်
ကျွန်တော့်ရဲ့ English for Young Learner Online
Video Class အတန်းတွေ GYS မှာ တက်လို့ရတယ်နော်

တက်မယ်ဆိုရင် တော့
GYS Telegram Account - https://t.me/GYS_App
Call Center +959 255 483 028 (Viber)
ကိုဆက်သွယ်လို့ရပါတယ်။

=================
82👍14👏4🍓4