Japanese language(self study)
28.8K subscribers
1.61K photos
238 videos
549 files
406 links
This channel is for people who need to learn languages ​​on their own. Japanese language We will share everything you need to learn So you can study alone for your bright future

#all_course_PDF_and_Audio 🇯🇵📌
Download Telegram
သင်္ချာဘာသာတွဲမှာလည်း Math 1 နဲ့ Math 2 ၂ခုရှိပေမယ့် မိမိတက်မယ့်ကျောင်းက သတ်မှတ်ထားတဲ့ တစ်ခုကို ဖြေရင်ရပါပြီ။ Math 1 က Basic Level Math 2 က Advance Level။

ပြီးတော့ EJU စာမေးပွဲမှာ သိပ္ပံဘာသာတွဲနှင့်ဝိဇ္ဇာဘာသာတွဲကိုတစ်ကြိမ်တည်းမှာ ဖြေဆိုခွင့်မရှိပါဘူး။

စာမေးပွဲဖြေဆိုပုံကတော့ JLPT လိုပါပဲ Marking Sheet System ပါ။(ဂျပန်ဘာသာတွဲမှာ စာစီစာကုံး အတိုလေး ရေးရပါတယ်။)

ဂျပန်ဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၁၂၅ မိနစ်
ပေးမှတ်။ ။ ၀〜၄၀၀ မှတ်
(Reading and Listening မိနစ် ၄၀+၅၅မိနစ်)
(စာစီစာကုံး မိနစ် ၃၀)( စာစီစာကုံး ခေါင်းစဉ် ၂ခုထဲက တစ်ခုရွေး)

သင်္ချာဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

သိပ္ပံဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

ဝိဇ္ဇာဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

စာမေးပွဲကြေးကတော့ မြန်မာနိုင်ငံမှာဖြေဆိုလျှင် အမေရိကန်ဒေါ်လာ ၁၅ဒေါ်လာ (ဘာသာအရေအတွက်မည်မျှပင်ဖြစ်ပါစေ) ပေးရပါတယ်။
ဂျပန်နိုင်ငံမှာဖြေဆိုလျှင် တစ်ဘာသာ ကို ၇၇၀၀ယန်း၊ နှစ်ဘာသာနှင့်အထက်ဖြေဆိုလျှင် ၁၄၃၀၀ယန်း ပေးရပါတယ်။

နောက်ဆုံး အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင် EJU စာမေးပွဲဟာ ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပါ။
ခုနောက်ပိုင်းမှာ ကောလိပ်ကျောင်းတွေလည်း EJU ကို အသုံးပြုလာကြပါတယ်။

ဂျပန်တက္ကသိုလ်(သို့)ကောလိပ်ဝင်နိုင်ဖို့က အဓိကက လမ်း(၃)လမ်းရှိပါတယ်။
(၁). မြန်မာနိုင်ငံကနေ EJU ဖြေပြီး တိုက်ရိုက်လာတက်တဲ့လမ်း။
(၂). ဂျပန်နိုင်ငံမှာ ဂျပန်စာသင်တန်းကျောင်းတက်ပြီးမှ ဝင်ခွင့်ထပ်ဖြေ(သို့)EJUထပ်ဖြေပြီး တက်မယ့်လမ်း။
(၃). မြန်မာနိုင်ငံကနေ ဂျပန်အစိုးရ စကော်လာ(MEXT scholarship)ဖြေပြီးလာတက်တဲ့လမ်းတို့ဖြစ်ပါတယ်။

အချို့ကျောင်းတွေက EJU ကို လက်ခံကြပြီး၊ အချို့ကျောင်းတွေက JLPT တို့လို အခြား ဂျပန်စာ အောင်လက်မှတ်၊ အင်္ဂလိပ်စာရမှတ် များဖြင့်လည်း မြန်မာနိုင်ငံကနေ တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ မိမိတက်မယ့် တက္ကသိုလ်(သို့) ကောလိပ်အပေါ်မူတည်ပြီး ကွာပါလိမ့်မယ်။ မိမိတက်မယ့်ကျောင်းကို တိုက်ရိုက်ဆက်သွယ်စုံစမ်းကြည့်ကြပါ။

EJU နဲ့ပတ်သက်ပြီး ဒီအောက်က link တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
အင်္ဂလိပ်လိုလေ့လာရန်။
http://www.jasso.go.jp/en/eju/about/about_a/about_eju.html
ဂျပန်လိုလေ့လာရန်။
http://www.jasso.go.jp/ryugaku/study_j/eju/about/about_a/about_eju.html

https://www.facebook.com/1380543912257737/posts/2491126364532814/?d=n

ဒါက OJEIC က ရေးထားတဲ့ EJU စာမေးပွဲ အကြောင်းလေးပါ။ လေ့လာကြည့်ပါ။

https://www.facebook.com/1380543912257737/posts/2303037100008409/?d=n

ဒါက မေးခွန်းဟောင်းလေးတွေပါ။
https://www.jasso.go.jp/sp/en/eju/examinee/pastpaper_sample/index.html

#Japanese job opportunities
#EJU_Exam
#crd-အကီ
သူလည်း boycott တယ်​ပေါ့😆
အူတက်​နေပီ🤣

Troll ချက်ကြီးကကြမ်း😆

Crd pic
Guide လက်စွမ်းပြ😆

Crd pic
အမ​လေး ငါ​သွေးတက်🌚 ဘုရားစူးမိုးကြိုးပွတ်သွား​ဆေးခန်း

ဘယ်လိုကြည့်ကြည့် သွားဆေးခန်း လို့ ကို မမြင်ဘူး 🤧🤧

#photocrd
💁‍♀️ဂျပန်ကုမ္ပဏီအလုပ်ခေါ်စာပါ内容ကိုသေချာလေးဖတ်ပြီးမှကိုက်ညီတဲ့သူပဲ応募လုပ်ပေးပါရှင်🙇‍♀️
လက်ရှိမြန်မာမှာဝန်ထမ်း၈ယောက်လုပ်ကိုင်နေပါတယ်

Position 1
会社名    :(株)福祉サポートホーム
勤務日数   :月~日 (5営業日出勤)※シフト制
休日     :2日 (相談)   
募集の性別  :男女問わず
給料     :650000MMK  (研修期間:6ヶ月) ※実力能力により連動します
         3ヶ月以内は550000MMK です ※能力は満たしてなければやめてもらう可能性あり
仕事内容   :N1レベル日本語ペラペラの方(在宅のスタッフの管理、日本側の管理、管理と実行と教育など)
働き方    :在宅 ※PC・安定した回線速度(一定の通信回線速度が必要)必要・業務委託
働く時間   :8:00~17:00 (1時間休憩)※1日8時間スタート時間は相談可
最終学歴   :大学卒業
日本語のレベル:N1  ※能力によって
年齢制限   :特に無し
募集人数   :1名

Position 2
会社名    :(株)福祉サポートホーム
勤務日数   :月~日 (5営業日出勤)※シフト制
休日     :2日 (相談)   
募集の性別  :男女問わず
給料     :650000MMK  (研修期間:6ヶ月) ※実力能力により連動します
         3ヶ月以内は550000MMK です ※能力は満たしてなければやめてもらう可能性あり
仕事内容   :WEB、システムエンジニア (IT大学卒業の方)File maker スプリクトの修正と作成
働き方    :在宅 ※PC・安定した回線速度(一定の通信回線速度が必要)必要・業務委託
働く時間   :8:00~17:00 (1時間休憩)※1日8時間スタート時間は相談可
最終学歴   :大学卒業
日本語のレベル:N3  ※能力によって
年齢制限   :特に無し
募集人数   :1名
必要条件を満たした方に応募から一週間以内にテストのファイルをお送りします。

興味がある方は以下のリンクに個人情報を入力してご応募ください。

https://docs.google.com/forms/d/e/1FAIpQLSdNGqt9RMSuxd-SNnC5YbA1Ku5DOlPbOHKRpPXhsy7bWphzkA/viewform?usp=sf_link

သိလိုသည်များ​မေးမြန်းနိုင်
Fb acc

https://www.facebook.com/100008054148184/posts/3192151897729917/
This media is not supported in your browser
VIEW IN TELEGRAM
We will post on SelfStudy Facebook Page

At 3PM (နေ့လည်၃နာရီ)

https://www.facebook.com/selfstudyFreeLearningPage/

Now Uploaded 💖💖
https://m.facebook.com/story.php?story_fbid=225963112993193&substory_index=0&id=108414834748022&viewer=108414834748022&m_entstream_source=timeline&paipv=1
Forwarded from Japanese N3 (self study)
Crd to IGM
အင်းဘာ🤧🤧🤧

Crd pic
#crd Let's learn Japanese with Honey
ပြည်ဝင်ခွင့်ပိတ်ရင် ပိတ်တယ်လို့မှတ်ပါ
နောက်ထပ်လည်း ၁နှစ်‌ တန်သည်
ဖွင့်လိုက်ပိတ်လိုက်နဲ့ ဖြစ်နေဦးမှာပဲလေ

ပိတ်တာက မဆန်းပါဘူး
နှစ်ပေါင်းတရာမှာမှ တကြိမ် ဆိုတဲ့
ကပ်ဆိုးကြီးနဲ့ ကြုံနေရတဲ့ဟာကို
( ဂျပန်တွေလည်း ကြောက်တာပေါ့
ကိုဗစ်က သေတတ်တယ်လေ )

ဒီကပ်ဆိုးကြီးကို ထိန်းချုပ်နိုင်ဘို့အတွက်
၃နှစ်ကနေ ၅နှစ် အချိန်ယူရလိမ့်မယ်
ဆိုတဲ့စကားကို ဟိုလူပြောဒီလူပြော
တောက်လျှောက် ကြားနေခဲ့ရတာပဲလေ

အခုမှ၂နှစ်ပဲ ရှိသေးတာ
ပွင့်ရင်သွား ပိတ်ရင်နား(စာကျက်)
(ကိုယ်လုပ်နိုင်တာက) ဒါပါပဲ

ပိတ်ပြီးရင်တော့ တနေ့ ပြန်ဖွင့်ရမှာပဲလေ

COEရပြီးသား (သွားရနိုး သွားရနိုးနဲ့)
နှစ်နဲ့ချီပြီး ငုတ်တုတ်ထိုင်စောင့်နေရတဲ့
စီနီယာတွေကို နမူနာယူပြီး

(အလကားနေ အလကားမဖြစ်ရအောင်)

ကိုဗစ်နဲ့ " ပြိုင် " ဘယ်သူ " နိုင် " ဆိုပြီး
ဂျပန်လို တတ် သည်ထက် တတ် အောင်
တတ် ချင်တိုင်း တတ် အောင် အစွမ်းကုန်
ကြိုးစားလေ့လာရင်း စောင့်ကြရုံပါပဲ

( မစောင့်ချင်ရင်လည်း စော၂စီး၂သာ
လက်လျှော့လိုက်တာ ကောင်းပါလိမ့်မယ်
ငွေကုန်လူပန်း မိဘတွေလည်းသနားစရာ😪 )

တနေ့ တလံ ဂျပန် ဘယ်မှမပြေးပါဘူး

夢は逃げない。
အိပ်မက်တွေက ထွက်မပြေးပါဘူး😊
逃げるのはいつも自分だ。
(အိမ်မက်တွေ ဆီက) အမြဲတမ်း ထွက်
ထွက်ပြေးနေတာက မင်းကိုယ်တိုင် ပါ🤔

#Japanese job opportunities
#covid_19
#Japan
#Crd
Crd pic😄😄😄
✏ မဖြေခင် သတိပြုရမည့် အချက်များ ✏

❄️ ဖြေဆိုခွင့်ကဒ်ပြားမှာ ပေးထားတဲ့အချိန်ကို မီအောင်သွားပါ။
အချိန်နီးမှ ရောက်ရင် အမှားမှား အယွင်းယွင်းဖြစ်တတ်ပြီး
အာရုံစုစည်းနိုင်စွမ်းကို အနှောက်အယှက်ဖြစ်စေပါတယ်။
မဖြေခင်ညကို အိပ်ရေးဝအောင်စောအိပ်တာ အကောင်းဆုံးပါ။

❄️ မှတ်ပုံတင်/ကျောင်းသားကဒ်၊ ခဲတံ ခဲဖျက် ၊ Test Voucher (စာဖြေခွင့်ကဒ်) အကုန် က်ြိုတင်ပြင်ဆင်ထားပြီး၊ ဖြေရမယ့် နေရာကို ခုကတည်းက
သေချာသိအောင်လုပ်ထားပြီး၊ ကားပိတ်မယ့်အချိန်ကို မှန်းပြီး အိမ်ကထွက်ပါ။

Japan မှာ ဖြေမယ့်သူတွေက 👉 နေထိုင်ခွင့်ကဒ် (在留カード) ၊
ကျန်းမာရေးစစ်ဆေးချက်စာရွက် (自己ヘルスチェック表)၊
ရိုးရိုးလက်ပတ်နာရီ တို့ကို မမေ့ပါနဲ့။ ဖြေရတဲ့နေရာက ဝေးတာမို့
မနက် အိမ်ကထွက်ခါနီး ဘာမှမကျန်ခဲ့အောင် နောက်တစ်ကြိမ် စစ်ဆေးပြီးမှ ထွက်ပါ။

❄️ မနက်စာတစ်ခုခု စားဖြစ်အောင်စားပါ။
(မုန့်ဟင်းခါး၊အသုတ်လိုမျိူးအစားအစာတွေက ဗိုက်မကောင်းတာမျိူး
ဖြစ်တတ်လို့ ဒါမျိုးတွေတော့ ရှောင်တာကောင်းပါမယ်။)

❄️ ရေဆာတတ်တာသိပေမယ့် ရေဘူးယူသွားလို့ သောက်မိရင်တောင်
အာစွတ်ရုံသာ သောက်ပါ။ ဖြေနေရင်း သန့်စင်ခန်း သွားချင်လာတတ်တာမို့ပါ။
(စာဖြေခန်းထဲ မဝင်ခင်တိုင်းမှာ ကိစ္စအပြီးရှင်းပါ😁)

❄️ ဖုန်းကိုလုံးဝ power off ထားတာ အကောင်းဆုံးပါ။
silent ပဲ လုပ်မထားပါနဲ့။ alarm ပေးထားရှိရင်လည်း အကုန် delete ထားပါ။ power off ထားလည်း alarm ကမြည်ပါတယ်။
ပြီးတော့ လုံခြုံတဲ့နေရာမှာ သေချာသိမ်းပါ။ အလွယ်တကူ ယူလို့ရတဲ့နေရာမျိူးမှာ မသိမ်းပါနဲ့။ ဖုန်းပျောက်တာမျိူးတွေ ဖြစ်တတ်လို့ပါ။

❄️ အသံထွက်တဲ့ နာရီလုံးဝ မဝတ်သွားပါနဲ့။ရိုးရိုးနာရီ ပဲပတ်ပါ။

❄️ စည်းကမ်းချက်တွေ ဖတ်ပြတာနဲ့ အခန်းထဲဝင်ပြီး သေချာနားထောင်ပါ။
တသွေမတိမ်း လိုက်နာပါ။

❄️ ဘောပင်/ခဲဆံဘောပင် လုံးဝ မသုံးရ၊ မယူရပါ။
ခဲတံ၊ခဲဖျက်၊ချွန်စက် ဒါပဲအသုံးပြုရမှာမို့
2B ခဲတံ (လိုလိုမယ်မယ် ၄ချောင်းလောက်) တစ်ခါထဲချွန်ထားပါ။

❄️ ခုံနံပါတ်ရေးပြီဆိုတာနဲ့ မမှားအောင် ၂၊ ၃ခါ သေချာတိုက်စစ်ပါ။

❄️ စ‌ဖြေရမယ့် ဘာသာ/ စပြီး အဖြေဝိုင်းရမယ့် ကဒ်ကို အပေါ်ဆုံးတွင် တင်ထားပါ။ ကဒ် အပေါ်ဆုံးမှာ Eng လို Kanji, Vocab စသဖြင့် ပါပါတယ်။ မမှားပါစေနဲ့။

❄️ Grammar ကနေ Reading အထိ တောက်လျှောက်ဖြေရတဲ့
အပိုင်းအတွက် Reading မှာအချိန်ပိုအောင် မဖြေခင်ကတည်းက
ဘယ်နှမိနစ်နဲ့ Grammar ကို အပြီးဖြေမယ် ဆိုပြီး တွက်ထားပါ။
Grammar မှာ အချိန်တွေ အရမ်းယူမိပြီး Reading မှာ အချိန်မမီ
ဖြစ်တတ်တာသတိထားပါ။
မေးခွန်းလွှာရပြီဆိုတာနဲ့ ကိုယ်တွက်ထားတဲ့အချိန်ကို ချရေးထားလိုက်ပါ။

❄️ Break Time ခဏအနားပေးတဲ့အချိန်မှာ ဖုန်းဖွင့်မသုံးပါနဲ့ ပြီးရင် အဝ သုံးလို့ရပါတယ်။ မျက်စိကို အနားပေးထားပါ။
နောက်တပိုင်း မစခင် ၅ မိနစ်အလိုကတည်းက ဝင်ထိုင်နေပါ။
.
.
.
.

✏️ ဖြေနေစဉ် သတိထားရမည့် အချက်များ ✏️

🗨️ Kanji, Vocab, Grammar စာကြောင်း တစ်ကြောင်းလုံး အစအဆုံး ဖတ်ပြီးမှ ဖြေပါ။ မြင်တာနဲ့ ကောက်မထည့်ပါနဲ့။

🗨️ Grammar နာရီဝက်‌လောက်ပဲ အချိန်ပေးပါ။
စာကြောင်း တစ်ကြောင်းလုံး အရင်ဖတ်ပြီး ( ) ကွက်လပ်ရဲ့ အရှေ့ ‌အနောက်တွေကို သတိထားကြည့်ပါ။ အဲ့ဒီ့မှာ အဖြေထည့်ဖို့ Hints တွေ ပါပါတယ်။

🗨️ Reading ဖြေတဲ့အခါ အပုဒ်တို ပြီးတာနဲ့ နောက်ဆုံးဇယားကွက်ကို ကျော်ဖြေပါ။
အဲ့ဒီ့မှာ မျက်စိ မလျှမ်းပါနဲ့။ 注意 တွေပေးရင် အဲ့တာပါ တခါတည်းဖတ်ပါ။ အဲ့ဒီ့ အပုဒ်မှာ လှည့်ကွက်တွေပါတတ်တယ်။
အဲ့တာကို ရှာနိုင်ရင် အမှတ်ပြည့်ရနိုင်တယ်။
ပြီးမှ အပုဒ်ရှည်ကို ဖြေ၊ နောက်ဆုံးမှ အပုဒ်လတ်ကို ဖြေပါ။
(အပုဒ်‌ ကျော်ဖြေတာမို့ အဖြေခြယ်ရင်တော့ သတိထားပါ!!!)

🗨️ Listening မှာ မလိုအပ်တဲ့ ဥပမာတွေဖွင့်ပြနေချိန်
ကိုယ်တစ်ဂယ်ဖြေရမယ့် ပုစ္ဆာတွေကိုပဲ ကြိုဖတ်ပါ။
မတူတာတွေ ရှာထားပါ။ လိုအပ်ရင် short note လေးပါရေးမှတ်ပါ။
လူ၂ ယောက် စကားပြောနေ‌တဲ့ အချိန် ဘယ်နံပါတ်ရဲ့ အကြောင်းအရာကို
ရောက်နေပြီလဲဆိုတာ စာရွက်ကိုပဲ ကြည့်ပြီး ဖြေပါ။ (အာရုံမလွင့်စေဖို့)

🗨️ အဖြေနံပါတ် အပေါ်အောက် မှားမခြယ်မိအောင် ကိုယ်ဖြေတဲ့ Mondai တစ်ခုတိုင်း တစ်ခုတိုင်းမှာ နံပါတ်ကို တိုက်စစ်ရင်း ဖြေသွားပါ။

🗨️ မရလို့ ဒီအပုဒ်ကို နောက်မှ ဖြေမယ်ဆိုပြီး မထားပါနဲ့။
တခါတည်း တခုခု ဝိုင်းသွားလိုက်ပါ။ အချိန်မမီလို့ မဝိုင်းလိုက်ရတာထက်စာရင် အဝိုင်းတခုတော့ ပါသွားဖို့ အရေးကြီးပါတယ်။
ကံကောင်းရင် အဝိုင်းတခုက သင့်အတွက် အောင်မှတ်ဖြစ်နိုင်ပါတယ်။ 😎

🍁 JLPT ဖြေနည်း Videos များ စုစည်းမှု🍁
https://www.facebook.com/2647837888671802/posts/4515662071889365/

🍁 Reading အပိုင်း အားနည်းသူတွေအတွက် ပို့စ် Link 🍁
https://www.facebook.com/2647837888671802/posts/5051497921639108/

🍁 Listening အပိုင်းအတွက် ပို့စ် Link 🍁
https://www.facebook.com/2647837888671802/posts/5085786828210217/

❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️

JLPT ဖြေဆိုမယ့် ကျောင်းသားအားလုံး အခက်အခဲမရှိ
#တစ်ကြိမ်တည်းနဲ့ #အမှတ်တွေအများကြီးနဲ့
#‌အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 🥰
皆様のご成功、心よりお祈りしております。🙏🏻

Crd to I.G.M Japanese Language Centre
This media is not supported in your browser
VIEW IN TELEGRAM
Listening အတွက် ဂျပန်ပုံပြင်များ✨
အရင်ကတင်ဖူးတဲ့ hukumusume ဆိုတဲ့ site ရဲ့ Youtube Video လေးတွေပါ။ စာမဖတ်ချင်တဲ့သူတွေ Video ကြည့်ပြီးလေ့လာချင်တဲ့သူတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်။ သူ့ Websiteလောက်တော့အပုဒ်ရေမများသေးပေမယ့် ၁၀၀ ကျော်တော့ရှိပါတယ်။✨
日本昔話
https://youtube.com/playlist?list=PL-hIklVeYhQEgUbt1kcK5f5HZTrhBnzBC
世界昔話
https://youtube.com/playlist?list=PL-hIklVeYhQFcRCb4UaWJ8mSOX9gMiqIn
イソップ童話
https://youtube.com/playlist?list=PL-hIklVeYhQGzQtqGaLju2WkEhQb26AYj
江戸小話
https://youtube.com/playlist?list=PL-hIklVeYhQHD2Onirzzbik1kC8e56fEv
動物の昔話
https://youtube.com/playlist?list=PL-hIklVeYhQEa1V-NmYNlGbH4jCdzXhYG
こわい昔話
https://youtube.com/playlist?list=PL-hIklVeYhQF1AH95b3TqbapTdMFU2ypm

စာဖတ်ချင်တဲ့သူတွေအတွက်အရင်ကတင်ဖူးတာလေး✨
https://m.facebook.com/story.php?story_fbid=120709650318517&id=109021971487285
#mynote #マイノート #Japanese #Japan

Crd