Japanese language(self study)
26.1K subscribers
1.7K photos
238 videos
562 files
415 links
This channel is for people who need to learn languages ​​on their own. Japanese language We will share everything you need to learn So you can study alone for your bright future

#all_course_PDF_and_Audio 🇯🇵📌
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ပျော် ရွှင်စရာ တန်ဆောင်တိုင်ညလေးဖစ်ပါစေ လို့

SelfStudy မိသားစုက

ဆုတောင်းပေးလိုက်ပါတယ်👑🖤

#SelfStudy
👍1
This media is not supported in your browser
VIEW IN TELEGRAM
🌚🌚သူ့ ဂျပန်စာ level က the next level ဖစ်နေပြီ

ဘယ်လိုဖတ်ဖတ် ဘဝကို အရှုံး မ ပေး နဲ့ ဘဲ🤣🤧🤧
မေး။ ။ဆရာ ဂျပန်မှာ ဘိုးဘွားနဲ့ဟိုတယ်ဘယ်ဟာအဆင်ပြေမလဲ? ဘာရွေးရမလဲ?🇯🇵

ဖြေ။ ။ဘိုးဘွားကတော့ မရွံတတ်ဘူး/အပင်ပန်းခံနိုင်မယ် ဆိုရင်တော့လုပ်ပါ။မစင်ပါချတာတို့/အိပ်ယာထဲသေးကအစ/ချေးကအစ အကုန်သန့်ရှင်းရေးလုပ်ရပါမယ်။ကိုယ်နဲ့ အဆင်ပြေမပြေသိချင်ရင် ဘိုးဘွားရိပ်သာမှာ ပရဟိတအရင်လုပ်ကြည့်ပြီးမှ သွားသင့်ပါတယ်...

ဟိုတယ်ကတော့ ဂျပန်မှာသိတဲ့အတိုင်း(変態,နှာဘူး)များတဲ့အတွက် အိပ်ယာပေါ်ညစ်ညစ်ပတ်ပတ်လုပ်သွားတာတွေ/သုံးပြီးသား ကွန်ဒုံးတွေအမှိုက်ပုံးထဲမထည့်ပဲ အပေါ်တွေလျောက်တင်သွားတာတွေ ရှင်းရတတ်ပါတယ်။ဒီလိုမ်ျုးတွေလည်းရှိတဲ့အတွက် စိတ်ကိုပြင်ဆင်ပြီးမှ အသင့်တော်ဆုံး အလုပ်ကိုရွေးချယ်သွားသင့်ပါတယ်...

မေး။ ။JLPT နဲ့ Net Test ဘာကွာလဲ?ဆရာ

ဖြေ။ ။JLPT ကတော့ ဂျပန်အစိုးရ တရားဝင်ခွင့်ပြုတဲ့အတွက် နေရာတိုင်းမှာအသုံးချလို့ရတယ်။ Net Test ကတော့ Training Visa / student Visa မှာတော့သုံးလို့ရတယ်။ ဒါပေမယ့် နောက်ပိုင်းအသစ်ထွက်တဲ့ Tokutei Visa မှာတော့မရပါဘူး( JLPT)ပဲရပါမယ်

မေး။ ။ဆရာဂျပန်မှာအလုပ်လုပ်ဖို့ ဆံပင်/အသားအရည်/အရပ်ဘယ်လောက်ရှိရမလဲ?

ဖြေ။ ။ဒီမေးခွန်းက ခနခနဖြေဖူးပါတယ်။အဲ့ဒါတွေနဲ့မဆိုင်ပါဘူး။ ပိုင်တံခွန်လိုပုံစံမျိုးဖြစ်ပြီး အလုပ်လက်ကြောမတင်း/ စည်းကမ်းမလိုက်နာရင် အလုပ်ဝင်တဲ့ရက်နဲ့ ထွက်တဲ့ရက် တစ်ရက်ထဲဖြစ်သွားလိမ့်မယ်။ အဓိကက ကိုယ်လုပ်မယ့်အလုပ်ရဲ့ ကျွမ်းကျင်မှု့/တာဝန်ယူ/တာဝန်ခံမှု့ ချမှတ်တဲ့စည်းကမ်းလိုက်နာမှု့ကသာအရေးကြီးပါတယ်။

#နောက်ထပ်သိလို့တဲ့မေးခွန်း ရှိပါကComment (သို့) Cb ကနေလာရောက်မေးမြန်နိုင်ပါတယ်
အားတဲ့အချိန်လေးပြန်ဖြေပေးပါ့မယ်.😊

#သာယာသောနေ့လေးဖြစ်ပါစေ💫💫

Crd to Yamazakithant
👍2
[🇯🇵 COE တင်မည်ဆိုလျှင် 🇯🇵]

ကျောင်းနဲ့ သို့မဟုတ် Scholar နဲ့ ဂျပန်သွားဖို့ COE တင်မယ်ဆိုရင် သတိထားဖို့အချက်လေး နည်းနည်းပြောပြပါမယ်။

တင်ရတဲ့ စာရွက်စာတမ်းတွေထဲမှာ ဘွဲ့လက်မှတ် နဲ့ တက္ကသိုလ်ရဲ့ အမှတ်စာရင်း ပါပါတယ်။

မနှစ်က COE reject ဖြစ်ခဲ့တဲ့ ကျောင်းသားများထဲမှာ

ဘွဲ့လက်မှတ် နှင့် အမှတ်စာရင်းမှာ
Mandalay University နှင့် University of Mandalay ဖြစ်နေခဲ့လို့ COE reject ထိခဲ့ပါတယ်။

ကြည့်လိုက်ရင်တော့ တက္ကသိုလ်တခုတည်းလို့ ထင်ရပေမယ့် ဂျပန်မှာတော့

Hyogo University နဲ့ University of Hyogo ဟာ သီးခြားတက္ကသိုလ် တစ်ခုစီ

Kochi University နဲ့ University of Kochi ဟာ သီးခြားတက္ကသိုလ် တစ်ခုစီ

Shizuoka University နဲ့ University of Shizuoka ဟာလဲ သီးခြားတက္ကသိုလ် တစ်ခုစီ ပါ

ဂျပန်ဆိုတာ အရမ်းတိကျသေချာတဲ့နိုင်ငံပါ။

နောက်နောင် COE တင်မည့်သူများ သတိထားနိုင်ရန် Yamato Academy ၏ အတွေ့အကြုံအား မျှဝေပေးခြင်းဖြစ်ပါသည်။

#AkiraHtat
#YamatoAcademy
https://www.facebook.com/1496737834/posts/10226995740748264/
Crd to みらい
#crd Let's learn Japanese with Honey
This media is not supported in your browser
VIEW IN TELEGRAM
သွားကြတာပေါ့🌚
This media is not supported in your browser
VIEW IN TELEGRAM
ဂျပန်မှာ ဆောင်းဦးရောက်ရင် နာမည်ကြီးပြီး လူကြိုက်များတဲ့ နေရာလေးတစ်ခု🍂🍂

🔸Meiji Jingu Gaien (明治神宮外苑)လိုခေါ်ပါတယ်။ Ginkoဆိုတဲ့ လှပတဲ့အပင်တွေကြောင့် လူသိများပါတယ်

🔸Tokyoမြိုရဲ့ အလယ်ခေါင်မှာပဲရှိပီးတော့ Jingu Gaien Ginko Avenueလိုဆိုပီး Google mapမှာ ရှာလိုက်မယ်ဆိုရင် လှပတဲ့ပုံလေးတွေနဲ့ တည်နေရာကို ရှာတွေ့နိုင်ပါတယ်

#crd Language Master
🔥1
EJU တက်ဖို့ သင်​ပေးတဲ့ သင်တန်း​တွေများသိကြလား😬

တ​ယောက်​မေးထားတာ​တွေ့လို့ကူ​မေး​ပေးတာ
This media is not supported in your browser
VIEW IN TELEGRAM
Japan မှာ​ကျောင်းသွားတက်ရင် ဘာ​ကျောင်းတက်ပီးဘာmajor ယူသင့်လဲ🌸

Crd to Beautiful society
👍2
This media is not supported in your browser
VIEW IN TELEGRAM
ယူတို့ကရော ဂျပန်စာလေ့လာနေတဲ့ဘယ်အဖွဲ့ကလဲ😁

ပင်ဂွင်းလေးတွေ သူ့ထက်ငါအပြိုင်ပြေးလာပြီးတော့
"ငါး" ကိုအပြိုင်အဆိုင်လုစားကြတာကို
ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပါ

ဒီနေ့လည်းပဲ ခဏတဖြုတ်ရယ်မောနိုင်ကြပါစေ

ကောင်းသောနေ့လေးဖြစ်ပါစေ😘
#crd
This media is not supported in your browser
VIEW IN TELEGRAM
ကြည့်ရင်းနဲ့အသဲယားလာတဲ့
အဖြူရောင်လင်းပိုင်၏အကဖျော်ဖြေမှု♥️

အပြင်မှာတော်ရုံမြင်ရခဲတဲ့ အဖြူရောင်လင်းပိုင်ရဲ့ အကဖျော်ဖြေမှု ဗီဒီယိုဖြစ်ပါတယ်
Kanagawa ခရိုင်မှာရှိတဲ့ Sea Paradise မှာ ရိုက်ကူးလာခဲ့တဲ့ဗီဒီယိုလေးပါ
လင်းပိုင်အဖြူ ကတာကိုကြည့်ပြီး
အားလုံးပဲ ခဏတဖြုတ်ရယ်မောနိုင်ကြပါစေ🥰 #crd
Forwarded from Premium Group
Wednesday, February 23rd 2022.အထိရ

selfstudypremiumskillshare01@gmail.com

chanmin007

SkillShare.com

#skillshare #SelfstudyPremium
😢1
EJU ဆိုတာ ဘာလဲ??

EJU ဆိုတာ ဘာလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

EJU ဆိုတာ Examination for Japanese University Admission for International Students ရဲ့အတိုကောက်ပါ။
ဂျပန်လို 日本留学試験(nihonryūgakushiken) လို့ခေါ်ပါတယ်။
မြန်မာလို ဘာသာပြန်လျှင် ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ လို့ အဓိပ္ပါယ်ရပါတယ်။

နိုင်ငံခြားသားတွေ ဂျပန်တက္ကသိုလ်မှာ ဝင်ရောက်ပညာသင်ကြားနိုင်ဖို့က ပုံမှန်အားဖြင့် JLPTကဲ့သိုသော ဂျပန်စာအောင်လက်မှတ် (သို့) EJU စာမေးပွဲရဲ့အမှတ်လိုအပ်ပါတယ်။

ဒီနေရာမှာ JLPT အကြောင်းကို အနည်းငယ်ပြောလိုပါတယ်။
JLPT ဆိုတာ Japanese-Language Proficiency Test ရဲ့အတိုကောက်ပါ။
မြန်မာလိုပြောလျှင်တော့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲပါ။ နိုင်ငံခြားသားတစ်ယောက်ဟာ ဂျပန်ဘာသာ ဘယ်level ရှိတယ်ဆိုတာကို စစ်ဆေးပေးတဲ့ စာမေးပွဲပါ။

2001 ခုနှစ်အထိ ဂျပန်တက္ကသိုလ်တွေမှာ ပညာသင်ကြားချင်တဲ့ နိုင်ငံခြားသားတွေဟာ JLPT အမှတ်နဲ့ တက္ကသိုလ်က လုပ်တဲ့ဝင်ခွင့်စာမေးပွဲကို အောင်မှ တက္ကသိုလ်တက်ခွင့်ရှိခဲ့ပါတယ်။
ဒီစနစ်မှာ ဂျပန်မှာ ပညာလာသင်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် အခက်အခဲတွေရှိခဲ့ပါတယ်။ ဂျပန်တက္ကသိုလ်တက်ဖို့ ဂျပန်နိုင်ငံတွင်းက ဂျပန်စာသင်တန်းကျောင်းတွေမှာ ၁နှစ်၂နှစ် တက်ကြပြီးမှ တက္ကသိုလ်ဝင်ခွင့်တွေ ဖြေကြရပါတယ်။ မိမိနိုင်ငံကနေ ဂျပန်တက္ကသိုလ်ကို တိုက်ရိုက်ဝင်ဖို့ ခက်ခဲခဲ့ကြပါတယ်။

ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ 2002 ခုနှစ်မှာ EJU စာမေးပွဲကို စတင်ခဲ့ပါတယ်။

EJU စာမေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂျပန်နိုင်ငံက တက္ကသိုလ်မှာ ပညာသင်ကြားဖို့ အရည်အချင်းမီမမီ စစ်ဆေးပေးခြင်းဖြစ်ပါတယ်။

2002 ခုနှစ် နောက်ပိုင်းမှာ EJU အမှတ်ကိုကြည့်ပြီး ဂျပန်ကတက္ကသိုလ်တွေဟာ ဝင်ခွင့်ကိုဆုံးဖြတ်လာကြပါတယ်။ ဝင်ခွင့်ရလျှင် ဂျပန်မှာစာမေးပွဲထပ်ဖြေစရာမလိုပဲ ကျောင်းတိုက်ရိုက်လာတက်ခွင့် ရှိလာပါတယ်။
အဲ့ဒီအတွက်ကြောင့် EJU စာမေးပွဲကို 日本留学試験(ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) လို့ နာမည်ပေးထားပါတယ်။

သဘောကတော့ JLPT လို ဘာသာစကား level ကို စစ်ဆေးပေးတာ မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့်အတွက် သီးသန့်ကျင်းပပေးတဲ့ စာမေးပွဲပါပဲ။

ဒီEJU စာမေးပွဲကို ဂျပန်ကျောင်းသားကူညီမှုအဖွဲ့အစည်း JASSO(Japan Student Services Organization) ကကြီးမှူးပြီး ကျင်းပပြုလုပ်ပါတယ်။

EJU စာမေးပွဲဟာ ဘာလဲဆိုတာ သိသွားပြီဆိုလျှင် EJU စာမေးပွဲမှာ ဘာတွေပါလဲဆိုတာ ဆက်လေ့လာကြည့်ကြရအောင်။

EJU စာမေးပွဲမှာ
၁). ဂျပန်ဘာသာတွဲ
(Japanese as a Foreign language)
၂). သင်္ချာဘာသာတွဲ(Math 1 or Math 2)
(Mathematics)
၃). သိပ္ပံဘာသာတွဲ (Physics,Chemistry,Bio)
(Science)
၄). ဝိဇ္ဇာဘာသာတွဲ (ပထဝီ၊ သမိုင်း၊ စီးပွါးရေး၊နိုင်ငံရေး၊ လူ့ဘောင်အဖွဲ့အစည်း)
(Japan and the World)
ဆိုပြီး ဘာသာတွဲ ၄ မျိုးရှိပါတယ်။

၁ကနေ၄ အထိရှိပေမယ့် ဘာသာရပ်အားလုံးဖြေစရာမလိုပါဘူး။
ကိုယ်တက်မယ့် တက္ကသိုလ်၊ မေဂျာကိုလိုက်ပြီး လိုအပ်မယ့် ဘာသာရပ်တွေကို ရွေးပြီးဖြေရပါတယ်။

ဥပမာ ။ ။ အင်္ဂျင်နီယာဘာသာရပ်ကို တက်ချင်တယ်ဆိုပါစို့..
၁) ဂျပန်ဘာသာဖြေရပါမယ်။
၂) သင်္ချာဘာသာရဲ့ Math 2 ကို ဖြေရပါမယ်။
၃) သိပ္ပံဘာသာ တွဲရဲ့ Physics, Chemistry ကို ဖြေရပါမယ်။

အဲ့ဒီအတွက် ကိုယ်ဘယ်ဘာသာကို ဖြေရမလဲဆိုတာ အရင်ဆုံးသိဖို့လိုအပ်ပါတယ်။ ကိုယ်တက်မယ့်ကျောင်း၊ ကိုယ်တက်မယ့်မေဂျာအတွက် ဘယ်ဘာသာတွေလိုအပ်သလဲဆိုတာ အရင်ဦးဆုံး စုံစမ်းဖို့လိုအပ်ပါတယ်။

ဒီအောက်က link တွေမှာ EJU လက်ခံတဲ့ကျောင်းတွေနဲ့ ကျောင်းဝင်ခွင့်အတွက် ဘယ်ဘာသာတွေလိုအပ်တယ်ဆိုတာကို ဝင်ရောက်ရှာဖွေနိုင်ပါတယ်။
https://www.jasso.go.jp/en/eju/examinee/use/index.html
http://www.jasso.go.jp/ryugaku/study_j/eju/examinee/use/
http://www.jpss.jp/en/
http://www.jpss.jp/ja/

ကဲ EJU စာမေးပွဲမှာ ဘာတွေပါလဲဆိုတာ သိပြီဆိုလျှင်
EJU စာမေးပွဲအကြောင်းကို အသေးစိပ်ထပ်ပြီး လေ့လာကြည့်ကြပါစို့။

EJU စာမေးပွဲဟာ တစ်နှစ်မှာနှစ်ကြိမ်(၆လပိုင်းနဲ့၁၁လပိုင်း)ရှိပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မှာလည်း တနှစ်ကို၂ကြိမ် ကျင်းပပါတယ်။

EJU စာမေးပွဲကို ဂျပန်ဘာသာ(သို့)အင်္ဂလိပ်ဘာသာဖြင့် မေးခွန်းပုံစံကိုရွေးပြီး ဖြေလို့ရပါတယ်။
ဂျပန်ဘာသာတွဲကတော့ ဂျပန်လိုမေး၊ ဂျပန်လိုဖြေရပါတယ်။
ကျန်တဲ့ သင်္ချာ၊ သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ တွေကတော့ ဂျပန်ဘာသာနဲ့ဖြေဖြေ၊ အင်္ဂလိပ်ဘာသာနဲ့ဖြေဖြေ ကြိုက်တဲ့ဘာသာနဲ့ဖြေခွင့်ရှိပါတယ်။

EJU စာမေးပွဲဟာ JLPT စာမေးပွဲလိုမျိုး အောင်တယ်၊ ကျတယ်ဆိုတာ မရှိပါဘူး။
ဘယ်ဘာသာမှာ ဘယ်နှစ်မှတ်ရတယ်ဆိုပြီး ဖေါ်ပြပေးပါတယ်။
တက္ကသိုလ်တွေကလည်း အမှတ်ကိုကြည့်ပြီး ကျောင်းလက်ခံကြပါတယ်။ အမှတ်များတဲ့လူ၊ အမှတ်ကောင်းတဲ့လူတွေ ဂျပန်ရောက်တဲ့အခါ စကော်လာယူလို့ရပါတယ်။(စကော်လာယူချင်တဲ့လူတွေ စာမေးပွဲလျှောက်လွှာဖြည့်တဲ့အခါ စကော်လာလိုချင်တဲ့အကြောင်းကို ကြိုတင်ဖြည့်ထားဖို့လိုအပ်ပါတယ်။)

EJU စာမေးပွဲရဲ့ရလဒ်ဟာ အမှတ်စာရင်းထွက်ပြီး ၂ နှစ်အတွင်းသာ အသုံးဝင်ပါတယ်။

သိပ္ပံဘာသာတွဲမှာ Physics, Chemistry,Biology သုံးဘာသာရှိပေမယ့် မိမိတက်မယ့်ကျောင်းက သတ်မှတ်ထားတဲ့ နှစ်ဘာသာ ဖြေရင်ရပါတယ်။
👍2
သင်္ချာဘာသာတွဲမှာလည်း Math 1 နဲ့ Math 2 ၂ခုရှိပေမယ့် မိမိတက်မယ့်ကျောင်းက သတ်မှတ်ထားတဲ့ တစ်ခုကို ဖြေရင်ရပါပြီ။ Math 1 က Basic Level Math 2 က Advance Level။

ပြီးတော့ EJU စာမေးပွဲမှာ သိပ္ပံဘာသာတွဲနှင့်ဝိဇ္ဇာဘာသာတွဲကိုတစ်ကြိမ်တည်းမှာ ဖြေဆိုခွင့်မရှိပါဘူး။

စာမေးပွဲဖြေဆိုပုံကတော့ JLPT လိုပါပဲ Marking Sheet System ပါ။(ဂျပန်ဘာသာတွဲမှာ စာစီစာကုံး အတိုလေး ရေးရပါတယ်။)

ဂျပန်ဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၁၂၅ မိနစ်
ပေးမှတ်။ ။ ၀〜၄၀၀ မှတ်
(Reading and Listening မိနစ် ၄၀+၅၅မိနစ်)
(စာစီစာကုံး မိနစ် ၃၀)( စာစီစာကုံး ခေါင်းစဉ် ၂ခုထဲက တစ်ခုရွေး)

သင်္ချာဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

သိပ္ပံဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

ဝိဇ္ဇာဘာသာတွဲ
စာမေးပွဲကြာချိန်။ ။ ၈၀ မိနစ်
ပေးမှတ်။ ။ ၀〜၂၀၀ မှတ်

စာမေးပွဲကြေးကတော့ မြန်မာနိုင်ငံမှာဖြေဆိုလျှင် အမေရိကန်ဒေါ်လာ ၁၅ဒေါ်လာ (ဘာသာအရေအတွက်မည်မျှပင်ဖြစ်ပါစေ) ပေးရပါတယ်။
ဂျပန်နိုင်ငံမှာဖြေဆိုလျှင် တစ်ဘာသာ ကို ၇၇၀၀ယန်း၊ နှစ်ဘာသာနှင့်အထက်ဖြေဆိုလျှင် ၁၄၃၀၀ယန်း ပေးရပါတယ်။

နောက်ဆုံး အနှစ်ချုပ်ပြီးပြောရမယ်ဆိုလျှင် EJU စာမေးပွဲဟာ ဂျပန်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပါ။
ခုနောက်ပိုင်းမှာ ကောလိပ်ကျောင်းတွေလည်း EJU ကို အသုံးပြုလာကြပါတယ်။

ဂျပန်တက္ကသိုလ်(သို့)ကောလိပ်ဝင်နိုင်ဖို့က အဓိကက လမ်း(၃)လမ်းရှိပါတယ်။
(၁). မြန်မာနိုင်ငံကနေ EJU ဖြေပြီး တိုက်ရိုက်လာတက်တဲ့လမ်း။
(၂). ဂျပန်နိုင်ငံမှာ ဂျပန်စာသင်တန်းကျောင်းတက်ပြီးမှ ဝင်ခွင့်ထပ်ဖြေ(သို့)EJUထပ်ဖြေပြီး တက်မယ့်လမ်း။
(၃). မြန်မာနိုင်ငံကနေ ဂျပန်အစိုးရ စကော်လာ(MEXT scholarship)ဖြေပြီးလာတက်တဲ့လမ်းတို့ဖြစ်ပါတယ်။

အချို့ကျောင်းတွေက EJU ကို လက်ခံကြပြီး၊ အချို့ကျောင်းတွေက JLPT တို့လို အခြား ဂျပန်စာ အောင်လက်မှတ်၊ အင်္ဂလိပ်စာရမှတ် များဖြင့်လည်း မြန်မာနိုင်ငံကနေ တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ မိမိတက်မယ့် တက္ကသိုလ်(သို့) ကောလိပ်အပေါ်မူတည်ပြီး ကွာပါလိမ့်မယ်။ မိမိတက်မယ့်ကျောင်းကို တိုက်ရိုက်ဆက်သွယ်စုံစမ်းကြည့်ကြပါ။

EJU နဲ့ပတ်သက်ပြီး ဒီအောက်က link တွေမှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
အင်္ဂလိပ်လိုလေ့လာရန်။
http://www.jasso.go.jp/en/eju/about/about_a/about_eju.html
ဂျပန်လိုလေ့လာရန်။
http://www.jasso.go.jp/ryugaku/study_j/eju/about/about_a/about_eju.html

https://www.facebook.com/1380543912257737/posts/2491126364532814/?d=n

ဒါက OJEIC က ရေးထားတဲ့ EJU စာမေးပွဲ အကြောင်းလေးပါ။ လေ့လာကြည့်ပါ။

https://www.facebook.com/1380543912257737/posts/2303037100008409/?d=n

ဒါက မေးခွန်းဟောင်းလေးတွေပါ။
https://www.jasso.go.jp/sp/en/eju/examinee/pastpaper_sample/index.html

#Japanese job opportunities
#EJU_Exam
#crd-အကီ
👍3