Japanese language(self study)
25.3K subscribers
1.71K photos
238 videos
562 files
415 links
This channel is for people who need to learn languages ​​on their own. Japanese language We will share everything you need to learn So you can study alone for your bright future

#all_course_PDF_and_Audio 🇯🇵📌
Download Telegram
🚨JLPT အောင်စာရင်းကြည့်ရန်

‎အောင်စာရင်း ကြည့်ရမယ့် password မသိသေးတဲ့ သူလေးတွေက Test Voucher ထုတ်ဖို့ ပို့ပေးထားခဲ့တုန်းက file 2 ခုထဲမှာ အောက်မှာပြထားတဲ့ပုံလို file တစ်ခုပါပါလိမ့်မယ်နော်💓💓

‎ပုံမှာဝိုင်းပြထားတာလေးက အောင်စာရင်းကြည့်ဖို့အတွက် password ပါနော်

Result ကြည့်ရှုရမည့် link -
https://www.jlpt.jp/e/guideline/results_online.html

အားလုံးဘဲ အောင်ကြပါစေ💓💓🙏🙏🙏💓

#jlpt
15
ရုပ်ပုံလေးတွေပါတဲ့
ဂျပန်ဖတ်စရာပေါင်း ( 4985) ပုဒ်🌈
အခမဲ့ ဖတ်နိုင်ပါတယ်။

ဂျပန်မူလတန်းအရွယ်ဖတ်စရာပုံပြင် အပုဒ် (630 )နှင့်ရုပ်ပြစာအုပ် အပုဒ် (4355) ဖတ်စရာ 🌈📚

ဂျပန်ပုံပြင်ကြိုက်နှစ်သက်သူများအတွက်

မူကြိုအရွယ်ဖတ်စရာ အပုဒ် (30 )
http://hukumusume.com/douwa/0_6/0nen.html

မူလတန်းပထမနှစ်ဖတ်စရာ အပုဒ် (100)
http://hukumusume.com/douwa/0_6/1nen.html

မူလတန်းဒုတိယနှစ်ဖတ်စရာ အပုဒ် (100 )
http://hukumusume.com/douwa/0_6/2nen.html

မူလတန်းတတိယနှစ်ဖတ်စရာ အပုဒ် (100 )
http://hukumusume.com/douwa/0_6/3nen.html

မူလတန်းစတုတ္ထနှစ်ဖတ်စရာ အပုဒ် (100 )
http://hukumusume.com/douwa/0_6/4nen.html

မူလတန်းပဥ္စမနှစ်ဖတ်စရာအပုဒ် (100 )
http://hukumusume.com/douwa/0_6/5nen.html

မူလတန်းဆဌမနှစ်ဖတ်စရာအပုဒ် 100
http://hukumusume.com/douwa/0_6/6nen.html

ဂျပန်ရုပ်ပြစာအုပ် အပုဒ် ပေါင်း (4355)
https://ehon.alphapolis.co.jp/content/list?keyword=&order=1

ဖတ်ချင်သူများအတွက် Shareပြီး
ပညာကုသိုလ် ပြုရအောင်

SU Myanmar
#crd 🙏🏻
62😘1
JLPT Result ကြည့်ဖို့ ဘာတွေလိုအပ်လဲ

1. JLPT ဖြေခဲ့တုန်းက ခုံနံပါတ်
2. JLPT Form တင်တုန်းက Password 8လုံး
(Password) မေ့နေပါက Test Vouncher မှာပြန်လည်ကြည့်ရှုလို့ရပါတယ်ရှင့်။

အဲ့ဒီ 2 ချက်သိရုံနဲ့ JLPT Result ကို Website ကနေတဆင့် ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ရှင့်။

https://www.jlpt.jp/sp/e/guideline/results_online.html

Result ကြည့်နည်း
1. Website ထဲကို၀င်
2. Other Countries ကိုရွေး
3. ခုံနံပါတ်နဲ့ password ကိုထည့်ပြီးရင် results ‌ကိုကြည့်ရှုလို့ရပါပြီရှင့်။

JLPT ဖြေဆိုထားတဲ့ သူအားလုံး အောင်မြင်ပါစေရှင့်။🫶
23
😱😱JLPT အောင်စာရင်း 30.1.2026 ရက်နေ့တဲ့ဗျို့

ရင်ခုန်ပြီးခုန် ဒုန်းးးး🤣😝
17🔥8
JLPT results 2025 December

Online Resultတွေကို 30ရက်နေ့ (သောကြာနေ့) ဂျပန်စံတော်ချိန် နံနက်၁၀:၀၀နာရီ (မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီ)မှ စတင်ပြီး ကြည့်ရှုနိုင်ပြီနော်။
28😢2
မနက်ဖြန် JLPT အောင်စာရင်းထွက်မည့် ၃၀ ရက်နေ့ မပြုလုပ်သင့်သည့်အရာများ

၁. စာမေးပွဲမအောင်လို့ My day ဘာမှမတင်တာကို အလိုက်ကမ်းဆိုးမသိ စာမေးပွဲအောင်လားသွားမမေးသင့်

၂. လိုင်းပေါ်မတွေ့လို့ဆိုပြီး တကူးတက ဖုန်းဆက်ပြီးမမေးသင့်

၃. အောင်အောင်ကျကျ ဘယ်နှမှတ်ရလဲ မမေးသင့်

Crd:
🤣674
ဟီးဟီး ဒီညအိပ်ပျော်ကျလား 🌚❤️
🤣47😁52💔1👀1
COE ငြင်းပယ်ခံရခြင်းနဲ့ အငြင်းခံရတဲ့အခါဘာလုပ်သင့်သလဲ

၁။ JP ဘက်ကကျောင်းခိုင််မာမှုမရှိခြင်း
မိမိကို COE လျှောက်ပေးတဲ့ကျောင်း(မိမိ တက်မည့်ကျောင်း) မခိုင်လို့ပါ။
အချို့ကျောင်းတွေဟာ နာမည်ခံ Visa ရရုံလုပ်ပေးပြီးပဲ စာဟုတ်တိပတ်တိ မသင်ကြပါဘူး။ ဒီလိုကျောင်းတွေကို ဗီဇာကျောင်းလို့ခေါ်ကြပါတယ်။
ယင်း ကျောင်းမျိုးဟာ လဝက ရဲ့စောင့်ကြည့်ခြင်းကို ခံနေရတဲ့ကျောင်းတွေပါ။ ကံဆိုးရင် လျှောက်သမျှကျောင်းသားတိုင်း COE reject ထိတတ်ပါတယ်။

နောက်တစ်ခုက ကျောင်းသားတွေ သတ်မှတ်စာသင်ကာလမပြည့်မှီ အပြေးများတဲ့ကျောင်းပါ။ ယခင်ကျောင်းသားတွေထဲက ကျောင်းပြီးအောင်ဆက်မတက်ပဲ အိုဗာစတေး (သို့) နိုင်ငံရေးမကောင်းလို့ ပြည်တော်ပြန်ရန်ခက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခသည်ဗီဇာလျှောက်ဖူးသူများတဲ့ သမိုင်းရှိမယ်ဆိုရင် လဝကက COE ချပေးဖို့ တင်းတင်းကြပ်ကြပ် စစ်ဆေးတတ်ပါတယ်။

ဒါ့ကြောင့် မလျှောက်ခင်ကတည်းက လျှောက်မယ့်ကျောင်းဟာ ခိုင်မာမှုရှိလား နာမည်ပျက်ရှိလားဆိုတာ မိမိကိုယ်တိုင် လေ့လာစုံစမ်းဖို့လိုပါတယ်။ မြန်မာနိုင်ငံကကျောင်း (သို့) အေးဂျင့် ဆီက web site အချက်အလက်တွေ ယူပြီး ကျောင်းမလျှောက်ခင်ကတည်းကလေ့လာစုံစမ်းဖို့ လိုပါလိမ့်မယ်။

၂။ ကာယကံရှင်၏ အချက်အလက် မခိုင်ခြင်း
မိမိရဲ့ အချက်အလက်တွေ မှားယွင်းဖြည့်သွင်းမိလျှင် COE ငြင်းပယ်ခံရပါမယ် ဂျပန်ဘက်ကျောင်းက ခိုင်နေတာတောင် မိမိရဲ့စာရွက်စာတမ်း၊ မွေးသက္ကရာဇ်၊ စပွန်စာအခြေအနေတွေ မခိုင်ရင် COE မရပါဘူး။ စာရွက်စာတမ်းပြင်ဆင်တဲ့အခါ သေခြာစစ်ဆေးပြီးမှ ပေးသင့်ပါတယ်။ မွေးသက္ကရာဇ်၊ကိုယ်ရေးရာဇဝင်၊ နိုထရီဘာသာပြန်အချက်အလက်မှန်ကန်မှု၊ ဂျပန်စာအောင်လက်မှတ် အထောက်အထား။ စပွန်စာ စာရွက်စာတမ်း၊ဘဏ်စာရွက်စာတမ်း စတဲ့အချက်အလက်တွေကို အကြိမ်ကြိမ်ပြန်စစ်သင့်ပါတယ်။ ဓါတ်ပုံကအစ သတ်မှတ်ချက်နဲ့ညီမညီ ကြည်လင်ပြတ်သားမှုရှိမရှိသတိထားပြီး ပြင်ဆင်သင့်ပါတယ်။မလိုအပ်ပဲ အောင်လက်မှတ်အတုတွေလုပ်ပြီးတင်ရာမှာ COE ရပြီးမှ မြန်မာနိုင်ငံရှိ JP သံရုံးကသိရှိသွားပြီး ယင်းအေးဂျင့်ကျောင်းက လျောက်ပေးသူ ကျောင်းသားအားလုံး visa Reject ဖြစ်သွားပါတယ် ယင်းကျောင်းလဲ black List ဝင်သွားပါတယ်

၃။ အမှန်တကယ် လဝက သို့ မလျှောက်ခြင်း

လဝကသို့ COE တကယ်မတင်လျှင် COE မရပါဘူး အချို့ကျောင်းသားတွေပြောကြပါတယ် COE တင်ထားတာ ဘယ်နှစ်လရှိပြီ COE မရသေးဘူး ဘာကြောင့်လဲ လို့မေးကြပါတယ်။

အချို့အေးဂျင့်တွေ၊ ကျောင်းတွေဟာ COE အမှန်တကယ်မတင်ပေးပဲ လိမ်စားကြပါတယ် ဒီတစ်ခေါက် COE ငြင်းခံရတယ် ဒုတိယအကြိမ်တင်ပေးမယ် အေးဂျင့်ခထပ်ပေး ဆိုပြီးလုပ်စားတတ်ကြပါတယ်။

COE တကယ်အငြင်းခံရတာဟုတ်မဟုတ် သိရအောင် ကိုယ့်ကိုကျောင်းလျှောက်ပေးတဲ့ ကျောင်း(သို့)အေးဂျင့်(သို့)ပွဲစားထံမှ ဂျပန်လဝကမှ ထုတ်ပေးတဲ့ 不交付通知書(fukoufutsuuchisho) ကိုတောင်းပါ
လျှောက်လွှာနံပါတ်ဘယ်လောက်၊ ဘယ်နိုင်ငံက၊ ဘယ်သူ့ကို၊ ဒီအချက်အလက်တွေကြောင့် COE မပေးပါလို့ အသေးစိတ်ရေးထားပါတယ်။

သင်ဘာကြောင့် COE ငြင်းခံရတာလဲ ဆိုတာ အဲဒီစာရွက်ကိုကြည့်ရင် သိနိုင်ပါတယ်။ ဒီစာရွက်ဟာ နောက်တစ်ခါ သင် ကျောင်းလျှောက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ reject တစ်ခါထိဖူးတဲ့လူဟာ နောက်တစ်ခါ လျှောက်တဲ့အခါ COEကျဖို့ အလွန်ခက်ခဲပါလိမ့်မယ်။ နောက်တစ်ခါ reject မထိအောင် ပြင်ဆင်နိုင်ဖို့၊ ထုချေလွှာတွေရေးနိုင်ဖို့ ဒီ 不交付通知書 ကို မရရအောင်တောင်းယူသင့်ပါတယ်။
ဒီစာရွက်ဟာ လဝကမှာ COE တင်ထားတဲ့လူတွေကိုပဲ ထုတ်ပေးပါတယ်။ COE မတင်ထားတဲ့လူတွေကို မထုတ်ပေးပါဘူး။ သင့်ကို ကျောင်းအမှန်တကယ် လျှောက်ပေးတဲ့ ကျောင်းတွေက ထုတ်ပေးနိုင်ပါလိမ့်မယ်။

အမှန်တကယ် ကျောင်းမလျှောက်ပေးရင် သင့်ကိုမထုတ်ပေးနိုင်ပါဘူး။ ဒီစာရွက်ရလားမရလားနဲ့ သင်ဆုံး ဖြတ်လို့ရပါပြီ ဒီကျောင်း(သို့)အေးဂျင့်ဟာ သင့်ကို လိမ်နေပြီလားဆိုတာကို။

ကျောင်းပဲပြန်လျောက်တဲ့အခါ
ယင်းစာရွက်ရရင် စာရွက်ပါအချက်အလက်တွေကိုကြည့်ပြီး နောက်တစ်ခါကျောင်းပြန်လျှောက်ဖို့အတွက် သင်ပြင်ဆင်နိုင်ပါပြီ။ နောက်ပြီး ပထမအကြိမ်တင်ခဲ့တဲ့ မိမိရဲ့ ပရိုဖိုင်ပိုင်းနဲ့ စပွန်အပိုင်း အချက်လက်တွေလဲ တစ်ပါထဲ တောင်းယူထားရပါမယ် ဒါမှသာ ပထမအကြိမ်နဲ့ အချက်လက်တွေ တစ်သွေမသိမ်းတူညီအောင်ဖြည့်နိုင်မှာပါ ယုတ်စွအဆုံး အလုပ် visa ပြောင်းလျောက်ရင်တောင်မှ ပရိုဖိုင်းအချက်အလက်တွေတူအောင်ပြန်ဖြည့်ဖို့ အထူးလိုအပ်ပါတယ်

သင် သတိထားရမှာက reject တစ်ခါထိတိုင်း ထိတိုင်း COE ရဖို့ ပို၍ပို၍ခက်လာတယ်ဆိုတာပါပဲ။
Crd Banzai Language center
38😢5😁1
🇯🇵 ဂျပန်မှာ အလုပ်ရှာနည်း 5 ခု (Apps & Websites)

ဂျပန်မှာ အလုပ်ရှာတာက
နည်းလမ်းမှန်သုံးရင် အခွင့်အရေးများပါတယ်။

ဒီနေ့တော့
ဂျပန်မှာ အလုပ်ရှာဖို့ အသုံးဝင်ဆုံး နည်းလမ်း 5 ခု + App Link တွေ ကို မျှဝေပေးမယ်။



① Hello Work (ハローワーク)

ဂျပန်အစိုးရက ဖွင့်ထားတဲ့
Official Job Center ဖြစ်ပါတယ်။

ဒီနေရာမှာ

• Full-time job
• Part-time job
• Factory job
• Office job

အလုပ်အမျိုးမျိုးရှာနိုင်ပါတယ်။

အခမဲ့
နိုင်ငံခြားသားလည်း အသုံးပြုလို့ရ
Staff တွေက အလုပ်ရှာပေးတတ်

🌐 Website
https://www.hellowork.mhlw.go.jp



② Indeed Japan

ဂျပန်မှာ အလုပ်ရှာဖို့
အသုံးအများဆုံး job search website ဖြစ်ပါတယ်။

ဒီမှာ

salary
location
job type

စတာတွေ filter လုပ်ပြီးရှာနိုင်ပါတယ်။

🌐 Website
https://jp.indeed.com

📱 App
https://indeed.com/app



③ GaijinPot Jobs

နိုင်ငံခြားသားတွေ အတွက်
အရမ်းအသုံးဝင်တဲ့ job site ဖြစ်ပါတယ်။

အထူးသဖြင့်

• English jobs
• IT jobs
• Teaching jobs

တွေရှာလို့ရပါတယ်။

🌐 Website
https://jobs.gaijinpot.com



④ Mynavi

ဂျပန်မှာ နာမည်ကြီးတဲ့
job hunting platform တစ်ခုပါ။

ဒီ site မှာ

• office jobs
• company jobs
• graduate jobs

တွေ အများကြီးရှိပါတယ်။

🌐 Website
https://tenshoku.mynavi.jp



⑤ Rikunabi

Japan company တွေအတွက်
အရမ်းအသုံးများတဲ့ job platform ဖြစ်ပါတယ်။

ဒီ site မှာ

company information
salary details
career opportunities

တွေကြည့်နိုင်ပါတယ်။

🌐 Website
https://next.rikunabi.com



Japan Job Search Tips

ဂျပန်မှာ အလုပ်ရှာတဲ့အခါ

Japanese language skill (JLPT)
Resume (履歴書)
Work visa status

တွေက အရမ်းအရေးကြီးပါတယ်။



🇯🇵 Japan နဲ့ပတ်သက်တဲ့

• အလုပ်အကိုင်
• နေထိုင်မှု
• ငွေကြေး
• ဗဟုသုတ

အသုံးဝင်တဲ့ အချက်အလက်များကို
Japan Info Station မှ မျှဝေပေးနေပါတယ်။

👉 Japan life စိတ်ဝင်စားရင်
Page ကို Like 👍 & Follow လုပ်ထားပါ။
412🤬1
📢 ဂျပန်မှာ ကျောင်းသား/သူတွေ အတွက် မိတ်ဆက်ပေးမယ့်သူမရှိပဲ ၂၈ နာရီ အချိန်ပိုင်းအလုပ် ရှာနိုင်တဲ့နည်း 📢

👉 မိတ်ဆက်ခ မပေးဘဲ ကိုယ်တိုင်ဖုန်းနဲ့ ရှာလို့ရတဲ့ Website / App တွေကို ဖော်ပြပေးလိုက်ပါတယ်
တိုကျိုမှာမှ မဟုတ်ပါဘူးနော် ဘယ်ဒေသကပဲမဆို ရှာလို့ရပါတယ်

━━━━━━━━━━━━━━━
🔎 အလုပ်ရှာလို့ရတဲ့ Website / App
━━━━━━━━━━━━━━━

https://townwork.net/
https://www.baitoru.com/
https://baito.mynavi.jp/
https://jp.indeed.com/
https://www.hellowork.mhlw.go.jp/

Google မှာ အမည်ရိုက်ရှာလည်းရ

━━━━━━━━━━━━━━━
📝 Account ဖွင့်နည်း
━━━━━━━━━━━━━━━

1. Website ထဲဝင် (သို့) app down
2. 「会員登録」 နှိပ်
3. Email + Password ထည့်
4. ကိုယ်ရေးအချက်အလက် ဖြည့်

👉 အရေးကြီးတာတွေ
・နာမည်
・ဖုန်းနံပါတ်
・လိပ်စာ
・အနီးဆုံးဘူတာ ထည့်ပါ

✔️ Profile ပြည့်စုံလေလေ
အလုပ်ရလွယ်လေလေ ပါ

━━━━━━━━━━━━━━━
🔍 အလုပ်ရှာနည်း
━━━━━━━━━━━━━━━

Search မှာ ဒီစာတွေ ရိုက်ရှာ👇
・留学生OK
・未経験OK
・アルバイト

👉 ကြိုက်တဲ့အလုပ်ကို 「応募する」 နှိပ်

━━━━━━━━━━━━━━━
📞 Apply လုပ်ပြီးနောက် ဘာဖြစ်မလဲ
━━━━━━━━━━━━━━━

✔️ ဖုန်းခေါ်လာမယ်
✔️ Email ပို့လာမယ်

အများအားဖြင့် 1–3 ရက်အတွင်း ဆက်သွယ်တယ်

⚠️ မသိတဲ့နံပါတ်လည်း ကိုင်ပါ

━━━━━━━━━━━━━━━
📅 Interview ချိန်းပုံ
━━━━━━━━━━━━━━━

သူတို့က
👉 「面接できますか?」
👉 「面接の日程を決めたいです」

ဆိုပြီး ခေါ်မယ်

👉 ကိုယ်အဆင်ပြေတဲ့ရက် ပြန်ပြော

ဥပမာ
「○日、大丈夫です」

━━━━━━━━━━━━━━━
📱 ဖုန်းပြောရင် ဘယ်လိုပြောမလဲ
━━━━━━━━━━━━━━━

📞 ဖုန်းဝင်လာရင်

「もしもし」
「はい、○○です」

👉 မနားလည်ရင်
「もう一度お願いします」

ဆိုပီး ပြန်မေးလို့ရပါတယ် စကားလုံး လွယ်လွယ်တွေနဲ့ပဲ နားလည်အောင်ပြောပေးကြပါတယ်

━━━━━━━━━━━━━━━
⚠️ သတိထားရန်
━━━━━━━━━━━━━━━

・fb မှာ မိတ်ဆက်ခ တောင်းတဲ့အလုပ်တွေဆို ရှောင်ပါ
အထူးသဖြင့် အလုပ်မိတ်ဆက်ပေးမယ်コンビニ (family mart / seven eleven ကနေ ဘာကဒ်ဝယ်ပို့ပေးပါ ဘာcode ပို့ပေးပါဆိုပီး cb ကနေ လိမ်စားနေတာတွေကို ရှောင်ပါ )
・ဘဏ်ပေး၂၈ နာရီ မကျော်ပါနဲ့
・Interview ခေါ်တဲ့ mail တွေ မလွတ်ပါစေနဲ့

ကိုယ်တိုင်ရှာပြီး လုပ်ရင် ပိုစိတ်ချရပြီး ပိုအဆင်ပြေပါတယ် 👍
မိတ်ဆက်ပေးမယ့်သူ မရှိလည်း စိတ်ပူစရာမလိုပါဘူး

#အားလုံးအဆင်ပြေကြပါစေရှင်


#Baito
#留学生
#JapanWork
#PartTimeJapan
28
အရေးပေါ်ထုတ်ပြန်ချက်ပါ🚨
သတင်းဖတ်ရင်းနဲ့ ရင်တောင်မောတယ်ကွယ်
အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အခုကနေစပြီး
外食 စားသောက်ဆိုင်အလုပ်ကို‌ပြောင်းမယ်လို့ တွေးထားတဲ့ သူတွေ ရပ်နားလိုက်သင့်ပါတယ်။
အခုလာမဲ့ ၄လပိုင်း၁၃ရက်နေ့ နောက်ပိုင်းတင်တဲ့ စာရွက်စာတမ်းတွေက အကျုံးမဝင်တော့ပါဘူးနော် ၄လပိုင်း၁၃ရက်နေ့ မတိုင်ခင်စာရွက်စာတမ်းထပ်ထားတဲ့ သူတွေကိုတော့ ပုံမှန်အတိုင်းဆက်လက်ပြီးတော့ စီစစ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။

အသေးစိတ်ကို ‌အောက်မှာ ရှင်းပြထားပါတယ်နော် 🍀

(၁) COE လျှောက်ထားခြင်း
ဧပြီလ ၁၃ ရက် နောက်ပိုင်း လက်ခံရရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ ။
ဧပြီလ ၁၃ ရက် မတိုင်မီ တင်ထားသော လျှောက်လွှာများကို စစ်ဆေးပြီးမှ ထုတ်ပေးမည်ဖြစ်သော်လည်း လူဦးရေကန့်သတ်ချက်ကြောင့် ကြာမြင့်နိုင်ပါသည်။

(၂) ဗီဇာအမျိုးအစား ပြောင်းလဲခြင်း (Visa Change)
ဧပြီလ ၁၃ ရက် နောက်ပိုင်း လျှောက်လွှာများကို မူအားဖြင့် ခွင့်မပြုပါ။

ဒါပေမဲ့ အောက်ပါလူများမှာ ပုံမှန်အတိုင်း လျှောက်ထားနိုင်ပါ......
🍀လက်ရှိစားသောက်ဆိုင် လုပ်ကိုင်နေပီး အလုပ်ပြောင်း (転職) လိုသူများ။
🍀技能実習 (အစားအသောက်ထုတ်လုပ်ရေး) ပြီးဆုံးပြီး သီးသန့်ကျွမ်းကျင်လုပ်သား(Tokutei Ginou )သို့ ပြောင်းလိုသူများ။
🍀ယခင်ကတည်းက Tokutei Katsudo (ပြင်ဆင်မှုဗီဇာ) ရရှိထားသူများ။

(၃) ပြင်ဆင်မှုဗီဇာ (Tokutei Katsudo - 4 months) လျှောက်ထားခြင်း
ယေဘုယျအားဖြင့် ခွင့်မပြုတော့ပါ။
ချွင်းချက်အနေဖြင့် လုပ်ငန်းပြောင်းသူများ၊ အစားအသောက်ထုတ်လုပ်ရေးမှ ကူးပြောင်းသူများနှင့် ဧပြီလ ၁၃ ရက် မတိုင်မီ တင်ထားသူများကိုသာ ဆက်လက်စစ်ဆေးပေးပါမည်။

အပြောင်းအလဲတွေလဲထပ်ရှိ နိုင်သေးတာမို့
နောက်ဆုံးရသတင်းထူးတာနဲ့ဆက်လက်တင်ပေးပါမယ်ရှင့်။

#TOKUTEI #JAPAN
😢349
အတိအကျ က ဒီမှာဖတ်နော်☹️
21😢1
Other- ဂျပန်စာဖြေတာများ 1, 2, 3, 4 ရွေးရုံလေး

JLPT be like ;👆🏼
🤣784😁1
Very User-Friendly Japanese Apps for Beginners

Here are a few apps I’ve personally used and found really helpful for beginners, especially if you’re planning to take the JLPT.

1. MochiKana

• Skill: Japanese Alphabets (Kana)

If you're a complete beginner, MochiKana is a great place to start. It teaches Hiragana and Katakana in small steps, with short quizzes and cute visuals to help you remember. I was surprised how quickly I could recognize the characters without feeling overwhelmed.

2. MochiKanji

• Skill: Kanji + Vocabulary

Kanji can feel like one of the toughest parts of learning Japanese, but MochiKanji makes it a lot more approachable. Instead of memorizing each character in isolation, you learn Kanji through real vocabulary. For example, when studying the Kanji 飲 (drink), you’ll come across useful words like 飲む (to drink), 飲み物 (beverage), and 飲食 (eating and drinking), all in context. If you’re also looking to build your vocabulary, the app has a variety of courses grouped by topics like JLPT, IT, and more. Lots of useful stuff to dive into.

Plus, with MochiKanji, you can search and learn kanji through radicals. Each radical comes with simple mnemonics and explanations, so instead of memorizing kanji blindly, you start recognizing familiar patterns inside different words.

For example, once you learn the radical 「氵」(water), you’ll start noticing it in kanji related to water like 「海」(sea), 「池」(pond), or 「酒」(alcohol). It makes learning feel much more connected and easier to remember over time.

This feature really helped me become more familiar with kanji faster because I could understand how characters are built instead of treating every kanji as a completely new word.

For anyone wanting to build a solid Kanji foundation step by step, this is a very helpful tool.

3. Todai

• Skill: Reading comprehension

I use Todai almost daily to practice reading. It offers short news articles written in simple Japanese, with furigana (pronunciation), English/Vietnamese translations, and tap-to-translate vocabulary. It's a great way to get used to real Japanese while staying up to date on current events.

4. NHK Easy Japanese

• Skill: Listening + Grammar

NHK’s app has short audio lessons with slow, clear Japanese. Each lesson comes with a full transcript and explanation. Topics are practical — things like daily routines or working life, and the pace is perfect for beginners. I found it super useful for picking up common grammar patterns and polite language.

5. Migi

• Skill: JLPT prep (various skills)

If you’re planning to take the JLPT, Migi is great for getting used to the format. You can choose your level (from N5 to N1), and focus on specific parts like vocabulary, grammar, or reading. The layout is very clean and simple, and it helps you practice without pressure.

6. Translation & Help

• Skill: Quick understanding, grammar help, and examples

Sometimes you’ll run into sentences or grammar you just don’t get. When that happens, I ask ChatGPT to explain in simple English. It’s super helpful when you're self-studying and need someone to break things down.

You don’t need to learn everything at once, and you definitely don’t need a dozen apps. Just pick one or two skills to focus on in the beginning, and stick with it daily. A little bit each day goes a long way.

You’ve got this. 頑張ってね .
16👍1🔥1🎉1
သီချင်းအမြဲနားထောင်ဖစ်သူတွေအတွက် အရမ်းတန်တဲ့ Promotion😱😱

Spotify
Premium
3 months - 30,000 Ks ကို အခုနေ ဝယ်ရင် 50% OFF နဲ့ ရပီ

3လမှ 15,000 Ksထဲဆိုတော့အရမ်းတန်😋

Japan ရောက်မြန်မာများလဲ PayPay (600Yen) ဖြင့်ဝယ်ယူအားပေးနိုင်ပါသည်။

+959767202762 viber only
7
စာလုပ်မဲ့လူတွေအတွက် လဲ
Duolingo Super Plan - Big Sale
50 % OFF
ဖြင့် ရပီ အရမ်းတန်
+959767202762 Viber only
5
ဂျပန်နိုင်ငံမှာရှိတဲ့ဘဏ်အမျိုးပေါင်း၅၀🏦
7