Japanese language(self study)
25.3K subscribers
1.71K photos
238 videos
562 files
415 links
This channel is for people who need to learn languages ​​on their own. Japanese language We will share everything you need to learn So you can study alone for your bright future

#all_course_PDF_and_Audio 🇯🇵📌
Download Telegram
Media is too big
VIEW IN TELEGRAM
best language app (lingo deer)

#SK
Forwarded from Japanese Books Sharing
日本語でビジネスメール ―書き方の基本と実用例文
Forwarded from Japanese Books Sharing
日本語でビジネスメール_―書き方の基本と実用例文.pdf
16.3 MB
日本語でビジネスメール ―書き方の基本と実用例文
စာလေ့လာရတာ အလုပ်လုပ်ရတာတွေမှာ အာရုံမစူးစိုက်နိုင်ဘူး။
ထင်သလောက် ရှေ့မရောက်ဘူး။ ငါစာသာလုပ်နေပေမယ့် မထိရောက်ပါလားဆိုတဲ့ သူတွေ အတွက် Tips for Effective Studying အကြောင်းလေး ပြောပြပေးချင်ပါတယ်။ 🌸❤️

တခါတရံ ကိုယ်က မထင်မှတ်ထားတဲ့ တချိူ့ အရာတွေက စာလုပ်တာ
ရှေ့ရောက်ဖို့အတွက် ဘယ်လို အကျိူးရလဒ်‌တွေရှိတယ် ဆိုတာ သတိမထားမိတတ်လို့ပါ။

(၁) တိတ်ဆိတ်တဲ့ နေရာတစ်ခု 🏕️
အရင်ဆုံး စာလေ့လာချင်တာတင်မကပဲ အလုပ်လုပ်ချင်တာပဲ ဖြစ်ဖြစ်၊
ဒီတိုင်း စာအုပ်ဖတ်ချင်တာပဲ ဖြစ်ဖြစ် ဆူညံသံတွေ ကင်းတဲ့ တိတ်ဆိတ်တဲ့
နေရာလေးတစ်ခုကို အရင်ရွေးပါ။
ကျွန်မဆိုရင်လည်း content တစ်ခုခု ရေးမယ်ဆိုရင် အရင်ဆုံး ဆူညံသံတွေ မကြားရအောင် အိပ်ခန်းထဲက စာကြည့်စားပွဲရှေ့ ကို သွားတယ်။
တခါတရံ စာရေးဖို့ ကုန်ကြမ်းက ခေါင်းထဲပေါ်လာပြီး ချက်ချင်း အမြန်ရေးနိုင်ဖို့
ရေချိူးခန်းထဲဝင်ပြီး ထိုင်ရေးလေ့ရှိတယ်။ 🙈
တိတ်ဆိတ်လေ စိတ်အာရုံက ဒီတစ်ခုတည်းပေါ် စူးစိုက်မိလေ ကိုယ့်အတွက် အကျိူးများလေပါ။ 💯
ဒါကြောင့် အရင်ဆုံး နေရာရွေးတတ်ဖို့ လိုပါတယ်။

(၂) သပ်ရပ်ရှင်းလင်းမှု 💥
‌ကိုယ်တိုင်‌တောင် ရေမချိူးရသေးရင် ‌နေရတာ တမျိူးကြီး ခံစားရသလိုပါပဲ။
ကိုယ် စာလေ့လာမယ့် အလုပ်လုပ်မယ့်နေရာက သပ်ရပ်ရှင်းလင်းနေမှ စိတ်လဲ ရှင်းရှင်းနဲ့ စာလုပ်ရတာ သက်သောင့်သက်သာ ဖြစ်စေမှာပါ။

နောက်ပြီး စာအုပ်စင်၊ ကိုယ့်ရဲ့စာရေးစားပွဲကို အမြဲ ရှင်းလင်းပြီး လိုအပ်တဲ့ စာအုပ်ကို ဘယ်နားမှာထားတယ်ဆိုတာ ကိုယ်တိုင်သိနေမှ စာမလုပ်ခင် စာအုပ်ရှာတာနဲ့တင် အချိန်မကုန်စေမှာပါ။

(၃) လင်းနေပါစေ 🌅
‌ဒီအချက်က အရမ်းအရေးကြီးတဲ့ အချက်တစ်ချက်ပါ။
ကော်ဖီဆိုင် နဲ့ ဘီယာဆိုင် မီးအလင်းရောင် မတူသလို အဲ့ဒီ့ကနေ ဖြစ်ပေါ်လာတဲ့ ခံစားချက်ချင်းလည်း မတူပါဘူး။
💥အလင်းရောင်က ပေးတဲ့ အာရုံခံစားမှု၊ စူးစိုက်မှုက ကွာခြားသွားစေလို့ပါ💥

အိမ်က အမေဆို ငယ်ငယ်က အရမ်းဆူပါတယ်။ မှောင်မည်းကြီးထဲ စာလုပ်လို့ဆိုပြီးတော့ပေါ့။ ဟုတ်ပါတယ်။ စာလုပ်တဲ့နေရာက မှောင်နေတဲ့အခါ ကြာလာလေ မျက်လုံး ပိုညောင်းလာလေ။ ဇက်ကြောတွေတက်ပြီး၊ ခန္ဓာကိုယ်ပါ ညောင်းလာတယ် ဆိုတာ သတိထား ကြည့်ကြည့်ပါ။

အရမ်းကြီး လင်းလွန်ရင်လည်း ပြောင်းပြန် အကျိူးရလဒ်ဖြစ်စေတာမို့၊ မလင်းလွန်း မမှောင်လွန်းတဲ့ အလင်းရောင်မျိူး ဖြစ်ရပါမယ်။
ဖြစ်နိုင်ရင် အလင်းအတိုးအလျော့လုပ်လို့ရတဲ့ မီးအိမ်လေး‌တစ်ခုလောက် ဝယ်ထားတာ ပိုအဆင်ပြေပါတယ်။
အခုနောက်ပိုင်း ခေတ်စားလာတဲ့ Ring light လေးတွေ ရှိရင်လည်း ရပါတယ်။ အဲ့မှာဆိုရင် မတူတဲ့ အလင်းရောင်နဲ့ အတိုးအလျော့ပါ ပါတာမို့ ကျွန်မတော့ သဘောကျမိတယ်။❤️

ဒါနဲ့ စာလေ့လာဖို့ အတွက် အကောင်းဆုံး အလင်းအမှောင် အကြောင်းနဲ့ ပတ်သက်ပြီး ဂျပန်လို ရေးထားတာလေး ဖတ်ချင်ကြည့်ရင် ဒီ Link မှာ ဝင်ကြည့်နိုင်ပါတယ်နော်🌟
https://benkyo-cafe-kobe.com/%E5%8B%89%E5%BC%B7%E3%81%AB%E6%9C%80%E9%81%A9%E3%81%AA%E6%98%8E%E3%82%8B%E3%81%95/

(၄) သတ်မှတ်ပါ 🕰️
"ဒီနေ့ ဒီစာ ပြီးအောင် လေ့လာမယ်။ ဒီစာ မပြီးမချင်း ဖုန်းမသုံးဘူး" ဆိုတာမျိူး သတ်မှတ်ပြီး လေ့လာတာ ပိုကောင်းပါတယ်။
ခုနောက်ပိုင်း ဖုန်းတွေ ရှိလာတော့ စာလုပ်နေရင်း ဖုန်းဘက်ရောက်သွားတာ များပါတယ်။ ကိုယ်တိုင် အဲ့လို တဝက်တပြတ်နဲ့ ဖုန်းသုံးမိလို့ နောက်ပိုင်း အဲ့လိုသတ်မှတ်ပြီးပဲ စာလုပ်ပါတော့တယ်။
Online Class ရဲ့ စာတွေကနေ စာလုပ်ရသူဆိုရင်တော့ ဖုန်းကြည့်ပြီး လုပ်ရတာမျိူး ရှိတာပေါ့‌နော်။
အဲ့ခါကျရင်တော့ Notification တွေကို mute ထားတာ အကောင်းဆုံးပါပဲ။ တခုခု Noti မြင်ပါစေ ငါဒီစာပြီးမှ ပြန်ဖြေမယ် ဆိုတဲ့ စိတ်နဲ့ စာလုပ်ကြည့်ပါ။
ပိုပြီး အရင်ထက် စာလုပ်ဖြစ်လာပါလိမ့်မယ်။

(၅) ဆုချပါ 🤩
ငယ်ငယ်တုန်းက အဆင့်တစ်ရရင် အိမ်က ဆုချမယ် လို့ ပြောလို့ အဆင့်တစ်ရအောင် ကြိုးစားခဲ့ကြဖူးတယ်မလား။
ခုတော့ လူကြီးဖြစ်လာပြီမို့ ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ပြန်ဆုချပါ။

သတ်မှတ်ထားတဲ့ အတိုင်း စာလုပ်နိုင်ခဲ့ပြီ ဆိုရင် ကိုယ့်ကိုယ်ကို ဆုချတဲ့ အနေနဲ့ စိတ်အနားပေးတဲ့ သဘောဖြစ်အောင် သီချင်းတပုဒ်လောက် နားထောင်တာမျိူး ဒါမှမဟုတ်ရင် ဖုန်း ၁၅ မိနစ်လောက် သုံးတာမျိူး လုပ်ပေးလို့ ရပါတယ်။
ဒါမှလည်း နောက်ထပ်တစ်ခါ ထပ်ပြီး စာလုပ်ချင်စိတ်ထပ်ဖြစ်စေပါတယ်။

(၆) ပုံမှန်လုပ်ဆောင်ပါ 🗓️
မနက်မိုးလင်းရင် သွားတိုက်မျက်နှာသစ်တာကို မဖြစ်မနေ လုပ်ရမယ့် အရာတွေလို့ တွေးပြီး လုပ်ကြသလိုပါပဲ စာလုပ်တာကိုလည်း မဖြစ်မနေ အချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန်လုပ်ဆောင်ပေးပါ။
တစ်ရက်နဲ့တစ်ရက် အားတဲ့အချိန်ခြင်း မတူတဲ့အခါ တနေ့ကို အနည်းဆုံး ၂ နာရီတော့ စာလုပ်မယ် ဆိုပြီး သတ်မှတ်ပြီး ပုံမှန်လုပ်မယ်ဆိုရင် အဆင်ပြေပါတယ်။

နေ့တိုင်း ဖုန်းကို ပုံမှန်လေး သုံးဖြစ်ကြတာပဲမလား။ တွက်ကြည့်လိုက်ရင် ၂ နာရီထက်ပိုပြီး ဖုန်းသုံးနေကြတာပါ။
အဲ့ဒီ့အတွက် စာကိုလည်း အနည်းဆုံး ၂ နာရီ လောက်တော့ အချိန်ပေးပေးပါ။ ဒါမှလည်း ဘာသာရပ်တစ်ခုခု လေ့လာဖို့အတွက် လုံလောက်မှာပါ။
👍3
အခု ဒီအချက်လေးတွေကတော့ ကျွန်မ ကိုယ်တိုင် ဖြစ်ခဲ့တာတွေနဲ့ အများစု ဖြစ်လေ့ရှိတာတွေကို အခြေခံပြီး အကြံပြုထားတာပါ။
ဖတ်ကြည့်ပြီး အားလုံးလဲ ကိုယ့်အနေနဲ့ စာလုပ်ရင်း လွဲမှားစွာ လုပ်‌နေခဲ့မိတာ‌လေးတွေ ရှိခဲ့ရင် ပြင်ပြီး လေ့လာကြည့်ဖို့ မမေ့ပါနဲ့နော် ❤️❤️❤️

တကယ်လို့ ဒီနည်းလမ်းတွေနဲ့ စာလေ့လာရာမှာပဲဖြစ်ဖြစ် တနေရာရာကနေ အထောက်အကူပြုနိုင်ခဲ့မယ်ဆိုရင် ဒီပို့စ်လေးအောက်မှာ ကိုယ့်ရဲ့ feedback လေးကို လာရေးပေးနော် 😍😍😍

ဒီနေ့ အတွက်တော့ ဒီလောက်ပါပဲရှင်။
အဆုံးထိ သေချာဖတ်ပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ 🌸❤️

IngyinnMoe
(You Can)

Crd💖
Crd💖
👍1