Otto no Katei wo Kowasu made (AKA)
Until I Destroy My Husband’s Family (2024)
ဂျပန် Manga Webcomic တစ်ခုဖြစ်တဲ့ Otto no Katei wo Kowasu made ကို အခြေခံရိုက်ကူးထားပြီး
ခုထုတ်လွှင့်နေစဉ်မှာလဲ လောင်ရတယ်ဆိုပြီး Rating တွေတက်ပြီး လူကြိုက်များနေပါတယ်။
အပိုင်း (၁၀) ပိုင်းထုတ်လွှင့်သွားမှာဖြစ်ပြီး
ဇာတ်လမ်းအကျဉ်းကတော့…
တစ်ဘဝမှာတချစ် တချစ်မှာ တအိမ်ထောင်လို့ ယုံကြည်ထားပြီး…
အချစ်ဦးနဲ့ပဲလက်ထပ်ထားတဲ့ ကီဆာရာဂီ မိနိုရီ တစ်ယောက်…
သူ့ဘဝမှာ လုံးဝကို ပြီးပြည့်စုံတဲ့ အချစ်ကို ရှာတွေ့ထားသူတစ်ယောက်ပေါ့…
အထက်တန်းကျောင်းမှာ ပထမဆုံး ချစ်သူထားခဲ့ပြီး
ပထမဆုံးအနမ်းလည်း သူနဲ့
အိမ်ထောင်ကျတော့လည်း သူနဲ့
သေတစ်ဖန်သက်တစ်ဆုံး သူနဲ့ပဲ ဘဝကို အဆုံးသတ်မယ် တွေးထားသူပေါ့…
ဒီလိုပျော်ရွှင်ဖွယ်စိတ်ကူးယဉ်ကမ္ဘာထဲနေနေတဲ့သူ့ကို ကိစ္စတစ်ခုက လုံးဝလှန့်နိုးလိုက်ပါတယ်…
ဒါကတော့ တစ်နေ့ သူ့ယောက်ကျားအိမ်မှာကျန်ခဲ့တဲ့ ဖုန်းကို ကြည့်လိုက်မိချိန်
သူ့ယောက်ကျားက လူတစ်ယောက်နဲ့ ချိန်းထားတယ်တဲ့… သိချင်လို့ လိုက်ကြည့်မိတော့
အထက်တန်းကျောင်းသားလေးတဲ့… မဟုတ်ဘူး အထက်တန်းကျောင်းသားလေး အမေပါပါသေးတယ်…
အထက်တန်းကျောင်းသားလေး အမေကို မွေးနေ့ပွဲလုပ်ပေးနေပုံက ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုလိုပဲ…
သူ့ကိုသိပ်ချစ်တဲ့ယောက်ျားက တခြားမိန်းမကို ပြုံးရယ်ပြနေသတဲ့လား…
သူနဲ့ပဲဆိုင်တဲ့ အပြုံးတွေက တခြားသားအမိနဲ့လည်း ဆိုင်တယ်တဲ့လား…
သူ့သားလေးအပေါ် အေးစက်သလောက် သူများသားအပေါ် အရမ်းတွေ ကြင်နာပြနေတယ်တဲ့လား…
သူ့သားလေးအဖေက သူများသားအဖေပါဖြစ်နေပြီလား…
သူတို့က ဘယ်အချိန်တည်းက ဒါမျိုးတွေဖြစ်နေကြတာလဲ…
မေးခွန်းပေါင်းများစွာနဲ့ သူမဟာ မူးမေ့မတတ်ဖြစ်သွားပါတော့တယ်။
အဲ့ဒီကလေးအမေဟာလဲ သူတို့နဲ့ကျောင်းတုန်းက အတန်းတူတွေပဲဆိုတော့
သူချစ်ရတဲ့ခင်ပွန်းဟာ ဘယ်အချိန်ကတည်းက သူမကို ဖောက်ပြန်နေတာလဲ….
ရှေ့ဆက်ခရီး ဘယ်လိုဆက်မလဲ…သူမခံစားနေရတာတွေအတွက် ဘယ်လိုတွေ လက်စားချေမလဲဆိုတာ….။
သူ့လောက် လောင်တဲ့ကားတောင် သူ့လောက်မလောင်တာမို့…
တစ်ခုခုနဲ့ လောင်ပြီး စိတ်အပန်းဖြေချင်ရင် ဒီဂျပန်စီးရီးလေးကို ကြည့်လိုက်ကြပါနော်။
Channel ကို အရင် Join ပါ
https://t.me/+Or7Q5PABdL9hMDdl
ဇာတ်ကား Link
https://t.me/c/2243318060/3
ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1

❤40👍23👎2🥰2👏2🤔1👌1
Chastity High (2024)
****
Netflix ကနေ ထွက်ရှိထားပြီး အပိုင်း၈ပိုင်း ပါဝင်ထားတဲ့ ဂျပန်ကျောင်းသား
အချစ်ဒရာမာ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ယခင်က ယောက်ျားလေးကျောင်း မိန်းကလေးကျောင်း သီးသန့်ခွဲထားရာကနေ
ရုတ်တရက်ကြီး ကျောင်းနှစ်ကျောင်းပေါင်းစပ်လိုက်ပါတယ်။
ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေဖြစ်တဲ့အပြင် ယခုမှ ယောက်ျားလေး
မိန်းကလေး ပေါင်းပြီး ကျောင်းတက်ရတာဖြစ်လို့ စိတ်လှုပ်ရှားရင်ခုန်စရာတွေ
ပြည့်နေမယ်ဆိုပေမဲ့ ကျောင်းအုပ်ကြီးဟာ စည်းကမ်းချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။
အဲဒီ စည်းကမ်းချက်ကတော့ ကျောင်းသားတွေ ရည်းစားမထားရတာပဲဖြစ်ပါတယ်။
ကျောင်းအတွင်းမှာ တွဲသွားတွဲလာလုပ်တာမျိုး, ကျောင်းအပြင်မှာ နှစ်ယောက်တည်း
တွဲတွေ့တာမျိုးဆိုရင် ဒီစည်းကမ်းချက်ထဲမှာ အကျုံးဝင်မှာဖြစ်ပြီး ဒီစည်းကမ်းကို
ဖောက်ဖျက်တဲ့သူ ဘယ်သူမဆို ကျောင်းထုတ်ခံရမှာပဲဖြစ်ပါတယ်။
ဒီမှာပဲ ဒီကျောင်းရဲ့ ကျောင်းကောင်စီအဖွဲ့ဟာ ဒီစည်းကမ်းကို ချိုးဖောက်တဲ့သူတွေကို
စောင့်ကြည့်ဖို့ဖြစ်လာပါတော့တယ် ..... ။
ဒီလိုနဲ့ ဆင်းရဲတဲ့မိသားစုကလာပြီး ကျောင်းကောင်စီဝင် ဘဏ္ဍာရေးမှူးလည်းဖြစ်တဲ့
အီချီကာတစ်ယောက် ဒီအချက်ကို အသုံးချပြီး ဝင်ငွေရဖို့ ဘယ်လိုရှာကြံမလဲ ..
ကျောင်းအုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ မာကီဟာလည်း အရင်က တွေ့သမျှကောင်မလေးတိုင်းကို
ဖွန်ကြောင်ခဲ့သူဖြစ်တော့ ဒီကျောင်းကိုရောက်လာချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ ..
အီချီကာနဲ့ မာကီတို့နှစ်ယောက် ဆုံတွေ့မိကြရင်း သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းဟာရော
ဘယ်လိုဆက်ဖြစ်မလဲ..
စည်းကမ်းတွေကြားကနေ Gen-Z လေးတွေ ဘယ်လိုချိုးဖောက်ပြီး ရည်းစားထားကြမလဲ
ဆိုတာကို မြင်တွေ့ရမဲ့ အချစ်ဒရာမာ စီးရီးလေးဖြစ်ပါတယ်။
Channel ကို အရင် Join ပါ
https://t.me/+Or7Q5PABdL9hMDdl
ဇာတ်ကား Link
https://t.me/c/2243318060/37

❤24👍3🤔3❤🔥2🥰2😍1
Tokyo Salad Bowl (2025)
*
ဂျပန် မှုခင်းစုံထောက်စီးရီးကြိုက်သူတွေအတွက် ကားအသစ်လေး ထွက်လာပါပြီ။
ကိုဒါမာရိဆိုတဲ့ကောင်မလေးဟာ တိုကျိုမြို့က နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဌာနမှာ
အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ သူဟာ ဆံပင်အစိမ်းရောင်တောက်တောက်ကို
ဆိုးထားပြီး အမြဲ အားအင်အပြည့်ရှိနေပေမဲ့ ရုံးကအလုပ်တွေထက် အပြင်မှာဖြစ်နေတဲ့
ကိစ္စသေးသေးလေးတွေကို လိုက်လံဖြေရှင်းနေတတ်သူတစ်ယောက်ပေါ့။
မာရိအလုပ်လုပ်တဲ့ရုံးကတော့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်မဟုတ်တဲ့ တခြားနေထိုင်သူနိုင်ငံသားတွေရဲ့
ပြဿနာတွေကို လိုက်လံဖြေရှင်းပေးရတဲ့ ရုံးတစ်ခုလည်းဖြစ်ပါတယ်။
ဒီလိုနဲ့ တစ်ရက်မှာ တရုတ်မလေးတစ်ယောက်က သူ့သူငယ်ချင်းကို ဆက်သွယ်လို့မရဖြစ်နေတာကို
မာရိတစ်ယောက် ကူညီဖြေရှင်းပေးဖို့လုပ်ရင်းနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဌာနရဲ့ စကားပြန်စင်တာမှာ
အလုပ်လုပ်နေတဲ့ အာရိကီနိုနဲ့တွေ့ဆုံပြီး အမှုကို အတူတူလိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။
မာရိနဲ့ အာရိကီနိုတို့ ဂျပန်နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေရဲ့ ပြဿနာတွေကို အတူတူ
လိုက်ဖြေရှင်းပေးရင်းနဲ့ မြေအောက်ဂိုဏ်းတစ်ခုဖြစ်တဲ့ ဗိုလန်တီယာဆိုတဲ့ အဖွဲ့ကို
စုံစမ်းဖို့ ဖြစ်လာတဲ့အချိန်မှာတော့ ..........
ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး။
Channel ကို အရင် Join ပါ
https://t.me/+Or7Q5PABdL9hMDdl
ဇာတ်ကား Link
https://t.me/c/2243318060/58

❤9❤🔥2
Black Swan Lake (2021)
**
စ/ဆုံး
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ဂျပန် mystery series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...
မိသားစုတစ်ခုတည်ဆောက်ချင်ဇောနဲ့ မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်မိခဲ့ရာကနေ 18နှစ်ကြာပြီးတဲ့နောက်
ထိုမကောင်းမှုက ကိုယ့်ဆီပြန်လာခဲ့ပါတော့တယ်...
ဇာတ်လမ်းအကျဉ်း
.............
မိန်းကလေးတစ်ဦးဟာ ပြန်ပေးဆွဲဖမ်းဆီးခံထားရပြီး၊ သူဝတ်ထားခဲ့တဲ့ ဂါဝန်နဲ့ အတွင်းဝတ်တွေကို အပိုင်းပိုင်းဖြတ်ကာ
မိသားစုဆီကို ပြန်ပေးသမားက ပေးပို့လာကြောင်း ရုပ်မြင်သံကြားတစ်ခုက သတင်းတင်ဆက်ခဲ့ပါတယ်...
ဇိုင်းဇန်း ရှိုးတာက ဒီအမှုနဲ့ တစ်ပုံစံတည်းဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့၁၈ နှစ်က ဖြစ်ရပ်တစ်ခုကို အမှတ်ရပြီး တုန်လှုပ်သွားပါတော့တယ်...
အဲဒီအချိန်အခါတုန်းက ရှိုးတာဟာ သီးသန့်လုံခြုံရေးအေဂျင်စီတစ်ခုမှာ စုံစမ်းစစ်ဆေးရေးအဖြစ် အလုပ်လုပ်နေခဲ့ပြီးတော့
တာနိအိုကာ ဆိုအိချိရိုဆိုတဲ့ လူတစ်ယောက်က သူ့သမီးဖြစ်သူ နာနာအဲ ကို ရှာဖို့ အကူအညီတောင်းခဲ့ပါတယ်...
နာနာအဲ ကို ဖမ်းဆီးခဲ့တဲ့သူကလည်း သူမရဲ့ ဓာတ်ပုံတွေ၊ အင်္ကျီအပိုင်းအစတွေ၊ အတွင်းခံအဝတ်အချို့နဲ့ လက်သည်းစတွေကို
သူ့အဖေဆီ ပေးပို့ခဲ့ပါတယ်...ဇိုင်းဇန်းက တာနီအိုကာမိသားစုရဲ့အမှုကို ဖြေရှင်းပိတ်သိမ်းပြီးတဲ့နောက်
ဦးလေးရဲ့ လုပ်ငန်းကို ဆက်ခံကာ မိသားစုတစ်ခုကို ပျော်ရွှင်စွာထူထောင်ခဲ့တဲ့နောက်....
18နှစ်အကြာမှာ အချစ်ဆုံးသမီးဖြစ်သူ မီကာ ဟာလည်း မတော်တဆပျောက်ဆုံးသွားခဲ့ပြီး
သူမရဲ့ ပစ္စည်းအချို့ကိုလည်း ထပ်တလဲလဲ ဇိုင်းဇန်းဆီ ပေးပို့လာပါတယ်...ဒီအချိန်မှာပဲ ဇနီးဖြစ်သူ ယူကိုဆီမှာလည်း
သူတစ်ယောက်တည်းပဲသိတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေပါတယ်...မီကာရဲ့ ပျောက်ဆုံးမှုကို ဇိုင်းဇန်းကိုယ်တိုင်စုံစမ်းကြိုးစားရင်း
ယူကိုရဲ့ အတိတ်ကအကြောင်းအရာတွေကို တွေ့ရှိလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ...
ပြန်ပေးသမားကို ဖမ်းမိမလား...အတိတ်က ဇိုင်းဇန်းမှားခဲ့တဲ့အမှားက ဘာဖြစ်မလဲ...
ယူကိုကလည်း ဘာတွေလျှို့ဝှက်ထားခဲ့တာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/77

❤13👍2❤🔥1🥰1
Unmet: Diary of a Brain Surgeon (2024)
**
အပိုင်း (၁ မှ ၁၁) စ/ဆုံး
အနှစ်သာရရှိတဲ့ ဂျပန် ဆရာဝန်ကားကောင်းလေးတွေ ကြည့်ချင်နေကြတဲ့ CM ချစ်ပရိသတ်တို့အတွက်
အခုတစ်ခါမှာတော့ cast character chemistry script အဘက်ဘက်ကနေ ကြည့်ရှုသူတွေဆီက
positive review တွေ ပိုင်ဆိုင်ထားတဲ့ medical series သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းလေးကတော့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး
မီယာဘိတစ်ယောက် မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ဘဝရဲ့အချိုးအကွေ့တစ်ခုကို
ရောက်သွားပြီး သူ့ရဲ့ဘဝလမ်းကို ပြန်လည်ရှာဖွေရပုံလေးကို တင်ဆက်ထားတာပါ။
ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး မီယာဘိဟာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်
ဦးခေါင်းထိခိုက်မှုဖြစ်သွားပါတယ်။
ခွဲစိတ်မှုရဲ့နောက်ဆက်တွဲရလဒ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့အပြင်
နောက်ထပ် memory အသစ်တွေကိုလည်း တစ်ရက်စာအပြင် ပိုမမှတ်နိုင်တော့ပါဘူး။
ဒီလိုနဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဘဝကနေ သူနာပြုအဖြစ် အလုပ်ပြန်လုပ်နေတုန်း ဦးနှောက်ခွဲစိတ်ဆရာဝန်
ဒေါက်တာဆန်းပေးနဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ...
ဒေါက်တာဆန်းပေးက ထက်မြက်တယ် တော်တယ်ဆိုပေမဲ့ တစ်ဖက်က သူ့ရဲ့အကျင့်စရိုက်ကြောင့်
နာမည်ဆိုးတွေလည်းထွက်ထားတဲ့အတွက် မီယာဘိတစ်ယောက် ယုံရခက် မယုံရခက်ဖြစ်နေချိန်
သူ့ရဲ့မှတ်ဉာဏ်ပျောက်နေတာအတွက် ဒေါက်တာဆန်းပေးမှာ အဖြေရှိတယ်ဆိုတာကို သိလိုက်ရချိန်မှာတော့...
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/95

❤15🥰3❤🔥1
Hello, Nice to Meet You. Let's Get Divorced
Hajimemashite Konnichiwa Rikonshite kudasai
(တွေ့ရတာ၀မ်းသာပါတယ် မင်္ဂလာပါ ကွာရှင်းပေးပါ)
အသက်ဆယ့်ခြောက်နှစ် အရွယ်မှာပဲ မျက်နှာေတာင်မမြင်ဘူးတဲ့လူတစ်ယောက်နဲ့ စာရွက်ကလေးတစ်ခုသက်သေထားပြီး လက်ထပ်ပြီးသား မိန်းကလေးတစ်ဦးဖြစ်သွားရတဲ့ ယူကီမိသားစုရဲ့ သခင်မလေးယူကီရီယို နဲ့
စီးပွားရေးလုပ်ငန်းတွေ လက်လွှဲယူခွင့်ရနိုင်ဖို့ ယူကီမိသားစုမျိုးရိုးနာမည်ကိုလိုအပ်နေခဲ့တဲ့ မာဆာမိုတိုတာကာမီနဲ
နှစ်ယောက်သားဟာ မျက်နှာတောင်မမြင်ဖူးပဲ ဆယ်နှစ်ကြာစာချုပ်အရလက်ထပ်ထားတဲ့ခင်ပွန်းနဲ့ဇနီးသည်ဖြစ်နေခဲ့ကြပါတယ်
တစ်ရက်မှာတော့ ယူရီဟာကွာရှင်းဖို့အတွက်တိုကျိုမှာရှိတဲ့ တာကာမီနဲဆီလာရင်း ပထမဆုံးအကြိမ်မြင်တွေ့ရတဲ့ ဇနီးအပေါ် စိတ်၀င်စားမှုကြောင့် ကွာရှင်းမပေးချင်တဲ့ တာကာမီနဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် အတူတူနေဖို့ဖြစ်လာခဲ့ကြတဲ့အခါ
တစ်ဖက်မှာလည်း ရီယိုအပေါ် မထားသင့်တဲ့ အကြံအစည်တွေနဲ့အတူ ထိန်းချုပ်ဖို့ကြိူးစားနေသူတွေ
ချစ်စရာအလွဲလေးတွေနဲ့အတူ မကွာရှင်းပေးချင်လို့ မိန်းမကို အမျိုးမျိုးလိုက်လုပ်ပေးတဲ့ CEO ကြီးကိုလည်း ချစ်စရာကောင်းစွာ မြင်ရမှာပါ
ကွာရှင်းဖို့တိုကျိုကို လာခဲ့တဲ့ ရီယိုတစ်ယောက် တစ်ကယ်ပဲ ကွာရှင်းနိုင်မလား ဇာတ်လမ်းလေးရဲ့အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာ
တူတူစောင့်ကြည့်လိုက်ရအောင်နော်
Channel ကို အရင် Join ပါ
https://t.me/+kpBZkU5NLYMwZGZl
ဇာတ်ကား Link
https://t.me/c/2691547697/4

❤22🥰3👍2❤🔥1
Talentless TAKANO (2024)
**
အပိုင်း (၁ မှ ၈) စ/ဆုံး
တခနို ဆုမဲကိုဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိပြီးတော့
စကားပြောရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောတတ်တဲ့ကောင်မလေးတစ်ယောက်ပါ။
တကယ့်အမှန်တရားကို ဘေးထား သူမှန်တယ်ထင်ရင် မှန်တာပဲဆိုပြီး ပြောတတ်တဲ့
အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့ အူကြောင်ကြောင်
စကားတွေကိုပဲ ကြွေဆင်းသွားပြီး အလုပ်အင်တာဗျူးအောင်ကာ အလုပ်ရသွားပါတော့တယ်။
ဒါပေမဲ့လည်း သူဟာ မိတ္တူစက်ကိုတောင် မသုံးတတ်တဲ့အထိ အူကြောင်ကြောင်လေးနဲ့
အလုပ်မှာ တလွဲတွေလုပ်ရင်း ဌာနအတွက် အပျင်းပြေစရာလေးတစ်ခုလို ဖြစ်လို့နေပါတယ်။
သူနဲ့အတူပဲ အင်တာဗျူးအောင်လာတဲ့ ဟိ၀ဒ မီချီတိုဆိုတဲ့ ကောင်လေးကတော့ တခနိုနဲ့ မတူဘဲ
ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းပေမဲ့ အလုပ်လုပ်ရာမှာတော့ တော်လွန်းသူတစ်ယောက်ပါ။
ဒီလိုနဲ့ သူတို့နှစ်ယောက်ကို လုပ်ငန်းပါတနာအဖြစ် အတူတွဲပြီး ပရောဂျက်တွေ ကိုင်ခိုင်းလိုက်တဲ့အချိန်မှာတော့ ....
တခနိုရဲ့ ဘယ်လိုတလွဲတချော်အတွေးတွေနဲ့ ကုမ္ပဏီပရောဂျက်တွေကို ဘယ်လိုတွေလုပ်မလဲ ......
တခနိုနဲ့ ဟိ၀ဒတို့ရဲ့ တွဲဖက်လုပ်ဆောင်ချက်တွေကရော ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ .....
သူတို့နှစ်ယောက်ရော ရှေ့ဆက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမဲ့
ဂျပန် drama office ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/125

❤10👍3❤🔥1🥰1
Aoshima-kun is a Bully!(2024)
**
ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဂျပန်အချစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်
ပေးချင်ပါတယ်။ အသက် ၃၅နှစ်အရွယ် ရည်းစားမရှိ အနေအေးတဲ့ မမနဲ့
ရုပ်ချောပြီး အလုပ်မှာတော်တဲ့ နာမည်ကြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ၂၆နှစ်
မောင်လေးတို့ရဲ့ အချစ်တစ်ခုကို ခံစားကြည့်ရှုရမှာပါ။
ဇာတ်လမ်းအညွှန်းကတော့
*
အာအိုရှိမနဲ့ ယူကီနိုဟာ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပေမဲ့ တစ်ခါမှ မျက်မှန်း
မတန်းမိကြပါဘူး။ တစ်နေ့မှာတော့ ယူကီနို သွားတတ်တဲ့ စားသောက်ဆိုင်တစ်ခုမှာ
မတော်တဆတွေ့ကြရာကနေ အတူတူထိုင်ဖို့ ဖြစ်လာရင်း ရင်းနှီးသွားကြပါတယ်။
ဒီအချိန်မှာ ယူကီနိုဆီကို .. လက်ထပ်တော့မယ့် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတဲ့အခါ
"ချစ်သူကောင်လေးနဲ့အတူ မင်္ဂလာဆောင်လာခဲ့မယ်" ဆိုတဲ့ကတိကို မှတ်မိသွားပါတယ်။
ဒါပေမဲ့ လမ်းခွဲပြီးတာက ၆ လလောက်ရှိပြီ ဖြစ်တာမို့ ကြံရာမရဖြစ်နေပါတော့တယ်။
နောက်အပတ်မှာ ကျင်းပမယ့် မင်္ဂလာဆောင်အတွက် ယူကီနိုက အာအိုရှိမကို ချစ်သူအဖြစ်
တစ်ရက်လောက် သရုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။ မမျှော်လင့်ဘဲ အာအိုရှိမက
သဘောတူလိုက်တော့ စိတ်သက်သာရာရသွားပေမဲ့ တကယ်တော့ အာအိုရှိမမှာလည်း
အစီအစဉ်တစ်ခုရှိပါတယ်။
အတုအယောင်ချစ်သူတွေလို သရုပ်ဆောင်နေရင်းနဲ့ယူကီနိုကို စိတ်ဝင်စားလာတဲ့ အာအိုရှိမ...
အမြဲတမ်း စကားကို တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ ငယ်ရွယ်ချောမောတဲ့ အာအိုရှိမကို
ခံစားချက်တွေပေါက်ဖွားလာတဲ့ ယူကီနို...
သူတို့ရဲ့ “အချစ်စာချုပ်” တစ်ခုဟာ ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ
ကြည့်ရှူအားပေးကြပါဦးနော် .. ။
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/146

❤33👍4❤🔥1🥰1
Teasing Master Takagi-san (2024)
အပိုင်း(၁ မှ ၈) စဆုံး
IMDb ~~~ 7.8
ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ ဂျပန်ရုပ်သံ TBS ချန်နယ်က ၂၀၂၄ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့
"Teasing Master Tagaki-san" " Karakai Jozu no Takagi-san" ဆိုတဲ့ ဂျပန်ကာတွန်းကို စီးရီးအဖြစ် ဖန်တီးတင်ဆက်ထားတဲ့ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဒီTeasing Master Takagi-san စီးရီးကို ဇာတ်ကောင်များရဲ့ ၁၀ နှစ်ကျော်ကြာပြီးနောက် လူလတ်ပိုင်းအရွယ်မှာ သူတို ပြန်လည်ဆုံတွေ့ချိန်အကြောင်း ရုပ်ရှင်အနေနဲ့လည်း စိတ်ကြည်နူးဖွယ် ဖန်တီးတင်ဆက်ပေးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်း
တာခဂိဆိုတဲ့ ကျောင်းသူလေးကတော့ သူငယ်ချင်းတွေကို စနောက်ရတာကို နှစ်သက်သူဖြစ်ပါတယ်။ သူရဲ့စနောက်မှုကို အခံရဆုံးသူက သူရဲ့ဘေးခုံက ကျောင်းနေဖက် ရိုးအလွန်းတဲ့ နီရှီခါတာဖြစ်ပါတယ်။ တာခဂိက နီရှီခါတာအကြောင်းကို ခရေစေ့တွင်းကျ သိနေတာမို တာခဂိကို နီရှီခါတာ လက်တုန့်ပြန်ဖိုဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့လည်း နီရှီခါတာကလည်း သူစနောက်ခံရတိုင်း တေးမှတ်ထားကာ တာခဂိကို လက်တုန့်ပြန်ဖို အမြဲကြံစည်တွေးတောနေခဲ့ပါတယ်။ တာခဂိ က နီရှီခါတာကို မရိုးအောင် ဘယ်လိုတွေ ဆက်ပြီး စနောက်သွားမှာလဲ...နီရှီခါတာ ကရော သူရည်မှန်းသလို တာခဂိကို လက်တုန့်ပြန်စနောက်ခွင့်ရပါ့မလား...
အထက်တန်းတက်စ ပရစ်ဖူးအရွယ် ရင်ခုန်သံအကြောင်း စလေ့လာမိစ ဆယ်ကျော်သက်လူငယ်လေးများရဲ့ အရမ်းလှပတဲ့ ကျောင်းတက်ချိန် အမှတ်တရများကို ဒီTeasing Master Tagaki-sanမှာ ကြည်နူးဖွယ် ကြည့်ရှုခံစားလိုက်ကြရအောင်နော်။
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/165

❤15❤🔥3👍2🥰2
The Hot Spot (2025)
**
အာကာသစူးစမ်းမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့လူသားတွေဆီမှာ အတွေးတစ်ခု
ဝင်လာပါတယ်။ ဂြိုဟ်သားဆိုတဲ့ concept တစ်ခုပါ။
ပထမဆုံးအနေနဲ့ စပြီးသိချင်လာတာကတော့ ဂြိုဟ်သာဆိုတာ တကယ်ရှိလားပေါ့။
ရှိရင်ဘယ်လိုပုံစံဖြစ်မလဲ၊ သူတို့က လူသားတွေထက် ထူးခြားသာလွန်နေမလားကနေစလို့
လူသားတွေကို အန္တရာယ်ပေးလာနိုင်မလား၊ တစ်ချိန် ကမ္ဘာကိုကျွန်ပြုလာနိုင်မလား စသဖြင့်
စိတ်ကူးယဉ်မေးခွန်းတွေ ဒုနဲ့ဒေးပေါ့။
ဒါဆို ဂြိုဟ်သားတွေက လူတွေနဲ့ပုံစံတူဖြစ်ပြီးတော့ လူတွေကြားမှာ ရောနှောရှင်သန်နေတယ်ဆိုရင်ရော...
ခိယိုမိဟာ စင်ဂယ်မားသားတစ်ယောက်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပေါ့။
သူတို့ဟိုတယ်မှာ တာကာဟာရှိဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရှိပါတယ်။
အရမ်းကိုရိုးအေးလွန်း စကားနည်းလွန်းပြီး ဟိုတယ်ကရေပူစမ်းကို အလုပ်ဆင်းချိန်မှာ
အမြဲသုံးနေတတ်တဲ့သူပေါ့။
ဒါပေမဲ့ တစ်နေ့ ခိယိုမိစက်ဘီးနဲ့ဒုက္ခရောက်နေတုန်း တာကာဟာရှိက ခိယိုမိကိုရော စက်ဘီးကိုပါ
လူသာမန်မဟုတ်တဲ့အင်အားနဲ့ မ,ပြလိုက်တာကို မြင်လိုက်ရတဲ့အခါ...
အဲဒီလိုနဲ့ စပ်စုစိန်လုပ်ရင်း တာကာဟာရှိဟာ ဂြိုဟ်သားတစ်ယောက်ဆိုတာသိလိုက်ရပြီး
ယုံရခက်မယုံရခက်နဲ့ အဒေါ်ကြီးတို့ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အတင်းတုပ်ရာကနေ
မိနာပုနဲ့ ဟာချိတို့ပါ သိသွားချိန်မှာတော့....
ဂြိုဟ်သားဦးဦးနဲ့ အန်တီမမ ၃ ယောက် ဘယ်လိုတွေတစ်စခန်းထကြမလဲဆိုတာ ဖူဂျီတောင်အလှကြီးနဲ့အတူ
စိတ်ဝင်စားဖွယ် ရှုစားလိုက်ရအောင်ပါ။
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/186

❤17🥰2❤🔥1
Business Marriage (2024)
**
အပိုင်းသစ် (၁ မှ ၉) စ/ဆုံး
ရိုမန့်တစ်ဖန်တီးမှုလေးတွေကိုမှ နှစ်သက်သူပရိသတ်များအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့
ဂျပန်စီးရီးလေးကတော့ Comedy,Romance အမျိုးအစားဖြစ်တဲ့ Business Marriage ဆိုတဲ့
အပိုင်းတိုလေး ၉ ပိုင်းပါဝင်တဲ့ မီနီစီးရီးလေးဖြစ်ပါတယ်။
"Business Marriage" ဆိုတဲ့ နာမည်ကြီးကာတွန်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်း
ဖန်တီးတာဖြစ်တဲ့အတွက် ပရိသတ်တွေအကြိုက်တွေ့မှာအသေအချာပါပဲ။
ဇာတ်လမ်းအကျဉ်း
ဆာယာမာ မီယာဘိဟာ အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အရောင်းအဖွဲ့က ဝန်ထမ်းတစ်ယောက်ပါ။
သူရဲ့ ချစ်သူသက်တမ်း ၆နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ချစ်သူရဲ့စွန့်ပစ်ခံလိုက်ရတဲ့အတွက်
သူ့ဘဝကို အလုပ်ထဲမှာပဲ နှစ်မြှုပ်ထားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလွန်အောင်မြင်တဲ့
ကုမ္ပဏီ CEO တစ်ဦးဖြစ်သူ ဒိုနိုဆဲ ဆုခါဆာဟာ သူ့အသိုင်းအဝိုင်းက လူတွေ မျှော်လင့်ချက်တွေကို
ဖြည့်ဆည်းဖို့အတွက် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုကို ရှာဖွေနေပါတယ်။
ဒိုနိုဆဲက အိမ်ပြောင်းနေဖို့ တိုက်ခန်းအသစ်ရှာချိန်မှာ အဆင့်မြင့်ဇိမ်ခံတိုက်ခန်းကို လိုက်လံပြသပေးတဲ့
မီယာဘိနဲ့ဆုံမိပြီး လိုက်ပြတဲ့တိုက်ခန်းက လက်ထပ်ကြတော့မယ့် စုံတွဲများအတွက် အထူးအခွင့်အရေး
၆လတာ အခမဲ့နေထိုင်ခွင့်ကို သိသွားခဲ့ပါတယ်။ ဒိုနိုဆဲက အဆင့်မြင့်တိုက်ခန်းမှာ နေဖူးချင်သူ မီယာဘိကို
"စီးပွားရေးလက်ထပ်ပွဲ" လုပ်ဖို့ အဆိုပြုရင်း တိုက်ခန်းမှာ အခမဲ့နေထိုင်ခွင့်ရဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ သူ့အပေါ်ကို မီယာဘိက ရိုမန့်တစ်ခံစားချက်မျိုး ပေါ်လာရင် ကွာရှင်းမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပါ။
အတူတူနေလာကြရင်း တစ်ဦးရဲ့ကိုယ်ရည်ကိုယ်သွေးတွေက ကျန်တစ်ဦးအပေါ် လွှမ်းမိုးလာအောင်
ဖန်တီးပေးနေတဲ့ မြားနတ်မောင်ကျူးပစ်ရဲ့ အစီအစဉ်မှာ သူတို့နှစ်ဦး သတ်မှတ်ချက်ကို လိုက်နာနိုင်ကြပါ့မလားဆိုတာ...
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/209

❤25🥰2❤🔥1
My Girlfriend's Child (2024)
*****
အပိုင်း (၁ မှ ၁၂) စ/ဆုံး
ဆယ်ကျော်သက်တဲ့ .. ၊ သိပ်ကို စိတ်ကူးယဉ်လို့ကောင်းပြီး အရာရာကိုနားလည်စပြုလာတဲ့
ဘဝရဲ့ သိပ်ကိုပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု .. ရည်မှန်းချက်ကိုယ်စီ မျှော်လင့်ချက်ကိုယ်စီနဲ့
ကိုယ့်ရဲ့ပန်းတိုင်ကိုလျှောက်လှမ်းဖို့ စိတ်အားထက်သန်မှုတွေ ပြည့်ဝနေတဲ့ အချိန်ကာလလေး...
ပြောရမယ်ဆိုရင် တာဝန်ဆိုတာ ကျောင်းစာနဲ့ စာမေးပွဲလောက်သာ စိတ်ထဲရှိတဲ့ ကျောင်းနေ
အရွယ်လေးတွေပေါ့လေ .. တာ့ကာရနဲ့ဆချီတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက် .. ၊ တာ့ကာရက ကျောင်းတွင်းမှာ ထူးချွန်တဲ့အားကစားသမားဖြစ်ပြီး
တောက်ပတဲ့အနာဂတ်တစ်ခုကို မျှော်မှန်းနေတဲ့ကျောင်းသားလေးဖြစ်ပြီးတော့ ဆချီကတော့ ချစ်ရသူကို
အရာရာပုံအပ်ထားတဲ့ သာမန် ပျော်ရွှင်တဲ့ကျောင်းသူလေးပေါ့လေ။
ဒါပေမဲ့ ဆယ်ကျော်သက်စုံတွဲတွေရဲ့ မဟာအိပ်မက်ဆိုးကြီးတစ်ခု ဒီစုံတွဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာပါတော့တယ်။ အဲဒါကတော့ ဆချီနဲ့တာ့ကရတို့ အတူနေချိန်မှာ ကွန်ဒုံးပေါက်သွားပြီး
ဆချီတစ်ယောက် ကိုယ်ဝန်ရလာတာပါပဲ။
အသက်မပြည့်သေးတဲ့ချစ်သူတွေကြား ကိုယ်ဝန်ရလာတဲ့အခါမှာ တစ်ခုတည်းသောရွေးစရာက
ကိုယ်ဝန်ဖျက်ချတာပဲလို့ လူတိုင်းထင်ကြပေမဲ့ ဆချီနဲ့ တာ့ကာရကတော့ ရဲတင်းစွာနဲ့ပဲ
ဒီကလေးလေးရဲ့ မိဘတွေဖြစ်ဖို့ ရွေးချယ်လိုက်ချိန်မှာတော့....
စိတ်ကစားတတ်တဲ့အရွယ်ရယ်လို့ ရောက်လာပြီဆိုရင် ချစ်သူရည်းစားကိစ္စ ချစ်တင်းနှောတာတွေ
ကိုယ်ဝန်တွေ အစရှိသဖြင့် ရှောင်လွှဲမရနိုင်တဲ့ ကိစ္စတွေ .. Teen sex education နဲ့
သူ့ရဲ့အကျိုးဆက်တွေကို ကိုယ့်ရဲ့လုပ်ရပ်ကို တာဝန်ယူနိုင်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာကို
သေချာရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာမိုလို့ ကြည့်ရှုခံစားနိုင်ဖို့ အခုပဲ
တင်ဆက်ပေးလိုက်ရပါတယ်။
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1
ဇာတ်ကား Link
https://t.me/c/2243318060/233

❤42🥰2❤🔥1🤔1