Jame's Information Sharing
563 subscribers
28 photos
31 links
James ဆီကို DM မှာ အမေးများတဲ့မေးခွန်းလေးတွေအတွက် အဖြေစုစည်းမှုပါ။
Download Telegram
SDB Share Token ဝယ်ထားသူများ

ကိုယ် Order တင်ထားသလောက် အပြည့်အဝ ရကြပါမယ်။

ကိုယ့်ရှိတဲ့ Token Balance အပြည့်အစုံ Public Group တွေမှာ မတင်ရင် ပိုကောင်းပါတယ်။ Token Balance အတိအကျသိရင် wallet address ကို သိနိုင်ပါတယ်။ အဲ့ဒါဆို ဘယ်နိုင်ငံမှာနေလဲ ခန့်မှန်းလို့ လွယ်သွားပါပြီ။

မဖြစ်မနေ တင်ချင်ရင် ဒဿမရဲ့ အရှေ့ဘက်က လေးလုံးလောက် ဖျက်တင်ရင် ရနိုင်ပါတယ်။ 10, 20, 30, 100, 200, 300 လိုမျိုး အစွန်းထွက်မပါပဲ ဝယ်တဲ့သူတွေကတော့ အများနဲ့မို့ address ရှာဖို့ မလွယ်ပါဘူး။

SDB account ရဲ့ UID, Username, Email နဲ့ Wallet Address တွေကို ကိုယ့်ကို ငွေဖြည့်ပေးမယ့် RMs နဲ့ ကိုယ်နဲ့ ငွေအလွှဲအပြောင်းလုပ်မယ့် သူတွေကိုပဲ ပေးပါ။ Public Group ထဲမှာ တတ်နိုင်သလောက် မချပြပါနဲ့။ ဒီထဲမှာ စကစဘက်ကလူတွေလည်း လာစောင့်ကြည့်နေနိုင်တာမို့ နာမည် နဲ့ Location သိသွားတာနဲ့ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက် အန္တရာယ်ရှိပါတယ်။
👍4214
SDB Share Token အရောင်းလည်း ပြီးသွားခဲ့ပြီး အထိုက်အလျောက်တော့ ကူညီပေးနိုင်ခဲ့ပြီမို့ Mission တခု အောင်မြင်သွားပြီလို့ ကိုယ့်ကိုကိုယ်ပဲ ယူဆလိုက်ပါပြီ။ နောက်ထပ် Mission တခုကို ထပ်လုပ်ဖို့ ကြိုးစားလိုက်ပါအုံးမယ်။

ဘယ်ဟာလုပ်မယ်ဆိုတာ စဥ်းစားနေတုန်းဆိုပေမယ့် NUGPay ကို Promote လုပ်ဖို့တော့ မရှိတော့ပါဘူး။

အားလုံးကို စောင့်ကြည့်လျက်
👍2413🥰7
သက်တမ်းပြည့်ပြီး နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်ကို မည်သို့ ရွေးနုတ်ထုတ်ယူရမည်နည်း။

အထူးငွေတိုက်စာချုပ်ကို ပြန်လည်ရွေးနုတ်ထုတ်ယူရန်အတွက် (https://www.unitedbonds-nug.org/) တွင် သက်တမ်းပြည့် ငွေတိုက်စာချုပ် တန်ဘိုးငွေ ပြန်လည်ရွေးနုတ်သည့် ပုံစံ (ဃ) ကို ဖြည့်သွင်း၍ ထုတ်ယူနိုင်ပါသည်။ ထိုကဲ့သို့ ဖြည့်သွင်းရာတွင် အောက်ပါ အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။

၁-၁ ငွေတိုက်စာချုပ် ဝယ်ယူခဲ့သည့် အီးမေးလ် email
၁-၂ ငွေတိုက်စာချုပ်အား ဖွင့်ရန်သုံးသည့် Password (ငွေတိုက်စာချုပ် ဝယ်ယူခဲ့သည့် မှတ်ပုံတင်နံပါတ် သို့မဟုတ် NRIC ၏ နောက်ဆုံး ၄ လုံး နှင့် အတူတူဖြစ်ရပါမည်)
၁-၃ ငွေတိုက်စာချုပ် အမှတ် (R ဖြင့်စသည့် နံပါတ် ဥပမာ – R0001234)
၁-၄ ငွေတိုက်စာချုပ် တန်ဘိုး (US$ 100, US$ 500, US$ 1,000, US$ 5,000 စသည်ဖြင့်)
၁-၅ ငွေတိုက်စာချုပ် ပိုင်ရှင်အမည်
၁-၆ ငွေတိုက်စာချုပ် ၏ မူရင်း PDF ဖိုင်
၁-၇ငွေတိုက်စာချုပ် Order ID အမှတ်
၁-၈ ငွေပြန်လည်ထုတ်ပေးရန်အတွက် –
၁-၈-၁ နွေဦးဘဏ် SDB (Spring Development Bank) ဖြစ်ပါက –
– Username
– UID
– QR Code



၁-၈-၂ NUGPay ဖြစ်ပါက –
– Wallet name
– QR Code

စသည့် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းခဲ့ပါက ရက်သတ္တ ၂ ပါတ် မှ ၄ပါတ် အတွင်းတွင် ငွေတိုက်စာချုပ် တန်ဘိုးကို သက်ဆိုင်ရာ (SDB သို့မဟုတ် NUGPay) အကောင့် သို့ ပြန်လည်ပေးပို့မည်ဖြစ်ပါသည်။ SDB ကို ရွေးချယ်ပါက ငွေတိုက်စာချုပ်တန်ဘိုးအတိုင်း USD ဖြင့် ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။ NUGPay ကိုရွေးချယ်ပါက ငွေပြန်လွှဲသည့်နေ့တွင်ရှိသည့် Bond Agent Portal မှ DMMK ငွေလဲနှုံးကို အသုံးပြုသွားပါမည်။
DMMK ငွေလဲနှုံးကို ပေ့ချ်တွင်ကြေငြာပေးမည်ဖြစ်ပါသည်။


နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်နှင့် ပါတ်သက်၍ အခြားအကြောင်းအရာများ သိရှိလိုပါက https://www.unitedbonds-nug.org/အမေးအဖြေကဏ္ဍ တွင် ဖတ်ရှူနိုင်ပါသည်။
👍4114👏3
Jame's Information Sharing
SDB Bank ထဲကို ပြည်တွင်းကနေ ငွေဘယ်လို ထည့်ကြလဲ။
ဒီအထဲမပါတာတွေရှိရင် @yourfreedom_james ရဲ့ DM မှာလာပြီး ဖြည့်ပေးလို့ရပါတယ်။
Matic Gas Fee ကို Free ရအောင် ဘယ်လိုယူမလဲ? Discord အကောင့် တခုရှိရင် Matic Gas Fee 0.01 x ၅ ခေါက် ယူလို့ရပါတယ်။ USDT လွှဲဖို့က 0.03 ရှိရင်ရပြီဆိုတော့ ၃ ခေါက်ယူရင် ငွေလွှဲလို့ရပါပြီ။



Get 0.01 free MATIC by joining the Polygon Discord and requesting it from the faucet bot


The official Polygon faucet will direct you to Discord, so…..

Join the Polygon Discord and after verifying navigate to the “support.” Underneath the “support” tab there are 10 or so different channels. One of those channels is called, “matic-faucet.”

Paste the message “faucet-send YourReceivingAddress” without the quotation marks. Within a couple minutes you will receive 0.01 MATIC.

This will not work if you have any MATIC in your wallet.

BEWARE of anyone who sends you a direct message, offering to help. Polygon support will NEVER DM you first, ever!

If you received a DM from someone claiming to be Polygon support or offering to help you, report them immediately to Discord.



Ref; https://www.reddit.com/r/0xPolygon/comments/16joajs/how_to_get_free_matic_use_a_faucet/?rdt=60439
👍4🥰2
မထည့်တတ်လို့ မထည့်ရသေးတာက 21% တောင်ရှိနေတာမို့ Vote အရေအတွက်နဲ့ဆိုရင် 14 ယောက်လောက်အထိ ရှိနေပါတယ်။ အခုဆိုရင် နွေဦးထီ Version 2.0 ကလည်း လကုန်မှာဖွင့်ပြီဆိုတော့ SDB Bank ထဲ ငွေမထည့်လိုက်ရသေးလို့ ထီမထိုးလိုက်ရ မဖြစ်ရလေအောင် SDB Bank ထဲကို ငွေဖြည့်ဖို့ ကြိုးစားကြည့်ကြပါအုံးလို့ အကြံပြုချင်ပါတယ်။ အဆင်မပြေတာတွေရှိရင် https://t.me/SpringDevBankCommunity ထဲမှာ မေးလို့ရနိုင်ပါတယ်။
👍134
နွေဦးထီ အကောင့်ထဲ ငွေမထည့်တတ်တဲ့သူတွေ ရှိသေးလား?
Anonymous Poll
54%
Yes
46%
No
Forwarded from Spring Development Bank
SDB မှ စပရိုက်တိုက်မည့် ပရောဂျက် 🆕

စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်တဲ့ ရှုးဂါးပြည်သူ နွေဦးဘဏ်ချစ်သူတို့အတွက် ခေတ်သစ် စနစ်သစ်များနှင့် မျက်ခြေမပြတ်ရအောင် Airdrop ပရောဂျက် အသစ်တခုကို အောက်တိုဘာ ၂၂ ရက်နေ့ မှာ စမ်းသပ်ပါဝင်နိုင်ဖို့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 🪂

စွန့်စားခန်းတွေ အောင်မြင်တိုင်း သကာလောင်း ချိုမြိန်မှုများ ပြည့်နက်နေတဲ့လက်ဆောင်တွေ ပိုင်ဆိုင်ဖို့ နားစွင့် စောင့်စားပြီး အင်တိုက် အားတိုက် ဝုန်းကြမယ်နော်။ 🫵

🫶 အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#chooseSDB #ProtectYourColony
13
Forwarded from Spring Development Bank
SpringBees Airdrop ဆော့ကြမယ် 🐝

ဒီကနေ့မှာ အားလုံးစောင့်မျှော်နေတဲ့ SDB ရဲ့ Airdrop game လေးဟာ စိန်ခေါ်မှုတွေ မြတ်နိုးတဲ့ နွေဦးဘဏ် ချစ်သူတို့ထံ စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာပါပြီ။

SpringBees နွေဦးပျားလေးတွေဆိုတာ အာဏာရူးဝက်ဝံတွေရဲ့ ဗိုလ်ကျမတရားမှုကို ငုံ့မခံပဲ ရရာနည်းလမ်းများနဲ့ တုံ့ပြန်ပြီး မဆုတ်မနစ် ကြိုးစားကာ ဘဏ္ဍာငွေ စုဆောင်း ရှာဖွေ ထောက်ပို့ ပါဝင်သူတိုင်းကို ကိုယ်စားပြုပါတယ်။

SDB Airdrop ဆော့ဖို့ ဘာတွေလိုအပ်မလဲ?
1. နွေဦးဘဏ် အကောင့် UID
2. Telegram အကောင့် ရှိရမယ်

💯 SDB Airdrop ဘာကြောင့် ဆော့သင့်မလဲ?
နေ့စဉ် telegram mini app ဝင်ကစား ရုံနဲ့ လက်ငင်းရရှိနိုင်တဲ့ လက်ဆောင်များကို ပိုင်ဆိုင်နိုင်တဲ့အပြင် နွေဦးဘဏ်ရှယ်ယာရှင်ဖြစ်ခွင့် ကလည်း စောင့်ကြိုနေပြီး SDB ရဲ့ အောင်မြင်မှု အသီးအပွင့်တိုင်းဟာ နိုင်ငံမျိုးဆက် အနာဂတ်သစ်များစွာအတွက် အကျိုးကျေးဇူးများစွာ တိုက်ရိုက် ဖြစ်ထွန်းစေနိုင်ပါတယ်။

SDB Airdrop မှာ ဘာတွေလုပ်ရမလဲ?
🏗️ ကလစ်ပြီး ပျားအုံများကို ပြန် တည်ဆောက်ပါ
🌟Pollen ဆိုတဲ့ ပွိုင့် ရယူပြီး Level အဆင့်မြင့်ပါ
📋 နေ့စဉ် Quest များမှာ ပါဝင်ဆောင်ရွက်ပါ
🎁 ရဲရင့်တဲ့ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပါ

🪂 SDB Airdrop ဘယ်မှာဆော့ရမလဲ?
telegram မှတဆင့် ဝင်ဆော့ရမှာ ဖြစ်ပြီး ဖော်ပြပါ QR ကို မိမိဖုန်းနဲ့ ဖတ်ပြီး ပါဝင်နိုင်သလို t.me/springbees_bot လင့်ကတဆင့်လည်း ဆော့ကစားနိုင်ပါတယ်။

ယနေ့ ထွက်ရှိသည့် mini app သည် beta အဆင့် ဖြစ်တဲ့အတွက် အဆင်မပြေမှုများရှိခဲ့ပါကလည်း ဝိုင်းဝန်းအကြံပြုပေးဖို့ ဖိတ်ခေါ်ပါတယ်။

ကစားနည်း အသေးစိတ် ကိုလည်း အလျဉ်းသင့်သလို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါဆို ဓမ္မဘက်သား နွေဦးပျားတို့ ဝုန်းလိုက်ကြရအောင်။ 🫶

#SpringBeesbySDB
#ProtectYourColony
#SpringDevelopmentBank
17👍1
ဒီအတိုင်းပေါ်လာရင် အပေါ်က Nickname မှာ ကြိုက်တာပေးပြီး အောက်မှာ SDB UID ထည့်ပေးပါ။ I accept ရှေ့မှာ အမှန်ခြစ်ပေးပြီး Submit ကိုနှိပ်ပါ။
👍92
ပျားလေးကို တချက်နှိပ်ပြီး နောက် ၈ နာရီကြာမှ ပြန်လာနှိပ်ပါ။
👍201
စဝင်ဝင်ချင်း ဒီလိုပေါ်လာရင် ညာဘက်ကနေ ဘယ်ဘက်ကို ၃ ချက်ပွတ်ဆွဲပေးလိုက်ရင် Nickname နဲ့ UID ထည့်ရမယ့်နေရာ ရောက်သွားပါလိမ့်မယ်။
👍173
Spring Bees ဆော့နေကြပြီလား။ မဆော့ရသေးတဲ့သူများ ဆော့ကြရအောင်။ တနေ့လုံးမှ ၃ ခေါက်ပဲဝင်ပေးရင်ရပါပြီ။
Anonymous Poll
78%
ဆော့နေပြီ။
22%
မဆော့ရသေးဘူး။
Forwarded from Spring Development Bank
Pollen တွေအများကြီးရစေမယ့် လျှို့ဝှက်ချက်များ

Hello Hello…🐝
နွေဦးပျားလေးတို့အတွက် ရှယ်သတင်းကောင်းလာပါပြီ။

🔹Spring Bees Airdropမှာ လက်ဆောင်တွေများများယူနိုင်ဖို့ Pollen အများကြီးရအောင် ဘယ်လိုရှာရမလဲ?
🔹ရထားတဲ့ Pollen တွေကို ဘယ်လိုအထာကျကျပြန်သုံးရမလဲ?

အစရှိတဲ့ လျှို့ဝှက်ချက်တွေကို လာမယ့် Sunday မှာ မှအလင်းပြပေးသွားမှာပါ။

အဲ့ဒါကြောင့် လက်လွှတ်မခံပဲ သိနိုင်ဖို့အတွက် အောက်မှာပေးထားတဲ့ လင့်ကနေ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

27 Oct (မြန်မာစံတော်ချိန် ည၈နာရီ)
👉 https://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
👍20
Forwarded from Spring Development Bank
🍯နွေဦးပျားရည် မျှဝေပါ🍯

နွေဦးပျားလောင်းသစ်တွေ ဖိတ်ခေါ်ဖို့အတွက် အောက်တိုဘာ ၂၅ မှ နိုဝင်ဘာ ၅ ရက်နေ့အတွင်း SDB အကောင့်သစ်ဖွင့်ရင် ပျားရည်မုန့်ဖိုး ၅၀၀၀ ကျပ်စီ ရရှိနိုင်မယ့် အထူးအစီအစဥ် တရပ် ရှိပါတယ်။ 🎁

နွေဦးပျားရည် မျှဝေဖို့ အောက်ပါ စည်းကမ်းလေးအတိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။ 

Terms & Conditions 🫶

1️⃣ SDB အကောင့်အသစ်ဖွင့်တဲ့အခါ ရည်ညွှန်းသူ နာမည် Referrer Name အဖြစ် springbees ကို အသုံးပြုရပါမယ်။ (နောက်မှာ “s” လေးပါတာကို သတိပြုပါနော် )

2️⃣ Referral သုံးပြီး ဖွင့်ထားတဲ့ SDB အကောင့်ရဲ့ UID ကို telegram bot, SpringBees ဂိမ်း နှင့် ချိတ်ဆက်ထားရပါမယ်။ 

3️⃣ SpringBees ဂိမ်းနှင့် ချိတ်ဆက်မှု အောင်မြင်ထားတဲ့ အကောင့်သစ်ပေါင်း ၅၀၀ ကို နိုဝင်ဘာ ၅ ရက်နေ့ နောက်ပိုင်းမှာ ကျပန်း ရွေးချယ်ပြီး ၅၀၀၀ ကျပ်စီ ချီးမြှင့်သွားမှာပါ။ 

အောက်တိုဘာ ၂၅ ရက်နေ့ မှ စပြီး referral ထည့်သွင်းကာ SDB အကောင့်သစ်ဖွင့် ၊  SpringBees ကို ကစားသူတွေကသာ နွေဦးပျားရည် ကို မျှဝေခွင့် ရရှိမှာ ဖြစ်ပါတယ်။ 

လက်ရှိ SpringBees ဆော့နေသူတွေလည်း အားမငယ်ပါနဲ့။ 🫶
Pollen တွေများများ စုပြီး နေ့စဥ်တာဝန်တွေ မပြတ်မကွက် ထမ်းဆောင်သူတွေအတွက်လည်း လက်ဆောင်တွေ ထပ်ပြီးလာဦးမှာ ဖြစ်ပါတယ်။ 

ကဲ အခုပဲ လွတ်လပ်မှုကို ရူးသွပ်တဲ့ မိသားစု မိတ်ဆွေတွေကို အကောင့်ဖွင့်ကူပြီး နွေဥိီးပျားရည်လက်ဆောင် ယူလိုက်ရအောင်။ 🐝

🆕 SDB အကောင့်ဖွင့်ရန်
app.springdevelopmentbank.com/register

🕹️ SpringBees ဆော့ရန် 
bit.ly/SpringBeesBot

#SpringBeesbySDB 
#ProtectYourColony 
#SpringDevelopmentBank
9👍2
(FB Page မှာတော့ တင်ထားတာကြာပြီ။)


ချစ်ခင်တန်ဖိုးထားရပါသော နွေဦးဘဏ်အသိုက်အဝန်းသို့

SDB နွေဦးဘဏ်နှင့် ဆက်နွှယ်သော အဖွဲ့အစည်းများနှင့် နွေဦးထီ အပါအဝင် မိတ်ဖက်အစီအစဥ်များကို အင်တိုက်အားတိုက် ဝန်းရံအားပေးမှုများအတွက် ရင်နှင့်အမျှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

နွေဦးဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၂၄ ဇွန်လ ၃၀ ရက်နေ့ မှာ ပြီးဆုံးသည့် ၆ လတာ အမြတ်ဝေစုခွဲဝေခြင်းကို အတည်ပြုနိုင်ခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့ အတွက် ဘဏ်ဝင်ငွေ စုစုပေါင်း USD ၅၇၈,၇၆၇ ရရှိခဲ့ပြီး အသားတင်အမြတ်အစွန်းမှာ USD ၃၆၉,၂၈၇ ဖြစ်ပါတယ်။ အသားတင် အမြတ်ငွေများ၏ ရာနှုန်းပြည့်ကို တိုကင်အစုရှယ်ယာရှင်များထံ အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း အတည်ပြုရသည့်အတွက် ဂုဏ်ယူမိပါတယ်။ သတ်မှတ်ထားသော ရက်စွဲတွင် အမြတ်ဝေစုခွဲဝေမှုများ စတင်ဖြန့်ဖြူးမည်ကိုလည်း မကြာမီ ကြေညာပေးမှာပါ။

ဒ့ါအပြင် ကျွန်ုပ်တို့၏ ဒုတိယအကြိိမ် ရှယ်ယာပိုင်ဆိုင်ခွင့် အစီအစဥ် ICO Round 2 ကို ၂၀၂၄ နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ဒီဇင်ဘာလ ၅ ရက်အတွင်း စီစဥ်ကျင်းပရန် ဘုတ်အဖွဲ့မှ ခွင့်ပြုခဲ့သည်ကိုလည်း အသိပေးလိုပါတယ်။ ၎င်းကာလအတွင်း နွေဦးဘဏ်တွင် ဒေါ်လာ သန်း ၂၅၀ တန်ကြေးကို ထင်ဟပ်စေသည့် ထုတ်ပြန်ပြီးနှင့် ကျန်ရှိသော တိုကင်များထဲမှ (၄) ရာခိုင်နှုန်းကို ရှယ်ယာ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ SpringDB တိုကင် တစ်ခု၏ တန်ဖိုးကို $0.0025 ဖြင့် သတ်မှတ်မှာ ဖြစ်တယ်။ ၂၀၂၃ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ICO အကြိုကာလ နှင့် နှိုင်းယှဉ်ပါက ၂.၅ ဆ တိုးမြှင့် အကဲဖြတ်ထားခြင်း ဖြစ်ပါတယ်။ ICO 2 နှင့် ပတ်သက်သည့် အချက်အလက်အပြည့်အစုံကို နွေဦးဘဏ်၏ မီဒီယာချန်နယ်များ မှတဆင့် အချိန်မီ ထုတ်ပြန်ကြေညာပေးသွားမှာပါ။ ၂၀၂၅ ခုနှစ် အစောပိုင်းကာလတွင် SDB တိုကင်များကို ပြင်ပ နာမည်ကျော် အိတ်စ်ချိန်းများတွင် စာရင်းမတင်မီ နောက်ဆုံး အကြိမ် အကြို ရှယ်ယာထုတ်ရောင်းခြင်း အဖြစ် ရည်မှန်းပါတယ်။

နွေဦးထီပလပ်ဖောင်းအောက်တွင် 2D ၊ 4D နှင့် Instant Win ဂိမ်းများ အပါအဝင် ထုတ်ကုန်အသစ်များအဖြစ် မကြာခင် မိတ်ဆက်တော့မည်ကိုလည်း စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံရှိ လက်ရှိထီစနစ်များနှင့် စင်္ကာပူ၊ ထိုင်းနိုင်ငံတို့မှ အခြားသော ထုတ်ကုန်များနှင့် အပြိုင်အဆိုင် ရွေးချယ်ခွင့်ရရှိနိုင်ရန် ရည်ရွယ်ထားပါတယ်။ ထို့အပြင် PDF ၊ ERO နှင့် CDM အစရှိသည့် အသိုက်အဝန်းများ၏ အဖွဲ့ဝင်များအတွက် အထူး ”အိပ်မက်” အကောင့်များကို SDB မှတဆင့် မိတ်ဆက် ပေးသွားမှာပါ။ ရှေ့တန်းရှိ သူရဲကောင်းများ နှင့် တော်လှန်ပြည်သူအဖွဲ့ဝင်များ ကြား၌ ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံံ့မှု နှစ်မျိုးစလုံးကို ပံ့ပိုးပေးနိုင်သည့်အပြင် ပိုမိုခိုင်မာသော ချိတ်ဆက်မှုများကို မြှင့်တင်ရန် ရည်ရွယ်ထားတဲ့ ခြေလှမ်းသစ် ရပ်ဝန်းတခု ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှု ကဏ္ဍများကို အလေးထားသောအားဖြင့် ပြည်သူ့ရန်ပုံငွေပလက်ဖောင်းဖြစ်သည့် Spring CrowdFund (SCF) ကို အရေးကြီးသော လူသားချင်းစာနာမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးပရောဂျက်များကို ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၄ ဒီဇင်ဘာလမှာ စတင်နိုင်ရန် စီစဥ်ဆောင်ရွက်နေပါတယ်။ သွေးချင်း နိုင်ငံသားများအတွက် များစွာလိုအပ်သော အကူအညီများပံ့ပိုးနိုင်ဖို့ တက်ကြွစွာ ပါဝင်ကြိုးပမ်းမှုများကို SCF ပလက်ဖောင်းကတဆင့် ခွန်အားဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။

လွန်ခဲ့သည့် ၁၄ လအတွင်း နွေဦးဘဏ်ရဲ့RM ပြည်သူ့ဓနဆက်ဆံရေးအရာရှိများ၊ ရန်ပုံငွေရှာဖွေသူများ၊ သြဇာတိက္ကမ လွှမ်းမိုးသူများ၊ NUG အစိုးရအဖွဲ့ဝင်များ၊ မီဒီယာလုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဖက် အသိုက်အဝန်းများမှ ပြောင်မြောက်စွာ ပြသခဲ့တဲ့ အလေးထားပံ့ပိုးမှုကို တန်ဖိုးထား အသိအမှတ်ပြုထိုက်ပါတယ်။ နွေဦးဘဏ်၏ မျှော်ရည်ရာပန်းတိုင် အပေါ်မှာ ဆက်လက်ပြီး ခိုင်မာနေဆဲ ယုံကြည်မှု နှင့် စိတ်အားထက်သန်စွာ ပံ့ပိုးမှုအတွက် အမှန်တကယ် အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ဒီလို သမိုင်းဝင် ခရီးမှတ်တိုင်ကို အတူတကွ လျှောက်လှမ်းရာမှာ ကျင့်ဝတ်ဆိုင်ရာကျင့်ထုံးများ၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုအပြည့်ဖြင့် အုပ်ချုပ်မှု ကတိကဝတ်များနှင့် ရပ်တည်သွားမည်ကို ထပ်မံ အတည်ပြုပါတယ်။ ကျွန်တော်တို့ မျှဝေယုံကြည်တဲ့ ဦးတည်ချက်များဟာ နွေဦးဘဏ်ရပ်ဝန်းအတွင်းရှိ အကျိုးသက်ဆိုင်သူများအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများ တည်ဆောက်ခြင်းအပေါ် အထူး အလေးထား ဆောင်ရွက်နေပါတယ်။ စုပေါင်းညီညွတ်မှု ရည်မှန်းချက်များနှင့် ခမ်းနားသော ဆန္ဒများကို အောင်မြင်စွာ ဆွတ်ခူးနိုင်ဖို့ အတူတကွ ကြိုးပမ်းသွားပါမည်ဟု လည်း ထပ်လောင်း ကတိပြုအပ်ပါတယ်။

ကျွန်တော်တို့ အားလုံး အမြန်ဆုံး အိမ်ပြန်ကြရအောင်။

ကယ်လ်ဗင်
အလုပ်အမှုဆောင်အရာရှိချုပ်
နွေဦးဖွံ့ဖြိုးရေးဘဏ်

၁၇ အောက်တိုဘာ ၂၀၂၄
👍227