အစ္စလာမ့်အသိပညာ
1.96K subscribers
39 photos
1 video
3 files
13 links
အစ္စလာမို့အလိုင်ကုမ်

ဤ channel သည်အကျိုးရှိသည်ဟုခံစားမိပါက အခြားသူများဆီကိုလည်း share ပေးပါ

အလ္လာဟ်ရှင်အားလုံးကိုကျင့်သုံးနိုင်စွမ်းချီးမြှင့်တော်မူပါစေ အာမီးန်
Download Telegram
(ပြစားမှု)😞


ဒီနေ့ဘာလုပ်ဖြစ်တာလေး

ဘာလှုဖြစ်တာလေး

ဘယ်သူ့ကိုကူညီဖြစ်တာလေး ဆိုပြီး

လိုင်းပေါ်ပို့စ်တင်နေမယ့်အစား

ညအိပ်ယာဝင်ခါနီးရင်

လက်မြှောက်ပြီး အလ္လာဟ်ထံမှာ

ကျွန်တော်ဒီနေ့နမားဇ်၅ကြိမ်ဖတ်ခဲ့တယ်

အလ္လာဟ်လက်ခံတော်မူပါ

အလှုလုပ်ခဲ့တယ် အလ္လာဟ်လက်ခံတော်မူပါ

လူတွေကိုကူညီခဲ့တယ် အလ္လာဟ်လက်ခံတော်မှုပါ

စသည်ဖြင့်မိမိလုပ်ခဲ့တဲ့ကောင်းမှုဟူသမျှကို

လက်ခံဖို့တောင်းခံမယ်

မိမိတစ်နေ့တာလုပ်ခဲ့တဲ့မကောင်းမှုဟူသမျှကို

ဝန်ချတောင်းပန်မယ် နောက်နောင်ရှောင်ရှားနိုင်ဖို့

တောင်းခံမယ်ဆိုရင် အလ္လာဟ်ဘယ်လောက်နှစ်သက်မလဲ

ဒါဟာ ဝလီသူတော်စင်တွေလုပ်ခဲ့တဲ့လုပ်ရပ်ပဲ

ဒီလိုနေ့စဉ်လုပ်သွားမယ်ဆိုရင်

အလ္လာဟ်နဲ့ပိုနီးကပ်လာမယ်

အလ္လာဟ်အချစ်တော်စာရင်းဝင်လာမယ်

Social Media ပေါ်မှာလျှောက်မတင်ပါနဲ့

ပြစားမှုပဲဖြစ်ပါလိမ့်မယ်

အလ္လာဟ်ရှင်အားလုံးကိုပြစားခြင်းမှ

ထိန်းသိမ်တော်မှုပါစေ အာမိန်း…
79🥰8
(အာယသွလ်ကုရ်စီ၏ စူးရှမှု)

တခါကတမန်တော်မြတ် (ﷺ) က အဗူဟိုရိုင်ရဟ်သခင်ကို ဇကားသုလ်ဖိသ်ရ် (Zakat al-Fitr) အဖြစ် စုဆောင်းထားတဲ့ ရိက္ခာ (စွန်ပလွန်သီး) တွေကို စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့ပါတယ်။


ညဘက်မှာ လူတစ်ယောက်ဟာ ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ရိက္ခာတွေကို လက်ခုပ်နဲ့ခက်ပြီး ခိုးယူဖို့ ကြိုးစားပါတယ်။ အဗူဟိုရိုင်ရဟ်သခင်က ဖမ်းမိတဲ့အခါ ထိုသူက "ကျွန်တော်ဟာ အလွန်ဆင်းရဲနွမ်းပါးပြီး မိသားစုကြီးရှိလို့ပါ" လို့ အကြောင်းပြ တောင်းပန်တာကြောင့် သနားပြီး လွှတ်ပေးလိုက်ပါတယ်။

နောက်နေ့မနက်မှာ တမန်တော်မြတ် (ﷺ) က "အဗူဟိုရိုင်ရဟ်၊ မနေ့ညက မင်းရဲ့ သုံ့ပန်း ဘာလုပ်သွားလဲ" လို့ မေးတဲ့အခါ အဗူဟိုရိုင်ရဟ်သခင်က အကြောင်းစုံကို ပြောပြပါတယ်။ တမန်တော်မြတ် (ﷺ) က "သူ မင်းကို လိမ်ပြောလိုက်တာပဲ၊ သူ ပြန်လာဦးမှာ" လို့ မိန့်ကြားခဲ့ပါတယ်။

ဒုတိယညမှာလည်း ဒီလိုပဲထပ်ဖြစ်ခဲ့တယ်

တတိယညမှာလည်း ထိုသူဟာ ထပ်မံရောက်ရှိလာပြီး ခိုးယူပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အဗူဟိုရိုင်ရဟ်သခင်က လုံးဝမလွှတ်ပေးဘဲ တမန်တော်မြတ် (ﷺ) ထံ ခေါ်သွားမယ်လို့ ပြောပါတယ်။ အဲဒီအခါမှာ ထိုသူက လွတ်မြောက်ဖို့အတွက် အဖိုးတန်တဲ့ လျှို့ဝှက်ချက်တစ်ခုနဲ့ လဲလှယ်ဖို့ ကမ်းလှမ်းခဲ့တယ်.
​ထိုသူက အဗူဟိုရိုင်ရဟ်သခင်ကို အခုလို ပြောပြခဲ့ပါတယ်..
​"သင် အိပ်ရာဝင်တဲ့အခါ 'အာယသွလ်ကုရ်စီ' (Ayat al-Kursi) ကို ဖတ်ပါ။ ဒါဆိုရင် အလ္လာဟ်အရှင်မြတ်ထံတော်က ကာကွယ်စောင့်ရှောက်သူဖရိရှ်သာတစ်ဦး သင့်ထံမှာ ရှိနေမှာဖြစ်ပြီး မနက်မိုးလင်းတဲ့အထိ ရှိုင်သာန်ဟာ သင့်အနားကို မကပ်နိုင်တော့ပါဘူး။"

​နောက်နေ့မနက်မှာ အဗူဟိုရိုင်ရဟ်သခင်က တမန်တော်မြတ် (ﷺ) ကို အကြောင်းစုံ တင်ပြတဲ့အခါ တမန်တော်မြတ် (ﷺ) က အခုလို မိန့်ကြားခဲ့ပါတယ် .

​"သူဟာ အလွန်တရာ လိမ်ညာတတ်သူ ဖြစ်ပေမဲ့ အခု သူပြောတဲ့စကားကတော့ အမှန်ပဲ.

​ဆက်လက်ပြီး တမန်တော်မြတ် (ﷺ) က "အဗူဟိုရိုင်ရဟ်၊ ၃ ညလုံး မင်းနဲ့ စကားလာပြောနေတဲ့သူ ဘယ်သူလဲ သိလား" လို့ မေးတဲ့အခါ မသိကြောင်း ဖြေကြားသဖြင့် "သူဟာ ရှိုင်သာန် ဖြစ်တယ်" လို့ ရှင်းပြခဲ့ပါတယ်။

​ဒီဖြစ်ရပ်ကနေ ရရှိတဲ့ အကျိုးကျေးဇူးများက​တော့

၁။ ​အာယသွလ်ကုရ်စီရဲ့ စွမ်းပကား

အိပ်ရာဝင်ခါနီး ဖတ်ရွတ်ခြင်းဖြင့် ရှိုင်သာန်ရဲ့ ဘေးရန်ကနေ တစ်ညလုံး လုံခြုံ​စေပါတယ်

၂။ ရန်သူ (သို့မဟုတ်) လိမ်ညာတတ်သူဆီက လာတဲ့ စကားဖြစ်နေပါစေ၊ အမှန်တရားဖြစ်ရင် လက်ခံနိုင်ကြောင်း သင်ခန်းစာရပါတယ်။
55🥰6💯1
Quiz-318

စီးပွားဖြစ်​တောင်းစား​နေသူများကို မ​ပေးကမ်းလျှင်အပြစ်ထိုက်ပါသလား ❓️
Anonymous Quiz
31%
အပြစ်ထိုက်သည်
66%
လုပ်သင့်သည်အပြစ်မထိုက်ပါ
3%
ကျိန်စာသင့်မည်
22🥰2
လမြတ်ရမ်ဿွာန်၏တန်ဖိုး

ယခုအခါ
အလွန်အဖိုးတန်​သော
လမြတ်ကြီး ဆိုက်​ရောက်​လို့နေပါပြီ

​ကောင်းမှုတွေ​ဆောင်ပြီး
မ​ကောင်းမှု​တွေ​ရှောင်ချိန်
တန်​လေပြီ

အထူးသဖြင့် ရိုဇာကို
မပျက်မကွက်ထားရမည်။

လမြတ်ရမ်ဿွာန်၏
ရိုဇာတလုံးတိုင်းသည်
အလွန်အကျိုးကုသိုလ်
များပြားလှ​ပေသည်။

ဟဒီးစ်​တော်တရပ်တွင်လာရှိသည်။

လူတဦးသည်လမြတ်ရမ်ဇန်၏
ရိုဇာတလုံးကိုအ​ကြောင်းမဲ့
မထားပဲ​နေခဲ့လျှင် ​ထိုသူသည်​
ထို​နေ့မှစ၍ နေ့စဥ်​ ကေယာ​မသ်​နေ့တိုင်​အောင်ရိုဇာပြန်ထားလျှင်လဲ လွတ်ခဲ့​သောရိုဇာတလုံး၏ အကျိုးစဝါးဗ်ကိုပြန်လည်ရရှိနိုင်​တော့မည်မဟုတ်​ပေ။

ထို့​ကြောင့်ရမ်ဇန်လမြတ်၏ရိုဇဟ်ကို မည်သည့်အ​ခြေ​အ​နေ၌မဆိုလက်မလွှတ်မိ​စေရန်ထိန်းသိမ်းသင့်​ပေသည်။

အလ္လာဟ်ရှင်ကျွန်ုပ်တို့အား ၁လလုံးမပြတ်ရိုဇာထားနိုင်စွမ်းချီးမြှင့်​တော်မှုပါ​စေ အာမီးန်


မိမိသိ​လို​သောအရာများ၊ အကြံပြုလို​သောအရာများကို ​ကောမန့်တွင်​ရေးခဲ့​​ပေးနိုင်ပါသည်။
54
တမန်တော်မြတ်( ﷺ )က မိန့်တော်မူသည်။

အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ရိုဇဟ်ဥပုသ်စောင့်ထိန်းသည့်နေ့၌ ရှက်ဖွယ်ကိစ္စကို မပြုလုပ်ရ၊ အော်ဟစ် ဆူညံခြင်းလည်း မပြုရ၊အကယ်၍ တစ်ဦး တစ်ယောက်ကဆဲဆိုလာလျှင် (သို့မဟုတ်) ရန်စလာလျှင် ကျွန်ုပ်ရိုဇဟ်ထားသူဖြစ်သည် ဟုပြောဆိုလိုက်ပါ။

(ဗုခါရီကျမ်း၊ မွတ်စလင်မ်ကျမ်း)
52😘2🥰1
စဟ်ရီစားသုံးခြင်းနဲ့ပတ်သတ်ပြီး
ဟဒီးဆ်တော်(6)ခု။

(1)တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ်။စဟ်ရီစားသုံးပါစဟ်ရီမှာဗရ်ကသ်ရှိတယ်။
(ဗိုခါရီကျမ်း၊ဟဒီးဆ်အမှတ်:1923)

(2)တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ်။
စဟ်ရီစားသုံးခြင်းဟာကျွန်တော်တို့နဲ့
ယဟူဒ်နဆွာရာတွေရဲ့ကြားမှာခြားနားချက်ဖြစ်တယ်။
(မွစ်လင်မ်ကျမ်း၊ဟဒီးဆ်အမှတ်:2550)

(3)တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ်။စွန်ပလွန်သီးဟာမုအ်မင်တွေအတွက်
အကောင်းဆုံးစဟ်ရီဖြစ်တယ်။
(အဗူဒါဝူးဒ်ကျမ်း၊ဟဒီးဆ်အမှတ်:2345)

(4)တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ်။အလ္လာအရှင်မြတ်နှင့်ဖရိရှ်သာများက
စဟ်ရီစားသောက်သူတွေအပေါ်မှာ
ရဟ်မသ်ပို့တော်မူတယ်။
(ဆွဟီဟဟ်ကျမ်း၊ဟဒီးဆ်အမှတ်:2221)

(5)တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ်။အိဖ်သာရီကိုအမြန်လုပ်ပါ။
စဟ်ရီကိုတော့နောက်ကျပြီးစားပါ။
(ဆွဟီဟဟ်ကျမ်း၊ဟဒီးဆ်အမှတ်:2233)

(6)တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူတယ်။စဟ်ရီစားသောက်ခြင်းမှာဗရ်ကသ်
ရှိတယ်ရေတစ်ငုံဖြစ်လင့်ကစား စဟ်ရီ
စားသောက်ခြင်းကိုမလွတ်နဲ့။
(ဆွဟီဟွလ်ဂျာမိအ်ကျမ်း၊
ဟဒီးဆ်အမှတ်:3683)

Crd

မိမိသိလိုသောအရာများ၊ အကြံပြုလိုသောအရာများကို ကောမန့်တွင်ရေးခဲ့ပေးနိုင်ပါသည်။
57
Quiz-320

လမြတ်ရမ်ဒွါန်၏ ဒုတိယ၁၀ရက်သည် ❓️
Anonymous Quiz
21%
ရဟ်မသ်
42%
ဗရ်ကသ်
37%
မဂ်​ဖေရသ်
20
🌟 နောက်ဆုံးဆယ်ရက်ကို ဂရုစိုက်ပါ 🌟
==========tMf=============

ရမ်ဇာန်လမြတ်ရဲ့နောက်ဆုံးဆယ်ရက်ဟာ ရမ်ဇာန်ရဲ့ အနှစ်ချုပ်ဖြစ်ပါတယ်။ ရမ်ဇာန်လမြတ်ဟာ ပထဆယ်ရက် ဒုတိယဆယ်ရက် တတိယဆယ်ရက်ဆိုပြီး အပိုင်းသုံးပိုင်းရှိပါတယ်။

တမန်တော်မြတ်(ဆွ)ဟာ ရမ်ဇာန်လမြတ်ကို အထူးတန်ဖိုးထားပြီး ဂရုပြုလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှ နောက်ဆုံးဆယ်ရက်ကို ပိုပြီး ဂရုစိုက်လေ့ရှိပြီး တခြားရမ်ဇာန်လရဲ့ရက်တွေထက် ပိုမိုအိဗာဒသ်လုပ်တော်မူပါတယ်။

ညများကိုလည်းနိုးကြားပြီး အိဗာဒသ်လုပ်သလို မိမိအိမ်သူအိမ်သားများကိုလဲ နိုးကြားစွာနေခိုင်းပြီး အိဗာဒသ်ထဲမှာ မွေ့လျော်စေပါတယ်။

ဒီလိုမွန်မြတ်လှတဲ့ ရက်မြတ်တွေမှာ ကျွန်တော်တို့ဟာ မိမိတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး အိဗာဒသ်ကို ပိုတိုးပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်သာရရှိတဲ့ ဒီလိုရခဲတဲ့ အခွင့်အရေးကို လက်မလွတ်ပဲ အမိအရဖမ်းဆုပ်ပြီး ဂျဟန္နမ်မှ လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အချိန်ထုတ်နိုင်တဲ့မိတ်ဆွေများအနေနဲ့လည်း နောက်ဆုံးဆယ်ရက်မှာ အိအ်သိကာဖ်ဝင်နိုင်ဖို့ကြိုးစားကြပါ။ တမန်တော်မြတ်(ဆွ)သခင်ဟာ နောက်ဆုံးဆယ်ရက်မှာ အိအ်သိကာဖ်ဝင်လေ့ရှိပါတယ်။

လပေါင်းတစ်ထောင်ထက် သာပိုမွန်မြတ်တဲ့ညဖြစ်တဲ့ လိုင်လသွလ်ကဒရ်ညမြတ်ဟာ နောက်ဆုံးဆယ်ရက်မှာရှိတဲ့အတွက်ကြောင့် နောက်ဆုံးဆယ်ရက်ရဲ့ ညတွေကို အထူးဂရုပြုပြီး အိဗာဒသ်လုပ်သင့်သလို လိုင်လသွလ်ကဒရ်ကို ရှာဖွေဖို့ မွတ်စ်လင်မ်တိုင်း ကြိုးပမ်းသင့်ပါတယ်။

အလ္လာဟ်အရှင်မြတ်သခင် ရမ်ဇာန်လမြတ်ကို ကျွန်တော်တို့အားလုံးအတွက် ဂျဟန္နမ်မှ လွတ်မြောက်ခြင်းရဲ့ အကြောင်းခံအဖြစ် ပြုလုပ်ပေသနားတော်မူပါစေ။ (အာမီးန်)

Crd
@tMf
64🥰1
ဝါ​ဖြေ​နေချိန်သည်
ဒိုအာကဗူလ်ဖြစ်တဲ့အချိန်
ဖြစ်သည့်အတွက်
စား​နေရင်းနဲ့ဒိုအာ​တောင်းဖို့မ​မေ့ပါနဲ့
လက်ဖြန့်​ပြီးတောင်းဖို့မလိုပါ
စိတ်ထဲက​တောင်းလိုက်ရုံဖြင့်
လုံ​လောက်ပါသည်
76🥰8💯1
(လမြန်ရမဒွါန်နှင့်မဂ်​ဖေရသ်)
_____

တ​နေ့တမန်​တော်မြတ်သည်ခွသ်ဗာ​ပေးရန် မင်ဗရ်​ပေါ်သို့တက်​နေစဥ် ပထမ​လှေခါးထစ်၌ အာမိန်းဟုဆိုသည် ဒုတိယနှင့်တတိယ​လှေခါးထစ်သို့တက်ရာတွင်လည်းအာမိန်းဟု စုစု​ပေါင်း၃ကြိမ်ဆိုခဲ့​လေသည်
ဆွဟာဗာများက မည်သည့်အတွက်ဆိုသနည်းဟု​မေး​လျှောက်ရာ ...
တမန်​တော်မြတ်က .
ယခုပင် ဂျစ်ဗရာအိလ်​ရောက်လာ၍
ဗဒ်ဒိုအာ၃ခု​ လုပ်သဖြင့် ငါကိုယ်​တော်အာမိန်းဆိုခြင်းဖြစ်သည်ဟု ​ဖြေ​လေသည်။

ဂျစ်ဗရာအိလ် ​တောင်း​သောဗဒ်ဒိုအာ၃ခု

၁။ လမြတ်ရမ်ဒွါန်ကိုကြုံကြိုက်ပါလျှက် မဂ်​ဖေရသ်ရ​အောင်မလုပ်နိုင်သူသည် ပျက်စီးပါ​စေ

၂။ မိဘ၂ပါးသက်ရှိထင်ရှားရှိ​နေပါလျှက် ၎င်းတို့၏​ကျေနပ်မှုကိုမရ​သောသူသည် ပျက်စီးပါ​​စေ။

၃။ တမန်​တော်မြတ်၏နာမ​တော် (မိုဟမ္မဒ်) ကိုကြားပါလျှက် ဆွလ္လာဟုအလိုင်ဟိဝစလ္လမ် မဆို​​သောသူသည် ပျက်စီးပါ​စေ ဟု ကြိမ်ဆဲခဲ့ရာ တမန်​တော်မြတ်က အာမိန်း၃ကြိမ်ဆိုခဲ့သည်။

ယခုလမြတ်ရမ်ဒွါန် ကုန်ဆုံး​တော့မည်
မိတ်​ဆွေ မဂ်​ဖေရသ်ရ​အောင်​တောင်းပြီးပြီလား မ​တောင်းရ​သေးရင် ​သောင်ဗာ အိစ်သိဂ်ဖာရ်လုပ်ပြီး ​တောင်းခံလိုက်ပါ။
26
Quiz-322

ကျမ်းမြတ်ကုရ်အာန်တွင်ပါရှိ​သောတစ်ဦးတည်း​​သော ဆွဟာဗာ၏အမည်မှာ❓️
Anonymous Quiz
28%
အလီ (ရ​သွေ့)
23%
အိုမရ် (ရ​သွေ့)
31%
ဇိုင်းဒ် (ရ​သွေ့)
6%
စအဒ် (ရ​သွေ့)
12%
မိုအားဇ် (ရ​သွေ့)
20
Quiz -323

တမန်​တော်မြတ်၏မြှားချက်ဖြင့်​သေခဲ့​သော တစ်ဦးတည်း​သောကာဖိရ်အမည်မှာ ❓️
Anonymous Quiz
23%
အဗူဂျဟလ်
12%
အဗူလဟဗ်
49%
အိုဗိုင် ဗင် ခလဖ်
8%
ဖိရ်​အောင်
7%
နမ်ရူဒ်
16
Quiz-325

ငါအရှင်ကျမ်း​ဂန်ချီးမြှင့်ထား​သောသူတို့သည် တမန်​တော်မြတ်ကိုမြင်လျှင် မိမိတို့၏ ___ ကို သိရှိမှတ်မိသကဲ့သို့ပင် မှတ်မိကြ​သည်။ (ကွက်လပ်ဖြည့်ပါ)
Anonymous Quiz
35%
သားများ
25%
အ​ဖေများ
5%
ရန်သူများ
34%
​ဆွေမျိုးများ
9🎉4
Please open Telegram to view this post
VIEW IN TELEGRAM
16👍2
Quiz- 328

မိမိ​ငွေကိုဘဏ်၌​ထည့်ထားပြီး ဘဏ်မှရ​သောအတိုးကိုစားသုံးခြင်းပိုင်ပါသလား❓️
Anonymous Quiz
5%
ပိုင်ပါသည်
95%
မပိုင်ပါ
10
Quiz-329

ဇနီး၏ဝတ္တရား (မဟရ်၊စားစရိတ်​၊​နေစရိတ်)မတတ်နိုင်သူ၏နေကာဟ်လုပ်ခြင်းသည် ❓️
Anonymous Quiz
33%
မက်ရူဟ်ဖြစ်သည်
34%
ဟရာမ်ဖြစ်သည်
33%
ပိုင်ပါသည်
13
Quiz-330

ကျမ်းမြတ်ကုရ်အာန်တွင် ဗိစ္စမိလ္လာဟ်အကြိမ်မည်မျှပါသနည်း ❓️
Anonymous Quiz
31%
၁၁၃ကြိမ်
38%
၁၁၄ကြိမ်
31%
၁၁၇ကြိမ်
16