𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Tegmark Multiverse

ဒါတွေကတော့ Cosmologist တစ်ယောက်ဖြစ်တဲ့ Tegmark ဆိုသူရဲ့ Multiverse type theory တွေပါ အခုတော့ Type 1 ဖြစ်တဲ့ Level 1 Multiverse by Max Tegmark ကိုပြောပြပေးသွားမှာပါ Level စုစုပေါင်း ၄ ခုရှိပါတယ်။

ထို Multiverse ကို‌ဖောင်းပွနေသော Multiverse လို့လဲသိကြပါတယ် ထို Multiverse ကတော်တော်‌ရိုးရှင်းပါတယ် နောက်ပိုင်းတွေကမှရှုပ်တာပါ အကြောင်းကတော့ ကိုယ်တွေနေထိုင်တဲ့စကြာဝဠာက ရှေးဦးပိုင်းစကြာဝဠာ‌ဖောင်းပွမှုကဖြစ်လာတဲ့ ပူဖောင်းလေးတွေလိုစကြာဝဠာများစွာထဲကတစ်ခုဆိုတာပါပဲ (Bubble universes)

Inflation ခေါ် ဖောင်းပွမှုက Big Bang ပေါက်ကွဲမှုကနေဖြစ်ပေါ်လာတဲ့ ရုတ်တရက်ပြန့်ကားလာတဲ့အခြေအနေကိုဆိုလိုတာပါ။ ဖောင်းကားနေချိန်မှာ စကြာဝဠာကြီးက ပရမာဏုမြူ (Subatomic) အရွယ်အစားကနေ စက္ကန့်တစ်ဝက်လောက်မှာပဲ စပျစ်သီးအရွယ်အစားဖြစ်လာတာပါ။

Tegmark က ဒီဖောင်းကားလာမှုကနေပြီး အနန္တရှိတဲ့ပူဖောင်းစကြာဝဠာတွေကို ဖန်တီးခဲ့နိုင်တယ်လို့ငြင်းခုန်ခဲ့ပါတယ်။ စကြာဝဠာတိုင်းက တူညီတဲ့ တည်မြဲကိန်းသေ ရုပ်ပိုင်းဆိုင်းရာရှိနေပြီး မတူညီတဲ့ ကနဦးအခြေအနေတွေရှိလောက်မယ်လို့ငြင်းခုန်ခဲ့ပါတယ်။ ဆိုတော့ Universe ရဲ့အကျယ်အဝန်းက Infinite a.k.a အနန္တဖြစ်ပါတယ် နောက်ပြီးဒီ Level 1 မှာ Parallel Universe တွေဖြစ်တည်နေတာပါ။
စကြာဝဠာတစ်ခုနဲ့တစ်ခုက ရူပဗေဒတူပါတယ် ရူပ‌ဗေဒအရလဲတူပါတယ် Hubble ထုထည်တွေလဲပါရှိပါတယ် spherical ပြောတာပါ။ ဒီ Theory ထဲ 10^10^29 မီတာအကွာအဝေးမှာသင့်ရဲ့ ပုံစံတူလူတစ်ယောက်ရှ်ိတယ်လို့ခန်းမှန်းပါတယ်။ ဒီအယူအဆမှာ စကြာဝဠာအကျယ်အဝန်းက Cosmic Inflation ကြောင့်အနန္တဖြစ်ပြီး အခြေအနေတူတဲ့ဒေသတွေက စက်ဝန်းပုံစကြာဝဠာတွေကိုဖြစ်ပေါ်စေပြီးတော့ Parallel universes တွေခေါ် အပြိုင်စကြာဝဠာတွေကိုဖြစ်ပေါ်စေပါတယ် ဒါကြောင့် သင်နဲ့ပုံစံတူလူ‌ပေါင်းများစွာကိုလဲရှိနေစေမှာပါ။

ရှင်းလင်းရရင် ကျွန်တော်တို့ Level 1 မှာဖြစ်တည်နေတဲ့အရာတွေက တစ်ချို့က တစ်ခြား Level 1 Multiverse တွေမှာပုံစံတူဖြစ်နေနိုင်ပြီး Level 1 Multiverses နဲ့ Level 3 Quantum Multiverses တွေနဲ့ ဆက်နွယ်မှုတောင်ရှိချင်ရှိနေနိုင်ပါတယ် အဲ့တာနဲ့ပတ်သက်ပြီးထူးခြားဆန်းပြားပုံပြင်တွေ၊ အယူအဆတွေရှိပါသေးတယ်။ တူညီတဲ့ ရူပဗေဒနဲ့ မတူညီတဲ့ကနဦးအခြေအနေတွေဆိုတာကို ဥပမာပြရရင် --- ဒီလိုစဉ်းစားကြည့်ပါ သင်နဲ့ပုံစံတူတစ်ယောက်က ရူပဗေဒအတန်းကိုတူတူတက်ပြီး တူညီတဲ့သင်ခန်းစားကိုပဲသင်ယူပါတယ် ဒါပေမယ့် သမိုင်းကိုကြ မတူညီတဲ့သင်ခန်းစာတွေသင်ယူတာကြောင့် လမ်းစဉ်ကမတူတော့ပါဘူး ပြောချင်တာက တစ်ခြားစကြာဝဠာတွေမှာလဲ မြေဆွဲအားရှိတယ်၊ လူပုံတွေကလဲတူတူပဲ မတူညီတာကဖြစ်ရပ်နဲ့သမိုင်းတွေပါပဲ။

Join the channel for more - https://t.me/IknowledgeField
#MerlinHermes
❤7🔥2🤓1
ခရစ်စမတ် ရောက်ပါတော့မည်။ အားလုံး တိတ်ခဲပါ။

#Kira
☃3❤1🎉1🎄1
ဥပေက္ခာဝါဒီရဲ့ ၄ ပါးသီလ
Four Virtues of Stoicism

ကဲ၊ ကျွန်တော်အရင်က တင်ထားပေးတဲ့ Stoicism contentရဲ့အဆက်ကလေးပါ။
အရင်ကရေးခဲဲ့တဲ့postကို ဒီ link collection မှာဖတ်လို့ရပါတယ်။ https://t.me/IknowledgeField/34

ဖတ်ချင်ရင်တော့ဖတ်ပါ။ သင်ဘာဖတ်လဲ ကျွန်တော် ထိန်းချုပ်လို့မရပါ။

ဥပေက္ခာဝါဒီ ( Stoics ) တွေအတွက် အကောင်းဆုံးဘဝနေနည်းက  Ethic,Morality,Virtue စတဲ့ အကျင့်သီလနဲ့ ပြည့်စုံအောင် နေထိုင်ခြင်း ဖြစ်ပါတယ်။ အကျင့်သီလနဲ့ မပြည့်စုံတဲ့ ဘဝမှာ စစ်မှန်သောပျော်ရွှင်မှုကို ရနိုင်မှာမဟုတ်ဘူး လို့ ခံယူကြပါတယ်။

ဆိုတော့ကား Stoicism ရဲ့ အကျင့်သီလ ၄ ခုက ဘာတွေလဲ ။

၁. သတ္တိ ( Courage )

၂. မိမိကိုယ်ကိုယ် ထိန်းကြောင်းနိုင်စွမ်း ( Temperance or Self discipline )

၃. တရားမျှတမှု ( Justice )

၄. ပညာရှိမှု ( Wisdom
)

တို့ပဲဖြစ်ပါတယ်။

အချိန်တိုင်းစောင့်ထိန်းဖို့ တစ်ကယ်ပဲမလွယ်တဲ့ ဒီVirtue လေးခုကိုပြောပြပါမယ်။

သတ္တိ ( Courage )

Stoicism မှာဆိုရင် မှန်ကန်ကောင်းမွန်တဲ့ အရာတွေလုပ်ဖို့  သတ္တိလိုပါတယ် ။ အမှန်တရားဖက်က ရပ်တည်ဖို့ ၊ တိုက်ခိုက်ဖို့အတွက်သတ္တိရှိဖို့လိုပါတယ် ။

အရင်ကပြောခဲ့တဲ့ ရောမဘုရင်ကြီး Marcus Aurelius ကို မှူးမတ်တွေက ဘုရင်အဖြစ်တင်မြှောက်ခဲ့တဲ့အခါမှာ သူကျရှုံးမှာ၊သူကောင်းကောင်းမလုပ်နိုင်မှာ၊ နန်းတွင်းကလူတွေသဘောမကျမှာ၊ ပြည်သူလူထုက မကျေနပ်ကြမှာကို အရမ်းကြောက်ခဲ့တာပါ။ နောက်ကြတော့လဲ သူ့ကိုယ်သူ ရဲဆေးတင်ပြီး ဘုရင်လုပ်ခဲ့တာ ရောမပြည်ရဲ့ အကောင်းဆုံးဘုရင်ကြီးတစ်ယောက်အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဘဝကိုချိန်ထိုးကြည့်ရင်း Courage ရဲ့အရေးပါမှုကိုသိရှိရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသက်ရှင်နေနိုင်ဖို့၊ ဘဝကို ဖြတ်သန်းနိုင်ဖို့အတွက် သတ္တိလိုပါတယ်။

"It takes courage just to stay alive in thsu world."
-Seneca
 


Wisdom ( ပညာရှိမှု )

လူတစ်ယောက်ရဲ့လုပ်ရပ်တွေ ၊ ဆုံးဖြတ်ချက်တွေ နဲ့ အတွေးအခေါ်တိုင်းက သူ့ရဲ့ အသိဉာဏ်ပညာကနေ မြစ်ဖျားခံပါတယ်။ လူတစ်ဦးဟာ အသိဉာဏ်ပညာ မရှိပါပဲလျက် စစ်မှန်တဲ့ ဘဝကိုရှင်သန်နိုင်မှာမဟုတ်ပါဘူး။

Stoicism က ပြောတဲ့ပညာဆိုတာ ကျောင်းစာတို့၊ ဘာတို့ကို ပြောတာမဟုတ်ပါဘူး။ (လိုအပ်တဲ့အခါတော့ရှိပါတယ်) ။ တစ်ကယ် အရေးကြီးတာတွေက ကျွန်တော်တို့ရဲ့ ဘဝနေနည်း၊ ဒုက္ခတွေကို ရင်ဆိုင်နည်းနဲ့ general knowledge တွေပါပဲ။ ကိုယ့်အမှားတွေကနေ၊ဘဝအတွေ့အကြုံတွေကနေ ရလာတဲ့သင်ခန်းစာတွေကိုလဲ ယူတတ်ဖို့ကအရေးကြီးပြန်ပါသေးတယ်။
 
ကျွန်တော်တို့ အဲ့ဒီပညာတွေကို ယူနိုင်ဖို့ Egoတွေ prideတွေ ကြောင့် မျက်ကန်းနေလို့မရနိုင်ပါဘူး။ ကိုယ်သိတာတွေက လွှဲမှားနေနိုင်တာတွေရှိသလို၊ ကိုယ်မသိသေးတာတွေအများကြီးရှိနေတာကိုလည်း သိထားရပါမယ်။

"The only thing i know is that i know nothing"
-Socrates


မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ( Temperance or Self discipline )

ကိုယ်အတွေးတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ရှုမြင်ပုံတွေ တွေကို ထိန်းချုပ်ပါ။ Stoicism အရဆို ကိုယ်တစ်ကယ်ထိန်းချုပ်နိုင်တာလည်း အဲ့ဒါတွေပဲရှိတယ်လေ။

Stoicism ရဲ့ ဒီအကျင့်သီလကို စကားလုံးနှစ်လုံးထဲနဲ့ အနှစ်ချုပ်လို့ရပါတယ်။
"  Persist and Resist. "

ကိုယ့်အတွက်ကောင်းတဲ့၊ သူများအတွက်ကောင်းတဲ့၊ ရေတိုမှာ ခက်ခဲပေမယ့် ရေရှည်မှာတဲ့ဟာတွေကို မဆုတ်မနစ်လုပ်မယ်။
ကိုယ့်အတွက်မကောင်းတဲ့၊ သူများအတွက်မကောင်းတဲ့၊ ရေတိုမှာကောင်းသလိုရှိပြီး ရေရှည်မှာ မကောင်းတဲ့အရာတွေကို ရှောင်ရမယ်။
အဲ့နှစ်ခုပါပဲ။

Self Control ဆိုတာက ပျင်းဖို့ကောင်းတယ်ထင်ရပါတယ်။ သို့ပေမဲ့ဖြစ်လာတဲ့ပြဿနာတွေက ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်မှုတွေကြောင့် ဖြစ်တာများပါတယ်။

(နောက်ကြ Self Controlကောင်းဖို့guideတင်ပေးပါမယ် ဒီpost reaction 10 ပြည့်ရင်ပေါ့:3 )

Discipline is freedom.

တရားမျှတမှု ( Justice )

Stoicism က ကိုယ့်ကိုယ်ကို ကောင်းအောင်လုပ်ဖို့ကို အာရုံစိုက်ရမယ် ။ သူများတွေရဲ့အမြင်ကို ဂရုမစိုက်ရဘူး ။ ဆိုပြီး  individualistic ဖြစ်တာတွေ ပြောပါတယ်။ သို့သော်လည်း Stoics တွေက တစ်ပါးလူ တွေအတွက် ကောင်းတာတွေကို တရားမျှတစွာလုပ်ဖို့ကိုလည်း အာရုံစိုက်ခဲ့ပါသေးတယ်။

ဘုရင်ကြီး Marcus Aurelius က သူ့ရဲ့ Meditations ဆိုတဲ့ diary မှာ

"What's not good for the hive can't be good for the bee"

" ပျားအုံအတွက်မကောင်းတာ ပျားအတွက်လည်းကောင်းမှာ မဟုတ်ဘူး"

ဆိုပြီးရေးသားခဲ့ပါတယ်။
ဘုရင်ဆိုတော့လဲအများအတွက်တွေးရတာပေါ့။ သို့သော်လည်း
Stoics သမားတိုင်းက တရားမျှတမှုရဲ့လမ်းစဥ်အောက်မှာ လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ကြတယ်။

Marcus Aurelius လက်ထက် ရောမမှာ Antonine ပလိပ် ရောဂါကြီးဖြစ်တော့ သူ့နန်းတော်က ပစ္စည်းအတော်များများကို နိုင်ငံကိုထောက်ပံ့ဖို့ ရောင်းချပစ်ခဲ့ပါတယ်။

တရားမျှတမှုဆိုတာ ကိုယ့်အတွက်ကိုယ်ပဲမျှတဖို့ မဟုတ်ပါဘူး။
သူများတွေအတွက် ကိုယ့်ရဲ့လုပ်ရပ်တွေက တရားမျှတနေရဲ့လား ဆိုတာကအရေးကြီးပါသေးတယ်။

#Kira
❤26
အထက်ပါကတော့ Stoicism ရဲ့ The 4 Great Virtues ပဲ ဖြစ်ပါတယ်။
Stoic တွေက ဒီအကျင့်သီလတွေကို စောင့်ထိန်းနိုင်မှ စစ်မှန်တဲ့အဓိပ္ပါယ်နဲ့ ပျော်ရွှင်မှုကိုရမယ်လို့ ပြောခဲ့ပါတယ်။

အရင် content
https://t.me/IknowledgeField/39

Credit to those pages,books that i took reference.

#Kira
❤7
အရူးတွေပဲ လောတာ

" လူတော်လူကောင်းကို နိုင်ဖို့မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ သူတို့က မနိုင်လောက်တဲ့ ပွဲထဲကိုဇွတ်ဝင်တိုးလေ့မရှိလို့ပဲ။ သူတို့ရဲ့ ပိုင်ဆိုင်မှုကိုလုချင်တယ်ဆိုရင်် သူ့ဝန်ထမ်းတွေရော သူ့အလုပ်အကိုင်ရော သူ ခန္ဓာရော အကုန်ယူလို့ရရင်ရမယ်။ ဒါပေမယ့် သူတို့ မလုပ်ချင်တာကို ခိုင်းလို့မရသလို လုပ်မယ်ဆိုတဲ့အရာတွေကို ဘယ်လိုနည်းနဲ့မှ တားလို့ရမှာမဟုတ်ဘူး။ သူတို့ဝင်ပြိုင်မယ့်ပွဲဆိုတာလဲ သူတို့ရဲ့ ဆုံးဖြတ်ချက် နဲ့ စဉ်းစားတွေးခေါ်ပြီးမှာ ဝင်တဲ့ပွဲတွေပဲဖြစ်လိမ့်မယ်။ ဒီလိုလူမျိုးကို ဘယ်လိုသွားပြီး အနိုင်ယူလို့ရမှာလဲ "

— Epictetus,Discourses,3.6.5-7

#Kira
❤7🔥2☃1
Psychology : White Knight

*manipulation tipတင်တာ မိမိကိုယ်ကိုJohanတို့Lightတို့ayanokojiတို့လိုထင်ပြီးဖင်ခေါင်းကျယ်ဖို့မဟုတ်ပါ၊ general knowledge အတွက်သာတင်ပေးခြင်းဖြစ်ပါသည်။*

What's White Knight ?

White Knight ဆိုတာကို တိုက်ရိုက် အဓိပ္ပါယ် ဖွင့်ရမယ် ဆိုရင် တော့ဖြင့်
အဖြူရောင်=White
Knight= သူရဲကောင်း ဖြစ်ပါတယ်၊ကလေးတင် မက ခွေး လဲသိပါတယ်။ ရဲစွမ်းသတ္တိ၊ တရားမျှတမှု ကို ဖော်ဆောင်တဲ့ စစ်သည်တော် တစ်ယောက်ကိုခေါ်ပါတယ်။

White Knight Manipulation

White Knight Manipulation ဆိုတာက Social-Emotional Manipulation type ဖြစ်ပြီးတော့ ကိုယ်ကြိုးကိုင်ချင်တဲ့သားကောင်အတွက် ကိုယ်ကိုယ်တိုင်ပြဿနာတွေဖန်တီးပါတယ်၊ အဲ့ပြဿနာတွေရဲ့နောက်မှာ ကိုယ်ရှိနေမှန်းဘယ်သူမှသိလို့မရပါဘူး၊အဲ့အချိန်မှာပဲ သူက Hero လုပ်ပြီး ပြဿနာ တွေ ၀င်ဖြေးရှင်းပေးတာမျိုးတွေ ၊ နှစ်သိမ့်အားပေးတာမျိုးတွေ ၊ ဂရုစိုက်နွေးထွေးမှုပေးတာ တွေ နဲ့ သားကောင်ရဲ့ ယုံကြည်မှု ကို အပိုင်ယူတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။

ဥပမာ အားဖြင့် မောင်မောင်နဲ့လှလှကရည်းစားတွေ ဖြစ်ပါတယ်၊ adm Kira က white knight ကိုသုံးပြီး လှလှကိုကြာကူလီချင်တယ်ပဲထား ၊ မောင်မောင်နဲ့ရောလှလှနဲ့ပါ ခင်မင်မှုတစ်ခုယူပြီး မောင်မောင်နဲ့လှလှကြားမှာ ပြဿနာတစ်ခုခုဖြစ်အောင် ဖန်တီးလိုက်ပါမယ်၊ အဲ့ပြဿနာတွေဖြစ်နေလို့စိတ်ညစ်နေတဲ့ မောင်မောင် ကိုကီရာက ဝင်နှင့်သိမ့်ပေးတာမျိုးလုပ်ပြီး postive energyတွေပေးပါတယ်၊ အဲ့အခါကြ ယုံကြည်မှုရသွားပါပြီ၊ အဲ့အချိန်မှာ လှလှအပေါ်ကိုမတူညီတဲ့အမြင်နဲ့မြင်အောင်လုပ်ပြီး လှလှကိုမုန်းတီးအောင် ကြိုးကိုင်ပါတယ်၊ ပြီးတော့ကီရာက လှလှနဲ့ခင်မင်မှုကိုသုံးပြီး မောင်မောင်သူ့အပေါ် သဘောထားတဲ့ ပုံစံတွေကို လှလှစီ သွားပြောပါမယ်၊ အဲ့ခါကြအဲ့ rsကပျက်စီးသွားပါပြီ၊ အဲ့အချိန်မှာ လှလှကိုအားပေးမယ်၊နှင့်သိမ့်မယ်၊လှလှသဘောကျတာတွေလုပ်မယ်၊သူနဲ့ဆိုရင်safeဖြစ်တယ်လို့ ခံစား ရအောင်ပြောမယ် အဲ့ခါကြ လှလှကသဘောကျလာပြီးတော့ မောင်မောင်ရောလှလှရောက white knight effect မိသွားပါပြီ။

White Knight Effect

ဒီလိုမျိုး White Knight Manipulation မိတဲ့ သားကောင် က အသုံးပြုသူအပေါ် ယုံကြည်မှု ရှိလာ စေပါတယ်၊ ဒါက ကြွက်ထောက်ခြောက် နားကို ရောက်ရုံလေးတင်ရှိပါသေးတယ်၊ White Knight user က သားကောင်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်လိုက်တဲ့အချိန်ကြမှ ဒီ Effect ကို လုံးဝ ခံစားရမှာဖြစ်ပါတယ်(အပေါ်က ဥပမာ လိုပဲ)။ ကိုယ်ယုံကြည်ထားတဲ့လူက သစ္စာဖောက်တာကိုခံလိုက်ရတဲ့အချိန်မှာ စိတ်ဓာတ်တစ်ခုလုံး ပျက်စီးသွားစေမှာဖြစ်ပြီး ဒီနည်းကို Relationship မှာ အများဆုံးသုံးနိုင်တယ်။ White Knight user အနေနဲ့ သူဖန်တီးထားတဲ့ စက်ကွင်းထဲမှာ သားကောင် ရှိသ၍ သားကောင်ကို Brainwash အမြဲလုပ်လို့ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့သဘာဝက ကိုယ့် အပေါ်နည်းနည်းကောင်းပြတဲ့ ဘယ်သူ့ကိုမဆို အယုံလွယ်လို့ပါ။

ဒါကတော့ဒါပါပဲ ၊ ကြိုက်သလိုအသုံးချပြီး သောက်တစ်လွဲလုပ်မိလို့ လူမိသွားရင်တော့ တော်တော်ရှက်စရာကောင်းမဲ့ techniqueပါ၊ အဲ့ခါကြရန်လာမရှာဖို့မျှော်လင့်ပါတယ်။

Reactအတော်သင့်ရရင်တော့ white knight ကို defense လုပ်လို့ရမဲ့နည်းလေး တင်ပေးပါမယ်။

More Contents?
React for more guys💹💹

#Kira
❤22
လာမဲ့အပတ် ၁၆ရက်နေ့မှာ adm kiraရဲ့ မွေးနေ့ပါ ။ အဲ့ခါကြရင် adm sherlyn က ဖုန်းဘေ မဲဖောက်ပေးသွားပါမယ် ဟုတ်ကဲ့။

#Kira
🤔4❤3😭1🗿1
NO longer Human

စာအုပ်တွေအားလုံးက တစ်နည်းတစ်ဖုံ စိတ်ဝင်စားဖို့ကောင်းတယ်။ စာဖတ်သူတွေကို ပျော်အောင်လုပ်တဲ့စာအုပ်လဲ ရှိသလို စာဖတ်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး တစ်ခုခုချန်ထားရစ်ခဲ့မဲ့ စာအုပ်မျိုးစားလဲ ရှိနေပြန်ပါတယ်။

No Longer Human ဆိုတဲ့စာအုပ် ဟာ ဒုတိယမြောက်အမျိုးအစားထဲက စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ လင်းဟင်းပေါက်တစ်ခု ချန်ထားနိုင်မယ်လို့ ကျွန်တော်အာမခံပါရစေ။

ဒီစာအုပ်အကြောင်းကို မပြောခင် စာအုပ် ကိုရေးခဲ့သူ Osamu Dazai ဟာ သူ့ရဲ့ဘဝမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ၄ကြိမ် ပြုလုပ်ခဲ့ပြီး ၅ကြိမ်မြောက်မှာတော့ ကြံစည်မှုသပ်သပ်မဟုတ်တော့ပါဘူး။ No Longer Human ဆိုတဲ့စာအုပ်ကို ထုတ်ဝေပြီး ရက်အနည်းအငယ်မှာ suicideလုပ်ခြင်း အောင်မြင်သွားခဲ့ပါတယ်။

No Longer Human ဆိုတဲ့ စာအုပ် က Japanese Literature ထဲကgreat workတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရပြီး သေဆုံးသွားသောအနုပညာရှင် Osamu Dazaiရဲ့ Masterpieceတစ်ခု ပါ။

မျှော်လင့်ချက်ကင်းမဲ့ ဘဝ နဲ့ လူသားတစ်ဦးဖြစ်ရခြင်းရဲ့ အနှစ်သာရ ကင်းမဲ့မှု တွေ ကို Yozo Oba လို့ခေါ်တဲ့ ကောင်လေး တစ်ယောက်ရဲ့ အမြင်မှ တစ်ဆင့် Nihilistic ဆန်ဆန် ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပါ။

dark obscure literature အမျိုးအစား ဖြစ်တဲ့အလျောက် လူသားတစ်ဦးဖြစ်အောင် ဘယ်လိုနေရမလဲ ဆိုတဲ့မေးခွန်းတစ်ခုအပေါ် တိတိကျကျအဖြေတစ်ခုမသိရှိတဲ့ Yozo Oba တစ်ယောက်က လူတွေကိုလိမ်လည် လှည့်ဖျားရင်း ၊ ငြီးငွေ့ဖွယ်ရာ ဘဝကြီးကို ရီစရာဟာသ​တွေနဲ့ မျက်ကွယ်ပြုထားရင်း အသက်ရှင်နေခဲ့ပါတယ်။ Yozoဟာ သာမန်လူသားတွေရဲ့အပြုအမူတွေကိုနားမလည်နိုင်သကဲ့သို့ အနာဂတ်ကို စိတ်ဝင်စားခြင်းအလျင်းမရှိ၊မည်သည့်အရာကိုမှ ယုံကြည်ခြင်းမရှိပါပဲ ဖြစ်ကတတ်ဆန် ဘဝကိုနေထိုင်ရင်း မိမိကိုယ်ကိုယ် မျိုးစုံဖျက်စီးနေပုံက သာမန် စာအုပ်တွေနဲ့ ကွဲထွက်တဲ့အမြင်တစ်မျိုးကို ပေးစွမ်းနိုင်မယ်လို့ထင်ပါတယ်။ သူ့ဘဝရဲ့ အ​ပြောင်းအလဲအဖုံဖုံကြားက melancholist ( someone who has passive depression) person တစ်ဦးရဲ့ အမြင်တွေ ရှု့ထောင့်တွေ ကို ကျွန်တော်တို့အနေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဖတ်ရှု့ရမှာပါ။

ဒီစာအုပ်ကို "မျက်နှာပျောက်နေသူ" ဆိုတဲ့နာမည်နဲ့ ဆရာတင်ဦးခက် ဘာသာပြန်ထားပေးပါတယ်။ Englishစာ Intermediate လောက်ရှိရင် Pdf Fileတွေ google or any websiteမှာမရှားပါဘူး။

"As long as I can make them laugh, it doesn’t matter how, I’ll be alright. If I succeed in that, the human beings probably won’t mind it too much if I remain outside their lives. The one thing I must avoid is becoming offensive in their eyes: I shall be nothing, the wind, the sky."

-No Longer Human, by Osamu Dazai


#Kira
❤21👏2🥰1🍓1
Osamu Dazai နှင့် ၎င်း၏ Great Work တစ်ခု "No Longer Human"

#Kira
❤12❤‍🔥3🥰1🍓1
Machiavellianism

Machiavellianism ဆိုတာက
ဘာလဲ ။
psychology,philosophy,political နဲ့အနည်းအငယ်ထိတွေ့ဖူးသူတိုင်းသိကြသလို ထိတွေ့ချင်သူများလဲ သိနိုင်အောင်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

Machiavelliansim အကြောင်းကိုမပြောခင်
သေချာပေါက်သိရမှာက Niccol Machiavelli (နီကိုးလိုး မာခီယာဗဲ့လီ) အကြောင်းပဲ ဖြစ်ပါတယ်။

မာခီယာဗယ်လီဟာ 16ရာစု အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်ပြီး အများနဲ့မတူတဲ့နိုင်ငံရေးအတွေးအခေါ်တွေကြောင့်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။
သူသေဆုံးပြီးနောက်မှာ " The Prince (ခ) ဂန္ထဝင် ဦးသျှောင် မင်းသားလုပ်ထုံးကျမ်း " နဲ့ "Discourses on Livy" ကျမ်းနှစ်ကျမ်း လူသိများထင်ရှားခဲ့ပါတယ်။
မာခီယာဗဲ့လီကြောင့်ပဲ Machiavellianism ဆိုတာတည်ရှိလာတာပါ၊ သူ့ရဲ့နိုင်ငံရေးအတွေးအခေါ်ဒဿနတွေ၊ ပလ္လင်ဆိုင်ရာအရှုပ်တော်ပုံတွေကိုဖြေရှင်းတဲ့နည်းလမ်းတွေ၊ စတာတွေက Machiavellianism ဆိုတာဖြစ်လာခဲ့ပြီး ဒီလို21ရာစုမှာ politicalသတ်မှတ်ချက်တစ်ခုမဟုတ်တော့ပဲ
Mentality တစ်ခုအဖြစ် ရုပ်ကြွင်းဖြစ်လာတော့တာပါပဲ။

အခု မာခီယာဗယ်လီ ကျမ်းနှစ်ကျမ်းထဲက THE PRINCE က ကျွန်တော့်မှာရှိပါတယ်။ Discourses on Livy ကတော့ internetပေါ်ကပဲ ရှာဖတ်လိုက်ထားပါတယ် ။
ကျမ်းငယ်လေးဖြစ်ပေမဲ့ အခန်းများပြီးတင်ပြထားတဲ့အချက်လက်တိုင်းက ရက်စက်မှုကိုအားပေးထားပြီး သူ့ခေတ်သူ့အခါအပါဝင်၊ယနေ့ခေတ် ဒီချိန်ထိ လက်သင့်ခံဖို့ရာခက်ခဲစေပါတယ်။

Machiavelli က ရလဒ်ပဓာနဝါဒီ
(Consequentialism) တစ်ဦးဖြစ်ပြီး ရက်စက်မှုဆိုတာလိုအပ်ရင်လုပ်ရမယ်၊လုပ်ရင်တောင် မိမိရဲ့နောက်လိုက်တွေ မျက်လုံးထဲမှာကိုယ်သတ်သမျှ သွေးတွေကပန်းတွေဖြစ်နေအောင်လှည့်စားထားနိုင်ရမယ်။
ကောင်းခြင်းဆိုးခြင်း ဆိုတဲ့သဘာဝနိယာမကြားမှာ အသုံးကျခြင်းကိုသာဦးစားပေးရမယ်။ တစ်လောကလုံးဆိုးနေပြီးကိုယ်ပဲကွက်ကောင်းနေလို့လဲမရဘူး၊ ကိုယ်ပိုင်အရင်းအမြစ်နဲ့ရှင်သန်ရမယ်။

အချစ်နဲ့အမုန်းက တစ်နေရာတည်းတည်ရှိဖို့အတွက်အလွန်ခက်ခဲနေမယ်ဆိုရင်တော့ ချစ်ခံရတာထပ်မုန်းခံရတာကပိုလုံခြုံပါတယ်တဲ့။
ချစ်ခြင်းကိုပေးသူအတွက် ချစ်ကြသူတိုင်းမုန်းလွယ် ပစ်လွယ်သလောက် အမုန်းကြီးပြီးရက်စက်သူကိုတော့ လူအများမေ့ရခက်ပါတယ်။

ဒါမျိုးပြောလို့လူ့ဂွစအဖြစ်နေခိုင်းတာမဟုတ်ပါ၊ သူကတော့ဘုရင်အတွက်ရေးထားတာပဲ ဒါပေမဲ့ဖတ်နေတဲ့လူထဲ ဘုရင်ဖြစ်မဲ့လူလဲတစ်ယောက်မှမပါတော့ ကိုယ်ကသင်းပင်တစ်ခုခုအတွက် ခေါင်းဆောင်ဆိုတဲ့roleတစ်ခုမှာရလာပြီဆိုရင် လိုချင်တာရအောင်တွေးခေါ်ရမဲ့၊နှလုံးသွင်းထားရမဲ့ဒဿနတွေကိုဖော်ပြခြင်းဖြစ်ပါတယ်။

မိမိကိုယ်မိမိကောင်းသူလို့လဲမသတ်မှတ်၊ ဆိုးသူလို့လဲမသတ်မှတ်ပေမဲ့ အများအမြင်မှာတော့လူကောင်းတစ်ယောက်ပါဆိုတဲ့imageလေးကိုထားနိုင်မှရပါမယ်။
စည်းမျဥ်းဆိုတာက လက်အောက်ငယ်သားတွေစီကလာမဲ့အန္တာရယ်အတွက် ခေါင်းဆောင်ရဲ့ ဒိုင်းတစ်ခုဖြစ်သလို ဓားတစ်လက်လဲ ဖြစ်နိုင်ပါတယ်၊ ပြင်ပကလာမဲ့အန္တာရယ်တွေအတွက် အရင်းအမြစ်အင်အားက ဒိုင်းတစ်ခုဖြစ်သလိုဓားတစ်လက်လဲဖြစ်ပါတယ်။
သို့ပေမဲ့ အရင်းအမြစ်အင်အားက စည်းမျဥ်းမရှိပဲတည်ရှိဖို့ရာခက်ခဲပါတယ်။

စည်းမျဥ်းဥပဒေက ကိုယ့်ကိုရောနောက်လိုက်ငယ်သားတွေကိုပါအုပ်ချုပ်တာမျိုးဖြစ်မဲ့အစား ကိုယ်ကစည်းမျဥ်းဥပဒေရဲ့အပေါ်ကနေ ထိုစည်းမျဥ်းဥပဒေတွေကို ခွေးလည်ပတ်လိုအသုံးချပြီးနောက်လိုက်တိုင်းကိုသွားလေရာခေါ်၊စေလိုရာစေ နိုင်ဖို့သာ အသုံးချရပါမယ်။

"ကိုယ့်ရဲ့အထက်မှာဘာမှမရှိခြင်းကသာ ခေါင်းဆောင်အာဏာအစစ် လက်ဝယ်ရရှိခြင်းဖြစ်ပါတယ်။"

ဒါကတော့ Machiavellianism ရဲ့အတိမ်ဒဿနလေးတွေဖြစ်ပြီး ဒါတွေကိုဖတ်ရင်း စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တာဖြစ်ဖြစ် အန္တာရယ်များတယ်လို့ထင်တာဖြစ်ဖြစ် တောင်းဆိုချင်တာရှိရင်ဖြစ်ဖြစ် commentမှာဖြေသွားပေးလို့ရပါတယ်။
Feel Free to discuss! !

https://t.me/IknowledgeField

#Kira
❤9🎉1
Hello ,Sherlyn ပါ ဒီနေ့ sherlyn က adm Kiraရဲ့မနက်ဖြန်လာမဲ့ မွေးနေ့အတွက် phone bill 3000 ဖိုး မဲဖောက်သွားပေးချင်ပါတယ် ရှင့် ။

Subတို့လုပ်ရမှာက

" Psychologyနဲ့ပတ်သပ်တာဖြစ်ဖြစ်
Philosophyနဲ့ပတ်သပ်တာဖြစ်ဖြစ်
GreekMyths,Sicence,Cosmology,Literature  knowledgeအနှစ်တွေကို ဖတ်ချင်တယ်ဆိုရင်တော့ အောက်က channelလေးကိုJoinခဲ့ပေးလို့ရပါတယ်။ လက်ရှိadm birthdayရှိတာမလို့မွေးနေ့လဲမဲဖောက်ပေးနေပါတယ်။

https://t.me/IknowledgeField "

ဒီစာလေးကို selectယူ copyလုပ်ပြီး Group5 ခုကိုပို့ပေးရမှာပါနော်။
ပို့ထားတာကို ssယူပြီး @weirdlysherlyn00 ကိုလာပို့ပေးပါနော်။ ပြီးတော့ adm kiraရဲ့ မနက်ဖြန်ပြည့်မဲ့ အသက်ကို Sherရဲ့ Dm မှာ ခန့်မှန်းပေးပါ။ ခန့်မှန်းတာပထမဆုံးမှန်တဲ့လူ phone bill 3000k ရပါမယ်နော်။

#sherlyn
❤6
အားလုံးဘဲ မင်္ဂလာပါ ကျွန်နော်ကတော့ တရုတ်ကာတွန်းပိုင်းနဲ့ပက်သက်တာတွေတင်မယ့် admin bai xaiochunပါ cultivation နဲ့ပက်သက်တဲ့conceptတွေ novel review တွေနဲ့ အသုံးအနှုန်းတွေတင်ပေးမှာဖြစ်ပါတယ်🥰
#baixiaochun
❤4🎉1