𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Admin Dehz မှ ရေးသားတင်ဆက်သော လက်ရာတစ်ခု။
❤6😘3
Rewatching.txt
19.4 KB
❤5🥰2😘2
Who is this handsome man again?
🥰5❤2😍1
စဉ်းစားရတဲ့ အရာတွေကိုသဘောတကျအားပေးတဲ့channel ဖြစ်တဲ့အတွက် astrology zodiac ဘာညာယုံတဲ့လူတွေကိုblamingမလုပ်ချင်ပါဘူး ဒါမဲ့လူ့သဘာဝကိုက အသက်ရှင်ရမှာကခဏလေးအတွင်းမှာ ကိုယ်ဘယ်လိုလူ ဘယ်ဝါဖြစ်တယ်ဆိုတာ သိပ်သိချင်ကြတယ် ဆိုတော့ identity ကိုcrave ကြတယ်ပေါ့နော် မဟုတ်ရင်ငါဆိုတာ လစ်ဟာနေသလိုမျိုးခံစားရတာတွေလဲပါတာပေါ့နော် zodiac ဆိုတာillusion တခုပါပဲ လူတွေဆိုတာexistence ဖြစ်ယုံနဲ့မပြီးသေးဘူး meaning တွေဒါတွေပါရှာကြတာဖြစ်လို့zodiac ဘာညာတွေလဲဖြစ်လာဝာာပေါ့နော် လူကိုယ်တိုင်၌ကလည်း ဒီလူဘယ်ကစတယ် မသေချာမှုတွေခုထိ အဖြေမရှာရသေးတဲ့အရာတွေနဲ့ပြည့်တဲ့ကမ္ဘာကြီးမှာ တိကျတဲ့အဖြေတခုရဖို့ အချစ်ရေး အောင်မြင်ရေး သေဆုံးခြင်းတွေ ဒါတွေသိပ်သိချင်ကြတယ်‌‌။ အဲ့မှာ astrology ကနေ simple ans တွေပေးနိုင်ကြတယ်ဒီလောက် confusing ဖြစ်ရတဲ့world မှာပေါ့လေ။ zodiac ကိုယုံကြည်ခြင်းအားနည်းပေမဲ့ ဗေဒင်ဆရာတွေtarot လုပ်တာကိုတော့အားပေးပါတယ် ပိုက်ဆံရတာကိုး လိမ်စားတယ်လို့မပြောပေမဲ့ သက်"သာ"လေးဆရာလဲခေါ်ခံရတယ် psychologist လိုလိုtherapist လိုလိုလဲဒါလေးဟောသလိုနဲ့ခံစားစေရတယ်ဆိုတော့ ပိုက်ဆံရှာရလွယ်တာပေါ့။ဒါမဲ့လေ ဗဒင်ရဲ့ "ဒီတိုင်းပဲဆင်းလာခဲ့" နားထောင်ပြီးတဲ့အခါ မသေချာတဲ့အရာတွေမေးချင်တဲ့စိတ်လျော့လာပါစေ ပိုက်ဆံအပိုကုန်သက်သာပါစေလို့ဆုတောင်းပေးပြီး အဆုံးသတ်ကြတာပေါ့။ အားလုံးပဲကောင်းသောညလေးပါ
#Shira
❤7😘3🔥2
ငါးတွေက လေကို မြင်နိုင်သလား။
ဒီမေးခွန်းဟာ ဟာသတစ်ခုအဖြစ် ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့နေခဲ့တာကြာပါပြီ။ ဆိုတော့ ဒါကိုအတည်တကျတွေးကြည့်ရအောင်။

ကျွန်တော်တို့ပထမဦးဆုံးသိတဲ့ အဆိုပြုချက်အရတော့ "လူတွေကရေကိုမြင်နိုင်ပေမယ့် လေကိုမမြင်နိုင်ဘူး။ လူတွေက လေထဲမှာအသက်ရှူကြတာ‌ဆိုတော့ စဉ်းစားရရင် ငါးတွေက ရေထဲမှာနေပြီးအသက်ရှူတာပဲ။ ဒါကြောင့် ငါးတွေက လေကိုမြင်နိုင်တယ်။" ဆိုပြီး အခြေအမြစ်မခိုင်လုံတဲ့အကြောင်းပြချက်ကို‌ နေရာတိုင်းမှာ တွေ့ရပါတယ်။

ကျွန်တော်လည်း အစကတော့ဟာသသဘောပဲ သတ်မှတ်ပြီး ဘာမှမဟုတ်သလို ကျော်သွားမလို့ပါ။ ဒါပေမယ့် ဒီလိုမျိုး ကလေးအတွေးနဲ့ လက်ခံထားတဲ့သူတစ်ယောက်ကနေမှ ဒီဟာကိုမူတည်ပြီး အပြောခံရခြင်းကနေ ဒီစာဆောင်ကို ရေးဖို့ဖြစ်သွားတာပါ။

ကဲ ကျွန်တော်တို့ငါးတွေလူတွေဆီမသွားပဲနဲ့ မြင်နိုင်ခြင်းကို အဓိပ္ပာယ်ဖွင့်ကြည့်ရအောင်။ မြင်နိုင်တယ်ဆိုတာက ဘာများလဲ။ အလင်းရှိလို့ မြင်နိုင်တာ။

အလင်းရှိတယ်ဆို ဟုတ်ပြီ၊ နောက်ထပ်အခြေအနေက ဘာရှိသေးလဲ။ Visible Structure ရှိရမယ်။ ထုထည်တစ်ခုကို အလင်းပြန်နိုင်ဖို့က "Structure" ဆိုတဲ့အရာ ရှိကိုရှိရပါမယ်။ ‌အသေးငယ်ဆုံးသော atom ဆိုတဲ့အမှုန်ကလေးတွေကနေစပြီး ဖွဲ့စည်းထားတဲ့ ခိုင်ခံ့တဲ့ structureတစ်ခု လိုအပ်ပါတယ်။

ဒါမှ အလင်းရောင်ကျရောက်ပြီး ထုထည်ရဲ့ ရုပ်လုံးတွေ အရောင်တွေဆိုတာ ဖြစ်လာတာပါ။

အရာဝတ္ထုတိုင်းမှာက ထုထည်ဆိုတာရှိကြပါတယ်။ တစ်ချို့တွေက ကျစ်လစ်လွန်းလို့ တော်ရုံ x-rayဖောက်မရပါဘူး။ တစ်ချို့တွေကြလည်း လျော့ရဲလွန်းလို့ ဖောက်ထွင်းမြင်ရတာပါ ဖြစ်ပါတယ်။

ဒါပေမယ့် ဖောက်ထွင်းမြင်ရဖို့ကလည်း သူ့ရဲ့ဖွဲ့စည်းထားတဲ့အရာတွေနဲ့ ဆိုင်ပြန်ပါသေးတယ်။ ဒါကတော့ တခြားအကြောင်း။

ဒါ့ကြောင့် ကျွန်တော်တို့ အရာဝတ္ထုတစ်ခုကို မြင်ရဖို့ဆိုရင် အပေါ်ကအချက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။

အရာဝတ္တု‌တွေက structureရှိတယ်ဆို ရေကလည်း structureရှိပြီး လေကလည်း သူ့ကို ဖွဲ့စည်းထားတာတွေ ရှိတယ်မဟုတ်ဘူးလား။ ရှိတာကရှိပါတယ်။

ပေမယ့်လို့ ဝတ္တုနဲ့ ရေ(အရည်)မှာက သူတို့က သူတို့ကိုဖြစ်တည်စေတာတွေနဲ့က ခိုင်မြဲနေအောင် ချိတ်ဆက်ပြီးမှ ဖြစ်တည်လာကြတာပါ။ ပရမ်းပတာနိုင်သည်ဖြစ်ပါစေ၊ ပုံစံကျသည်ဖြစ်ပါစေ၊ ခိုင်မြဲနေအောင် ချိတ်ဆက်ပြီးမှ ဖြစ်တာပါ။ သံယောဇဉ်ဟာတော့ မခိုင်မြဲလို့ မမြင်ရတာပါ။ ခိုင်မြဲလွန်းရင်လည်း မြင်ရမှာမဟုတ်ပါဘူး။

အဲ့တော့ ဆိုရင်းသဘောအရ လေကိုဖွဲ့စည်းတာမှာ လျော့ရဲလွန်းပါတယ်။ အငွေ့တွေဘာတွေ၊ ဥပမာ ဘရိုမင်းတို့ မီးခိုးတို့ ဆေးလိပ် e-cigaretteတို့ကနေထွက်တဲ့ အငွေ့တွေပါ။ သူတို့က အစမှာတော့ ပုံစံပေါ်ပေမယ့် ထိတွေ့ကိုင်တွယ်လို့လည်း မရသလို ခဏအကြာမှာ လေထဲနေရင်းပျော်ဝင် ပျောက်ကွယ် သွားကြတာကို တွေ့ရမှာပါ။

သူတို့မှာက သေချာတဲ့ "structure"မရှိပါဘူး။ ဒါ့ကြောင့် လေဟာ မြင်လို့မရတဲ့အရာတစ်ခုပါ။

ဒါဆို ငါးတွေက လေကိုမြင်နိုင်သလား? လုံးဝမမြင်ရပါဘူး။ ရေကိုပဲမြင်ရပြီး လေကိုမြင်ရမှာမဟုတ်ပါဘူး။ သိုင်းတန်ခိုးရှင်တွေက လေထဲကရောင်ဝါတွေမြင်နိုင်တယ်‌ဆိုတာ အဲ့ရောင်ဝါက ယင်ယန်အမှုန်လေးတွေကနေဖွဲ့စည်းဖြစ်တည်လာတဲ့ ထုထည်ရောင်ဝါမို့လို့ပါ။

အဲ့တော့ ငါးတွေကရေကိုပဲမြင်ရပြီး လေကိုမမြင်နိုင်ပါဘူး။ ပြီးရင် ကျွန်တော်တို့ရေကိုမြင်နိုင်တာထက် သူတို့က ပိုကောင်းအောင်တောင် မြင်ရနိုင်ပါသေးတယ်။ ကမ္ဘာ့မျက်ဆံလွှာအကောင်းဆုံးမျိုးစိတ်ကတော့ "" လို့ခေါ်တဲ့ ပုဇွန်မျိုးစိတ်တစ်ခုပါပဲ။ လူသားတွေမှာက ၃ ခုပဲပါတဲ့""က သူ့မှာက ""ခုတောင် ပါနေပါတယ်။ ပေမယ့် အဲ့အကောင်လည်း လေကိုမြင်နိုင်မှာမဟုတ်သလို သိုင်းတန်ခိုးရှင်တွေကလည်း လေကိုမမြင်နိုင်ပါဘူး။

"ငါးက ရေကိုနောက်အောင်လုပ်ပြီး ထွက်ပြေးတယ်။" ဆိုတဲ့စကားပုံကလည်း ဒီစကားကို သက်သေပြုနေသလိုပါပဲ။

အပေါ်က အငြင်းလာပွားတဲ့လူကိုလည်း ဒီလောက်ပဲရှင်းပြလိုက်တာ ပြန်မပြောနိုင်တော့ တိတ်သွားရှာပြီး ဇာတ်လမ်းလေးကလည်း ဒီလိုအဆုံးသတ်သွားပါတယ်။

ဒါ့ကြောင့် နောက်ဆုံး conclusionအနေနဲ့လာရရင် ငါးတွေဟာ လေကိုမမြင်နိုင်ဘဲ ရေကိုပဲမြင်ရတာပါ။ ဘယ်သက်ရှိအတွက်မဆို ဒီအချက်ဟာ မပြောင်းလဲပါဘူး။ ဒီလိုပဲ သဘောထားတွေဟာ မပြောင်းလဲနိုင်ဘူးလို့ ထင်ခဲ့ပြီး မမြင်နိုင်ခဲ့တဲ့ ဒီလူသားကလည်း တကယ်ပဲ တုံးလွန်းလှပါတယ်။

‌
#Dehz@IknowledgeField
❤9🔥2😍2🍓1
သင်္ကြန်ရောက်ဖို့ လိုသေးပေမဲ့ စိတ်က နွေဦးမှာကဖို့ပဲ တွေးနေမိတော့ အားလုံးကိုလဲ သင်္ကြန်အနံ့လေးရမိစေဖို့
အကောင်းစားသင်္ကြန်
-----------------------
01 ပိတောက်လက်ဆောင်-မေဆွိ
02 သင်္ကြန်မိုး-နောင်+ဟေမာနေဝင်း
03 ချမ်းတုံ့ချမ်း-ကော်နီ
04 မြူးမြူးကြွကြွ-ရန်အောင်+ဟေမာနေဝင်း
05 နွေမ-ရဲအောင်
06 ဟောတော့ -ကော်နီ
07 မဏ္ဍပ်တိုင်းမှာတို့ရှိတယ်-လွှမ်းမိုး
08 ရှာပုံတော်မင်းသားကြီး-နီနီဝင်းရွှေ
09 မမကိုယ်တိုင်က-နောင်
10 ချမ်းပါတယ်-ပိုးဒါလီသိန်းတန်
11 ကမယ်ဆို တီးပါမယ်-နောင်
12 ဟေမာညိုမြ-ဟေမာနေဝင်း
13 သင်္ကြန်စုံတွဲ-အံ့မော်ဦး+ပိုးဒါလီသိန်းတန်

Crd to ၇၀၊၈၀၊၉၀ခုနှစ် သီချင်းသည်များ channel on Facebook

#Roi
1❤7🥰6🐳1
ပြီးပြည့်စုံတဲ့ဘဝလား ငြီးငွေ့ဝမ်းနည်းစရာဘဝနေထိုင်မှုကြီးလား။

မနက်ပိုင်း ၅ နာရီလောက်ထပြီးကျောင်းတက်ဖို့ပြင်ဆင်တယ် ကျောင်းကတော့ ၅ နာရီပဲတက်ရမှာဖြစ်တာကြောင့် ၆ ခွဲအတန်းစမှာဖြစ်တာကြောင့်အမြန်ကျောင်းကို Bus ကားတစ်နာရီလောက်စီးပြီးကျောင်းသွားခဲ့တာပေါ့ မနက်ပိုင်း‌ဆိုတော့ Bus ကားကရုံးသမားတွေဘာညာတွေပြည့်နေတော့လူကျပ်တယ်ဒါပေမဲ့သူတို့ကလမ်းတစ်ဝက်မှာဆင်းသွားကြတာကြောင့်လူတော့ချောင်သွားတယ် ၆ နာရီ အတိလောက်ရောက်တာကြောင့်ကျောင်းအတွင်းလဲမဝင်ချင်သေးတာကြောင့် ပန်းခြံလေးရှိတာကြောင့်ပန်းခြံဘေးနားလေးကဆိုင်လေးမှာပဲသောက်စရာစားစရာဝယ်ပြီးမနက်စာထိုင်စားနေပါလေရောငယ်ငယ်တုန်းက‌ကျောင်းကားသို့မဟုတ်အမေလိုက်ပို့သလိုမဟုတ်တော့လွတ်တော့လွတ်လပ်တာပေါ့။ စားပြီးတာနဲ့ ကျောင်း‌ချိန်မကျသေးတာမလို့လမ်းလေးပတ်လျှောက်ပြီးအတွေးလွန်နေပါလေရဲ့ ၆ ခွဲတော့မဲ့အခါမှာတော့ ကျောင်းတွင်းထဲဝင်ပြီးသင်စရာသင်တဲ့လုပ်ငန်းစရတော့တာပေါ့။ ကျောင်းကတော့ပျော်စရာကောင်းပါတယ် ကျနော်ကတော့အငယ်ဆုံးလို့တောင်ပြောရပါတယ် အဲ့ကလူတွေက ၂၄ တွေ ၂၅ တွေလဲရှိသလို ၂၀ ဝန်းကျင်တွေလဲရှိပါတယ်။ သူတို့နဲ့နှုတ်ဖြစ်ပါတယ်နေ့တိုင်း Project တွေ Assignment တွေ Discussion တွေကလူတွေမပါမဖြစ်ပဲကိုတစ်နေ့တစ်မျိုးတော့မရိုးရပါဘူး ဒါပေမဲ့ ဒီလိုဖြစ်နေတာတောင်ရင်ထဲဟာနေတုန်းပဲဘာကဟာတာလဲတော့မသိဘူး။

၁၂ ထိုးခါနီးလောက်ကျ‌ဆင်းရတော့ အိမ်ကိုတစ်နာရီ‌လောက်စီးရတဲ့ခရီးကိုမသွားခင်ဘာလုပ်မလဲ လျှောက်ပတ်ကြည့်တာပေါ့ဗျာ။ ဂိမ်းဆိုင်လေးသွားလိုက် ၊ မုန့်ကလေးထိုင်စားလိုက်၊ ဘုရားထဲဝင်လိုက်နဲ့ဘဝကြီးကတော့သာယာနေတာပါပဲ ဒါပေမဲ့တစ်ခုတော့လစ်ဟာနေသေးပါတယ်။ အိမ်လဲပြန်လာရော အိမ်ကိုတန်းမပြန်ခင် Classmate ဟောင်းတွေနဲ့တွေ့တော့သူတို့နဲ့စကားပြောဖြစ်ဘာဖြစ်တွေရှိပါတယ် ဘာပဲလုပ်ရလုပ်ရ အိမ်တော့မပြန်ချင်ဘူး အိမ်ကိုချစ်တာ‌လဲကျနော့်လေုက်ဘယ်သူမှမရှိဘူး အိမ်လည်းမပြန်ချင်ဘူး ဘယ်လိုကြီးလဲ။ ဘာလို့လဲနည်းနည်းရှင်းရရင် အိမ်ရောက်ရင်တစ်ယောက်တည်းပဲဖြစ်သွားတာပဲ နေ့စဉ်ဘဝကြီးကို Screen နောက်ကပဲဆက်သွယ်နေရတာ ကောင်မလေးလည်းကျနော်ရှိတယ် ကောင်မလေးကိုလည်းအပြင်မှာတွေ့ချင်တယ် ဒါပေမဲ့ဝေးတော့မတွေ့ရဘူးအထီးကျန်တာပေါ့ ညဘက်တော့အကြာကြီးပြောဖြစ်ကျတယ် နေ့ဘက်ကတော့လစ်ဟာနေတဲ့ဟင်းလင်းပြင်ကြီးပေါ့။

အမှန်တကယ်တော့ လစ်ဟာနေတယ်ဆိုတာကဘာမှတော့မဟုတ်ပါဘူး ဒီတိုင်းလွတ်လပ်တယ်ထင်ပြီးကိုယ်လုပ်ချင်ရာလုပ်နေတဲ့အရာရဲ့နောက်ကွယ်မှာရှိတဲ့အထီးကျန်ဆန်မှုကြီးကိုမကြိုက်လို့စိတ်အပန်းဖြေပြီး အပေါက်ဖာဖို့အရာတစ်ခုခုလိုက်ရှာနေသလိုပါပဲ။ မနက်ဖြန်လဲမရောက်ချင်ဘူး ဖြစ်နိုင်ရင်အိပ်ပြီးသာအချိန်တွေကုန်ဆုံးသွားချင်တယ် တစ်ယောက်တည်းရှိရတာလဲကြိုက်တယ် တစ်ယောက်တည်းရှိရတာလဲမုန်းတယ်။ ငြိမ်းချမ်းယောင်ပေါ်နေပေမဲ့ အနှစ်သာရဘာမှမရှိသလိုပါပဲ ဘာလုပ်ကိုင်ရမလဲမသိဘူး ဘာလို့ရှေ့ဆက်နေလဲလည်းမသိဘူး ဘာလို့သင်တန်းတက်/ကျောင်းတက်နေရလဲလည်းမသိဘူးအမြင်တွေဝေဝါးနေခဲ့ပြီ။

သာမန်လူ
20❤14🤔2😘2☃1🔥1🐳1
“I’m doing this for me. I can’t live with what I did anymore. You’re wrong. They won’t win. Because one good thing came out of all of this; they showed themselves — the top one percent of the one percent, the ones in control, the ones who play God without permission. And now I’m gonna take them down. All of them.”


"ဒါငါ့ကိုယ်ငါအတွက်လုပ်နေတာ၊ ငါဒီလိုတွေလုပ်ခဲ့ပြီးမှ ဆက်အသက်မရှင်နိုင်တော့ဘူး၊ မင်းမှားနေပြီ သူတို့က နိုင်ရမဲ့လူတွေမှမဟုတ်တာ ။ ဒီလိုပြဿနာတွေကြားထဲမှာ အဲ့ကောင်‌တွေ ရုပ်လုံးပေါ်လာရပြီလေ ၊ ကမ္ဘာကြီးရဲ့ အထက်တန်းစား 1% ထဲက 1% ပါဆိုတဲ့ကောင်တွေ လေ အားလုံးကို ထိန်းချုပ်နိုင်တဲ့ကောင်တွေ ၊ ဘယ်သူ့ခွှင့်ပြုချက်မှမရပဲ ဘုရားတက်လုပ်နေတဲ့ ကောင်တွေ ၊ အခုငါသူတို့အကုန်လုံးကို ဖြုတ်ချပစ်မယ် "

- Mastermind,Mr.Robot
❤8😘4🔥1
Existential Content တွေချည်းပဲဟ
#Lunatic
😍4😘2
Groupပြန်ရပါပြီ
#Lunatic
❤8😍2