𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Machine , Are You Learning ?

ဒီတစ်ခုက admin Lunatic အရင်ကတင်နေကြအတိုင်း Philosophy တွေ Ideology တွေမဟုတ်ပါဘူး ။ ကျွန်တော် ခုလေ့လာနေတဲ့ နယ်ပယ်ထဲက စိတ်၀င်စားဖို့ကောင်းတာလေး‌တွေ cut out လုပ်ပြီး ရေးပေးသွားမှာပါ။ ခုလိုခေတ်မှာ မသိတဲ့လူမရှိသင့်တဲ့ Field တစ်ခု နဲ့ AI အကြောင်းပါ ။AI အကြောင်းဆိုလို့ AI ဘယ်လိုသုံးရမလဲပြောပြမှာမဟုတ်ပဲ သူတို့ရဲ့ structure တွေ၊ အမျိုးအစားတွေကို ရှင်းပြသွားမှာ ပါ ၊ ဒီဆောင်းပါးကို အဓိက အားဖြင့် Andrew Wolf ရဲ့ Machine Learning Simplified ဆိုတဲ့စာအုပ်ကနေ reference ယူထားပါတယ် ။ ကျွန်တော်တင်ဖူးသမျှထဲမှာ နည်းပညာ အဆန်ဆုံး အရာဖြစ်တာမလို့ အမှားတစ်စုံတစ်ရာပါခဲ့ရင် Feel Free to point out !

ဆိုတော့ AI တွေဆိုတာ 2020 နောက်ပိုင်း လောက်က Chat GPT တွေဘာတွေပေါ်လာမှ နည်းပညာနယ်ပယ်ကမဟုတ်တဲ့လူတွေနဲ့ရင်းနှီးလာခဲ့တာဖြစ်ပါတယ် ။ အမှန်ကတော့အရင်တည်းက ရှိခဲ့တဲ့ နည်းပညာ ပါ ပဲ ။ 2020 နောက်ပိုင်းမှနာမည်ကြီးလာတာ က "AI" ဆိုတဲ့ sci - fi ဆန်ဆန် အသုံးအနှုန်းကြောင့်လဲဖြစ်မယ်ထင်မိပါတယ် ။

Artificial Intelligence (AI) ဆိုတာက လူသားဉာဏ်ရည် နဲ့ မှလုပ်ဆောင်လို့ရမဲ့ ကိစ္စ၀ိစ္စ တွေကို ဆောင်ရွက်နိုင်တဲ့ Computer System တွေ ကို တည်ဆောက်ခြင်း လို့ သတ်မှတ်လို့ရနိုင်ပါတယ် ။

“AI is broadly defined as building computer systems that can perform tasks requiring human intelligence.”

- Machine Learning Simplified,Andrew Wolf

( ဒီနေရာမှာ Wolfပြောပုံအရဆိုရင် Ai ရဲ့ နဂို မူရင်း terminology ကိုက Field တစ်ခုရဲ့အမည်ပါ ၊ ဒါ့ကြောင့် တည်ဆောက်ခြင်း : Building လို့ သုံးနှုန်းသွားတာပါ ၊ အောက်မှာ တော့ နမူနာ productionတွေ ကိုဖော်ပြထားပါတယ် )

(1). ဓာတ်လှေကားတွေမှာ ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ နှိပ်တဲ့ခလုတ်ခေါ်ဆောင်ရာ အထပ်ကို ပို့ဆောင်ပေးနိုင်တာတွေ
(2). သင့်စီ ရောက်လာတဲ့ E-mail တွေက authentic ဖြစ်လား or Spam ဖြစ်နေလား ဆိုတာတွေ ကိုခွဲခြမ်းစိတ်ဖြာပြီး Spam Folder ထဲ ထည့်သင့်မထည့်သင့် ကို သင်မြင်တောင်မမြင်ရတဲ့ system လေးက စီစစ်ပေးနေတာတွေ
(3). Self-drive car တွေမှာဆိုရင် မီးနီကို detect လုပ်တာတွေ အခြား car တွေ ဟို‌ကွေ့မလားဒီကွေ့မလား စသည်ဖြင့် ခန့်မှန်းပြီး မောင်းပေးနေရတာတွေ


စတဲ့ Machine System တွေအကုန်လုံးတွေက " if - then " program ကိုအခြေခံထားတဲ့ AI တွေဖြစ်ပါတယ် ။ researcher အချို့က သူတို့ရဲ့မတူညီတဲ့ Complexity တွေအပေါ်အခြေပြုပြီး Category တွေခွဲထားပါတယ်။

Basic AI တွေက အရိုးရှင်းဆုံးဖြစ်ပြီး past experience ကနေ သင်ယူနိုင် တာမျိုးမရှိပါဘူး ။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုပဲ လူသားတွေ program ရေးဆွဲပေးထားတဲ့အတိုင်းအတိအကျ React လုပ်နိုင်ပါတယ် ။ အထက်က ဖော်ပြခဲ့တဲ့ Smart Elevator လို့မျိုး အရာတွေဖြစ်ပြီး လူသားတွေနဲ့ အချိန်တော်ကြာ ရင်းနှီးနေတဲ့ ကြောက်စရာမလိုတဲ့ machine system တွေသာဖြစ်ပါတယ် ။

Limited AI တွေက အပေါ်ကလို လူသားတွေ အတိအကျ ဘာလုပ်ပါ၊ညာလုပ်ပါ ဆိုပြီး ခိုင်းစေတာမျိုးမဟုတ်ပဲ အခြေအနေအသစ်တွေအတွက် ဆုံးဖြတ်ချက် အသစ်တွေ ချနိုင်အောင် Data တွေအများကြီး ကျွေး‌မွေးထားရတဲ့ Model တွေဖြစ်ပါတယ်။
ဥပမာကတော့ အပေါ်ကပြောတဲ့ Email Spam Detector ပဲဖြစ်ပါတယ် ။

AI ဆိုတာ Chat Bot တွေ Tools တွေကိုခေါ်တာတင်မဟုတ်ပဲ Field တစ်ခုလုံးကို ခေါ်တာ ဖြစ်ကြောင်း အပေါ်မှာရှင်းပြထားပါတယ် ။ AI ဆိုတဲ့ ကြီးမားတဲ့ umbrella အောက်မှာ subfield တွေအများကြီးရှိပါတယ် ။ အဲ့ထဲက မရှိမဖြစ် subfield ကတော့ Machine Learning ဖြစ်ပါတယ် ။

Machine Learning ဆိုတဲ့ Field က အထက်ကဖော်ပြထားတဲ့ Limited Ai တွေကို တည်ဆောက် ဖန်တီးရတဲ့ နယ်ပယ်ဖြစ်ပါတယ် ။ သင် search bar မှာ "pregnancy" လို့ရှာထားပြီး နောက် နှစ်ရက်လောက်ထိ အဲ့လို pregnancy နဲ့ပတ်သပ်တာတွေ သင့် NewFeed ပေါ်မှာတက်လာတာက သေချာဒီဇိုင်းဆွဲထားတဲ့ ML Algorithm တွေကြောင့်ဖြစ်ပါတယ် ။

Advanced AI တွေက အပေါ်က self drive car လိုမျိုး လူတွေလို ကားမောင်းနိုင်တာတွေ ၊ ရုပ်ကို scan ဖတ်ပြီး မှတ်မိနိုင်တာတွေ ၊ လူတွေနဲ့အပြန်အလှန်စကားပြောနိုင်တာတွေ( Chat Bots ) ၊ လူတွေရဲ့ လေသံ ၊ emotional tone အလိုက် ပြန်ပြီး တုံ့ပြန်ပေးနိုင်တာတွေ ‌ပါ ။

Superintelligence တွေကတော့ လူသားတွေရဲ့ ဉာဏ်ရည်ကိုကျော်လွန်ဖို့ဆိုတဲ့ စိတ်ကူးရည်မှန်းချက်သာသာပဲရှိပါသေးတယ် ။

ဆိုတော့ အဲ့ အထက်ပါ စက်ပစ္စည်းတွေက တစ်ကယ် Intelligent ရှိလားဆိုတာနဲ့ပတ်သပ်ပြီး ကတော့ သိပ်ကို Philosophy ဆန်တဲ့ မေးခွန်းတစ်ခုပါပဲ ။ သက်ရှိသတ္တဝါ မဟုတ်တဲ့အရာတစ်ခု ဉာဏ်ရည်ရှိမရှိဆိုတာမျိုးကို ဆွေးနွေးဖို့က intelligent ဆိုတာကို ကျွန်တော်တို့လက်ရှိ အချိန်ထိ ဘယ်လိုလက်ခံသုံးနှုန်းလာခဲ့ကြသလဲဆိုတဲ့ Linguistic ကနေ စတင်ရမယ်လို့ ကျွန်တော်ထင်မိပါတယ် ။

THINKER တို့အနေနဲ့ ဒါမျိုးတွေ စိတ်၀င်စားတယ်ဆိုရင် နောက်တစ်ပိုင်းမှာ Machine Learning နဲ့ပတ်သပ်ပြီး ထပ်မံတင်ပေးသွားပါမယ် ။

အရမ်းရှည်မှာဆိုးလို့ ဒီလောက်နဲ့ပဲရပ်လိုက်ပါရစေ ။

#Lunatic
❤5🔥2
🎄🎄 and thanks for supporting us guys.
Love y'all.
❤️

#AdmSake
Please open Telegram to view this post
VIEW IN TELEGRAM
❤10⚡3☃2💘2👀1
The world's first video game

သို့မဟုတ် 69 ဂိမ်း


---------


Merry Christmas ပါ ကိုယ့်လူတို့ ☃️

ဂိမ်းအသစ်ထွက်လာတာနဲ့နည်းတူ TikTok ပေါ်မှာ Where Winds Meet ဆော့တဲ့လူတွေ လက်နှစ်ချောင်းဂိမ်မာလေးတွေကို ဖြုတ်နေတာလေးတွေ တွေ့လို့ Idea ရှိနေတာကတစ်ကြောင်း ၊ Collaboration Post အဖြစ်နဲ့လည်းကောင်း ဒီ Content ကိုရေးလိုက်တယ်ပေါ့ဗျာ ။

ကျွန်တော်တို့တစ်တွေ ကမ္ဘာ့ ပထမဆုံး Video Game ဖြစ်လာတဲ့ ခုနှစ်စီကို ပြန်ခရီးသွားကြရအောင် ။

• 1952 လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ လန်ဒန်မြို့ရဲ့ အဖြူအမဲ မီးခိုးငွေ့ တွေ ပဲဖြစ်ဖြစ် ၊ ဆရာဟဲမင်းဝေရဲ့ The Old Man and the Sea ၀တ္ထု ကိုပြေးမြင်ခဲ့တာပဲ ။

နောက်ပြီးတော့ လူတစ်ကိုယ်စာလောက်ကြီးတဲ့ ကွန်ပြူတာကြီးတွေရောပေါ့လေ ။

အဲ့လို ကွန်ပြူတာကြီးတွေထဲမှာ ရိုးရှင်းတဲ့ Game Program လေးတစ်ခု စတင်ခဲ့ပြီး ခုလို MMO RPG Game တွေ နဲ့ အခြား High-performance game တွေ ထိ လမ်းစဖောက်ပေးနိုင်ခဲ့ပါတယ် ။ အဲ့ ရိုးရှင်းတဲ့ Game Program လေးဆိုတာကတော့ ကမ္ဘာ့ ပထမဆုံး Video Game လို့ တင်စားခေါ်ဝေါ်ကြရတဲ့ OXO ဆိုတဲ့ ဂိမ်းဖြစ်ပါတယ်။


University of Cambridge က
"Alexander S. Douglas" လို့ အမည်ရသူ က ဖန်တီးခဲ့တာ ။


ကျောင်းမှာပျင်းရင် အတန်းဖော်တွေနဲ့ ဆော့ရတဲ့ tic-tac-toe ဂိမ်းကို သိကြတယ်မလား ၊ မျဉ်းကြောင်းလေးတွေတားပြီး အဝိုင်းနဲ့‌ကြက်ခြေခတ်နဲ့ ဘယ်သူ ပိုတန်းလဲ ပြိုင်ရတာမျိုးလေ ။ OXO က ပထမဆုံးဂိမ်းအဖြစ်နဲ့ tic-tac-toe ကို ကွန်ပြူတာပေါ် တင်ပေးခဲ့တာပဲ ။

အဲ့တုန်းကတော့ ခုခေတ်လို Multiplayer ဆော့ပြီး ဆဲလို့ဘယ်ရမလဲ ကွန်ပြူတာနဲ့ပဲ ယှဉ်ဖိုက်ခဲ့ရတာ။ ကွန်ပြူတာတောင် ခုခင်ဗျားတို့ သုံးနေကြတဲ့ PC အကြမ်းစားတွေ မဟုတ်ဘူး ၊ အခန်းတစ်ခန်းစာလောက် ရှိတဲ့ "EDSAC" လို့ခေါ်တဲ့ ကွန်ပြူတာကြီး‌တွေထဲမှာ Run ကြရတာ ။ အဲ့တုန်းက အဲ့လိုကွန်ပြူတာတွေကို Research Purpose အနေနဲ့ပဲသုံးခဲ့ကြတာပါ ၊ ယခုခေတ်လို Entertainment အနေနဲ့ မမြင်ခဲ့ကြဘူး လေ ။

အစက်လေးတွေနဲ့ပဲပုံဖော်နိုင်တဲ့ CRT screen ကြီး ပေါ်မှာ Player တွေက သူတို့ ဘယ်နားမှာ အကွက်ချမလဲဆိုတာကို ရှေးခေတ်က လှည့်ပြီး ဂဏန်းရွေး ရတဲ့ telephone dialကြီး ကိုသုံးပြီး အကွက်ချခဲ့ရတာ ။

6 ကိုရွေးရင် O ဖြစ်ပြီး 9 ကိုရွေးရင် X တဲ့ဗျာ ၊ 69 ဂိမ်းပေါ့ဗျာ ခေါ်ရတော့တစ်မျိုးကြီးပဲ ။

အဲ့အချိန်အတွင်းမှာ OXO ကို လူထုကို ချပြခဲ့တာမျိုး ၊ ရောင်းချခဲ့တာမျိုးလဲ မရှိပါဘူး ၊ Creator နဲ့ နီးစပ်သူအနည်းစုပဲ ကစားခွှင့်ရခဲ့ကြတာ ၊ Creator စီမှာလဲ Gaming Industry ကြီးတစ်ခုလုံးကို စတင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူးတဲ့ ( he told me that :3 ) ။

နောက်တစ်ခုရှိသေးတယ် Tennis for Two ဆိုတာလေးဗျ ၊ ဒီကောင်က နည်းနည်းဆန်းတယ် electric signal တွေကိုပဲ ပြနိုင်တဲ့ oscilloscope လို့ခေါ်တဲ့ Device မှာဆော့ရတာ ၊ နည်းနည်း နောက်ကျတယ် OXO ထပ် ၊ William Higinbotham လို့အမည်ရတဲ့လူကထွင်တာ ။
ဒါပေမဲ့ဒီဂိမ်းကတော့ ခုခေတ်မှာသာ Video Game လို့ခေါ်ကြတာဗျ digital computing သုံးခဲ့တာမဟုတ်တော့ First Video Game လို့ခေါ်ဖို့ခက်တယ် ။

ဒီ Christmas မှာ အိမ်တွင်းအောင်းပြီး gameတွေတဝကြီးထိုင်ဆော့ချင်တယ်ဆိုရင် အောက်ကchannel လေးကို join ထားလို့ရပါတယ်ဗျ။

https://t.me/offlinegame99 ( လောင်းကစား မဟုတ်ပါ )

#Lunatic
❤7😍2🥰1
The world's first video game

သို့မဟုတ် 69 ဂိမ်း
---------
ဖတ်ရန်နှိပ်ပါ ။

https://t.me/IknowledgeField/669

#Lunatic
🔥5😍2❤1😘1
၈ နာရီကြ ရင် ခရစ်စမတ် နောက်ကျ Give away လေးလာမယ်နော် ကိုယ့်လူတို့ ။
#Lunatic
🤩4❤3😘2😍1
Xmast Giveaway 🎁
_

၂၀၂၆ ရောက်ခါနီး ကိုယ့်ကိုယ်ကိုယ် Level up လုပ်ချင်တယ်ဆိုရင်
• Video editing
📱
• Graphic design
🖌
• Script writing
❇️
• Marketing စတဲ့ သင်ထားရင် အကျိုးမယုတ်မဲ့ Skill တွေကို One on One Coaching လုပ်ပေးမဲ့ Online Course လေးတစ်ခု မဲဖောက်ပေးချင်ပါတယ် ။
🎅❤️

ပါ၀င်ကံစမ်းချင်ရင်တော့ အောက်က Channel သုံးခုကို Join ထားတဲ့ Screenshot လေး ကို
👤Lunaticရဲ့📱-@Lunatic_taking_a_shit) ရဲ့
Dm မှာလာရောက်ပေးပို့ပြီး ကျပန်းနံပတ် လာယူနိုင်ပါတယ် ။
🔥

Join ရန် channel များ
⤵️⤵️⤵️
https://t.me/BeeMMChannel

https://t.me/offlinegame99

https://t.me/IknowledgeField

မနက်ဖြန် ည ၈ နာရီမှာ နံပတ်တွေကို random wheel နဲ့မဲဖောက်ပေးမှာမလို့ ‌လက်နှေးနေလို့တော့မရဘူးနော် ။
🤔

#Think@IknowledgeField
Please open Telegram to view this post
VIEW IN TELEGRAM
❤6😍3🏆1
This media is not supported in your browser
VIEW IN TELEGRAM
မဲပေါက်သူကတော့...... နံပတ်
99 ပါခင်ဗျာ ။

Admin Lunatic ရဲ့ Dm ကိုလာခဲ့ပေးပါ ။
ပညာရေးနဲ့ဆိုင်တာမလို့ထင်တယ် ၀င်ဖောက်တဲ့လူက နည်းနည်းလေးရယ် :3
#Lunatic
😍5🥰3❤1🔥1👏1😡1
မနက် ၂ နာရီအချိန်ဝန်းကျင် ရာဇာမြိုင်လမ်းကြီးမှာမီးအလင်းရောင်မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောဓာတ်တိုင်မီးများနှင့်ပြည့်နေပါတယ် ထိုလမ်းရဲ့ထောင့်တစ်နေရာမှာရှိတဲ့မီးတိုင်ငယ်လေးအပေါ်တွင်ဆွေးမြေ့သွား၍ပြတ်သွားသောကြိုးတစ်ချောင်းနှင့်အတူ အောက်တွင်မေ့လျောနေသောဆယ်ကျော်သက်ကောင်လေးတစ်ယောက်သတိမေ့နေပါတယ်။

ကောင်လေးသတိရလာတဲ့အချိန်အတွင်ခေါင်းကြီးတစ်ခုလုံးပူလောင်နေပါတယ် လည်ပင်းမှာလည်းအရာကြီးကြီးထင်ပြီးသွေးများလဲစိမ့်ထွက်နေခဲ့ပါတယ် ကောင်လေးသတိရပြီးဘာဖြစ်ခဲ့လဲပြန်စဉ်းစားကြည့်သောအခါ ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားခဲ့တာကိုသတိရသွားပါတယ် ဒါပေမယ့်‌မအောင်မြင်ခဲ့ပါဘူး ထို့နောက်တုန်လှုပ်နေသောအမူအရာ၊ ကြောက်ရွံ့နေသောအမူအရာ၊ နာကျင်၍ရှုံ့မဲ့နေသောအမူအရာများမျက်နှာပေါ်မှာအထင်းသားပေါ်နေခဲ့ပါတယ် တွေဝေနေ‌နောက်နောက် ဦးနှောက်ကစေခိုင်းရာအိမ်ကိုသာခြေဦးတည့်ပြီးပြန်သွားခဲ့ပါတယ်။

ဒီမှာက ရှင်းပြစရာအချက်က Suicide Attempt မအောင်မြင်ရင်ဘာလို့အသက်ဆက်ရှင်ဖို့ဆက်ကြိုးစားကြဝာာလဲ ဘာလို့ထပ်ပြီးသေဖို့မလုပ်တာလဲဆိုပြီးမေးခွန်းထုတ်စရာတွေရှိလာပါတယ်။ အကြောင်းရင်းကရိုးရှင်းလှပါတယ် ဦးနှောက်ကခွင့်မပြုလို့ပါ ဦးနှောက် ခန္ဓာကိုယ်ကိုထိခိုက်စေမဲ့အရာကိုလုံးဝခွင့်မပြုပါဘူး ဥပမာအသက်ရှုရပ်ပြီးကိုယ့်ကိုယ်ကိုသတ်သေလို့မရသလို ခေါင်းကိုရေထဲနှစ်ပြီးလည်းသတ်သေလို့မရပါဘူး။ Suicide Attempt ပြီးသွားတဲ့နောက် Adrenaline များထွက်ပေါ်လာပြီး အသက်ရှင်ချင်တဲ့ဆန္ဒနဲ့အတူ Suicide ရတာက ထင်တာထက်ကြောက်ဖို့ကောင်းလို့လဲလူကထိတ်လန့်နေမှာပါ ကယောင်ခြောက်ခြားတွေလဲဖြစ်နေမှာပါ ဦးနှောက်ကလူကိုမဖြစ်ဖြစ်အောင်တားတာပါ။

ပြောချင်တာက သင့်ကို Suicide ဖို့ဘယ်သူမှမတားဂရုမစိုက်ရင်တောင် မွေးကတည်းကအတူရှိလာတဲ့ ဦးနှောက်ကိုယ်တိုင်ကတားမှာပါ xD ရှည်ရှည်ဝေးဝေးဖြေရှင်းစရာမလိုတော့ဘူးလို့ထင်ပါတယ် Brain stops from suiciding again if you failed to suicide!
#အမည်မသိကြမ္မာ
#ThinkVerse
❤7🔥3🥰1👌1
“နောက်ပိုင်းလူငယ်အများစုက politicsကိုစိတ်မဝင်စားတော့တာတွေ့ရတယ်”

မြန်မာနိုင်ငံကလူငယ်အများစုကတစ်ခုခုဆိုရောချင်တယ်ပျော်ချင်တယ် ဝေးလားဝါးလားလုပ်ချင်တယ်ဆိုတာကများတယ်
အာဏာသိမ်းဖြစ်စဉ်စဖြစ်တော့ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ထဲမှာလူငယ်တွေအများကြီးပဲ အခုအဲ့ဒီလူငယ်တွေကပဲ “ 5နှစ်တောင်ရှိပြီ ငါတို့အေးဆေးကိုမနေရဘူး”
“စစ်မဖြစ်ချင်တော့ဘူး အေးအေးချမ်းချမ်းပဲနေချင်တယ် “
ဆိုတဲ့အသံတွေထွက်လာကြတယ်

တကယ်ကတော်လှန်ရေးလုပ်နေတာကပန်းနဲ့ပေါက်နေတာမဟုတ်ဘဲသေနတ်နဲ့နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြတာမလို့ အထိအခိုက်အပျက်စီးဆိုတာရှိမှာပဲ
အပေါ်ကပြောသလိုညီးငြူနေတတ်တဲ့ လူငယ်အများစုက များသောအားဖြင့်အပျော်မက်တဲ့ကောင် fosho လုပ်ချင်တဲ့ကောင် များတယ်

ရိုးရိုးလေးတွေးကြည့်ရင် ကိုကသာညီးငြူနေတာ တောထဲမှာသူလိုကိုယ်လို pdf လူငယ်တွေက အသေခံပြီးစစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတာ လစာတစ်ပြားတစ်ချပ်မှလဲမရဘူး

အဲ့ဒီတော့ပြောချင်တာက ကိုကဖြင့်ဘာတစ်စက်လေးမှတော်လှန်ရေးကိုအကူအညီမပေးနိုင်ဘဲ
“မင်းတို့တော်လှန်ရေးကမပြီးတော့ဘူးလား”
“ငါတို့လူငယ်တွေလဲပျော်ချင်တာပေါ့ “

ဆိုပြီးချီးပေါက်နေတဲ့ ဆန်ကုန်မြေလေးအမှိုက်လိုကောင်တွေကို မကူညီရင်တောင် တော်လှန်ရေးအတွက်အနှောင့်အယှက်ဖြစ်စေမဲ့စကားတွေ social media platforms တွေမှာမပြောဖို့မေတ္တာရပ်ခံပါတယ်

တော်လှန်ရေးနိုင်ရင် မင်းတို့ “below average norms” တွေကနေရင်းထိုင်ရင်းဘာမှမလုပ်ဘဲ democracy အလကားရမှာမလို့ အနှောင့်အယှက်မပေးဖို့မေတ္တာရပ်ခံပါတယ်

#Written_by_Clav_and_Lunatic
❤16💯3🥰2😍2
#Blacklist

နှစ် စမှာ Blacklist လေးနဲ့စတင်ထားပါတယ်ခည ၊ ကျွန်တော့်မိတ်ဆွေ game account selling လုပ်တာကို ငွေကြိုမချေပဲ လာငှားပါတယ် ၊ မှတ်ပုံတင်နဲ့အိမ်ထောင်စုတောင်းတာ မပြနိုင်ပဲ နောက်အကောင့်တစ်‌ခုနဲ့ ထပ်လာလိမ်ပါတယ် ။ နောက်လူ‌တွေ contact မှတ်ပြီးသတိထားပေးလို့ရအောင်ပါ ။

#Lunatic
9❤3🔥1🤔1🤯1👌1💯1
Cinema paradiso (1988)
❤10🥰2🤩1
Mdy ငလျင်ဘယ်လောက်အားမသိရသေးပေမဲ့လှုပ်သွားပါတယ်ဂရုစိုက်ကြပါ မြစ်ဆုံစီမံရေး‌ကြောင့်မို့ ကောင်းလာဖို့ကလဲမဖြစ်နိုင်သေးတာမို့ပါ
❤8🥰1😘1😎1
ခေတ်က ပျက်လာတာနဲ့အမျှ‌နောက်ပိုင်း education ဆိုတာ luxury တခုတောင်ဖြစ်လာနိုင်ခြေရှိတယ် အဲ့တော့ပညာတတ်မှ မလိုလားတဲ့စနစ်တခုကိုတွန်းလှန်နိုင်မှာဖြစ်လို့ သူတို့တကယ်တတ်မှာကြောက်တဲ့ politics တို့ international relations တို့ IT အကုန်နောက်ကျမကျန်ခဲ့အောင် လေ့လာလိုက်စားပါ။တကယ်တတ်တဲ့သူတွေက မြန်မာမှာရှားသွားပြီ ဆရာကြီး ဆရာမကြီးတော်တဲ့လူတွေက ထောင်ထဲမှာကြီးပဲ။ အား"ရှိ TT ကြည့်လိုက် ဘဝကြီးကိုအဆင်ပြေနေသလိုဟန်ဆောင်လိုက် ထက် တတ်နိုင်သလောက် ကြိုးစားကြပါ။ marketing ကောင်းတာ အပေါ်ယံရေပေါ်ဆီပညာရေးတွေ များလာတာဖြစ်လို့ ဂျင်းနိုင်ငံကြီးမှာ ဉာဏ်ရှိမှ ကိုယ်တိုင် ဂျင်းမမိခံရအောင်ပါ။ လူငယ်‌တွေ တော်မှတတ်မှ ဖြစ်မှာ။
❤27🥰1🤔1💯1😘1
စာဖတ်သူသိချင်ဖတ်ချင်တဲ့ ဆောင်းပါးတွေကို ကျွန်တော်တို့လက်လှမ်းမီသလောက် ရေးပေးသွားမှာဖြစ်လို့ သိချင်တဲ့အကြောင်းအရာTopic များရှိရင် comment နဲ့dmမှာလာရောက်ပြောထားလို့ရပါတယ်။ Admin 6ယောက်ရှိတာဖြစ်လို့ တတ်နိုင်သလောက် သိသလောက် ရှာဖွေပြီးရေးသွားပေးပါ့မယ်။

အမြင်ကွဲလွဲနေတာ နားမလည်တာ များရှိခဲ့ရင် အချိန်မရွေးဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
🥰8❤6😍3