𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Hello! Owner Lunatic ပါ ၊ အလုပ်ရှုပ်နေတာရယ် အပျင်းထူတာရယ် ရောပြီးဘာမှမတင်ဖြစ်တာ ‌လပိုင်းလောက်ရှိသွားပြီ ။ ဒီည Hegelian Dialectic နဲ့ Freedom ကိုမိတ်ဆွေတို့နားလည်အောင်ရှင်းပြထားတဲ့ဆောင်းပါး pdf file တစ်ခု တင်ပေးပါ့မယ် ။🥹

#Lunatic
Please open Telegram to view this post
VIEW IN TELEGRAM
❤9🥰2🐳1
Hegelian Dialectic .pdf
222.3 KB
Hegel ရဲ့ Dialectic Concept နဲ့ပတ်သပ်ပြီး ကျွန်တော်အရင်က ဆောင်းပါးတစ်ပုဒ်ရေးသားဖူးပါတယ် ၊ Hegel ရဲ့ Dialectic နဲ့ပတ်သပ်ပြီးလွှဲမှားနေတဲ့အယူအဆတစ်ရပ်ဖြစ်တဲ့ Thesis, Antithesis, Synthesis ကို ပြန် လည်ဖြေရှင်းပေးထားတာပါ ။ ဒါပေမဲ့ Hegel ရဲ့ Dialectic ကို ရှင်းပြခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး၊ ဝေဖန်မှုများနဲ့ အသိအမြင်အသစ်တွေလဲ ရခဲ့ပါတယ်၊ ယခု ဆောင်းပါးမှာတော့ ကျွန်ုပ် နားလည်ထားတဲ့ပုံစံအတိုင်း ၊ ဒါမှမဟုတ် ယေဘုယျ သဘောတရားတွေကို ရှင်းပြပေးချင်တာ‌ပါ ။ ယေဘုယျ ဆိုပေမဲ့လို့ အရမ်းအပေါ်ယံလဲမဆန်ချင်ပါဘူး ။ ဒါ့ကြောင့်Hegelသုံးသပ်တဲ့အတိုင်း ပြန်လည်ရေးသားထားပါတယ်။ ကျွန်တော်က scholar လဲမဟုတ်တဲ့အတွက် စကားလုံးကြီးကြီးကျယ်ကျယ်တွေ သိပ်သုံးမထားပါဘူး ။ ဒါပေမဲ့သေချာဖတ်ရှု့ဖို့တော့လိုအပ်ပါလိမ့်မယ် ။

#Lunatic
❤13😈2💔1
Happy Birthday to these two legends 🎉
❤24
Who is Karl Benz?

မကြာမီလာမည်မျှော်။
❤21
ကြော်ငြာလေး၀င်ပျဇီ။😎

ကျွန်တော် admin Lunatic aka. Kira က မိတ်ဆွေတစ်ယောက်နဲ့ပေါင်းပြီး

📱 premium/ ⭐ နဲ့ 👩‍🚒 /😍တွေအပြင်
အခြား Digital Product တွေ
စ‌ရောင်းပါတော့မယ် ဗျ ။
⚠️

လောလောဆယ်
📱Premium ဈေးကတော့ အခြား seller တော်တော်များများထက် တစ်ထစ် လျော့ပြီး တော့ 22k နဲ့ ရောင်းပေးမှာပါ ။😊
၀ယ်ယူချင်ရင်

💬 @Lunatic_taking_a_shit ကိုဆက်သွယ်နိုင်ပြီး Up to date service တွေအတွက်⤵️
https://t.me/GambitandShits
ကို Join ထားလို့ရပါတယ်။
👍

#Lunatic
Please open Telegram to view this post
VIEW IN TELEGRAM
❤3🔥2🐳1
ကျွန်ဝောာ်ဟာ အလွန်အမင်းစိတ်ဓာတ်ကျနေတဲ့လူတယောက်ဖြစ်တယ်။ဒီအရာကိုဖုံးကွယ်ထားချင်တဲ့ဆန္ဒ အထွေအထူးမရှိပေမဲ့ ပြောဖြစ်မှာလဲမဟုတ်တာမို့ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာလိုဟာမျိုးကျွန်တော့်အတွက် မရှိပါဘူး။ခင်ဗျားတို့ စီရင်လိုက်လို့ကျန်ခဲ့တဲ့မိသားစုတွေ ဝမ်းနည်းမှာသူတို့ကိုယ်သူတို့အပြစ်တင်စိတ်တွေဒါတွေက မလိုလားတဲ့ပူဆွေးမှု တွေကြီးပါပဲ။ကိုယ်ဟာ လူကောင်းတယောက်အဖြစ်လက်ကျန်စက္ကန့် စီရင်သွားလို့လူတွေနှမြောမြည်တွန်တောက်တီးခြင်းထက် လက်တစ်စုပ်စာလူတစ်စုကို ကာကွယ်ရခြင်းမျိုးနဲ့ပဲ ဝင်သက်ရပ်သွားချင်မိတာပါ။ဒါဟာလူသိမခံနိုင်ပဲ တိတ်တဆိတ်စီစဉ်ထားတဲ့ အရာဖြစ်လို့ ဖြစ်မြောက်သွားခဲ့တာအတွက် ငရဲကနေအင်မတန်ပီတိဖြစ်ရပါတယ်။တဖက်မှာ ငရဲဆိုတာတကယ်ရှိရင် ပြစ်မှုကျူးလွန်သူအဖြစ် ပြစ်ဒဏ်ခံရမှာဖြစ်ပေမဲ့ အောင်မြင်သွားတဲ့ အကွက်"ကျကျအဆုံးစီရင်မှုအတွက် ဘုရားသခင်ကနှစ်ခါပြန်ဒုက္ခခံစားခိုင်းရက်မှာလား။
#Ted Bundy

(Content type included --- Triggering,Distributing, Imaginary, Toxic)
❤13⚡1🐳1💊1
မြန်မာ၏ရှေးကျသောပုံပြင်မဟုတ်သည့်ပုံပြင်ဆန်"ယုံကြည်ချက်များနှင့် ဒဿနိကဆိုင်ရာ သုံးသပ်ချက်များ
အပိုင်း(၁)

လွန်ခဲ့တဲ့နှစ်ထောင်ချီကာလတွေတုန်းက ပဒေသရာဇ်စနစ်နဲ့မြန်မာပြည်ကြီးကိုအုပ်ချုပ်ခဲ့စဉ်အခါကပေါ့

လူတွေက ဩဇာအာဏာထွန်းကားခြင်း လူတွေပေါ်လွှမ်းမိုးနိုင်ခြင်းဆိုတာ ဘာသာရေးဆိုင်ရာရစ်ပတ်နွယ်နေတဲ့ကျက်သရေရှိခြင်းဖြစ်တဲ့ "ဘုန်း" ဆိုနဲ့အရာကနေလာတယ်လို့ယုံကြည်ခဲ့ကြတဲ့အချိန်ပေါ့။ ဘုန်းကံကြီးမားရင် မင်းတောင်ဖြစ်နိုင်တယ်ဆိုတာမျိုးပါ။
အဲ့ခေတ်ကလူတွေရဲ့အမြင်မှာက လူတယောက်ဘုရင်ဖြစ်လာရင် ဒီလူကိုစကြာဝဠာကပါ မငြင်းဆန်နိုင်တဲ့သူ ရှိရှိသမျှ သက်မဲ့သက်ရှိအရာအားလုံးသူ့သဘောအတိုင်းသာဖြစ်တယ်လို့ သတ်မှတ်ခဲ့တာကိုး။

အဲ့တော့ရိုးရာဆန်"ကံကြမ္မာကိုက ဘုရင်ဖြစ်လို့ရွေးချယ်တာတွေဘာတွေနဲ့ဆိုတော့ "Traditionalism" သဘောတရားမျိုးပါပဲပေါ့။
အာဏာဆိုတာဘုရင်ဆိုတာကံတရားအထောက်အပံ့ကြောင့်မို့ လုပ်ယူလို့မရတာမျိုးပေါ့။

ဒါမဲ့လဲကံတရားဆိုတာကလဲ အမြဲတမ်းအားကောင်းနေတဲ့အရာမဟုတ်ပေတော့ 1800s လောက်မှာအားလုံးအသိမြန်မာရဲ့ နောက်ဆုံးဘုရင်မင်းမြတ်ဟာလဲ တိုင်းပြည်အတွင်းအပြင် အန္တရာယ်တွေဝိုင်း"လည်နေခဲ့ပြန်တာပေါ့။

British empire ကြီးဆိုလဲအဲ့တုန်းက ကမ္ဘာဝက်လောက်လက်အောက်မရောက်မချင်းရပ်ဖို့စိတ်ကူးရှိတာမှမဟုတ်ပဲ။
အဲ့တော့ တဖြည်း"နဲ့1885လောက်မှာ သီပေါဘုရင် ပါသွားပါလေရော။သတ်ခံလိုက်ရတာမဟုတ်ပဲ အဲ့ထက်ပိုဆိုးသွားတာပေါ့။ ကိုယ့်တိုင်ပြည်ကနေကြာရှည်စွာခွဲရတော့မှာ ဒီပြည်နယ်ဒဏ်ခံရတာလောက်ဆိုးတာ ဘယ်ရှိမလဲလေ ခဗျာလဲ။ အဲ့တော့မင်းမဲ့တိုင်းပြည် ဖြစ်သွားတဲ့ခဏမှာ မြန်မာပြည်ကြီးစိတ်ကြိုက်ခြယ်လှယ်ခံရတော့တာပဲပေါ့။

လုပ်ပါပြီဗြိတိန်တွေက
ဥပဒေတွေ
ကျောင်းတွေ
ရိုးရာတွေ
စီးပွားရေးလည်ပတ်ပုံတွေ
သူတို့စိတ်ကြိုက်ကြီးပဲပေါ့

သူတို့ကနေပဲ "modernity" ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ကောင်းတဲ့မိတ်ဆက်ခြင်းအပြောင်းလဲမျိုးတော့ဘယ်ဟုတ်မှာ။
ဘာနဲ့သွားတူလဲဆို စာအုပ်အဟောင်းတအုပ်မှာရှိခဲ့တဲ့မှတ်သားရေးဖူးတဲ့ စားလုံးတွေကိုအကုန်ဆွဲဖြုတ် အဲ့စာမျက်နှာမှာပဲ အကျဉ်းတန်မတူညီတဲ့စာလုံးတွေနဲ့ new story တပုဒ်ကို ပိုင်ရှင်ဆန္ဒမပါတဲ့ အဓမ္မရေးလိုက်သလိုပေါ့။

အဲ့ဒီလိုအနိုင်ကျင့်မတရားလုပ်တဲ့စနစ်ကြီးကို "Colonialism "လိုခေါ်ပါတယ်။အဲ့စနစ်ရဲ့ မူကWinston Churchill ကindia ကိုလွတ်လပ်ရေးပေးတုန်းက မြန်မာတွေကိုမတန်သေးလို့ မြန်မာလက်ထဲဆိုအကုန်ဝရုန်းသုန်းကားဖြစ်ကုန်မစိုးလို့ မပေးတာဆိုတဲ့စကားနဲ့ခင်ဆင်"ပါပဲ။
We rule you because we think we are better ဆိုတာမျိုးပေါ့။

နှစ်တွေလဲကြာပြီး 1930အရောက် ကိုလိုနီလက်အောက်မှာနေခဲ့ရတဲ့အမြှစ်တွေပြယ်စအချိန်ပေါ့ မြန်မာ့ကျောင်းသားတွေရဲ့ အင်မတန်မှသမိုင်းကိုတော်လှန်မဲ့အန္တရာယ်ရှိတဲ့ မေးခွန်းဆိုလဲမမှားဘူး။

" တိုင်းတပါးသားတွေက ဘာလို့ငါတို့နိုင်ငံမှာလာအုပ်ချုပ်နေရတာလဲ"
ဆိုပြီးကြွေးကြော်
ပြီးတို့ဗမာအစည်းအရုံးတည်ထောင်

ဗမာပြည်သည်တို့ပြည်..ဗမာစာသည်တို့စာ...ဗမာစကားသည်တို့စကား..တို့ပြည်ကိုချစ်ပါ...တို့စာကိုချီးမြှင့်ပါ
ဆိုတဲ့ဗမာ့သွေးဇာတိမာန်နိုးကြွလာတာပေါ့။

ဒီမှာအရေးကြီးတခုပြောချင်တာက "ငါတို့ကံကြမ္မာငါတို့ဖန်တီးမယ် မင်းတို့အင်္ဂလိပ်တွေဘုန်းကံတွေအသာထားဆိုတဲ့" ပုံစံမျိုး We want to decide our own destiny ဆိုတာ
နိုင်ငံတစ်နိုင်ငံဟာ သူ့ကံကြမ္မာနဲ့ပက်သတ်ပြီးထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးပဲပေါ့။ ဒါကို "nationalism" အမျိုးသားရေးဝါဒလို့ခေါ်ပါတယ်။

ဒီလိုအမျိုးသားရေးဝါဒပြင်းထန်နေခဲ့ကြတဲ့ ဗမာပြည်ရဲ့လူငယ်တွေထဲမှာ အောင်ဆန်းဆိုတဲ့လူငယ်တယောက်ကတော့ ဓားသွားလိုထက်တဲ့စိတ်နဲ့
သူ့ရဲ့ယုံကြည်ချက်တခုဖြစ်တဲ့

" လွတ်လပ်ရေးဆိုတဲ့အရာဟာ တောင်းဆိုလို့ရလာမဲ့အရာမဟုတ်ဘူး လိုချင်ရင်ကိုယ်တိုင်အရ ယူရမယ်"ဆိုပြီး ပြတ်သားတဲ့ခြေလှမ်းတွေနဲ့သူ့ကျွန်ဘဝကနေ လွတ်ကင်းတဲ့မြန်မာပြည်အဖြစ် စတင်ရမဲ့ခရီးတွေကနေ သမိုင်းဖြစ်လာတဲ့အကြောင်း စကြတာပေါ့။

#Roi

( BTW mdy မှာငလျင်တွေပြန်လှုပ်နေပြီဖြစ်လို့thinker လေးတို့သတိလေးကပ်ပြီးနေကြပါဦး အထူးသဖြင့် ညတွေဘာတွေမမြင်စမ်းလှမ်းနဲ့ ငလျင်ကြောတွေဘာတွေမိမစိုးလို့ပါ Take care <33 )
❤5💘2🔥1🕊1
The Man Who Made The First Real Car

ဒီနေ့ခေတ်မှာ ကားတော့ထည်လဲစီးနေကြပါရဲ့ Karl Benz မှဘယ်သူလဲမသိဘူးဆိုရင်နဲနဲရှက်ဖို့ကောင်းပါတယ်။
We don't pray for love we just pray for cars ဆိုတဲ့လူတွေအတွက် ကားဖြစ်ပေါ်လာတဲ့သမိုင်းနဲ့ ismလေးနဲနဲထည့်ပြီးပြောသွားပေးချင်ပါတယ်။ အပေါ်ယံလေးလောက်သိသင့်သိထိုက်တဲ့ဟာလောက်ပါပဲ သူ့ရဲ့Biography တခုလုံးကြီးပြောသွားမှာမဟုတ်တာမို့ စိတ်လေးဆန့်ဖတ်ပေးဖို့မျှော်လင့်မိပါတယ်။

Karl Benz
German engineer တယောက်ဖြစ်ပြီးinventor တယောက်လဲဖြစ်ပါတယ်။ကားနည်းပညာမှန်သမျှ ဂျာမန်ကပဲထိုးဖောက်နေသလားအောက်မေ့ရတဲ့ထိ Ferdinand Porsche Rudolf Diesel Gottlieb Daimler တို့ကလဲဂျာမန်လူမျိုးတွေကြီးပါပဲ။သူတီထွင်ခဲ့တဲ့ပထမကားမှာ လည်ပတ်တဲ့ပုံစံက engine အသေးစားထဲကိုဓာတ်ဆီထည့်ပြီးရွေ့ခိုင်းစေတဲ့ Internal Combustion Engine လို့ခေါ်တဲ့နည်းပညာနဲ့ပါ။သူ့ရဲ့ experiment မတိုင်ခင်တုန်းကလဲ ကားဖြစ်လာဖို့စမ်းသပ်မှုတွေလုပ်ကြပေမဲ့ အကြီး"ဖြစ်နေလို့ကော သွားရတာနှေးလို့ကောဆိုတာတွေနဲ့ တွင်"ကျယ်"တော့မဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။ပြောရရင် It didn't work ပေါ့
တကယ်မောင်းလို့ရ အဆင်လဲပြေတဲ့ Karl Benz ရဲ့ကားကိုပထမဆုံးမောင်းနှင်တာက သူ့မိန်းမ၊ Bertha Benz လို့ခေါ်ပြီးအတော်လေးသူ့ယောက်ျားကို ချစ်တဲ့သူပါ။ ဘာလို့ဆို သူတယောက်ထဲ 66miles လောက်မောင်းပြီးတကယ်အလုပ်ဖြစ်တယ် မောင်းရသားပဲဆိုတာ ပြခဲ့လို့ပါ။ဒီမှာပြောချင်တဲ့ ism တွေက

RATIONALISM- Edison တုန်းကလိုပဲ Karl Benz သာသူ့ရဲ့ logic နဲ့ experiments တွေပေါ်မှာမယုံကြည်ခဲ့မစမ်းသင်ခဲ့ရင် ကျွန်တော်တို့ခင်ဗျားတို့စီးနေတဲ့ BMW ဆိုတာကြီးကရှိလာမှာမဟုတ်ပါဘူး ကားကြီးဆိုတာအသုံးမဝင်လိုက်တာ အန္တရာယ်ကများပါဘိဆိုတဲ့လူတွေရဲ့ rumors တွေနဲ့ရပ်ပစ်လိုက်တာမျိုး Benz မှာမရှိလို့ ဒါကို rationalism လို့ခေါ်လို့ရပါတယ်။

ဒီလောက်ပါပဲ။
❤9👏2
လူလိမ်ဖော်တဲ့ Post ပါဗျ ။

_

ကျွန်တော့်မိတ်ဆွေ Game account ဝယ်တာ လိမ်ခံလိုက်ရပါတယ် ။ Vc မှာမျက်နှာကြီးပြပြီးတော့ကို လိမ်သွားတာပါဗျ ။ ၀ယ်ချင်တာရှိရင် ပုံထဲက Kpay account - Channel ၊ မျက်ခွက်နဲ့ကောင်စီ ကနေ ဘယ်တော့မှမ၀ယ်ကြပါနဲ့ ။

#Lunatic
😢9❤3🕊3😭2
1789 ပြင်သစ်တော်လှန်ရေးဖြစ်နေတဲ့အတွင်းကာလမှာ
အာဏာကိုဘုရင်ကဆက်ထိန်းသိမ်းထားမှာလား။
ဒါမှမဟုတ် သာမန်ပြည်သူတွေကပဲအုပ်ချုပ်သင့်တာလား။
နိုင်ငံရေးမှာ လက်ဝဲလက်ယာ ဆိုတာတွေးခေါ်ရှင်တွေကော ခေတ်သစ်နိုင်ငံရေးသမားတွေကော ဖန်တီးပြီးအသုံးပြုခဲ့တာမဟုတ်ပဲ ရိုး"ရှင်း"နေရာထိုင်ခင်းစီစဉ်ထားမှုလေးကနေ လာတယ်ဆိုတာသိစေချင်တာပါပဲ။
ဘယ်မှာစသလဲဆို အမျိုးသားလွှတ်တော်မှာ ထိုင်ခင်းနေရာရွေးချယ်မှုလေးကနေ သမိုင်းမှာအရေးအပါဆုံးနိုင်ငံရေးအတွေးအခေါ်တခုမတော်တဆဖန်တီးခဲ့တယ်လို့ပြောရပါမယ်။
ထုံးတမ်းစဉ်လာရိုးရာအတိုင်း ဘုရင်နဲ့ဓလေ့ကိုချစ်သူတွေ support တဲ့သူတွေက လက်ယာဘက်မှာထိုင်ကျပြီး
‌တော်လှန်ရေးနဲ့တန်းတူညီမျှသောအခွင့်အရေးရှိခြင်းကို လိုချင်တဲ့လူတွေက လက်ဝဲဘက်ကထိုင်ခဲ့တာပေါ့။
ဒီလိုလက်ယာလက်ဝဲစနစ်ကြီးဖြစ်လာပါစေတော့ဆိုပြီးဘယ်သူမှ အစီအစဉ်နဲ့ဆွဲခဲ့ကြတာမဟုတ်ပေမဲ့ ဖြစ်လာတော့လဲမတော်တဆမှုကြီးက ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးသွားတာပါပဲ။

18 ရာစုနဲ့ 19 ရာစုကြားက လက်ဝဲဝါဒီတွေကတော့
ဘုရင်ဆိုတာ ဘုရားသခင်အလိုကျဆိုပြီးမတရားအုပ်ချုပ်လို့မရဘူး။
လူတိုင်းကညီမျှမှုနဲ့ထိုက်တန်တယ် အာဏာဆိုတာလူအများနဲ့ပဲသက်ဆိုင်တယ်ဆိုတဲ့ဟာမျိုးဖြစ်ပြီး Democracy, Ending feudalism နဲ့ Equal laws တို့ကိုထောက်ခံခဲ့ကြပါတယ်။ အဲ့တုန်းကအမြစ်ကနေ မြေလှန်ပြောင်းလဲချင်တဲ့ တွန်းလှန်စိတ်ကအကြီးအကျယ်အစွန်းရောက်နေတော့ equality ကိုလိုချင်တယ်ဆိုတာ အန္တရာယ်များတယ်လို့မြင်ခဲ့ကြတဲ့ကာလလဲဖြစ်ပါတယ်။
ဒါမဲ့ စက်မှုတော်လှန်ရေးလဲပြီး စက်ရုံတွေလဲဟို တခုဒီတစ်ခုနဲ့ပေါ်လာတော့ လက်ဝဲတွေ ဘာသွားသတိထားမိလဲဆိုရင်
အလုပ်သမားမိသားစုတွေက ဆင်းရဲတယ်။အလုပ်ကြမ်းလုပ်ရတယ်။စက်ရုံပိုင်ရှင်တွေကြီးလှိမ့်ချမ်းသာနေတယ်။သူတို့ကလေးလေးတွေတောင် တနေ့ကို12လောက်အလုပ်"နေရတာဆိုတော့ တဖြည်းဖြည်းနဲ့အလုပ်သမားနဲ့ဆိုင်လာတဲ့ workers' rights တွေ fair wages ဖြစ်ဖို့နဲ့အလုပ်လုပ်တဲ့ချိန်ကိုလျှော့ပေးဖို့မျှ"တ"ရှိဖို့ကိုပဲ ပိုတောင်းဆိုလာကြတော့တာပေါ့။တစ်နည်းအဲ့ကနေ socialismဆိုတာဖြစ်တည်လာတာပါပဲ။
ဒီနေရာမှာ ကွန်မြူနစ်ကျမ်းဖခင်ကြီးအကြောင်း နည်း"ပြောပါရစေ။
Karl Marx ကသူ့တစ်သက်လုံးစာအုပ်တွေကြားမှာ အချိန်ကုန်ဆုံးစေပြီး စက်ရုံမှာတခါတောင်အလုပ်မလုပ်ဖူးပေမဲ့ သူ့အတွေးသူ့အကြံကတော့ ကမ္ဘာတဝက်လောက်အောင်ကိုလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

အဲအဲ့မှာ 20 ရာစုလဲရောက်ပြန်ကောလက်ဝဲတွေက ပညာရေးနဲ့ဆိုင်တာတွေ public healthcare တွေနဲ့labor laws တွေဆီခေတ်နဲ့အညီလိုက် ပြီးfocus လုပ်ရပြန်တာပေါ့။ ဒီမှာတခုပြောချင်တာက လက်ဝဲအယူအဆိုင်းဝါဲဒီတိုင်း communism မဟုတ်ဘူးဆိုတာပါ။ ဥပမာ Europe မှာကျင့်သုံးခဲ့တဲ့ Democratic socialism တို့Scandinavia က Social Democracy တို့ ပေါက်ဖော်ကြီးတို့နဲ့ပူတင်နိုင်ငံမှာကျင့်သုံးခဲ့တဲ့ Communism တို့ ဒါတွေအကုန်left အမျိုးအစားကြီးပါပဲ။
Communist နိုင်ငံတော်"များ"စစ်အပြီးမွဲသွားတာများပေမဲ့ Sweden နဲ့Norway ကတော့ ရှယ်ချမ်းသာသွားတာပါပဲ။

ဆိုတော့ခုလက်ယာဘက်အကြောင်းလှည့်ရအောင်ပါ။

နဂိုကနဦးလက်ယာသမားတွေကတော့ society တခုမှာအဆင့်အတန်းဆိုတာမဖြစ်မနေလိုပြီး ဒီပဒေသရာဇ်စနစ်ရိုးရာစနစ်တွေကြောင့်ပဲ society တခုကအခြေတကျအေးဆေးနေနိုင်တာဖြစ်ပြီး revolution ကိုလိုလားတဲ့လက်ဝဲဝါဒီတွေအလိုကျတိုင်းသာဆို အကုန်အပြောင်းအလဲတွေခပ်များ"နဲ့ ကမောက်ကမဖြစ်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ နဲနဲstereotype တော့ဖြစ်တာပေါ့။
တော်လှန်ရေးကနေဖြစ်တည်လာတဲ့အပြောင်းအလဲကနေ သူတို့ကိုတိုက်ခိုက်လာမှာviolence တွေကြောက်တော့ ဘာသာတရားတို့သက်ဦးဆံပိုင်ဘုရင်အုပ်စိုးခြင်းစနစ် (Monarchy)တို့ ရာထူးဂုဏ်သိမ့်အဆင့်အဆင့်တွေနဲ့ နေရတာမျိုးကိုပိုအားပေးလိုလားခဲ့ကြမျိုးပါ။တချို့အပိုင်းတွေလဲသူတို့မှန်ကန်နေတာမျိုးတွေရှိပါတယ်။

လက်ယာဝါဒကိုထင်သာမြင်သာရှိတဲ့အရင်းရှင်ဝါဒနဲ့ပြောရရင် ဒီလက်ယာက ကြီးစိုးလာတာနဲ့အမျှသူတို့ပိုင်ဆိုင်တာတွေလဲပိုများလာသလို အစိုးရထိန်းချုပ်မှုအောက်ကလွတ်ပြီကျွတ်ပြီး ဆိုပြီး
GOVERNMENT ကချုပ်ကိုင်တာများရင်ငါတို့စံသတ်မှတ်ထားတဲ့လွတ်လပ်မှုပျောက်ဆုံးရချည်ရဲ့ဆိုတာမျိုးကိုတကယ်ယုံကြည်ခဲ့ကြတာပါ။ အဲ့အတွေးအခေါ်အားကောင်းခဲ့တဲ့ Britain တို့ United States တို့မှာဆို ကိုလိုနီချဲ့တာတွေနဲ့လုံးချာလိုက်နေတာတွေ့ရမှာပါ။

20 ရာစုရောက်လာကော သူတို့ရဲ့သတ်မှတ်ချက်တွေက အခွန်လျှော့ကောက်ပေးဖို့တို့ စစ်တပ်ကအားကောင်းနေဖို့ national identity personal responsibility ဒါတွေပေါ်အခြေခံအားပေးလာကြတာတွေ့ရပါတယ်။ သေသွားပြီဖြစ်တဲ့ US သမ္မတဟောင်း Ronald Reagan နဲ့သေသွားပြီဖြစ်ပြန်တဲ့ ဝန်ကြီးချုပ် Margaret Thatcher တို့ဟာဆိုရင်လဲလက်ယာသမားတွေပါပဲ။
အစိုးဆိုတာအဖြေတခုကိုထုတ်ပေးနိုင်တာမဟုတ်ပဲ အစိုးရဆိုတဲ့အရာကြီးကိုက ပြဿနာဖြစ်နေတယ်လို့ယုံကြည်ခဲ့ကြပါ။ ဒီမှာတခုစိတ်ဝင်စားစရာပြောပြချင်တာက လက်ယာသမားတွေက welfare state လို့ခေါ်တဲ့နိုင်ငံတော်ကနေ ကလေးသူငယ်တွေနဲ့လူကြီးသူနာ‌တွေကိုလူမှုဘဝဖုံလုံရေးအတွက်ဆိုပြီးတာဝန်ယူစောင့်ရှောက်ပေးတဲ့စနစ်ကို လက်ယာနိုင်ငံရေးသမားတွေက ခဏတာထောက်ခံပေးခဲ့ကြပါတယ်။ ခဏတာပါပဲ။
❤5😴1
နိုင်ငံရေးမှာအသက်ရှူချောင်စေဖို့လက်ဝဲလက်ယာအစွန်းမရောက်တဲ့ ပုံစံမျိုးနဲ့နေတာကောင်းပါတယ်။
ဘာလို့ဆို လက်ဝဲအစွန်းရောက််ရင်ပြည်သူပေါ်ထိန်းချုပ်မှုကွန်ရက်အကာကာနဲ့ အသက်ရှုကျပ်နေမှာဖြစ်ပြီး လက်ယာအစွန်းရောက်လွန်းနေရင်လည်း မကာကွယ်နိုင်တော့ပဲလွတ်ထွက်သွားနိုင်လို့ပါ။
👏3❤2