𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
Time, Time
Hans Zimmer, Hans Zimmer
Movie is one thing, music is another.🐱

#crd
#Shira
Please open Telegram to view this post
VIEW IN TELEGRAM
❤6
အခြေခံသဘောတရားများနှင့် ရင်းနှီးမှုယူခြင်း အပိုင်း(၂) or Nietzsche's Eternal Return

ဟ...............Eternal Return တဲ့ ဘယ်လောက် သရေကျစရာကောင်းအောင် လှပပြီး စက်ဆုပ်ဖွယ်ဖြစ်တဲ့ ခံစားချက်ကလာတဲ့အတွေးတွေလဲ။စကားမစပ် ခင်ဗျားရယ် ကောင်းရယ်လိုက်မိတယ်မလား။အေးပေါ့ ခင်ဗျားတိုကတော့ ကျုပ်ကိုလှောင်ပေါ့ ဒီစောက်ပိန်းကောင်တစ်ဆိတ်ကို တစ်အိတ်လုပ်နေတယ်ဆိုပြီး ဒါမဲ့ အရင်နားထောင်ကြည့်စမ်းပါဦး စိတ်ကူးယဉ်ကြည့်လိုက်စမ်းပါ ခင်ဗျားဘဝက နှာခေါင်းပေါက်ထဲလေဝင်နေသမျှ ခင်ဗျားခပ်ရှက်"နဲ့ဖြေရှင်းချက် ပြောခဲ့ရလိုထွက်လာတဲ့ လူမလေးမစားလုပ်ချင်စရာစော်ကောင်းချင်တဲ့ကောင်းတဲ့ ခပ်စိတ်စိတ်အသံတွေ အနှစ်နှစ်အလလ အိပ်ရာခင်းလျှော်ပျင်းလို နံဟောင်နေတဲ့စောင်အောက်ထဲက ခင်‌ဗျား တအီအီကျခဲ့ရတဲ့ တဟုန်ထိုး မျက်ရည်‌တွေ ဒါတွေအကုန်ပြန်ဖြစ်လာတော့မယ် ခင်ဗျားဘဝက မကောင်းတာတွေနဲ့ပဲပတ်ချာလည်နေမှာ ဟုတ်ကောင်းတယ် ဆက်ဖြစ်နေမှာ သက်ဆုံးတိုင်အောင်ကိုပဲ။
လွတ်လမ်းလဲရှိမှာ မဟုတ်ဘူး။ခင်ဗျားကို ဘယ်လိုဘယ်ပုံနည်းနဲ့မှ မြင့်မြတ်ကြီးကျယ်လှတဲ့ ကယ်မခြင်းမျိုးတွေလဲ ဖြစ်မလာဘူး။ အဆုံးမှာ ခင်ဗျားနောက်ကျောလေးကို နူးညံ့သာယာလှပတဲ့ မိခင်တယောက်လို ပုတ်ပေးပြီး ဂရုဏာရှိတဲ့အဆုံးသတ်‌အနေနဲ့ "လုံလောက်ပါပြီကွယ် မင်းနစ်နာဝေဒနာခံစားခဲ့ရတာတွေ လုံလောက်ပါပြီ ထပ်မဖြစ်စေရတော့ပါဘူး အိုကလေးငယ်ရယ်" လိုပြောခံရတာမျိုးလိုချင်နေတာလား။အဲ့လိုဖြစ်လာမှာမဟုတ်ဘူး အဲ့အစား ခင်ဗျားဘဝရဲ့ ဖြတ်သန်းနေကျ စင်္ကြလမ်းမှာ ခြေထောက်ကျိုးနေလို တွားသွားရတဲ့ခွေးတကောင်လိုမျိုး ထပ်ခါ" ကြွက်တကောင်လိုမျိုး အဆုံးမရှိတဲ့ဝင်္ကပါလိုမျိုး ပိတ်မိနေရမှာပဲ။
ခင်ဗျားကို စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရအောင် ကျုပ်တမင်လုပ်တာတော့မဟုတ်ပါဘူးဒါမဲ့ ဒီလိုအကျည်တန်းတာမျိုး အတွေးနဲ့တင် သည်းခံနိုင်မှာလား ကျုပ်သာဆိုရင်တော့ နှာခေါင်းဘယ်ပြန်ညာပြန် ကျုပ်အတင်းပြောပြောနေကျ ကျောင်းဆရာအဖိုးအိုကြီး Sergei Andreevich Kuznetsovလိုမျက်နှာကြီး မဲမှောင်သွားမှာပဲ။ သည့်ထက်ဆိုတာကိုတော့ဒီလို ကိစ္စတွေကို မတွေးပဲကိုမနေနိုင်တာပဲ။ အဲ့လိုတွေးရင်းလဲ မနေနိုင်မထိုင်နိုင် Prima ဆေးလိပ်လေး ပါးစပ်နား လက်ညှိးနဲ့ လက်မကြားညှပ် သောက်မိမှ နေသာထိုင်သာရှိသွားတာပဲ။ ဆေးလိပ်ဆိုကျုပ်ကတော့ ဖက်ကြမ်းလဲသောက်တာပဲ ‌ဈေးပေါလေ ကောင်းလေ ကျုပ်မိန်းမအတွက် ရူဘီနှုတ်ခမ်းဆိုး တချောင်း ဝယ်ပေးရတာပေါ့။ဒါမဲ့လဲ အလကားမိန်းမပါ ကျုပ်ကသာ အဖက်လုပ်စကားသွားပြောရတာ ကျုပ်ကိုဆို မတန်လေးမတန်နဲ့ ဟန်နဲ့ရယ် ကျုပ်ကတော့ သိပ်တော့မမှုပါဘူး ကျုပ်ဘာသာ vodka လေးသောက် Volga မြစ်ထဲငါးသွားမျှားနေရရင် ဒီခပ်နုံ"မိန်းမ အကြောင်းမေ့သွားတာပါပဲ။
ဒါတွေက အကုန်ကျုပ်စိတ်ကူးနဲ့ အဲ့ဒီအတေအလေမအတွက် လျှောက်တွေးနေမိတာချည်းပါပဲ တကယ်ဆို သူ့ဈာပန ချတော့ကျုပ်မိန်းမ Anna Petrova တောင် ဒုတိယသားလေးမွေးပြီးပြီပဲ။အဲ့တာထားပါ ကျုပ်စကားပြန်ဆက်ပါဦးမယ်။အဲ ရက်စက်ကြမ်းကြုတ်ဆုံးအပိုင်း လာမယ် ခင်ဗျားသာ အဲ့လိုအရာတွေကို လုပ်နိုင်ပါတယ် လိုခေါင်းငြိမ့်ရင် ခင်ဗျားကိစ္စအဝ"မှန်သမျှကိုပွေ့ဖက်ပြီးတောင် လက်ခံယုံကြည်နိုင်မှာပဲ။ ကျိ"တက်တောင် ညစ်ညမ်းတဲ့ဟာတွေမျိုး‌တွေ ခင်ဗျားအရှက်တကွဲအကျိူနည်းဖြစ်ခဲ့ရတဲ့ ဟာတွေတောင်မှပေါ့ အဲထပ်ပြောရရင် ခင်ဗျားလွတ်လပ်သွားမှာပေါ့
ကျုပ်ပြောတာ‌တွေ နားလည်နိုင်ရဲ့လား
သောက်ခြေမြစ်မရှ်ဖြစ်တည်လာတဲ့ အရာအားလုံးကို လက်ခံပစ်လိုက်နိုင်ဖိုရာ စော်ကားမှုတိုင်း အထီးကျန်လူခေါင်"အဖော်မဲ့တဲ့ညအလီ"တွေ နှလုံးရပ်မတက် ကျရှုံးမှုတွေကိုကြိတ်မှိတ်သည်းခံတာမျိုးထက် အဲ့အရာတွေမှာ ဝမ်းသာအာရ လိုက်စမ်းပါ
အဲ့လိုပြောလိုက်တာ ကဘဝကိုအလွန်အကြူး ချစ်မိလိုတမလွန် ဆိုကတောင် ခင်ဗျားကိုစိတ်ရှုပ်နိုင်မှာ မဟုတ်ပါဘူး ဒါပေမဲ့ ကျုပ်ကတော့ မချစ်နိုင်ဘူး

ကျုပ်ကိုတသိမ့်သိမ့်လှိုက်ပြီး မသေခိုင်းနိုင်တဲ့ ဖျားနာမှုတခုလိုရှိနေတာသက်"ပဲ။ကျုပ် အတွက်စက်ဆုပ်စရာကောင်းပေမဲ့ မျှော့တွယ်သလိုတွယ်မိထားမိပြန်တာပါပဲ။ ကျုပ်အရမ်းမုန်းတဲ့အရာ‌တခုကနေ ရုန်းမထွက်နိုင်တာကလဲ ကျုပ်တဘဝလုံး မိနေတဲ့ကျိန်စာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Continue..... #Shira
❤5🔥2🐳1
နိုင်ငံရေး အတွေးအခေါ်နှင့်လူမှုရေးသမိုင်း

**

စာအုပ်လေးအရောင်းတင်ချင်လို့ဗျာ လက်တော့ကျတယ် ဒါမဲ့ new like quality ပဲ။🐱

ပြဲတာ စုတ်တာ ဖျက်မရတဲ့မှင်ပေတာဘာမှမရှိဘူး ဒီတိုင်း အသစ်အတိုင်း ပဲ ၊ ပြီးတော့ ပြန်တောင်ချုပ်ထားလိုက်သေးတယ်👀

စာအုပ်ကထူတယ်၊ ဂျာနယ်ဆိုဒ်ကြီး ၊  မဖတ်ချင်တော့လို့ပြန်ရောင်းတာ။👀

မူရင်းစျေး 🌸🌸🌸🌸🌸🌸🌸 ကို
အခုစျေး 14000 ks နဲ့ပြန်ရောင်းမှာ📢

စိတ်ဝင်စားရင် Dm လာခဲ့ကြပါ ၊
သေချာပြပေးမယ်။
📱 ➡️ @Lunatic_taking_a_shit ⭐️

ကိုယ်ပိုင် Reviewအနေနဲ့ဆိုရင်တော့ သမိုင်းဦးနိုင်ငံရေးအတွေးအခေါ်ကနေ စိတ်ကူးယဥ်ဆိုရှယ်လစ်ဝါဒအထိ နိုင်ငံရေး၊လူမှုရေး၊ဒဿနိက အတွေးအခေါ်တွေ အကုန်ပါတယ်။🤩
Detailsတော့မကျနိုင်ဘူး၊ ယေဘုယျလဲအရမ်းမဆန်ဘူး။ ဖတ်ရတာလေးမှာဗျ။⭕️⭕️
ရိုမန်အင်ပါယာနိုင်ငံ ဘာညာကွိက ပလေတို အရစ်စတိုရယ် ကန့် ဟေဂဲလ်  အကုန်ပါတယ် ။
Genius book houseက reviewကတော့ ပိုစုံမယ်။ 🐈
📎😬https://t.me/geniusbookhousegroup/8785
[ last pictureလဲ creditပါ]

Error : New Like သာပြောပေမဲ့ ပုံထဲကအတိုင်းပဲ ကျွန်တော်ဖတ်ထားတဲ့အခန်းအထိ ခဲတံလေးတွေနဲ့ မျဥ်းတားထားတာတော့ရှိတယ် ။ ဘေးနားမှာလဲ စကားလုံးတစ်လုံးနဲ့အချို့ဟာတွေမှာ note ချရေးထားတယ်။ ရုပ်ဆိုးလားမဆိုးလား ဆိုတာကတော့မိတ်ဆွေတို့ပဲဆုံးဖြတ်ပြီးဝယ်ရမှာဆိုတော့ dmကိုသာလာခဲ့ပါ မာတိကာရော ကြည့်ချင်တာတွေရောအကုန်ပြပေးမယ်။😏


#Kira
Please open Telegram to view this post
VIEW IN TELEGRAM
❤5
📢ရောင်းမယ်ဘာညာ📢
https://t.me/IknowledgeField/605
#kira
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤11
Book Review တွေနဲ့movie review တွေရေးကြတာပျင်းရောပေါ့ ဒါဆို ဒီတပတ် song review လေးရေးကြတာပေါ့။ "Loneliness" by Ginger Root နဲ့ "Car Radio" by twenty one pilots လေးကိုစမ်းရေးကြည့်ကြရအောင်ပါ။ တေးသွားပုံစံအရ လုံးလုံးမတူပေမဲ့ အသံတိတ်တဲ့အရာက သူတို့ကိုယ်ပိုင်ဝါဒတွေနဲ့ပဲလူတယောက်ကိုပေးတွေ့လိုက်တဲ့အခါ ဖြစ်လာတတ်တဲ့ဟာတာ"ခံစားချက်တွေအကြောင်းပါပဲ။ အပျော်ပဲမို့ အရင်review တွေလိုမျိုး ဘာမှလာဖို့တော့မရှိပါဘူး။🐈
Have a good night!🐈

#Shira
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤4🔥3🐳2
အခြေခံသဘော တရားများနှင့်ရင်းနှီးမှုယူခြင်း အပိုင်း(၃)

"ism"

suffix တမျိုးပဲဖြစ်တဲ့ism ဆုံးတဲ့အရာတွေက စနစ်တခု၊ယုံကြည်မှုတခု၊ အခြေအနေတခုကို ဆိုလိုတာပါပဲ။ဒါ့ကြောင့် ခင်ဗျားတို့ ism နဲ့ဆုံးတဲ့ဘယ်စကားလုံးမဆို ဒါဟာ Theory တခု၊ခံယူချက်လိုဟာမျိုး အတွေးအမြင်ဆိုင်ရာ တခုပဲဆိုတာ အလွယ်တကူ guess လုပ်ကြည့်လို့ရပါတယ်။

Philosophy မှာလဲ Nihilism တို့ဘာ ism တို့ရှိသလိုမျိုး တခြားနိုင်ငံရေးနယ်ပယ်တွေမှာလဲ capitalism Liberalism တို့၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာအသိုင်းအဝိုင်းမှာလဲ အမျိုးသမီးလေးတွေကို equality နဲ့လုံခြုံမှုရအောင် ကာကွယ်ပေးတဲ့စနစ်တွေရှိသလို science မှာလဲ autism alcoholism ဒါမျိုး‌တွေပေါ့။

ပြောချင်တာက နယ်ပယ်အလိုက် စနစ်တွေအယူအဆတွေအစုံပါပဲ။အကုန်လုံး‌အပ်ကျမတ်ကျလိုက်လုပ်နေရင် အကုန်ရှုပ်ကုန်မှာမို့ Philo အကြောင်းပဲ ရေးကြရအောင်ပါပေါ့။

အယူအဆတွေနဲ့စပ်လျဉ်းပြီး ပြောမှာဖြစ်လို့ ငါးပိုင်းခွဲထားဖြစ်ကြောင်းအရင်ရှင်းပြပါ့မယ်။ ဘာကတကယ်exist ဖြစ်တာလဲ reality ကဘာလဲဆိုတာနဲ့ဆိုင်တဲ့ Theory ကတခု၊ အသက်တွေလောက‌နဲ့ ဘာလို့ရှင်သန်နေရလဲဆိုတဲ့ အယူအဆကတခု၊ အလိမ္မာအသိပညာဆိုတွေကို ဘယ်လိုသိကြလဲဆိုတဲ့ knowledge ဆိုင်ရာကတခု၊ သမ္မစိတ္တရှုထောင့်နဲ့ကြည့်ပြီး အသိုင်းအဝိုင်းနဲ့ဆိုင်တဲ့ Theory ကတခု၊ ဖန်ဆင်းရှင် ဘုရားသခင်နဲ့ စိတ်ဝိညာဉ်လိုဟာမျိုးက တခု ဆိုတော့စုစုပေါင်း ဒီခေါင်းကြီးငါးခုနဲ့ဆိုင်တဲ့အချက်တွေကို သူ့အောက်တခုချင်းစီမှာရှိတဲ့ ism ပေါင်းများစွာနဲ့ ရေးသွားပေးပါ့မယ်။ ဖတ်ရလဲလွယ် တခု" လဲသေချာသိသွားစေချင်တာမို့ အပိုင်းလေးခွဲပြီး တင်သွားပေးပါ့မယ်။ကောင်းသောညလေးပါပဲ <3

#Shira
❤20🔥1
ကမ္ဘာပေါ်မှာ အရုပ်ဆိုးတာတွေ သိပ်များနေတယ်
မကြည်ပြာ ။

မနာလိုတာတွေ ၊ အသာစီးရချင်တာတွေ ၊ ကိုယ်ကျိုးစီးပွား သိပ်ကြည့်လွန်းတာတွေ ၊ အနိုင်ကျင့်ချင်တာတွေ ၊ ကိုယ်မဟုတ်သလို အရင်ဦးအောင် သူများကို အပြစ်တင်တာတွေ ၊ ဟန်ဆောင်တာတွေ ၊အသံကောင်းဟစ်တာတွေ ။

နေစကြဝဠာထဲက ဘာမှမဟုတ်တဲ့ အစက်အပြောက်မှုန်တိမှုန်မွှားလေးပေါ်မှာ လူတွေသိပ်ရေးကြီးခွင်ကျယ်လုပ်နေကြတာ

တကယ်တော့ ဘယ်သူမှ ဘာမှ သိပ်မဟုတ်ကြပါဘူး ။

#crd
❤19
#Shira
(Typing error နဲ့ အောက်ကမြင့်ပြုတ်ကျ ခဲ့တာလေးတွေ သည်းခံဖတ်ပေးပါဦး )
❤11🔥1
“ ပြုံး ပြီး တော့ လန့် မိ တယ် “

န ယူး ယောက် မြို့ တော် ဝန် မူ စ လင် Mamdani တ ယောက် ဖြစ် သွား တာ ကို သိ ရ ပြီး ပြုံး မိ တယ် ။

မြို့ တော် ဝန် က သူ အ နိုင် ရ တာ နဲ့ သ မ္မ တ ထ ရမ့် ကို စိမ် ခေါ် စ ကား ပြော ခဲ့ တယ် ။

သူ က ထ ရမ့် ကို Turn the volume up လို့ ပြော တယ် ။ ထ ရမ့် က And so it begins လို့ ပြန် ရေး တယ် ။

မြို့ တော် ဝန် က စ စိမ် ခေါ် တာ ကို ထ ရမ့် က “ ဒါ ဆို စ တာ ပေါ့ “ လို့ ပြန် ပြော တာ ။

And so it begins ဆို တဲ့ စ ကား က စစ် ပွဲ ရန် ပွဲ တွေ စ ဖို့ ၊ မ ကောင်း တာ လုပ် ဖို့ နေ ရာ တွေ မှာ သာ သုံး တယ် ။ ပုံ မှန် ဆို Let’s start ဆို တာ မျိုး သာ သုံး တယ် ။

ထ ရမ့် လို သ မ္မ တ ကို တ ရား ဝင် စိန် ခေါ် တဲ့ မြို့ တော် ဝန် ဘယ် အ ထိ ရောက် အောင် သွား နိုင် မ လဲ စိတ် ဝင် စား ဖို့ ကောင်း တယ် ။

သ မ္မ တ ထ ရမ့် က ရွှေ့ ပြောင်း နေ ထိုင် သူ တွေ ကို မောင်း ထုတ် နေ တဲ့ အ ချိန် မှာ သူ က န ယူး ယောက် မြို့ က ရွှေ့ ပြောင်း တွေ တည် ဆောက် ထား တာ ဖြစ် ပြီး ရွှေ့ ပြောင်း တွေ ရဲ့ နေ ရာ ဖြစ် တယ် လို့ ပြော တယ် ။

သ ဘော က သ မ္မ တ ထ ရမ့် က ခိုး ဝင် တွေ ကို မောင်း ထုတ် နေ တာ ကို ဆန့် ကျင် ပြီး သူ က လက် ခံ မယ် ဆို တဲ့ သ ဘော ။

ရွေး ချယ် ခံ ရ တဲ့ မြို့ တော် ဝန် က ဒီ မို က ရက် တစ် ပါ တီ က ဖြစ် ပြီး ဆို ရှယ် လစ် လို့ ကိုယ့် ကိုယ် ကို ကြေ ညာ ထား တဲ့ သူ ဖြစ် တယ် ။ ဒီ မို က ရေ စီ ဆို တဲ့ ဈေး ကွက် စီး ပွါး ရေး ကို ဆန့် ကျင် ပြီး အ လုပ် သ မား လူ တန်း စား ဆို တဲ့ ဆို ရှယ် လစ် စ နစ် အ မေ ရိ ကန် မှာ ခေါင်း ထောင် လာ တယ် ။

အ မေ ရိ ကန် မှာ Democrat Socialist American ( DSA ) ဆို တဲ့ အ ဖွဲ့ ရှိ တယ် ။ အ ခု သူ တို့ ထဲ က သူ အာ ဏာ ရ လာ တာ ပေါ့ ။

In God We Trust ဆို တဲ့ ဒီ မို က ရေ စီ ဘိုး တော် နိုင် ငံ ကြီး မှာ မူ စ လင် ဆို ရှယ် လစ် မြို့ တော် ဝန် တ ယောက် န ယူး ယောက် လို မြို့ ကြီး မှာ အာ ဏာ ရ လာ တာ ထူး ဆန်း တယ် တော့ ပြော လို့ ရ တယ် ။

အ ချိန် ကိုက် လှုတ် ရှား မှု တ ခု လို ဖြစ် လာ ပြီး OIC လို အ ဖွဲ့ တွေ ရဲ့ လက် တံ ရှည် လာ တာ ကို ခန့် မှန်း လို့ ရ တယ် ။ ။

အ င်္ဂ လန် မှာ မူ စ လင် တွေ အ များ အ ပြား မြို့ တော် ဝန် ဖြစ် လာ ပြီး မူ စ လင် ဘာ သာ ဝင် တွေ လမ်း ပေါ် တက် ဝတ် ပြု တာ ကို ထိမ်း ရ ခက် လာ တာ ကို ကြည့် နေ ရင်း က အ မေ ရိ ကန် ရဲ့ အ ကြီး ဆုံး မြို့ န ယူး ယောက် မှာ ဒီ မို က ရက် ဆို ရှယ် လစ် မူ စ လင် မြို့ တော် ဝန် တ ယောက် ဖြစ် လာ တာ လုံး ဝ ပြောင်း လဲ မှု ( Totally changed ) တ ခု ဖြစ် ပြီး စိတ် ဝင် တ စား စောင့် ကြည့် ရ မယ် ကိ စ္စ တ ခု ဖြစ် လာ တယ် ။

အ မေ ရိ ကန် နဲ့ အ င်္ဂ လန် နဲ့ အ ပါ အ ဝင် ဥ ရော ပ တို့ ပျား တုတ် ခံ နေ ရ ပြီ ။

အ နောက် နိုင် ငံ တွေ မြန် မာ နိုင် ငံ ကို ဘ င်္ဂါ လီ တွေ အ များ အ ပြား လက် ခံ ရ မယ် လို့ ဖိ အား ပေး နေ တဲ့ အ ချိန် မှာ သူ တို့ နိုင် ငံ ထဲ မှာ အ များ ကြီး ရောက် နေ ပြီး အဲ့ ဒီ အ ကျိုး ဆက် တွေ ခံ လာ ကြ ရ ပြီ ။

ဒါ ကြောင့် ပြုံး မိ တာ ။

ဒီ မို က ရေ စီ ဆို တာ ကို အ မေ ရိ ကန် တွေ အ ယုံ အ ကြည် နည်း လာ တယ် လို့ ပြော ရ မ လို ဖြစ် နေ ပြီး တ ဖက် က ကြည့် ရင် ဒီ မို က ရေ စီ စ နစ် ရဲ့ အား နည်း ချက် တွေ ကို ထင် ထင် ရှား ရှား မြင် လာ ရ တယ် ။

အ မေ ရိ ကန် လို နိုင် ငံ စုံ က လူ တွေ နဲ့ ဖွဲ့ စည်း ထား တဲ့ နိုင် ငံ တ ခု အ နေ နဲ့ လူ များ ရာ အ နိုင် ဆို တဲ့ ဒီ မို က ရေ စီ က ပြ ဿ နာ မ ဖြစ် ပေ မဲ့ ကိုယ် ပိုင် ယဉ် ကျေး မှု ရှိ တဲ့ တ ခြား က မ္ဘာ့ န်ိုင် ငံ တွေ အ တွက် တ နှစ် ကို လေး သား ဖောက် နိုင် ပြီး တ ခြား ဘာ သာ တွေ ကို တိုက် ခိုက် တတ် တဲ့ အ စ္စ လာမ် ဘာ သာ ဝင် တွေ ရဲ့ ကြီး ထွား နှုန်း က ဒီ မို က ရေ စီ ကျင့် သုံး ဖို့ အ ခက် ဖြစ် လာ နိုင် တယ် ။

ဘာ အ တား အ စီး မှ မ ရှိ ရင် နောင် နှစ် ၁၀၀ လောက် ဆို က မ္ဘာ ပေါ် မှာ အ စ္စ လာမ် ဘာ သာ တ ခု သာ ကျန် ရှိ နေ လိမ့် မယ် ။

တ ရုတ် မြောက် ကို ရီး ယား လို ဘာ သာ ရေး ခေါင်း ထောင် ခွင့် မ ပေး ထား တဲ့ တင်း ကြပ် တဲ့ နိုင် ငံ တွေ အ တွက် လည်း ကြီး မား တဲ့ ပြ ဿ နာ မ ဖြစ် နိုင် သေး ဘူး ။

မြန် မာ နိုင် ငံ လို လူ မျိုး စုံ ယဉ် ကျေး မှု စုံ တဲ့ ရောင် စုံ ပန်း ခြံ ကြီး လို နိုင် ငံ မှာ တွေး ခေါ် စဉ်း စား ဉာဏ် နည်း တဲ့ Generation တွေ ကြောင့် အား လုံး ယဉ် ကျေး မှု ပျောက် ပြီး ခေါင်း မြီး ခြုံ နေ ရ မယ် အ နေ အ ထား မျိုး ဖြစ် မယ် ဆို ရင် တော့ မ ဖြစ် သင့် တဲ့ အ နေ အ ထား လို့ မြင် တယ် ။

သ တိ ထား ဖို့ လို လာ တယ် ။

လက် ရှိ အ ချိန် မှာ မြန် မာ နိုင် ငံ ရှုတ် ထွေး နေ တယ် ။ စာ မ ဖတ် ဘဲ ဂိဏ်း က စား တဲ့ ( Stupidest ) ၊ ကိုယ် ဘာ လုပ် နေ မှန်း မ သိ တဲ့ လူ ငယ် တွေ များ နေ တယ် ။ ဒါ ကို အ ခွင့် ယူ ပြီး ရ ခိုင် ဒေ သ ဖက် မှာ လှုတ် ရှား မှု တွေ အ များ အ ပြား ဖြစ် လာ နေ တယ် ။

အာ ဏာ ရ ရေး က လွဲ ပြီး ဘာ ဖြစ် ဖြစ် ဆို တဲ့ ပြည် ပ ရောက် အ ဖွဲ့ လည်း အဲ့ ဒီ ရ ခိုင် ဒေ သ က ဘ င်္ဂါ လီ တွေ နဲ့ ပေါင်း နေ တယ် ။
❤11
စာ မ ဖတ် ကြ တဲ့ မြန် မာ တွေ အ တွက် ရှေ့ ရေး ကို မျှော် တွေး နိုင် တဲ့ သူ နည်း တယ် ။ သူ တို့ ကို ထား လိုက် ပြီး တွေး နိုင် တဲ့ သူ တွေ ကာ ကွယ် ကြ ပေါ့ ။

တွေး တတ် ရင် တွေး စ ရာ တွေ အ များ ကြီး ရှိ တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၆ ၊ ၁၁ ၊ ၂၀၂၅


                                         မိုး တင့် ဆွေ
                                      ၇ ၊ ၁၁ ၊ ၂၀၂၅
                                          သော ကြာ ။
( Photo online )
( 2569 )

Crd.......;
❤17🐳3
4. "Dualism"

စာဖတ်သူက မြေပဲချိုချဉ်လေးတလုံးဝါးနေတယ်လို့ပဲ စိတ်ကူးယဉ်ကြည့်ပါ (တကယ်ဝါးစားလဲရပါတယ်)

အဲ့ဒီချိုချဉ်လေးကိုထုပ်ထားတဲ့ ပလတ်စတစ် ပြောင်လက်"လေးကိုလဲမြင်ရတယ်။ အထဲကဆင်စွယ်ရောင်တောက်ပြောင်ပြီး စားချင်စဖွယ်လေးနဲ့ပေါ့။ ခင်ဗျားplastic ကိုဖွင့်လိုက်တယ်။ အလယ်ခေါင်က ထက်ပိုင်းကိုက်ချလိုက်တယ်။ အို ပါးစပ်ထဲတင်အချိုတွေ အရည်ပျော်ပြီး လျှာဖျားထဲထိစိမ့်ဝင်သွားသလို။

ပြီးတော့ချိုတာနဲ့တပြိုင်နက် စိတ်ရဲ့နေထိုင်လို့ကောင်းသွားတာမျိုး တခါတလေငယ်ဘဝအရသာလေးပါလားဆိုတာမျိုးဖြစ်ဖူးပါလိမ့်မယ်။

ဆိုတော့ဒီမှာမေးစရာကရှိလာပြီ။ အဲ့ဒီမြေပဲမှမဟုတ် ထန်းလျက်စားရင်ချိုတယ် ဆားလျက်ရင်ငန်တယ်။ ဒီလိုအရသာတွေကဘယ်နေရာမှာဖြစ်နေတာလဲပေါ့။

ဥပမာစားတာတော့တူပါရဲ့ပေါ့ဟင်းပဲဆိုပါစို့ သူငယ်ချင်းကကျဖျားနေတော့ အရသာမကောင်းတာမျိုး။

ဒီမှာမေးစရာရှိတာက ဟင်းတို့ မြေပဲလိပ် လိပ်ရွှေရွှေ ဘာဖြစ်ဖြစ် ဒီအရာတွေကဘယ်ကလာတာပဲပေါ့ ဆိုတာက ရှိလာပြီ။ (ကြားဖြတ်ပြောရရင် အဲ့တာမင်းလျှာက အရသာခံဖုဘာညာလို့ ပြောချင်တဲ့သူရှိရင် အဲ့တာ Materialism or Physicalism တမျိုးဖြစ်ပါ့လိမ့်မယ်)

အရသာ ဘယ်ကလာသလဲဆို မေးခွန်းနဲ့ပဲပြန်မေးရရင် မြေပဲလိပ်ထဲကလား သူတို့ပါဝင်တဲ့မြေပဲအချိုး သကြားအချိုး ချောကလတ်ဆိုလဲ sugar,fat,cocoaမှုန့်တွေဒါကြောင့်လား။ တကယ်ကမဟုတ်ဘူး အဲ့အရာတွေက atom တွေ မော်လီးကျူးတွေသပ်"ပဲ။ အဲ့အရာတွေကချိုတယ်ဆိုတာကိုမသိနိုင်ဘူး။

တကယ်ကချိုတယ်ဆိုတာ စားသုံးသူရဲ့ဦးနှောက်ထဲမှာပဲရှိတယ်။စာဖတ်သူ ဦးနှောက်နဲ့ chemical တွေနဲ့ပေါင်းစပ်လိုက်လို့ ချိုတယ်ဆိုတာသိတာ။

အမေး။ ။ဒါဆိုစားလို့ပျော်လာတဲ့ ခံစားချက်ကကော။

အဖြေ။ ။ flavor မျိုးစုံတွေ ခံစားချက်တွေက သိပ္ပံနည်းကျ တိုင်းတာလို့ကော စံတခုခုစုပ်ကိုင် ပြီးပြောရတာမှမဟုတ်ပဲ။

ဆိုတော့ဒီလောက်ဆိုစာဖတ်သူတို့မြင်တဲ့အတိုင်းပါပဲDualism မှာ ချောကလတ်မြေပဲလိပ်‌‌တွေလျှာကအရသာ‌တွေနဲ့ဦးနှောက်ကဆုံးဖြတ်တဲ့ Physical side နဲ့ စားသုံးလို့ရလာတဲ့ပျော်ရွှင်မှု စားနေပါလားဆိုတဲ့အသိဒါတွေက mental side ပါပဲ။

ချောကလတ်ထဲမှာပါတဲ့ဒြပ်ပစ္စည်း‌တွေနဲ့သူတို့အကြောင်းအသေးစိတ် ဖော်ထုတ်ရှင်းပြလို့ ရပေမဲ့လဲ စားလိုက်လို့ဘယ်လိုခံစားရလဲဆိုတာတွေကတော့ ခုထိအမိအရပြောမရသေးတော့ ပဟေဠိဆန်" အတွင်းထဲကလာတဲ့အတွေ့အကြုံတခုအနေနဲ့ပဲမှတ်ယူထားကြတာပေါ့။

အားလုံးပဲGoodnight <33
မီ့လို အသည်းကွဲလို့ အိပ်မပျော်နိုင်သေးတဲ့လူဆိုရင်တော့ ဖတ်ပေးပါဦးနော်
❤21