𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
1.36K subscribers
262 photos
9 videos
13 files
126 links
သတင်း ၊ ဒဿန ၊ စာပေ ၊ သိပ္ပံနှင့် ဖျော်ဖြေရေး အရေးအသားများ

Our Web(closed)
thinkverse.lovable.app

Lunatic's Collection
https://t.me/IknowledgeField/476

Merlin's Collection
https://t.me/IknowledgeField/154

Contact for business -
@MertvetsKira
Download Telegram
သွယ်ဝိုက်သော သရဲများ

ကျွန်တော်တို့တွေဟာ သရဲတွေကို ဖြူရော်" ဖျော့တော့နေတဲ့ ပုံပန်းတွေနဲ့အမှောင်ထဲရှိတဲ့ ပုံပန်းအဖြစ် စိတ်ကူးယဉ်ကြည့်ကြတာများပါတယ်။
( သရဲမတွေကို ဂါဝန်ဖြူ ဘယ်သူကောက်စွပ်ပေးလိုက်လဲ တွေတော့လာမမေးနဲ့နော် ကျွန်တော်လဲမသိဘူး)

ဒါမဲ့တကယ့်သရဲအစစ်တွေကတော့ ကားမှတ်တိုင်ဘေးမှာ ကျွန်တော်တို့ဘေးနား လာထိုင်တတ်ကြသလို ကော်ဖီဆိုင်တွေမှာအပြုံးချို"လေးတွေ ပြုံးပြတတ်ပြီး လူအုပ်ထဲမှာပဲပြန်ပျောက်ကွယ်သွားတတ်ကြပါတယ်။

ကျွန်တော်တို့ ကောင်း"မသိကြတဲ့ သိဖို့ကံမပါလာတတ်တဲ့ ဒီလူတွေကို " သူစိမ်း"ဆိုတာထက် ဘဝတွေရဲ့လက်ရှိခဏတာလေးတွေကို တည့်မတ်ပေးတာ ပဲ့ကိုင်တာတွေလုပ်နိုင်တတ်ကြလို့ "သွယ်ဝိုက်သော သရဲများလို့ပဲ"သုံးထားတာ ဖြစ်ပါတယ်။ ( ခင်ဗျားလေးတို့ ကြိုက်ရာခေါ်နိုင်ပါတယ်)

တခုခုကို အစိုးရတဲ့မင်းတယောက်ဟာ စက္ကူလေးတရွက်ပေါ်မှာ လက်မှတ်လေးထိုးလိုက်ရုံနဲ့ လူစိမ်းတယောက်ရဲ့အနာဂတ်ဟာ အတင်းအကြပ် စေခံခိုင်းလိုက်ရသလို ကွေးကောက်သွားတာမျိုး entrepreneur တယောက်ရဲ့ ထင်မြင်ချက်အသစ်တွေ ကြောင့်မို့ society တခုလုံးနေ့ချင်းညချင်း ပြောင်းလဲသွားတာမျိုး ( ဖားကန့်ဘက်က ကျောင်းသမားတွေ ကျောက်အောင်သွားရင် နေ့ည ဘဝကြီးပြောင်းလဲသွားတဲ့ဟာမျိုးတွေ) ဒီလိုသူစိမ်းတွေရဲ့ ရွေးချယ်မှုတွေကြောင့်ပဲ မမြင်နိုင်တဲ့လှိုင်းဂယက် လေးတွေဟာ ကျွန်တော်တို့ဘဝကို ရိုက်ခတ်လာတာမျိုးပေါ့

ဆိုတော့ ဒီနေရာမှာ တခုမေးစရာရှိတာက We create our own destiny
ဆိ
ုတဲ့ကိုယ့်ကြမ္မာကိုယ် ဖန်တီးတယ်ဆိုတဲ့အယူအဆက မှန်နိုင်ပါဦးမလား

Satre တခါပြောဖူးတဲ့ " Hell is other people" ဆိုတာအထက်မှာဖော်ပြခဲ့တဲ့ သွယ်ဝိုက်တဲ့ သရဲတွေကိုဆိုလိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မျက်နှာမရှိတဲ့ သို့မဟုတ် အသွင်အပြင်မမှတ်မိနိုင်တဲ့ များပြားလှတဲ့လူအရေအတွက်ရဲ့ decisions တွေက ကျွန်တော်တို့ရဲ့ အသက်ရှင်ဖြစ်တည်နေခြင်း Existence ပေါ်မှာ သက်ရောက်ဝန်ပိနေတာမျိုးတွေရှိတတ်ပါတယ်။

Camus သာဆိုရင်လည်း ဘဝရဲ့ကို့ရို့ကားယားနိုင်တဲ့ ဟားတိုက်ချင်စရာကောင်းလှတဲ့ အခြေအမြစ်တွေဒီလို အရာတွေက စတင်တယ်လို့ ထောက်ခံကောင်း ထောက်ခံပါလိမ့်မယ်။

ကျွန်တော်တို့ မိမိရရ စုပ်ကိုင်နိုင်နေပြီထင်ခဲ့တဲ့ လွတ်လပ်မှုဟာ မမြင်နိုင်တဲ့လက်တွေရဲ့ ဇာတ်ညွှန်းပေါင်းများစွာကြောင့် ဒီရက်ဒီနေ့တိုင်ထိပျောက်ကွယ်နေရဆဲပါပဲ။ ( လွတ်လပ်မှုက ကိုယ့်စိတ်ထဲကပဲလာတယ်လို့ ပြောချင်တဲ့အုပ်စုရှိရင်တော့ ပင်ပန်းဆင်းရဲခြင်း၊ ငတ်မွတ်ဆာလောင်ခြင်း ဒီလိုအမင်္ဂလာတွေကို လားလားမှမကြုံဖူးတဲ့ ရွှေဇွန်းကိုက်လေးတွေပဲ ဖြစ်ဖို့်များပါလိမ့်မယ် ) ( ထားပါ ဒါကိုယ့်အယူအဆနဲ့ကိုယ်ပါ )

Nietzsche သာဆိုရင်တော့ အားပေးစကားအဖြစ် ဒီလိုအရာတွေကပဲပိုသန်မာလာစေဖို့ သာမန်လူထက်ပိုအရည်အချင်းရှိလာဖို့ ဆိုင်ကယ်တစီးကိုဆီဖြည့်လိုက်သလို ဘဝကိုအားပြန်ဖြည့်လာဖို့ ပြောကောင်းပြောပါလိမ့်မယ်။

ဒါမဲ့ဗျာ အဲ့ဒီဆီဖြည့်နိုင်ဖို့မရလောက်တဲ့ထိကို ဆိုင်ကယ်ငယ်လေးဟာ စုတ်ပြတ် အကုန်တစစီအေးချမ်းမေ ဖြစ်နေတာတော့ ဘယ်သူသိနိုင်မှာလဲ။

ကျွန်တော်တို့တွေ ကျော်ဖြတ်ခဲ့ရတဲ့နေ့တွေထဲမှာ ခြောက်လှန့်သူ ကော ခြောက်လှန့်ခံရသူ ကောနှစ်မျိုးလုံးဖြစ်နိုင်ကြပါတယ်။ ဖာသိဖာသာ မသိလိုက်ပဲနဲ့လဲ တခြားလူဘဝတွေကို shape လုပ်လိုက်နိုင်သလိုမျိုး ဝဋ် ပြန်လည်လာပြီး shape ပြန်လုပ်ခံရတာလဲရှိနိုင်ပါတယ်။ ( ဒါကြောင့်ကောင်းသော shape လုပ်ခြင်းဖြစ်အောင် အစစအရာရာ သတိနဲ့နေတာမျိုး လွတ်ခနဲ judge လုပ်လိုက်တာမျိုး မပေးနိုင်တဲ့ကတိတွေ ရှောင်နိုင်မယ်ဆို အကောင်းဆုံးပဲပေါ့)

သွယ်ဝိုက်တဲ့သရဲတွေနဲ့ ပြည့်နေတဲ့ဘဝ ကဇာတ်ရုံကြီးထဲမှာ ဒီလိုအရာတွေကိုလက်ခံနိုင်ဖို့ရာ ကိုယ်တိုင်ဇာတ်က နိုင်ဖို့ရာ Existentialism လို့ခေါ်တဲ့ဇာတ်ခုံပေါ် တက်ကြည့်ဖို့ အကြံပြုရင်း ဒီနေ့တော့ ဒီလောက်ပါပဲ။

ဖတ်ရှုပေးကြတဲ့ Thinker လေးတို့ကို Love you all<33

#Shira
❤6🔥2⚡1💘1
Hegel နှင့် အယူအဆလွဲ အချို့ ချေပချက် ( မကြာမီ လာမည် )

#Lunatic
❤12
Hegel _ Misunderstood Dialectic .pdf
187.6 KB
အထက်ပါ file မှာတော့ Hegel ရဲ့ Dialectic နဲ့ ပတ်သပ်ပြီး တစ်လွဲရေးသားထားတဲ့ ဟာတွေမြင်လိုက်လို့ ပြန် လည်ချေပ ငြင်းဆိုထားတာပါ။ Hegel ရဲ့ ဘ၀ လည်း မဆိုသလောက်ရေးထားပါတယ် ။

Hegel ဆိုတဲ့တော့ပစ်က ကျယ်ပြန့်တာမလို့ ဘယ်သူမဆို၀င်ရောက် ဆွေးနွေးတာ ၊ ထောက်ပြတာ လုပ်လို့ရပါတယ် ။

#Lunatic
❤13🥰2🐳1
ဒါက review မဟုတ်သလို ဘာဆိုဘာမှမဟုတ်ပါဘူး။ "တင်ဦးခက်"ရဲ့ မြေအောက်မှတ်တမ်းကိုဖတ်ပြီး နောင်ခါများ ပြန်ဖတ်မိရင် ‌တွေးမိတာနဲ့လောလောဆယ် အတွေးနဲ့တူမတူ ဆန်းစစ်ချင်လို့ရယ် ခင်ဗျားတို့လည်း စာအုပ်လုံးစုံ မဖတ်ချင်တောင်ပါတဲ့အကြောင်းအရာ သိတော့ဖတ်ချင်သလိုလို ရင်းနှီးသလို ဖြစ်လာအောင်ရေးမဲ့ ဟာပါပဲ။ spoil သလိုမဖြစ်အောင်နဲ့ ဖတ်တဲ့အခါ ပိုနားလည် အကျိုးရှိအောင် တတ်သမျှ ရေးသွားပါ့မယ်။

စာအုပ်မှာက ဒဿနပိုင်းဆိုင်ရာ သူဝန်ခံတဲ့အပိုင်း(၁) ရှိသလို ငယ်ဘဝကဇာတ်လမ်းတွေ ပြန်ဖြည်ပြောတဲ့အပိုင်း(၂) ရှိပေမဲ့ ကျွန်တော်ကတော့ အပိုင်း(၁) ကိုပဲ လောလောဆယ်ရေးသွားပါ့မယ်။ တခါပဲဖတ်ရသေးတာဖြစ်လို့ ကိုယ်တိုင်လဲ factနဲ့ဟို"ဒီ" အကြောင်းလေးရေးဖို့ကို လက်တွန့်နေတာမို့ အကောက်မှားတာ အမြင်မတူတာဆို Always welcome ပါ။

Continue......

#Shira
❤19🐳1
ဒီနေ့မနက် ရွှေမန်းမှာတော့ နိုးနိုးကတည်းက မိုးဖွဲဖွဲကြနေတာဗျို့။ မိုးကလည်းကောင်း လူကလည်းအအေးပတ် နုံးချိ" နဲ့ဆိုတော့ အပြင်သွားဖို့ အတော်အားယူလိုက်ရတယ်။ နောက်တကျကျနဲ့ စာဖြေခန်းမထဲရောက်တော့ အတန်းအလိုက်ကျောင်းသားလေးတွေ ကိုယ်စီစာမေးပွဲဖြေနေကြတွေ့တော့ ကိုယ်လဲ‌ ထောင်ကျပြားကျ နေရာရွေးပြီး စာစဖတ်မယ်လုပ်တော့ မြေအောက်မှတ်တမ်းကလဲ လွယ်အိတ်ထဲမပါလာ ပါလာတဲ့နောက်နှစ်အုပ်ထဲက တအုပ်က လဲ ဘယ်သွား" ထည့်သွားနေကျ ကဗျာဖြစ်နေတော့ မဖတ်ချင်ပြန်။ နောက်တအုပ်ကျလဲ ပါးပါးလေးဆိုတော့ အစ တရွက်လေးနှစ်ရွက်လေး အပျင်းပြေလှန်ကြည့်ရင်း ဘာတဲ့စာရေးသူက Novel ဆုရထားပါလားဆိုတာ တွေ့တော့ စဖတ်ကြည့်မိတယ်။ ဇာတ်လမ်းအစ ကနေအဆုံးဖတ်တာ 2 နာရီခွဲ ကြာသွားတယ်။ ဒါတောင်တအုပ်လုံးမှ စာမျက်နှာ60 နား ပါတာ။

စာအုပ်နာမည်က " A shining " တဲ့ Jon Fosse ရေးထားတာ။ အစက Stephen king ရဲ့စာအုပ် title နဲ့သွားတူနေတာကတကြောင်း စာအုပ်အဖုံး‌က မဲ"နဲ့ဆို‌ေတာ့ကတကြောင်း horror လားများတောင် တွေးလိုက်သေးတယ်။
မနှိုင်းကောင်း နှိုင်းကောင်းပါရဲ့။စာအုပ်ကBeginner တရားထိုင်နေရသလို အတွေးတွေပြန့်ကြဲနေတာကို ရအောင်လိုက်ထိန်းလိုက် ပြန်ပြန့်သွားလိုက် အတွေးသစ်တွေထပ်ဝင်လာလိုက် မျက်စိမှိတ်ထားပေမဲ့ အလင်းတွေဝင်လာသလိုမျိုး။ ဘာမှမပြောနေပေမဲ့ အဲ့ဒီမပြောတာကိုက တခုခုပြောနေသလိုမျိုး တိုးလာလိုက် ဝေးလာလိုက်။ မဟုတ်ဘူး သူတို့ဆီ ခန္ဓာကိုယ်က တိုးသွားသလို အလင်းတန်းတွေကလဲ ကိုယ်ဆီလာနေသလိုပေမဲ့ နှစ်ယောက်လုံးရွေ့မနေကြဘူး။ စာဖတ်သူက စာအုပ်ကိုမဖတ်ခင် အလယ်နဲ့ ဇာတ်လမ်းဆုံးကြိုဖတ်တတ်သူ ဆိုရင်တော့ ဇာတ်လမ်းတပုဒ်လုံး အက်ကြောင်းထပ်နေတဲ့ စကားလုံးတချို့နဲ့ ဘာပုံဖော်ချင်မှန်းမသိတဲ့ စာသားတချို့ကြောင့် ပြန်လှည့်ကောင်း ပြန်လှည့်လာရမှာ အသေအချာပါပဲ

ဒီနေရာမှာ A shining ကောဖတ်လက်စ ဖြစ်တဲ့ Notes from underground နဲ့ နည်းနည်းနှိုင်းယှဉ်ကြည့်တော့ တအုပ်က အလင်း နဲ့သက်ဆိုင်ပြီး တအုပ်ကျ စိတ်ပျက်လက်ပျက် မည်းညိုနေတာပဲလို့ သွားတွေးမိပြန်ပါတယ်။ တကယ်က A shining ကို notes from underground လောက် ခံစားမရတာကော နှစ်အုပ်လုံးက ရက်အပိုင်းအခြားလေး အတွင်း ဖတ်မိနေတာက တကြောင်းဖြစ်တာလဲပါပါတယ်။ ဘာပဲပြောပြော တူတာကတော့ နှစ်အုပ်စလုံး ဖတ်ပြီး ခေါင်းကိုက်သွားတာနဲ့ ကိုယ်တိုင်တောင် စိတ်ဓာတ်ကျချင်သလိုလို ဖြစ်လာတာပါပဲ။

A SHINING မှာက အသွားအလာအရ ငြိမ်တယ် တခုခုကိုဆုတောင်းသလိုနဲ့ ကမ္မဠာန်းထိုင်နေတာနဲ့ တူတယ် ပြီးရင်တခုခုလှုံ့ဆော်နေသလို သဘာဝနယ်ကိုလွန်ပြီး ရုပ်ပိုင်းထက် နာမ်ပိုင်းကိုအလေးပေးတဲ့ ရုပ်လွန်ဝါဲဒ(transcendentalism) ဆိုင်ရာ သာမန်လူလိုက်မမှီလိုက်တဲ့ အရာတွေပါတယ်။ Fosse ကိုယ်တိုင်က ဘုရားကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်ကော သူတို့Norway နိုင်ငံတော်ရဲ့ ဘာသာရေးဆိုင်ရာ ကော်မတီဝင်လဲဖြစ်တော့ သူ့အရေးအသားက ဘုရားတို့ အဓွန့်ထာဝရတို့ ဒီလိုစာထဲမှာ အရိပ်အယောင်တွေထနေပြီး တဖက် Dostoevsky ဘက်ပြန်လှည့်လဲဖတ်ကော အမြှုပ်ထအောင်ပြောနေတဲ့ မြေအောက်လူနဲ့ တိတ်ဆိတ်တာမျိုးမရှိတဲ့အရေးအသားတွေနဲ့ ဘုရားသခင်ရဲ့ပျက်ကွက်မှု‌တွေ အဲ့လူနဲ့သူ့ရဲ့ နာမကျန်းဖြစ်မှုတွေ ကိုယ့်ကိုကိုယ် ညှင်းဆဲမှုတွေနဲ့ အတော်ကသိကအောင့်ဖြစ်စရာပါ။ စာရေးဆရာ Jack Edwards ကတော့ "ပထမပိုင်း ဖတ်ပြီး ဘာတွေမှန်းလဲမသိဘူး ဆိုပြီးဆဲမိတယ်။ နောက်ကျမှ သောက်ရမ်းမိုက်တယ်ဟေ့ဆိုပြီး သဘောကျသွားတာ " ပြောပေမဲ့ ကျွန်တော်ကတော့ နောက်ပိုင်းနားလည်သလိုဪအေးဒါဟုတ်တယ်ဆို ဖြစ်လိုက်ပေမဲ့ခုထက်ထိ နှင်းစိုစိုနဲ့တောကြီးမျက်မည်းတဲ့လမ်းလျှောက်နေတဲ့ "ကျွန်တော်"လို့ပဲ သုံးစွဲထားတဲ့ လူလိုမျိုး စမ်းတဝါး" နဲ့ ဖတ်ရတာ လမ်းပျောက်နေပြီး "ကျွန်တော်လို့ပဲ သုံးစွဲထားတဲ့ မြေအောက်လူလိုမျိုး ဖတ်ရတာ ဘာမှနားမလည်‌တော့ဒုက္ခ ဝေဒနာ ခံစားရတာ သုခချမ်းသာထက် ပိုကောင်းပါတယ်လို့ပဲ နှစ်သိမ့်လိုက်ပါတယ်။

နောက်ဆုံးအနေနဲ့ တောကြီးမျက်မည်းကို ဘဝလို့ထားကြည့်လိုက်ရင် သူတွေ့လိုက်ရတဲ့ အလင်းဆိုတာ ဘုရားကိုရည်ညွှန်းချင်တာများလား။စာအုပ်နှစ်အုပ်လုံးက တော့ monologue ပုံစံရေးသားထားပြီး လက်ရှိဖြစ်တည်မှုလေးကိုပဲ obsession ဖြစ်နေတာမျိုးတွေ သွားတူနေပါတယ်။Fosse ထဲက ကျွန်တော်ကတော့ အလင်းထဲတဝဲလည်လည် အရာရာကိုလက်ခံလိုက်ပြီး အကုန်လုံးကိုအဆုံးအဖြတ်ပေးသလို Fyodor ရဲ့ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ်စက်ဆုပ် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရတာတွေ အော့နှလုံးနာစရာ အဖြစ်အပျက်တွေကို လက်မလွတ်နိုင်ဘဲ ကိုယ်စီစုပ်ကိုင်ထားကြတာပါပဲ။ ကျွန်တော်တို့ဖျားရင် မတွေးချင်ပါဘူးဆိုတာတောင် တယောက်ယောက်ခေါင်းထဲ လာပြောနေသလိုစကားလုံးတွေ ပတ်ချာလည်နေသလိုမျိုး ကျွန်တော်နှစ်ယောက်ရဲ့ ဘာမှရေရေရာရာ describe မလုပ်နိုင်တဲ့ စကားအသွားအလာတွေနဲ့ အလွန်အကျွံသုံးနှုန်းထာတဲ့ ဝေါဟာရတွေ စိတ်ထဲကလာတဲ့ မညီညွှတ်တာတွေ အဆုံးမှာအဖျားရှူးသွားတာတွေ ကြည့်တာနဲ့တင် ဘယ်လောက်တောင် နာမကျန်းဖြစ်နေလဲဆိုတာ အထင်းသားပါပဲ။ အဲ့ရာစုမှာအဲ့လိုလူ ရှိကောင်းရှိခဲ့ရဲ့လားတောင် အထပ်" သံသယဖြစ်လောက်အောင်ပါပဲ။

#Shira
❤13🔥3🐳1
Giveaway…

ပြည်တွင်းငှက် (သရုပ်ဖော်-လွန်နေရဲ)

တန်ဖိုးသိပ်မကြီးတဲ့ ဒီစာအုပ်လေးကို ThinkVerse ရဲ့အမှတ်တရ လက်ဆောင်တစ်ခုအဖြစ် မဲဖောက်ပေးလိုပါတယ်။
စာအုပ်ပဲဆိုပျင်းနေမယ်ဆိုးလို့ နှစ်သက်ရာ ဖုန်းဘေလ် ၅၀၀၀ ပါထပ်ဆောင်းမဲနှိုက်ပေးသွားပါမယ်…။

ပါဝင်လိုသူများ 1 မှ 999 အတွင်း သူများနှင့်ဂဏန်းမထပ်စေဘဲ မိမိနှစ်သတ်ရာ ဂဏန်းတစ်လုံးအား comment တွင်ရေးခဲ့ပါ…။
ဂဏန်းထပ်နေပါက ပထမဆုံးမန့်သူသာ အတည်ယူမည် ဖြစ်သည်။

“10.10.2025” တွင်မဲနှိုက်၍ ပေါက်သူများအား ယခု channel မှတစ်ဆင့်ပြန်လည်ကြေငြာသွားပေးမည်ဖြစ်သည်။

(Note - ***Not brand new but no damage on the pages…***)

#JP
❤23🐳5
စာရေးဆရာကြီး ၃ ယောက်ဘာသာပြန်ထားတဲ့ "ဒွန်"ကိုအပြီးထိ ဖတ်ဖူးရင် Review တပုဒ်ကောင်း"ရေးပေးပြီး bill 5000 ယူကွာ
#Shira
❤11
'တသိမ့်သိမ့်ဒွန်' (And Quiet Flows the Don) ဝတ္ထုရှည်ကြီးဟာရုရှားစာရေးဆရာကြီး မစ်ခေးရှိုလိုခေါ့ဗ် (Mikhail Sholokhov) ရဲ့ ဂန္ထဝင်မြောက် လက်ရာတခုဖြစ်ပါတယ်။
ဒီဝတ္ထုကြီးကို မြန်မာစာဖတ်ပရိတ်သတ်တွေအတွက် စာရေးဆရာကြီးသုံးဦးဖြစ်တဲ့ ဆရာ တက္ကသိုလ်နန္ဒမိတ်၊ ဆရာ မြတ်ငြိမ်း၊ ဆရာ တင်မောင်မြင့်တို့က ပူးတွဲတာဝန်ယူပြီး ဘာသာပြန်ခဲ့ကြတာကလည်း ဒီစာအုပ်ရဲ့ ထူးခြားချက်တခုပါ။ စာမျက်နှာ ၁၂၀၀ ကျော်၊ အထူကြီးဆိုတော့ စဖတ်မယ့်သူအတွက် ပျင်းစရာကြီးလို့ ထင်‌ေကာင်းထင်ရနိုင်ပေမယ့် စဖတ်မိတာနဲ့ လက်က မချချင်လောက်အောင် ဆွဲဆောင်မှုတဲ့ ဇာတ်လမ်းရှည်ကြီးတခုလို့ သေချာပေါက်ဆိုနိုင်ပါတယ်။
ဝတ္ထုရဲ့ ပိတ်ကားနောက်ခံဟာ ပထမကမ္ဘာစစ် နဲ့ ရုရှားပြည်တွင်းစစ် (တော်လှန်ရေးကာလ) တို့ရဲ့ သွေးချောင်းစီးကာလတွေပါ။ အဲဒီကာလတွေက ရုရှားနိုင်ငံရဲ့ ဒွန်မြစ် တစ်လျှောက် နေထိုင်ကြတဲ့ ကော့ဆက်လူမျိုးတွေ ရဲ့ ဘဝကို အသေးစိတ်ခြယ်မှုန်း ပုံဖော်ထားပါတယ်။ ကော့ဆက်လူမျိုးတွေဆိုတာက မြင်းစီးကျွမ်းကျင်ပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့၊ စစ်ရေးအတွေ့အကြုံများတဲ့ တိုင်းရင်းသားတွေပါ။ ကော့ဆက်တွေဟာ ဇာဘုရင်မင်းဆက်တလျှောက်အသုံးပြုခဲ့တဲ့ နာမည်ကျော်တပ်ရင်းတွေထဲ ရဲဝင့်စွာအမှုထမ်းခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ ဒီဝတ္ထုရှည်ထဲမှာ အခုလို စစ်ဗီဇပါတဲ့ သူတွေရဲ့ဘဝကို နောက်ခံထားပြီး၊ တပ်နီ (ကွန်မြူနစ်) နဲ့ သူပုန်ကော့ဆက် (ဇာဘုရင်ဘက်တော်သား) ဆိုပြီး ဘက်နှစ်ဘက်ကွဲကာ သွေးချောင်းစီးခဲ့ရပုံ ကို မျက်စိရှေ့မြင်သာသည်အထိ ရှိုလိုခေါ့်ဗ်က ခြယ်မှုန်းပြထားပါတယ်။
ဝတ္ထုထဲက အဓိကဇာတ်ဆောင်ကတော့ ဒွန်မြစ်နားက တာတရက်စ်ရွာမှာ နေထိုင်တဲ့ ဂရီဂိုရီ 'ဂရီဂို' မီလက်ကော့ဗ် ဆိုတဲ့ ကော့ဆက်စစ်သားလေးပါ။ ဂရီဂိုဟာ ရိုးသားပြီး ရိုးရှင်းစွာ‌ေနတတ်တဲ့ ရိုးလည်းရိုးအတဲ့တောသားစစ်သား‌ေလးတယောက်ပါ။ ဒါပေမဲ့ ပြည်တွင်းစစ်ရဲ့ လှိုင်းတံပိုးထဲမှာ သူ ဘယ်ဘက်ကို ရွေးချယ်ရမှန်း မသိဘဲ တပ်နီနဲ့ သူပုန်ကော့ဆက်ကြား အကြိမ်ကြိမ် ကူးပြောင်းနေခဲ့ရ‌ေတာ့တယ်။ ဘယ်ဘက်က အမှန်လဲ၊ ဘယ်သူ့ဘက်ကလိုက်ရမလဲ ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ၊ ဝေဒနာတွေက သူ့ကို ဝိဝါဒတွေနဲ့လုံးပါးပါးစေခဲ့ပါတယ်။ ဒီဝတ္ထုမှာ အခြောက်ခြားစရာအကောင်းဆုံးက ရက်စက်တဲ့သရုပ်မှန်ဝါဒပုံဖော်ချက်လို့ပဲပြောရမယ်ထင်ပါတယ်။ ဝါဒမတူလို့ ညီအစ်ကိုချင်း၊ ငယ်ပေါင်းကြီးဖော်ချင်း ပြန်သတ်ဖြတ်ကြရပုံမှာ ကြေကွဲစရာကောင်းလောက်အောင် ကျွန်တော်တို့အတွက်သရုပ်မှန်ဆန်လွန်းတယ်။ မနေ့က အတူတူ လက်ရည်တပြင်တည်း စားခဲ့၊ သောက်ခဲ့၊ ပေါင်းဖက်ခဲ့ကြတဲ့သူတွေအချင်းချင်းဟာ ဒီနေ့မှာ တဦးကိုတဦး လက်နက်နဲ့ ချိန်ရွယ်ပြီး ရန်သူဖြစ်နေကြပြီ။ စာရေးဆရာကြီး ရှိုလို‌ေခါ့်ဗ်က နိုင်ငံ‌ေရးကစားကွက်‌‌ေတွ၊ စစ်ရဲ့ ကြမ်းကြုတ်မှု‌ေတွ ကြားက လူသားဆန်မှု နဲ့‌ အခြေခံလူ့ကျင့်ဝတ်လွင့်ပြယ်လာရပုံကို ပီပြင်အောင် ရေးဖွဲ့ပြထားတယ်။ ဒီ‌ေကြကွဲစရာအဖြစ်မှန်ဟာ ကျွန်တော်တို့‌ေတွနဲ့ မဝေးလှတဲ့အတွက်ပို ဘဝင်ကို ပိုထိခိုက်စေပါတယ်။ ဒ‌ါပေမဲ့ ဝတ္ထုထဲက ဂရီဂိုရဲ့ ဘဝဟာ စစ်နဲ့ နိုင်ငံရေးတွေကြားမှာတင် မပြီးပါဘူး။ စစ်ရဲ့အကျည်းတန်မှု‌ေတွကြားရှင်သန်ရတဲ့ ဂရီဂို ရဲ့နှလုံးသားဟာ တနည်းတဖုံလူသားဆန်နေခဲ့ပါတယ်။ အဲ့ဒီအပိုင်းဟာ ကျွန်တော့်အတွက်တော့ ဝတ္ထုရဲ့ ဆွဲဆောင်မှုအရှိဆုံးအပိုင်းပါပဲ။
နာတာလီယာ။
နာတာလီယာဟာ ဂရီဂို လက်ထပ်ခဲ့တဲ့ မိန်းမပျိုလေးပါ။ သူဟာခင်ပွန်းအပေါ် အရမ်းသစ္စာရှိပေမဲ့ ဂရီဂိုရဲ့ အချစ်ကို အပြည့်အဝ မရခဲ့တဲ့အတွက် ဘဝကို စိတ်နာနာနဲ့ ရင်ဆိုင်ခဲ့ရသူတ‌ေယာက်ပါ။ နောက် အက်စီနီယာ။ အက်စီနီယာ ကတော့ ဂရီဂိုရဲ့ အချစ်ဦး၊ အစ်ကို့သူငယ်ချင်းရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ ဘဝမှာ ဒုက္ခပေါင်းစုံနဲ့ မတရားပြုခံရမှုတွေ ကြုံခဲ့ရပေမဲ့ ဂရီဂိုကိုတော့ အသက်ထက်ဆုံး ချစ်မြတ်နိုးခဲ့သူပါ။ မဖြစ်နိုင်ခဲ့တဲ့ ဒီအချစ်၊ စည်းဘောင်တွေနဲ့ငြိစွန်းခဲ့တဲ့ ဒီအချစ်ဟာ ဂရီဂို ကို ကံဆိုးမိုးမှောင်ကျစေခဲ့ပါတယ်။
ဂရီဂိုဟာ ဒီမိန်းမနှစ်ယောက်ကြားမှာ ဘယ်လိုမှ ပြတ်ပြတ်သားသား မနေနိုင်ခဲ့ဘဲ မပြီးနိုင်တဲ့ အချစ်ဇာတ်လမ်းနဲ့ရှုပ်‌ေထွးတဲ့ လောကဓံကို ခံစားခဲ့ရတယ်။ သူတို့သုံးဦးရဲ့လောကဓံ ဘဝဇာတ်ကြောင်းတွေဟာ ဝတ္ထုကို ပိုပြီး လူသားဆန်စေတယ်။ ဂရီဂိုတင်မကဘဲ၊ ဒါဗီဒေါ့တို့လို ရိုးသားတဲ့ ကွန်မြူနစ်တွေ၊ ရတ်ဇမျော့နော့လို အစွန်းရောက်ဝါဒီတွေ၊ တာဝန်ယူမှုမရှိတဲ့ စုန်းပြူးပါတီဝင်တွေရဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ဝတ္ထုကြီးဟာ ခန်းနားအသက်ဝင်လှပါတယ်။
စာရေးဆရာကြီး ရှိုလိုခေါ့ဗ်ဟာ သူကိုယ်တိုင် ဒွန်ကော့ဆက်နယ်မှာ နေထိုင်ခဲ့သူဖြစ်လို့ ကော့ဆက်လူမျိုးတွေရဲ့ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု၊ သူတို့ရဲ့ စိတ်နေစိတ်ထားကို အပီပြင်ဆုံး ဖော်ပြနိုင်ခဲ့တာကလည်း ဝတ္ထုရဲ့ရသကို ပိုလိုတောင်ကြွရွစေခဲ့ပါတယ်။
'တသိမ့်သိမ့်ဒွန်' ဟာ ၁၉၆၅ မှာ နိုဘယ်လ်စာပေဆု ရခဲ့တဲ့အတွက် ဂန္ထဝင်မြောက်စာရင်းဝင်တာတော့ မဆန်းပါဘူး။ ဒါပေမဲ့ ဒီစာအုပ်ရဲ့ တကယ့်တန်ဖိုးက ဆုတွေ၊ critically acclaimed remark တွေမဟုတ်ပါဘူး။ လူဖြစ်ရတာ ဘယ်လိုနေလဲ။ အထူးသဖြင့် ရှုပ်ထွေးခက်ခဲကြမ်းတမ်းတဲ့ကာလတွေမှာ လူ ဖြစ်ရတာ ဘယ်လိုနေလဲ။ အဲ့ဒီလို လူသားအခြေအနေ အကြောင်း သရုပ်မှန်ဆန်ဆန်၊ သဘာဝကျကျ ဆန်းစစ်ချက် တွေဟာ

#Shira
❤11🔥4
ဒီဝတ္ထုရှည်ကြီးရဲ့အနှစ်သာရတွေပဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်‌ေတာ့ ဒီစာအုပ်ကြီးဟာ စစ်ပွဲတွေရဲ့ ရက်စက်မှု၊ နိုင်ငံရေးဝါဒတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ အချစ်နဲ့သစ္စာတရား၊ လူသားတို့ရဲ့ ရိုးသားမှုနဲ့ မှားယွင်းမှုတွေကို ရောစပ်ပြီး ဖော်ပြထားတဲ့ သမိုင်းနဲ့ လူ့ဘဝရဲ့ မှန်တချပ် ပါပဲ။ အချိန်ယူပြီး ဖတ်ရှုရကျိုးနပ်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း အလေးအနက်တိုက်တွန်းပါရစေ။

Thinker လေးတယောက်ပေးပို့လာတဲ့ Review လေးပဲဖြစ်ပါတယ် ပါဝင်ရေးပေးကြသူ တယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။

#Shira
❤13🔥3
စာများ"ပိုဖတ်ပေးပြီး နောက်ခေါက်တွေမှာ ပါဝင်ရေးသား ပေးကြပါဦးနော် love you all <33
❤10🥰2🐳1
နောက်ဆုံးတော့ Thinkverse ကို Platform တစ်ခုအနေနဲ့ အခြေချနိုင်ခဲ့ပါပြီ
ကံမကောင်းစွာနဲ့ပဲ ဘတ်ဂျပ်မလောက်လို့ Domainကတော့မရသေးဘူးပေါ့နော် ( .com ကိုပြောတာ )

ဒါပေမဲ့ thinkverse.lovable.app ဆိုပြီးရိုက်ရှာလို့ရသလို နှိပ်ပြီးဝင်သုံးလို့လဲရတယ် ၊ Lovableရဲ့ Domainထဲမှာရှိပါတယ် ။

ဒီPlatform ကဘာအတွက်လဲဆိုတော့ စာရေးဆရာတွေ Knowledge sharing ပိုင်းနဲ့ပတ်သပ်တာ ပဲဖြစ်ဖြစ် Content Writing ပိုင်းကို အားစိုက်ချင်တဲ့လူတွေအတွက် တင်ချင်ရာတင် မင်းမေလင်လို့ရမဲ့ Wattpad လို Platform မျိုးပဲ ဖြစ်ပါတယ်။

MobileရောDesktopရောနှစ်မျိုးစလုံးရပါတယ် ။ Desktop နဲ့ပိုပြီးသုံးရတာအထာကျပါမယ် ။ ဘာလုပ်ရမယ်ဘာလုပ်ရမယ်မသိတဲ့ လူတွေအတွက် Guide Postလေးလဲတင်ထားပါတယ် ။

သတိထားရန် ❌

ကျွန်တော်က ဒီ Platform ကို MVP
(Minimum Viable Product) အနေနဲ့သွားတာပါ ။ ဆိုတော့ ပြင်စရာရှိတာ တွေဘာတွေပြင်ရပါဦးမယ် ။ Security Warning ရှိပါတယ် ၊ Accountဖွင့် / ဝင်မယ် ဆိုရင် ကိုယ် အသုံးပြုတာအနည်းဆုံး Emailနဲ့ပဲ ဝင်ကြပါ။

Note : ကိုယ့်လူတို့ရေ usernameက ပြန်ချိန်းမရဘူးနော် အထာကျတာလေးရွေးကြ :")

#Thinkverse_Team
❤6🔥3🥰2👏1
Thinkverse Web Application
ထွက်ပြီ။

https://t.me/IknowledgeField/591


ဘယ်သူမှမတင်ရင်စိတ်ဆိုးမှာ
#Kira
❤11🔥6💯2🥱1
"Nothing is Nothing"

ဆိုတဲ့ short content လေးတခု မတင်ခင် comment အောက်မှာ ကိုယ်တွေးမိတာလေးတွေ ရေးပေးသွားကြပါဦး။

#Shira
❤4🐳1
Thinkverse ရဲ့ thinkverse.lovable.app မှာ ဘယ်လို စာပေ ပုံစံမျိုးမဆို (အာသာဖြေစာပေ မဟုတ်ရင်) လက်ခံပါတယ် ။
ဆောင်း ပါး ၊ စကားပြေ ၊ ဇာတ်လမ်းတို ၊ ကိုယ်တိုင်ရေး နဲ့ သူများဟာဆိုCreditပေးပေါ့ ။

လောလောလတ်လတ် Log in ပြန်ပြန် ၀င်ရတယ်ဆိုတဲ့ errorလေးလဲ ပြင်ပေးထားပါတယ် ၊ စမ်းသုံးကြည့်ကြပါ ။

#Kira
❤8🐳3
𝙏𝙝𝙞𝙣𝙠𝙫𝙚𝙧𝙨𝙚
Giveaway… ပြည်တွင်းငှက် (သရုပ်ဖော်-လွန်နေရဲ) တန်ဖိုးသိပ်မကြီးတဲ့ ဒီစာအုပ်လေးကို ThinkVerse ရဲ့အမှတ်တရ လက်ဆောင်တစ်ခုအဖြစ် မဲဖောက်ပေးလိုပါတယ်။ စာအုပ်ပဲဆိုပျင်းနေမယ်ဆိုးလို့ နှစ်သက်ရာ ဖုန်းဘေလ် ၅၀၀၀ ပါထပ်ဆောင်းမဲနှိုက်ပေးသွားပါမယ်…။ ပါဝင်လိုသူများ 1 မှ 999…
ဒီGiveaway လေးကို အကြောင်းအမျိုးမျိုးကြောင့် 15ရက်နေ့ထိ ရွှေ့ဆိုင်းထားပါတယ်ဗျ ။

Edit - ဆျာသမားက နောက်ရက်ရွှေ့ပြီ

Edit - Up to date comment check
#Kira
❤8🐳2🔥1